အပိုင်း ၁၆
Viewers 23k

ထန်ဝမ်ဝမ်ဘာလုပ်ချင်နေသည်ကို ဖုကျန်းမသိပေ။ သို့သော် သူမဘာကိုပဲလုပ်ချင်နေနေ သူနှင့်လည်းလားလားမှမဆိုင်ပေ။သူမကြိုက်သလို ဖုကျန်းချန်ရှေ့တွင် ကလေးတစ်ယောက်ကဲ့သို့ပြုမူချင်လည်းရသည်လေ။ထန်ဝမ်ဝမ်က သူမအား လစ်လျူရှုထားသောဖုကျန်းကိုကြည့်ကာ ဒေါသထွက်လာသည်။ရေကိုဓားနှင့်ဖြတ်နေသည့်အလား မည်သည်ကမှမထိရောက်သောကြောင့်ဖြစ်သည်။သူမက တခဏမျှစဉ်းစားပြီးနောက် ဖုကျန်းကိုပြောလိုက်သည်။
"ငါကနောက်လဆိုရင် အက်စတွန်ဥယျာဉ်အိမ်ယာမှာ လက်ထပ်မှာ… နင့်မှာအချိန်ရှိမယ်ဆို
ရင် လာလို့ရတယ်..."
"အက်စတွန်ဥယျာဉ်အိမ်ယာ..."
ဖုကျန်း တွေဝေသွားသည် သူမှတ်မိလိုက်သည်က သူခုနစ်နှစ်ပြည့်မွေးနေ့တွင် ဖခင်ဖြစ်သူကသူ့အတွက် အပန်းဖြေဥယျာဉ်တစ်ခုတည်ဆောက်ပေးမည်ဟူ၍ ကတိပေးခဲ့ပြီးနောက်တစ်နှစ်၏ နွေဦးကာလတွင် သူ ဖုကျန်းချန် က အက်စတွန်ဥယျာဉ်အိမ်ယာကို ဝယ်ယူကာ သူ၏ချစ်လှစွာသော မင်းသားလေးအတွက် ရဲတိုက်တစ်ခုဆောက်ပေးခဲ့သည်။နောက် ၁၀ နှစ်ကျော်ကြာသည့်အခါတွင်မူ သူတို့က ထိုရဲတိုက်ကို ထန်ဝမ်ဝမ်ဆီသို့ပေးလိုက်ကြသည်။
ဖုကျန်းကတော့ သူ့အနေနှင့်ဤသည်ကိုဂရုမစိုက်ဟု တွေးနေသော်လည်းသူ၏အသွေးအသားများကတော့ မလိမ်ညာနိုင်ကြပေ။ အချိန်အတော်ကြာကတည်းကသူ၏နှလုံးသား၌ ပြဿနာတစ်ခုခုရှိနေပုံရ၏။ ထို့အပြင် သူကတစ်နေကုန်ပုံချည်းထိုင်ဆွဲနေကာ နေ့လယ်စာလည်းမစားထားသည်ကြောင့် သူ့နှလုံးသားက လက်ရှိအချိန်တွင်အလွန်ပင် ဆိုးဆိုးရွားရွား တုန်နေသဖြင့်အသက်ပင်ဝအောင်မရှူနိုင်တော့ပေ။
ရင်ထဲမှတင်းကျပ်မှုနှင့်အတူ မူးဝေလာပြီးသူ၏ခြေနှစ်ဖက်ကလည်း မခိုင်တော့သည်ဖြစ်ရာ သူသာနံရံကိုမကိုင်ထားခဲ့လျှင် သေချာပေါက်
ပြုတ်ကျသွားလောက်ပြီဖြစ်သည်။သူကနှုတ်ခမ်းများကို ကိုက်ကာသူ့ကိုယ်သူ နိုးထလာရန်တွန်းအားပေးလိုက်သည်။ ထိုလူနှစ်ယောက်ရှေ့တွင်တော့ အောက်သို့ပြုတ်ကျမသွားလိုပေ။
သူက ဖုကျန်းချန်နှင့်ထန်ဝမ်ဝမ်ကိုနောက်ကျောပေးထားသေးသည်ဖြစ်ရာ သူတို့က ဖုကျန်း၏ ဖြူလျော်နေသော မျက်နှာကိုမမြင်နိုင်ကြသော်လည်း ဖုကျန်းက ထိုနေရာ၌ ဒီအတိုင်းရပ်ကာဘာများလုပ်နေသနည်းဟု သိချင်လာကြသည်။ထိုအချိန်တွင် ကျန်းဟန်ရှုက အလုပ်မှပြန်
