လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၅၃ - ယဲ့ဆွေရဲ့ အကြံပြုချက်
စုန့်ရှောင်ရဲ့ အချိန်က ကုန်တော့မှာမလို့ ယဲ့ဆွေက အမြန်လုပ်နေတာဖြစ်သည်။ သူမဓာတ်ပုံရိုက်ပြီးနောက်မှာ ပန်းချီဆရာကိုရှာဖို့ ချက်ချင်းသွားခဲ့သည်။
ယဲ့ဆွေက ပန်းချီဆရာဆီသွားကာ ထိုင်ချလိုက်ပြီး ချန်ရှု့က သူမဘေးနား ရပ်နေခဲ့တယ်။ "ရှင်ကျွန်မကို ပုံတစ်ပုံဆွဲဖို့ ကူညီပေးနိုင်မလား? " လို့မေးခဲ့သည်။
ပန်းချီဆရာက ယဲ့ဆွေကို ရှုပ်ထွေးတဲ့အကြည့်နဲ့ ကြည့်ခဲ့သည်။ “ …ကောင်းပြီ”
ယဲ့ဆွေ - "ကျွန်မအတွက်မဟုတ်ဘူး ဒီမိန်းကလေးအတွက်"
ယဲ့ဆွေက သူမရဲ့ဖုန်းဖွင့်ပြီး စုန့်ရှောင်ရဲ့ ဓာတ်ပုံကို ပန်းချီဆရာကို ကြည့်ဖို့ ပေးခဲ့သည်။
ဓာတ်ပုံကိုတွေ့တော့ ပန်းချီဆရာက ပုံထဲကမိန်းကလေးကို မှတ်မိသွားခဲ့သည်။ သူမက သူ့ဂျူနီယာဖြစ်ပြီး သူမကို အခြားသူများက အနိုင်ကျင့်ချိန်မှာ သူ ကူညီခဲ့ဖူးသည်။ ဒါပေမယ့် သူသိခဲ့တာက သူမကသေသွားပြီဖြစ်သည်။
ပန်းချီဆရာရဲ့လက်က အနည်းငယ်တုန်သွားသည်။ ဒါပေမယ့် သူကကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ယဲ့ဆွေကို ကြည့်ခဲ့သည်။ “ သူမနဲ့မင်းရဲ့ဆက်ဆံရေးကဘာလဲ”
ယဲ့ဆွေက ပန်းချီဆရာရဲ့ဘေးက စုန့်ရှောင်ကို ကြည့်လိုက်သည်။ "သူမက ကျွန်မသူငယ်ချင်း "
ယဲ့ဆွေ - "ရှင်သူမကို သိလို့လား ?"
ပန်းချီဆရာသည် သူ့စိတ်ခံစားမှုကို ထိန်းချုပ်ပြီးဓာတ်ပုံထဲမှလှပတဲ့ မိန်းကလေးကို တိုက်ရိုက်ကြည့်ခဲ့သည်။ “ ငါသူမကို အရင်က ကူညီခဲ့ဖူးပေမယ့် သူမငါ့ကိုအခုတော့ မေ့သွားလောက်ပါပြီ”
စုန့်ရှောင်က ခေါင်းခါလိုက်သည်။ ပန်းချီဆရာဆီ လက်လှမ်းပြီး သူ့ကို ဘယ်တော့မှမမေ့ခဲ့ပါဘူးလို့ ပြောချင်နေခဲ့သည်။
သူမရဲ့လက်က သူမရဲ့ စီနီယာကို ထိတော့မယ့်အချိန်မှာ သူမလက်ကို အားလျော့စွာ ပြန်ချလိုက်ရသည်။ သူမသေပြီဆိုတာ မေ့သွားခဲ့ပြီး သူတို့က ယင်နဲ့ ယန်လို ကွဲသွားပြီဖြစ်သည်။
ယဲ့ဆွေက သက်ပြင်းချလိုက်မိသည်။ “ ဒီမိန်းကလေးပုံကို ဆွဲပေးပြီး နောက်ခံကောင်းတဲ့ ရှုခင်းကောင်းတွေကိုဖန်တီးဖို့ လွတ်လပ်ခြင်းကို ယူဆောင်ပေးနိုင်မလား? ”
