လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး
အပိုင်း ၆၉ - ချန်ရှု့ရဲ့အတိတ်
ယဲ့ဆွေ တွေးမိတာက ချန်ရှု့ရဲ့အမေက သူမကိုရုတ်တရက် ဘာလို့ခေါ်တာလဲဆိုတာကိုပါ။
သူမက ချန် မိသားစုမှ လွန်ခဲ့တဲ့ အချိန်အတော်ကြာကြီးကတည်းက ထွက်သွားကာ ရှင်းရှင်းလင်းလင်းနှင့်
သူမရဲ့သားငယ်ကိုစွန့်ပစ်ခဲ့သည်။
ယဲ့ဆွေတွေးနေတုန်းမှာဘဲ၊ ဘဲလ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ဆွေ ကြောင်မျက်လုံးကနေ ဖြတ်ပြီးကြည့်လိုက်တော့ အကျွမ်းတဝင်မရှိသော
အမျိုးသမီးတစ်ယောက် တံခါးအပြင်ဘက်တွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမကိုကြည့်ရတာ အသက်အနည်းငယ်ကြီးပုံရသော်လည်း သူမရဲ့ရှိရင်းစွဲအသက်ထက်
ပိုငယ်အောင် ကောင်းစွာထိန်းသိမ်းထားသည်။
သူမရဲ့မျက်နှာသွင်ပြင်တွေက အထူးကောင်းမွန်ပြီး ချန်ရှု့နဲ့ဆင်သည်။
ယဲ့ဆွေရဲ့ နှလုံးသားက အေးခဲသွားသည်။ သူမက ရှန်းယွင်ပဲ!
ချန်ရှု့ ရဲ့အမေက ငါ့ဆီကိုဘာလို့ ရုတ်တရက်အလည်လာတာလဲ!?
ထို့ကြောင့် သူမကိုမခေါ်မီ သူမကအဆင်သင့် ပြင်ဆင်ထားပြီး
သူမနှင့်ယနေ့တွေ့ဆုံရန် အဆင်သင့်ဖြစ်နေပြီဟု သူမအားအကြောင်းကြားခဲ့သည်။
ယဲ့ဆွေက သူမရဲ့ရှုပ်ထွေးနေသည့်အတွေးများကို
စိတ်မ၀င်စားတော့ချေ။ သူမတံခါးဖွင့်ပေးလိုက်ပြီး
ရှန်းယွင် ကိုကြည့်လိုက်သည်။
ရှန်းယွင်က ယဲ့ဆွေ ကိုကြည့်ပြီး "ငါက ချန်ရှု့ရဲ့အမေပါ"လို့
ပြောလိုက်သည်။
ဒီစကားကိုပြောအပြီးမှာ ရှန်းယွင်က သူမရဲ့မျက်လုံးကိုပင့်ကြည့်လိုက်ပြီး
ဖြည်းဖြည်းချင်း ယဲ့ဆွေကိုကြည့်ရင်း သူမရဲ့ ချွေးမဖြစ်ဖို့အရည်အချင်းရှိမရှိကို စူးစမ်းလိုက်သည်။
ယဲ့ဆွေ ရုတ်တရက် အနည်းငယ်မသက်မသာ ခံစားလိုက်ရသည်။ သူမက
ရှန်းယွင် ချန်ရှု့ကို ဘယ်လိုစွန့်ပစ်ခဲ့လဲ ဆိုတာကို စဥ်းစားပြီးအဲ့တာက သူမစိတ်မသက်မသာဖြစ်မှုကို
ပိုပိုပြင်းထန်လာစေသည်။
ယဲ့ဆွေ ကသူမကို အေးစက်စွာ ခေါင်းညိတ်လိုက်သည်။ “ အန်တီ ”
ရှန်းယွင်က အထဲကို တစ်ချက်ကြည့်ပြီး "ချန်ရှု့ အိမ်မှာရှိလား?"
