အပိုင်း ၁၅
Viewers 23k

နောက်တစ်နေ့မနက် ဖုကျန်းနိုးလာသည့်အချိန်တွင် ၈ နာရီပင်ထိုးနေပြီဖြစ်သည်။ သူ
ဤကဲ့သို့ နောက်ကျသည်အထိ မအိပ်ဘဲနေခဲ့
ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။သူ့ခြေထောက်များက မနေ့ညကလောက်
တော့ မနာတော့ပေ။ထို့ကြောင့်အိပ်ရာထပြီးနောက်တွင် မီးဖိုချောင်ထဲသို့သွားကာခေါက်ဆွဲခြောက် လက်တစ်ဆုပ်လောက်သွားယူလာပြီး သူအခန်းသို့ပုံဆက်ဆွဲရန် ပြန်လာခဲ့လိုက်သည်။
အိမ်တွင်ငှားနေကြသော အခြားသူများမှာယခုအချိန်တွင် အလုပ်သို့သွားကြပြီဖြစ်ရာ ညအချိန်မှာထက် ပို၍တိတ်ဆိတ်နေလေသည်။ ဖုကျန်းလည်း ညက သူပုံကြမ်းဆွဲထားသည်ကိုဆက်၍လုပ်ရန် ကွန်ပြူတာရှေ့တွင်သာ တစိုက်မတ်မတ်နေလိုက်တော့၏။
ထန်ဝမ်ဝမ်က ဖုတင်းတစ်ယောက် ဖုကျန်းဆီ
မှ Shazou Chronicle ၏မူပိုင်ခွင့်ကိုဝယ်ရန်
ကြိုးစားခဲ့သည်ကို ဖုတင်း၏လက်ထောက်
ဆီမှကြားပြီးနောက် ချက်ချင်း ဖခင်ဖြစ်
သူ၏ကုမ္ပဏီသို့သွားလေ၏။ ဓာတ်လှေကားထဲသို့ဝင်ကာ အပေါ်ဆုံးထပ်ကိုနှိပ်၍ ဖုကျန်းချန်၏ရုံးခန်းထဲသို့ဝင်သွားလိုက်သည်။
တံခါးမခေါက်တော့ဘဲ သူမကထုံးစံအတိုင်းပင် တံခါးကိုတွန်း၍ဝင်ကာ ဆိုဖာ၌ဝင်ထိုင်လိုက်ပြီးမှ ဖုကျန်းချန်အားပြောလိုက်၏။
"ဖေဖေ သမီးကြားတာ Shazou Chronicle ရဲ့မူပိုင်ခွင့်က ဖုကျန်းလက်ထဲမှာရှိနေတာဆို အဖေတို့က သူ့ဆီကနေဝယ်ချင်ကြတာလား..."
ဖုကျန်းချန်က ထန်ဝမ်ဝမ်အလောတကြီးဝင်ရောက်လာသည်ကို မြင်သော်လည်းသူ့မျက်နှာပေါ်၌ ဒေါသတစ်စုံတစ်ရာပေါ်မနေပေ။ သူ၏ စာရွက်စာတမ်းကိုသာ နောက်တစ်မျက်နှာသို့လှန်လိုက်ကာ အမူအရာကတော့ ပျော်သည့်ပုံလည်းမပြ စိတ်ဆိုးသည့်ပုံလည်းပြမနေချေ။ထန်ဝမ်ဝမ်မှာ စိတ်တိုလာကာ ချက်ချင်းမျက်နှာပျက်သွားပြီး ဖုကျန်းချန်အားပြောလိုက်၏။
"ထားလိုက်တော့ သမီးအဲဒါကိုရုပ်ရှင်မရိုက်ချင်တော့ဘူး မဝယ်နဲ့တော့..."
ဖုကျန်းချန်ကခေါင်းမော့လာပြီး ဆိုဖာပေါ်၌ထိုင်နေသော ထန်ဝမ်ဝမ်အားတစ်ချက်ကြည့်ကာပြောလေသည်။
"သမီးသဘောကျတယ်ဆို ဒီတိုင်းဝယ်သာဝယ်လိုက်ပါ..."