ပန်းချီဆရာက စုန့်ရှောင်ရဲ့ ဓာတ်ပုံကို သိမ်းထားခဲ့သည်။ ယဲ့ဆွေ မထွက်သွားခင်မှာ စုန့်ရှောင်က ပန်းချီဆရာအနားမှာ ရပ်နေတာကို သူမတွေ့ခဲ့ရသည်။ သူမသူ့ကိုနက်ရှိုင်းစွာ ကြည့်နေခဲ့ပြီး သူမမျက်လုံးတွေထဲမှာ သူသာရှိနေခဲ့သည်။
ပန်းချီဆရာက စဆွဲခဲ့သည်။ သူကပုံကိုကြည့်ပြီး ဘာလို့ အချို့အပိုင်းအစများက သူ့စိတ်ထဲတွင်ရုတ်တရက် ပေါ်လာတာလဲဆိုတာကို မသိခဲ့ပေ။
သူတစ်ချိန်က ရေထဲကိုကျသွားပြီး သူသေတော့မယ်လို့ထင်ခဲ့ကာ ထိုအချိန်က သူ့ကိုသေးသွယ်တဲ့ လက်တစ်စုံက ကန်အောက်ဘက်ကနေ ဆွဲထုတ်လာခဲ့ဟန်တူသည်။
သေခါနီးချိန်မှာ သူ့မျက်လုံးတွေကို ဖွင့်ပြီးလှပတဲ့ မျက်လုံးတစ်စုံကို ကြည့်ခဲ့သည်။ သူနိုးလာချိန်မှာ မြေပြင်ပေါ်မှာ လဲနေတာကို တွေ့ခဲ့ရသော်လည်း ထိုလူရဲ့ လက္ခဏာများမတွေ့ခဲ့ရပေ။
သူ့ကိုကယ်တင်ခဲ့တဲ့ မိန်းကလေးကို ရှာနေခဲ့ပေမယ့်လည်း သူ မတွေ့ရသေးပေ။
သူရှာနေတဲ့မိန်းကလေးက သေသွားပြီဆိုတာကိုပန်းချီဆရာမသိခဲ့ပေ။ သူမက ကွယ်လွန်သွားပေမဲ့လည်း သူမကသူ့အနားမှာ အမြဲရှိနေခဲ့သည်။
ဤအချိန်တွင် သူမကသူ့နဲ့ အကွာအဝေးအနည်းငယ်မှာ ရပ်နေခဲ့ပေမယ့် သူက သူမကိုဘယ်တော့မှ တွေ့ရမှာမဟုတ်ပေ။
ပန်းချီဆရာက ဓာတ်ပုံကို တို့ထိလိုက်ပြီး မိန်းကလေးရဲ့မျက်ဝန်းတွေကို ကြင်နာစွာနဲ့ ပွတ်သက်လိုက်ပြီး သူထင်ယောင်ထင်မှား ဖြစ်နေတာလားလို့ တွေးမိသွားသည်။ သူမ မျက်ဝန်းများက သူ့ကိုကယ်တင်ခဲ့တဲ့ မိန်းကလေးနဲ့ အလွန်ဆင်တူတယ်လို့ အမြဲခံစားခဲ့ရသည်။
အချိန်ကုန်လွန်သွားသည်နှင့်အမျှ ပန်းချီဆရာက လျင်မြန်စွာနဲ့ စတင်ပန်းချီဆွဲလာသည်။ စုန့်ရှောင်က စူးစိုက်စွာကြည့်နေခဲ့ပြီး သူမက ဖြည်းဖြည်းချင်း ပေါ်လာနေတဲ့ မြင်ကွင်းကို သူမမျက်လုံးတွေနဲ့ မြင်ချိန်မှာ တုန်လှုပ်သွားသည်။
ပန်းချီဆရာက ယခုအခါမှာ ရေကန်အောက်ခြေရဲ့ မြင်ကွင်းကို ဆွဲထားပြီးသွားပြီ။ ရေကန်အောက်မှာ မှောင်မိုက်နေသော်လည်း အလင်းတစ်ခုက အထက်မှကျရောက်လာကာ......မိန်းကလေးရဲ့ လက်ကိုအနည်းငယ် ကွာဟထားပြီး သူမရဲ့ခေါင်းကိုစောင်းကာ တစ်စုံတစ်ခုကို အပေါ်ဘက်၌ မြှောက်ပြီးကိုင်ထားခဲ့သည်။
စုန့်ရှောင်က ချက်ချင်းပဲ မျက်ရည်တွေ ကျလာခဲ့သည်။ 'သူအမြဲသတိရနေတယ်။ သူမ သူ့ကို ကယ်တင်ခဲ့တာကို' သူမ အရမ်းနီးကပ်သွားတာကြောင့် ပန်းချီဆွဲလက်စပေါ် သူမ မျက်ရည်စက်က ကျသွားခဲ့သည်။
