အပိုင်း၁၈၂
Viewers 14k

Chapter 182


"သခင်မလေးလည်း၊ မိန်းမတစ်ယောက်ပဲ၊ ကျွန်မတို့လို ပြည့်တန်ဆာအိမ်ကို ဒုက္ခမပေးသင့်ဘူး၊ သခင်မလေးရဲ့ ခင်ပွန်းက သခင်မလေးကို သိပ်ချစ်တယ်ဆိုလည်း ကျွန်မတို့လို ဆင်းရဲသားတွေကို ဒုက္ခပေးတယ်ဆိုတာ သူသိရင် ငြိမ်နေနိုင်ပါ့မလား"


 "ဒါဆို ကျွန်မ တကယ်တောင်းပန်ပါတယ်၊ ကျွန်မ ခင်ပွန်းက ကျွန်မကို အရမ်းအလိုလိုက်တာ၊ ရှင့်ရဲ့ အဆောက်အဦးကို ဖြိုဖျက်တဲ့အကြောင်း မပြောနဲ့၊ ကျွန်မ ဒီအိမ်ကို မီးရှို့ရင်တောင် သူက ကျွန်မ ဘက်ကပဲ"


ပန်းဟွာသည် ယုတ္တိမဲ့စွာ ပြောဆိုနေပြီဖြစ်၏။ပြည့်တန်ဆာခေါင်းနှင့် ခဏတာ ငြင်းခုံပြီးနောက်၊ သူမ၏ လက်အောက်ငယ်သားများကို ပို၍ပင် ရိုက်ခွဲရန် အမိန့်ပေးခဲ့သည်။ တံခါးအပြင်ဘက်တွင် ရပ်နေသော ရုံရှားသည် တုကျိုးကို လှည့်ကြည့်လိုက်သည်။


 "ဒီနေရာက...ပြည့်တန်ဆာလမ်းကြားလား"


တုကျိုးက ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။


တချက်တချက် ရိုက်နှက်သံများ၊ အော်ဟစ်သံများကြားရ၏။ အနီးနားရှိ ပြည့်တန်ဆာများစွာသည် ဆူညံသံကိုကြားရပြီး ခေါင်းပြူကာ ကြည့်ရှုလိုက်ကြသည်။ ဟွမ်ဟွာအိမ် အပြင်ဘက်တွင် လူများစွာရှိနေသည်ကို တွေ့သောအခါ သူမတို့ ဝမ်းသာမိကြ၏။


ဖြစ်နိုင်သည်က၊ဖောက်သည်အမျိုးသားက ပြည့်တန်ဆာအမျိုးသမီး၏ဝန်ဆောင်မှုမကောင်းသည့်အတွက် ရိုက်နှက်သောင်းကျန်းခြင်းဖြစ်မည်။ ယခုဆို ထိုလူသည် အစောင့်များကိုပါ ခေါ်လာကာ ပညာပြနေပုံရ၏။ 


 ရိုက်ပါ၊ ကောင်းကောင်းရိုက်စမ်းပါ၊ ပိုနာအောင် ရိုက်လိုက်စမ်းပါ...ပြည့်တန်ဆာအိမ်တစ်ခုလျော့လေလေ၊သူမတို့အတွက် ပြိုင်ဖက်နည်းလေလေပဲ...


 ခရမ်းရောင်ဝတ် အမျိုးသမီးသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့်အော်ပြော၏။


"သခင်မလေး များသွားပြီး၊ ထပ်ဆိုးလာရင် ကျွန်မကို အဆိုးမဆိုနဲ့"


သူမ စကားဆုံးသည်နှင့် ဓားရှည်များ ကိုင်ဆောင်ထားသည့် သန်မာသော လူများသည် အဆောက်အအုံထဲမှ ပြေးထွက်လာကြသည်။ ထိုသူများသည် သရဲဘီလူးစီးသလို ဖြစ်နေကြ၏။ သာမန်လူမဟုတ်မှန်း သိသာလှသည်။


ပန်းဟွာက ရယ်မောလိုက်သည်။


 “ဘာလဲ၊ ပြည့်တန်ဆာအိမ်ငယ်လေးက ဓားရှည်တွေကို တရားမဝင်ကိုင်ရဲတယ်လား...နောက်ဆုံးတော့ ရှင်တို့ရဲ့မြေခွေးအမြီးက ပေါ်လာပြီပဲ၊ လာ၊ ဒီအဆောက်အဦးကို ဝိုင်းထားလိုက်ပါ၊ ဘယ်သူ့ကိုမှ မလွတ်စေနဲ့"


