Chapter 179
ပန်းမိသားစု၏ ပိုင်ဆိုင်မှုကို သိမ်းယူပြီးနောက်၊ ပန်းဟမ် နှင့် ဆက်ဆံရေးကောင်းမွန်သော သခင်လေးများစွာက သူ့ကို ရွှေ၊ ငွေနှင့် အခြား အဖိုးတန်ပစ္စည်းများ လျှို့ဝှက်ပေးနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ရုံရှားသည် ပန်းမိသားစုအား ပစ်ပယ်မသွားဘဲ အဆုံးထိထောက်ပံ့ပေးသောကြောင့် သူတို့အနေနှင့်မကူညီလိုက်ရပေ။
နောက်ပိုင်းတွင်၊ ဖုန်းနင်း ဧကရာဇ်သည် ပန်းမိသားစုဝင် သုံးဦးကို နေအိမ်အကျယ်ချုပ်ချထားပြီးနောက်၊သူတို့လည်း နည်းလမ်းရှာကြသည်။ သို့သော် သူတို့မိသားစုများပါ ပိုင်ဆိုင်မှုအသီးသီး အသိမ်းခံခဲ့ကြရ၏။သူတို့သည် မျိုးရိုးလိုက်ပြီး ရာထူးရှိနေခြင်းဖြစ်ကာ မှန်တကယ် ဩဇာမရှိပေ။ ဖုန်းနင်း ဧကရာဇ်သည်လည်း သူတို့၏ ရာထူးများ၊ပိုင်ဆိုင်မှုများကို သိမ်းယူဖို့အထိ ပြင်ဆင်နေတာကြောင့် သူတို့လည်း ဘာမှလုပ်မရပေ။
ရုံမိသားစု၏စစ်တပ်သည် မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် အဆိုပါ ဆန်ကုန်မြေလေး သခင်လေးတို့သည် လက်ပိုက်၍ကြည့်နေကြသည်။ယခုဆို သူတို့၏ ရာထူးများကို ပြန်လည်ရယူနိုင်ခြင်း မရှိသော်လည်း တရားရုံးက သိမ်းယူထားသော မိသားစုပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ခဲ့သည်။ဤသည်က သူတို့အတွက်၊ မမျှော်လင့်ထားသည့် အံ့သြစရာပင်။
အထူးသဖြင့်၊ တရားရုံးတွင် ရုံရှားကို ကူညီပေးခဲ့သူများကို ယခုအခါ ရာထူးအသီးသီး ပေးထားသည်။
ဆန်ကုန်မြေလေးများကလည်း လိမ္မာပါးနပ်ကြသည်။ ဧကရာဇ်ကို ကျေးဇူးတင်ဖို့ နန်းတော်သို့သွားရမှာရှက်နေကြသည်။ထို့ကြောင့် မိန်းမစိုးများရှေ့တွင်ပင် နန်းတော်ဘက်သို့ ကြိမ်ဖန်များစွာ ခေါင်းငုံ့ဂါဝရပြုကာ ဧကရာဇ်အသစ်အား မြှောက်ပင့်ပြောဆိုကြ၏။နောက်တစ်နေ့တွင် သူတို့သည် လက်ဆောင်များနှင့်အတူ ကျင့်ထင်အိမ်တော် သို့ သွားကြသည်။
ဧကရာဇ်သစ်က ယခုမှနန်းတက်စဖြစ်၍ မိသားစုတွင်း အကြီးအကဲများသည် ယခုအချိန်တွင် ဂိုဏ်းခွဲမဖွဲ့ဝံ့ကြပေ။ ထို့ကြောင့် လက်ဆောင်လာပေးသူများမှာ မျိုးဆက်သစ်လူငယ်များဖြစ်ကာ ပန်းမိသားစု၏ တံခါးဆီသို့ သွားရန် အကြောင်းပြချက်ရှာကြသည်။မင်းဆက်အပြောင်းအလဲကြောင့် မျိုးဆက်သစ်လူငယ်များ၏ ခံယူချက်က အရင်ကထက် ပိုပြီး လူကြီးဆန်လာခဲ့သည်။သူတို့ စကားစမြည်ပြောကြလျှင်ပင် ရှေးပညာရှိကြီးများအကြောင်း ပြောကြသည်။
ပန်းဟမ်က ယဉ်ကျေးမှုမရှိဘဲပြောလေသည်။
"တရားရုံးက အမှုထမ်းဖို့ ကမ်းလှမ်းတာကို မင်းတို့မိသားစုက အကြီးအကဲတွေက ငြင်းဆိုလိုက်တယ်ဟုတ်လား၊ အရှင်မင်းကြီးက အရည်အချင်း၊ အရည်အချင်းရှိပြီး ပြည်သူကို ဂရုမစိုက်တဲ့သူတွေကို လိုချင်တာလေ..."