ရောက်လာပြီး ဖုကျန်းလှေကားပေါ်တွင်ရပ်နေ
ပြီး နံရံ၌လက်များဖြင့်မှီထားသည်ကို တွေ့
လိုက်၏။ သူ၏မျက်စိအမြင်မှာ အတော်လေး
ကောင်းသည်ဖြစ်ရာ အကြည့်တစ်ချက်နှင့်ပင်
ဖုကျန်း၏ခြေထောက်များ နာကျင်မှုကြောင့်
တုန်ယင်နေပြီး လက်ဖမိုးထက်၌ အပြာရောင်
သွေးကြောများပင် ထောင်ထနေသည်ကို မြင်
ရသည်ကြောင့် သူအတော်လေးနာကျင်မှုဒဏ်
ကိုခံနေရတာဖြစ်မည်။
ထို့အပြင် လှေကား၏အောက်ဘက်တွင်တော့ မိန်းကလေးတစ်ယောက်နှင့် အမျိုးသားတစ်ယောက်ရပ်နေကြသည်။ အမျိုးသားမှာ အသက် ၄ဝ ပင်မပြည့်သေးသည့်ပုံဖြစ်ပြီး မိန်းကလေးမှာတော့ အသက် ၂၀ ကျော်အရွယ်လောက်ပင်ရှိဦးမည့်ပုံနှင့် သူတို့၏ပုံပန်းသွင်ပြင်က အလွန်ကြည့်ကောင်းနေလေသည်။
ကျန်းဟန်ရှုက မှတ်ဉာဏ်ကောင်းသည့်သူဖြစ်သောကြောင့် သူ့အနေနှင့် ဤလူ ၂ယောက်ကိုမှတ်မိနိုင်ရန်လွယ်ကူလှသည်။သူတို့က ဖုကျန်းကိုကြည့်နေကြသော်လည်းတစ်ဦးတစ်ယောက်ကမှသူ့အားကူညီပေးလိုခြင်း မရှိကြသည့်ပုံပင်။ဤကိစ္စမှာ သူနှင့်မည်သည့်နည်းနှင့်မျှမသက်ဆိုင်ပေ။ ကျန်းဟန်ရှုက ရှေ့သို့ဆက်လျှောက်သွားကာ ဖုကျန်းချန်ဘေးမှမသိမသာပင်ဖြတ်သွားလိုက်သည်။ သူက ထိုသူများအားတစ်ချက်ကလေးမှ လှည့်မကြည့်ပေ။
သူ့အတွက်တော့ စီးပွားရေးလောက၏ အထွတ်အထိပ်မှာရှိနေသူ ဖြစ်သော ဖုကျန်းချန်ပဲဖြစ်နေနေ အနုပညာလောကထဲကလူသစ်တစ်ယောက်ပဲဖြစ်နေနေ ထိုလူများသည်သာမန်လူများသာဖြစ်ပြီး လူထောင်ပေါင်းသောင်းပေါင်းများစွာထဲမှ လူတစ်ဦးချင်းစီသာဖြစ်ကာ ဒီထက်ပို၍လည်းထူးခြားတာမျိုးရှိမနေပေ။
ကျန်းဟန်ရှုကလှေကားပေါ်ကို ဆက်၍တက်
လိုက်ပြီး မည်သူ့အတွက်မှလည်း ရပ်တန့်လိုက်ရန်စိတ်မကူးထားပေ။ဖုကျန်းအနောက်ဘက်မှလာသော ခြေသံများကိုကြားလိုက်သည်။ သူ့ရင်ထဲခံစားမိသည်ကဤခြေသံမှာ ရင်းနှီးနေသလိုပင်.. သို့သော်သူ့တွင်လှည့်ကြည့်နိုင်ရန်လည်း အင်အားမရှိပေ။နေဝင်သွားပြီဖြစ်သောကြောင့် အနောက်ဘက်ကောင်းကင်၌ လိမ္မော်ရောင်သန်းကာ နေမင်းကြီးကတော့ တောင်ပေါ်အရပ်ဆီမှ အရိပ်ပင်မကျန်အောင် တဖြည်းဖြည်းပျောက်ကွယ်သွားလေပြီ။
"ငါတကယ်ကို အပြင်မထွက်ခင် ရာသီခွင်ကို
စစ်ဆေးကြည့်ခဲ့သင့်တာ..."