 "ဟုတ်ကဲ့"


 ခရမ်းရောင်၀တ် အမျိုးသမီးက ကြမ်းပြင် သုတ်သင်သည့် အဘိုးကြီးများ၊ မီးဖိုချောင်မှာ ချက်ပြုတ်သည့် အဘွားအိုများ၊ ပန်းပင်စိုက်သည့် အလုပ်ကြမ်း အစေခံများ အားလုံး အိမ်ထဲက ထွက်လာပြီး သူမ၏အိမ်အား ဝိုင်းရံလာသည်ကို သတိထားမိသည်။


ဤအခြေအနေကို မြင်လိုက်ရသော် အဆင်မပြေဘူးဆိုသည်ကို သိလိုက်ရ၏။ဟိုဘက်က ပြင်ဆင်လာမှန်း ထင်ရှားသည်။ထိုအမျိုးသမီးနှင့် သက်ကြီးရွယ်အိုများကို လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သူမကိုယ်တိုင် စုဆောင်းခဲ့ခြင်းဖြစ်သည်။ ဘာလို့ ဒီအစေခံတွေအထိ ချုပ်ကိုင်ထားနိုင်ရတာလဲ၊ ဒီမိန်းမက ဘယ်ချိန်ကတည်းက ကြံစည်ထားတာလဲ။


ခရမ်းရောင်ဝတ် အမျိုးသမီးက သူတို့မှာ တိုက်ခိုက်ဖို့ကလွဲ၍ တခြားလမ်းမရှိမှန်း သိလိုက်သည်။ 


 လက်နက်တိုက်သံကြားသော် ရုံရှား မျက်နှာက မည်းမှောင်သွားသည်။ "အားလုံး ဧကရီကို ကာကွယ်ကြ"


 "ဟုတ်ကဲ့"


တုကျိုးသည် ယခုအချိန်တွင် ဧကရီ၏လုံခြုံရေးအတွက် စိတ်ပူစရာမလိုဟု ခံစားမိသည်။ ဧကရီ၏ ကိုယ်ရေးကိုယ်တာ အစောင့်များသည် ပထမတန်းစား ဖြစ်သည်။ဤအိမ်တော်ရှိ လုပ်ကြံသတ်ဖြတ်သူများမှာ ဧကရီနှင့်ပင် မနီးစပ်နိုင်ပေ။


တုကျိုး၏ မှန်းဆချက်က မှန်ပေသည်။သူတို့ အဆောက်အဦးထဲသို့ ပြေးဝင်သွားသောအခါတွင် ဧကရီ၏ ကိုယ်ရံတော်များက လုပ်ကြံသတ်ဖြတ်သူများအား နှိမ်နင်းနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် လုပ်ကြံသတ်ဖြတ်သူများသည် လုံးဝမတိုက်ခိုက်နိုင်သည့်အထိ အရိုက်ခံခဲ့ရသည်။


‌ဧကရာဇ်၏ မျက်နှာအမူအရာကို ပြန်ကြည့်ကာ လက်အောက်ငယ်သားများက၊ ရှေ့သို့ အပြေးအလွှားသွား၍ အချက်ပြရန် လက်ကို မြှောက်လိုက်သည်။ သူတို့ထဲက တစ်ဝက်လောက်သည် ‌ဧကရာဇ် အနားမှာနေပြီး သူ့ကို ကာကွယ်စောင့်ရှောက်ပေးကြသည်။


 နာရီဝက်မပြည့်မီတွင် လုပ်ကြံသတ်ဖြတ်သူအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။ပြည့်တန်ဆာများပင်လျှင် အရပ်အနိမ့်အမြင့်အလိုက် တန်းစီပြီး ထွက်လာကြသည်။


 "မြို့တော်က နာမည်ကြီး လူသတ်အဖွဲ့အစည်းတစ်ခုက ပြည့်တန်ဆာခန်းထဲမှာ ပုန်းနေတယ် ဟုတ်လား"  


