အပိုင်း ၂
Viewers 16k

သူ့ဘေးမှလူများက သူ့အား အဆိပ်ရှိမြွေလိုလို၊ ကင်းမြီးကောက်လိုလို ရှောင်ဖယ်နေကြသည်။ သူနှင့်တစ်မီတာဝန်းကျင်တွင် မည်သူမှမရှိချေ။
ကျွင်းချင်ယွီက သူ့နှုတ်ခမ်းထောင့်ကို ဖိလိုက်မိရင်း ကမ်းခြေရှိ ဖြူဖျော့နေသည့်အမျိုးသားကို ကြည့်နေမိသည်။
အမျိုးသားက ထူးထူးခြားခြားမရှိပဲ သူ့ရှေ့ရှိ လှိုင်းကြက်ခွပ်တစ်ခုပင်မရှိလေသည့် ဗလာဖြစ်နေသောရေပြင်ကို ကြည့်နေသည်။
ဖုယွမ်ချန်းက ရေသူတစ်ကောင်ကို ရွေးချယ်ပြီး ဝယ်ဖို့နှင့်ပတ်သက်၍ အလေးသိပ်မထားဟူ၍ ကျွင်းချင်ယွီ ခံစားလိုက်ရသည်။
ဖြစ်နိုင်တာက သူက ရေသူတစ်ကောင်ကို ခေါ်သွားဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးတာ ဖြစ်နိုင်သည်။
ဤနေရာကို လာရခြင်းက သေလုမြောပါး ရုန်းကန်မှုတစ်ခုနှင့် ပို၍တူလေသည်၊၊ ဝေးကွာသွားသည့် ရေသူများက သူ့ဘဝဆက်သွားရန် ဖြစ်နိုင်ချေကို သံသယကင်းကင်း ဖယ်ထုတ်လိုက်နိုင်ဖို့ ဖြစ်နိုင်၏။
ကမ်းခြေမှ လူများက နှစ်ယောက်တစ်တွဲ အတူတကွ စုစည်းသွားကာ အလယ်ရှိဖုယွမ်ချွမ်းကို ညွှန်ပြလျက် ဆက်၍ပြောနေကြသည်။
သို့သော်ငြား ဖုယွမ်ချွမ်းကတော့ တိတ်တဆိတ်သာ ရပ်နေရင်း မည်သည့်တုန့်ပြန်မှုမျိုးမှ မလုပ်ချေ။
ကျွင်းချင်ယွီ၏နှလုံးသားလေးက သိသိသာသာကို ချဥ်စူးသွားရသည်။
"ပလုံ"ဟူသော အသံထွက်လာသည်။
ကျွင်းချင်ယွီက ထပ်မံ၍ ရေထဲတွင် နမ်မြှုပ်သွားပြီး အခြားပြန်ကူးလာသည့် ရေသူများနှင့်ဆန့်ကျင်ဘက်ကို သူ့အမြီးကိုယမ်းလျက် ကူးခတ်သွားတော့သည်။
ကျွင်းချင်ယွီ ပြေးလာနေသည့်ရေသူသားပေါက်တွေနှင့် ပိတ်မိသွားသည်။
"ပလုံ.. ပလုံ"
ရေသူတွေက ထူထပ်သော ပူဖောင်းများကြားတွင် ရောနှောနေ၏။ ကျွင်းချင်ယွီ ခဏမျှကြာအောင် ရေအောက်လမ်းကြောင်းကို မခွဲခြားနိုင်တော့ပေ။
ခေတ္တမျှရပ်လိုက်ပြီးနောက် ကျွင်းချင်ယွီ၏ဖျတ်လတ်သည့်ကိုယ်လေးက ကွက်လပ်ကို ကျော်ဖြတ်နိုင်သွားသည်။
