အပိုင်း ၁၄
Viewers 23k

စကားပြောနေကြသော ထိုလူနှစ်ယောက်ထွက်သွားသည့်အခါမှ ကျန်းဟန်ရှုက အမှောင်ရိပ်ထဲမှ ထွက်လာပြီး သူတပ်ထားသောနားကျပ်ကိုဖြုတ်ကာ တစ်ဖက်မှောင်ရီမည်းနေသော ကော်ရစ်ဒါဆီသို့လမ်းလျှောက်သွားလိုက်၏။
သူကတိုက်ဆိုင်စွာပင် ဖုကျန်းနှင့်ဖုတင်းတို့ Shazou Chronicle ၏ မူပိုင်ခွင့်ကိစ္စဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။သူကရှေ့သို့ဆက်သွားပြီး ထိုသူတို့အားအနှောင့်အယှက်မပေးချင်သလို သူများ၏ကိုယ်ရေးကိုယ်တာကိစ္စအားလည်း ခိုး၍နားမထောင်လိုပေ။ ထို့အတူ သူကနားကျပ်ကိုယူလာသည်လည်းဖြစ်သောကြောင့် ထိုနားကျပ်ကိုတပ်ဆင်ကာ အဝေးမှပင်အချိန်အတော်ကြာစောင့်ဆိုင်းနေလိုက်သည်။
ကော်ရစ်ဒါ၌ရှိသော အာရုံခံစနစ်နှင့်မီးလုံးများမှာ အနည်းငယ်ပျက်ယွင်းနေကြပြီဖြစ်သဖြင့် ကျန်းဟန်ရှုက ဖုန်းမှဓာတ်မီးကိုဖွင့်လိုက်သည်။ သူဒုတိယထပ်သို့ရောက်သည့်အခါတွင် အပေါ်သို့မော့ကြည့်လိုက်သည့်အခါ လှေကား၏ထောင့်၌ တစ်စုံတစ်ယောက်ထိုင်နေသည်ကိုမြင်လိုက်ရပြီး ထိုတစ်စုံတစ်ယောက်၏ ပုခုံးက တုန်ရီလျက်ရှိ
လေ၏။သူငိုနေသည်။
ကျန်းဟန်ရှုက သူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး သူ့ခြေထောက်အောက်မှ မီးခိုးရောင်ကျောက်ပြားကို အေးစက်လျက်ရှိသောအမူအရာနှင့်ကြည့်လိုက်ကာ ထိုကျောက်ပြားကိုနင်းပြီး အပေါ်သို့ဆက်၍လျှောက်သွားလိုက်သည်။သူနှင့်ထိုတစ်စုံတစ်ယောက်ကြားရှိအကွာ
အဝေးက နီးလာသည်။ ထိုသူမှာဖုကျန်းဖြစ်နေသည်ဟု မှတ်မိလိုက်၏။
သို့သော် သူကဘာမှမပြောဘဲ ၃ လွှာရောက်သည်အထိတိတ်တဆိတ်ပင်တက်သွားလိုက်သည်။ယခုအချိန်တွင် သူကဖုကျန်းကို သံသယဖြစ်နေသည်အား လျှော့လိုက်ပြီဖြစ်သော်လည်း
သူနှင့်ယခုထက်ပို၍တော့ဆက်ဆံခြင်းမပြုလိုပေ။ မျက်လုံးများကိုမှေးလိုက်သည့်အခါတွင်
သူ၏နား၌ အခန်းတစ်ခန်းဆီမှ တီဗွီဖွင့်ထား
သောအသံကြားနေရသည်။ ထိုအသံကြား၌ ငို
ရှိုက်သံပါရော၍နေလေ၏။
၃ လွှာသို့တက်သည့် လှေကားတစ်ဝက်သို့ရောက်သည့်အခါတွင် ကျန်းဟန်ရှုရုတ်တရက်ရပ်သွား၏။ ၃ လွှာတွင်နေသောမိသားစုဝင်တစ်ယောက်က သူ၏ကလေးကိုခေါ်ရန် အပြင်ထွက်လာရာ လှေကားမှဆင်းလိုက်သည်နှင့် လန့်ဖျပ်သွားကာအဘယ်သို့သော အရူးကများလှေကားပေါ်၌ဆောင့်ကြောင့်ထိုင်ကာ လူအများလန့်အောင်လုပ်နေသနည်းဟု မေးတော့မည့်ပုံပင်ဖြစ်
သွားလေသည်။
ကျန်းဟန်ရှုက နောက်ပြန်လှည့်ကာ ဖုကျန်း၏ ဘေးသို့လမ်းလျှောက်သွားလိုက်ပြီးသူ၏အိတ်ကပ်ထဲမှ တစ်သျှူးကိုထုတ်၍ ဖုကျန်းထံသို့ကမ်းပေးလိုက်၏။
"ဒါသုံးဖို့လိုသေးလား..."