လို့မေးလိုက်သည်။
ယဲ့ဆွေ - "မရှိဘူး"
ရှန်းယွင် စိတ်ပျက်သွားသည်။ သူမက ကိတ်မုန့်ကို ကောက်ယူလိုက်ပြီး
ယဲ့ဆွေထံသို့ ပေးလိုက်သည်။ "သဘက်ခါက ချန်ရှု့
ရဲ့မွေးနေ့ပဲ။ ကိတ်မုန့်ကို ငါကိုယ်တိုင်လုပ်လာခဲ့တယ်။ ကျေးဇူးပြုပြီး သူ့ကိုပေးပေးပါ
"
ယဲ့ဆွေက ကိတ်မုန့်ကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းသည် လက်ရာမြောက်လှသည်ဟု ထင်ရသော်လည်း လှပသော
အသွင်အပြင်က သူမ ချန်ရှု့ရဲ့ မွေးနေ့ကိုမှားယွင်းစွာ မှတ်ထားခဲ့သည့် အချက်ကို မဖုံးကွယ်နိုင်ခဲ့ပေ။
ချန်ရှု့ရဲ့ မွေးနေ့က သဘက်ခါမဟုတ်ပါ။
ယဲ့ဆွေက ကိတ်မုန့်ကိုမယူခဲ့ပေ။ သူမက ရှန်းယွင်ကို အေးစက်စွာကြည့်လိုက်ပြီး
သူမရဲ့အသံက တိုးလိုက်သည်။ "အန်တီ၊ အန်တီ့သားရဲ့မွေးနေ့ကို
ဘယ်လိုတောင်မှ မမှတ်မိနေရတာလဲ?"
ရှန်းယွင် အေးခဲသွားသည်။
ယဲ့ဆွေက စကားတစ်လုံးချင်း ပြောလိုက်သည်က "ချန်ရှု့ရဲ့မွေးနေ့ကဆောင်းရာသီမှာ။
ပြီးတော့ သဘက်ခါဆိုတာက အန်တီပြောတဲ့အတိုင်းမှန်ပါတယ်။
ဒါပေမယ့် တစ်လရှေ့တိုးသင့်တယ် ”
ရှန်းယွင်က မေ့ဖို့မမျှော်လင့်ခဲ့ဘူး။ နောက်ဆုံးတွင် သူမက ချန်ရှု့ရဲ့ မွေးနေ့ကို မရေမရာသာ ထင်မြင်ခဲ့သည်။
ယဲ့ဆွေ ရုတ်တရက် အေးစက်စွာပြုံးလိုက်ူည်။ “ အန်တီ၊အန်တီ ချန် မိသားစုကို နှစ်ပေါင်းများစွာထားခဲ့တာ
ကျွန်မမေ့လုနီးပါးဘဲ။ ချန်ရှု့ ရဲ့မွေးနေ့ကို အန်တီမှားပြီး မှတ်မိနေတာက အံ့သြစရာမရှိပါဘူး”
“ နောက်ဆုံးတော့
ချန်ရှု့ငယ်ငယ်လေးတုန်းက အန်တီကအနောက်ကို ပြန်လှည့်မကြည့်ခဲ့ဘဲ ထွက်သွားခဲ့တယ်။ ပြီးတော့
အခုလည်းချက်ခြင်းကြီး အန်တီကဒီလိုမျိုးကောင်းမွန်နေတဲ့ အခြေအနေမှာ ကိတ်မုန့်တစ်လုံးကိုယူလာပေးတယ်။
ကျွန်မတကယ် လက်မခံရဲဘူး။ တကယ်လို့ ကျွန်မလက်ခံလိုက်ရင် ကျွန်မရဲ့အသိစိတ်နဲ့ ကျွန်မ မနေနိုင်ဘူး။ အန်တီကောအဲ့လို
မထင်မိဘူးလား?”