ပန်းဟွာသည် ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်ထားသော လူသတ်သမားများအနီးဝယ် လှည့်ပတ်သွားလိုက်သည်။ သူမ လမ်းလျှောက်လာရင်း သူတို့ခေါင်းကို တုတ်နှက်လိုက်ထိနေ၏။  


"ဘယ်စီးပွားရေးလုပ်ငန်းကိုမဆို လုပ်ကိုင်ပြီး လူတွေကိုတောင် သတ်ပစ်ဝံ့တဲ့အထိ သိပ်အတင့်ရဲနေတာမဟုတ်လား၊ကျောထောက်နောက်ခံလည်း မရှိတော့ဘူး၊ ဒါတောင် မင်းတို့က မြို့တော်မှာ ဆက်နေချင်သေးတာပဲ၊ တခြားလူတွေကို ငတုံးတွေလို့ ထင်နေတာလား"


 ဤလုပ်ကြံသတ်ဖြတ်သူအားလုံးသည် သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြောင်း ယခင်ကဆို ကြွားလုံးထုတ်ကြသည်။ယခုတော့ သူတို့သည် ပန်းဟွာ အရိုက်ခံရသော ခွေးများကဲ့သို့ပင်။မည်သို့မျှ မခုခံနိုင်ခဲ့ကြပေ။


ပန်းဟွာက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ 


 "ပြောပါ၊ အဲဒီတုန်းက အကြမ်းဖကဧကရာဇ်နဲ့ မင်းသားချန်ချင်ဝမ် က ပူးပေါင်းခဲ့တယ်၊ ကောကုန်းချမ်အမ် ကို လုပ်ကြံဖို့ ဘယ်သူက စီစဉ်တာလဲ"


"ကောကုန်းချမ်အမ်" ဟူသော စကားကိုကြားသော် ခရမ်းရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများ တောက်ပလာသော်ငြား၊သူမက ဘာမှ မပြောချေ။


ပန်းဟွာက ခရမ်းရောင်ဝတ် အမျိုးသမီးကို လက်ညှိုးထိုးလိုက်သည်။ 


 "ကျွန်မကို ပြော၊ရှင်က သာမာန် ပြည့်တန်ဆာခေါင်းမဟုတ်မှန်း ကျွန်မ သိပါတယ်၊ မင်းသားချန်ချင်ဝမ်နဲ့ ရှင့်ရဲ့ဆက်ဆံရေးက ဘယ်လိုလဲ"


  "ဘာတွေပြောနေတာလဲ၊ ကျွန်မ နားမလည်ဘူး"


 " နားမလည်ရင်လည်း ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းသားချန်ချင်ဝမ် အကျဉ်းထောင်မှာ ပိတ်လှောင်ထားတယ်၊ကျွန်မ ပျင်းတဲ့အခါ သူ့ကို ညှဉ်းပန်းနှိပ်စက်မယ်၊ ကဲ ဘယ်လိုထင်လဲ"


ခရမ်းရောင်ဝတ် အမျိုးသမီး၏ မျက်ခွံများ အနည်းငယ် တုန်ခါသွားသော်လည်း သူမ၏ မျက်နှာအမူအရာမှာ မပြောင်းလဲပေ။  


"အဲဒီလူကို ကျွန်မ မသိဘူး၊ ဒီတော့ သခင်မလေး ဘာလုပ်ချင်လဲဆိုတာ ကျွန်မကိုပြောစရာမလိုဘူး"


 "ရှင့်ရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက မင်းသားချန်ချင်ဝမ် နဲ့ ခပ်ဆင်ဆင်တူတယ်လို့ ရှင့်ကို တစ်ယောက်ယောက်ကများ ပြောဖူးလား"


 "ကျွန်မက နိမ့်ကျတဲ့သူတစ်ယောက်ပါ၊ မင်းသားချန်ချင်ဝမ် ကို ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ"


 "ရတယ် နှိုင်းလို့ရတယ်၊ အခု သူက နမ့်ကျတဲ့လူ ဖြစ်နေပြီ"  