ငါးအမြှီးက တားမြစ်နိုင်ခြင်းအလျဥ်းမရှိ အရိုင်းဆန်စွာလှုပ်ခတ်နေရင်း ရေအားကို ခံနိုင်ရည်ရှိနေလျှင်ပင် ကျွင်းချင်ယွီ၏လက်မောင်းက တိုးညှင်းသည့်အသံနှင့်အတူ တုန်ယင်နေခဲ့သည်။
သိူ့သော်ငြား သူ့တွင် တုန့်ဆိုင်းနေဖို့အချိန်မရှိချေ။ ခဏမျှရပ်ပြီးနောက် သူကရှေ့ကိုဆက်ကူးသွားသည်။
နိုရယ်၏ဆံပင်တွေက ရေတွေတစ်စက်စက်ကျနေဆဲဖြစ်သည်။ သူကသူ၏ပုံရိပ်ကို လျစ်လျူရှုထားပြီး ဖုယွမ်ချွမ်းနှင့် သူ့ရှေ့ရှိရေကန်ကိုကြည့်လိုက်ကာ အေးစက်စက်နှာမှုတ်လိုက်ရင်း ခပ်တိုးတိုး ဆူပူလျက်ရှိသည်။
"ရေသူပျိုးထောင်ရေးအခြေစိုက်စခန်းက ဒီလောက်တောင် ငွေတွေပြတ်လတ်နေပြီလား၊ တစ်စုံတစ်ယောက်ကို ဝင်လာခွင့်ပေးရတဲ့အထိလေ"
ရေသူတွေကို ဘာမှမလုပ်နိုင်သည့်အခါ နိုရယ်၏ဒေါသတွေက ဖုယွမ်ချွမ်းထံ ရိုးရှင်းစွာပင် ပြောင်းသွားသည်။
ဖုယွမ်ချွမ်းက ဘာမှပြန်မပြောဘဲ နားမကြာသလိုပြုမူရင်း ဂရုမစိုက်ချေ။
နိုရယ်က ပိုမိုဒေါသကြီးလာပြီး အံကြိတ်ကာ ထေ့ငေါ့လာလေသည်။
"ရေသူတွေပေါ်လာရုံပဲရှိသေး၊ တစ်စုံတစ်ယောက်က ခြောက်လွှတ်လိုက်တယ်လေ၊ အသေအပျောက်သာရှိရင် သူကတာဝန်ယူနိုင်မှာတဲ့လား"
"တာဝန်ရှိသူက ဘယ်သူလဲ၊ သေနေတာလား၊ အစောင့်တွေဘာလုပ်နေတာလဲ၊ ဒီကိုလာကြစမ်း"
"အရှင့်သား၊ ဒီလိုလူမျိုးအတွက် ဒေါသထွက်မနေပါနဲ့၊ သူကဘာပဲဖြစ်ဖြစ် ရေသူတစ်ကောင်ဝယ်နိုင်မှာမှမဟုတ်တာ၊ သူ့ရောဂါအရဆို ဘယ်နှရက်မှ အသက်ရှင်နိုင်မှာမဟုတ်ဘူး"
ယင်းက နိုရယ်ကိုဖြောင်းဖျနေဟန်ရသောလည်း ဖုယွမ်ချွမ်း၏ကံကြမ္မာကို လှောင်ပြောင်နေသည်နှင့်ပို၍တူလှသည်ပင်။
ဖုယွမ်ချွမ်း၏အမူအယာက ပြောင်းလဲခြင်းအလျဥ်းမရှိသလို ထိုစကားတို့အားလည်း မကြားသကဲ့သို့နှယ်ရှိနေသည်။
သူ၏တည်ရှိမှုမှလွဲ၍ ဘာမှရှိမနေသည့်ရေကန်ကိုသာ ကြည့်၍နေသည်။ သူ၏စိတ်အစဥ်က သူ့ကိုမြင်ပြီးထွက်ပြေးသွားသည့် ရေသူလေးတွေ၏ နောက်မြှီးပိုင်း၌သာ ရှိနေသည်။ သူကအနည်းငယ်တိတ်ဆိတ်နေပြီး ထွက်သွားဖို့ လှည့်လိုက်သည်။
ထိုအခိုက်တွင် သူအာမေဋိတ်သံတစ်ခုကို ကြားလိုက်ရသည်။
"ဘုရားရေ ၊ အဲဒီရေသူလေးဘာဖြစ်နေတာလဲ"