ပန်းဟမ်က သေချာစွာ ခေါင်းခါလိုက်သည်။
"အရှင်မင်းကြီးကအရည်အချင်း၊အကျင့်၊သမာဓိ တွေကိုကြည့်ပြီး ခေါ်ယူတာ၊ တကယ်လို့ အရည်အချင်းရှိတဲ့ အရာရှိက မလာဘူးဆိုရင်တောင် ဧကရာဇ်က လူလွှတ်ပြီးအခေါ်လွှတ်တာ"
သခင်လေးတစ်ယောက်က လှောင်ပြောင်သလို ပြောသည်။
"ဟုတ်လား၊ ဝမ်းသာစရာပါပဲ၊ ဒါပေမယ့် အရင်မင်းဆက်တုန်းက ကြားနေသူတွေလည်းရှိသေးတယ်လေ၊ သူတို့ဆို အပြင်ပန်းကသာ ဧကရာဇ်အသစ်ကို ကြည့်မရဘူးလို့ပြောနေကြတာ၊သူတို့စိတ်ထဲမှာ ဘယ်လောက်တောင် အခေါ်ခံချင်လိုက်မလဲ၊ ညဘက်အိပ်တဲ့အခါ နန်းတွင်းတရားရုံးက ဆင့်ခေါ်ခံရတယ်လို့ အိပ်မက်တောင်မက်နိုင်တယ်၊ ပြီးရင် မနက်မိုးလင်းလာရင်တော့ စာလေးပေလေးရေးပြီး သူတို့စိတ်ကိုဖြောင်းဖျနေရမှာပေါ့လေ"
“ဒီလိုလူတွေကို ဆက်ဆံရတာ လွယ်ပါတယ်၊သူတို့ကို ဂရုမစိုက်ဘဲ ပစ်ထားရုံပဲ"
ပန်းဟမ်က စားပွဲကို ဆောင့်တွန်းလိုက်သည်။ "ဟာ ငါအကြံရပြီ၊ မြို့လယ်မှာ ဖျော်ဖြေဖို့ သရုပ်ဆောင်တွေ ဖိတ်လိုက်ရအောင်၊ရယ်စရာ ပြက်လုံးတွေနဲ့ သူတို့ကို အရှက်ခွဲရအောင်လား"
ဧကရာဇ်ကို မလိုလားဟန်ဆောင်နေသော လူတချို့က ဟန်ဆောင်တင်းခံနေချိန်မှာပဲ၊ ဘာမှလုပ်စရာမရှိသည့် သခင်လေးများသည် အခမဲ့ပြဇာတ်ကြည့်ဖို့ ရပ်ရွာများအား ဖိတ်ခေါ်လိုက်ကြ၏။
သူမသည် အရည်အချင်းမရှိတာ မှန်းသော်လည်း၊သူတို့က အခြားသူများထက်သာလွန်သည်ဟု ထင်မြင်နေကြဆဲဖြစ်သည်။ သာမန်လူများကို နှိမ့်ချပြီး အင်ပါယာနန်းတွင်းထဲကို ဝင်နိုင်သွားသော သူတို့၏အပေါင်းအသင်းများအား မနာလိုမရှုသိမ့်ဖြစ်ကြသည်။ပြီးမှ ကုတင်ပေါ်မှာ ပုန်းပြီး တိတ်တိတ်လေး ငိုကြသည်။ နောက်နေ့မနက်ကျလျှင် အရေးမစိုက်သလို လုပ်နေတတ်၏။
