အပိုင်း ၂၃
Viewers 674

ချိုမြိန်ရိပ်မြုံ

 

အပိုင်း ၂၃

 

 

 

 

 

 

 

ထန်ယီသည် ဖုန်းကို အိတ်ကပ်ထဲမှ ထုတ်ကာ flight mode ကို ဖျက်လိုက်ပြီး ဆုထုံယုက ပေါ့ပေါ့တန်တန် မေးလိုက်သည်။ “ရှင် ကျန့်လီကို ဘာလို့ စိတ်မဝင်စားရတာလဲ၊ ရှင်တို့နှစ်ယောက်က ဟိုးအရင်ကတည်းက သိနေကြတာဆိုပြီး ကျွန်မကြားဖူးတယ်”

 

 

ကျန့်လီနှင့် ဆုထုံယုတို့သည် ကလေးသရုပ်ဆောင်များဖြစ်ကြပြီး ကျန့်လီသည် ဆုထုံယုထက် သုံးနှစ်ပိုကြီးသည်။

 

 

သူတို့ ငယ်ငယ်တုန်းကလည်း နှစ်ယောက်သား အလုပ်အတူတူလုပ်ခဲ့ကြသည်။ သူတို့သည် ငယ်စဉ်ကလေးဘဝက အိုင်ဒေါဒရာမာတွင် အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်ဟူ၍ သရုပ်ဆောင်ဖူးခဲ့ကြသည်။ အပြိုင်အဆိုင်ဒရာမာများလည်း အများကြီးရှိခဲ့ကြသည်။

 

 

ယခုချိန်မှာတော့ သူတို့နှစ်ယောက်၏ CP ကို ဖြန့်နေသည့်သူများလည်း ရှိနေတုန်းပင်ဖြစ်သည်။ (CPဆိုသည်မှာ သရုပ်ဆောင်မင်းသား မင်းသမီးနှစ်ယောက်ကို ပေးစားကြသည် သို့မဟုတ် သူတို့နှစ်ဦး၏ သမီးရည်းစားဆက်ဆံရေးသတင်းများကို ပြောခြင်းဖြစ်သည်)

 

 

“သူ... စကားလုံးတွေက အရမ်းရုပ်ဆိုးတာပဲ” ဆုထုံယုသည် ကျန့်လီအကြောင်း ပြောသောအခါတွင် နှုတ်ခမ်းလေးတွန့်တက်သွားကာ သူတို့နှစ်ယောက်ကြားတွင် ဆိုးရွားသော အမှတ်ရစရာများ ရှိနေသည်။

 

 

“ငါက စကားကို သိပ်ကောင်းကောင်း မပြောတတ်ဘူး”

 

 

“မဟုတ်ဘူး၊ ရှင်က ဒီလိုပဲ။ ကျန့်လီကျတော့ မတူဘူး၊ သူက အရမ်းရိုးသားတယ်၊ ရှင့်ကို သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ရိုးရိုးလေးပဲ ဝေဖန်မှာ၊ ရှင့်ကို အထင်သေးတာမျိုးတွေမရှိဘူး”

 

 

ထန်ယီက ရယ်ပြီး ဘာမှ ပြန်မပြောပေ။

 

 

ယခုလိုမျိုးပြောနေခြင်းသည် သူ့ညီအစ်ကိုနောက်ကွယ်မှာ မကောင်းပြောသလိုမျိုးဖြစ်နေကာ ထန်ယီလည်း မတတ်နိုင်တော့ပေ။

 

 

ကျန့်လီ အကြောင်းပြောနေရင်း ဆုထုံယုက “သူ့ရဲ့ အလှအပတွေကို ခံစားတတ်မှုက ထူးဆန်းလွန်းတယ်။ ကျွန်မသာ သူနဲ့ တကယ်နေလိုက်ရင် ကျွန်မလည်း ကိုယ့်ဘာသာကိုယ် အရမ်းထူးဆန်းသလို ခံစားလာရမှာ ပြီးတော့ အဲ့ဒါကို သူလည်း သဘောကျလာလိမ့်မယ်”

 

 

