အပိုင်း ၁၉
Viewers 23k

ဖုကျန်းက ဘတ်စ်ကားပေါ်တက်ပြီးနောက်အိမ်သို့တန်းမပြန်ဘဲ စောလည်းစောသေးသည်ကြောင့် ဈေးသို့သွားကာ နောက်လအတွက်စားရန် ခေါက်ဆွဲခြောက်များသွားဝယ်လိုက်၏။ ဈေးမှထွက်လာပြီးနောက်တွင်သူ၏လက်ထဲ၌အိတ် ၂ လုံးကိုင်ထားကာလမ်းမကိုဖြတ်ကူး၍ မြစ်ကူးတံတားလေးပေါ်သို့လမ်းလျှောက်ကာတက်သွားလေသည်။
တံတားလေး၏အောက်ဘက်နား၌အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နှင့်မျက်မမြင်လူကြီးတစ်ယောက်က ကြိုးတပ်တူရိယာလေးတစ်ခုကိုကိုင်ကာ အားပင်း၏ နွေဦး၌သာသည့်လ အမည်ရသောသီချင်းကိုတီးခတ်နေလေသည်။ဖုကျန်းက ထိုလူကြီးရှေ့၌တစ်ခဏမျှရပ်ကြည့်နေမိပြီး သီချင်းပြီးဆုံးသွားသည့်အချိန်၌ အိတ်ထဲမှ ၅ ယွမ်ကိုထုတ်ကာ ထိုလူအိုကြီး၏ရှေ့ရှိခွက်လေးထဲသို့ ထည့်ပေးလိုက်သည်။
ကောင်းကင်ယံကတဖြည်းဖြည်းမှောင်မိုက်
လာသည်။ဖုကျန်းက လက်ထဲတွင် အိတ်၂ လုံးကိုင်ကာ လူသွားလမ်းလေးပေါ်မှတဖြည်းဖြည်းလမ်းလျှောက်၍လာလေသည်။နေဝင်ချိန်ဖြစ်သည်မို့ နေကတောင်ကုန်းများကြားထဲသို့ဝင်ရောက်ပျောက်ကွယ်သွားကာလိမ္မော်ရောင်အလင်းသာ တစ်မြို့လုံးကိုဖုံးအုပ်ထားကာ မြို့လေး၏အရိပ်မှာတော့ရှည်လျားသွယ်လျ၍နေလေ၏။
လျိုမိသားစုမှ ညီအစ်ကို ၂ ယောက်သည်လည်း ဤပတ်ဝန်းကျင်ကို စောင့်ကြည့်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ဖုကျန်းကပြန်လာသည့်အချိန်တိုင်းတွင်ဘေး၌လူတစ်ယောက်ပါလာပြီး ထိုလူနှင့်သူ့ကြား၌ မည်ကဲ့သို့သောပတ်သက်မှုမျိုးရှိနေသည်ကိုလည်း မသိသည်ကြောင့် သတိ
လက်လွတ်မပြုမူရဲခဲ့ပေ။ယနေ့တွင်လည်း သူတို့ကဖုကျန်းတစ်ယောက်တည်း ပြန်လာမည့် အခွင့်အရေးကိုစောင့်ဆိုင်းနေကြလေသည်။ သူတို့စစ်ဆေးထားချက်အရ အနီးအနားရှိ စီစီတီဗွီကင်မရာများမှာ အလုပ်မလုပ်ဘဲရှိပြီး အချို့အလုပ်လုပ်သည့်ကင်မရာများမှာမူ သူတို့အလုပ်လုပ်မည့်နေရာသို့ မမြင်နိုင်ပေ။
ညီအစ်ကို ၂ ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း ဖုကျန်းကသူတို့ဆင်ထားသည့်အကွက်ထဲ ဝင်လာမည့်အချိန်ကို စောင့်ဆိုင်းနေလေတော့သည်။သူကော်ရစ်ဒါဝင်ပေါက်သို့ လမ်းလျှောက်ဝင်လာသည့်အချိန်တွင် ဖုကျန်းကလည်းဇဝေဇဝါနှင့် တစ်ခုခုကတော့မှားယွင်းနေပြီဟုသတိထားမိကာ နောက်သို့လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်အမျိုးသားတစ်ဦးသူ့ဆီသို့လမ်းလျှောက်လာသည်ကို မြင်ရ၏။