ထို့ကြောင့် ဤဟာသပြဇာတ်သည် သာမန်လူများကို ရယ်မောစေခဲ့သည်။ အထူးသဖြင့် ပညာတော်သင်များအဖြစ် သရုပ်ဆောင်ကြသော လူရွှင်တော်များသည် ပြည်သူများထံမှ ဆုလာဘ်များစွာကို ရရှိခဲ့ကြသည်။ တခဏချင်းမှာပင် သူတို့ မြို့တော်မှာ နာမည်ကြီးလာခဲ့သည်။ထို့အပြင် ဆန်ကုန်မြေလေးသခင်လေးအချို့သာ ပြည်သူတို့ အမြင်ကြည်လင်လာကြသည်။
သို့သော် ထိုပညာရှင်များကတော့ နားမလည်နိုင်အောင်ဖြစ်နေ၏။ သူတို့က ဘာလို့ သာမာန်ပြည်သူတွေကို အလကားပြဇာတ်ကြည့်ဖို့ ဖိတ်တာလဲ။
ဒါပေမယ့် ဒီပညာရှင်တွေက တခြားဘာပြောနိုင်မှာလဲ။
သူတို့ဘယ်လောက်ပဲ ခံနေရပါစေ၊ ဟန်ဆောင်ပြီး ဒေါသကို ထိန်းထားရမှာမဟုတ်လား။
ပန်းဟမ်နှင့် အခြားသော သခင်လေးတို့၏ ပညာပြခြင်းကို ခံရပြီးနောက် ထိုပညာရှင်များသည် ချက်ချင်းမျက်နှာဖုံးကွာကျသွားခဲ့သည်။ယခင်ကလို အပြင်မှာတလွှားလွှား လုပ်မနေရဲဘဲ အခန်းထဲမှာ အကြာကြီး ပုန်းနေရသည်။သူတို့ကို လူအများက လက်ညှိုးထိုးလာမည်ကိုမလိုလားကြပေ။
သို့သော် သူတို့၏ လုပ်ရပ်များက အင်ပါယာနန်းတွင်းကို ဝင်ရောက်လာသည့် အရာရှိများကို စော်ကားနေပြီဖြစ်သည်။တချို့အရာရှိများက ကိုယ့်ဂုဏ်သိက္ခာကို မပျက်စီးစေချင်၍ ဘာမှ မပြောကြချေ။ယခုအခြေအနေက ကောင်းလာပြီဖြသ်၍ တတ်နိုင်သမျှ ပဍိပက္ခဖြစ်ချင်စိတ်မရှိတော့။
ပထမအချက်က သူတို့ ဒေါသကို ဖြေဖျောက်ချင်ကြသည်။ ဒုတိယအချက်၊ သူတို့သည် ဧကရာဇ် မကြိုက်သည့်ကိစ္စမျိုး မလုပ်ချင်ပေ။
ပန်းဟမ်နှင့် အခြား သခင်လေးတို့၏ လုပ်ရပ်များသည် ရုံရှား၏ နားထဲသို့ ရောက်သောအခါ ရုံရှားက ပန်းဟွာ ကိုပြောသည်။
“ညီလေးဟမ် ရဲ့ နည်းလမ်းက အကောင်းဆုံးပါပဲ”
"သူ့ဦးနှောက်ကို ဒီလိုအချိန်မျိုးမှာသာ သုံးနိုင်တာပါ၊ သူ့ကို မချီးမွမ်းပါနဲ့၊ ဒီနည်းလမ်းက ဘာမှမဟုတ်ပါဘူး၊ သူတို့ အုပ်စုကလေ ဆိုးရွားတဲ့ အတွေးအခေါ်တွေ အများကြီးရှိတယ်၊ အရင်တုန်းက ရှဲ့ချီလင်းဟာ ထူးချွန်တဲ့ ပညာရှင်တစ်ယောက်လို့ သတ်မှတ်ခံခဲ့ရတယ်၊ နောက်တော့ သူ့နာမည်လည်း ပျက်သွားတယ်မလား"
ရုံရှားက မဆိုင်းမတွဘဲမေးလိုက်၏။