ဖုကျန်းက အသက်ရှူပြန်မှန်အောင်ကြိုးစားကြည့်သော်လည်း သူ၏ရင်ထဲမှာတော့ကျောက်တုံးကြီးတစ်တုံးနှင့်ဖိခံထားရသကဲ့သို့ပင်ခံစားနေရကာ ပင်လယ်ထဲကငါးတစ်ကောင် မြေကြီးပေါ်ရောက်၍ ရေငတ်ကာသေဆုံးရမည့်ပုံဖြစ်နေလေသည်။ခြေလှမ်းများက တဖြည်းဖြည်းနီးကပ်လာကာကျန်းဟန်ရှုက ဖုကျန်းကိုဖြတ်ကျော်သွားတော့မည့် အချိန်တွင် ဖုကျန်းမှာ ပင်လယ်နတ်ဘုရားထံမှ ပြန်ဖြေသံကိုကြားလိုက်ရသလိုပင်ခံစားလိုက်ရသည်။
အရပ်ရှည်ရှည် ရုပ်ချောချောနှင့်ပင်လယ်နတ်ဘုရားကသူ၏ခက်ရင်းခွကိုလက်ဖြင့်မြှောက်ကိုင်ထားပြီး အေးစက်ကာ စိုထိုင်းနေသည့်မြူမှုန်များက သူ၏ ခြောက်ကပ်နေသော တစ်ကိုယ်လုံး
ကိုဖုံးအုပ်ထားလေသည်။ ဖုကျန်းတစ်ယောက်နောက်ဆုံးမှာတော့ တောင့်ခံမထားနိုင်တော့ဘဲ ခြေထောက်များက ပျော့ခွေလာကာမြေပေါ်သို့ပုံရက်သားကျသွားတော့၏။
ကျန်းဟန်ရှုမှာလည်း စဉ်းစားနေရန်ပင်အချိန်မရလိုက်ပဲခပ်မြန်မြန်ပင် လက်ကိုဆန့်တန်းကာ ဖုကျန်း၏ကိုယ်ခန္ဓာကိုထိန်းချုပ်ပေးလိုက်မိကာ ထိုပိန်လျလျလူသားကို သူ၏လက်များဖြင့်သယ်ပိုးလိုက်ပြီးမှ သူဘာလုပ်လိုက်မိသည်ကို သတိဝင်လာလေသည်။
သူက သူ၏လက်ပေါ်ရှိ ဖုကျန်းကိုကြည့်လိုက်မိသောအခါ ဖုကျန်းကမျက်လုံးများပိတ်ထားပြီး သူ၏မျက်နှာက ဖြူဆုတ်ဆုတ်ဖြစ်နေကာ ချွေးအေးများက သူ၏နှဖူးပေါ်မှတစိမ့်စိမ့်ထွက်နေလေ၏။ သူ၏လက်ချောင်းများကလည်း ဆိုးဆိုးဝါးဝါးပင် တုန်ယင်နေပြီး သတိလစ်သွားပြီဖြစ်သည့်တိုင်အောင်တည်ငြိမ်သွားခြင်းမရှိသေးပေ။