ပန်းချီဆရာက မျက်ရည်စက်ကျလာတာကို မြင်ချိန်မှာ သူကစက္ကူကိုထိလိုက်ပြီး“ မိုးရွာနေတာလား? ”လို့ ထူးဆန်းစွာ ပြောခဲ့သည်။ ဒါပေမယ့် ကောင်းကင်က တိမ်မည်းတွေကင်းစင်နေပြီး မိုးရွာမယ့် လက္ခဏာမရှိပေ။
ပန်းချီဆရာက ပုံဆွဲစက္ကူကို ထပ်ကြည့်ခဲ့သည်။ သူမိန်းကလေး မျက်နှာကို စမဆွဲရသေးပေ ပြီးတော့ မျက်ရည်စက် တည်နေရာက သူဆွဲလိုသည့်နေရာအတိအကျဖြစ်သည်။
အဆိုပါပန်းချီဆရာက ဒီမျက်ရည်ရဲ့ အောက်လိုင်းတစ်လျှောက်တွင် မိန်းကလေးရဲ့မျက်လုံးတွေကို ဖော်ပြရန် စတင်ခဲ့သည်။ ပန်းချီကားထဲ၌ သူ့ရဲ့ခံစားချက်အားလုံးကို ဖုံးကွယ်ထားသည့်အလား ဖြည်းဖြည်းချင်း ဂရုတစိုက်ပုံကြမ်းရေးဆွဲနေသည်။
ပန်းချီရဲ့ ကောက်ကြောင်းနဲ့ အရောင်တွေအထိ မိန်းကလေးရဲ့မျက်နှာကို သူ့လက်ရာတွေနဲ့ နည်းနည်းချင်း ထုတ်ဖော်ပြသခဲ့ပြီး သူ့အနားမှာရှိတဲ့ စုန့်ရှောင်နဲ့တိုက်ဆိုင်နေခဲ့သည်။
ပြီးတော့ ဒီပုံက သူ့ရဲ့နှလုံးသားထဲက လူနဲ့လည်း ကိုက်ညီနေသည်။
ညနေတွင် ယဲ့ဆွေက ပန်းချီသွားယူခဲ့ပြီး သူမက စုန့်ရှောင်ကို ပထမဆုံး ကြည့်မိလိုက်သည်။ သူမခန္ဓာကိုယ်က အားနည်းလာပြီး မကြာခင်မှာ ပျောက်ကွယ်သွားတော့မှာ ဖြစ်သည်။
ပန်းချီဆရာက ပန်းချီကို ယဲ့ဆွေဆီပေးလိုက်သည်။ “ စိတ်မကောင်းပါဘူး၊ ငါရေထဲကျသွားတုန်းက နောက်ခံကို လိုလိုလားလားထည့်လိုက်မိတယ် ”
ယဲ့ဆွေက စုန့်ရှောင်ကို ကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်ကာ သူမမျက်လုံးထဲ မျက်ရည်များဝဲနေခဲ့ပြီး ပြောခဲ့သည်။ " သူမ ကျေနပ်ဝမ်းသာနေတယ် "
ယဲ့ဆွေ ထွက်သွားချိန်မှာ စုန့်ရှောင်က သူမနောက်ကိုလိုက်သွားခဲ့သည်။ တော်တော်လေးဝေးတဲ့ နေရာမှာ ယဲ့ဆွေက ပန်းချီကားကို သူမဆီပေးလိုက်သည်။
စုန့်ရှောင်က ပန်းချီကားကို ဂရုတစိုက်ထိလိုက်ပြီး တိုးတိုးလေးပြောနေခဲ့သည်။ “ ငါ သူ့ကိုကယ်တင်ခဲ့တာကို သူသတိရနေခဲ့တယ်။ သူက အဲ့ဒါ ဘယ်သူလဲဆိုတာ မသိပေမယ့်လည်း ငါ့အတွက်လုံလောက်နေပါပြီ”
စုန့်ရှောင် ပြုံးလိုက်သည့်အခါမှာ သူမမျက်လုံးထဲက မျက်ရည်များကျလာသည်။
သူမဘဝသည် နာကျင်စရာကောင်းလွန်းခဲ့ပြီး ဒီကမ္ဘာထဲမှာ သူမတစ်ယောက်ထဲသာ တည်ရှိနေတယ်လို့ ခံစားခဲ့ရသည်။
ယဲ့ဆွေ -“ မင်းသူ့ကိုမင်းရဲ့အတွေးတွေ ပြောပြဖို့မင်းစဉ်းစားဖူးလား ?”
