အပိုင်း ၁၀၇
Viewers 8k

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

 

အပိုင်း ၁၀၇ -သရဲခြောက်တဲ့အိမ်

 

 

 

<ဒီကမ္ဘာပေါ်မှာ သရဲတကယ်ရှိလား>ရဲ့ အသံသွင်းတဲ့အချိန်က အရမ်းအဆင်ပြေသည်။  ၀န်ထမ်းတွေကို နွေ ဦးပွဲတော်ကာလအတွင်း အားလပ်ရက်ပေးခဲ့ပြီး ဒုတိယအကြိမ်မြောက်တိုက်ရိုက်ထုတ်လွှင့်မှုကို တရုတ်နှစ်သစ်ကူးပြီးမှသာ ပြုလုပ်ခဲ့သည်။

 

 

ပထမအပိုင်းရဲ့ဧည့်သည်တွေက သရဲခြောက်တဲ့အိမ်မှာ တစ်ညတာကုန်ဆုံးခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုခဲ့ကြသော အင်တာနက်သုံးစွဲသူတွေက သူတို့လုံခြုံစိတ်ချရလို့ အသံထွက်လာကြောင်းကိုသိသည်။

 

 

ယနေ့ ပရိုဂရမ်အဖွဲ့က ရိုက်ကူးရေးအတွက် မော်ဒယ်အေဂျင်စီ၏ ယခင်နေရာသို့သွားခဲ့ပြီး ဧည့်သည်များကို ဘတ်စ်ကားကြီးတစ်စီးဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

 

အဆောက်အဦးက ဟောင်းနွမ်းနေသော်လည်း လုံခြုံစိတ်ချရမှုက မြင့်မားနေဆဲဖြစ်သည်။  အဲ့မှာရှိတဲ့ကောလာဟလများက လည်ပတ်နေစဉ်တွင် အဲ့တာက ဤဒေသတွင်စျေးအကြီးဆုံး အဆောက်အဦးဖြစ်ခဲ့သည်ဟု ကောလဟာလများရှိသည်။

 

 

အဖွဲ့သားများက ထိုနေရာကို ၀င်ရောက်စွက်ဖက်ခဲ့သည်။  ထို့ကြောင့် စင်္ကြံလမ်းရှိမီးများက သိပ်မကောင်း၊ အခါအားလျော်စွာ အဲ့တာက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။

 

 

ယဲ့ဆွေနဲ့ ဆရာမကြီးကျူးနောက်မှာ ကြောက်တတ်တဲ့ ဧည့်သည်များက လိုက်ပါလာကြပြီး အဖွဲ့ကို ဦးဆောင်ခဲ့သည်။ အဲ့တာက တည်ထောင်သူ သေဆုံးသွားခဲ့တဲ့ တိုင်းပြည်ထဲမှာ ပထမဆုံးသော မော်ဒယ်ကုမ္ပဏီဖြစ်သည်။

 

 

ယဲ့ဆွေက ကုမ္ပဏီ၏ ဝင်ပေါက်ဆီသွားခဲ့ပြီး သံချေးကြောင့် ကျွိခနဲမြည်နေတဲ့ တံခါးကိုတွန်းဖွင့်လိုက်သည်။

 

 

သွမ့်မု စခရင်ကလည်း အင်တာနက်သုံး​စွဲသူတွေရဲ့  ကောမန့်များကြောင့် စတင်အသက်ဝင်နေသည်။

 

 

ဝိုး!  အရမ်းကြောက်စရာကောင်းတာပဲ!  ဒီမော်ဒယ်အေဂျင်စီကို စွန့်ပစ်ခဲ့တာကြာပြီ။ အထဲမှာဘာဖြစ်မယ်ဆိုတာကို ဘယ်သူသိမှာလဲ?”

 

 

ညဉ့်သန်းခေါင်ကျရင် လျှောက်လမ်းပေါ်မှာသီချင်းဖွင့်တဲ့သူရှိလား?  အဝတ်စင်တွေက ညဘက်မှာအလိုလိုလွင့်မျောနေလား?  ဒါမှမဟုတ် ပိန်သွယ်တဲ့ကောင်မလေးတွေ ရှိကောင်းရှိလိမ့်မယ်........ဟီးဟီး ဒါကငါ့ခန့်မှန်းချက်တွေပါ ”

 

 

ဟေ့!  မင်းငါ့ကိုသေအောင်ခြောက်နေတာလား?   နောက်ဆုံးစာကြောင်းကို ငါမတွေ့ရင် ငါအစီအစဉ်ကို ပိတ်လိုက်လိမ့်မယ်! ”

 

 

ဒါရိုက်တာ၏စကားအရ ဧည့်သည်တွေက အေဂျင်စီရဲ့အဝတ်လဲခန်းထဲသို့ ၀င်လာလိမ့်မည်။

 

 

အထဲသို့ဝင်လိုက်သည်နှင့် မိတ်ကပ်မှန်ပေါ်မှ မီးများက တောက်ပလာသည်။  အခန်းကအရင်တုန်းကလို ခေတ်နောက်ကျတဲ့ဟာမျိုး မဟုတ်ဘူး။  စားပွဲပေါ်တွင်ရှိုးပွဲရဲ့ရင်းနှီးမြှုပ်နှံသူများ၏ အလှကုန်များရှိသည်။ ထို့ကြောင့် ဧည့်သည်များက လူသိရှင်ကြားပြုလုပ်နိုင်သည်။

 

 

 “ ငါတို့ရဲ့ ရုပ်ရှင်စီမံခန့်ခွဲမှုက တောင်းဆိုချက်ရှိတယ်  ဒါရိုက်တာက “ မင်းတို့မိတ်ကပ်ကို စားပွဲပေါ်က မိတ်ကပ်ပစ္စည်းတွေနဲ့ သုံးနိုင်မယ်လို့ ငါတို့မျှော်လင့်တယ် ”လို့ပြောလာခဲ့သည်။

 

 

 “ လူတစ်ယောက်ကို ရွေးလိုက်ပါ။ ပြီးတော့ လူတိုင်းက သူတို့အတွက် အကောင်းဆုံးမိတ်ကပ်ကို ပုံဖော်ဖို့ကူညီလိမ့်မယ်။ ”

 

 

ဒါရိုက်တာရဲ့အသံကြားတာနဲ့ အမျိုးသမီးဧည့်သည်တွေအားလုံးက ခေါင်းကိုတညီတညာတည်း လှည့်သွားကြသည်။  သူတို့က ကြက်ခြေထောက်ကို ကိုက်နေတဲ့ မိတ်ကပ်မပါတဲ့ လူတစ်ယောက်ဖြစ်သော ကျင်းကွမ်း  ကိုကြည့်နေကြသည်။

 

 

ကျင်းကွမ်းက အခန်းထဲရှိလေထုနှင့်အတူ တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်သည်။  သူရပ်တန့်လိုက်ပြီး ထိတ်လန့်စွာနဲ့ကြည့်လိုက်သည်။  “ မင်း.......မင်းဘာလိုချင်လို့လဲ?”