ဖုကျန်းက အသံကြားသည့်အခါ ခေါင်းကိုမော့ကြည့်လိုက်သည်။ သူကအချိန်အတန်ကြာငိုနေခဲ့သည်ဖြစ်ပြီး မှိန်ဖျနေသောမီးရောင်နှင့်ပေါင်းစပ်လိုက်သောအခါ အမှန်တကယ်ပင် သူ့ရှေ့၌ရှိနေသည်ကို မမြင်ရချေ။မျက်ရည်ဥများတွဲလဲခိုနေသော မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ့ရှေ့ရှိ အနက်ရောင်ပုံရိပ်အား ကြည့်လိုက်၏။သို့ရာတွင်သူက ကျန်းဟန်ရှူးဆိုသည်ကို သိလိုက်သည်။ထိုသူကမ်းပေးလာသော တစ်သျှူးကိုယူရန်လက်မြှောက်လိုက်သည်။
"မင်းခြေထောက်ထိခိုက်မိသွားတာလား..."
ကျန်းဟန်ရှုကကမေးလိုက်၏။သူ၏အသံက အမှောင်ထဲ၌အလွန်ပင်တိုးနေသယောင်ရှိသည်။
ဖုကျန်း၏မျက်လုံးများမှာ အလွှာတစ်ခုကာထားသကဲ့သို့ပင်ရှိနေကာ ထိုအထဲ၌ကျန်းဟန်ရှု၏ပုံရိပ်ကထင်ဟပ်နေလေ၏။ သူကတစ်သျှူးကိုယူကာ မျက်နှာပေါ်မှ မျက်ရည်များကိုသုတ်ပစ်လိုက်ပြီး နံရံကိုလက်နှစ်ဖက်ဖြင့်အမှီပြု၍ မတ်တပ်ရပ်ရန်ကြိုးစားကြည့်သော်လည်း သူ၏ဘယ်ခြေထောက်မှာ ပြုတ်ကျသည့်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးနာကျင်နေသဖြင့် မတ်တပ်ရပ်ရန်ပင် အားမရှိတော့ချေ။
ဖုကျန်း၏နားထဲ၌ သက်ပြင်းတိုးတိုးချသံကိုကြားလိုက်ရပြီး သူ၏အမြင်ကတော့ ဝေဝါး
နေဆဲပင်ဖြစ်သည်။ ခဏအကြာတွင် သူကနံရံ
ကို အမှီပြုထားသောလက်နှစ်ဖက်အားရုတ်သိမ်းလိုက်ပြီး ကျန်းဟန်ရှုအားပြောလိုက်၏။
"ကျွန်တော်ဒီမှာပဲ ခဏလောက်ဆက်ထိုင်နေဦးမယ်..."
ကျန်းဟန်ရှုက ဖုကျန်း၏ရှေ့တွင်ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြန်ပြောလေသည်။
"ငါမင်းကို ကုန်းပိုးပြီးသယ်သွားပေးမယ်လေ..."
ကျန်းဟန်ရှုက ဤသို့ပြောလာမည်ဟုမထင်မှတ်ထားသဖြင့် ဖုကျန်းတစ်ယောက်ပျာယာခတ်ကာပြောပြန်၏။
"မ မလိုပါဘူး..."
"လာပါ..."