"သူက ဘယ်လို ပညာရှင်မျိုးလဲ၊သူက ကိုယ့်ထက် တော်လား"
ပန်းဟွာက သစ်သီးကို အခွံနွှာပြီး ပါးစပ်ထဲထည့်ကာ " မိုးနဲ့မြေ ဆီနဲ့ရေလေ၊ ရှင်ကလည်း လျှောက်နှိုင်းမနေနဲ့၊ ကျွန်မဆို ကိုယ့်ကိုယ်ကို သခင်မလေးရှစ်၊သခင်မလေးလင်း ဒါမှမဟုတ် ဘယ်မိန်းကလေးနဲ့မှ မနှိုင်းဘူး"
ရုံရှားက သစ်သီးအစေ့ကို သူ့လက်ထဲကို ထွေးလိုက်ပြီး ရယ်လိုက်သည်။
"မင်းပြောတဲ့ မိန်းကလေးတွေက ဘယ်လိုပုံလဲဆိုတာတောင် မမှတ်မိတော့ဘူး၊ဘယ်သူက ပိုကြည့်ကောင်းလဲလို့ မေးရင် ကိုယ် တကယ်မဖြေတတ်ဘူး"
"ရှင်တို့ ယောက်ျားတွေက မိန်းကလေးကိုမပြောနဲ့၊ ကောင်းကင်က စာငှက်ကိုတောင် ရအောင် ချဉ်းကပ်နိုင်ကြတာ၊ ရှင် အခုပြောနေတာတွေက စိတ်ထဲကကော ပါလိ့လား"
"စိတ်ထဲက ပါပါတယ်နော်၊ စာငှက်က ဘာကောင်းလို့လဲ၊ မင်းလို ဖီးနစ်ငှက်တစ်ကောင်ကိုဆိုရင်တော့ တစ်မျိုးပေါ့"
ဇနီးမောင်နှံနှစ်ယောက်တို့သည် ညလုံးပေါက် စကားစမြည်ပြောကြ၏။ နွေးထွေးသောညတစ်ညဖြစ်သည်။
ပန်းဟွာ အိပ်ယာမှ နိုးလာသောအခါ၊ ရုံရှားသည် တရားရုံးသို့ သွားနေပြီဖြစ်သည်။မယ်တော်ဧကရီသည် မြို့တော်အပြင်ဘက်ရှိ အခြားနန်းတော်တွင် နေထိုင်ရန် ယနေ့ နန်းတော်မှ ထွက်ခွာသွားကြောင်း အိမ်မှုရေးရာဌာနမှ မိန်းမစိုးတစ်ဦး၏ သတင်းပေးပို့ချက်ကို ကြားသိရသည်။ သူမများ အမိန့်ထုတ်ထားသလားဟု မိန်းမစိုးက မေးသည်။
မယ်တော်ဧကရီသည် အိမ်ရှေ့စံမင်းသားနှင့် ကျန်းလောတို့ကို ဖွားမြင်သော မိခင်ဖြစ်သည်။ ယခင်မင်းဆက်ပြိုလဲသွားသော်လည်း ရုံရှားသည် သူမကို မျက်နှာပေးခဲ့သည်။ ထို့ကြောင့် သူမသည် မယ်တော်ဧကရီ ဘွဲ့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ မယ်တော်ဧကရီ၏ အမျိုးများကိုပင် ရာထူးမချဘဲ ကောင်းမွန်စွာမျက်နှာသာပေးထား၏။
"ဒီနေ့ထွက်သွားတာလား" ပန်းဟွာ မတ်တပ်ရပ်ပြီး “သွားကြည့်လိုက်ဦးမယ်"
"ဧကရီ....."