ကျန်းဟန်ရှုထံမှ ရင်းနှီးနေသောအငွေ့အသက်ကြောင့်ထင်သည် သူအနည်းငယ်တော့စိတ်သက်သာရာရသွားပြီးသိပ်မကြာခင်မှာပင် သူ၏အသက်ရှူနှုန်းကတဖြည်းဖြည်းပြင်းထန်မှုလျော့နည်းလာ၏။သူ၏မျက်တောင်များက လိပ်ပြာလေးများတောင်ပံခတ်နေသကဲ့သို့ တုန်ခါလာကာကြာခင်နိုးလာတော့မည်ထင်ရ၏။
ကျန်းဟန်ရှုက တခဏမျှ ဘာလုပ်ရမည်ကိုစဉ်းစားမရတော့ချေ။ ထို့ကြောင့် ဖုကျန်းကိုအပေါ်သို့ချီသွားပြီး သူနိုးလာသည်ကိုသာစောင့်နေရန် ဆုံးဖြတ်လိုက်၏။တစ်ဖက်တွင်လည်း ဖုကျန်းချန်က လှေကားအောက်ဘက်မှ တွေးနေသည်မှာ သူကရယ်စရာကောင်းသော ဇာတ်ကားတစ်ကားကို ကြည့်လိုက်ရသည်ဟုပင် သူ၏အမြင်တွင်တော့ ဖုကျန်းက အခြားယောက်ျားတစ်ယောက်၏ရင်ခွင်ထဲသို့ ပစ်ဝင်သွားသည်ဟုမြင်လေ၏။
ဖုကျန်းချန်က ကျန်းဟန်ရှု ဖုကျန်းကိုချီကာ အပေါ်ထပ်သို့တက်သွားသည့်မြင်ကွင်းကိုကြည့်ပြီး အတန်ကြာတိတ်ဆိတ်နေပြီးမှရုတ်တရက်မေးလိုက်၏။
"မင်းက သူနဲ့ဘယ်လိုပတ်သက်တာလဲ..."
ဖုကျန်းကသတိရလာပြီး ဖုကျန်းချန်မေးလိုက်သောမေးခွန်းကိုကြားသည့်အခါ ထိုမေးခွန်းကအလွန်ပင် ရယ်စရာကောင်းနေသောကြောင့်
ဖုကျန်းကသူ့ကိုယ်သူ ကျန်းဟန်ရှု၏ ပထမဦးဆုံးအကြိမ် ချီသယ်ခြင်းခံရခြင်းဖြစ်သည်ကိုပင် သတိမမူမိဘဲရှိကာ ပြန်၍မေးလိုက်၏။
"ဒါက ဖုလူကြီးမင်းနဲ့ ဘာများပတ်သက်လို့ပါလဲ..."
ဖုကျန်းက ကျန်းဟန်ရှုရင်ခွင်ထဲမှပင် သူ့ခေါင်းကို လှုပ်ရမ်းလိုက်သည်။ ဖုကျန်းချန်မှာ ဖုကျန်း၏ ဘေးတိုက်မျက်နှာကိုသာ မြင်ရပြီး သူ၏ ခပ်တိုးတိုးရယ်သံကိုပင်ကြားလိုက်ရ၏။
"ကျွန်တော်တို့ရဲ့ ပတ်သက်မှုကိုလွန်ခဲ့တဲ့ ၂ နှစ်
ကတည်းက ဖြတ်တောက်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့ဦး..."