 

 

 “ ငါ့ကိုမိတ်ကပ်မလိမ်းနဲ့နော်။ အဲ့ဒါကို စဥ်းတောင်မစဉ်းစားနဲ့! ”ကျင်းကွမ်းက အလွန်ကြောက်လန့်နေ၍ ကြက်ခြေထောက်က ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ သူက သူ့မျက်နှာကို ဖုံးအုပ်ထားပြီး သူ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အပြင်းအထန် ကြိုးစားခဲ့သည်။

 

 

မိန်းကလေးများ၏ မျက်လုံးများက ကျင်းကွမ်းကို မကြည့်တော့ဘဲ သူ့ဘေးတွင်ထိုင်နေသော ဆရာမကြီးကျူးကိုသာ ကြည့်လိုက်ကြသည်။

 

 

ထုံးစံအတိုင်း ဆရာမကြီးကျူးက မိတ်ကပ်မလိမ်းဘူး။  သူမက တည်ငြိမ်စွာနဲ့ မျက်လုံးများကို မှိတ်ထားပြီး စစ်ပွဲရဲ့ မီးတောက်များက သူမဆီရောက်ရှိနေပြီဆိုတာကိုမသိဘဲ သူမရဲ့စိတ်ကို ငြိမ်သက်နေစေခဲ့သည်။

 

 

 ' ဘာလို့ ရုတ်တရက် ဒီလောက် တိတ်ဆိတ်သွားတာလဲ ' ဆရာမကြီးကျူးက မျက်လုံးတွေကို ဖွင့်လိုက်ချိန် အခန်းထဲရှိလူတိုင်းက သူမကိုထူးဆန်းစွာနဲ့ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

 

 

ယဲ့ဆွေက "ဆရာမကြီးကျူး၊ မိတ်ကပ်လိမ်းဖူးလား?" လို့ခပ်တိုးတိုးလေး မေးလိုက်သည်။

 

 

ဘာမှမလိမ်းထားသော  ဆရာမကြီး ကျူး - "???"

 

 

မြောင် ဘုရားရှိခိုးကျောင်းရဲ့ တပည့်တစ်ဦးအနေနဲ့ သူမက တာအိုကို လေ့လာဖို့ အပြည့်အ၀အာရုံစိုက်ပြီး အင်တာနက်ပေါ်မှာ သူမရဲ့ တာအို သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ မိုဘိုင်းလ်ဖုန်းတွေကို သုံးရတာကြိုက်သည်။  မိတ်ကပ်အကြောင်းကို မပြောနဲ့။ သူမကဒီနာမည်ကြီးဆယ်လီတွေကိုတောင် မသိခဲ့ဘူး။

 

 

ငယ်ရွယ်တဲ့ တာအို တစ်ဦးအနေနှင့် ဆရာမကြီးကျူးက ပရိုဂရမ်အဖွဲ့ သူမဆီရောက်လာတဲ့အခါမှာ ပထမတော့ဝန်လေးခဲ့သည်။

 

 

ပရိုဂရမ်အဖွဲ့က သူမအားအစီအစဉ်က ဝါဒဖြန့်မှုများနှင့် အယူသီးမှုများဖြင့် လူတွေကိုလှည့်ဖြားရန် ရည်ရွယ်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။  ရုပ်ရှင်ရုံကိုစစ်ဆေးရန် ၀န်ထမ်းများကို အချိန်မီစေလွှတ်ခဲ့ပြီး လုံခြုံမှုကိုလုံးဝအာမခံသည်။  သူမကို ဧည့်သည်များ၏ စိတ်နှလုံးအေးချမ်းစေရန် ဖိတ်ခေါ်ထားတာဖြစ်သည်။

 

 

လူတွေကို၀န်ဆောင်မှုပေးသောစိတ်ဓာတ်ဖြင့် ဆရာမကြီးကျူးက ဒီသရုပ်ဆောင်များအား အမှန်တကယ်ထိခိုက်ဒဏ်ရာရခြင်းမရှိစေရန် အစီအစဉ်သို့ရောက်လာခဲ့သည်။

 

 

အစီအစဉ်တွင်ပါ၀င်ပြီးနောက် ဆရာမကြီးကျူးက ဤနေရာများသည် အမှန်ပင်လုံခြုံကြောင်း ဆုံးဖြတ်ခဲ့သည်။  ဒါပေမယ့်၊ ဒီဧည့်သည်တွေက သရဲတွေထက်ဘာကြောင့် ပိုကြောက်စရာကောင်းပြီး သူမကိုမိတ်ကပ်လိမ်းဖို့တောင်တွန်းအားပေးလာတယ်!

 

 

 “ စိတ်မပူပါနဲ့။  ရှင့်ရဲ့မျက်နှာသွင်ပြင်က အရမ်းကောင်းတယ်။  မိတ်ကပ်ကို အဆုံးသတ်ချက်အထိပဲ ထည့်ရမှာပါ ”  ယဲ့ဆွေက ဆရာမကြီးကျူးကို အားပေးတဲ့ အကြည့်နဲ့ ဆက်ပြောခဲ့သည်။"ကျွန်မ ရှင့်အတွက် ပေါ့ပါးတဲ့ မိတ်ကပ်လိမ်းပေးရမလား?"

 

 

ဆရာမကြီးကျူးက ခဏငြိမ်နေသော်လည်း သူမ မသက်သာနေပေ။ အကြောင်းပြချက်တစ်ခုခုကြောင့် ယဲ့ဆွေကိုကြည့်ရတာ နူးညံ့သိမ်မွေ့ပြီး သူမ၏စကားများက အလွန်ဆွဲဆောင်မှုရှိခဲ့သည်။

 

 

 ဆရာမကြီးကျူးက ယဲ့ဆွေကို မငြင်းဘူးဆိုတာကို အမျိုးသမီးဆယ်လီအဖွဲ့က မြင်လိုက်တဲ့အခါ စုန့်ပိုင်က သူမကို မိတ်ကပ်မှန်ရှေ့ကို ဆွဲခေါ်သွားပြီး သူမထိုင်ခိုင်းလိုက်သည်။ ယဲ့ဆွေက ဆရာမကြီးကျူးရဲ့ မျက်နှာနဲ့ စတင် ကလိလိုက်သောအခါ သူမအတွက် အသက်ရှင်ရန် ဘာမျှမကျန်တော့ကြောင်း သူမသိလိုက်သည်။

 

 

ဒီအဝါရောင်အရည်က ဘာလဲ?  ငါ့မျက်နှာပေါ်လိမ်းလိုက်တဲ့အချိန်မှာ အဲ့တာက ဘာလို့အဖြူရောင်ဖြစ်သွားတာလဲ?