ရူရီသည် ပန်းဟွာကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးအကြိမ်က၊ မယ်တော်ဧကရီက အာဏာရှင်ဧကရာဇ်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့သည်။ဧကရာဇ်က ငြင်းဆိုပြီးနောက်ပိုင်း မယ်တော်ဧကရီနှင့် အချင်းချင်း ပြန်မတွေ့ဖြစ်ခဲ့ကြပေ။ အကယ်၍ ယခုသွားတွေ့ပါက၊ မယ်တော်ဧကရီသည် ဧကရီအား အခက်တွေ့စေမည်ကို စိုးရိမ်နေမိသည်။
ပန်းဟွာက အေးအေးဆေးဆေး ပြောလိုက်သည်။
“ကဲပါ၊ သွားကြရအောင်”
မယ်တော်ဧကရီသည် တစ်ဖက်တွင် အမူအရာကင်းမဲ့စွာရပ်နေသည်။ မိန်းမစိုးနှင့် နန်းတော်အိမ်ဖော်များက သေတ္တာများအား ဖယ်ထုတ်နေသည်ကို သူမ ကြည့်နေသည်။ သူမက အသာရပ်ကြည့်နေသည့် အထိန်းတော်ကို ရန်ထောင်လိုက်၏။
“ဘာကြည့်နေတာလဲ”
မယ်တော်ဧကရီက ဆူငေါက်လိုက်၍ အထိန်းတော် ဘာပြောရမှန်းမသိဖြစ်သွား၏။ ဧကရီက သူမကိုတွေ့ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မည်ဟု သူမထင်ခဲ့သည်။အနည်းဆုံး ဤနည်းဖြင့်ဆို မယ်တော်ဧကရီသည် အခြားနန်းတော်သို့ ရောက်သွားပြီးနောက်တွင် ပိုမိုကောင်းမွန်စွာနေထိုင်နိုင်မည်ဖြစ်သည်။
ပြိုလဲနေတဲ့ တိုင်းပြည်ရဲ့ မယ်တော်ဧကရီကို ဘယ်သူက အလေးအနက်ထားမှာလဲ။ ဒါပေမဲ့ ဧကရီက မျက်နှာပေးရင် တခြားနန်းတော်က အစေခံတွေက မယ်တော်ဧကရီကို မထီမဲ့မြင်ပြုဝံ့မှာမဟုတ်ဘူးလေ... သူမလို နန်နန်းတော်အစေခံရဲ့ အတွေးတွေကို မယ်တော်ဧကရီ ဘယ်လိုသိနိုင်မှာလဲ။ဒါပေမယ့် သူမ ပြောဖို့လည်း အားအင်မရှိပေ။
တကယ်တော့ မယ်တော်ဧကရီက အထိန်းတော် တွေးနေသည်ကို သိသည်။သို့သော် ယခုအချိန်တွင် သူမ မသိဟန်ဆောင်၍သာ နေနိုင်သည်။သူမကိုယ်သူမ သတ်သေဖို့လည်း စိတ်ကူးမိသည်။
ဒါပေမယ့် သူမ သေရင် သူမရဲ့ သားကြီးနဲ့ သားငယ် ဘာဖြစ်သွားမလဲ။ ဒုတိယသားကို ကောင်းကောင်းမသင်ပေးမိတာနဲ့ပဲ သတ်သေရမှာလား။ဧကရာဇ်အသစ်က သူမတောင်းဆိုတာကိုမလိုက်လျောတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာလား။
ထို့အပြင် သူမသည် ရုံရှားကို ကျေးဇူးဆပ်ရန် အကြွေးတင်နေခဲ့သည်။သူမ အသက်ရှင်သေးလျှင် ရုံရှားက သူမ၏ သားသမီးများကို ကေင်းမွန်စွာ ဆက်ဆံလိမ့်မည်ဖြစ်၏။
ထို့ကြောင့် သူမသည် ရိုးသားစွာ ငြိမ်းချမ်းစွာ နေထိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။သူမ မြင်းရထားပေါ်တက်ခါနီးမှာ အထိန်းတော်၏ အံ့သြသည့်အသံကို ရုတ်တရက်ကြားလိုက်ရ၏။
"မယ်တော်ဧကရီ၊ ဧကရီ လာပါတယ်"
မယ်တော်ဧကရီ လှည့်ကြည့်လိုက်ရာ ပန်းဟွာဖြစ်နေသည်ကို တွေ့ရ၏။ သူမ ခေတ္တရပ်လိုက်ပြီး ပန်းဟွာကို ကြည့်လိုက်သည်။
"ဧကရီ..."