"သမီးမလိုချင်တော့ဘူး..."
ထန်ဝမ်ဝမ်ကငြင်းဆိုသည်။ ဖုကျန်းလက်ထဲမှ Shazou Chronicle ၏မူပိုင်ခွင့်ကို ဝယ်ခြင်းသည် သူ့အားညီမျှသော ငွေပမာဏတစ်ခုပေးခြင်းနှင့် တူသည်လေ။ ပင်းဟိုင်မြို့တွင် ဖုကျန်းတစ်ယောက် ဆက်၍အသက်ရှင်နေထိုင်နိုင်မည်ဟုလည်း မထင်မှတ်ထားခဲ့ပေ။
သို့သော် သူ့အားအသက်ဆက်ရှင်ခွင့်ပေး၍ရသည်ပဲ သူက ကမ္ဘာပေါ်ရှိ ဒုက္ခများအားတွေ့ကြုံခံစားကြည့်ရန်လိုသေးသည်။သို့သော်အကယ်၍များဖုကျန်းချန်နှင့် အခြားသူများက သူ့အားငွေပေးလိုက်မည့်ကိစ္စကိုတော့ သူမလုံးဝလက်မခံနိုင်ပေ။ထန်ဝမ်ဝမ်က ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး ဖခင်ဖြစ်သူ၏အလုပ်စားပွဲဆီသို့လျှောက်သွားလိုက်ကာ ခါးကိုင်းကာ လက်နှစ်ဖက်လုံးပေါ်၌မေးကိုတင်၍ ဖုကျန်းချန်အား
ပြောလိုက်၏။
"ဖေဖေ သမီးတို့ဖုကျန်းကိုသွားတွေ့ရအောင်လေ..."
ဖုကျန်းချန်က မျက်ခုံးများကိုပင့်ကာကြည့်ပြီးနောက် အနည်းငယ်မျက်မှောင်ကြုံ့လိုက်ကာထန်ဝမ်ဝမ်၏တောင်းဆိုချက်ကို မနှစ်မြို့ဟန်ဖြင့် ပြန်မေးလေ၏။
"သွားပြီးတော့ သူဘာလုပ်နေတယ်ဆိုတာကြည့်ဖို့လား..."
ထန်ဝမ်ဝမ်က ချွဲပြစ်နေသောအသံဖြင့်ပြော
ပြန်သည်။
"ဘာပဲဖြစ်ဖြစ် သူကလည်းအဖေ့ရဲ့သားဖြစ်နေတုန်းပဲလေ သွားကြည့်ရအောင်ပါတကယ်လို့များသူ အဆင်မပြေဘူးဆိုရင်..."
ထန်ဝမ်ဝမ်က ခဏရပ်ပြီးမှဆက်ပြော၏
"သမီးတို့သူ႔ကိုကူညီလို့ရတာပဲ..."
ဖုကျန်းချန် နှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်သည်။ သူလည်းအမှန်တကယ်ပင် ဖုကျန်း၏ အခြေအနေကိုမြင်ချင်နေသည်ဖြစ်သော်လည်း ထန်ဝမ်ဝမ်နှင့်အတူမသွားလိုပေ။ သို့ရာတွင် ထန်ဝမ်ဝမ်၏ မျက်လုံးများကို ကြည့်ပြီးနောက် ယခင်ကအတိုင်းပင်သူမ၏တောင်းဆိုချက်အား ငြင်းဆန်ဖို့ရာမတတ်နိုင်တော့ပေ။
"အဖေ ဒီစာရွက်စာတမ်းတွေလုပ်လို့ပြီးတဲ့ထိခဏစောင့်..."