 

 

ပြီးတော့ပျော့ပျောင်းတဲ့ ဒီဘရက်စ်လေးနဲ့ ငါ့ပါးပြင်ကိုပွတ်မိတဲ့အခါ ကျစ်ကျစ်လစ်လစ်ဖြစ်သွားတယ်။ အာ၊ပေါင်ဒါက ဘယ်ကရောက်လာတာလဲ? ငါ့ရဲ့မျက်ခွံတွေပေါ်ကို ဘာလိုအဲ့တာနဲ့ ပွတ်နေတာလဲ!?

 

 

ဆရာမကြီးကျူး ကသူမ၏စိတ်ထဲတွင် အော်ဟစ်နေစဉ် သွမ့်မုစခရင်၌ ကြောက်ရွံ့သောလေထုကလည်း ပျောက်ကွယ်သွားသည်။

 

 

 "ဟားဟားဟားဟား၊ ငါဆရာမကြီး ကျူးအတွက် တစက္ကန့်လောက် စိတ်မကောင်းဖြစ်ပါရစေ။  ငါ memes အတွက် သူမမျက်နှာကို စခရင်ရှောခ့် ရိုက်ထားပြီးပြီ။ "

 

 

 "ယဲ့ဆွေ ပြောတာမှန်တယ်။  အနီးကပ်ကြည့်လိုက်ရင် ဆရာမကြီးကျူးက အရမ်းလှတယ်။ ဒါကငါ့ကိုလှည့်စားတဲ့ သူ့ရဲ့အမိုက်စားစိတ်နေစိတ်ထားဘဲ "

 

 

"ဒါဆို ဆရာမကြီးကတောင်မှ ယဲ့ဆွေကိုဘာမှမလုပ်နိုင်ဘူးလား? အကြီးမြတ်ဆုံး အင်မော်ဒန် ယဲ့ နဲ့ ကောင်းကင်ဘုံ ဆရာမကြီးကျူးတို့ကြားတိုက်ခိုက်မှုရဲ့ ပထမအချီမှာ အကြီးမြတ်ဆုံး အင်မော်ဒန် ယဲ့က အနိုင်ရသွားကြောင်း ကြေငြာအပ်ပါတယ်! "

 

 

ကျင်းကွမ်းက ကြက်သေသေနေပြီး သူ့ကိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆန်တဲ့ မိတ်ကပ်ဆီသို့ ဆွဲခေါ်သွားမှာကိုကြောက်တာကြောင့် ရှေ့သို့မသွားရဲတော့ပေ။

 

 

အမျိုးသမီး ဧည့်သည်များက ဆရာမကြီးကျူးအား မိတ်ကပ်လိမ်းခြယ်ပေးတဲ့အခါ တန့်ကျွီက မလာခဲ့ပေ။  သူမကဟိုဘက်မှာရပ်နေပြီး လမ်းမှာစောင့်ကြည့်နေသည်။

 

 

အဝတ်လဲခန်းက အလွန်အသက်ဝင်နေသည်။ ဒါပေမယ့် စည်ကားနေသော ဤနေရာက သူမနှင့်မသက်ဆိုင်ဘူးလို့ ထင်ရသည်။

 

 

တန့်ကျွီက မှန်ကိုကြည့်လိုက်ပြီး အဲ့ဒီ့မှာသူမရဲ့မကျေနပ်မှုကို ထင်ဟပ်စေသည်။ ပွဲဦးထွက်စတားက ကျောင်းတွင် သရုပ်ဆောင်တာ သိပ်မကောင်းသော်လည်း သူမကျွမ်းကျင်မှုက ရသစုံရှိုးတွေမှာ အထွတ်အထိပ်သို့ရောက်ခဲ့သည်။

 

 

ဒါရိုက်တာ၏ တောင်းဆိုချက်အရ ယဲ့ဆွေက မိတ်ကပ်ဘရန်းတံဆိပ်ရဲ့ loco ကို ကင်မရာရှေ့တွင် တိုက်ရိုက်ထားသင့်သည်။ ဒါမှသာ တိုက်ရိုက်လွှင့်နေတာကိုကြည့်နေတဲ့ သူတစ်ယောက်ချင်းစီကလည်း ဒီဘရန်းတံဆိပ်ကို မြင်နိုင်မှာဖြစ်သည်။

 

 

ရှိုးတွင် လူသိနည်းသော အချက်များအနေနှင့် ထုတ်ကုန်များကိုထောက်ခံနိုင်သည့် ပထမတန်းစားဖြစ်တဲ့ ယဲ့ဆွေက ထိုည၌ အမှတ်တံဆိပ်၏ ရောင်းအားကိုအကြိမ်များစွာ မြင့်တက်စေခဲ့သည်။ တရားဝင်အထင်ကရစတိုးဆိုင်တွင် မှာယူမှုများမြင့်တက်လာပြီး လူကြိုက်များသောအရောင်နံပါတ်က စက္ကန့်ပိုင်းအတွင်းကုန်သွားခဲ့သည်။

 

 

ဗီဒီယိုထဲမှာယဲ့ဆွေရဲ့ နှုတ်ခမ်းနီနဲ့ eye shadow ကို စခရင်ရှောခ် လုပ်ပြီး အွန်လိုင်းမှာပိုစ့်တင်ခဲ့သည်။  သူတို့ကချက်ချင်းပဲ အွန်လိုင်းမှာကျော်ကြားသူများတဲ့ ထုတ်ကုန်ဖြစ်လာခဲ့သည်။

 

 

ကုန်အမှတ်တံဆိပ် အခကြေးငွေများအပေါ် သုံးစွဲခဲ့သည့်သန်းရာပေါင်းများစွာက ထိုက်တန်သည်ဟု ဘရန်းအမှတ်တံဆိပ်ပိုင်ရှင်များက ခံစားခဲ့ရသည်။  ဧည့်သည်များသည် အထူးသဖြင့် အကျော်ကြားဆုံး မင်းသမီးတစ် ဦးဖြစ်သော ယဲ့ဆွေ ပါ၀င်သောကြောင့် ပရိုမိုးရှင်းနှင့် ပူးပေါင်းရန်ဆန္ဒရှိကြသည်။