ဖုကျန်းသည် ယခင်ကဆိုလျင် ဤကိစ္စကိုရင်မဆိုင်ဝံ့ဘဲ အမြဲတမ်းအတိတ်သို့သာ ပြန်သွားချင်နေခဲ့သည်။ သို့သော်ယခု သူဖုကျန်းချန်ထိုစကားများပြောလိုက်သည့်အခါတွင်ထူးထူးဆန်းဆန်းပင် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရ၏။ဖုကျန်းချန်မှာလည်း ပြန်ပြောစရာစကားမ
ရှိတော့ပေ။ လွန်ခဲ့သည့် ၂ နှစ်က ထန်ဝမ်ဝမ်ကြောင့် သူကိုယ်တိုင် ဖုကျန်းအား ဖုအိမ်တော်မှနှင်ချကာ သူနှင့်သားအဖပတ်သက်မှုကိုလည်း ဖြတ်တောက်ပစ်ခဲ့သည်လေ။
ဤအကြောင်းအရာက လူတိုင်းသိသောအမှန်
တရားတစ်ခုဖြစ်ပြီး သူ့အနေနှင့်လည်း အမှန်
တကယ်ပင် ဖုကျန်းနှင့်ထိုလူတို့၏ပတ်သက်မှု
ကို မေးပိုင်ခွင့်မရှိတော့ပေ။ဖုကျန်းက မျက်လွှာပြန်ချလိုက်ပြီး ကျန်းဟန်ရှု၏ အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်၏။
"သွားကြမယ်..."
သူ့လက်ပေါ်ရှိဖုကျန်းက သူ့ဘာသာသူဆင်းတစ်ခုခုပြောရန်ပါးစပ်ဟလိုက်သော်လည်းမည်သည်ကိုမှမပြောဖြစ်လိုက်ပေ။သူကဖုကျန်းကို ဖက်လိုက်ကာ အပေါ်ထပ်သို့လမ်းလျှောက်တက်သွားလိုက်သည်။ ထိုလူသားနှစ်ယောက်၏ပုံရိပ်လေးမှာ ဖုကျန်းချန်၏ မြင်ကွင်းမှပျောက်ကွယ်သွားကြတော့၏။ထန်ဝမ်ဝမ်က သူမဘေး၌ ယခုထိတွေဝေငေးမောလျက်ရှိနေသော ဖုကျန်းချန်အားကြည့်ပြီးသူ့လက်မောင်းကိုဆွဲကာ ပြောလိုက်သည်။
"အဖေ သွားရအောင်..."
ထိုအခါမှ ဖုကျန်းချန်က အသိဝင်လာပြီးပြန်ပြောလေသည်။
"သွားကြမယ်..."
ဖုကျန်းချန်၏ စိတ်အနေအထားမှာ မကောင်းတော့သည်မို့ ထန်ဝမ်ဝမ်ကသူ့ဘေး၌ထိုင်ကာစိတ်ပြေစေရန်ကြိုးစား၍နှစ်သိမ့်ပေးနေသည်။ သူမကအချိန်အတော်ကြာစဉ်းစားပြီးမှ ဖုကျန်းချန်အားပြောလိုက်သည်။
"ဖေဖေ အရမ်းကြီးစိတ်ဆိုးမနေပါနဲ့ သမီးသူငယ်ချင်းတစ်ယောက်ဆီကကြားထားတာတော့ ဖုကျန်းကအရင်သိပ်မကြာခင်ကလည်းgay bar တစ်ခုမှာအလုပ်လုပ်နေတာတွေ့တယ်တဲ့ သူကတကယ်ကြီးယောက်ျားတွေကိုသဘောကျတာနေမှာပါ အခုဆိုလည်း လူမှုပတ်ဝန်းကျင်မှာ လိင်တူကြိုက်တာကို လက်ခံလာကြပြီဆိုတော့ ဒါကကိစ္စကြီးတော့လည်းမဟုတ်ပါဘူး..."