"ဟုတ်"
ထန်ဝမ်ဝမ်က ဆိုဖာသို့ပြန်သွားထိုင်ပြီး ဖုန်းကိုဖွင့်၍ Weibo ထိုင်သုံးနေလိုက်သည်။ဖုကျန်းချန်က သူ့လက်ထဲရှိစာရွက်စာတမ်းများအားလုံး လုပ်ပြီးချိန်တွင် နေ့လယ်ပင်ရောက်တော့မည်ဖြစ်သည်။ သူက ထန်ဝမ်ဝမ်ကို အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင်သို့ နေ့လယ်စာစားရန်ခေါ်သွားလိုက်သည်။
စားသောက်ဆိုင်သို့သွားသည့်လမ်းတွင်အမျိုးသမီးအဝတ်အစားများရောင်းသည့်
ဆိုင်တစ်ဆိုင်တွေ့သဖြင့် ဖုကျန်းချန်က ထန်ဝမ်ဝမ်ကိုခေါ်ကာ အဝတ်အစားအသစ်များဝယ်ပေးလိုက်သေးသည်။
ဖုကျန်းက Shazou Chronicle ၏ဇာတ်ဆောင်
မင်းသမီးပုံကို တစ်ထိုင်တည်းအပြီးဆွဲလိုက်
ပြီးနောက် ကွန်ပြူတာရှေ့မှထ၍ ခါးကြောဆန့်လိုက်ပြီး လက်မြှောက်ကာ နောက်ကျော
ကိုနှစ်ချက်သုံးချက်မျှထုလိုက်၏။
ခေါင်းကိုလှည့်ကာ သူ့အိပ်ရာဘေးရှိ Alarmနာရီလေးကိုကြည့်လိုက်သောအခါ အချိန်ကညနေပင်စောင်းတော့မည်။ ဖုကျန်းက ပုံစဆွဲသည့်အချိန်ကတော့ ဗိုက်ဆာသည်ဟုမခံစားရသော်လည်း ယခုအချိန်တွင်မူ ဗိုက်ကတဂွီဂွီမြည်နေပြီဖြစ်သည်။သူ၏ဗီရိုထဲတွင်ရှိသော ခေါက်ဆွဲခြောက်များမှာ ကုန်တော့မည်ဖြစ်သောကြောင့် ဖုကျန်းက ယွမ် ၂ဝဝ ကိုပိုက်ဆံအိတ်ထဲမှယူကာဆေးဆိုင်သို့သွား၍ အကိုက်အခဲပျောက်ဆေး၂ ဘူးဝယ်ပြီး တစ်လက်စတည်းဈေး၌ အသီးအရွက်များဝယ်ရန်ရည်ရွယ်ကာအောက်ထပ်သို့ဆင်းသွားလိုက်သည်။
ကော်ရစ်ဒါ၏အဝင်ဝတွင် အနက်ရောင်
Bentley ကားတစ်စီး ရပ်ထား၏။ ထိုသို့သောဇိမ်ခံကားမျိုးကို ဤစုတ်စုတ်ပြတ်ပြတ်နေရာလေး၌ မြင်ရခဲသည်ဖြစ်ရာ ဖုကျန်းတစ်ယောက် ၂ ခါပြန်ပင်ကြည့်လိုက်မိသည်။သူကြည့်နေစဉ်မှာပင် ထို Bentleyကား၏တံခါးမှာပွင့်လာပြီး အဝါနုရောင်ကုတ်အင်္ကျီဝတ်ထားသော မိန်းမငယ်တစ်ဦးက ထိုကားထဲမှထွက်လာ၏။
သူမက နေကာမျက်မှန်ကိုဝတ်ဆင်ထားကာ မျက်နှာထက်၌လည်း mask တပ်ထားပြီးသူမကိုယ်သူမ တင်းတင်းကျပ်ကျပ်ပင် ထုတ်ပိုးထားသကဲ့သို့ရှိလေသည်။
ထိုမိန်းမငယ်က ဖုကျန်းဘက်သို့ခေါင်းလှည့်
လာပြီးနောက် သူမ၏နေကာမျက်မှန်ကိုချွတ်