ရှန်းယွင်က သူ့ကလေးရဲ့မွေးနေ့ကိုပင် မမှတ်မိသောမိခင်တစ်ဦးဖြစ်ကြောင်း
ယဲ့ဆွေ လျှို့ဝှက်စွာ ဖော်ပြခဲ့သည်။ သူမက တာဝန်မဲ့ပြီး သူမရဲ့နှလုံးသားမှာ မိသားစုအချစ်မရှိကြောင်း
ယဲ့ဆွေ ဝေဖန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်ရှု့
အား ရက်စက်စွာစွန့်ပစ်ခဲ့သည်ကို ရှန်းယွင်အား သူမ သတိပေးခဲ့သည်။ ချန်ရှု့အတွက် သူမက
အပြင်လူဖြစ်နေပြီ။ တကယ်လို့ သူမသာ ရှန်းယွင် ဖြစ်လျှင် သူမစိတ်မသက်မသာဖြစ်ပြီး နောက်တစ်ကြိမ်လာဖို့ကိုပင်မရဲတော့ပေ။
ယနေ့ သူမအားကြိုတင်အသိပေးခြင်းမရှိဘဲ သူတို့၏အိမ်သို့လာတာဟာ
အဲ့တာက ရိုင်းစိုင်းပြီး မရိုမသေလုပ်တာဖြစ်သည်။
ရှန်းယွင်က ယဲ့ဆွေရဲ့ပါးစပ်က ဒီလောက်စူးရှတယ်ဆိုတာကို မမျှော်လင့်ခဲ့ပေမဲ့
သူမရဲ့စကားတိုင်းက အလွန်နူးညံ့သိမ်မွေ့သည်။
သို့သော်လည်း ရှန်းယွင်က သူမရဲ့တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့သည်။ "မင်းက ချန်ရှု့ ရဲ့ဇနီး။ မင်းငါ့ကိုယောက္ခမလို့ ခေါ်သင့်တယ် "
ယဲ့ဆွေ လှောင်ပြောင်လိုက်သည်။ သူမ ချန်ရှု့ကိုဒီလိုပြောရင်
ချန်ရှု့ဘယ်လိုထင်မလဲ? ချန်ရှု့ရဲ့ အိပ်ပျော်ရင်းလမ်းလျှောက်တဲ့ရောဂါက သူမနှင့်ပတ်သက်နေသည်ကို
ပြန်စဥ်းစားကြည့်လိုက်ရင် ယဲ့ဆွေ အသက်ရှုမဝနိုင်ဘူး။
ယဲ့ဆွေကစာကြောင်းတစ်ကြောင်းကို ညင်ညင်သာသာဖွင့်ပြီး ပြောလိုက်သည်။
“ ကျွန်မအန်တီ့ကို နောက်ထပ် ထပ်မတွေ့နိုင်တော့ဘူး။ ဒါကမလိုအပ်ပါဘူး ”
ရှန်းယွင် အော်လိုက်သည်။ “ မင်း…......”
ဤအချိန်တွင် ရင်းနှီးသောအသံတစ်သံက ထွက်လာပြီး ပုံမှန်နဲ့နှိုင်းယှဉ်လျှင်
အလွန်အေးစက်နေပုံရသည်။ "ခင်များဒီမှာဘာလုပ်နေတာလဲ?"
ယဲ့ဆွေ ဒီအသံကိုချက်ချင်း မှတ်မိလိုက်သည်။ သူမနှလုံးသားက
တုန်သွားပြီး အဲဒီဦးတည်ရာဘက်ကို လှည့်ကြည့်လိုက်သည်။ ချန်ရှု့က ထိုနေရာတွင်ရပ်နေသည်။
သူ့ရဲ့မျက်လုံးတွေက မှေးမှိန်နေပြီး နှုတ်ခမ်းတွေက ပါးလွှာသော မျဉ်းတစ်ခုထဲသို့ ဖိကပ်သွားသည်။
သူဒေါသထွက်နေသည်။
ရှန်းယွင်ရဲ့ မျက်လုံးတွေက အံ့အားသင့်စွာ တောက်ပသွားသည်။ သူမကရှေ့တိုးလာပြီး ပြောလိုက်သည်။ “ ငါတို့တစ်ယောက်နဲ့တစ်ယောက်
မတွေ့ဖြစ်တာကြာပြီ။ ငါဒီနေ့ဒီကိုလာခဲ့တာက....... "
သူမစကားမဆုံးခင် ချန်ရှု့က တိုက်ရိုက် လှည့်ထွက်သွားလိုက်သည်။
သူက ရှန်းယွင်ကိုတောင် မကြည့်ဘဲ အပြင်ဘက်ကို တန်းတန်းမတ်မတ် ထွက်သွားလိုက်သည်။ သူ့ရဲ့အရှိန်ကမြန်ဆန်ပြီး
သူ့ရဲ့ကျောပြင်က အဆုံးအဖြတ်ပေးနေသည်။
သူ့ရဲ့အဓိပ္ပာယ်မှာ သိသာထင်ရှားလှသည်။ သူ ရှန်းယွင်ကို
မမြင်ချင်ဘူး။
ရှန်းယွင်က ချန်ရှု့သူမကို ဒီလောက်ဂရုမစိုက်ဘူးဆိုတာကို
သူမ မသိခဲ့ဘူး။ သူမထိုနေရာ၌ ကိုးရိုးကားရားနိုင်စွာ ကြိုးပေးခံလိုက်ရပါပြီ။ ယဲ့ဆွေက