ပန်းဟွာက မယ်တော်ဧကရီ ဘေးနားက အထိန်းတော်အား သစ်သားသေတ္တာကို ပေးလိုက်၏။
"ဟိုဘက်နန်းတော်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ၊ လိုအပ်တာရှိရင် လူလွှတ်ပြီး လာပြောပါ၊ကျွန်မလည်း အားလပ်ရင် လာလည်ပါ့မယ်"
မယ်တော်ဧကရီ၏ နှုတ်ခမ်းများ တုန်လှုပ်သွားသည်။ ခဏကြာသော် သူမက “မင်း မလာသင့်ဘူး”
သူမသည် ယခင်မင်းဆက်၏ ဧကရီ ဖြစ်သည်။ ပန်းဟွာသည် ယခင်မင်းဆက်၏ ကျွင်းကျူးတစ်ဦးဖြစ်ကာ ကျန်းမင်းဆက်၏ သွေးလည်းရှိသည်။ ယခင်မင်းက လူများနှင့် ရင်းနှီးခြင်းက သူမအတွက် မကောင်းပေ။
"ဧကရီ စိတ်မပူပါနဲ့... ကျွန်မ နားလည်ပါတယ်" ပန်းဟွာက မယ်တော်ဧကရီ မြင်းရထားပေါ်တက်ရန် ကူညီခဲ့သည်။ပြီးလျှင် သူမက မြင်းရထားအပြင်ဘက်တွင် ရပ်လိုက်ပြီး
"မယ်တော်ဧကရီ၊ နန်းတော်ရောက်တဲ့အခါ စိတ်မပူပါနဲ့၊ အရှင်မင်းကြီးက ဟယ်ချင်မင်းသားနဲ့ မင်းသမီး အန်လဲ့ကို ကောင်းကောင်း ဆက်ဆံမှာပါ"
မယ်တော်ဧကရီ ၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာကာ ပန်းဟွာကို ဦးညွတ်ပြီး မြင်းရထား၏ ကန့်လန့်ကာကို ချလိုက်သည်။
ပန်းဟွာက ရူရီကို လှည့်ကြည့်လိုက်သည်။
"ရူရီ၊ နန်းတော်အပြင်ဘက်အထိ မယ်တော်ဧကရီကို လိုက်ပို့လိုက်ပါ"
"ဟုတ်ကဲ့"
ပန်းဟွာသည် မဟာရွှေလမင်းနန်းတော်သို့ ပြန်ရောက်သောအခါ၊ ရုံရှား တရားရုံးမှ မထွက်လာသေးပေ။ သူမနှင့်အတူ နန်းတော်ထဲ လိုက်လာသည့် ချန်မာမားက သူကိုယ်တိုင်လုပ်ထားသော အာဟာရဟင်းချိုကို ပေးရင်း
"ဧကရီ၊ ဘာဖြစ်တာလဲ၊ နန်းတော်က ဘယ်သူကများ စိတ်မချမ်းသာအောင် လုပ်လိုက်တာလဉ"
"မဟုတ်ပါဘူး" ပန်းဟွာက ဟင်းချိုကို တိတ်တိတ်ဆိတ်ဆိတ် သောက်လိုက်သည်။ ထို့နောက် ပလုတ်ကျင်းကာ ပါးစပ်ကို သုတ်ပြီးနောက် "ဧကရီ ထွက်သွားတာကို သွားတွေ့ခဲ့တာ"
ချန်မာမားက ကြင်နာစွာ ပြုံးလိုက်သည်။ "ဧကရီ၊ သူမကို သွားတွေ့တာ မှန်ပါတယ်"
"ပထမ၊ ဒီလိုလုပ်တာက ဧကရီနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ထိန်းသိမ်းထားနိုင်တယ်၊ ဒုတိယ၊ တိုင်းပြည့်မိခင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း မြှင့်တင်ပေးနိုင်တယ်လေ"
ချန်မာမားသည် တော်ဝင်မင်းသမီးနှင့် နှစ်ပေါင်းများစွာ လက်တွဲခဲ့ပြီး တော်ဝင်မင်းသမီး၏ လူယုံလည်းဖြစ်သဖြင့် လျှို့ဝှက်ချက်များစွာကို ကြားသိခဲ့ရသည်။
ဧကရာဇ် ယွင်ချင်နှင့် လက်ထပ်တုန်းက အခက်အခဲတချို့ ကြုံရသည်ကလွဲ၍ မယ်တော်ဧကရီသည် ပျော်ရွှင်သည့်ဘဝမှာသာ နေထိုင်ခဲ့သည်။ တခြားကိုယ်လုပ်တော်များ၏ သားသမီးများကို အာရုံစိုက်သူမဟုတ်။ထို့အပြင် သူမသည် ယခင်ဧကရီများထက် စိုးရိမ်စရာနည်းပါးသည်။ ဘဝမှာ ပိုစိုးရိမ်လေလေ၊ အပြစ်ကင်းသည့်စိတ်ထားကောင်းလေလေပင်။ မယ်တော်ဧကရီသည် ထိုသို့သော ပုဂ္ဂိုလ်ဖြစ်သည်။
ပန်းဟွာက ပြုံးကာပြောသည်။
"ဘာလဲ၊ မားမား ကျွန်မကို ဒီလောက်တောင် မြှောက်ပင့်ပြောမနေပါနဲ့"
ချန်မာမားက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ "ဧကရီက အရမ်းတော်ပါတယ်၊ တော်ဝင်မင်းသမီးနဲ့တူတယ်"
"မဟုတ်တာ၊ ကျွန်မ အဖွားလောက်မတော်ပါဘူး"
ချန်မာမားက သူမ၏လက်ကို ကြင်နာစွာ နမ်းလိုက်သည်။ "ဧကရီ ဒါကိုစဉ်းစားစရာမလိုတော့ဘူး၊ နန်းတက်ပွဲအခမ်းအနားမှာ ဝတ်ဖို့ အဝတ်အစားနဲ့လက်ဝတ်ရတနာတွေကို ကြည့်ပါလား၊ ဧကရီ စိတ်မကျေနပ်တာတစ်ခုခုရှိခဲ့ရင်၊ ပန်းထိုးသမားကို ပြောင်းခိုင်းလို့ရတယ်"
ပန်းဟွာက ခေါင်းညိတ်သည်။ "ကောင်းပြီ၊ ဒါဆို လာပြခိုင်းလိုက်လေ.."