သူမ ဖုကျန်းချန်ကိုပြောလိုက်သည်မှာ အမှန်များဖြစ်သည်။ သို့သော်ထိုအချိန်ကတော့သူမသူငယ်ချင်းက အခြားသူတစ်ယောက်နှင့်မှားသည်ဟုပဲထင်မှတ်မိသည်ဖြစ်ကာ ဖုကျန်းကိုတကယ်ကြီး ဂေးဖြစ်နေလိမ့်မည်ဟုမထင်ထားခဲ့ပေ။အထင်သေးသည့်အရိပ်အယောင်များ ထန်
ဝမ်ဝမ်၏မျက်ဝန်းထဲ၌ ပေါ်လာခဲ့သည်။ထို့နောက်မှ သူမကဖုကျန်းချန်၏ လက်မောင်း
ကို ဆွဲချိတ်လိုက်ပြီး ပြောလေသည်။
"ဖေဖေ သမီးကိတ်မုန့်စားချင်တယ်..."
"ဒရိုင်ဘာ ကိတ်မုန့်ဆိုင်ထိမောင်းပေးလိမ့်မယ် ခဏစောင့်..."
"ကျေးဇူးတင်ပါတယ် ဖေဖေ..."
ဖုကျန်းချန်က ပြန်ဖြေလိုက်သော်လည်းသူ၏မျက်နှာထားက ရေထဲ၌နစ်နေသလိုမျိုးဖြစ်နေပြီး ထိုအချိန်ခဏအတွင်း၌လည်း သူစကားအများကြီး ပြောလိုချင်းမရှိပေ။ သူကခေါင်းကို အခြားဘက်သို့လှည့်လိုက်ပြီး သူကိုယ်တိုင်က ဘာတွေးမိနေမှန်းမသိဘဲပြတင်းပေါက်မှ အပြင်ဘက်သို့သာငေးကြည့်နေမိတော့သည်။
ထန်ဝမ်ဝမ်၏ လက်များကဖုကျန်းချန်၏ လက်မောင်းများကို ချိတ်ထားလျက်ရှိနေသေးပြီး သူမနှုတ်ခမ်းများ၏ထောင့်၌လည်းအပြုံးတစ်ခုကိုဆင်မြန်းထားသေးသည်။ သူမကတော့ စိတ်ပျော်နေပုံရ၏။
မှိန်ပျပျကော်ရစ်ဒါလေးတွင် ကျန်းဟန်ရှုက ဖုကျန်းကိုသူ၏လက်ပေါ်၌ ချီထားကာအပေါ်ထပ်သို့တက်နေသည်။ သူ၏သွားနေသည့်နှုန်းက မြန်လည်းမမြန် နှေးလည်းမနှေးပေ။အနီးအနားပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်ကာနေ၏။
ဖုကျန်းက မှိန်ပျပျအလင်းရောင်အောက်တွင် ခေါင်းကိုမော့ကြည့်လိုက်ရာကျန်းဟန်ရှု၏ မေးရိုးများကမနေ့ကသူမြင်ထားသည်ထက် ပို၍နူးညံ့နေဟန်ရှိ၏။ သူ၏ကြည်ပြာရောင်မျက်ဝန်းများက အမှောင်ထဲ၌တောက်ပလျက်ရှိသည်။ အရုဏ်မတက်ခင် အချိန်၌အတောက်ပဆုံး ကြယ်လေးတစ်လုံးကဲ့သို့ပင်။
သူက ကျန်းဟန်ရှုကို အောက်ချပေးဖို့ပြောရန် ပါးစပ်ဟလိုက်ရုံပင်ဖြစ်သော်လည်း သူ့အနေနှင့်အလွန်လောဘကြီးမိလာကာ ထိုလူသား၏ရင်ခွင်ထဲ အချိန်တခဏလေးပဲဖြစ်ဖြစ်ပို၍နေချင်နေသေးသည်။ဖုကျန်းတစ်ယောက် မကောင်းဆိုးဝါးဝင်ပူးခံလိုက်ရသည်ထင်ရ၏။ သူ၏လက်ကိုဖြည်းဖြည်းချင်းမြှောက်ကာ လက်များကိုကျန်းဟန်ရှူး၏ လည်ပင်း၌သိုင်းဖက်လိုက်ပြီးခေါင်းကိုလည်းသူ့ပုခုံးပေါ်သို့တင်ကာမှီလိုက်သေးသည်။