ချန်ရှု့ရဲ့ တုံ့ပြန်မှုကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုစိတ်ပူမိသွားသည်။
ရှန်းယွင် ကိုကြည့်လိုက်ရင်း ယဲ့ဆွေက ချက်ချင်းပဲအမိန့်ပေးလိုက်သည်။
"ကျေးဇူးပြုပြီး ရှင့်ကိတ်မုန့်နဲ့ပြန်သွားလိုက်ပါ။ ပြန်မလာပါနဲ့တော့။ ကျွန်မတို့ရှင့်ကိုမကြိုဆိုဘူး”
“လွန်ခဲ့တဲ့နှစ်တွေမှာ ရှင်သူ့ကိုထားခဲ့ဖို့ ရွေးချယ်ခဲ့ပြီးပြီပဲ။
ဒါကြောင့် အခု သူ့ကို စိတ်အနှောင့်အယှက်မပေးပါနဲ့တော့ ”
ရှန်းယွင်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး သူမထွက်ခွာသွားခဲ့သည်။
ရှန်းယွင် ထွက်သွားသည်နှင့်တပြိုင်နက် ယဲ့ဆွေက ချန်ရှု့နောက်ကိုလိုက်ဖို့
လှည့်လိုက်သည်။ သူမ ဓာတ်လှေကားဆီ ပြေးနေစဉ် အထိတ်တလန့်ဖြစ်နေခဲ့သော်လည်း ခြေလှမ်းတစ်လှမ်း
နောက်ကျနေသေးသည်။ ဓာတ်လှေကားတံခါးက တဖြည်းဖြည်းပိတ်သွားခဲ့သည်။
ဓာတ်လှေကား တံခါးမပိတ်ခင် ယဲ့ဆွေက ချန်ရှု့ရဲ့ ပုံစံကိုမြင်လိုက်ရသည်။
သူ့ခေါင်းကိုငုံ့ကာပြီး သူဘယ်နေရာကိုမှမကြည့်နေဘူး။ လူတစ်ကိုယ်လုံးကိုကြည့်ရတာ ဥပက္ခာပြုထားသလိုပဲ။
ယဲ့ဆွေရဲ့နှလုံးသားက တုန်လှုပ်သွားသည်။ ချန်ရှု့က ထိုနေ့ကလိုမျိုး
အိပ်ပျော်ရင်း လမ်းထလျှောက်နေရင် ကူရာကယ်ရာမဲ့ပြီး ကျိုးလွယ်ပဲ့လွယ်နေသလို ဖြစ်နေတာကို
သူမ ခံစားလိုက်ရသည်။
ယဲ့ဆွေက သူမရဲ့ခံစားချက်များကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ သူမခလုတ်ကို နှိပ်ရန် လက်လှမ်းလိုက်သော်လည်း သူမရဲ့လက်က
အနည်းငယ်တုန်နေခဲ့သည်။ သူမမော့ပြီး LED ကိုစိုက်ကြည့်ရင်း ဓာတ်လှေကားက အပေါ်ထပ်ကိုမြန်မြန်တက်ပါစေလို့
ဆုတောင်းနေမိတယ်......
သူမချန်ရှု့ကို ဖြစ်နိုင်ရင် အမြန်ဆုံးတွေ့ချင်သည်။ သူ့အခြေအနေက သူမကိုစိုးရိမ်ထိတ်လန့်စေသည်။ သူမ သူ့ကိုဒီလိုတစ်ယောက်တည်း
လွှတ်ထားလို့မရဘူး။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ဓာတ်လှေကားတံခါးက နောက်ဆုံးတွင်ပွင့်လာခဲ့သည်။ ယဲ့ဆွေက အလျင်အမြန်လျှောက်သွားခဲ့ပြီး ပထမထပ်အတွက်
ခလုတ်ကိုနှိပ်လိုက်သည်။
ဓာတ်လှေကားက ဖြည်းဖြည်းချင်း ရွေ့သွားသော်လည်း အချိန်ခဏတွင်းတွင်
ယဲ့ဆွေက ရာစုနှစ်တစ်ခုကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမဟာ ချန်ရှု့ အကြောင်းစဉ်းစားရင်း သူမနှလုံးသားက
စိုးရိမ်ပူပန်နေခဲ့သည်။
နောက်ဆုံးတော့ပထမထပ်ကို ရောက်လာခဲ့တယ်။ ယဲ့ဆွေက ဓာတ်လှေကားထဲမှ အပြေးထွက်လာပြီး ထိုနေရာကိုရှာဖွေခဲ့သော်လည်း
ချန်ရှု့ရဲ့ အရိပ်အယောင်ကို မတွေ့ရပေ။
ညကတော်တော်နက်နေပြီ။ ဘယ်အချိန်မှာစပြီး မိုးတွေသည်းထန်စွာ
ရွာသွန်းနေမှန်းကို သူမမသိခဲ့ဘူး။မိုးစက်မိုးပေါက်တွေက အေးစက်နေပြီး ဖြိုးဖြိုးဖြောက်ဖြောက်နဲ့ မြေပြင်ပေါ်