 

 

ဒီစတားအုပ်စုက ပြီးပြည့်စုံသည်။ လူတိုင်းက သရုပ်ဆောင်မှုမျိုးစုံကို ခံစားဖူးကြသည်။ တိတ်ဆိတ်နေတဲ့ ဆရာမကြီးကျူးတောင် အသက်ဝင်လာသည်။

 

 

ဖန်သားပြင်ရှေ့မှဝန်ထမ်းများနှင့် ပရိသတ်များအားလုံးက ယဲ့ဆွေအပေါ် အာရုံစိုက်နေကြသည်။ မည်သူမျှ တန့်ကျွီကို ဂရုမစိုက်မိချေ။ သူမက အဝတ်လဲခန်းအတွင်းသို့ ရုတ်တရက် ကြည့်လိုက်သည်နှင့် အတွင်းဘက်ထောင့်၌ နားကပ်တစ်စုံကို မြင်လိုက်ရသည်။

 

 

နားဆွဲတစ်စုံက သိသာထင်ရှားပြီး အဖိုးတန်ကာအောက်မှဆွဲသီးက အတုမဟုတ်ဘဲ စိန်စစ်စစ်ဖြစ်သည်။

 

 

စိန်ကကြီးသော်လည်း အဲ့တာကိုမြင်တဲ့သူက တန့်ကျွီတစ်ဦးတည်းသာဖြစ်သည်။

 

 

သူမဟာအခွင့်အရေးကို အခွင့်ကောင်းယူပြီး ထောင့်နားကိုသွားခဲ့သည်။ သူမနောက်က ကင်မရာမင်းကိုရှောင်ပြီး ကြမ်းပြင်ပေါ်က နားကပ်ကိုကောက်ယူကာ သူမရဲ့အိတ်ကပ်ထဲသို့ တိတ်တိတ်ကလေး ထည့်လိုက်သည်။

 

 

တန့်ကျွီက သဘာဝလွန် သတ္တဝါများကိုမကြောက်ပေ။ကမ္ဘာကြီးရဲ့ ပထမနေရာမှာ သရဲတစ္ဆေရှိတယ်ဆိုတာ သူမဘယ်တုန်းကမှမယုံခဲ့ဘူး။ ထို့ပြင် အစီအစဉ်ရဲ့ ပထမအပိုင်းကို ထုတ်လွှင့်ခဲ့ပြီးပြီ ဖြစ်သည်။  ဒီဧည့်သည်သရုပ်ဆောင်တွေက သရဲခြောက်တဲ့အိမ်ထဲမှာ ဘာမှမလုပ်ခဲ့ပေမယ့် သူတို့ကအရမ်းနာမည်ကြီးလာခဲ့ူည်။

 

 

ဒါကမော်ဒယ်အေဂျင်စီတစ်ခုရဲ့ အရင်ဆိုက်တစ်ခုပဲ။  ဒီနေရာမှာ သရဲတွေရှိတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

 

 

အဝတ်လဲခန်းထဲက ထွက်လာပြီးနောက် ဒါရိုက်တာကဧည့်သည်တွေကို လှမ်းခေါ်လိုက်သည်။

 

 

ငါတို့ဆီမှာ မင်းတို့အတွက် အထူးတာဝန်တစ်ခုရှိတယ်။ ဗွီဒီယိုတိပ်ခွေကို အတူတူကြည့်ကြပါ ”  ဒါရိုက်တာက ဒါကိုပြောတဲ့အခါမှာ သူကအနည်းငယ်ကိုးရိုးကားရားနဲ့ပြုံးလိုက်သည်။

 

 

ဒါရိုက်တာက ဒီဗွီဒီယိုတိပ်ခွေက ဘာအကြောင်းလဲဆိုတာကို မရှင်းပြခင် စက္ကန့်အနည်းငယ်လောက် ရပ်တန့်လိုက်သည်။ "ဒါကအတိတ်က မော်ဒယ်တွေရဲ့ catwalk ဗီဒီယိုပဲ "

 

 

 ညဘက်တွင် ဧည့်သည်အနည်းငယ်က ဧည့်ခန်း၌ထိုင်ပြီး သူတို့အရင်က တစ်ခါမှမမြင်ဖူးသည့် ဗီဒီယိုတစ်ခုကို ကြည့်နေကြသည်။

 

 

ဒီဧည့်သည်တွေက သူတို့ကိုထူးထူးခြားခြား အခွင့်အရေးတစ်ခုပေးတဲ့အတွက် ဒါရိုက်တာကိုကျေးဇူးတင်နေကြသည်။

 

 

ယဲ့ဆွေမှလွဲ၍ အခြားသူတွေရဲ့ မျက်နှာတွေက မသိစိတ်ကနေ ကြောက်ရွံ့မှုတွေ ပေါ်လာခဲ့သည်။ သူမကငြိမ်သက်နေပုံရသော်လည်း သူမရဲ့တည်ငြိမ်မှုကိုတဖြည်းဖြည်းချင်း ပြန်မရခင် ချန်ရှု့အား အကြိမ်အနည်းငယ်လောက် တစ်ချက်ကြည့်လိုက်သည်။

 

 

ဒီအပိုင်းကို အင်တာနက် သုံးစွဲသူတွေ မြင်တဲ့အခါ သူတို့က ဒါရိုက်တာရဲ့နည်းဗျူဟာတွေကို လေးစားဖို့လိုသည်။

 

 

ဒါရိုက်တာက ဒီဧည့်သည်တွေကို ကြောက်ရွံ့အောင်လုပ်တာက အရမ်းနာကျင်ရတယ်

 

 

 "ဒါပေမယ့် ယဲ့ဆွေက ပိုကြောက်စရာကောင်းတယ်လို့ ငါဘာလို့ထင်မိတာလဲ?"