“အိုး” ထန်ယီသည် သူ၏ လျစ်လျူရှုတတ်သော သဘောထားဖြင့် ပေါ့ပေါ့တန်တန် တုံ့ပြန်ခဲ့သည်။

 

 

“ရှင့်မှာရှိတဲ့ ခပ်ဆိုးဆိုးစွမ်းအားတွေကို ကျွန်မသဘောကျတယ်!” ဆုထုံယုသည် အမှန်တကယ်ပင် အမြင့်ကို ခုန်တက်ကာ ထိုကဲ့သို့သော စကားမျိုးကို ပြောခဲ့သည်။

 

 

ထန်ယီက ပြတ်ပြတ်သားသား ခေါင်းယမ်းလိုက်ပြီး “လက်လျှော့လိုက်တော့”

 

 

“အဲ့လိုလုပ်လို့ မရဘူးလေ။ ရှင့်ကို ကျွန်မ သဘောကျကြောင်းကို ဝန်တောင်မခံရသေးဘူး။ ကျွန်မကို အဲ့လို ကြိုပြီး ငြင်းလို့မရဘူးလေ။ ကျွန်မ ယုံကြည်မှုရှိလာတဲ့အခါကျရင် ကျွန်မပြောမှာပေါ့”

 

 

“အဲ့ဒီအခါကျရင်လည်း အဖြေက အတူတူပါပဲ” ထန်ယီက ဆုထုံယုကို သူသဘောကျနေသည့်လူရှိနေပြီး လက်တွဲပေါင်းသင်းသွားဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း ပြောပြချင်နေသည်။

 

 

သို့သော် ဤအသိုင်းအဝိုင်းထဲမှာ ဤကဲ့သို့အရာများကို မပြောမိအောင် တင်းတင်းကြပ်ကြပ် နှုတ်ပိတ်နေရမည်။ ဘယ်သူ့ကိုမှ လုံးဝ ပြောပြမရချေ။ ဆုထုံယုအတွက် သူစိတ်မပူခဲ့ချေ။ သူစိတ်ပူသည်မှာ ဆုထုံယုက တီဗွီစီးရီးထဲကလိုမျိုး ယုတ်မာလှသော မကောင်းဆိုးဝါး အမျိုးသမီးပါတနာဇာတ်ရုပ်ကဲသို့ ယွင်ကျန့်အပေါ် မကောင်းကြံမှာကိုဖြစ်သည်။

 

 

ထိုသို့ဆင်ခြင်လိုက်ခြင်းသည် ယွင်ကျန့်အတွက် အကာအကွယ်တစ်မျိုးလည်း ဖြစ်သွားသည်။

ထို့ကြောင့် သူသည် ပြတ်ပြတ်သားသားသာ ငြင်းဆိုခဲ့သည်။

 

 

ဆုထုံယုကလည်း လက်မလျှော့ပဲ သူ့ကို ပို၍ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထန်ယီသည် ကျန့်ကျင်းယုထံသို့ မက်ဆေ့ချ်ပို့ရန် ဖုန်းကို ထုတ်ယူလိုက်သည်။ သူ့ကို မြန်မြန်လုပ်ခိုင်းနေသည်။

 

 

“အစ်ကိုကြီးထန်၊ ဂရုတစိုက် ပြန်ပါနော်” ဆုထုံယုက သူ့နှလုံးကို လက်ဖြင့် တိုင်းလိုက်ပြီး ခေါင်းပေါ်တင်လိုက်သည်။

 

 

ထန်ယီက သူမကို ကြည့်လိုက်ပြီး “မင်းက ဂေါ်ဇီလာတစ်ကောင်ပါပဲလား”

 

 

ဆုထုံယုက ဒေါသမထွက်ပဲ ပြုံးပြုံးရွှင်ရွှင်နှင့် အခန်းထဲပြန်ဝင်သွားလိုက်သည်။ ထန်ယီသည် နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

 

 

သိပ်မကြာခင်မှာပဲ ဆုထုံယုက ပြန်ထွက်လာပြီး ထန်ယီ၏ လက်ထဲကို တော်ဖီတစ်ထုပ်ကို ထည့်ပေးလိုက်သည်။ “ဂွတ်နိုက်!”

