ရှည်လျားကာ သူ့ခြေထောက်များကို အရှေ့သို့ အနည်းငယ် ဆန့်ထားသည်။ ဖုကျန်းမှာ သူ့ဘေးတွင် ငုတ်တုတ်ထိုင်နေပြီး သူ့ခေါင်းမှာ ကျန်းဟန်ရှု၏ပေါင်နှင့် ထိလုနီးပါးဖြစ်နေသည်။ ခေါင်းကိုလှည့်လိုက်ချိန်တွင် ဖုကျန်းက အသက်ရှုလိုက်သည်။ အသက်ရှုသံမှာ အဝတ်အစားမှတစ်ဆင့် သူ့တစ်ကိုယ်လုံး ဖြတ်သန်းသွားသောကြောင့် ကျန်းဟန်ရှုမှာ ကြွက်သားများတောင့်တင်းလာပြီး အာခေါင်ခြောက်သွေ့လာသည်။
အပေါ်ယံတွင် တည်ငြိမ်နေဟန်ရှိသော်ငြား သူ့မျက်ဝန်းများကမူ အပြုံးဖျော့ဖျော့လေးဖြင့် ငြင်သာနူးညံ့နေသည်။
အခန်းထဲမှ လေထုမှာ ပိုပူလာပြီး အဆောက်အဦးထဲမှ မြောက်လေတိုက်မှုကြောင့် ပလက်စတစ်အချင်းချင်း ပွတ်တိုက်သံများပင် ထွက်ပေါ်လာသည်။
ဖုကျန်း သေတ္တာကို ကုတင်အောက်သို့ ပြန်ထည့်လိုက်ကာ ကျန်းဟန်ရှုရှေ့သို့ တူကိုမြှောက်ပြရင်း ပြောလိုက်သည်။
ကျန်းဟန်ရှုက ခေါင်းယမ်းကာပြောလိုက်သည်။ မဟုတ်လျှင် သူနှစ်ယောက်စာ ဝယ်ခဲ့မည်ဖြစ်သည်။
ဖုကျန်း အခုလေးတင်ထုတ်လာသောတူကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူ့တွင် ချစ်ရေးချစ်ရာ အတွေ့အကြုံမရှိသည့်အတွက် ကျန်းဟန်ရှုအား သူ့ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ကမောက်ကမ ဖြစ်စွာ စိတ်ကျေနပ်စေခဲ့သည်။
စုံတွဲများအကြား ကျေးဇူးပြုပြီးဟူသော စကားလုံးကို မသုံးသင့်ပေ။ သူသည် ကျန်းဟန်ရှုအား သူနှင့်အတူနေစဉ်တွင် တစ်ယောက်တည်းနေချိန်ထက် ပိုမိုပျော်ရွှင်စေလိုသည်။
သူ ဖက်ထုပ်ပေါင်းသေးသေးလေးတစ်လုပ်ကို ကျန်းဟန်ရှုအား ခွံ့ကျွေးလိုက်သည်။
ကျန်းဟန်ရှုအနေဖြင့် ဖုကျန်းဒီလိုလုပ်လိမ့်မည်ဟု သူမျှော်လင့်မထား။ ဖုကျန်း၏ မျက်ဝန်းနက်များမှာ အလင်းရောက်အောက်တွင် မီးတောင်ကျောက်ကဲ့သို့ တလက်လက်တောက်ပနေသည်။ ထိုပုံရိပ်ကြောင့် ကျန်းဟန်ရှုသည် ပါးစပ်ကိုဟကာ တစ်လုပ်ထဲ မျိုချလိုက်သည်။
ဖုကျန်း မျက်ဝန်းလေးများ ကွေးညွတ်အောင်ပင်ပြုံးလိုက်မိသည်။
သူက ကျန်းဟန်ရှုဘေးတွင် ထိုင်နေပြီး အစောလေးကမှ သူ့ကိုဖက်ထုပ်ပြုတ်ကျွေးထားသော တူဖြင့်ပင် ဆေးဘဲဥဆန်ပြုတ်ကို ကိုင်ထားသည်။
ကျန်းဟန်ရှု သူ့ဆွယ်တာအင်္ကျီမှ ကော်လာကိုဆွဲကာ ခြေထောက်ကို ထပ်ထိုင်လိုက်သည်။ အခန်းထဲမှ လေမှာ ပိုပူလာသယောင်။
ဖုကျန်းပုံစံအရ သူ့ကိုထပ်ခွံကျွေးရန် အကြံရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဦးစွာ ပြောလိုက်သည်။
"....ဆက်စားလိုက်တော့ ကိုယ် ထပ်မစားတော့ဘူး.."