ထိုသူက ကောင်းသည့်ရည်ရွယ်ချက်နှင့် သူ့ထံလာခြင်းမဟုတ်သည်ကိုလည်း သူသိ၏။သူ့မှာမသန်စွမ်းသောခြေထောက်တစ်ဖက်နှင့်ဆိုတော့ ထွက်ပြေးရန်လည်းမလွယ်ကူတော့သည်မို့ ယခုသူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အကူအညီအော်တောင်းခြင်းပင်ဖြစ်သည်။
သို့ရာတွင် သူအော်တောင်မအော်လိုက်နိုင်ခင်မှာပင် ခေါင်းအနောက်ဘက်မှအရိုက်ခံလိုက်ရကာ သူ့ပါးစပ်ကိုလည်း အနောက်ဘက်မှတင်းကြပ်စွာ စည်းနှောင်ခံလိုက်ရပြီးအတင်းအကျပ်ဆွဲခေါ်သွားကြလေသည်။ ပြန်ပေးဆွဲခြင်းလုပ်ငန်းစဉ်မှာ အစမှအဆုံးထိကို၂ မိနစ်ပင်မကြာလိုက်ပေ။ ထိုသူနှစ်ဦးက ဤအကြံအစည်အတွက် အကြိမ်ထောင်ပေါင်းများစွာ လေ့ကျင့်ထားသည်လေ။
ဖုကျန်းမှာ နောက်ဘက်မှပြင်းထန်စွာအရိုက်ခံထားရသည်ကြောင့် ခေါင်းမူးနေလေသည်။ထိုလူနှစ်ယောက်ကသူ့အား ဗန်ကားလေးထဲတွင် ထည့်သည့်အချိန်မှ သူပြန်ပေးဆွဲခံရပြီဖြစ်ကြောင်း သိရလေသည်။ဤလူနှစ်ယောက်ကိုသူမသိပေ။အဘယ်ကြောင့်သူ့ကိုမှ ပြန်ပေးဆွဲရခြင်းဖြစ်သည်ကိုလည်းသူမသိပေ။ဖုကျန်းကခေါင်းလှည့်ကာ ကားပြတင်းမှအပြင်ဘက်ကိုကြည့်ချင်သော်လည်းမကြာမီမှာပင်သူ့အား အနက်ရောက်အဝတ်ဖြင့် မျက်လုံးကိုပိတ်နှောင်လိုက်ကြ၏။
သူ့မျက်လုံးများမှာ မည်းမှောင်နေမှုကလွဲ၍ ဘာ
မှမမြင်ရတော့ပေ။ လက်များကိုလည်းကြိုးဖြင့်နောက်ပြန်ချည်ထားကြသေး၏။ဖုကျန်းတွေးနေသည်မှာ သူ့ထံ၌ရန်သူဟူ၍မရှိပေ။လွန်ခဲ့သည့်နှစ်နှစ်ကစ၍ သူအရာရာကိုရိုးသားပြီးတာဝန်သိစိတ်ဖြင့်နေလာခဲ့သည်ကြောင့်ပင်။ သူနှင့်မသင့်မြတ်သည့်သူများမှာဖုကျန်းချန်နှင့်သူ၏မိသားစုကလွဲ၍မရှိပေ။
အကယ်၍ဖုကျန်းချန်နှင့် ဖုတင်းကသူ့ကိုဆုံးမ
ချင်သည်ဆိုလျင်လည်း ထိုသူများကဤကဲ့သို့ကို့ယို့ကားယားနိုင်သည့်နည်းကို သုံးကြမည်
မဟုတ်ပေ။နောက်တွင်ချည်ထားခံရသော လက်များက လွတ်မြောက်ဖို့အရေး အသည်းအသန်
လှုပ်ရှားနေကြသည်။ ဤသည်ကို ညီအစ်ကို ၂
ယောက်မှ အငယ်ဖြစ်သူမြင်သောအခါ အသံတိုးတိုးဖြင့် ဖုကျန်းအားခြိမ်းခြောက်လာ၏။
"မင်းအသက်ရှင်ချင်သေးတယ်ဆိုကောင်းကောင်းနေ..."