ရန်လက်ကိုပင့်တင်လိုက်သည်။သူမ၏ အသားအရည်ကကောင်း၏၊သူမ၏မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကအလွန်လှပပြီး ရှည်လျားလှပနေသောအညိုရောင်ဆံပင်ရှည်များက အနောက်ဘက်တွင် ဝဲကျနေသည်။ ပယင်းရောင်ကြည်လင်နေသောမျက်ဝန်းများထဲ၌ ဖုကျန်း၏ပုံရိပ်က ထင်ဟပ်နေ၏။
သူမပရိသတ်များ၏ပြောစကားအရဆိုလျင် သူမ၏အပြုံးက ဆောင်းရာသီ၌တောက်ပလျက်ရှိသော နွေးထွေးလှသည့်နေရောင်ခြည်နှင့်တူကာ လူတိုင်း၏နှလုံးသားထဲသို နွေးထွေးမှုအပြည့်အဝပေးသည်တဲ့။ဖုကျန်းကတော့ နေ၏နွေးထွေးမှုဟူသည်မျိုးကို မခံစားရပေ။
ထိုသို့ဖြစ်မည့်အစားနေရာ၌ပင်အေးခဲသွားကာ သူ၏စိတ်ထဲ၌အဘယ်ကြောင့်များထန်ဝမ်ဝမ်က ဒီနေရာအထိလာ၍ သူ့အားလာရှာရခြင်းဖြစ်မည်ကိုစဉ်းစားကြည့်နေမိသည်။သူက ထန်ဝမ်ဝမ်နှင့် မပတ်သက်ချင်ပေ။
လွန်ခဲ့သည့် ၃ နှစ် သူမကိုဖုအိမ်တော်သို့ခေါ်လာခဲ့သည့်အချိန်ကတည်းက သူဘာကိုပဲလုပ်လုပ် ထန်ဝမ်ဝမ်နှင့်တွေ့ကာ ကံဆိုးသွားရသည်ချည်းဖြစ်သည်။နောက်ပိုင်းတွင် ကစားပွဲတစ်ခု၌ ထန်ဝမ်ဝမ်နှင့်သူ အကြိတ်အနယ်ယှဉ်ပြိုင်နေစဉ်တွင် ဖုကျန်းချန်နှင့် ဖုတင်းက အလွန်စိတ်ဆိုးသွား
သဖြင့် ထိုရန်ပွဲကပြီးဆုံးကာ သူလည်းဖုအိမ်တော်မှ နှင်ထုတ်ခံလိုက်ရလေသည်။
ဖုကျန်း အသိပြန်ဝင်လာပြီးနောက် ထွက်သွားရန်ပြန်လှည့်လိုက်၏။ ထန်ဝမ်ဝမ်ကရုတ်တရက်ရယ်လိုက်ပြီး ဖုကျန်းအားတားလေသည်။
"ဖေဖေလည်းပါလာတယ် သူ့ကိုမတွေ့ချင်ဘူးလား..."
ဖုကျန်း၏ခန္ဓာကိုယ်က တောင့်တင်းသွားပြန်သည်။ သူရပ်နေသည့်နေရာ၌ပင်ဆက်၍ရပ်နေပြီး ရှေ့သို့ခြေလှမ်းတစ်ဝက်စာပင်ဆက်၍မတိုးနိုင်တော့ပေ။ လေနှင့်အတူကျောက်စရစ်ခဲလေးများက ဘေးမှဖြတ်သန်း
သွားကြပြီး မိုးကောင်းကင်မှာတော့ နှင်းကျ
တော့မည့်ဟန် မည်းမှောင်၍နေလေသည်။
အချိန်အတော်ကြာပြီးမှ ဖုကျန်းကဖြည်းဖြည်းချင်း ပြန်လှည့်လာသည်။ ကြိုးဆွဲခံထားရသောရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင်ရှိကာ သူ့အရိုးများမှတဂျွတ်ဂျွတ်မြည်သံကိုပင်ကြားယောင်လာသလိုပင်။သူအနက်ရောင် Bentley ကားပေါ်မှ
နောက်ထပ်အမျိုးသားတစ်ဦးဆင်းလာသည်ကို မြင်လိုက်ရသည်။
ထိုအမျိုးသားကြီးမှာ သားနားလှသောအနက်ရောင် ဝတ်စုံကိုဝတ်ဆင်ထားကာ ဆံပင်ပုံစံ