ထို့နောက် ဖုကျန်း၏ အစာဝါးစားနေသံသေးသေးလေးမှလွဲ၍ တစ်ခန်းလုံးတိတ်ဆိတ်နေလေသည်။
ကျန်းဟန်ရှု ဖုကျန်းအခန်းကို ဝေ့ကြည့်လိုက်သည်။
တကယ်တမ်း ကောင်းသည့်အချက်ဟူ၍မရှိ။ ဖုကျန်း၏အခန်းမှာ သေးပြီး နုံချာသည်။ ကုတင်မှလွဲ၍ အခြားပရိဘောဂကြီးကြီးမားမား ထားရန် နေရာလွတ်မရှိ။ နံရံမှာ အဝါရောင် ကုတ်ခြစ်ရာအဟောင်းများဖြင့် ပြည့်နှက်နေသည်။ ကုတင်အစွန်းတွင် ဖုကျန်း၏ ပုံကြမ်းစာအုပ်ရှိနေသည်။ ကျန်းဟန်ရှုက စာမျက်နှာတိုင်းကို လှန်ကြည့်လိုက်သည်။
ဖုကျန်း စားသောက်ပြီးနောက် ပလက်စတစ်ဘူးများကိုသိမ်းကာ မနက်ဖြန် အပြင်ထွက်လျှင် လွှင့်ပစ်ရန် ထားထားသော အမှိုက်အိတ်ထဲသို့ ထည့်လိုက်သည်။
ကျန်းဟန်ရှု သူ့ကို ငေးနေရင်း ပြောလိုက်သည်။
".မနက်ဖြန် ညစာထွက်စားကြရအောင်..."
ဖုကျန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။ ကျန်းဟန်ရှုပြောသည်ကို မကြားလိုက်၍ သူ့လက်လှုပ်ရှားနေခြင်းမှာလည်း ရပ်တန့်သွားခဲ့သည်။
ကျန်းဟန်ရှုက တည်တည်ငြိမ်ငြိမ်ပဲ ထပ်ဖြည့်ပြောလိုက်သည်။
"...သူငယ်ချင်းတစ်ချို့နဲ့ မိတ်ဆက်ပေးမလို့..."
သူ ချက်ခြင်းပဲ ကျန်းဟန်ရှုဆိုလိုသည်ကို နားလည်သွားသည်။ ယေဘုယျအားဖြင့် ချစ်ကြိုက်သည့်အဆင့်သို့ရောက်လျှင် လူအများစုသည် သူတို့ စင်ဂယ်မဟုတ်တော့မှန်း ကြော်ငြာရန် Weibo သို့မဟုတ် we chat moment တွင် post တင်ကြသည်။ အခု ကျန်းဟန်ရှုမှာလည်း ထိုနည်းတူစွာပင် သူ့သူငယ်ချင်းတွေနှင့် မိတ်ဆက်ပေးလိုခြင်းဖြစ်မည်။
ဖုကျန်း အလွန်ပျော်သွားမိသည်။ ထိုသည်မှာ ကျန်းဟန်ရှုက ကောက်ရိုးမီးမဟုတ်သည်ကို ဖော်ပြနေသည်။
သူ့အပြုအမူလေးက ဖုကျန်း၏နှလုံးသားကို တစ်ဆင့်ပြီးတစ်ဆင့် သိမ်းပိုက်လိုက်လေသည်။
ဖြစ်နိုင်လျှင် သူလည်း ကျန်းဟန်ရှုကို သူကောင်းကောင်းသိသူများနှင့် မိတ်ဆက်ပေးချင်သော်လည်း သူ့တွင် ပြောစရာလူတစ်ယောက်မှ မရှိပေ
ဟိုကိစ္စဖြစ်ခဲ့တုန်းက သူ့ဆွေမျိုးများနှင့် သူငယ်ချင်းများအားလုံးက ထန်ဝမ်ဝမ်၏ဘက်တွင် ရပ်တည်ကာ သူနှင့်သွေးတစ်ဝက်နှောသော မိန်းကလေးကို ထိုသို့ကောက်ကျစ်သော နည်းလမ်းများ မသုံးသင့်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။