ဖုကျန်းကလှုပ်ရှားမှုကိုရပ်လိုက်ပြီးမျက်တောင်ခတ်ကြည့်လိုက်၏။ သူ၏အမြင်
အာရုံက မည်းမှောင်လျက်ပင်ရှိသည်။နာရီဝက်မျှကားမောင်းသွားပြီးနောက်တွင် ဗန်ကားလေးကရပ်တန့်သွားလေသည်။ ဖုကျန်းမှာ နောက်ဘက်မှတွန်းခြင်းခံလိုက်ရသဖြင့်ယိမ်းယိုင်ကာ ပြုတ်ကျမတတ်ပင်ဖြစ်သွားလေသည်။
လျိုဟန်က ဗန်ကားလေးထဲမှ လျိုဝမ်နှင့်အတူထွက်လာပြီး နှစ်ယောက်အတူတူဖုကျန်းကို အပြာရောင် ကွန်တိန်နာခန်းတစ်ခန်းထဲသို့ဆွဲခေါ်လာကြလေသည်။ ထိုအထဲတွင် သူတို့စီစဉ်ထားသော စားပွဲခုံများနှင့်ထိုင်ခုံများရှိနေ၏။ သူတို့ကနောက်ထပ်ကြိုးတစ်ချောင်းကို ထပ်ယူကာ ဖုကျန်းကိုထိုင်ခုံတစ်ခု၌ချည်ထားလိုက်ကြသည်။
ဖုကျန်း၏မျက်စိကိုဖုံးထားသော အဝတ်ကိုဖယ်ပေးလိုက်ကြသည်။ အကြာကြီးမှောင်မည်းနေသည်ကြောင့် အလင်းရောင်အနည်းငယ်ကို အသားကျဖို့ခက်ခဲနေလေသည်။ ခဏအကြာတွင်မှ သူမည်သည့်နေရာတွင် ပိတ်မိနေသည်ကိုသတိထားမိလာ၏။ဤကဲ့သို့ ရွေ့လျားလို့ရသည့် ကွန်တိန်နာခန်းမျိုးမှာ လုံခြုံရေးခန်း သို့မဟုတ် အရောင်းပြခန်းတစ်ခုအဖြစ်အသုံးများကြ၏။ ဤအရာတစ်ခုတည်းကိုကြည့်၍လည်း သူ့ကိုမည်သူကပြန်ပေးဆွဲလာသည်ကို မပြောနိုင်သေးပေ။
အပြင်ဘက်တွင်တော့ လုံးဝကိုမှောင်နေပြီဖြစ်၏။ လျိုဟန်က စားပွဲပေါ်တွင်ဓာတ်မီးကိုချကာ အိတ်ထဲမှဓားမြှောင်ကိုထုတ်ပြီး အေးစက်နေသည့်ဓားသွားကို ဖုကျန်း၏မေးစေ့နားမှ ဆွဲယူသွားလေ၏။
"စိတ်မပူပါနဲ့ ငါတို့မင်းကိုဘာမှမလုပ်ပါဘူး...ဖု
ကျန်းချန်က ငါတို့ကိုငွေပေးတာနဲ့ ငါတို့ကမင်း
ကိုချက်ချင်းလွှတ်ပေးမှာ..."
"မင်းတို့ငါ့ကိုပြန်ပေးဆွဲလာတာက..."
ဖုကျန်းကခေါင်းကိုမော့ကြည့်လိုက်၏မှောင်ထဲတွင် သူ့ရှေ့၌ရှိနေသောထိုသူနှစ်ယောက်၏ ပုံသဏ္ဍာန်ကိုသူမမြင်နိုင်ပေ။သူခဏမျှတွေးပြီးနောက်တွင် ဤသည်ကအင်မတန်မျှရယ်စရာကောင်းသည်ဟုသာတွေးမိပြီး ထပ်မေးပြန်၏။
"ဖုကျန်းချန်ဆီက ငွေတောင်းဖို့လား..."
ဓားသွားကဖုကျန်း၏မေးနားမှ မြွေတစ်ကောင်ကဲ့သို့မျက်နှာပေါ်ရောက်လာ၏။
"ဒါပေါ့..."