 

 

ထိုသို့ပြောပြီးသည်နှင့် အခန်းထဲပြန်ဝင်သွားခဲ့သည်။

ထန်ယီတစ်ယောက် မျက်ဖြူလန်သွားလေသည်။

ဆုထုံယုကို သူ မမုန်းသော်လည်း ဆုထုံယုသည် သူ့အစာမဟုတ်သောကြောင့် လုံးဝစိတ်ကို မဝင်စားပေ။ ထိုသို့သော အရိပ်အယောင်များဖြင့် နှောင့်ယှက်ခံရခြင်းသည် စိတ်အနှောင့်အယှက်သာ ဖြစ်စေလိမ့်မည်။

 

 

ကျန့်ကျင်းယုပြန်လာပြီးနောက် ထန်ယီအခန်းကတ်ကို ဆွဲပွတ်ပြီး ဖွင့်ရန် လော်ဘီမှာ ရှိနေသည့် မန်နေဂျာကို ခေါ်လာလေသည်။

 

 

ထန်ယီသည် အခန်းထဲပြန်ဝင်လာကာ ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားစဉ် ဖုန်းကိုပါ ယူသွားပြီး ကျန့်ကျင်းယုက အပြင်ဖက်တွင် ပစ္စည်းများကို ထုပ်ပိုးနေသည်။

 

 

ရေချိုးနေရင်း ထန်ယီသည် ယွင်ကျန့်ဆီက ဖုန်းခေါ်လာခြင်း သို့မဟုတ် ဗီဒီယိုကောခေါ်လာခြင်းကို မကိုင်မိမှာကို စိုးရိမ်သောကြောင့် ဖုန်းကို တောက်လျှေောက်စိုက်ကြည့်နေသည်။

 

 

ရေချိုးနေရင်း ဗီဒီယိုကောခေါ်လာခဲ့လျှင် လက်ခံသင့်မသင့်ကို သူတွေးနေသည်။ ယွင်ကျန့်ကို ဘယ်နား ပေးပြရမလဲ။

 

 

နောက်ဆုံးတော့ ရေချိုးပြီးသွား၍ ဗီဒီယိုကောလည်း တစ်ကောမှ မခေါ်ထားပေ။

 

 

သူသည် အခန်းထဲပြန်ဝင်သွားပြီး အချိန်ကိုကြည့်လိုက်ရာ ဆယ့်နှစ်နာရီထိုးခါနီးနေပြီး ဖုန်းကို ကုတင်ပေါ် တန်းပစ်ချလိုက်သည်။ အချိန်အတော်ကြာ စိတ်ဆိုးနေပြီးနောက် ဆံပင်ခြောက်အောင် လုပ်ပြီး အိပ်ရာဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

 

 

နောက်ဆုံးတော့ ဖုန်းမြည်လာပြီး ဆံပင်လေမှုတ်စက်ကို ချက်ချင်းချကာ ဗီဒီယိုကို အမြန်ဆုံးနှုန်းနှင့် ချိတ်ဆက်ပြီး ဖွင့်လိုက်သည်။ သို့သော် နောက်ဆုံးတွင် ဖုန်းထဲ၌ နီဇွန်၏ မျက်နှာကြီးကြီးကို မြင်လိုက်ရသည်။

 

 

အနီးကပ်ကြည့်ခြင်းအားဖြင့် နီဇွန်က ဗီဒီယိုကို အမှန်တကယ် ပေးပို့ခဲ့ကြောင်း တွေ့လိုက်ရသည်။

 

 

“သေစမ်း၊ မင်းလား” ထန်ယီသည် အလွန်ဆိုးရွားသော စရိုက်ဖြင့် မေးလိုက်သည်။

 

 

“မပြောနဲ့ဦး” နီဇွန်က ပြတ်ပြတ်သားသား ငြင်းလိုက်ပြီး “မင်း ဒီနေ့ ငါ့နတ်သမီးနဲ့ ဓာတ်ပုံရိုက်ခဲ့သေးတယ်မလား? ငါ့နတ်သမီးကို အခွင့်ကောင်းယူခဲ့သေးလား”