သူမ မကြာခင်မှာ ထွက်သွားရတော့မှာကို တွေးနေမိသည်။ ဘယ်လိုဘဲဖြစ်ဖြစ်........
စုန့်ရှောင်က ခေါင်းခါလိုက်သည်။ "ငါအသက်ရှင်နေခဲ့တုန်းက အရမ်းနှိမ့်ချမိခဲ့တယ်။ ငါ သရဲ ဖြစ်လာပေမဲ့လည်း ဒီလိုမျိုးကျရှုံးနေတုန်းပဲ။ ငါက သတ္တိနည်းတဲ့သူဖြစ်လို့ သူ့ကို စိတ်အနှောင့်အယှက်မပေးတာက ပိုကောင်းပါတယ် "
သူမရဲ့လျှို့ဝှက်တဲ့အချစ်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မျိုးစေ့တစ်ခုလို နှလုံးသားထဲမှာ စိုက်ထူခဲ့ပြီးပြီဆိုတာကို သူမနားလည်သဘောပေါက်ပြီးတဲ့ နောက်မှာတော့ ချစ်ခြင်းမေတ္တာက သစ်ပင်ကြီးတစ်ပင်သို့ကြီးထွားလာပြီး၊ အကိုင်းအခက်များနှင့် အရွက်များရှိလာခဲ့ပြီး သူမဘ၀နဲ့ ခွဲခြားလို့မရတော့ပေ။
သူကအရမ်းထူးကဲတဲ့အတွက် သူမသရဲဖြစ်လာပြီး သူ သူမကိုမမြင်နိုင်တဲ့အချိန်မှာမှ သတိထားပြီး သူ့ကိုချဉ်းကပ်ရဲခဲ့တာဖြစ်သည်။
သူမသဘောကျနေတာကို သူသိသွားတဲ့အချိန်ကျရင် သူဘယ်လိုတုန့်ပြန်မလဲဆိုတာကို သူမ စိတ်မကူးရဲပေ။အဲဒါကိုထားလိုက်ပါ။ အမြဲတမ်း လျှို့ဝှက်ချက်တစ်ခုလို သူမရဲ့နှလုံးသားထဲမှာ နက်ရှိုင်းစွာ မြှုပ်နှံထားမည်။
ယဲ့ဆွေက နှုတ်ဆိတ်စွာနေခဲ့သည်။ စုန့်ရှောင်က သူမခံစားချက်များကို အလွယ်တကူပြောပြဖို့ မရဲကြောင်းသိသည်။ သူမသေသွားရင်တောင် ထိုခံစားချက်ကို ဘယ်တော့မျှ ဖော်ပြမည်မဟုတ်ပါ။
ယဲ့ဆွေရဲ့စိတ်ကရုတ်တရက်ဝမ်းနည်းသွားတယ်။ သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ဘာမျှမပြောတတ်တော့ပေ။
စုန့်ရှောင်ရဲ့ဆန္ဒက ပြည့်စုံလာတာနဲ့အမျှ သူမ ခန္ဓာကိုယ်က တဖြည်းဖြည်း ကြည်လင်လာလိမ့်မည်။ သူမရဲ့မျက်နှာက အရမ်းလှနေတုန်းပဲ။ ဒါပေမယ့် သူမကပို ပိုပြီး ပါးလွှာလာကာ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
စုန့်ရှောင်ရဲ့ မျက်နှာအမူအရာက စိတ်သက်သာရာ ရသွားသလိုမျိုး ပြုံးနေခဲ့သည်။ သူမက ယဲ့ဆွေကိုကြည့်ရင်း“ ကျေးဇူးတင်ပါတယ် ”လို့ပြောခဲ့သည်။