မှာလည်း သေသပ်စွာဖြီးသင်ထားပြီး မျက်နှာ
အမူအရာက တည်ကြည်လေးနက်ပြီး ထိုအမျိုးသားကြီး၏ မျက်နှာ၌ ပြန်လည်ဆုံ
ဆည်းခြင်းအတွက် ပျော်ရွှင်မှုလည်းရှိမနေပေ။ ထန်ဝမ်ဝမ်ကို မြင်မှသာ သူ၏နှုတ်ခမ်းဖျားများက ကွေးတက်လာပြီး အပြုံးပန်းဆင်လာလေ၏။
ထိုသူသည်ကား ဖုကျန်းချန်ဖြစ်၏။
ဟုတ်သည်။ဤသူသည် ဖုကျန်း၏ဖခင်ဖြစ်သည်။ဖုကျန်း၏ မျက်လုံးများက တစ်ခဏအတွင်းနီရဲလာကာ အမှတ်တမဲ့နောက်ပင်ဆုတ်လိုက်မိ၏။ ဘယ်ဘက်ခြေထောက်နှင့် ခြေချင်းဝတ်မှ ဒဏ်ရာကြောင့် မြေကြီးပေါ်သို့လဲကျတော့မတတ်ဖြစ်သွားသော်လည်း သူကအမြန်ပင်နံရံဘက်သို့လှမ်း၍ အမှီပြုကာလဲကျမသွားအောင်ထိန်းလိုက်သည်။ဤအချိန်အတွင်းတွင် သူ၏ကံကြမ္မာက သိပ်တော့ကောင်းမနေသောကြောင့် တတိယ
အကြိမ်မြောက် ထပ်ပြီးလဲကျတော့မလိုဖြစ်သည်များလား၊ နှစ်သစ်ကူးကာလအတွင်းဘုရားကျောင်းသွားကာ ကံဆိုးမှုနှင့်မကောင်းသည့်အရာများကိုတိုက်ထုတ်ရန် ဝတ်ပြုဆုတောင်းသင့်နေပြီများလား။
ဖုကျန်းကနံရံကိုမှီပြီး စိတ်ကိုလျှော့ထားလိုက်သည်။ သူ၏ယခုလက်ရှိပုံစံမှာ အနည်းငယ်တော့ရှက်စရာကောင်းသည့်ဟန်ဖြစ်နေ၏။သို့ရာတွင် မည်ကဲ့သို့သည်းမခံနိုင်စရာအခြေအနေဖြစ်နေစေကာမူ ထိုလူများကသူ၏ယခုပုံစံကိုမြင်သွားပြီးဖြစ်သဖြင့် သူက သိပ်တော့လည်းဂရုမထားတော့ပေ။
ဖုကျန်းချန်က ထန်ဝမ်ဝမ်ကိုပြုံးပြလိုက်ပြီး
သူ၏ခေါင်းကိုဖုကျန်းဘက်သို့လှည့်၍ ကြည့်လိုက်သည်။ ဖုကျန်းက နံရံကိုမှီကာခေါင်းကိုအောက်သို့ ငိုက်ထားသည်။ သူ၏ဆံပင်များက အချိန်အတော်ကြာ မညှပ်ထားသည်ကြောင့်ယခုလက်ရှိသူ၏ပုံစံက သူ(ဖုကျန်း
ချန်၏အိပ်မက်များထဲတွင် မကြာခဏတွေ
ရသော ကလေးငယ်နှင့်တော့ မဆင်တူတော့
ချေ)
ထန်ဝမ်ဝမ်၏အကြည့်က ဖုကျန်းပေါ်တွင်သာ အချိန်တစ်ခုကြာမျှရှိနေ၏။ သူက လမ်းပေါ်မှဝယ်ယူထားသော အသုံးပြုပြီးသားနက်ပြာရောင် ဂျာကင်အဟောင်းကိုဝတ်ဆင်ထားကာ အနက်ရောင်သိုးမွှေးဦးထုပ်ကိုလည်းဆောင်းထားပြီး ဘေးအိတ် ၂ လုံးကိုလည်းလွယ်ထားသေး၏။ ဤသည်ကိုမြင်ကာ သူမ၏စိတ်ထဲ၌ အတော်လေးပင်သက်သာရာရသွားသကဲ့သို့ရှိလေသည်။
တစ်ချိန်က ဖုမိသားစု၏ လေးစားဖွယ်ခန့်ညားလှ