သူတို့က ဖုကျန်းချန်ဆီမှ ငွေတောင်းရန်သူ့ကိုပြန်ပေးဆွဲလာသည်တဲ့။ ဖုကျန်းချန်က ပေးရန်မလိုသည့်ငွေအမောင့်အများကြီးကို ပေးလိမ့်မည်ဟု သူတို့ကအဘယ်ကြောင့်တွေးကြသနည်း။ ယခုသူ့ကိုခေါ်လာသည့်သူနှစ်ယောက်က ပြန်ပေးဆွဲမည့်အကြံအစည်တွင်သူတို့ဦးနှောက်ကို ထည့်မသုံးထားကြသည်များလား။
"မင်းဘာလို့ရယ်နေတာလဲ..."
ဖုကျန်းအနည်းငယ်တွန့်သွားသည်။ သူခုနလေးတင်က ရယ်နေမိခဲ့သည်တဲ့လား။သူခေါင်းသာခါပြလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
လျိုဟန်က သူအလှောင်ခံလိုက်ရသည်ဟုခံစားလိုက်ရသော်လည်း ဒေါသကိုချုပ်တည်းဖုကျန်းကိုဆက်မေးလေသည်။
"ဖုကျန်းချန်ရဲ့ ဖုန်းနံပါတ်ကဘယ်လောက်လဲ..."
"ငါမသိဘူး..."
ဖုကျန်းကပြန်ဖြေလိုက်၏။
"မင်းမသိဘူးလား..."
လျိုဟန်ကဖုကျန်း၏မျက်နှာကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်ပြီးမေးပြန်သည်။
"မင်းအဖေအရင်းရဲ့ ဖုန်းနံပါတ်ကိုတောင် မင်းကမသိဘူးလား..."
ဖုကျန်း၏ခေါင်းနှင့် မျက်နှာကိုအရိုက်ခံရပြန်၏။ သူ့ဘယ်ဘက်ပါးမှာ မကြာမီမှာပင် ဖူးယောင်လာလေသည်။ လျိုဟန်၏လက်များတွန့်ဆုတ်ခြင်းမရှိသလို အားလည်းပြင်းကြ၏။ ကွန်တိန်နာခန်းလေးထဲတွင် သွေးညှီနံ့ပျံ့လွင့်လာကာ ဖုကျန်း၏ လျှာဖျား၌လည်းသွေးအရသာကိုခံစားမိလာ၏။
ဖုကျန်းက ပြောပြမည့်ပုံမရှိသည်ကိုမြင်သော် လျိုဟန်က မျက်မှောင်ကြုံ့ကာ ဖုကျန်း၏အိပ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး ဖုကျန်း၏လက်ဖြင့်ဖုန်းကိုဖွင့်လိုက်ပြီးနောက်ဖုန်း contact ကိုဖွင့်ကြည့်ပြီး မေးပြန်သည်။
"ဒီ အဖေဆိုတဲ့တစ်ခုလား..."
ဖုကျန်းဘာမှမပြောပေ သူ၏ဖုန်းများမကြာခဏပြောင်းလဲနေရသော်လည်းသူ့ contact ထဲရှိသူများကတော့ ကျန်ရှိနေသေး၏။ထိုလူနှစ်ယောက်မှာ စိတ်ပျက်ရမည့်ကံဇာတာပါပုံရသည်။ ဖုကျန်းချန်၏ဖုန်းနံပါတ်ကို သူရလျှင်တောင်မှ ဖုကျန်းချန်နှင့် ဖုတင်းက သူ့ကိုပြန်ရွေးရန် ထိုသူများအားငွေပေးဖို့ရန် မဖြစ်နိုင်ချေ။ဖုန်းမှာ ခပ်မြန်မြန်ပင်ဝင်သွားပြီးနောက် လျိုဟန်ကဦးစွာမေးလိုက်လေသည်။
"ဖုကျန်းချန် ဟုတ်တယ်မလား..."
"မင်းကဘယ်သူလဲ..."