စုန့်ရှောင် မထွက်ခွာခင် နောက်ဆုံးမှာ သူမပန်းချီဆရာကို ပြန်ကြည့်ပြီး ပြုံးလိုက်သည်။ သူမ ပျောက်သွားသောအခါ ပန်းချီကားသည် လေထဲမှ မြေပေါ်ကို ရုတ်တရက်ကျလာသည်။
ပန်းချီဆရာက ရေကန်နားမှာ ပန်းချီဆွဲနေတုန်းဘဲ သူပန်းချီဆွဲနေတုန်း ကောင်မလေးတစ်ယောက်က သူ့ကိုစောင့်ကြည့်နေတော့မှာ မဟုတ်ဘူးဆိုတာ သတိမထားမိသေးပေ။
သူက ရုတ်တရက် ခဏတာ စိတ်ဓာတ်ကျသွားကာ သူချစ်သောအရာတစ်ခုခု ပျောက်ဆုံးသွားသကဲ့သို့ သူ့နှလုံးသားက ဗလာဖြစ်သွားသည်။
ပန်းချီဆရာက ရေကန်ကိုကြည့်လိုက်ပြီး သူ့ကိုကယ်တင်ခဲ့တဲ့ မိန်းကလေးကို သတိရမိသည်။
သူပန်းချီဆွဲရန် ဒီကိုလာခြင်းမှာ သူကတစ်နေ့မှာ ထိုမိန်းကလေးနှင့် တွေ့ဆုံရဖို့ မျှော်လင့်ချက်ကြောင့်ဖြစ်သည်။
သူမလုံးဝပျောက်ကွယ်သွားပြီးတဲ့နောက်မှာ စုန့်ရှောင်က သူ့နှလုံးသားထဲမှာ ဘာတွေရှိနေမှန်း မသိခဲ့ပေ။
အခြားတစ်ဖက်တွင် ယဲ့ဆွေက ပန်းချီကားကို မြေပြင်ပေါ်မှ ကောက်ယူရန် ငုံ့လိုက်ပြီး သူမနှလုံးသားထဲမှ အရာများနှင့်ပတ်သက်ပြီး တွေးတောနေကာ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ ပန်းချီကိုထိဖို့ သူမရဲ့လက်ကို လှမ်းလိုက်သည်။
အဲ့ဒီနောက်မှာ ကြည့်ကောင်းလှတဲ့ လက်တစ်ဖက်က သူမရှေ့ကိုရောက်လာပြီး ပန်းချီကို ကောက်ယူရန်ခြေလှမ်းတစ်လှမ်းလှမ်းလိုက်သည်။ ယဲ့ဆွေက သူမကိုယ်ကိုမတ်လိုက်ပြီး ချန်ရှု့ပေးလာတဲ့ ပန်းချီကားကိုယူဖို့ လက်လှမ်းလိုက်သည်။
ယဲ့ဆွေက ပန်းချီကားကိုကိုင်ပြီး ပုံထဲကလှပတဲ့ ကောင်မလေးကိုကြည့်ပြီး သူမရှေ့မှာ စုန့်ရှောင်က ပျောက်ကွယ်သွားတာကို သတိရသွားချိန်မှာ သူမ၏နှလုံးသားထဲ ပိတ်ဆို့နေသလို ခံစားခဲ့ရသည်။
ယဲ့ဆွေက ခေါင်းကိုငုံ့လိုက်ပြီး သူမအသံနိမ့်လေးနဲ့ဘဲခေါ်ခဲ့သည်။ "ချန်ရှု့"
တိတ်ဆိတ်သောညတွင် သူမအသံက အနည်းငယ်ဝေးကွာနေပြီး လေကြောင့် ပျံ့နှံ့သွားပုံရသည်။
ယဲ့ဆွေ အခုမပျော်တော့ဘူးဆိုတာ ချန်ရှု့ သိသည်။ သူက သူမကိုကြည့်ပြီး သူမရဲ့ ၀မ်းနည်းဖွယ်အမူအရာကြောင့် အကျိုးသက်ရောက်သွားပုံရသည်။