သော သခင်လေးက ယခုအချိန်တွင် ကမ္ဘာပေါ်ရှိလူအများစုကဲ့သို့ သာမညောင်ညဘဝလေး
ကို ဖြတ်သန်းကာနေနေရသည်လေ။သို့သော် သူကတော့ထိုလူအများစုထက်ပို၍ဆိုးဝါးသည့်ဘဝကိုခံစားနေရခြင်းဖြစ်နိုင်၏။
ဖုကျန်းက သူ့ဖုကျန်းချန်ကို နှုတ်ဆက်လိုက်သည်။
"ကောင်းသောနေ့လယ်ခင်းပါ...မနေ့ကတော့ Shazou Chronicle ရဲ့ရုပ်ရှင်နဲ့ဇာတ်လမ်းမူပိုင်ခွင့်ကို ဝယ်ဖို့ဆိုပြီး လူကြီးမင်းဖုတင်းက ကျွန်တော့်ဆီလာခဲ့တာကျွန်တော်တို့တွေ အနာဂတ်မှာတစ်ယောက်နဲ့တစ်ယောက်ထပ်ပြီးအနှောင့်အယှက်မပေးတော့ဖို့ သဘောတူထားခဲ့ကြတာအကယ်၍များလမ်းပေါ်မှာတွေ့ခဲ့ရင်တောင်သူစိမ်းလိုပဲဆက်ဆံကြမယ်လို့ပြောခဲ့ကြတယ်လေ..."
ဖုကျန်း၏အသံက ရပ်သွား၏ သူကမျက်လွှာကိုအောက်ချလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"လူကြီးမင်းဖုတင်းက လူကြီးမင်းတို့နှစ်ယောက်ကို ပြန်ပြောပြဖို့ အချိန်မရှိခဲ့တဲ့ပုံပဲ..."
"ကျွန်မ Shazou Chronicle ရဲ့ ရုပ်ရှင်နဲ့ဇာတ်လမ်းမူပိုင်ခွင့်ကို မလိုချင်တော့ဘူး..."
ထန်ဝမ်ဝမ်ကဖုကျန်းကို အနည်းငယ်အားနာသည့်
လေသံဖြင့်ပြောလေသည်။ဖုကျန်းက ေဩာ်ဟုသာတစ်ချက်ပြောကာ မျက်နှာ၌ ဝမ်းနည်းသည့်အမူအရာမျိုးလည်း မပြပေ။ သို့သော် သူကထန်ဝမ်ဝမ်ကိုမော့ကြည့်လာကာ ပြောလိုက်သည်။
"ခင်ဗျားဆိုလိုချင်တာက လူကြီးမင်းဖုတင်းနဲ့
ကျွန်တော်တို့ မနေ့ညက သဘောတူထားတာ
က အကျုံးမဝင်တော့ဘူးလား..."
ထန်ဝမ်ဝမ်က မျက်ခုံးပင့်ကာပြန်ပြောလေ၏။
"ဒီကိစ္စကတော့ ကိုကို့ကိုမေးကြည့်မှပဲရမယ်..."
ဖုကျန်းမှာ ထန်ဝမ်ဝမ်နှင့် စကားပြောနေပြီးအချိန်မဖြုန်းချင်တော့ပေ။ ထို့အတူပင် ဤအခြေအနေနှင့်လည်း ဖုကျန်းချန်ကို မတွေ့မြင်လိုပေ။
မဟုတ်သေး။
ထိုသူများနှင့် မည်သည့်အခြေအနေမျိုးတွင်ဖြစ်ပါစေ မတွေ့လိုပေ။သူက နောက်တစ်ကြိမ်ပြန်လှည့်လိုက်ပြီးအပေါ်ထပ်သို့ပြန်တက်လာလိုက်သည်။ထန်ဝမ်ဝမ်က သူ့နောက်ဘက်မှနေ၍ ရယ်လိုက်ပြီးပြောသည်။
"အစ်ကိုက ဘာလို့ထွက်သွားတာလဲ.. ကျွန်မတို့ဒီကိုရောက်နေတာကို အထဲကိုဖိတ်ပြီး ထိုင်
စကားပြောဖို့မခေါ်တော့ဘူးလား.…. ကျွန်မအစ်
ကို့ကို မတွေ့ရတာဒီလောက်ကြာပြီကို..."