ဖုယွမ်ချွမ်း ရပ်တန့်သွားကာ ငုံ့ကြည့်လိုက်သည်။ ရွှေရောင်အမြှီးလေးဖြင့် ရေသူလေးတစ်ကောင်က ရေသူသားပေါက်လေးတွေနှင့်ဆန့်ကျင်လျက် သူ့ထံကူးလာနေသည်။
ရေသူအုပ်စုနှင့်ဆန့်ကျင်လျက် တစ်ကောင်တည်း ကူးခတ်နေသည်မှာ ထင်ရှားလွန်းလှ၏။
ရေသူသားပေါက်တွေက များပြားကာ ထိတ်လန့်နေကြပြီး ရေကူးနေပုံက ဖရိုဖရဲဖြစ်နေကြသည်။ ထိုရေသူလေးက ရေသူသားပေါက်တစ်အုပ်ကြားတွင် အားနည်းနေ၏။
ကျွင်းချင်ယွီမှာ ရေသူအချို့၏တွန်းတိုက်မှုကြောင့် အကြိမ်အနည်းငယ်မျှ ဦးတည်ရာလွဲသွားတတ်သော်ငြား အမြန်ပင် ပြန်ချိန်ညှိလိုက်သည်။
နောက်ဆုံးရေသူအနည်းငယ်ကို ဖြတ်ကျော်ပြီးသည်နှင့် ကျွင်းချင်ယွီက သူ၏ငါးအမြှီးလေးကို ဘာမှမရှိသည့်ရေထဲတွင်ရုန်းကန်ကာ ကမ်းစပ်ထံ ကူးခတ်သွားသည်။
ကမ်းစပ်ကို သူ့လက်ရောက်သည်နှင့် ကျွင်းချင်ယွီ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ဖြည်းဖြည်းချင်း အသက်ရှူတာကို ငြိမ်သက်အောင်လုပ်လိုက်သည်။
သူကဖုယွမ်ချွမ်းကို မော့ကြည့်ပြီး ပါးစပ်ဖွင့်ကာ တစ်စုံတစ်ခု ပြောချင်ခဲ့သည်။ သို့သော်လည်း သူပြောလိုက်သည်နှင့် ပြောစရာတွေအများကြီးရှိနေပြီး ဘယ်ကစပြောရမလဲမသိတာကို ခံစားလိုက်ရသည်။
ဖုယွမ်ချွန်းကလည်း သူ့ကိုကြည့်နေခဲ့သည်။
သူတို့ချင်းအကြည့်ဆုံသွားပြီး ရွှေရောင်ဖျော့ဖျော့ရေသူလေး၏မျက်လုံးထဲတွင် ဖုယွမ်ချွမ်း၏ပုံရိပ်ဖြင့်သာ ပြည့်နေခဲ့သည်။
အတော်ကြာအောင် အရာအားလုံးက တိတ်ဆိတ်သွားသည်။
ဖုယွမ်ချွမ်းက စာအုပ်ထဲကဇာတ်လိုက်ဖြစ်ဖို့ထိုက်တန်သည်ဟူ၍ ကျွင်းချင်ယွီ တွေးလိုက်မိသည်။ သူကပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေသော်ငြား သူကအနည်းငယ်ဖြူဖျော့ပြီး အားနည်းနေရုံမျှသာ။ ယင်းက ရုပ်မဆိုးရုံမျှမက တစ်ဖက်တွင် ထိရှလွယ်သည့်ခံစားချက်အချို့ပါ ထပ်ပေါင်းပေးနေသည်။
ယင်းကအဆုံးသတ်သာမဟုတ်ပါလျှင် ဖုယွမ်ချွမ်းတွင် တောက်ပသည့်အနာဂတ် ရှိသင့်ပေသည်။