 

 

ထန်ယီ၏ အဖြေမှာ မျက်လုံးကြီးကို လှန်ကြည့်ရင်း ဗီဒီယိုကို ပိတ်ချလိုက်သည်။

 

 

နီဇွန်ကလည်း အရှုံးမပေးပဲ မကြာမီ နောက်ထပ် ဗီဒီယိုကောတစ်ခု ပြန်ခေါ့်ခဲ့သည်။ သူက ထပ်ပြီး ချိတ်ဆက်ပြီး ဖွင့်လိုက်ကာ “တခြားပြောစရာ ရှိသေးလို့လား၊ မင်း မပြောရင် ငါဖုန်းချလိုက်မယ်” ဟုပြောလိုက်သည်။

 

 

“ဟေး! မင်းကို ငါ ဘာလို့ သနားညှာတာမှုမရှိဘူးလို့ ပြောလဲသိလား။ မင်းက အရမ်းရက်စက်တတ်လို့၊ အရမ်းရက်စက်လို့ကွ”

 

 

“ငါက ဘယ်လို ရက်စက်လို့လဲ၊ ဘယ်နားရက်စက်လို့လဲ၊ ဘယ်လောက် ရက်စက်လို့လဲ”

 

 

“မင်းက ရက်စက်တယ်၊ ရက်စက်တယ်၊ ရက်စက်တယ်!”

 

 

ထန်ယီက အသက်ပြင်းပြင်းရှူရင်း ဗီဒီယိုထဲက လူတွေကို ကြည့်ကာ နောက်ဆုံးပိတ် စကားအနေနဲ့ ပြောနေသည်- “ပြောစရာရှိတာပြော၊ ဒါမှမဟုတ် ငါသေပစ်လိုက်မှာ”

 

 

“ငါ ဇာတ်ဝင်ခန်း တစ်ခန်းလောက် သရုပ်ဆောင်ချင်တယ်...”

 

 

“မင်းရဲ့သရုပ်ဆောင်အရည်အချင်းက သိပ်မကောင်းဘူး”

 

 

“သေတဲ့အခန်းရိုက်ရင်တော့ ရလောက်တယ်”

 

 

နီဇွန်သည် ဟယ်ယီရှား အစစ်အမှန်ကို လူတွေ့ တွေ့ပြီးနောက် စကားများကို အဆုံးမရှိ ပြောနေလေသည်။ သူသည် သူမနှင့်ပက်သက်ပြီး အိပ်မက်များမက်ကာ သူမနှင့်ပင် ပို၍ရင်းနှီးချင်လာသည်။

 

 

နောက်ဆုံးတော့ ဒါဟာ ဆယ်ကျော်သက်တစ်ယောက်၏ အချစ်ဦး အစပြုသလိုပင်ဖြစ်သည်။ ထို့နောက် နှောင်းပိုင်းအချစ်ဦးမှာ အစပြုလာခဲ့သည်။

 

 

ထန်ယီက ဘာထင်မြင်ချက်မှ မပေးပဲ စိတ်ရှည်ရှည်နှင့် နားထောင်ပေးပြီး “ကောင်းပြီ၊ ငါမေးပေးမယ်၊ အိပ်ပြီ၊ ဖုန်းချလိုက်တော့မယ်”

 

 

ဗီဒီယိုကောကို ချလိုက်ရင်း ထန်ယီတစ်ယောက် အိပ်ရာပေါ်တက်သွားသည်။ စောက်ကို ခြုံလိုက်ပြီးနောက် ဗီဒီယိုကောခေါ်သံ ထပ်မြည်လာပြန်သည်။ သူက စိတ်မရှည်စွာနှင့် ဗီဒီယိုကို ဖွင့်လိုက်ပြီး ကင်မရာရှေ့တွင် လက်ခလယ်ထောင်ပြလိုက်သည်။

 

 