ပန်းဟွာသည် သူ၏ လှပသော လက်သည်းများအား နေရောက်အောက်မှာထောင်ကြည့်လိုက်၏။  


"သူက လက်ရှိဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်၊ သေဒဏ်ပေးရင်တောင်မှ သူ့အတွက် သိပ်တော့မများပါဘူး၊ ဒါပေမဲ့၊ မင်းသားချန်ချင်ဝမ် နဲ့ ကျွန်မက ခင်မင်ရင်းနှီးမှုရှိတယ်၊ ကျွန်မ စိတ်ကောင်းဝင်ရင် ဧကရာဇ်ကို သူ့အသက်ကို ချမ်းသာပေးဖို့ တောင်းဆိုမယ်၊သူကတော့ တသက်လုံးနိမ့်ကျတဲ့ အစေခံအဖြစ်တော့ နေရမှာပေါ့" 


 အစေခံအဖြစ် နန်းတော်မှာနေရသူ ယောက်ျားဆိုသည်မှာ မိန်းမစိုးပင်ဖြစ်၏။ခရမ်းရောင်ဝတ် အမျိုးသမီးသည် နောက်ဆုံးတွင် သူမ၏ ခံစားချက်များကို မထိန်းနိုင်တော့ဘဲ ပန်းဟွာကို စိုက်ကြည့်နေသည်။ 


"သခင်မလေးက ဘယ်သူလဲ"


 "ကျွန်မလား"  ပန်းဟွာက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။  "ရှင့်မိဘတွေ၊ တစ်မျိုးလုံး တစ်ဆွေလုံးက ကျွန်မကို..."


 "ဘယ်သူ လာပြဿနာလာရှာတာလဲ"  


 ကျောက်တုံ့ရှန်းသည် သူ့လက်အောက်ငယ်သားများနှင့်အတူ ဟွမ်ဟွာအိမ်သို့ ပြေးလာခဲ့သည်။ ဧည့်ခန်းထဲမှာ ဒူးထောက်ထိုင်နေသည့် လူတစ်စုအပြင်၊ဘယ်သူမှန်းမသိရသူ လူတစ်စုလည်း ရှိသေးသည်။ သူ့လျှာဖျားထိ ရောက်လာသော စကားလုံးများအား မျိုချလိုက်သည်။ မြို့တော်ရှိ အဋ္ဌမအဆင့် ခရိုင်တရားသူကြီးတစ်ဦးအနေဖြင့် မြို့တော်ရှိလူတိုင်းလိုလိုက ဘယ်သူမှ မစော်ကားဝံ့သော သခင်မှန်း သူသိသည်။  


တုကျိူးသည် ကျောက်တုံ့ရှန်း၏ တရားသူကြီး ၀တ်စုံကို ကြည့်လိုက်ပြီး "ခရိုင်တရားသူကြီးလား..."


 "ဟုတ်တယ်၊ ကျွန်တော်က မြို့တော်ရဲ့ ခရိုင်တရားသူကြီးပါ၊မင်းက ဘယ်သူလဲ၊ ဘာလို့ ဒီမှာ ပြဿနာရှာနေတာလဲ"  


 ကျောက်တုံ့ရှန်းသည် တုကျိုး အား ဦးညွတ်လိုက်၏။


"ပြဿနာတစ်စုံတစ်ရာရှိရင် တာဝန်ရှိသူတွေဆီ တိုင်ကြားနိုင်ပါတယ်၊ ပြေလည်အောင်ဆောင်ရွက်ပေးပါမယ်၊ ကျေးဇူးပြုပြီး ခွင့်ပြုချက်မရှိဘဲ လက်နက်မသုံးပါနဲ့၊မြို့တော်ရဲ့ စည်းမျဉ်းစည်းကမ်းအရ နိုင်ငံသားတိုင်း ခွင့်ပြုချက်မရှိဘဲ လက်နက်သယ်ဆောင်ခွင့်မရှိပါဘူး၊ပြစ်မှုကြီးရင်  ထောင်ကျနိုင်ပါတယ်"


 ခရိုင်တရားသူကြီး၏ ပခုံးများမှာ တုန်ယင်နေသော်လည်း ဤစကားများကို ဆက်ပြောနေပေသည်။

 

 "စိတ်မပူပါနဲ့ အရာရှိကျောက်၊ ကျွန်တော်တို့ အမိန့်တွေအတိုင်း လုပ်နေပါတယ်၊ မြို့တော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှာ မဟုတ်ဘူး"