ကျွင်းချင်ယွီ ထိုအကြောင်းကို တွေးနေရင်း ဖုယွမ်ချွမ်း ထိုင်ချလိုက်သည်ကို သတိမထားမိလိုက်ပေ။ သူအသိပြန်ကပ်သည့်အခါ သူ့ရှေ့တွင် လက်တစ်ဖက်က ရပ်တန့်လို့နေသည်။
လက်ငါးချောင်းက သွယ်လျပြီးဖြူဖွေးနေကာ ဆေးနံ့အနည်းငယ်စွဲထင်နေသည်။
အတွေးထက်အလုပ်ကအမြဲ ပိုမြန်သည့်ကျွင်းချင်ယွီက လက်ကိုဆန့်ထုတ်ကာ ဖုယွမ်ချွမ်း၏ လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်သည်။
မသိစိတ်ဖြင့် လက်ချောင်းတွေက တွန့်ကွေးကာ သူ့နှုတ်ခမ်းထောင့်လေးကို ထိလိုက်သည်။ ကျွင်းချင်ယွီ ထိတ်လန့်ကာ နောက်ကိုဆုတ်လိုက်မိသော်လည်း သူ၏ငါးအမြှီးကို ခပ်လိုက်ကာ ဖုယွမ်ချွမ်း၏လက်ဝါးထဲ လဲလျောင်းလိုက်သည်။
နီးကပ်သွားရုံမျှဖြင့် ဖုယွမ်ချွမ်း၏စိတ်စွမ်းအင်က အလွန်ပင်မတည်မငြိမ်ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ သူ့အမူအယာက တည်ငြိမ်ပြီး မည်သည့်သက်ရောက်မှုမျှမရှိသော်လည်း သူ၏အသိဝိညာဥ်ဖြင့် လှိုင်းထနေသည့်နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိအောင်ထိန်းထားခြင်းပင်။
ကျွင်းချင်ယွီ သူနှုတ်ခမ်းထောင့်လေးကို မသိမသာလေးတွန့်လိုက်မိပြီး သူ၏လက်ဖြင့် ဖုယွမ်ချွမ်း၏လက်ဝါးကို ဖိလိုက်ကာ သူ၏ဝိဥာဥ်စွမ်းအင်ဖြင့် ကူညီဖို့ကြိုးစားလိုက်သည်။
ဖုယွမ်ချွမ်းက သူ့လက်ဖဝါးထဲမှ ရေသူငယ်လေးကို ကြည့်လိုက်ကာ ထိုရေသူလေးက စပ်စုလိုစိတ်ကြောင့် ချဥ်းကပ်လာခြင်းဟု တွေးလိုက်မိသည်။
ချဥ်းကပ်လာပြီးနောက် တစ်စုံတစ်ရာမှားယွင်းနေတာကိုတွေ့သည့်အခါ တုန့်ဆိုင်းခြင်းအလျဥ်းမရှိ ပြန်လှည့်ကာထွက်သွားမည်ဟူ၍။
သို့သော်လည်း ရေသူငယ်လေးက သူ့လက်ဖဝါးထဲမှာ ပါးနပ်စွာ တွယ်ကပ်နေလေသည်။
မမျှော်လင့်ထားစွာ လွတ်မြောက်အောင်ပြေးသည့် မြင်ကွင်းမျိုး ဖြစ်မလာချေ။
ရေသူငယ်လေးက အစပျိုးကာ သူ့လက်ကိုဖက်လာပြီး သူ့လက်ချောင်းတွေကို နမ်းရှိုက်လာ၏။
ရေသူငယ်လေး၏ အပူချိန် အလွန်နိမ့်သည်မှာ ထင်ရှားနေသော်ငြား ရေသူလေးကို ထိကိုင်ထားရသည့် နေရာက ပြောမပြနိုင်အောင်နွေးထွေးလျက်ရှိနေသည်။
"မဖြစ်နိုင်တာ!"