 

 

"ဒါပေမယ့် ယဲ့ဆွေက ပိုကြောက်စရာကောင်းတယ်လို့ ငါဘာလို့ထင်မိတာလဲ? +3 အစီအစဉ်အုပ်စုလိုမျိုး ကြည့်ရှုသူတွေက ဒီရဲရင့်တဲ့ဧည့်သည်တွေကို ထပ်မံကြောက်ရွံ့နိုင်မှာမဟုတ်သလို ယဲ့ဆွေလည်း အဲ့တာကို ပြုလုပ်ရလိမ့်မယ် "

 

 

ယဲ့ဆွေရဲ့ သရဲတစ္ဆေများနှင့် ရင်ဆိုင်ရသည့်အခါ သူမ၏တည်ငြိမ်မှုကို ထိန်းသိမ်းသည့်အလေ့အထကို အင်တာနက်သုံးစွဲသူတွေက ရဲရင့်စွာအဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။

 

 

မည်သို့ပင်ဆိုစေကာမူ သူတို့၏ မျက်လုံးများတွင် ယဲ့ဆွေက အကြောက်အရွံ့ကင်းသည်။  ပုံကြီးချဲ့ရလျှင် သူမက သရဲတစ္ဆေများနှင့် မိတ်ဆွေဖွဲ့နိုင်သည်။

 

 

မရိုက်ကူးမီ ပရိုဂရမ်အဖွဲ့က ဧည့်ခန်း၌ဟောင်းနွမ်းနေသော ဆိုဖာအချို့ကို စီစဉ်ပေးခဲ့သည်။

 

 

 ပြောစရာမလိုပါဘူး။ ဒါက ကြောက်စရာခံစားချက်တစ်မျိုးဖန်တီးဖို့ တမင်တကာလုပ်ခဲ့တာ။ သူတို့က ဒီဧည့်သည်တွေကို ကြောက်အောင်လုပ်ချင်တာနဲ့ အချိန်ဖြုန်းဖို့ ခေါင်းစဉ်တစ်ခုရှိသည်။

 

 

ယဲ့ဆွေက ဆိုဖာအစွန်းသို့ ရောက်သည်နှင့် တပြိုင်နက် ထိုင်ချလိုက်ပြီး ကျင်းကွမ်းနဲ့ စုန့်ပိုင်တို့သည်လည်း သူတို့၏ အရှိန်အဟုန်ကိုမြှင့်ကာ ထိုင်ခုံများတွင် တစ်ယောက်ပြီးတစ်ယောက် နေရာယူလိုက်ကြသည်။

 

 

စုန့်ပိုင်က ယဲ့ဆွေဘေးတွင်ထိုင်ပြီး ကျင်းကွမ်းက သူမဘေးတွင်ထိုင်လိုက်သည်။ သူတို့အားလုံးက ယဲ့ဆွေနှင့်အနီးဆုံးနေရာတွင် ထိုင်လိုကြသည်။

 

 

တူညီသောစိတ်ကူးရှိတဲ့ ကျောက်ဟွေ့က အနည်းငယ်နောက်ကျသည်။ သူမက ကျင်းကွမ်း ဦးဆောင်နေတာကိုကြည့်ပြီး သူမ လိုချင်တဲ့နေရာကို လုယူခဲ့သည်။

 

 

ယဲ့ဆွေက သရဲတစ္ဆေများကို မကြောက်ရွံ့ပေမယ့် လူနှစ်ယောက်၏ လုပ်ရပ်များက သူမကိုကြောက်ရွံ့စေခဲ့သည်။

 

 

ကျောက်ဟွေ့က ကျင်းကွမ်းရဲ့ နံဘေးသို့လျှောက်သွားလိုက်သည်။ သူမကထိုင်ရမယ့်အစား သူ့ရှေ့မှာရပ်ပြီး သူ့ကိုပြုံးပြနေခဲ့သည်။

 

 

ကျင်းကွမ်းက မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သို့သော် သူက မထချင်သလို အရင်အပိုင်းကလို သူလုပ်ခဲ့တဲ့အတိုင်း သူ့ရဲ့ကြောက်ရွံ့ခြင်းကို ဖုံးကွယ်ချင်မှာမဟုတ်ဘူး။

 

 

သူမက ကျင်းကွမ်းနဲ့ တစ်ကျောင်းတည်းမှာတက်တဲ့ကျောင်းသူဖြစ်ပေမယ့် သူက တစ်နှစ်စောသည်။  သူမကပြုံးပြီးသူ့ကိုကြည့်လိုက်သည်။  "ကျင်းကွမ်း၊ အရွယ်ရောက်ပြီးတဲ့ သူတစ်ယောက် ဒီမှာနေရတာကမကောင်းဘူးလို့ မထင်မိဘူးလား? "

 

 

 “ ဒီနည်းနဲ့ကြောက်ရွံ့ခြင်းက ရှင့်ရဲ့ကြွက်သားတွေကို အလဟသမဖြစ်စေရဘူးလား? နောက်ပြီး နင့်ကိုချစ်တဲ့ပရိတ်သတ်တွေကော ဘယ်လိုလုပ်မလဲ? ”

 

 

ကျင်းကွမ်းက ဝမ်းနည်းပူဆွေးသော အကြည့်၊ ဒေါသတွေဖြင့် မတ်တပ်ရပ်လိုက်သည်။  ထို့နောက် သူကဆိုဖာ၏ အဆုံးတစ်ဖက်သို့ ရွှေ့လိုက်သည်။  ကျောက်ဟွေ့က အမှတ်တမဲ့နဲ့ စုန့်ပိုင်နှင့် အနီးကပ်ထိုင်လိုက်သည်။

 

 

ဘာဖြစ်မယ်ဆိုတာကို ဘယ်သူသိမှာလဲ? ယဲ့ဆွေ အနားမှာထိုင်တာက အကောင်းဆုံးဘဲ။

 

 

ယဲ့ဆွေက ဤအပြန်အလှန် ဆက်ဆံမှုများကြောင့် ရယ်စရာ တွေ့နေလေသည်။ နောက်ဆုံးအကြိမ်တုန်းက သူမဟာနက်ရှိုင်းသော အမာရွတ်အချို့ကို နာကျင်စေခဲ့ပုံရသည်။

 

 

ယဲ့ဆွေနဲ့ ဧည့်သည်သရုပ်ဆောင်များစွာက ကောင်းစွာပေါင်းသင်းခဲ့ကြသော်လည်း အသစ်ရောက်လာသော တန့်ကျွီက အနှောင့်အယှက်မပေးနိုင်ခဲ့ပေ။ သို့သော်လည်း သူမလည်း သူတို့နဲ့မစွက်ဖက်ချင်ဘူး။

 

 