ချန်ရှု့က “အင်း ပြောလေ ” ဟု တိုးတိုးလေး ပြောလိုက်သည်
ယဲ့ဆွေက “ ဒီနေ့တွေမှာ ရာသီဥတုဆိုးရွားတယ်လို့ မထင်ဘူးလား?” ဟုမေးခဲ့သည်။ စုန့်ရှောင်မှာ သူမနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးမရှိခဲ့ဘူး။ ဒါကသေးငယ်တဲ့ကိစ္စပဲ၊ ဒါပေမဲ့ သူမ မပျော်ခဲ့ဘူး။
ချန်ရှု့ မော့ကြည့်လိုက်ပြီးကောင်းကင်အား စိုက်ကြည့်လိုက်သည်။ မှောင်မည်းနေတဲ့ကောင်ကင်တွင် ကြယ်အနည်းငယ်က ထွန်းလင်းတောက်ပနေပြီး လက ရှင်းလင်းသော ကောက်ကြောင်းကို ပြသနေသည်။ မနက်ဖြန်က ကောင်းမွန်သောနေ့ဖြစ်ဖွယ်ရှိသည်။
ချန်ရှု့က "ဒါက တကယ်မကောင်းဘူး။ "လို့ ပြောလိုက်ူည်။
ယဲ့ဆွေ ရဲ့အသံက အနည်းငယ်နိမ့်ကျနေသည်။ "ချန်ရှု့၊ သူမ ပျောက်ကွယ်သွားပြီ။ သူမကငယ်ငယ်လေးပဲရှိသေးတယ်......... ” သူမက အပွင့်မပွင့်မီ ညှိုးနွမ်းသွားပြီဖြစ်သည်။
ချန်ရှု့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ယဲ့ဆွေရဲ့ မျက်လုံးတွေနဲ့ တွေ့ဆုံလိုက်သည်။ ညဘက်မှာ အသံတစ်ခုက ထွက်လာသည်။ ” မင်းကောင်းကောင်းလုပ်ခဲ့ပြီးပါပြီ ”
ယဲ့ဆွေက ချန်ရှု့ကို မော့ကြည့်ပြီး သူ့ရဲ့အရိပ်ကို သူ့မျက်လုံးရဲ့အနက်ဆုံးအပိုင်းထဲမှာ မြင်နိုင်ပုံရသည်။ သူ့မျက်လုံးတွေက စင်ကြယ်ပြီး တောက်ပနေသည်။ အကြည့်တစ်ချက်မှာ သူ့ရဲ့တစ်ခုလုံးကို သင်မြင်နိုင်သလိုပဲ။
ဒါပေမယ့် အကယ်၍ သင်အနီးကပ်ကြည့်မယ်ဆိုရင် သူ့ရဲ့စိတ်အခြေအနေက ပြင်းထန်ကြောင်း၊ သူ့မျက်စိက လူတွေမသိနိုင်သော အဓိပ္ပာယ်နှင့် အမြဲပြည့်နေကြောင်းကို သင်တွေ့ရှိလိမ့်မည်။
ယဲ့ဆွေက ချန်ရှု့ တွင် ခက်ခဲသောဘဝရှိသည်ဟု လူအများကပြောဆိုခဲ့သည်ကို ရုတ်တရက်အမှတ်ရမိသွားသည်။ သူက တိတ်ဆိတ်စွာနေခဲ့ပြီး၊ တစ်ခါမှ မရှင်းပြခဲ့ပေ။ သူတစ်ပါးနှင့် အဆက်အသွယ်လည်း မရှိသလောက်နည်းပါးသည်။ သူ ဒီနှစ်တွေတစ်လျှောက်မှာ ဒီနေရာကို ဘယ်လိုရောက်ရှိခဲ့တာလဲ?