ကျန်းဟန်ရှုက နောက်ဖက်သို့ပင်လှည့်သွား
ပြီးဖြစ်ကာ သူပြောလာသည့်အသံကြောင့် ဖု
ကျန်းတစ်ယောက် ငြင်းဆန်ရန်ပင် မတတ်နိုင်
တော့ချေ။တစ်ခဏမျှတုံ့ဆိုင်းသွားသော်လည်း ဖုကျန်းဆက်ပြီး ဟန်မဆောင်နေတော့ဘဲ လက်နှစ်
ဖက်အား ကျန်းဟန်ရှု၏ ပခုံးပေါ်သို့တင်လိုက်
တော့သည်။
"ကျေးဇူးတင်ပါတယ်..."
ကျန်းဟန်ရှုက စကားမပြောဘဲ ဖုကျန်း၏ ခြေထောက်အပေါ်ပိုင်းကို ကိုင်ကာထိုင်နေရာမှ ဖြည်းဖြည်းချင်းထပြီး အပေါ်ထပ်သို့ဆက်တက်သွားသည်။သူ၏လက်ဖဝါးများကနွေးထွေးနေကာသူ၏ခြေထောက်များက မြဲမြံပြီးတောင့်တင်းကြံ့ခိုင်၏။ဖုကျန်း၏ရင်ဘတ်က သူ၏ပုခုံးနားတွင် မှီလျက်ရှိနေသည်ဖြစ်ရာ ကျန်းဟန်ရှုသာသတိထားမိလျှင် သူ၏ရင်ထဲမှ သံစုံတီးဝိုင်းဖြစ်နေသည်ကိုပင် ကြားနိုင်လောက်သည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း ဖုကျန်းကဝိတ်အတော်ကျသွားသည်ဖြစ်ပြီး 1.8 မီတာ(5ပေ 10) နီးပါးရှည်သောအရပ်ရှိသော်လည်းကိုယ်အလေးချိန်က ပေါင် ၁၃၀ ပင်မပြည့်ဘဲ အခြားသူများနှင့်ယှဉ်ကြည့်လျင် တစ်ကိုယ်လုံး၌ အသားဟူသည် လက်တစ်ဆုပ်စာလောက်ပင်ရှိလေသည်။ကော်ရစ်ဒါ၏ အဝါရောင်မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် လူနှစ်ယောက်၏အရိပ်များကထပ်လျက်ရှိနေကာနံရံ၏တစ်ဖက်၌ထောင့်ဖြတ်အတိုင်းပေါ်နေကာ ကျန်းဟန်ရှုလမ်းလျှောက်လိုက်တိုင်းထိုအရိပ်ကလည်းအပေါ်သို့ဆက်ရွေ့လျက်ရှိလေ၏။
၃ လွှာနှင့် ၄ လွှာနှစ်ထပ်လုံး ကော်ရစ်ဒါမှာတိတ်ဆိတ်လျက်ရှိသည်။ ဖုကျန်းကကျန်းဟန်ရှူး၏ ဆံပင်များလှုပ်ခါနေသည်ကိုကြည့်နေကာ ပင်ကိုကောက်ကာထူထဲသောဆံပင်များနှင့် ထိုသူအားချစ်စရာကောင်းသည်ဟုပင် တွေးလိုက်မိသည်။ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း သူက ကျန်းဟန်ရှုကိုမေးလိုက်သည်။
"ဟိုလေ.. ခင်ဗျားမှာကောင်မလေးရှိလား..."
ရုတ်တရက်ပင် ကျန်းဟန်ရှု၏စိတ်ထဲ၌ ထိုညကသူ၏ရေသူလေးက သူ့လည်ပင်းကို သိုင်းဖက်ကာ ပိန်လျသော လက်ကလေးနှစ်ဖက်နှင့်ကိုယ်ခန္ဓာတစ်ခုလုံးက သူ့အပေါ်သို့ဖက်တွယ်လာပြီးသည့်နောက် ကျန်းဟန်ရှူးက ရေသူလေး၏ကိုယ်တွင်းသို့ နက်ရှိုင်းစွာတိုးဝင်နေခဲ့
သော ပုံရိပ်လေးပြန်မြင်ယောင်လာလေသည်။
ရေသူလေး၏ မျက်ဝန်းများထဲ၌ မျက်ရည်များတွဲလဲခိုနေခဲ့သော်လည်း ပုလဲများအဖြစ်တော့ပြောင်းမသွားနိုင်ပေ။ ထိုမျက်ရည်များကခေါင်းအုံးများကိုစိုစွတ်သွားစေကာအရောင်ကိုပိုနက်ရှိုင်းသွားစေပြီး ကျန်းဟန်ရှု၏ စိတ်ကိုလည်းတစ်ခဏမှာပင်လေးပင်လာစေ၏။
"မရှိပါဘူး ဒါပေမဲ့ငါ့မှာသဘောကျရတဲ့သူရှိတယ်..."