ကျဆင်းနေခဲ့သည်။
ယဲ့ဆွေက အမြန်ထွက်လာပြီး မှောင်မည်းနေတဲ့မိုးထဲတွင် သူမကလူတစ်ယောက်ကို
ရိပ်ခနဲဖမ်းမိလိုက်သည်။ ယဲ့ဆွေက "ချန်ရှု့"
လို့အော်လိုက်သည်။
ချန်ရှု့က မရပ်တန့်ဘဲ၊ မှောင်မိုက်ပြီး မုန်တိုင်းထန်သောည၌
မတ်တပ်ရပ်နေခဲ့သည်။ သူ့ရဲ့အဝတ်စားတွေက စိုရွှဲနေခဲ့သည်။
ဒါပေမယ့်လည်း ဂရုမစိုက်ဘဲ ကျောက်ရုပ်လိုမျိုး အရှေ့ကိုဆက်လျှောက်နေခဲ့သည်။
ယဲ့ဆွေက မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အောက်တွင် ချန်ရှု့ကိုလိုက်ဖမ်းပြီး
နောက်ဆုံးတွင် သူ့ကိုမှီလာခဲ့သည်။ သူမ ချန်ရှု့ရဲ့
မျက်လုံးတွေကို ကြည့်လိုက်သည်။ "ချန်ရှု့၊
ကျွန်မ သူမကိုမောင်းထုတ်လိုက်ပြီ"
ယဲ့ဆွေက တိုးတိုးလေးပြောလိုက်သည်။ "အခုအိမ်ပြန်ကြရအောင်"
ချန်ရှု့က ယဲ့ဆွေကို မကြည့်ခဲ့သလို သူ့ရဲ့မျက်လုံးများမှာလည်း
အာရုံစူးစိုက်မှုမရှိခဲ့ပေ။ သူက "အိမ်ပြန်မယ်လား?"လို့ ရေရွတ်နေသကဲ့သို့
သူ့ပတ်၀န်းကျင်မှ ကမ္ဘာကြီးကလည်း အထီးကျန်နေပုံရသည်။
ယဲ့ဆွေက ချန်ရှု့ရဲ့ လက်ကိုဆုပ်ကိုင်လိုက်ပြီး အားတင်းလိုက်သည်။ "ဟုတ်တယ် ကျွန်မတို့အိမ်ပြန်ကြမယ်"
သည်းထန်စွာရွာသွန်းနေတဲ့ မိုးစက်မိုးပေါက်တွေက ရပ်နားချင်မရှိဘဲ
ကျဆင်းနေကာ သူတို့ရဲ့အဝတ်စားတွေကို စိုရွှဲသွားစေခဲ့သည်။
ဒါပေမယ့် သူတို့က
ထွက်မသွားသေးဘူး။ ချန်ရှု့က ယဲ့ဆွေနဲ့အတူ
မိုးရေထဲတွင်ရပ်နေခဲ့သည်။
ချန်ရှု့က ယဲ့ဆွေကို ကြည့်လိုက်ပြီး သူတို့မျက်လုံးချင်းဆုံသွားကြသည်။ မိုးကပိုသည်းလာသည်နှင့်အမျှ သူမရဲ့ကောက်ကြောင်းက
ထင်ရှားလာသည်။ သူမကသေးသွယ်သော ပုံရိပ်လေးနဲ့ ဖျော့တော့နေတဲ့မျက်နှာလေးနဲ့အတူ မိုးရေထဲမှာ
ရပ်နေခဲ့ူည်။
ပြီးတော့ အဲဒီမျက်လုံးတွေက စိုးရိမ်နေတာ သိသာထင်ရှားသည်။
ချန်ရှု့ရဲ့ အမြင်အာရုံက တဖြည်းဖြည်း ကြည်လင်တောက်ပလာသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။ "မင်းရေတွေ ရွှဲစိုနေပြီ
"
ယဲ့ဆွေ စိတ်သက်သာရာရသွားပြီး
သက်ပြင်းချလိုက်သည်။ သူမစကားမပြောနိုင်ခင်
ချန်ရှု့ ကသူမကို တံစက်မြိတ်ဆီဦးဆောင် ခေါ်သွားခဲ့သည်။ မိုးကအရမ်းရွာနေတော့ သူတို့ကလောလောဆယ် ပြန်သွားလို့မရနိုင်တာကြောင့်
သူတို့ကအမိုးအကာအောက်မှာ အရင်နေလိုက်သည်။
တံစက်မြိတ်အောက်တွင်၊ အဲ့တာက တိတ်ဆိတ်ငြိမ်သက်နေပြီး ပြတင်းပေါက်အပြင်ဘက်တွင်
အေးစက်သောမိုးကသာ ဆူညံတဲ့အသံအဖြစ် သရုပ်ဆောင်ထားသည်။ တိတ်ဆိတ်နေတဲ့အထဲမှာ ယဲ့ဆွေ ချန်ရှု့ရဲ့အသံကို
ကြားလိုက်ရသည်။
“သူမ ထွက်သွားတဲ့နေ့က မိုးတွေအရမ်းရွာနေခဲ့တယ် ”
ယဲ့ဆွေက ချန်ရှု့ကိုကြည့်လိုက်သည်။ သူကမိုးရွာနေတာကို ငေးကြည့်ပြီး
အတိတ်ကို ငေးမောကြည့်နေပုံရသည်။ "သူမ
ပြန်လာလိမ့်မယ်လို့ ကိုယ်အမြဲထင်နေခဲ့တာ ....."