"အရှင်မင်းကြီး၊ ဒါက မသင့်တော်ပါဘူး!" ဝတ်ပြုရေး ဝန်ကြီးဌာနမှ အရာရှိသည် ရုံရှား ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။ "ဧကရီ နန်းတက်ပွဲရဲ့ စည်းမျဉ်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း 800 က စည်းမျဉ်းဟောင်းတွေပါ၊ ပြီးတော့ အရင်ဧကရီတွေရဲ့ နန်းတက်ပွဲဟာလည်း ဒီလောက်ကြီးကျယ် မခမ်းနားပါဘူး"
“ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ စည်းမျဉ်းက အခုခေတ်အတွက် ဘယ်လိုလုပ် စံနမူနာဖြစ်နိုင်မလဲ"
ရုံရှားသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိသော ဝတ်ပြုရေး ဝန်ကြီးဌာနမှ အရာရှိကို မကြည့်ပေ။
"ဧကရီက ကမ္ဘာကြီးကို အောင်နိုင်ရေးအတွက် ငါ့အတွက် အများကြီး လုပ်ခဲ့ပြီးပြီ၊ဒီစည်းမျဉ်းတွေနဲ့ နန်းတက်ပွဲကို ကျင်းပရတာဟာ မကောင်းသေးဘူး"
ရုံရှားသည် ထိုသို့သောစကားမျိုးပြောလာမည်ဟု တာဝန်ရှိသူ မထင်ထားခဲ့ပေ။ ဧကရီ၏ စစ်ရေးအရ အရေးပါမှုများသည် အရေးကြီးသော်လည်း သူမသည် အမျိုးသမီးဖြစ်နေဆဲပင်။ ဒီလောက်ထိ မိန်းမတစ်ယောက်အတွက် မလုပ်ပေးသင့်ဘူး၊တကယ်လို့ ... ဘာဖြစ်မလဲ …
"မင်းရဲ့စိုးရိမ်မှုတွေကို နားလည်ပေမယ့် ဧကရီက ဒီလိုလူမဟုတ်ဘူး"
ရုံရှားသည် လက်ထဲမှ စုတ်တံကို ချလိုက်ပြီး အခန်းအတွင်းရှိ အရာရှိများကို စိုက်ကြည့်နေသည်။
"သူမကိုယုံပါ"
ရုံရှားဘက်က အတော်ပြောနေပြီ ဖြစ်သော ကြောင့် ဆက်လက်၍ ပြောနေပါက၊ မသင့်တော်တော့ကြောင်း အရာရှိ သိလိုက်၍ သဘောတူလိုက်ရသည်။
"မင်းတို့ဘက်က ကန့်ကွက်စရာမရှိဘူးဆိုတော့ ငါတို့ ဆက်လုပ်ကြမယ်"
ရုံရှားသည် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးကျမှ ကျေနပ်အရိပ်အယောင်လေးဖြစ်လာတော့သည်။
"သခင်ကျိုး၊၊ သခင်ယောင်"
သာသနာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက အစအဆုံးအထိ ဘာမှ မပြောသူနှစ်ယောက်အားပြောလိုက်၏။
xxxxx