ထို့အပြင်သူ၏ရင်ခွင်ထဲမှလာသော အင်အားပြင်းထန်လွန်းသည့် နှလုံးခုန်သံကိုကြားနေရသေး၏။ဖုကျန်းတစ်ယောက် လည်ပင်းမှနေ၍ မျက်နှာအထိ ပူလောင်လာသည်ကို ခံစားလိုက်မိလေသည်။ကျန်းဟန်ရှု၏ခြေလှမ်းများရပ်တန့်သွားပြီး သူ၏လက်ပေါ်ရှိလူသားကို ငုံ့ကြည့်လိုက်သည်။ သူ၏ကြည်ပြာရောင်မျက်ဝန်းများထဲ၌အလင်းရောင်လေးတစ်ခုရှိနေသယောင်ပင်။
သူကဘာစကားမှမပြောဘဲ လက်များကို မြှင့်
လိုက်ကာ ဖုကျန်းအားဖက်လိုက်ရင်း ရှေ့သို့
ဆက်သွားလေသည်။ခြောက်လွှာသို့ရောက်သည့်အခါတွင်တော့ကျန်းဟန်ရှူးက သူတို့နေထိုင်ရာအိမ်၏ တံခါးရှေ့တွင်ရပ်လိုက်သည်။ ကော်ရစ်ဒါမှနေ၍အိမ်ထဲရှိသူများ ကတ်ကစားနေသည့်အသံ
များကို ကြားနေရသည်။ ကျန်းဟန်ရှုက ဖုကျန်းကိုအောက်သို့ချပေးလိုက်ပြီး ညင်ညင်သာသာလေးပြော၏။
"ကိုယ့်ဘာသာကိုယ် သွားနိုင်ပြီမလား..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။ ကျန်းဟန်ရှု၏တည်ငြိမ်သောအသံမှ နူးညံ့ညင်သာမှုလေး ခံစားရပြီး တစ်ချိန်တည်းမှာပင်သူ၏ တစ်ကိုယ်ကောင်းဆန်မှုအပေါ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ကျန်းဟန်ရှူးအားသူပြောလိုက်သည်။
"ခုနတုန်းကအတွက် ကျေးဇူးတင်ပါတယ်..."
"ရပါတယ်..."
ကျန်းဟန်ရှု၏အသံက အေးစက်သွားပြန်ကာ ဖုကျန်းအားအခုလေးတင်ကူညီပေးခဲ့သူက သူမဟုတ်သည့်အတိုင်းဖြစ်သွားပြန်သည်။ကျန်းဟန်ရှုက သူ့ရှေ့ကတံခါးကိုဖွင့်လိုက်ရာအိုဟောင်းနေပြီဖြစ်သော တံခါးကတကျွီကျွီအသံမြည်လာပွင့်လာသည်။ ထို့နောက်ဖုကျန်းက ကျန်းဟန်ရှူးနောက်မှလိုက်၍ အိမ်ထဲသို့ဝင်လာပြီး သူတို့၏ကိုယ်ပိုင်အခန်းများသို့ ဝင်သွားကြတော့သည်။