ထို့နောက် ယွင်ကျန့်က သူ့ကို ကြောင်ကြည့်နေသည်ကို ဗီဒီယိုထဲမှာ တွေ့လိုက်ရသည်။

 

 

သူ့လက်ကို အမြန်ပြန်ဆွဲရုတ်လိုက်ပြီး ချောင်းဟန့်ပြကာ “မင်းကို နီဇွန် လို့ထင်သွားလို့”

 

 

“အာ၊ ရှင် သူ့ ဗီဒီယိုကောကို စောင့်နေတာလား”

 

 

“မဟုတ်ဘူး!” ယွင်ကျန့်က “သိတတ်စွာနှင့်” ဗီဒီယိုကောချလိုက်မည်ကို စိုးရိမ်သွားသည့်အတွက် ထန်ယီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

 

 

ယွင်ကျန့်က ဗီဒီယိုထဲတွင် အိပ်ခန်းထဲက မီးအလင်းရောင်ကို ဖွင့်လိုက်ပြီး “ဒီနေ့ ကျွန်မ အဖွဲ့သားတွေနဲ့ အပြင်မှာ ညစာစားပြီး ကာရာအိုကေ သွားခဲ့တယ်။ ကျွန်မတစ်ကိုယ်လုံး လှုပ်တောင်မလှုပ်နိုင်တော့ဘူး၊ အခုတော့ နားအူပြီး ခေါင်းပါကိုက်နေတယ်”

 

 

“ရန်ပုံငွေရော လောက်ရဲ့လား” ထန်ယီက ထထိုင်လိုက်ပြီး ဗီဒီယိုထဲမှာ ယွင်ကျန့်ကို လေးလေးနက်နက် ကြည့်နေလိုက်သည်။

 

 

“အဲ့လောက်ထိလည်း မသုံပါဘူး၊ အဓိက ဝန်ထမ်းတစ်ချို့လောက်ပါပဲ၊ ပိုက်ဆံအများကြီး မပေးသုံးပါနဲ့၊ ရပါတယ်၊ ကျွန်မ သူတို့ကို သေချာကျွေးလိုက်ပါ့မယ်”

 

 

ထန်ယီသည် အစပိုင်းတွင် အလွန်စိတ်မကောင်းဖြစ်မိပြီး သူပြန်လာသောအခါ ယွင်ကျန့်ဆီက ဗီဒီယိုကောကို စောင့်မျှော်နေခဲ့သည်။ အချိန်အတော်ကြာအောင် စောင့်ပြီးမှ မစောင့်နိုင်တော့ပဲဖြစ်သွားကာ စိတ်ထဲ နာကျင်နေမှုကို ထိန်းထားရသည်။

 

 

နောက်ဆုံးတော့ ယွင်ကျန့်က သူမ အားသည်နှင့် ဗီဒီယိုကောခေါ်မည်ဟု ပြောခဲ့ပြီး ဗီဒီယိုကောခေါ်လာသောကြောင့် တစ်ခဏချင်းမှာ အသက်ရှုရပ်သွားမလိုဖြစ်သွားသည်။

 

 

ယွင်ကျန့်က အိမ်ပြန်ရောက်သောအခါ ပထမဆုံး လုပ်ခဲ့သည်မှာ သူမအတွက် အရမ်းအရေးကြီးကြောင်း ဖော်ပြချင်သောကြောင့် ဗီဒီယိုကောခေါ်လိုက်ပြီး ဗီဒီယိုထဲမှာ ချိုမြိန်သော အပြုံးတစ်ခုကို ထပ်မံပြသခဲ့သည်။

 

 

နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောရင်း ယွင်ကျန့်က ကိုယ်လက်ဆေးကြောတော့မည်ဆိုသောကြောင့် ထန်ယီက ဗီဒီယိုကောကို မချင်ချင် ချချင်နှင့် ချလိုက်ရသည်။ ယွင်ကျန့်က ကိုယ်လက်ဆေးကြောပြီးသည်နှင့် အိပ်ရာပေါ်တွင် လှဲကာ ဖုန်းကို ထပ်မံ ထုတ်ယူလိုက်သည်။

 

 