တန့်ကျွီက " ယဲ့ဆွေလေး "ဆိုတဲ့ နာမည်ကိုလိုချင်သည်။  သူမက ယဲ့ဆွေနဲ့ အခြားဧည့်သည်များက သူမအားအထီးကျန်စေခဲ့သည်ဟူသော ထင်ယောင်ထင်မှားဖြစ်အောင် တမင်တကာဖန်တီးခဲ့သည်။ ဒါကြောင့်ပရိတ်သတ်တွေရဲ့ ကိုယ်ချင်းစာတရားကိုရရှိဖို့ဖြစ်သည်။

 

 

ကျင်းကွမ်းက ဆိုဖာအစွန်းတွင် ဝမ်းနည်းစွာထိုင်ခဲ့သည်။ သူက တစ်ယောက်တည်းအထီးကျန်နေတဲ့ တန့်ကျွီကို သတိပြုမိပြီး ကျောက်ဟွေ့ ရဲ့နေရာကို ညွှန်ပြလိုက်သည်။  "တန့်ကျွီ၊ မင်းကြောက်ရင် ယဲ့ဆွေ ဘေးမှာထိုင်လေ "

 

 

တန့်ကျွီ က သူမရဲ့ခေါင်းကိုခါလိုက်သည်။  "မထိုင်တော့ပါဘူး။ ကျွန်မဒီမှာပဲထိုင်လိုက်မယ်"

 

 

တစ်ချိန်တည်းမှာပင် တန့်ကျွီက သူမအလွန်စိတ်ထိခိုက်သွားဟန်နဲ့ ယဲ့ဆွေကို ကြည့်လိုက်သည်။

 

 

ယဲ့ဆွေက တန့်ကျွီရဲ့အမြင်အာရုံလမ်းကြောင်းကိုသတိပြုမိသော်လည်း သူမ ဂရုမစိုက်ပေ။ သူမက တန့်ကျွီကို အေးအေးဆေးဆေးပြန်ကြည့်လိုက်သည်။

 

 

ကျောက်ဟွေ့က တန့်ကျွီရဲ့ ကြိုးစားမှုကို ပထမအကြည့်တစ်ချက်တွင်မြင်လိုက်သည်။ သို့သော်  သူမအဲ့တာကိုမပြသခဲ့ပေ။ သူမစိတ်ထဲတွင်သာ ကွန်ပလိန်းတက်နေမိသည်။  အငယ်ဆုံးလေး စုန့်ပိုင်တောင်မှ ယဲ့ဆွေ အပေါ်ထားရှိတဲ့ တန့်ကျွီ ရဲ့သဘောထားကြောင့် တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။

 

 

တုံးအသော ကျင်းကွမ်းအတွက်ကတော့ ယဲ့ဆွေဘေးရှိနေရာက သူမနှင့်အနည်းငယ်ဝေးသောနေရာကဲ့သို့အဖိုးတန်သည်။ တန့်ကျွီ ဘူးခံငြင်းကတည်းက သူအဲ့တာကိုမလိုချင်ပေ။ သူ့ကိုအဲ့တာက ကြိုဆိုနေခဲ့သည်။

 

 

ယဲ့ဆွေက တီဗီရီမုကို သူမရှေ့တွင်မြင်လိုက်သည်နှင့် ၎င်းကို ယူရန်အစပြုလိုက်သည်။

 

 

အခြားသူများအတွက် ရီမုက ဗုံးတစ်လုံးနှင့်တူသည်။  အဲဒီပေါ်မှာဘာတွေပါလဲဆိုတာ ဘယ်သူသိမှာလဲ? ယဲ့ဆွေသာလျှင် အဲ့တာကို ယူရန်သတ္တိရှိသည်။

 

 

ယဲ့ဆွေက တီဗီကို ချက်ချင်းမဖွင့်ပေ။ အဲဒီ့အစား သူမကဒါရိုက်တာအား “ ဒါရိုက်တာစွင်း၊ ရှင်က ဆိုဖာအဟောင်းနဲ့ တီဗီ တစ်လုံးကို ပြင်ဆင်ခဲ့ပေမယ့် တစ်ခုကိုတော့မေ့နေတယ်နော် ”လို့ပြောလိုက်သည်။

 

 

စုန့်ပိုင်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးက ယဲ့ဆွေအား သူမနောက်ထပ် ဘာပြောလာမလဲဆိိုတာကိုမသိတော့ ကြောင်တောင်တောင်နဲ့ ကြည့်လိုက်ကြသည်။

 

 

သူ့ရဲ့ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသခဲ့သူ ဒါရိုက်တာ စွင်းက ရဲတင်းလွန်းစွာနဲ့ ပြုံးလိုက်သည်။  "မင်းဘာလိုချင်လို့လဲ?"

 

 

ယဲ့ဆွေက ကျွန်မတီဗီကြည့်တဲ့အခါ အဆာပြေစားတာနဲ့ အချိုရည်သောက်ရတာကိုကြိုက်တယ်။ အဲ့လိုမှမဟုတ်ရင် တီဗွီကြည့်ရတာက အရမ်းပျင်းဖို့ကောင်းတယ် "လို့ပြန်ဖြေလိုက်သည်။

 

 

ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော ရုပ်ရှင်တစ်ခု၏ ရှေ့ပြေးနိဂုံးပိုင်းက ယဲ့ဆွေ၏ လက်ဖက်ရည်ပါတီအခန်းအဖြစ် ရှင်းရှင်းလင်းလင်းကြီး အဆုံးသတ်သွားသည်။  လေထုက ရုတ်တရက် အေးချမ်းသွားသည်။

 

 

ဒါရိုက်တာ စွင်းက ယဲ့ဆွေ၏ ဦးနှောက်ပတ်လမ်းကို မထိန်းထားနိုင်ချေ။ သူက သူမ၏တောင်းဆိုချက်ကိုသာ တုံ့ပြန်နိုင်ပြီး အဆာပြေမုန့်တွေနဲ့ အချိုရည်များကို သူတို့ရှေ့တွင်ထားခဲ့သည်။

 

 

 စားပွဲပေါ်မှ အဖြူရောင် မက်မွန်သီးအရသာဆိုဒါကို ယဲ့ဆွေတွေ့တဲ့အခါ သူမမျက်လုံးတွေက တောက်ပလာသည်။  သူမက ဆိုဒါကိုသောက်ရင်း ချန်ရှု့ကိုချောင်းကြည့်လိုက်သည်။

 

 

ချန်ရှု့က သူမနဲ့ဝေးတဲ့နေရာမှာရပ်နေသော်လည်း သူမရဲ့တုံ့ပြန်ပုံကို သူမြင်ဖူးသည်။

 

 