အေးစက်နေသောမျက်ရည်ပေါက်များဖုကျန်း၏ မေးမှတစ်ဆင့် ကျန်းဟန်ရှု၏လည်ပင်းဆီသို့စီးကျလာသဖြင့် သူ့နှလုံးသားတုန်လှုပ်သွားသလိုခံစားလိုက်ရ၏။ သူ့နောက်ကျော၌သယ်ပိုးထားသောထိုလူသားကဘာကြောင့်ငိုနေကိုမသိ။သူ
ကလည်းဘာအကြောင်းကြောင့်ထိုလူသားကို ၃ လွှာမှနေ၍ သူတို့နေထိုင်ရာ ၆ လွှာအထိသယ်ပိုးလာပေးမိသည်ကိုလည်းမသိတော့ပေ။ဖုကျန်းက ကျန်းဟန်ရှုအား သူ့အသံထဲမှဝမ်းနည်းမှုကို မကြားနိုင်စေရန် အသံတိုးတိုးဖြင့်ဖွင့်ဟ၍ မေးလိုက်ပြန်၏။
"သူကရော ခင်ဗျားကိုသဘောကျလား..."
ကျန်းဟန်ရှုခဏမျှရပ်တန့်သွားသည်။သူ၏ရေသူလေးကို ထိုညပြီးကတည်းကထပ်မတွေ့ရတော့ပေ။
"ငါမသိဘူး..."
ဟုပင်ပြန်ပြောလေသည်။ထို့နောက်တွင် နှစ်ယောက်သားစကားဆက်မပြောဖြစ်တော့ဘဲ ကျန်းဟန်ရှု၏ခြေသံများသာ ကော်ရစ်ဒါ၌ ပဲ့တင်သံထပ်နေလေသည်။ ဖုကျန်းကသူ၏ခေါင်းကိုငုံ့ကာ ကျန်းဟန်ရှု၏ခြေလှမ်းများကိုရေတွက်ရင်း ဆက်သွားရမည့်လမ်းက ဒီထက်ပိုရှည်ကြာရန်သာဆုတောင်းနေလေသည်။
သူရေတွက်နေသည်မှာ တစ်မှလေးဆယ့်ခုနစ်ရောက်ချိန်တွင် ကျန်းဟန်ရှု၏ခြေလှမ်းများရပ်တန့်သွား၏။ ထိုအခါ သူ၏ပုခုံးများကိုဖြည်းဖြည်းပုတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကို အောက်ချပေးပါ..."
"ကိုယ့်ဘာသာကိုယ် လျှောက်နိုင်ရဲ့လား..."
ဖုကျန်းကခေါင်းငြိမ့်ရင်းပြန်ဖြေလိုက်သည်။
"အင်း..."
ထိုအခါမှ ကျန်းဟန်ရှုက ဖုကျန်းကိုသူ၏နောက်ကျောပေါ်မှ ဖြည်းဖြည်းချင်းအောက်သို့ချပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ကျန်းဟန်ရှုက အင်းဟုသာတစ်ချက်ပြောကာတခြားဘာမှမပြောဘဲ ဖုကျန်းကိုလက်မောင်းမှထိန်းကိုင်ပေးကာ သူ့ရှေ့မှတံခါးကိုတွန်းဖွင့်လိုက်ပြီး ဖုကျန်းအား သူ၏အခန်းရောက်သည်အထိလိုက်ပို့ပေးလိုက်သည်။ထောင်ပေါင်းများစွာသော အဆောက်အဦးအမြင့်ကြီးများက ညကောင်းကင်ကို နီယွန်မီးရောင်များဖြင့် အရောင်ခြယ်နေကာ ယခုညတွင်ဤမြို့တော်လေးက နေ့ဘက်ထက်ပိုကာထွန်းလင်းတောက်ပနေသယောင်ပင်။
ဖုတင်း အိမ်ပြန်ရောက်ချိန်တွင် ဖုကျန်းချန်ကထမင်းစားစားပွဲ၌ သူ့အားညစာအတူစားရန်စောင့်ဆိုင်းလျက်ရှိပြီး သူ့အားမြင်သည်နှင့်မေးလေ၏။
"ဘယ်လိုဖြစ်သွားပြီလဲ..."