နိုရယ်၏ ဒေါသထွက်နေသည့်အသံက အေးချမ်းသည့်လေထုလေးကို ချိုးဖျက်လိုက်၏။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုရေသူက သူ့ကိုတိုက်ခိုက်ခဲ့သည့်တစ်ကောင်ဆိုတာကို သိနိုင်လေသည်။
သို့သော်လည်း ထိုရေသူလေး၏မျက်လုံးထဲ နာခံမှုအပြည့်ရှိနေသည်ကို မြင်လိုက်ရသည့်အခါ မယုံနိုင်ခြင်းတို့ ပြည့်သွားရသည်။
"အဲ့ရေသူရဲ့ဦးနှောက်က မှားနေတာလား၊ သူကရန်လိုမနေဘူး... သူကမင်းကိုတောင်ချဥ်းကပ်ရဲသေးတယ်.. "
အခြားသူများ၏ အမူအရာသည်လည်း အနည်းငယ် အံ့အားသင့်သွားကြပုံရကာ သူတို့ရှေ့မှာ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို အစစ်အမှန်ဟု မယုံနိုင်ကြချေ။
ပိုစိတ်ရှုပ်စရာကောင်းသည်မှာ အနှီရေသူလေးက နိုရယ်ကို မကြာသေးမီကမှ ပါးရိုက်ခဲ့ပြီး သူ(နိုရယ်)၏ကိုယ်ရည်ကိုယ်သွေး မည်မျှဆိုးရွားသလဲဆိုတာကို ပြခဲ့တာဖြစ်၏။
သို့သော်လည်း ယခုမူ သူကဖုယွမ်ချွမ်း၏လက်ပေါ်၌ တိတ်ဆိတ်ပြီးနာခံစွာ လဲလျောင်းနေ၏။
ထိုကြီးမားသည့်ပြောင်းလဲမှုကြီးက လူအားလုံးကို ငြိမ်သက်သွားစေသည်။
ကျွင်းချင်ယွီ ထထိုင်လိုက်ကာ နိုရယ်ကို စိုက်ကြည့်လိုက်စဥ် သူ၏မျက်နှာက ရောင်နေပြီး ဤနေရာ၌ရပ်ကာ ဒုက္ခရောက်နေသည်ကို တွေ့လိုက်ရသည်။ ဖုယွမ်ချွမ်းသာ ဒီမှာရှိမနေရင် သူဘာလို့ရေကူးလာပြီး အချိုးညီမျှအောင် လုပ်ပေးနေမှာလဲ။
ဖုယွမ်ချွမ်းက ငါးသားပေါက်တွေနှင့် တိုက်မိခြင်းကြောင့် ရှုပ်ပွနေသည့် ရေသူလေး၏ ရွှေရောင်ဆံပင်တွေကို ဖြောင့်ပေးလိုက်သည်။
သူ့ပါးပြင်ပေါ်ရှိ လက်ချောင်းထိပ်များ၏ပွတ်သပ်မှုကြောင့် ကျွင်းချင်ယွီ တခဏမျှ ထိတ်လန့်သွားပြီး သူ့အကြည့်ကို ဖုယွမ်ချွမ်းထံ ပြန်ကြည့်လိုက်ရာ ထိုအမျိုးသားကလည်း သူ့ကိုသာ အပြည့်အ၀ ကြည့်နေကြောင်း သိလိုက်ရသည် ။
ယင်းကို သတိပြုမိပြီးနောက် ကျွင်းချင်ယွီ အနည်းငယ်ရှက်ရွံ့သွားပြီး သူ့ခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်ချကာ အမျိုးသား၏လက်ဝါးထဲ ပြန်လှဲချလိုက်သည်။
ရုတ်တရက် ကျွင်းချင်ယွီ တွန်းဖယ်ခံလိုက်ရသလို ပေါ့ပါးသွားပြီး အလိုအလျောက် နောက်ပြန်ဆုတ်လိုက်ရသည် ။ သူက အမြီးဖြင့် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေလိုက်ရင်း ရေထဲတွင် နှစ်ကြိမ်မျှ လှည့်ပတ်သွားသည်။ သူအသိပြန်ဝင်ချိန်တွင် ဖုယွမ်ချွမ်းက ထရပ်ကာ ထွက်သွားချေပြီ။
သွားတယ်၊ ထွက်သွားတယ်? !