ထန်ယီက သူမဆီ အမှန်တကယ်ငွေလွှဲထားသည်ကို သူမတွေ့လိုက်ရသည်။ သူတွဲပြီး ပို့ထားသော စာကြောင်းလေးမှာ-ဒီနေ့ စောစောပြန်ခဲ့တယ်။ မင်းနောက်တစ်ခါ ထပ်ကျွေးမယ်ဆိုရင် ငါကျွေးတယ်လို့ ပြောလိုက်၊ ပြီးရင် အားလုံးကို ဒါကအလုပ်ကြိုးစားလို့ ကျွေးတာဆိုပြီး ပြောပေး။

 

 

သူမသည် မသိစိတ်က ပြန်လွှဲပေးရန် အမိန့်ပေးခဲ့ပြီး ၅၂၁၀ယွမ်ရရှိခဲ့သည်။

 

 

နောက်ဆုံးတွင် သူမသည် သူမ၏ အတွင်းစိတ်၌ ဆုံးဖြတ်ခဲ့ပြီး ထန်ယီက သူမအား လုံး၀ နစ်မြုပ်သွားစေချင်ခဲ့သည်။

 

 

သူမသည် ထထိုင်လိုက်ပြီး ဖုန်းစခရင်ကို ကြည့်ကာ ကိုင်ထားရမလား၊ ဘယ်လိုပြန်ဖြေရမှန်းမသိ ဖြစ်နေသည်။ စာမရိုက်ပဲ အကြာကြီး တုံ့ဆိုင်းနေမိသည်။

 

 

WeChat တွင် အပိုငွေကို သူမ ကြည့်ပြီး မတွေးပဲမနေနိုင်ဖြစ်ကာ ဒါက ထန်ယီ၏ ဖွင့်ပြောခြင်းပဲလား။

5210!

 

521!

 

 

(521! ဆိုသည်မှာ တရုတ်လို မင်းကိုချစ်တယ် ဆိုသည့်သဘောဖြစ်သည်၊ အသံထွက်မှာလည်း ဝေါ အိုက် နီ ဟူ၍ နီးစပ်သောကြောင့်ဖြစ်သည်)

 

 

ဒါက အရမ်းမသိသာနေဘူးလား။

 

 

သူမသည် ဖုန်းကို ခပ်မြင့်မြင့် ကိုင်လိုက်ပြီး ထန်ယီက စာတစ်ကြောင်း ပို့ထားသည်ကို တွေ့လိုက်သည်- ပြီးသွားပြီလား။

 

 

ယွင်ကျန့်- အွန်း။

 

 

ထန်ယီ- အဲ့ဒါဆို စောစောအိပ်ရာဝင်တော့ ပြီးရင် အရမ်းအပင်ပန်းခံမနေနဲ့ဦး။

 

 

ယွင်ကျန့်- တကယ်တော့ ရှင် ကျွန်မကို အဲ့လိုဆက်ဆံဖို့ မလိုပါဘူး။ ကျွန်မမှာ ပိုက်ဆံနည်းနည်းရှိသေးတယ်။

 

 

ထန်ယီ- ငါ မင်းကို မုန့်ဖိုးပေးတာလေ၊ ဘာဖြစ်လို့လဲ၊ မရဘူးလား။

 

 

ယွင်ကျန့်- အိုကေ ဒါဆို ကျေးဇူးပဲနော်။

 

 

ယွင်ကျန့်သည် ယဉ်ကျေးသိမ်မွေ့သူမဟုတ်သော်လည်း အကြံကြီးကြီးနှင့် ဒေါသကြီးသူတစ်ယောက်လည်း ဖြစ်သည်။

 

 

ရင်းနှီးမြုပ်နှံဖို့ စပွန်ဆာများရှိနေလျှင် ယဉ်ကျေးသိမ်မွေ့စွာနှင့် “ဒီလိုမျိုးယဉ်ကျေးစရာ မလိုပါဘူးရှင်၊ ဆယ်သန်းကျော် ရင်းနှီးမယ်ဆိုတော့ အားနာပြီး ရှက်လိုက်တာရှင်၊ ငါးသန်းလောက်ဆိုရပါပြီရှင့်” ဒါပါပဲ။ ထို့ကြောင့် သူမအတွက် ထန်ယီ၏ စိတ်ဝင်စားစရာကောင်းသည့် ပျော်ရွှင်မှုထဲမှာ နှစ်မြှုပ်ထားသော ထိုငွေကို အေးအေးဆေးဆေး လက်ခံလိုက်လေသည်။