ဖုကျန်းချန်ကတစ်ဖက်မှလေးနက်သောအသံဖြင့် ပြန်မေးလေ၏။
"ကျုပ်ဘယ်သူဆိုတာ ခင်ဗျားသိစရာမလိုဘူး ခင်ဗျားသိဖို့လိုတာက အခုခင်ဗျားသားက ကျုပ်လက်ထဲမှာရှိနေတာ ခင်ဗျားကျုပ်ခိုင်းတဲ့အတိုင်းမလုပ်နိုင်ရင် သူ့ကိုဘယ်တော့မှထပ်မတွေ့စေရဘူး..."
"ငါ့သား..."
ဖုကျန်းချန်က မျက်မှောင်ပင်ကြံ့လိုက်မိ၏။ အကယ်၍ ဖုတင်းသာပြန်ပေးဆွဲခံလိုက်ရပြီဆိုလျင် တစ်ယောက်ယောက်ကသူ့ကိုအသိပေးပြီးနေလောက်ပြီဖြစ်သည်။ထို့အပြင်သူယခုလေးတင် ဖုတင်းနှင့်ဖုန်းပြောထားသည်ကို သူကမည်ကဲ့သို့ ပြန်ပေးဆွဲခံရမည်နည်း။
"ဖုကျန်းလေ ဘယ်လိုလုပ်ဖုလူကြီးမင်းက လွန်
ခဲ့တဲ့ ၂ ရက်လောက်ကမှတွေ့ထားတဲ့ သားအငယ်လေးကို မမှတ်မိရတာတုန်း..."
လျိုဟန်က ထေ့ငေါ့သည့်စကားလုံးများဖြင့် ပြော
လိုက်၏။ထိုအချိန်မှသာ ဖုကျန်းချန်တစ်ယောက် ပြန်ပေးဆွဲခံရသူက ဖုကျန်းဖြစ်သည်ဟု နားလည်
သားလေသည်။သွားလေသည်။
"မင်းကသူ့ကိုပြန်ပေးဆွဲထားတယ်ပေါ့..."
သိလျက်နှင့်ပြန်မေးလိုက်၏။
"ဟုတ်တယ် ဖုလူကြီးမင်းက ကျုပ်တို့အတွက်သိန်း ၈၀၀ သာပြင်ဆင်ပေးမယ်ဆို ကျုပ်တို့
ကငွေရတာနဲ့သူ့ကိုလွှတ်ပေးပြီးထွက်သွားမှာပါ.."
ဤအပေးအယူမှာ လုံးဝကိုသက်ရောက်မှုရှိမနေပေ။ ဖုကျန်းက လွန်ခဲ့သည့် ၂ နှစ်ကတည်းက ဖုမိသားစုထဲမှလူတစ်ယောက်မဟုတ်တော့ပေ။ သို့သော် ဖုကျန်းချန်ကတော့တွေဝေနေလေသည်။သူက အိပ်မက်များထဲမှကောင်လေး
အကြောင်းနှင့် သူလွန်ခဲ့သည့် ၂ ရက်ကမြင်ထားသော ဖုကျန်းအကြောင်းကို တွေးမိနေသည်။လျိုဟန်က ဆက်၍ပြောလေ၏။
"ဖုလူကြီးမင်းကိုစဉ်းစားဖို့အချိန်တစ်ရက်ပေး
မယ် မနက် ၉ နာရီမတိုင်ခင်ကျုပ်အကောင့်ထဲကို သိန်း ၈၀၀ လွှဲပေးမယ်လို့မျှော်လင့်ပါတယ်... ရဲခေါ်တာတို့ တခြားနည်းလမ်းသုံးပြီးကျုပ်တို့ကိုရှာတာတို့ လုပ်ဖို့မတွေးနဲ့နော်...ကျုပ်တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ခင်ဗျားသားကိုပါကျုပ်နဲ့အတူတူငရဲကိုခေါ်သွားမယ်..."
လျိုဟန်က ပြောပြီးဆိုပြီးနောက်တွင် ဖုန်းကို
ပြတ်ပြတ်သားသားပင်ချလိုက်၏။ဖုကျန်းချန်က ဖုန်းကိုကိုင်ကာ ထိုအတိုင်းပင်ငြိမ်နေမိသည်။ ဘေးဘက်တွင်ရှိနေသော ထန်ဝမ်ဝမ်က သူ၏ထူးဆန်းနေမှုကိုမြင်သော် သူ့ထံသို့လျှောက်လာပြီးမေးလေသည်။
"ဖေဖေ ဘာဖြစ်နေတာလဲ...