“ သူမပြန်လာပြီး
ကိုယ့်ကိုပြန်လာရှာလိမ့်မယ်လို့ ကိုယ်အမြဲမျှော်လင့်ထားခဲ့ပေမယ့် သူမက ပြန်ရောက်မလာခဲ့ဘူး။
သူမက ကိုယ့်ကိုစွန့်ပစ်ထားခဲ့တယ် ”
ညဘက်၌ ချန်ရှု့ရဲ့အသံက တိုးသည်။ “ သူမက ကိုယ့်အဖေကိုမချစ်ခဲ့ဘူး။
သူမ ကိုယ့်ကိုမွေးဖွားပြီးတော့ နောက်ပိုင်းမှာ စိတ်ကျရောဂါခံစားခဲ့ရတယ်။ သူမ မပျော်တဲ့အခါတိုင်း
ကိုယ့်ကိုမှောင်မည်းနေတဲ့ အခန်းထဲမှာသော့ခတ်ထားခဲ့တယ်”
“ ကိုယ်ကြောက်ခဲ့တယ်။ ကိုယ်တံခါးကို ထုရိုက်ပြီးတော့ ကိုယ့်ကိုလွှတ်ပေးဖို့
သူမကို တောင်းပန်တယ်။ ဒါပေမယ့်သူမက ကိုယ့်ကိုလျစ်လျူရှုထားတယ်။ ပြီးတော့ အဲ့တာကို
ထပ်ခါထပ်ခါပြောနေတုန်းမှာ နောက်ဆုံးတော့ ........... ”
ချန်ရှု့ရဲ့ အသံကနိမ့်ဆင်းသွားခဲ့တယ်။ "သူမကိုယ့်ကိုစွန့်ပစ်လိုက်ကတည်းက ဒီနေ့မှ
သူမဘာလို့ ပြန်လာခဲ့ရတာလဲ?"