ထန်ဝမ်ဝမ်မှာ အမြဲသည်လိုပင်ဖြစ်သည်။သူ့၌သိသိသာသာပင် မလိုလားသည့်အဓိပ္ပါယ်ရှိနေသည်လေ။သူပြောသည့်အချိန်တွင်တော့ အလွန်ပင်ရင်ထဲမှလာသည့်ပုံစံနှင့်ပြောသည်ဖြစ်ပြီး အခြားသူများကတော့သူမမှာအလွန်စိတ်ကောင်းရှိသည်ဟု တွေးကြလိမ့်မည်။ သူမပစ်မှတ်ထားခံရဖူးသောသူများသာလျှင် သူမ၏စကားချိုချိုများကြား၌ ဓားတစ်ချောင်းဝှက်ထားသည်ကိုနားလည်နိုင်လိမ့်မည်။
ထန်ဝမ်ဝမ်ကို တကယ်တမ်း မည်သည့်အချိန်တွင်မွေးဖွားခဲ့သည်ကို မည်သူမှမသိချေ။ သူမ၏ နိုင်ငံသားကတ်ပြားပေါ်၌သူမ၏မွေးစားမိခင်ဖြည့်ထားခဲ့သော မွေးနေ့ဟူသည့်နေ့မှာ ဖုကျန်း၏မွေးနေ့ထက် ရက်၂၀ လောက်နောက်ကျသည်။ ထို့နောက်တွင်တော့ သူမကို ဖုအိမ်တော်သို့ခေါ်လာကြသည်။
ထိုအချိန်ကမူ ဖုကျန်းချန်မှာ သံသယပင်များများစားစားမဝင်ဘဲ ထိုမိန်းမငယ်အား ဖုမိသားစုထဲသို့ ချက်ချင်းပင် ကြိုဆိုကာလက်ခံခဲ့လေ၏။ဖုကျန်းအပေါ်ထပ်သို့တက်ရင်း ၃ လွှာသို့ပင်ရောက်နေပြီဖြစ်သည်။ ထန်ဝမ်ဝမ်ပြောလိုက်သည်ကိုကြားသောအခါ ခေါင်းကိုလှည့်ကြည့်လိုက်မိကာ နှုတ်ခမ်းများစေ့ထားသော်လည်းသရော်ပြုံးလိုမျိုးတော့ တစ်ချက်ပြုံးလိုက်မိပြီး ထန်ဝမ်ဝမ်ကိုအထင်သေးသလိုကြည့်ကာထေ့ငေါ့၍ပြောလိုက်၏။
"ငါ့မှာမင်းလိုညီမမျိုးမရှိဘူး..."
ဖုကျန်းချန်က ချက်ချင်း ဖုကျန်း၏စကားများ
ကို ဝင်တားလေသည်။ဖုကျန်းက ဖခင်ဖြစ်သူဘက်ကိုလှည့်ကြည့်လိုက်သည်။သူသည် ဖုကျန်းချန်ကို မမြင်ရသည်မှာအတော်ကြာနေပြီဖြစ်၏။
သူ၏အိပ်မက်များထဲတွင် ဖခင်ဖြစ်သူကသူ့ကို ရွံရှာသလိုအမြဲကြည့်နေတတ်သည်။ သူက
ထိုအကြည့်မျိုးဖြင့်ကြည့်လာမည်ကို ကြောက်
လာသဖြင့် အကြည့်ကိုမြေပေါ်သို့လွှဲလိုက်တာ ခေါင်းပင်ပြန်မော့မလာတော့ချေ။
ယခုအချိန်တွင် အချိန်အားဖြင့် ၂ နှစ်ကုန်ဆုံး
သွားပြီဖြစ်ပြီး သူဖုကျန်းချန် က ထန်ဝမ်ဝမ်
နှင့်အတူသူ့ရှေ့၌ ရပ်နေကာ သူ့အား အချိန်မည်မျှကြာကြာ ဖြစ်ခဲ့သမျှက ပြောင်းလဲသွားမှာမဟုတ်ဟု ပြောနေသယောင်ရှိ၏။သူက အကြည့်ကို ဖုကျန်းချန်ထံသို့ပြန်ပို့ကာမေးလိုက်သည်။
"ဖုလူကြီးမင်းက ဘယ်လိုအကြံဉာဏ်မျိုးများပေးချင်လို့ပါလဲ..."