ယဲ့ဆွေ နောက်ထပ် ဗလာကျင်းနေတဲ့အကြည့်နဲ့ ငေးကြည့်နေတာကို ချန်ရှု့မြင်ခဲ့သည်။ ရုတ်တရက် သူက“ မင်း ဒီညလေယာဥ်နဲ့စီးရမှာကို မေ့သွားပြီလား?”လို့ မေးလိုက်သည်။
ယဲ့ဆွေက ရုတ်တရက် “ အိုး ၊သွားပြီ။ ကျွန်မ ထုပ်ပိုးဖို့မေ့နေတယ်!” လို့ တုန့်ပြန်လိုက်သည်။ သူတို့က ဒီညပြန်လာမယ့် လေယာဉ်ခရီးစဉ်ကို ကြိုတင်ဘွတ်ကင် လုပ်ထားကြပေမယ့် သူတို့အရမ်းအလုပ်များနေခဲ့တာကြောင့် သူမစိတ်ထဲမှာ အဲ့တာကိုလုံးဝမေ့သွားခဲ့သည်။
ယဲ့ဆွေက ဟိုတယ်ဆီသို့ အလျင်အမြန် လျှောက်သွားခဲ့သည်။ "တတ်နိုင်သမျှ အမြန်ဆုံး ပြန်သွားကြရအောင်!" သူမရဲ့ ပျာယာခတ်နေပုံကိုကြည့်ရင်း ချန်ရှု့ရဲ့နှုတ်ခမ်းတွေက အနည်းငယ် ကွေးညွတ်သွားခဲ့သည်။ အဆိုပါစုံတွဲက သူတို့ရဲ့တည်းခိုခန်းဆီ အတူတူပြန်သွားခဲ့ကြသည်။
ယဲ့ဆွေနဲ့ ချန်ရှု့တို့က သူတို့ရဲ့ခရီးဆောင်အိတ်များကို ထုပ်ပိုးပြီး လေယာဉ်ပေါ်သို့တက်ခဲ့ကြသည်။ ချန်ရှု့က ပထမတန်းမှာ ကြိုတင်ဘွတ်ကင်လုပ်ထားဆဲဖြစ်သော်လည်း ဤအချိန်တွင် ယဲ့ဆွေရဲ့အဖွဲ့က သူတို့နှင့်အတူ လိုက်ပါခဲ့ကြသည်။
ချန်ရှု့က အနည်းငယ် စိတ်မသက်မသာဖြစ်နေပြီး ဒီလူတွေက ယဲ့ဆွေ နဲ့ သူ့ရဲ့အချိန်ကောင်းကို အနှောက်အယှက်ဖြစ်စေသည်ဟု ခံစားခဲ့ရသည်။
ယဲ့ဆွေက သူတို့ကို ထူးထူးခြားခြား ကြည့်ဖို့ လှည့်လိုက်သည်။ " သူတို့ဘာလို့ ဒီလောက်အဝေးကြီးမှာ ထိုင်နေကြတာလဲ?" သူမနှင့် ချန်ရှု့တို့က အရှေ့တွင်ထိုင်ခဲ့ကြပြီး သူတို့ကို နေရာလွတ်တွေ ဝန်းရံထားကြသည်။ ဒါပေမယ့်လည်း ရန်ကျဲနဲ့ ရှောင်လျှို့တို့က မိုင်ပေါင်းများစွာ ဝေးကွာနေသည်။
ချန်ရှု့က ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်ူည်။ “သူတို့ အဲ့လိုအနေအထားမျိုးကို သဘောကျလို့ ဖြစ်ပါလိမ့်မယ်”
ယဲ့ဆွေနဲ့သူ့အတွက် နှစ်ယောက်တစ်ကမ္ဘာကို သူဖန်တီးချင်ခဲ့ပြီး ဒါကြောင့် သူက ရှောင်လျှို့ နဲ့ ကျန်ကျဲ တို့ကို အဝေးမှာနေစေချင်ခဲ့တာဖြစ်သည်။
“......…”
ချန်ရှု့က ယဲ့ဆွေ ကိုကြည့်လိုက်ပြီး ယဲ့ဆွေက သူ့ကို မြှောင့်တင်ပေးမယ်လို့ ပြောခဲ့တာကို ပြန်လည်တွေးမိလိုက်သည်။ ရုတ်တရက် သူက "အနာဂတ်မှာ ကိုယ့်အတွက် မင်း ငွေစုဆောင်းပေးစရာမလိုဘူး။ ကိုယ်လည်းမင်းကို ထောက်ပံပေးနိုင်တယ်"