ထိုစဉ်က သူနှင့်ထန်ဝမ်ဝမ်ကြားမှ ဝိရောဓိမှာ ပြင်းပြသော အခြေအနေသို့ ရောက်ရှိနေသည်။ ထန်ဝမ်ဝမ်နှင့် ချွင်ကျောင်းတို့၏ သင်ခန်းစာပေးခြင်းကို ခံရပြီးပြီးချင်း ထန်ဝမ်ဝမ်ကို အလွန်အကျူး အကာအကွယ်ပေးသော ဖုကျန်းချန်နှင့် ဖုထင်းတို့၏ တစ်ဖက်သတ် ပြစ်တင်ပြောဆိုမှုများကို ခံလိုက်ရသည့်အတွက် သူသည် ထန်ဝမ်ဝမ်ကိုညသင်ခန်းစာ ပြန်ပေးချင်ခဲ့သည်။ သင်ခန်းစာသေးသေးလေးသာဖြစ်သော်လည်း သူသည် ကောက်ကျစ်ကာ ထန်ဝမ်ဝမ်ကို မသန်စွမ်းဖြစ်စေချင်သည်ဟူ၍ ဇာတ်ကြောင်းက ပြောင်းသွားသည်။
အဆုံးသတ်မှာတော့ သူကမှ တကယ်မသန်စွမ်းဖြစ်သွားတာပဲ။
ဒါပေမယ့် အခု ဘာလို့ ဒါတွေကို ပြန်အစဖော်ရမှာလဲ စိတ်ရှုပ်ဖို့ကောင်းအောင်
တစ်ခါတစ်လေတော့ သူတွေးမိတယ် သူက ထန်ဝမ်ဝမ်ကို တကယ်ကို သဘောမကျလို့ ဒါတွေဖြစ်တဲ့အချိန်မှာ လူတိုင်းက သူ့ကိုစွန့်ခွာသွားကြတာလား
အခုတော့ သူ့မှာ ကိုယ်ပိုင်ဘဝရှိသွားပြီ အတိတ်ဆိုး၏ အရိပ်အနည်းငယ်ရှိသေးသော်ငြား တစ်ချိန်ချိန်တွင် မှတ်ဉာဏ်ထဲမှ တစ်ဖြေးဖြေးပျောက်ကွယ်သွားမည်ဖြစ်သည်။ သူအိုမင်းလာချိန်တွင်တော့ သူနှင့်အတူ မြေကြီးထဲတွင် မြှုပ်နှံသွားမည်ဖြစ်သည်။
ကျန်းဟန်ရှု ဖုကျန်း၏ စိတ်အပြောင်းအလဲကို သတိထားမိလိုက်သောကြောင့် စကားမပြောဘဲ သူ့ကို ငြိမ်ငြိမ်လေး ကြည့်နေလိုက်သည်။ ဖုကျန်း တစ်ဖြေးဖြေး စိတ်တည်ငြိမ်လာချိန်ရောက်မှ မေးလိုက်သည်။
ဖုကျန်း ခေါင်းညိတ်လိုက်သည်။
အမှိုက်ကို တံခါးဝတွင်ထားလိုက်ကာ ကျန်းဟန်ရှု၏ရှေ့တွင် မတ်တပ်ရပ်ပြီး ကုတင်ပေါ်တွင်ထိုင်နေသောသူကို ငုံ့ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြား ပိုရင်းနှီးလာပြီဖြစ်သော်ငြား အနည်းငယ်တော့ မျက်နှာပူနေသေးသည်။
သူ့ခေါင်းပေါ်ရှိ မီးအိမ်၏ အလင်းရောင်မှာ မထိန်လင်းလှ။ ဖုကျန်း၏အရိပ်က ကျန်းဟန်ရှုပေါ်တွင်ထင်ဟပ်နေသည်။ ကျန်းဟန်ရှုက ခေါင်းကိုမော့လိုက်သောကြောင့် အကြည့်များ ရောယှက်သွားသည်။ ဖုကျန်းမှာ အညှို့ခံလိုက်ရသလိုပင်။
သူတို့နှစ်ဦး ထပ်တူကျရန် နှစ်လှမ်းသာ လိုပေတော့သည်။
ကျန်းဟန်ရှုမှာ ခြေထောက်များအား ကားထားပြီး ဖုကျန်းက သူ့ခြေထောက်နှစ်ဖက်ကြားတွင် မတ်တပ်ရပ်နေသည်။
ဖုကျလက်ကိုမြှောက်ကာ ကျန်းဟန်ရှု၏ပုခုံးပေါ်တင်လိုက်သည်။
ဖုကျန်းတစ်ယောက် ဘာဆက်လုပ်ရမလဲမသိတော့ပဲ ကျန်းဟန်ရှု၏ မျက်ဝန်းပြာများကိုသာ ငေးကြည့်နေမိတော့သည်။