 

 

ဖုန်းကိုကိုင်ထားလျက် သူမသည် စာမရိုက်ခင် ခဏတုံ့ဆိုင်းနေပြီး အိပ်ပျော်နေလားဟု မေးလိုက်သည်။

 

 

ထန်ယီ-မအိပ်သေးပါဘူး၊ ဘာဖြစ်လို့လဲ။

 

 

ယွင်ကျန့် - ရှင်...ရှင် ခုတလော တခြားမိန်းကလေးတွေနဲ့ အဆက်အသွယ်ရှိလား။

 

 

ထန်ယီက တခြားမိန်းကလေးများနှင့် အဆက်အသွယ်ရှိနေပြီး သူတို့ကိုလည်း သူမကို ပို့သလိုမျိုး လိုက်ပို့နေလားဟု မေးချင်နေသည်။

 

 

သုံးနှစ်လောက်အကြာ အလှည့် အပြောင်းများ ပြီးသွားပြီးနောက်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လုံးဝမရှိတော့ပဲ ထန်ယီလို လူကြိုက်များသော တက်သစ်စလေးက သူမကို အသိအမှတ်ပြုပေးခဲ့ရသည်။ ထို့ကြောင့် စိတ်ချယုံကြည်စွာနှင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။

 

 

ထန်ယီအတွက် ပြန်ဖြေဖို့ အချိန်အတော်ကြာခဲ့သည်- မင်းတစ်ခုခုများကြားခဲ့လို့လား။

 

 

ယွင်ကျန့် - မကြားပါဘူး၊ ဒီအတိုင်း ရှင့်ကို မေးကြည့်တာပါ။

 

 

ထန်ယီ- ဒီဒရာမာရိုက်တဲ့သူတွေနဲ့တော့ သိပ်ပြီးရင်းနှီးတာမဟုတ်ဘူး။

 

 

ယွင်ကျန့်- အိုး အဲ့လိုကိုး။

 

 

ထန်ယီ- နောက်ကျနေပြီ၊ အိပ်တော့။

 

 

ထန်ယီအား ဂွတ်နိုက်ဟု ပြောပြီးနောက် သူမသည် ဖုန်းကို ကိုင်ထားပြီး မအိပ်နိုင်သေးပေ။ သူမက Weibo ကို ဖွင့်ပြီး ထန်ယီ၏ Weibo ကို ဝင်ကြည့်နေပြီး ပိုစ့်များမှာ အရင်တစ်ခေါက်တုန်းက တင်ထားသည်များကိုပဲ တွေ့နေရသည်။

 

 

Weibo မှာ ထန်ယီ၏ ရှင်းလင်းချက်ကို ထပ်ပြီး မြင်လိုက်ရာ သူမ နှလုံးသားက နွေးထွေးသလိုခံစားလိုက်ရသည်။

 

 

ထို့နောက် သူမသည် အောက်ဖက်သို့ ပွတ်ဆွဲကြည့်ရာ ထန်ယီသည် သူရိုက်ကူးနေသည့် ဒရာမာအသစ်၏ တရားဝင်ဘလော့ဂ်၏ ပရိုမိုးရှင်းကို ပြန်တင်ထားသည်ကို တွေ့လိုက်ပြီးနောက် တီဗွီစီးရီး၏ တရားဝင်ဘလော့ဂ်ကို နှိပ်ကာ သတင်းများကို တစ်ပုံချင်းကြည့်ရင်း ထန်ယီနှင့် ပက်သက်သည်များကို လိုက်ရှာနေသည်။

 

 

