မည်သို့ပင်ဆိုစေကာမူ ထိုမိန်းမပျိုကျန်းဝမ်မှာ ပရိသတ်အစစ် ဖြစ်လောက်မည်။ သူတို့သည် အနာဂတ်တွင် တွေ့ဆုံရန်ပင် ရှာဖွေနေကြသည်။ ခဏချင်းပင် ဖုကျန်း၏ ဖန်အရေအတွက်မှာ တမဟုတ်ချင်း ထိုးတက်လာသည်။
ဖုကျန်းက သူ၏ ဆေးရောင်ခြယ်ပေးသည့်ဈေးနှုန်းကို အစထဲက အနည်းငယ်မြှင့်ထားပြီးဖြစ်သည်။ လတ်တလောတွင် သူသည် ပန်းချီဆရာလောက၏ ထိပ်သီးဟု သတ်မှတ်နိုင်သည်။ သူ၏ပန်းချီများမှာ ယခုထက် ပိုမိုထိုက်တန်သည်ဟု တွေးမိနေသည်။
သူ၏ ပုံဆွဲနှုန်းမှာ ယခင်ကထက် အများကြီးပိုမြန်လာသည်။ ရိုးရှင်းသောအရောင်ဆိုလျှင် တစ်ရက်ထဲအပြီးဆွဲရန် လွယ်ကူသော်ငြား ပိုမိုရှုပ်ထွေးလျှင်တော့ နှစ်ရက်သုံးရက် အချိန်ယူရပေသည်။ Yu'e Bao တွင် သူ၏ဟန်ချက်မှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာသည်။ သူနိုးလာတိုင်း ဖုကျန်းသည် ပိုမို၍ သက်တောင့်သက်သာဖြစ်လာသည်ကို ခံစားရသည်။ အနည်းဆုံးတော့ လက်ရှိ သူ၏ အခက်အခဲများကို စိန်ခေါ်နိုင်စွမ်းနှင့် စွမ်းရည်မှာ ယခင်ထက် အများကြီး သန်မာလာသည်။
သူ၏တစ်နေ့တာအလုပ် ပြီးစီးပြီဖြစ်၍ မတ်တပ်ရပ် အကြောလျော့ကာ အိပ်ရာဘေးက နာရီကို မော့ကြည့်လိုက်သည်။ ဆယ်နာရီခွဲလုပြီဖြစ်သည်။ ယခုလေးတင်မှ ထွက်သွားသော ကျန်းဟန်ရှုက ဆယ်နာရီခွဲလျှင် မဖြစ်မနေအိပ်ရန် စည်းကမ်းချသွားသည်။
သူ ကိရိယာများကို သိမ်းဆည်းပြီး ခြေလက်ဆေးရန် ရေချိုးခန်းသို့ ထွက်လာခဲ့သည်။
ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီရင်း စာဖတ်နေသည့် ကျန်းဟန်ရှုက အခန်းအပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသောကြောင့် လက်ထဲမှ မဂ္ဂဇင်းကိုချကာ အပြင်ဘက်မှလူကို လှမ်းပြောလိုက်သည်။
"....တံခါးက ပိတ်မထားဘူး ဝင်လာခဲ့...."
ခဏအကြာတွင် တံခါးက သေးသေးလေးဟလာပြီး ထိုအကြားတွင် ဖုကျန်း၏ခေါင်းထွက်လာရင်း ကျန်းဟန်ရှု၏နာမည်ကို တီးတိုးခေါ်လိုက်သည်။
ကျန်းဟန်ရှု ဒီအချိန်ကြီး ဖုကျန်းပေါ်လာလိမ့်မည်ဟု မျှော်လင့်မထား။ ပြောရရင် သူ အခုလေးတင်မှ ဖုကျန်း၏အခန်းထဲမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူကမေးလိုက်သည်။
ဖုကျန်း တံခါးကိုတွန်းလိုက်ပြီး ကိုယ်တစ်ပိုင်းမှာ အခန်းထဲဝင်လာသည်။ မျက်နှာနီနီဖြင့် ကျန်းဟန်ရှုကို ပြောလိုက်သည်။
"....ကုတင်ကျိုးသွားလို့ အတူတူ လာအိပ်လို့ရမလား...."
"....ကုတင်ကကျိုးသွားတယ်....."
ကျန်းဟန်ရှု ကုတင်မှ ထရပ်ကာ ဖုကျန်းထံ လျှောက်လာရင်း မေးလိုက်သည်။
"....ကိုယ်ပြင်လို့ရမလား ကြည့်ပေးမယ်...."