ထိုအမျိုးသား၏နောက်ကျော အဝေးကို ရောက်သွားတာကိုကြည့်ရင်း ကျွင်းချင်ယွီ ခဏတာဆုံးရှုံးသွားရသလိုခံစားလိုက်ရသည်။ ပြီးနောက် သူက ကမ်းပေါ်ရှိသူ့ကို သူ့လက်များဖြင့် လိုက်ဖမ်းဖို့ရာ ခုန်ထွက်ချင်ခဲ့သည်။
ထိုခဏမှာပင် ဖုယွမ်ချွမ်းက ရေသူထည့်သည့် သေတ္တာကို ယူလာသည်ကို တွေ့လိုက်ရသည်။
ထိုအခါမှ ကျွင်းချင်ယွီ စိတ်သက်သာရာရသွားကာ ထိုအမျိုးသားပြန်လာသည်ကို ကြည့်နေရင်း ရေထဲအမြန်ပြန်သွားကာ စောင့်နေလိုက်သည်။
တာဝန်ရှိသူက ဖုယွမ်ချွမ်းနောက်၌ လိုက်ပါလာသည်။
သေတ္တာကိုယူခြင်းက ဝယ်ယူမှာသေချာသည့်အဓိပ္ပါယ်ဖြစ်ကာ တာဝန်ရှိသူကလည်း သဘာဝကျကျပင် လိုက်လာပေလိမ့်မည်။
အရေးကြီးသည်မှာ တာဝန်ရှိသူက အနည်းငယ် စပ်စုတတ်သူပင်။ အခြေစိုက်စခန်းတွင် ဖုယွမ်ချွမ်းရေသူတွေထံက ငြင်းပယ်ခံရတာကို မသိသူ အနည်းငယ်သာရှိသည်။
ရေသူလေးတွေက စားသောက်နေစဥ်မှာပင် သူ့ကိုတွေ့ပြီး ကြောက်ရွံ့သွားကြသဖြင့် စားလက်စကိုပစ်ချကာ ထွက်ပြေးကြသည်။
သူက အကြိမ်များစွာ လက်ဗလာဖြင့် ပြန်သွားလေ့ရှိပြီး မည်သည့်ရေသူကမှ သူနှင့်အတူလိုက်မသွားလိုပေ။
သူက ဒီတစ်ကြိမ်မှာ ဘယ်လိုလုပ် သေတ္တာကိုယူရတာလဲ။
တာဝန်ရှိသူက တစ်လျှောက်လုံး လိုက်လာပြီး ကမ်းစပ်တွင်ကျန်ရှိနေသည့် တစ်ကောင်တည်းသော ရေသူလေးကိုကြည့်ကာ ဆိုလိုက်သည်။
"သေတ္တာကို ရေထဲချလိုက်ပါ၊ ရေသူရဲ့စိတ်ဆန္ဒအလျောက် သတ္တောထဲဝင်မှသာ ခေါ်သွားခွင့်ရှိပါတယ်"
တာဝန်ရှိသူက ထပ်ပေါင်းပြောသည်။
"ကျွန်တော့်ကိုယ်ပေါ်မှာ ဗီဒီယိုမှတ်တမ်းတင်တဲ့ကိရိယာတစ်ခုရှိတယ်၊ အကယ်၍ အတင်းအကြပ်လုပ်တာမျိုးတွေ့ရင် ရေသူဝယ်ဖို့ အရည်အချင်း မပြည့်မှီဘူးလို့ သတ်မှတ်ပါမယ်"
ဖုယွမ်ချွမ်းက နှုတ်ခမ်းကိုဖွင့်ဟကာ သေတ္တာကို ရေထဲကိုချလိုက်သည်။
သေတ္တာထဲတွင် ရေအပြည့်ရှိသော်ငြား ယင်းကနစ်မြုပ်မသွားပဲ ရေပေါ်မှာပေါ်နေဆဲဖြစ်သည်။
ဤသည်မှာ အောက်ကိုနစ်မြှုပ်သွားသည့်အခါ ရေသူ၏စူးစမ်းလိုစိတ်မှ ကာကွယ်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။ တာဝန်ရှိသူအနေဖြင့် ရေသူကဝယ်သူကို ရွေးချယ်လိုက်သည်လား သည်အတိုင်းကစားလိုခြင်းလားဆိုသည်အား သေချာ မဆုံးဖြတ်နိုင်ခြင်းမှ လွတ်ကင်းရန်အတွက်ပင်။
တာဝန်ရှိသူက ဖုယွမ်ချွမ်းမှ ချော့မြူခြင်းပင်မလုပ်တော့ပဲ သေတ္တာကိုချလိုက်သည်အား ကြည့်လိုက်လေသည်။
သူကသတိပေးလိုက်သည်။
"ရေသူတွေက အရမ်းသတိထားရပါတယ်၊ ပိုညင်သာပြီး ချော့မြူပေးပါ၊ သူကမင်းနဲ့လိုက်ရင်လိုက်လာလိမ့်မယ်၊ ဒီအတိုင်းစောင့်နေရုံနဲ့တော့ ရေသူကဝင်မှာမဟုတ်..."