အခြားဧည့်သည်များက စားပွဲပေါ်ရှိမုန့်များကို အာရုံစိုက်နေတာကိုမြင်တော့ ယဲ့ဆွေက ဂရုမစိုက်နဲ့ ချန်ရှု့ကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့လက်ထဲရှိ ဆိုဒါကိုလှုပ်ပြလိုက်သည်။

 

 

ချန်ရှု့က သူမ၏ရည်ရွယ်ချက်ကို နားလည်လိုက်သည်။  သူ့နှုတ်ခမ်းများက ကွေးညွှတ်သွားကာ သူ့မျက်လုံးထဲတွင် အပြုံးတစ်ခုက စီးဆင်းနေသည်။

 

 

ယဲ့ဆွေက အချိုရည်ကိုသောက်နေစဉ် အရင်က သူမသောက်ဖို့အတွက် ဆိုဒါအချိုရည်ကို ချန်ရှု့၀ယ်ပေးထားတာလို့ သူမကို ချန်ရှု့ပြောပြထားတဲ့ဟာကို ပြန်တွေးလိုက်သည်။

 

 

ဆိုလိုသည်မှာ ချန်ရှု့က သူမအားစိတ်ပူနေခြင်းဖြစ်သည်။  သူမအဲ့အကြောင်း တွေးမိတော့ သူမပါးစပ်ထောင့်က အပြုံးတစ်ခုဖြစ်သွားခဲ့သည်။

 

 

 ဆိုဒါကိုသောက်နေစဥ် တစ်ခစ်ခစ်ရယ်နေတဲ့ ယဲ့ဆွေကို စုန့်ပိုင် ကြည့်လိုက်သည်။  သူမအံ့သြသွားသည်။  "အဲဒါသောက်လို့ကောင်းလား?"

 

 

ယဲ့ဆွေ သီးလုနီးပါးဖြစ်သွားသည်။ သူမက အဖုံးကိုပိတ်ပြီး စားပွဲပေါ်မှ ဆိုဒါတစ်ပုလင်းကို ကောက်ယူလိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။  “ အရသာရှိတယ်......…အဲဒါကအရသာရှိတယ်

 

 

ထုတ်ကုန်ကို အကြံပေးခံရခဲ့သော စုန့်ပိုင်က အဖုံးကိုတိတ်ဆိတ်စွာ ဖွင့်လိုက်သည်။

 

 

အင်တာနက်သုံးစွဲသူတွေက ရယ်ရယ်မောမောဖြစ်ခဲ့ကြသည်။

 

 

ညဉ့်နက်သန်းခေါင်မှာ ဒီလိုဗွီဒီယိုအဟောင်းကို ကြည့်နေတယ်။ မုန့်ကပါးစပ်ထဲ (သို့) နှာခေါင်းထဲကို ၀င်သွားလားဆိုတာကိုတောင် ငါမသိတော့ဘူး။ ယဲ့ဆွေကပဲ ဒီအရာကိုဖယ်ရှားနိုင်တယ် ”

 

 

 "ယဲ့ဆွေက ဒီဆိုဒါမျိုးကို သောက်ရတာအရမ်းကြိုက်ပုံရတယ်။ မနက်ဖြန် ငါတစ်သေတ္တာဝယ်ပစ်မယ် "

 

 

ယဲ့ဆွေ မသိလိုက်တာက သူမရဲ့မရည်ရွယ်ထားတဲ့အပြုအမူက အဖြူရောင် မက်မွန်သီးအရသာဆိုဒါတွေရဲ့ရောင်းအားကို အလျင်အမြန်မြင့်တက်စေခဲ့တယ်ဆိုတာပဲ။

 

 

တန့်ကျွီ အကြောင်းဆွေးနွေးတဲ့ အင်တာနက်သုံးစွဲသူ အချို့လည်းရှိခဲ့သည်။  သူမကသူ့ကိုယ်သူမြှင့်တင်ဖို့အတွက် " ယဲ့ဆွေလေး  " ဖြစ်ချင်ခဲ့ပေမဲ့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို သူမ မမျှော်လင့်ထားခဲ့ဘူး။

 

 

"တန့်ကျွီ ဘာဖြစ်နေတာလဲ? ယဲ့ဆွေက သူမကိုစကားအနည်းငယ်တောင်မပြောခဲ့ဘူး။ ဒါဆို သူမရဲ့မျက်လုံးတွေက ဘယ်လိုများ ဒီလောက်တောင် နာကျင်နေရတာလဲ? "

 

 

အဖွဲ့လိုက်ပျော်နေချိန်မှာ စိတ်ညစ်စရာလုပ်နေတဲ့ တန့်ကျွီကလွဲလို့ တခြားဧည့်သည်တွေ ကြားဆက်ဆံရေးက အရမ်းကောင်းတယ်။ ဒါကတိုက်ရိုက်ထုတ်လွှင့်မှုအတွက်မဟုတ်ရင် ငါသူမကိုတိုက်ရိုက်ကျော်သွားပစ်မိမှာ ”

 

 

ဗီဒီယိုက နောက်ဆုံးတွင်စတင်ခဲ့သည်။ မီးတွေ ရုတ်တရက် ပျက်မသွားမီ စက္ကန့်ပိုင်းမျှသာ သူတို့ကြည့်ခဲ့ကြရသည်။ တန့်ကျွီက သတိမပေးဘဲ အော်ဟစ်လိုက်ပြီး လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့သည်။

 

 

ဒါရိုက်တာက ခပ်ယဲ့ယဲ့ရယ်လိုက်သည်။  “ မီးပိတ်လိုက်တာက ပိုပြီး အနုပညာမြောက်တယ်။ ”

 

 

တစ်ခန်းလုံး အမှောင်ကျသွားသည်။  တီဗီဖန်သားပြင်ပေါ်မှ အလင်းရောင်ကသာ ဧည့်သည်များ၏မျက်နှာတွေကို တောက်ပစေခဲ့သည်။

 

 

ဗွီဒီယိုမကြည့်မီ ယဲ့ဆွေကသူ့ကိုယ်သူပြင်ဆင်ထားသည်။ ပရိုဂရမ်အဖွဲ့က သေချာပေါက်လှည့်ကွက်များကို ကစားလိမ့်မည်။ ၎င်းသည် ဗီဒီယိုကို ထိုးလိုက်ခြင်းသာဖြစ်သည်။  အလယ်၌ဆူညံသံအချို့နှင့် ဆီးနှင်းပွင့်များရှိခဲ့သည်။

 

 