မြို့တော်၏ စည်းမျဉ်းများကို မချိုးဖောက်ဟု ဆိုလိုခြင်းက၊သူတို့သည် သာမန်လူမဟုတ်ဟု ဆိုလိုသည်။ လက်နက်များ ကိုင်ဆောင်ခွင့်လည်း ရှိနိုင်သည်။ မိန်းမချောလေးက ဝတ်ကောင်းစားလှများဝတ်ထားကာ၊ အဝေးတွင်ရပ်နေသော အမျိုးသားကလည်း ခန့်ညားထည်ဝါစွာဝတ်ဆင်ထား၏။ ကျောက်တုံ့ရှန်း အံ့သြသွားမိသည်က အမှန်ပင်။ 


 ကျောက်တုံ့ရှန်းသည် ပန်းဟမ်ကို ယခင်က မြင်ဖူးသည်။  လွန်ခဲ့သောနှစ်နှစ်က ပန်းဟမ်သည် သူ့မြင်းရှေ့တွင် တစ်ယောက်ယောက်က သတိမေ့သွားသောကြောင့် အမှုအားအစီရင်ခံရန် ခရိုင်တရားသူကြီးဖြစ်သည့် သူ့ကို လာတွေ့ခဲ့သည်။ ထိုမေ့လဲသူကို အမည်မသိလူများက ခေါ်ဆောင်သွားခြင်းဖြစ်၏။


 "ရှင်က မြို့တော်ရဲ့ ခရိုင်တရားသူကြီးလား"  ပန်းဟွာက  ကျောက်တုံ့ရှန်းကို လှည့်ကြည့်ပြီး "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်မ မောင်လေး ရှင့်ဆီကို အမှုတိုင်ကြားဖို့ လာခဲ့တယ်လေ၊ သူပြန်လာတော့ ရှင် တာဝန်ယူနိုင်လို့ပြောတယ်၊ရှင်က တကယ်တာဝန်ယူနိုင်တဲ့သူကိုး" 


 ကျောက်တုံ့ရှန်းသည် ပန်းဟွာကို မကြည့်ဝံ့ပေ။  " သခင်မလေးရဲ့ မောင်လေးက ဘယ်သူလဲလို့မေးလို့ရမလား"


 "ကျင့်ထင်အိမ်တော်ရဲ့ အမွေဆက်ခံသူ"


 အိုး... မဟုတ်ဘူး၊ကောကုန်းကျင့်ထင်မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပဲရှိတာလေ၊သူမရဲ့မောင်လေးက  ပန်းမိသားစုရဲ့ အမွေဆက်ခံသူဖြစ်တယ်လို့ ဒီအမျိုးသမီးက ပြောတယ်၊  ဒါဆိုရင် သူမက...


 အာမေဍိတ်သံနှင့်အတူ  ကျောက်တုံ့ရှန်း သည် ပန်းဟွာ ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။


 " မြင်ပြီလား"  


ပန်းဟွာက ခရမ်းရောင်ဝတ် အမျိုးသမီးကို ပြုံးပြလိုက်သည်။  


  "ကျွန်မအဖေနဲ့ခင်ပွန်းက အရမ်းတန်ခိုးကြီးတယ်လို့ ပြောတယ်‌နော်၊အခု ကျွန်မကိုယုံပြီလား"


ရုံရှား "..."


တုကျိုး "…"


 ကျောက်တုံ့ရှန်း, "…"


ခရမ်းရောင်ဝတ် အမျိုးသမီး ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ကာ ကြောက်လန့်သွား၏။ ပန်းဟွာသည် သူမ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်မည်ကို ကြောက်မိသည်။ 


ထိတ်လန့်နေသော အမျိုးသမီးကိုကြည့်ပြီး သနားစရာကောင်းသလို၊မုန်းစရာလည်းကောင်းသည်ဟု ပန်းဟွာ ခံစားမိသည်။   


"စိတ်မပူနဲ့၊ကျွန်မ သိချင်တာကို ရှင်းရှင်းလင်းလင်းပြောနေသမျှ ကျွန်မ အကောင်းဆုံး အထိအခိုက်နည်းအောင်လုပ်ပေးမယ်" 


ခရမ်းရောင် ၀တ်ထားသော အမျိုးသမီးသည် ခေတ္တတိတ်ဆိတ်သွားသည်။ထို့နောက် သူမသည် လုပ်ကြံသတ်ဖြတ်သူများ ခိုနားရာပြည့်တန်ဆာအိမ်ကို တည်ထောင်ဖြစ်ပုံ၊  လူသတ်သမားများကို လေ့ကျင့်ပေးပုံ၊ စသည်တို့အား ပြောပြသည်။