ဖုကျန်းချန်က ခေါင်းမော့ကာ ထန်ဝမ်ဝမ်ကိုကြည့်လိုက်သည်။ သူမ၏မျက်လုံးများကမှန်သားကဲ့သို့ရှိပြီး သူ၏ပုံသဏ္ဍာန်က ကြည်ကြည်လင်လင်ပင် ထင်ဟပ်လျက်ရှိလေသည်။ ထိုအခိုက်အတန့်တွင် ဖုကျန်းချန်ကသူမကိုမျက်နှာချင်းဆိုင်လျက် အလိမ်အညာများမပြောနိုင်တော့သည်ကြောင့် ပြန်ပေးသမားဖုန်ထဲ၌ပြောသွားသည်များကို အကုန်ပြန်ပြောပြလိုက်လေ၏။
ထန်ဝမ်ဝမ်က အသေအချာစဉ်းစားနေဟန်ဖြင့်
ခေါင်းကိုစောင်းငဲ့နေပြီး အတန်ကြာမှ ဖုကျန်းချန်အားပြောလေသည်။
"ပင်းဟိုင်မြို့ပေါ်ကလူတွေအကုန်လုံး ဖေဖေကဖုကျန်းကို လွန်ခဲ့တဲ့နှစ်နှစ်ကတည်းကမောင်းထုတ်ထားတယ်ဆိုတာသိကြတယ်လေ... ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်သူကရောသူ့ကိုပြန်ပေးဆွဲပြီး ဖေဖေ့ဆီကငွေတောင်းမှာလဲ..."
ဖုကျန်းချန်၏ရင်ထဲတွင်တော့ တစ်ခုခုမှားနေသည်ကို ခံစားရသော်လည်း ထန်ဝမ်ဝမ်ပြောသည်ကိုလည်း ခေါင်းမငြိမ့်ပဲမနေနိုင်ပေ။
"သမီးပြောတာဟုတ်တယ်..."
အခန်းလေးမှာ တိတ်ဆိတ်နေပြီးပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်တွင်မြောက်လေအေးတိုက်ခတ်ပြီး သစ်ပင်သစ်ကိုင်းများပင်ပြင်းထန်သောလေဖြင့် ယိမ်းခါလျက်ရှိသည်ကို မြင်နိုင်လေသည်။ ထန်ဝမ်ဝမ်က နှုတ်ခမ်းထောင့်ဖျားကွေးတက်သွားကာ ပြောပြန်၏။
"ဖုကျန်းကငွေမရှိလို့ဒီလိုလုပ်တာဖြစ်နိုင်တယ်
နော် သမီးတို့သူ့ကိုတစ်ခေါက်လောက်ထပ်
သွားကြည့်ကြမလား..."
ဖုကျန်းချန်က ထန်ဝမ်ဝမ်ပြောသည့်စကား၏
နောက်ကွယ်ကအဓိပ္ပါယ်ကို ချက်ချင်းပင်နားလည်လိုက်သည်။ သူမထင်နေသည်က ဤ
ပြန်ပေးဆွဲခြင်းသည် ဖုကျန်းအကွက်ချသည်
စဉ်ထားသည်ဟုပင်။ဖုကျန်းချန်တိတ်ဆိတ်နေသည်ကို မြင်သော်ထပ်မေးပြန်သည်။
"ဖေဖေ ဘယ်လိုလုပ်မှာလဲ..."
"စဉ်းစားကြည့်လိုက်ပါဦးမယ်..."