ယဲ့ဆွေက စုန့်ပိုင်နှင့် ကျောက်ဟွေ့ကို တိတ်တဆိတ်ပြောခဲ့သည်။ "အဆင်သင့်လုပ်ထား။  တီဗီက ချို့ယွင်းတာဖြစ်နိုင်တယ်။ ”

 

 

 သူမအသံထွက်လာချိန် ဗွီဒီယိုကရပ်သွားခဲ့ပြီး ဖန်သားပြင်က ကွဲအက်သံများနှင့်အတူ စတင်လောင်ကျွမ်းသွားခဲ့သည်။

 

 

သူ့ရဲ့နားရွက်တွေ ထောင်သွားသောအခါ ကျင်းကွမ်းက ယဲ့ဆွေ စကားများကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။  သို့သော် သူ့ရဲ့နားတွေက ရုတ်တရက် အော်သံများနှင့် ပြည့်နှက်သွားပြီး သူ့ကိုထိတ်လန့်စေကာ သူနောက်ကိုလိုက်ခဲ့သည်။

 

 

ကျင်းကွမ်းလည်း အကျယ်ကြီးအော်ဟစ်လိုက်တော့ စုန့်ပိုင်ကို ချက်ချင်းပွေ့ဖက်ထားသည့် ကျောက်ဟွေ့ကိုကြောက်ရွံ့သွားစေခဲ့သည်။  ကွင်းဆက်တုံ့ပြန်မှုအောက်တွင် စုန့်ပိုင်က ယဲ့ဆွေကို တွယ်ကပ်နေခဲ့သည်။  ထို့နောက် ယဲ့ဆွေက သက်သာသွားစေရန် ချန်ရှု့ဘက်သို့လှည့်လိုက်သည်။

 

 

ဒါရိုက်တာရဲ့မျက်နှာက ရှုပ်ထွေးနေသည်။  သူပြင်ဆင်ထားသောဗီဒီယိုက ဧည့်သည်များကိုကြောက်ရွံ့လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။  အဲဒီအစား လှည့်စားတာက တန့်ကျွီ ရဲ့အော်သံဘဲ။

 

 

တန့်ကျွီရဲ့ အော်သံအတွက် ခဏခဏကြည့်ပြီးနောက်မှာ အခြားဧည့်သည်များက ငြိမ်သက်သွားသည်။ သူတို့က တန့်ကျွီရဲ့ ရုတ်တရက်ကြီး အော်ဟစ်တဲ့အသံကို သတိထားနေသရွေ့ ကြောက်ရွံ့စရာက ဘာမျှမရှိပုံရသည်။

 

 

လမ်းတစ်ဝက်တွင် ယဲ့ဆွေ ရေဆာလာသည်။  သူမကဆိုဒါပုလင်းကိုကောက်ယူလိုက်ပြီး စတင်သောက်လိုက်သည်။  စိတ်ကူးတစ်ခုကရုတ်တရက် သူမကိုရိုက်ခတ်လာသောအခါ သူမကပုလင်းအဖုံးကို ပိတ်လိုက်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ တည်နေရာကို ဆုံးဖြတ်ရန် တီဗီမှအလင်းကိုသုံးလိုက်သည်။ ထို့နောက် သူမက သူမရဲ့ဆုပ်ကိုင်မှုကို ချော်ထွက်သွားသလို ဟန်ဆောင်ခဲ့သည်။  ဆိုဒါက သူမလက်မှလျှောကျသွားပြီး ချန်ရှု့ရဲ့ခြေထောက်တွေဆီသို့ လှိမ့်သွားခဲ့သည်။

 

 

ချန်ရှု့ ကြက်သေသေသွားသည်။ သူကခြေထောက်နားက ပုလင်းကိုကောက်ကိုင်လိုက်ပြီး ပစ္စည်းတွေကိုပြန်ပေးသလိုနဲ့ ယဲ့ဆွေဆီ ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်။

 

 

ယဲ့ဆွေက ချန်ရှု့ကို ခေါ်ရန် အကြောင်းပြချက်တစ်ခုရှိခဲ့သည်။  ချန်ရှု့က အောက်ငုံ့ချလိုက်ပြီး ဆိုဒါကိုသူမအားပေးလိုက်သောအခါ သူမ၏ရဲစွမ်းသတ္တိက ခေါင်မိုးပေါ်သို့ကျသွားသည်။ သူမက သူ့ရဲ့လက်ကိုဖျစ်ညှစ်ရန်အခွင့်အရေးကို အခွင့်ကောင်းယူခဲ့သည်။

 

 

ကံကောင်းထောက်မစွာ၊ ဒါရိုက်တာက မီးကိုပိတ်လိုက်ပြီး မြင်ကွင်းက တစ်ဖန်ပြန်မှောင်သွားသည်။  ဖန်သားပြင်မှအားနည်းသော အလင်းရောင် အနည်းငယ်ရှိလျှင်တောင်မှ ယဲ့ဆွေ၏ လုပ်ဆောင်ချက်ကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။

 

 

ယဲ့ဆွေက ချန်ရှု့ရဲ့ လက်ကိုဆုပ်ကိုင်လိုက်သောအခါ သူမက "ကျေးဇူးတင်ပါတယ်" ဟု ညင်ညင်သာသာပြောခဲ့သည်။

 

 

ချန်ရှု့ ရယ်လိုက်ပြီး သူ့ရဲ့ယခင်အနေအထားသို့ပြန်သွားလိုက်သည်။

 

 

ယဲ့ဆွေက ဆိုဖာပေါ် မှီထားပေမယ့် သူမရဲ့နှလုံးခုန်သံက ပိုမြန်လာခဲ့သည်။ သူမနဲ့ ချန်ရှု့ရဲ့လုပ်ရပ်များက အခြားသူများ၏ မျက်လုံးများအောက်တွင် ပရောပရည်လုပ်ခြင်းနှင့်တူသည်။

 

 

ထို့ကြောင့် ဤသည်မှာ လူအများရဲ့မျက်လုံးတွေရှေ့မှာ  တိတ်တဆိတ် ချစ်ခင်မှုကို ပြသခြင်းဟု ခံစားခဲ့ရသည်။

 

 

 ယဲ့ဆွေက သူမ၏ပြင်းထန်သောနှလုံးသားကို ဖုံးအုပ်ထားသည်။ မှိန်ဖျော့သော အလင်းရောင်ကြောင့် တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။  ဒီလိုမှမဟုတ်ရင် သူမမျက်နှာမှာ ရုတ်တရက် နီမြန်းလာနေတဲ့အရာတွေကို ရှင်းပြနိုင်မှာမဟုတ်ဘူး။