ဖုကျန်း ဆွံ့အသွားရသည်။ ကျန်းဟန်ရှုက ဒီလိုပြောလိမ့်မည်ဟု သူမမျှော်လင့်ထား။ ခေါင်းအုံးကိုပုတ်ပြကာ သူနှင့်အတူအိပ်ခိုင်းမည်ဟု မျှော်လင့်ထားမိသည်။
တအားကိုရှက်စရာကောင်းတာပဲ။
ဖုကျန်းက ကျန်းဟန်ရှု၏အင်္ကျီကို လှမ်းဆွဲလိုက်သည်။ ကျန်းဟန်ရှုက မေးခွန်းအပြည့်ဖြင့် ပြန်ကြည့်လိုက်သည်။ ဖုကျန်းမှာ စဉ်းစားလိုက်ပြီး လွှတ်ကာ ကျန်းဟန်ရှုနှင့်အတူ သူ့အခန်းကို သွားခဲ့သည်။
ကျန်းဟန်ရှုသည် ဖုကျန်း၏ကုတင်ကို ကြည့်ရင်း မေးလိုက်သည်။
ဖုကျန်းသည် အိပ်ရာခင်းကိုလှန်ကာ အနီးဆုံးကုတင်အခြေကို ညွှန်ပြရင်း ပြောလိုက်သည်။
"....အဲ့နားက နည်းနည်းအက်နေတယ် ကျိုးတော့မယ့်ပုံကြီး....."
ကျန်းဟန်ရှုက ငုတ်တုတ်ထိုင်ကာ ဖုကျန်းညွှန်ပြသောနေရာကို ဂရုတစိုက်ကြည့်လိုက်သည်။ ကုတင်အခြေမှာ သန်းမျက်စိလောက် စပါးစေ့လောက်သာ အက်နေပြီး နောက်ဆယ်နှစ်အိပ်လျှင်တောင် ဘာမှဖြစ်မည်မဟုတ်ချေ။ ကျန်းဟန်ရှုက မတ်တပ်ရပ်လိုက်ပြီး အနည်းငယ်ကြောက်ရွံကာ ခေါင်းငုံ့ထားသော ဖုကျန်းကို လှည့်ပြောလိုက်သည်။
"....ထပ်အိပ်လို့မရလောက်တော့ဘူး ကိုယ့်အခန်းကိုပဲ လိုက်ခဲ့တော့...."
ဖုကျန်း ချက်ခြင်း ခေါင်းမော့ကာ ကျန်းဟန်ရှုကို ကြည့်လိုက်သည်။ ကျန်းဟန်ရှုပြောလိုက်သည်ကို မယုံနိုင်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
ကျန်းဟန်ရှုက ရယ်ကာ ဖုကျန်းခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်မှ ဂွမ်းစောင်ကိုယူရင်း ဖုကျန်းကို ပြောလိုက်သည်။
"...မင်းကခေါင်းအုံးပဲသယ်လာခဲ့နော်...."
သူ ခေါင်းအုံးကိုပိုက်ကာ ကျန်းဟန်ရှု၏အနောက်မှ လိုက်လာခဲ့သည်။ အခန်းတံခါးကိုပိတ်ကာ ကျန်းဟန်ရှု၏အခန်းသို့ အတူတူထွက်လာခဲ့သည်။
ကျန်းဟန်ရှု၏အခန်းမှာ ဖုကျန်းအခန်းထက်ပိုကြီးပြီး ငှားရမ်းခမှာလည်း ပိုဈေးများသောကြောင့် နှစ်ယောက်အိပ် အိပ်ယာနှင့် ပရိဘောဂအနည်းငယ် ပါဝင်သည်။ ကျန်းဟန်ရှုသည် ဖုကျန်း၏စောင်ကို အိပ်ယာပေါ်သို့တင်ကာ သူ့လက်ထဲမှ ခေါင်းအုံးကိုဆွဲယူပြီး သူ့ခေါင်းအုံးဘေးတွင် ထားလိုက်သည်။
နှစ်ယောက်သား အိပ်ယာပေါ် လှဲပြီးနောက် ကျန်းဟန်ရှုက မီးကိုပိတ်လိုက်သည်။ အခန်းမှာ ချက်ခြင်း အမှောင်ကျသွားသည်။ လရောင်သည် ခန်းဆီးမှတစ်ဆင့် စောင်ပေါ်သို့ ဖြာကျနေသည်။ ကျန်းဟန်ရှု လက်ကိုဆန့်ကာ ခန်းဆီးကို ဆွဲပိတ်လိုက်၍ လရောင်မှာ လုံးဝပျောက်ကွယ်သွားသည်။
အခန်းမှာတိတ်ဆိတ်နေသည်။ ဖုကျန်းသည် ကျန်းဟန်ရှု၏ဘက်သို့ လှည့်လိုက်သည်။ ဆုံးဖြတ်ချက် ကြီးကြီးမားမား ချပြီးနောက် တီးတိုးပြောလိုက်သည်။
ထို့နောက်တွင်တော့ သူ့စောင်ကိုလှပ်ကာကျန်းဟန်ရှု ၏စောင်ထဲသို့ ဝင်လိုက်သည်။ သူ့၏ စောင်က ပိုနွေးပုံပေါ်နေသည်။သူ့ တကိ်ုယ်လုံး ကျန်းဟန်ရှု၏ အသက်ရှုသံဖြင့် အပြည့်အဝလွှမ်းခြုံသွားသည်။
ကျန်းဟန်ရှုက သူ့ခါးကိုဖက်ကာ တိုးတိုးလေး မေးလိုက်သည်။
"....ဘာလို့လဲ အိပ်မပျော်ဘူးလား...."