ဆုထုံယုက အမျိုးသမီးဇာတ်ဆောင်ဖြစ်မှန်း တွေ့လိုက်သည့်အခါ ဆုထုံယု၏ Weibo ကိုနှိပ်ကြည့်လိုက်ပြီး သူမ Weibo တွင် အသစ်တင်ထားသော ပုံမှာ ယုန်ရုပ်အဆင်တန်ဆာနှင့် တွဲရိုက်ထားပြီး ယုန်နားရွက်ပါသော ဆယ်လ်ဖီ ဓာတ်ပုံ effectကို တွေ့လိုက်ရသည်။

 

 

ဆုထုံယု- ခုနက အစ်ကိုကြီးထန်ဆီက ယုန်လေးတွေ လုလာတာ ဘယ်နှစ်ကောင်လဲ၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါ အဲ့ဒါကို ယုန်ဖြူတော်ဖီတထုပ်နဲ့ လဲလာခဲ့တာ။ ချစ်စရာကောင်းတယ်မလား

 

 

Forward (162375) မှတ်ချက် (78145) Like (134843)

ထိုWeibo ကို တွေ့လိုက်သည့်အခါ သူမ အရမ်းအံ့သြသွားသည်။ ထိုကဲ့သို့ပို့စ်တင်ဖို့ အချိန်သိပ်မကြာသောကြောင့် ထိုပို့စ်ကို ပြန်တင်ကြသူများနှင့် မှတ်ချက်များလည်း အများကြီးဖြစ်နေသလား။

 

 

အခုလေးတင်ပဲ တင်ထားသည်...

 

 

ထန်ယီက ဆုထုံယုနှင့် ခုနက သွားတွေ့ခဲ့သလား။ ဒီလောက် နောက်ကျနေတော့မှ တစ်ယောက်နှင့်တစ်ယောက် တွေ့ကြသည်မှာ ဖြစ်သင့်လား။

 

 

သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပလေးနေကြသလိုပဲ...သူတို့တွေ ဘာများဖြစ်နေကြတာလဲ။

 

 

ခဏတာ စိတ်ထဲခံစားလိုက်ရရုံတင်မကပဲ မှတ်ချက်များကို နှိပ်ပြီး ကြည့်နေတုန်းပင်ဖြစ်သည်။

 

 

အနိမ့်ပိုင်းက ယောင်ချီ ; ဟားဟားဟား၊ အစ်ကိုကြီးထန်? ဒါဆို မင်းက ကျောက်စိမ်း ယုန်နတ်ဝိညာဉ်လေးလား။ အစ်ကိုကြီးထန်ကို ခြောက်လပန်းတစ်ပွင့်ပေးပြီး အစ်ကိုကြီးထန်ကို စိတ်တူကိုယ်တူ အစ်ကိုကြီးလို့ ခေါ်ချင်နေတာလား။

Like (၃၅၄၈၇)

 

 

လမ်းက သာယာနေတာပဲ- နင်က ယုန်ငယ်လေးထက် ပိုချစ်ဖို့ကောင်းတယ်။

Like (24821)

 

 

ရှီရှီ နာနို - ထုံထုံရဲ့ မကြာသေးခင်က တင်ထားတဲ့ Weibo က အစ်ကိုကြီးထန်နဲ့ ပက်သက်နေတယ်၊ ဒါက မင်းတို့ အတူတူရှိနေခဲ့တာလား။

Like (၁၆၄၅၂)

 

 

ယွင်ကျန့်သည် အချိန်အတော်ကြာအောင် ကြည့်နေပြီး သည်းမခံနိုင်တော့ပေ။ ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး စိတ်ထဲ မချိတင်ကဲ ခံစားလိုက်ရသည်။

 

......

 

စာရေးသူပြောစရာတစ်ခုရှိတယ်- ယွင်ကျန့်သည် သောက်ပြီးလျှင် ဘာမှ မမှတ်မိတာသည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ခုခု မှားယွင်းခဲ့သည်ကို သူမ သိနေသော်လည်း သူမတို့နှစ်ယောက်မှာ ချိန်းတွေ့နေကြပြီးဖြစ်သည်ဟု သူမ မထင်ထားခဲ့ပေ...