ဖုတင်းက ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလေသည်။
"ကျွန်တော်ရခဲ့ပြီ..."
ဖုကျန်းချန်၏မျက်နှာ၌ ကျေနပ်သောအပြုံးဖြစ်ပေါ်လာပြီး သူအချစ်ရဆုံးသမီးအတွက်ဘာလုပ်ပေးနိုင်မည်ကို ကြိုတွေးနေလေသည်။
"မင်းမျက်နှာ သိပ်မကောင်းဘူး ဘာဖြစ်ခဲ့လို့လဲ..."
ဖုတင်းကခေါင်းခါပြလိုက်ကာ ဖုကျန်းချန်အား အဖေဟုတစ်ချက်ဖွင့်ဟကာခေါ်လိုက်ပြီးနောက် မည်သည်ကိုမျှဆက်မပြောချေ။သူကလက်ကိုသာမြှောက်၍ နှဖူးကြောအားဖိကာနှိပ်နယ်လိုက်ပြီးပြောလိုက်သည်။
"ကျွန်တော်နည်းနည်းပင်ပန်းနေပြီ အဲဒါကြောင့်ညစာမစားတော့ဘူး.. အပေါ်ပဲတန်းတက်ပြီးအနားယူလိုက်တော့မယ်..."
ဖုကျန်းချန်က သူနှုတ်ခမ်းဖျား၌သယ်ဆောင်ထားသော အပြုံးကိုဖယ်ထုတ်လိုက်ပြီးလေးနက်သောမျက်ဝန်းများနှင့်မေးလေ၏။
"မင်းသူ့ကိုဒီနေ့သွားတွေ့တာ ဆောက်လုပ်ရေး
လုပ်ငန်းခွင်မှာလား..."
ဖုတင်းက အင်းတစ်ချက်သာပြန်ပြောလေသည်။
"သူအခုဘယ်လိုနေလဲ..."
ဖုကျန်းချန်ကမေးပြန်၏။ဖုတင်းက သူ၏ဖခင်ဖြစ်သူဘာကြောင့်ဤမေးခွန်းများမေးနေသည်ကို မသိပေ။ ထင်ရသည်မှာ သူကဖုကျန်းကိုအပြစ်ပေးလိုက်ခြင်းမှာ အလွန်ပြင်းထန်လွန်းသဖြင့် ဖုကျန်းအားအလျော်ပြန်ပေးလို၍ဖြစ်မည်လော... ဒါမှမဟုတ် ထိုအခါကသူအလွန်လျှော့ပေးလိုက်မိ၍ ယခုတွင်ထပ်ပြီးသတိပေးချင်သောကြောင့်များလား။
ဖုတင်းအနေဖြင့် သူ၏ဖခင်ကိုအပြည့်အဝနားလည်သည်။ သူ၏ဘဝ၌ မည်သည့်အရာ
ကိုမျှ နောင်တရခဲ့ခြင်းမရှိပေ။ ယခုသူကဖုကျန်း၏ အခြေအနေကို မေးလာသည်မှာဒုတိယအကြောင်းအရင်းကြောင့်သာဖြစ်လိမ့်မည်။ဘာကြောင့်မှန်းမသိသော်လည်း ဖုတင်းမှာဤအကြောင်းများကို ဖခင်ဖြစ်သူနှင့်မပြောလိုပါ။ ထို့ကြောင့် အကြောင်းအရာကိုပြောင်းကာ ပြောလိုက်၏။
"ဝမ်ဝမ်ရဲ့ မင်္ဂလာပွဲကို ၁ လပိုင်းလကုန်လို့သတ်မှတ်လိုက်တယ်..."
ထင်ထားသည့်အတိုင်းပင် ဖုကျန်းချန်ကချက်ချင်းဖုကျန်းအကြောင်းကို မေ့သွားကာမျက်မှောင်ကြုံ့ရင်းပြောလေသည်။
"မင်းကဘာလို့ အဲဒီအချိန်ကိုရွေးတာလဲ..."