မီးသာဖွင့်ထားပါက ကျန်းဟန်ရှုသည် ဖုကျန်းတစ်ကိုယ်လုံး ရှက်ရွံ့မှုကြောင့် ပန်းရောင်သမ်းနေပြီး မျက်လုံးမှာလည်း ချက်ခြင်းငိုချတော့မလို စိုစွတ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဒါသည် သူ့ခန္ဓာကိုယ်၏လျှို့ဝှက်ချက်အကြောင်း အခြားသူကို ပြောသည့် နောက်ဆုံးအကြိမ်ဖြစ်သည်။
"....ငါက ..... တကယ်တော့......"
သူ့အသံမှာ တိုးသည်ထက်တိုးလာသည်။
"....ငါက တကယ်တော့ မင်းလိုမဟုတ်ဘူး....."
ဖုကျန်း ကျန်းဟန်ရှု၏လက်ကို ဆွဲလိုက်သည်။ အဝတ်အစားအောက်မှ သူ့ခန္ဓာကိုယ်ကို တစ်ဖြေးဖြေးလျှောဆင်းစေကာ သူ့လက်ကို သီးသန့်နေရာအထိ ဆွဲခေါ်လာသည်။
ကျန်းဟန်ရှု၏လက်မှာ ပူနွေးသော အသားအရေကို ထိမိပြီး ရုတ်တရက် ထူးဆန်းမှုကို ခံစားလိုက်ရသည်။ ပြည်မတွင် သူသတိလစ်လုနီးပါးဖြစ်နေစဉ်က လုပ်ခဲ့သည့်တစ်ကြိမ်မှလွဲ၍ ထိုနေရာနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိသော်ငြား ကျန်းဟန်ရှုသည် ခန္ဓာဗေဒကိုတော့ နားလည်ပါသေးသည်။ ဖုကျန်းမှာ အမျိုးသမီးတွေမှာပဲ ပါသင့်တဲ့ဟာ ရှိနေတာပဲ။
ဖုကျန်းက ကျန်းဟန်ရှု၏လက်ကိုလွှတ်ကာ တိုးတိုးလေးပြောလိုက်သည်။
အချိန်ကြာပြီးနောက် ကျန်းဟန်ရှုက သာသာလေး မေးလိုက်သည်။
"....ဘာလို့တောင်းပန်တာလဲ....."
ဖုကျန်းမှာ ဘာမှမပြောနိုင်။ သူ့နှလုံးမှာ ဒရမ်တီးသကဲ့သို့ ခုန်နေသည်ကိုသာ ခံစားရသည်။ အခန်းမှာ တိတ်လွန်းမက တိတ်နေပြီး အပ်ကျသံကြားမတတ်ပင်။
သူသည် ကျန်းဟန်ရှုက သူ့ကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဆက်ဆံမည်ကို ကြောက်ရွံ့နေသည်။
ကျန်းဟန်ရှုက ဖုကျန်းဆီမှ သူ့လက်ကိုဆွဲယူကာ ခါးကိုဖက်ပြီး သူ့လက်မောင်းကြားထည့်ကာ နှစ်သိမ့်လိုက်သည်။
"အဆင်ပြေပါတယ် အိပ်ကြရအောင်နော်....."
ဖုကျန်းအနေဖြင့် ထိုအဖြစ်အပျက်မှာ ကျန်းဟန်ရှု၏ နားလည်ပေးမှုဖြင့် ကျော်ဖြတ်နိုင်သွားမည်ဟု မမျှော်လင့်ထား။ ခဏအကြာတွင် ကျန်းဟန်ရှု မေးလိုက်သံကို ကြားလိုက်ရသည်။
"...မနက်ဖြန် အချိန်ရလား....."
".....ဆေးရုံကိုသွားပြီး စစ်ကြည့်ရအောင်....."
ကျန်းဟန်ရှုက ပြောလိုက်သည်။
မင်မင် live ကြည့်ဖို့လောနေလို့ လွဲတင်မိတာပါ တောင်းပန်ပါတယ်နော်