ယဲ့ဆွေ မျက်လုံးကန်းခြင်းသို့ ပြောင်းသွားပြီး ချန်ရှု့ရဲ့ ပခုံးကို ပုတ်လိုက်သည်။ "ရှင့်မှာ ပိုက်ဆံဘယ်လောက်ပဲရှိရှိ ကိစ္စမရှိဘူး။ ရှင်အဲ့တာကို သိမ်းဆည်းထားဖို့ လိုသေးတယ်"
ချန်ရှု့က သူ့ရဲ့ငွေက သာမန်မဟုတ်ဘူးလို့ တိတ်ဆိတ်စွာ တွေးခဲ့သည်။ ယဲ့ဆွေ လိုချင်တာကို ဘယ်လောက် အများကြီးပဲဖြစ်ဖြစ် ဖြုန်းတီးခဲ့ရင်တောင် ဒီဘ၀မှာ အကုန်လုံးကို သူမ သုံးနိုင်မှာမဟုတ်ပေ။
ယူနန်သို့သွားသော ခရီးစဉ်တွင် ချန်ရှု့က သူ့ရဲ့စည်းစိမ်ကို ယဲ့ဆွေ ရှေ့တွင် ရဲရင့်စွာပြသဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့် သူ့အပေါ် သူမရဲ့ထင်မြင်ချက်မှာ “ ချန်မိသားစုက ထိန်းသိမ်းထားတဲ့ငွေ ” မှ “ ချန်ရှု့တွင် စုဆောင်းထားတဲ့ငွေအချို့ရှိသည် ” သို့သာ ပြောင်းလဲသွားခဲ့သည်။
အဲ့တာက ချန်ရှု့က သူ့ကိုယ်သူထောက်ပံဖို့ သူမကိုအားကိုးစရာမလိုဘူးဆိုတာ သက်သေပြဖို့ သွားရမည့်လမ်းများစွာရှိပုံရသည်။
လေဆိပ်ကိုရောက်တဲ့အခါမှာ ရန်ကျဲက ကားလာကြိုတဲ့နေရာ၌ ပရိသတ်တွေရှိနေတာကို တွေ့ရှိခဲ့သည်။ ယူနန်သို့သွားသော သူမရဲ့ခရီးစဥ်ကို လူအများကသိပြီးနောက်မှ ရောက်လာခြင်းဖြစ်သည်။
ရန်ကျဲ အံ့သြသွားခဲ့သည်။ ယဲ့ဆွေက အင်တာနက်ပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပြီး ပရိသတ်တွေ သူ့ကိုကြိုဆိုဖို့လာတဲ့ မြင်ကွင်းက တစ်ခါမှမရှိခဲ့ဖူးပေ။
ရန်ကျဲက တစ်ချိန်တည်းမှာပဲ ပျော်ရွှင်ခဲ့ပြီး ယဲ့ဆွေ အား ဒီကိစ္စနှင့်ပတ်သက်၍ ပြောပြလိုက်သည်။ သူမက ချန်ရှု့နဲ့သူမအား သီးခြားသွားစေချင်ခဲ့သည်။ ထို့ကြောင့်ထိုစုံတွဲက သီးခြားသွားခဲ့သည်။ တကယ်လို့ ယဲ့ဆွေ ယောကျာ်းတစ်ယောက်နဲ့ ခရီးသွားနေတာကို ဓာတ်ပုံရိုက်မိသွားခဲ့ပါက အင်တာနက်က ပေါက်ကွဲသွားလိမ့်မည်။
ဒါကြောင့် ချန်ရှု့ ထွက်လာပြီးနောက် သူက မထွက်သွားဘဲ အပြင်ဘက်မှာ ယဲ့ဆွေကို စောင့်နေသည်။ ခဏကြာပြီးနောက် သူမထွက်လာတော့ ပရိတ်သတ်တွေက ဝိုင်းရံထားကြသည်။
ယဲ့ဆွေရဲ့ ခင်ပွန်းအစစ်ဖြစ်သူ ချန်ရှု့က အပြင်ဘက်ကကားထဲတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ရသည်။
'ပုန်းလျှိုးကွယ်လျှိုး ချစ်ရတဲ့ကိစ္စမှာ သူ ပါဝင်ခဲ့တယ်လို့ ဘာကြောင့်ခံစားနေရတာလဲ?'