ပန်းဟွာကို သူမ၏ လျှို့ဝှက် နာမည်စာရင်းကိုတောင် ရေးပြလေသည်။


ခဏကြာလျှင် ပန်းဟွာက လုပ်ကြံသတ်ဖြတ်သူအားလုံးကို ထောင်ထဲထည့်ဖို့ သူ့ကိုယ်ရံတော်များအား အမိန့်ပေးသည်။အမှန်ကိုမသိသော ပြည့်တန်ဆာများအတွက်မူ အလုပ်သစ်ပြောင်းမည်ဆိုလျှင် လွှတ်ပေး၏။ အလုပ်ဟောင်းကို ပြန်လုပ်ချင်လျှင် ခွင့်မလွှတ်ပေးပေ။


 အနာဂတ်တွင် သူမတို့ မည်သို့ပင်နေထိုင်နေပါစေ၊ လုပ်ကြံသတ်ဖြတ်သူမျာ ခိုနားရာ ပြည့်တန်အိမ်တွင် အလုပ်လုပ်ခဲ့ဖူးပြီး ဧကရီကို မြင်ဖူးသည်ဆိုသည့်အချက်က အခြားသူများအား တစ်သက်လုံး ကြွားလုံးထုတ်ဖို့ လုံလောက်သည်ဟု ပြည့်တန်ဆာများက ယူဆကြသည်။


ဟွမ်ဟွာအိမ်မှထွက်ပြီးနောက် ရုံရှား နှင့် ပန်းဟွာ တို့သည် မြင်းစီးလာကြသည်။ ပန်းဟွာသည် နောက်မှ အနီးကပ်လိုက်နေသော  ကျောက်တုံ့ရှန်းကို တစ်ချက်ကြည့်လိုက်သည်။  "ရှင့်ဘာသာရှင် သွားလို့ရပါတယ်" 


 ကျောက်တုံ့ရှန်းသည် ပန်းဟွာက သူ့ဘေးနားရှိ လူချောနှင့် တရင်းတနှီး ဆက်ဆံနေသည်ကို တွေ့လိုက်ရသည်။ သူသည် ထိုလူ၏အမည်ကိုပါ ခန့်မှန်းပြီးဖြစ်သည်။သို့သော် ဤနေရာတွင် လူများစွာရှိနေ၍ ဧကရာဇ် ရောက်ရှိလာကြောင်းကိုမပြောဝံ့ပေ။သူ့စိတ်ထဲမှာသာ စိတ်လှုပ်ရှားမှုများအား  ထိန်းထားနိုင်ခဲ့၏။


 "ဟွာဟွာ" ရုံရှား နန်းတော်သို့ပြန်ရောက်ပြီးနောက် ပန်းဟွာအား ပြောလိုက်သည်။  "အဲဒီလူသတ်သမား ခေါင်းဆောင်လေ၊ သူမက မင်းသားချန်ချင်ဝမ်ရဲ့အမေလား"


ပန်းဟွာက တိတ်တိတ်လေး ခေါင်းညိတ်သည်။  "မင်းသားချန်ချင်ဝမ်က အပြင်လူ မသိအောင် ဖုံးကွယ်ထားတာ"


 မူလက ဤအကြောင်းကို သူမပင် မသိခဲ့ပေ။


 သူမ တော်ဝင်မင်းသမီး၏ အိမ်တော်သို့နောက်ဆုံးအကြိမ်သွားခဲ့ချိန်က သူမနှင့် သူမ၏အဘိုးတို့သည် ရတနာလိုက်ရှာနည်းကစားရင်း သစ်ပင်တွင်း၌ဝှက်ထားသော တော်ဝင်မိသားစု၏ လျှို့ဝှက်ချက်များ ပြည့်နေသော သေတ္တာတစ်ခုကို တွေ့ရှိခဲ့သည်။ ဤအရာများကို အဘွားဖြစ်သူက သူမအတွက် ချန်ထားခဲ့ခြင်းဖြစ်နိုင်သည်။


အကြောင်းမှာ၊တစ်နေ့မဟုတ်တစ်နေ့ သူမ ဆော့ကစားရင်း ဤသေတ္တာကိုတွေ့ရှိမည်မှာသေချာနေသောကြောင့်ပင်။



xxxxxx