ထိုနေ့ကသူမရဲ့တံခါးလော့ခ်ဘာကြောင့် ကျိုးသွားခဲ့ရကြောင်းကို
ယဲ့ဆွေနားလည်လိုက်သည်။ ချန်ရှု့ အရူးအမူးနဲ့
တံခါးကို ရိုက်ချိုးရခြင်းရဲ့ အကြောင်းအရင်းမှာ သူ့ရဲ့ငယ်ဘဝ အရိပ်မည်းကြောင့်ဖြစ်သည်။
သူက သူမကိုသူလိုမျိုး ပိတ်လှောင်ထားတဲ့ အခန်းထဲမှာ မနေစေချင်ဘူး။
ရှန်းယွင်ကြောင့် ချန်ရှု့မှာ အိပ်ပျော်ရင်းလမ်းလျှောက်တဲ့
အလေ့အထရှိလာခဲ့သည်။ ငယ်ရွယ်စဉ်က အားနည်း။ သူက သူ့ရဲ့ငယ်ရွယ်စဥ်မှာ အားနည်းပြီး အကူအညီမဲ့သော
ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။
ယဲ့ဆွေရဲ့နှလုံးသားထဲတွင် နာကျင်မှုအစအနတစ်ခု ပျံ့နှံ့လာသည်။
ချန်ရှု့ရဲ့အကိုဖြစ်သူ ထွက်ခွာသွားခြင်းက သူ့ကိုကံမကောင်းစွာ
တံဆိပ်ကပ်စေခဲ့သည်။ အဲ့အချိန်က ချန်ယွင်ဟာ သူနဲ့အတူရှိနေသင့်သည်။
သို့သော် သူမက မအောင်မြင်ဘဲ ချန်ရှု့ကို စော်ကားမော်ကားပြောဆိုပြီး
နောက်ဆုံး သူ့ကိုစွန့်ပစ်ခဲ့သည်။ သူ့အပေါ် သူမဘယ်လောက် ထိခိုက်နစ်ကျင်အောင်လုပ်ခဲ့သလဲဆိုတာကို
သူမ ဘယ်တော့မှသိမှာမဟုတ်ဘူး။
ဒီနေ့ ရှန်းယွင် ရောက်ရှိလာခြင်းနှင့်အတူ အရိပ်က ၎င်းရဲ့ခေါင်းကို
တစ်ဖန်ပြန်လည် မွေးဖွားစေခဲ့သည်။ သူ့ရဲ့ငြိမ်သက်နေပုံရသော
နှလုံးသားက တစ်ဖန်ပြန်လည်ပြီး မသက်သာနိုင်သော အက်ကွဲကြောင်းတစ်ခုကိုပြသခဲ့သည်။
ဤစိုစွတ်သောမိုးရွာတဲ့ညတွင် ချန်ရှု့က စကားအများကြီးကို
ပထမဆုံးအကြိမ်ပြောခဲ့တာဖြစ်သည်။ သူမရှေ့တွင်သူ့ရဲ့နှလုံးသားထဲက
အနက်ရှိုင်းဆုံးအရာကို ချပြခဲ့သည်။
ယဲ့ဆွေ ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရသည်။
ချန်ရှု့က ယဲ့ဆွေကို ကြည့်ပြီး " ကိုယ် အိပ်ပျော်ရင်း
လမ်းလျှောက်တဲ့ရောဂါ ဖြစ်တဲ့အချိန် မင်းကို ကြောက်လန့်သွားစေတဲ့အတွက် ကိုယ် တောင်းပန်ပါတယ်
"
ယဲ့ဆွေ ခေါင်းခါလိုက်သည်။ သူမရဲ့မျက်လုံးတွေက စိုစွတ်နေခဲ့သည်။ ဤအချိန်၌ပင် ချန်ရှု့က သူမရဲ့ခံစားချက်ကို ထည့်သွင်းစဉ်းစားခဲ့သည်။ သူမက တိုးတိုးလေး ပြောလာသည်။“ မဟုတ်ပါဘူး ကျွန်မကဘာလို့ကြောက်ရမှာလဲ?"
ယဲ့ဆွေ ချန်ရှု့ ကိုကြည့်ပြီး သူမရဲ့အကြည့်ကို သူ့ဆီသာ
ထားလိုက်သည်။ သူမရဲ့အသံကနူးညံ့နေသည်။ “ အခုကစပြီး ရှင် မပျော်ရွှင်တဲ့အခါကျရင် ကျွန်မကိုပြောပြရမယ်
”
"အဲ့တာက ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အတူတူဖြေရှင်းကြမယ်"
ယဲ့ဆွေရဲ့ စကားများက ချန်ရှု့ရဲ့ နားထဲကို ရှင်းရှင်းလင်းလင်း
ကျဆင်းသွားပြီး သူက ယဲ့ဆွေကို စိုက်ကြည့်နေလိုက်သည်။ စက္ကန့်အနည်းငယ်အကြာမှာ သူကသူ့နှုတ်ခမ်းကိုဖိလိုက်ပြီး“
ကောင်းပြီ” လို့ပြောခဲ့သည်။