၁လပိုင်းကုန်ချိန်မှာ တရုတ်နှစ်သစ်ကူးပွဲတော်
လာမည်ဖြစ်သောကြောင့် ထိုအချိန်တွင်လက်ထပ်မည့်သူများသည် အနည်းနှင့်အများ
တော့ သက်သာကြသည်။ သို့ရာတွင်သူမက
မင်းသမီးတစ်ယောက်ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင်
ဆုပေးပွဲများ အခြားပွဲတော်ပေါင်းများစွာနှင့်
ရုပ်သံလွှင့်အစီအစဉ်များလည်းပါဝင်ရန်ရှိနေ
သေးသည်။ ထိုသို့သော အလုပ်များမှုမျိုးကိုသူမ၏ခန္ဓာကိုယ်က မည်ကဲ့သို့များတောင့်ခံ
နိုင်ပါမည်နည်း။
ဖုတင်းကမူ ဤသည်ကိုဂရုမထားပေ။သူ၏မျက်ဝန်းများ၌ အလိုလိုက်မှုများပြည့်နေကာ ဖုကျန်းချန်အားပြန်ပြောလိုက်၏။
"သူကသဘောကျတယ်လေ သူလိုချင်တာကိုပဲလုပ်ပေးပြီး ကူညီကြရအောင်..."
ဖုကျန်းချန်က ဘာမှဆက်မပြောတော့ပေ ။သူ့
အတွေး၌ ဖုတင်းပြောသည်က ယုတ္တိရှိသည်ဟုမြင်သည်။ သူ၏အချစ်ရဆုံးသမီးလေးကို လက်ထပ်ပေးရတော့မည်ဖြစ်သော်လည်းသူ၏စိတ်တွင်း၌ နှမျောတွန့်တိုခြင်းရှိမနေဘဲသက်သာရာရတော့မည်ဟုသာခံစားနေမိ၏။ဖုကျန်းချန်၏ မျက်ဝန်းများထဲ၌ ရုတ်တရက်ဟာလာဟင်းလင်းဖြစ်သွားလေ၏။ဖုတင်းက အပေါ်ထပ်သို့တက်သွားပြီးနောက်ချက်ချင်းသူ့အခန်းထဲသို့မဝင်သေးဘဲ ဘေးအခန်း၏ရှေ့သို့ သွားလေသည်။ဤအခန်းသည် ဖုကျန်း၏အခန်းဖြစ်သည်။သူဖုအိမ်တော်မှ နှင်ချခံလိုက်ရသည့်နေ့မှစ၍ မည်သူကမှအခန်းကို ဖွင့်ပင်မကြည့်ခဲ့
ကြပေ။ ဖုတင်းက တံခါးရှေ့တွင်ရပ်ကာ အ
ကြာကြီးတိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင်
တံခါးလက်ကိုင်ဖုကိုကိုင်ကာ ဖြည်းဖြည်းချင်း
ဖွင့်လိုက်သည်။
အခန်းတွင်းရှိ အပြင်အဆင်များမှာ ထိုည
က ဖုကျန်းထွက်မသွားခင်အချိန်ကနှင့် တစ်
ထေရာတည်းရှိနေသည်။သို့သော် အချိန်အ
ကြာကြီး မည်သူကမှသန့်ရှင်းရေးလာမလုပ်ခဲ့သည်ကြောင့် စားပွဲခုံမျက်နှာပြင်ပေါ်၌ ဖုန်တွေ
အလွှာလိုက်စုနေပြီး ထိုပေါ်၌ Wilde ၏ နိုက်
တင်ဂေးနှင့်နှင်းဆီ၊ စာအုပ်တစ်အုပ်တင်ထား
လေ၏။
ဖုတင်း၏မျက်ဝန်းများက အခန်းကိုပတ်၍ကြည့်လိုက်ရာ ဖုကျန်းထွက်သွားသည့်ထိုနေ့က သူအမှန်တကယ်ပင် မည်သည့်အရာကိုမှ မယူသွားခဲ့ပေ။ဖုတင်းတစ်ယောက် မျက်လွှာကိုအသာချရင်းပြန်လှည့်ကာအခန်းထဲမှသာထွက်သွားလိုက်