ဖုကျန်းချန်မျက်မှောင်ကြုံ့လိုက်မိသည်။သူနှင့်ဖုကျန်းမှာ ၂ နှစ်ကျော်မျှမတွေ့ခဲ့ရသော်လည်း သူ့အား ဖုလူကြီးမင်းဟုခေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။သူ့အားအိပ်မက်များထဲတွင် ဖေဖေဟုခေါ်ခဲ့သော ထိုကလေးလေးက အမှန်တကယ်ရောတည်ရှိခဲ့သည်လား? ဖုကျန်းချန်က လက်ကိုမြှောက်ကာနှဖူးကိုနှိပ်နယ်ကာ စဉ်းစား
ပြန်သည်။
သို့သော်သူသတိရလာသည်က ထိုကလေးလေးသည် သနားစရာကောင်းလှ၏။လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မည်သည့်စကားကိုမျှမပြောဘဲ အချိန်အကြာကြီး တိတ်ဆိတ်စွာပင် ရပ်နေကြလေသည်။နေဝင်ချိန်ရောက်လာသည်ကြောင့်ကောင်းကင်ယံ၌ လှပတင့်တယ်လှသော
နှင်းဆီရောင်ဖြင့်ခြယ်သထားသလိုဖြစ်နေ
ပြီး ဖုကျန်း၏အရိပ်ကတော့ နံရံတစ်ဖက်၌
ရှည်လျားစွာထင်ဟပ်နေလေသည်။
"အဆင်ပြေမယ်ဆိုရင် ကျွန်တော်အထဲပြန်ဝင်
ပါတော့မယ်..."
ဖုကျန်းက ပြောပြောပြီးချင်းနောက်သို့ပြန်လှည့်လိုက်သည်။
"ဖုကျန်း..."
ထန်ဝမ်ဝမ်ကနောက်ဆုံးတော့ သူ့အားဟန်ဆောင်ပန်ဆောင် အစ်ကိုဟုခေါ်နေခြင်းကို ရပ်လိုက်ပြီဖြစ်သည်။
"နင် ဖုအိမ်တော်ကို ပြန်လာချင်လား..."
ဖုကျန်း၏ လှုပ်ရှားမှုက တစ်ခဏမျှရပ်တန့်
သွားပြီးမှ အေးစက်စက်ပင်ပြန်ဖြေလေသည်။
"မပြန်ချင်ဘူး..."
ထန်ဝမ်ဝမ်ကတော့ ယခုမှပဲ အမှန်တကယ်ထွက်သွားနိုင်တော့မည်။ ယနေ့တွင် သူဒီကိုလာရခြင်းမှာ ဖုကျန်းမည်ကဲ့သို့နေထိုင်နေသည်ကိုကြည့်ရန်ဖြစ်ပြီး ယခုသူမြင်ရသောအခါတွင် အနည်းငယ်တော့ မကျေနပ်သူမ၏စိတ်ကူးထဲ၌ ဖုကျန်းက မြစ်ကူးတံတားလေးအောက်၌ တူရိယာတစ်ခုကိုတီးကာ တောင်းစားနေမည်ဟုတွေးထားသောကြောင့်ပင်။ထန်ဝမ်ဝမ်က ဖခင်ရှိနေရာ ဘေးဘက်သို့လှည့်ကာကြည့်ရင်း ရုတ်တရက်ပြောပြန်လေသည်။
"ဖေဖေ သမီးတို့ အစ်ကိုဖုကျန်းကိုပြန်ခေါ်သွားရအောင်..."