ယဲ့ဆွေက ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး မိုးစဲသွားတာကို
သတိပြုမိလိုက်သည်။
ယဲ့ဆွေ - “ မိုးစဲသွားပြီ။ အိမ်ပြန်ကြရအောင်။ ”
ချန်ရှု့ -
"ကောင်းပြီ"
သူတို့စုံတွဲက ဘေးချင်းကပ်လျက် လမ်းလျှောက်သွားချိန်မှာ
သူတို့ရဲ့ ရှည်လျားတဲ့ အရိပ်နဲ့ သေးသွယ်တဲ့ အရိပ်လေးက မြေပြင်ပေါ်၌ ပေါ် နေခဲ့သည်။
ဒီအချိန်မှာ ယဲ့ဆွေက ရုတ်တရက် နှာချေပြီး သူမနှာခေါင်းကို
ပွတ်လိုက်သည်။ သူမ အခုလေးတင် မိုးမိထားကာ သူမ
အအေးမိသွားတာဖြစ်နိုင်သည်။ ယဲ့ဆွေက ချန်ရှု့ရဲ့မျက်လုံးကို သတိမထားမိပေ။
ယဲ့ဆွေ ထွက်သွားတော့မယ့်အချိန်တွင် ရုတ်တရက် သူမကို အမှောင်ရိပ်တစ်ခု
ဖုံးလွှမ်းလိုက်တာကို သူမသတိပြုမိလိုက်သည်။
သူမမော့ကြည့်လိုက်တော့ ချန်ရှု့က သူမရှေ့ကိုလျှောက်လာခဲ့သည်။
ချန်ရှု့က သူ့လက်ကိုမြှောက်လိုက်ပြီး ခေါင်းစွပ်ကို သူမရဲ့ခေါင်းပေါ်မှာစွပ်ပေးလိုက်သည်။ သူမရဲ့မျက်လုံးရှေ့ရှိ အလင်းရောင်က ရုတ်တရက် အမှောင်ရိပ်ကျသွားသည်ဟု
ယဲ့ဆွေ ခံစားမိသည်။
ယဲ့ဆွေအံ့သြနေစဉ် ချန်ရှု့က အောက်ကိုငုံ့လိုက်ပြီး သူမရဲ့အဝတ်အစားတွေကို
လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူမမျက်လုံးများက
ချက်ချင်းပြူးကျယ်သွားသည်။ သူဘာလုပ်မလို့လဲ?
ချန်ရှု့က သူမရဲ့ခေါင်းစွပ်ဇစ်ကိုကက ဇစ်ကိုကိုင်ကာဖြည်းဖြည်းချင်း
အပေါ်ဆွဲတင်လိုက်သည်။ ပွတ်တိုက်သံများ ထွက်လာသောအခါ သူမရဲ့မေးစေ့ထိ ဇစ်ကိုဆွဲတင်ပြီး သူမရဲ့ခေါင်းထိရောက်အောင်ဇစ်ကိုဆွဲနေတဲ့
ချန်ရှု့ကိုကြည့်လိုက်သည့။
သူမမျက်စိရှေ့တွင်
အမှောင်ထုသာရှိတော့သည်။ သူမရဲ့ဦးထုပ်နဲ့ လုံးဝပတ်ထားသလိုဖြစ်နေကာ
သူမဘာကိုမှမမြင်ရတော့ပေ။
“ချန်ရှု့၊ ဇစ်ကိုဆွဲချလိုက်” ယဲ့ဆွေရဲ့ စူပုပ်ပုပ်အသံက
ထွက်လာခဲ့သည်။
ချန်ရှု့ - "မချဘူး"
ချန်ရှု့ရဲ့ လေသံကကြည်လင်ပြတ်သားနေသည်။ "မင်းအအေးမိနေပြီ"
ယဲ့ဆွေ အံကြိတ်လိုက်သည်။ "ကျွန်မအသက်ရှုရခက်နေပြီ "
ချန်ရှု့က ဇစ်ကိုနည်းနည်းလေး အောက်လျှောက်ပြီးဆွဲချလိုက်တော့
ယဲ့ဆွေရဲ့မျက်နှာက အနည်းငယ်စီထွက်ပေါ်လာခဲ့သည်။
ပထမဆုံးက မျက်ခုံးတွေ၊ ပြီးတော့ မျက်လုံးတွေ၊ အဲ့နောက်မှနှာခေါင်း.....…
ချန်ရှု့က ဆက်ရန်ဆန္ဒမရှိသောကြောင့် ဇစ်က ယဲ့ဆွေရဲ့ ပါးစပ်နားတွင် ရပ်တန့်သွားသည်။
ယဲ့ဆွေ အသက်ရှူကျပ်သွားသည်။ သူမကအသက်ပြင်းပြင်းရှူလိုက်ပြီး ချန်ရှု့ကို တစ်ချက်ပြန်စိုက်ကြည့်လိုက်သည်။
ယဲ့ဆွေရဲ့ လှုပ်ရှားမှုများကို မြင်သောအခါ ချန်ရှု့ရဲ့မျက်လုံးတွေက
အနည်းငယ် လှုပ်ရှားသွားပြီး သူကနူးညံ့စွာပြုံးလိုက်သည်။