တာဝန်ရှိသူက ပြောမပြီးသေးမှီမှာပင် ကျွင်းချင်ယွီက ရေ၏ရွေ့လျားမှုနှင့်အတူ သေတ္တာနားပြေးဝင်ကာ သေတ္တာစွန်းမှခုန်ချလိုက်သည်။
တာဝန်ခံ: "?"
ကျွင်းချင်ယွီ ဝင်ပြီးသည်နှင့် ရေအများကြီး ထွက်ကျသွားကာ သူ့ငါးအမြှီးအတွက်ပင်မကျန်တော့ချေ။
ဖုယွမ်ချွမ်းက သေတ္တာကို ကောက်ယူကာ မေးလိုက်သည်။
"ဒီတော့?"
"အာ... မှန်ပါတယ်"
တာဝန်ရှိသူက ပြောလိုက်သည်။
"ကျွန်တော်ခင်များကို ရေသူတွေအတွက် တားမြစ်ချက်အချို့နဲ့ ဘဝမှာ သတိထားရမယ့် အရာတွေကို ပြောပြပေးပါမယ်"
ဖုယွမ်ချွမ်း : "ကောင်းပြီ..."
ကျွင်းချင်ယွီက ဖုယွမ်ချွမ်းသယ်ထားသည့် သေတ္တာထဲတွင် ကောက်ကွေး၍နေနေလေသည်။
သေတ္တာက အလွန်သေးရကား အထဲတွင်နေသည့်အခါ အမြှီးကိုခွေထားဖို့လိုအပ်လေသည်။
တာဝန်ခံပြောနေသည့် "နောက်ဘက်" မှာ မည်မျှဝေးပြီး၊ မည်မျှကြာအောင် သွားရမည်ကို သူမသိပေ။
ကော်ရစ်ဒါမှာ တစ်ချက်ကြည့်ရုံမျှဖြင့် အဆုံးကိုမမြင်ရပေ။ ကျွင်းချင်ယွီက ခက်ခက်ခဲခဲဖြင့် သေတ္တာထဲတွင်လှည့်လိုက်ကာ သူ့အပေါ်ပိုင်းကို ဖြောင့်ဖြောင့်ထားပြီး သေတ္တာစွန်း၌ မှီလိုက်သည်။ သို့ဖြင့် သူ့အမြှီးကို ဆန့်ထုတ်၍ ရသွားသည်။
သတ္တောထဲမှရေများက မလွှဲမရှောင်သာ ထွက်ကျလာတော့သည်။
ကျွင်းချင်ယွီက သူ့ရှေ့ရှိဖုယွမ်ချွမ်း၏ အဝတ်အစားများစိုသွားသည်ကို သတိမပြုမိမချင်း မူလတွင် အာရုံမစိုက်ခဲ့ပေ။
ကျွင်းချင်ယွီ : "..."
မဝယ်ရသေးခင်မှာတောင် သူကဝတ်စုံတစ်စုံကို ညစ်ပတ်စေလိုက်ပြီ။
ဖုယွမ်ချွမ်းက သူ့ကိုတက်ကြွလွန်းပြီး ပြဿနာရှာရတယ်ကြိုက်တယ်လို့မြင်ပြီး ချန်မထားခဲ့လောက်ပါဘူးနော်။
Xxxxxxx