တော့သည်။
ဖုကျန်းသူ၏အခန်းသို့ပြန်ရောက်သောအခါအိပ်ရာပေါ်၌ထိုင်ကာ ဘောင်းဘီချွတ်နေရင်းအံပင်ကြိတ်လိုက်မိသည်။ ခြေချင်းဝတ်၌ညိုမဲနေသော အတွင်းကြေနာတစ်ခုရှိနေပြီးဘယ်ဘက်ဒူးခေါင်းတွင်မူ အနီရောင်သန်းနေလေ၏။ နာကျင်မှုကြောင့် တုန်ယင်နေကာသူ၏သွားများပင် အချင်းချင်းရိုက်ခတ်မိနေသည်ဖြစ်သောကြောင့် သူစဉ်းစားမိသည်မနက်ဖြန်တွင်သူမည်သည့်နည်းနှင့်မျှအလုပ်မသွားနိုင်လောက်တော့ပေ။ထို့ကြောင့်သူကအလုပ်ရှင်အားဖုန်းဆက်ကာ၂ ရက်ခွင့်ယူလိုက်သည်။
ထိုနှစ်ရက်တာအတွင်း၌ သူအိမ်ထဲ၌သာနေပြီး အလုပ်သို့သွားရန်မလိုဘဲ ပုံများသာဆွဲ၍နေနိုင်သည်။ဖုကျန်းက ခုတင်ဘေးမှဗီရိုကိုဖွင့်လိုက်ပြီးအထဲမှဆေးဗူးအသေးလေးကိုထုတ်လိုက်
သည်။ သူဗီရိုကိုဖွင့်ဖွင့်ချင်းမှာပင် မှတ်မိ
လိုက်သည်က လွန်ခဲ့သည့်လကသူ့တွင်ရှိသော
အကိုက်အခဲပျောက်ဆေးအကုန်လုံး သောက်
ပြီးသွားပြီဖြစ်ပြီး ဆေးဆိုင်သို့သွား၍ထပ်ဝယ်
ရမည်ဖြစ်သည်။
သို့သော်ယခုတွင်တော့ အလွန်နောက်ကျ
သွားလေပြီဖြစ်ကာ ယခုအချိန်လောက်တွင်
အနီးအနားရှိဆေးဆိုင်များမှာလည်းပိတ်နေ
လောက်ပြီဖြစ်၏။ သူသည် ယခုညတစ်ညတာ
တော့ တောင့်ခံရမည်ဖြစ်ပြီး နောက်တစ်နေ့မှ
ဆေးဝယ်ရန်သွားရုံပင်ရှိတော့သည်။
ပုံဆွဲနေရင်းနှင့်လည်း ဘယ်ခြေထောက်မှ မခံ
မရပ်နိုင်လောက်အောင်နာလာသဖြင့် အိပ်ရာ
ပေါ်သို့သာတက်၍ စောစောအိပ်ရန်ပြင်လိုက်
တော့သည်။သို့သော် မီးပိတ်လိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်ပြီးနောက်တွင်လည်း ဖုကျန်းတစ်ယောက်အိပ်မပျော်နိုင်ပေ။ သူ၏မျက်ဝန်း
များက မည်းနက်နေပြီး ဘေးခန်းတွင်နေသည့်
သူချစ်ရသော ကျန်းဟန်ရှုအကြောင်းကို
တွေးမိနေတော့သည်။
သူဘာများလုပ်နေလိမ့်မလဲ၊ သူအိပ်များပျော်
သွားပြီလား...
ကျန်းဟန်ရှုအကြောင်းတွေးရင်း ဖုကျန်းရုတ်တရက် ကော်ရစ်ဒါ၌ထိုသူပြောလိုက်သည့်စကားကို ပြန်အမှတ်ရလာကာ သူ့ရင်ထဲရှိစိတ်ကူးယဉ်ဇာတ်လမ်းလေးကခြေရာလက်ရာပင်မကျန်အောင်ပျောက်ဆုံးသွားလေသည်။
ကျန်းဟန်ရှုမှာ သဘောကျရတဲ့သူရှိပြီးသားလေ…။