ထန်ဝမ်ဝမ်က မျက်လွှာအသာချထားလိုက်သည်။ သူမအနေဖြင့် ဖုကျန်းချန်ကဖုကျန်းအား သိန်း ၈၀၀ ပေးမည့်ကိစ္စကို လုံးဝလက်မခံနိုင်ပါ။ ထို့ကြောင့်ဖုကျန်းချန် ဤကိစ္စကိုမေ့သွားအောင် တစ်နည်းနည်းဖြင့် ကြိုးစားကြည့်ရပေဦးမည်။
လျိုဟန်ကဖုန်းချလိုက်ပြီးနောက်တွင် နောက်တစ်ရက်၌ သူတို့၏အကောင့်ထဲသို့ ငွေလွှဲပေးလာမည်ကို ပျော်ရွှင်စွာစောင့်ဆိုင်းနေလေသည်။ သို့သော်သူတို့ နေ့တစ်ရက်နေ့လယ် ၁၂နာရီအထိစောင့်ဆိုင်းနေခဲ့သော်လည်း အကောင့်ထဲ၌ မည်သည့်ငွေအဝင်မှမရှိလာရုံတင်မကဘဲ ဖုကျန်းချန်ကိုဆက်သွယ်၍ပင်မရတော့ပေ။
နေ့လယ်စာစားနေရင်းဖြင့် လျိုဟန်ကဖုန်းကိုကြည့်ကာ ဆဲရေးလေတော့သည်။ ဖုကျန်းအတွက်ပြင်ပေးထားသည့် ထမင်းဘူးကိုအပြင်ဘက်ရှိအမှိုက်ပုံးထဲသို့ စိတ်ဆိုးမာန်ဆိုးဖြင့်လွှင့်ပစ်လိုက်လေ၏။ဖုကျန်းကခေါင်းကိုသာငုံ့ကာ ကွန်ကရစ်ခင်းထားသည့်ကြမ်းပြင်ကိုစိုက်ကြည့်နေပြီး ဘာမှမပြောပေ။
သူ့အနေနှင့်လည်း ဖုကျန်းချန်ဆီက ဘာကိုမှမမျှော်လင့်ထားသည်ကြောင့် ယခုလည်း စိတ်ပျက်သွားစရာမရှိပေ။
လျိုဟန်က နောက်ထပ်နေ့လယ်ခင်းတစ်ခုစာထပ်စောင့်နေသေးသော်လည်း ကျန်းချန်ဆီမှ ဘာသံမှမကြားရပေ။ ထိုညနေမှ လျိုဟန်တို့သိလိုက်ရသည်က ထန်ဝမ်ဝမ်ဟိုတယ်
တစ်ခုတွင် အဖြစ်သည်းလှသည့်ပရိသတ်တစ်ယောက်နှင့်တွေ့ကာ ကြောက်လန့်ပြီးရှောင်တိမ်းရင်း မတော်တဆလဲကျသွားလေသည်။
ယခုတွင် ဖုကျန်းချန်ရော ဖုတင်းပါ သူမအားဆေးရုံတွင် အဖော်ပြုပေးနေကြသည်။လျိုဟန်မှာ စိတ်အလွန်ဆိုးကာ ကွန်တိန်နာခန်းလေးထဲသို့ ခြေလှမ်းပြင်းပြင်းဖြင့်ဝင်လာကာဖုကျန်းဆီသွားပြီး ပြောလေသည်။
"ငါတို့ ဖုကျန်းချန်ဆီကသာငွေမရဘူးဆို မင်းလည်းဒီမှာ ငါတို့နဲ့အတူတူသေပေတော့ပဲ..."
ဖုကျန်းကခေါင်းကိုဖြည်းဖြည်းမော့ကြည့်လာ၏ မီးရောင်မှိန်မှိန်အောက်တွင် သူ့မျက်လုံးများက စည်းနှောင်ခံထားရသည်ကြောင့် ဘာကိုမှမမြင်ရဘဲ သူက ေဩာ်ဟုသာတစ်ချက်ပြောကာ ဘာမှဆက်မပြောတော့ဘဲ ခေါင်းကိုငိုက်စိုက်ချလိုက်ပြန်သည်။
"မင်းသေရမှာမကြောက်ဘူလား..."
လျိုဟန်က ဖုကျန်း၏ဆံပင်ကိုဆောင့်ဆွဲကာနားနားကပ်၍မေးလေသည်။
"ကြောက်ရမယ်လား...ကြောက်တယ်..."
ဖုကျန်းကခပ်တိုးတိုးပြန်ဖြေသည်။
ဒါပေမဲ့ ကြောက်တော့ရော ဘာဖြစ်လာနိုင်လို့လဲ...