ဖုကျန်းက သူ့အခန်းထဲသို့ပြန်ရောက်မှ သူ့လက်ထဲရှိအိတ်ကိုပြန်ကြည့်ပြီး ဘာကိုမှမဝယ်ခဲ့ရသေးသည်ကို သတိရလာသည်။သို့သော်လည်း အောက်သို့နောက်တစ်ကြိမ်ဆင်းရန် အင်အားမရှိတော့သည်မို့ တော်တော်လေးစဉ်းစားပြီးမှ ဖုန်းကိုထုတ်ကာ meituan မှတစ်ဆင့် ဆန်ပြုတ်မှာလိုက်သည်။ညစာအတွက် အနည်းငယ်စားသောက်လိုက်ပြီး သူ့ရင်ထဲမွန်းကျပ်သလိုမခံစားရတော့သည့်အချိန်မှ သူ၏ခံတံကိုကောက်ကိုင်ကာနေ့ခင်းကမပြီးမြောက်သေးသော ပုံဆွဲခြင်း
လုပ်ငန်းကို ပြန်လည်စတင်လိုက်သည်။
နာရီမှ လက်တံတိုလေးက တစ်ပတ်ပြီးတစ်ပတ်လည်ပတ်ပြီး ညကမည်မျှနက်လာပြီဖြစ်ကြောင်း ပြသနေလေ၏။ ဖုကျန်းက ကွန်ပြူတာနှင့် အခန်းမီးကိုပိတ်လိုက်ပြီးနောက် အိပ်ရာထဲသို့ဝင်လိုက်သော်လည်းသူ၏ငိုက်မျဉ်းနေမှုက ပျောက်ကွယ်သွားလေသည်။ တိတ်ဆိတ်နေသော ညအချိန်အတွင်းဘေးခန်းဘက်မှ ဆူညံသံလေးအနည်းငယ်ကြားနေရ၏။
လ၏အလင်းရောင်က ခုတင်နှင့်လိုက်ကာများကြားမှ ဟနေသောနေရာအတွင်းဝင်လာပြီး မြေပြင်ပေါ်တွင် နှင်းကဲ့သို့အဖြူရောင်ဖျော့ဖျော့ ကျရောက်လာစေသည်။ ဖုကျန်းကခုတင်ပေါ်တွင် ဘေးတစောင်းလှဲပြီး တစ်ဖက်မှ နံရံကိုကြည့်နေရင်း သူ၏နှလုံးအိမ်က သိမ့်ခနဲလှုပ်ရှားလာ၏။ ဒီအချိန်ကြီး ကျန်းဟန်ရှုဘာလုပ်နေတာဖြစ်မည်နည်း။သို့သော် ချက်ချင်းသူဝမ်းနည်းလာပြန်သည်။
"ကျန်းဟန်ရှုက သူ့ကိုဘာလို့များ မကြိုက်နိုင်ရတာလဲ...သူ့လိုလူမျိုးအတွက် အမှန်တကယ်ပင်မျှော်လင့်ချက်မရှိတော့သည်များလား..."
ဖုကျန်း သူ့နှုတ်ခမ်းများကိုဖိကိုက်ထားရာ မကြာမီပင်သူ၏နှုတ်ခမ်းများက အဖြူရောင်ပင်ပြောင်းသွားကြသည်။ သူသက်ပြင်းချလိုက်ပြီး ခေါင်းအုံးကိုဖက်ထားရင်း မျက်လုံးများကိုမှိတ်ထားလိုက်တော့သည်။သူတကယ်ကြီးကို ကျန်းဟန်ရှုအား ချစ်မိနေလေပြီ။
"ခင်ဗျားကြိုက်တဲ့လူက ဘယ်သူလဲ..."
ဖုကျန်းက အိပ်မက်ထဲတွင် သူ၏ချစ်ရသူအား
မေးလေ၏။ကျန်းဟန်ရှု၏ မျက်လုံးပြာများထဲ၌ ဖုကျန်း၏ပုံရိပ်လေးပေါ်နေသည်။သူကကိုယ်ကိုကိုင်းကာ ဖုကျန်း၏ အရောင်ဖျော့ဖျော့နှုတ်ခမ်းများဆီသို့အနမ်းတစ်ပွင့်ခြွေပြီးမှတိုးတိုးလေးကပ်ပြောလေသည်။
"မင်းပဲပေါ့..."