အပိုင်း၁၈၄
Viewers 14k

Chapter 184



"သူ့လိုမိန်းမမျိုးက ဘာပြောစရာရှိ မှာလဲ၊ ဧကရာဇ်ရဲ့ အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်တောင် ပြာမကျသေးဘူး…နောက်အိမ်ထောင်ပြုသွားတာ၊ပြောကြတာကတော့ ခင်ပွန်း မသေခင်ကတည်းက သူမက အခု‌ခင်ပွန်းနဲ့ ဖြစ်နေကြတာဆိုပဲ" 


 "ဒါ...မဖြစ်​နိုင်​ဘူး သခင်မယန်မှာ ကိုယ်ဝန်ရှိ​နေတယ်​လို့ ပြောကြတယ်မဟုတ်​ဘူးလား"


 "အဲဒီတုန်းက အကြီးဆုံးသခင်လေးရုံက အရမ်းဖျားနေတယ်လေ၊ သူ့ကလေးဟုတ်မဟုတ်ဆိုတာ ပြောဖို့ခက်တယ်၊ကလေးက ဘယ်လို ဆုံးရှုံးသွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါသာ ဘုရင်မင်းမြတ်ဆိုရင် ဒီကိစ္စကို သေတောင် မေ့သွားမှာ မဟုတ်ဘူး"


 အခြားအမျိုးသမီးများ အားလုံး တိတ်ဆိတ်သွားကြသည်။ နောက်ဆုံးတွင် ဤကိစ္စသည် ဧကရာဇ်၏ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ပတ်သက်နေသည်။သူမတို့ စကားအလွန်အကျွံပြောပြီး ဧကရာဇ်နားထဲရောက်လျှင် မကောင်းတာတစ်ခုခုဖြစ်မှာကိုစိုးရိမ်မိကြ၏။


 တခြားအမျိုးသမီးများက သူမ အကြောင်းပြောနေသည်ကို သခင်မယန် မသိပေ။သူမသည် ခန်းမ၏ အဆုံးတွင် ထိုင်ကာ ခေါင်းမထောင်ဝံ့ ဖြစ်နေ၏။ ရုံမိသားစုမှ ဆယ်နှစ်အရွယ်ကလေးသည် ပုန်ကန်ပြီး ဧကရာဇ်အသစ်ဖြစ်လာမည်ဟု သူမ တစ်ခါမှပင် မတွေးခဲ့ဖူးပေ။


သူမ၏ ခင်ပွန်းဖြစ်သူ၏ မိဘများက သူမသည် ဧကရာဇ်နှင့် သိကျွမ်းဖူးသောဆက်ဆံရေးဖြစ်၍၊ ပွဲသို့အတင်းလွှတ်လိုက်ကြခြင်းဖြစ်သည်။သို့သော် သူမ၏ ခြေ၊လက်များ အေးစက်သွားသလို ခံစားလိုက်ရပြီး  ဧကရာဇ်နှင့် ဧကရီကို ကြည့်ဖို့တောင် သတ္တိမရှိတော့။


 ပွဲပြီးသွားသော် သခင်မယန် စားမဝင်တော့ဘဲ ထရပ်ကာ ခန်းမထဲမှ လူများနောက်သို့ လိုက်သွားခဲ့သည်။သူ့နောက်ကွယ်မှ စူးရှသောရယ်မောသံကို ကြားလိုက်မှသာ သူမ အသိစိတ်ပြန်ဝင်လာရ၏။


 "ဧကရာဇ်က ဧကရီကို သိပ်ချစ်တာပဲ"


 "ဧကရီရဲ့ ဖီးနစ်ဝတ်ရုံက အရမ်းလှတာပဲ"


 "ဧကရီနဲ့ ယှဉ်လိုက်ရင် ငါတို့က မီးခိုးရောင်ဘောလုံးတွေလိုပါပဲ၊ အရောင်မှိန်သွားလိုက်တာ"


သခင်မယန် ခေါင်းကိုလှည့်ကြည့်လိုက်သည်။ အမျိုးသမီးအများအပြားသည် စုဝေးနေပြီး ဧကရီအကြောင်း အမျိုးမျိုးပြောဆိုကြသည်။ထိုအမျိုးသမီးများကို သူမ သိနေသည်။ပန်းမိသားစုအား အကြမ်းဖက်ဧကရာဇ်က ပြစ်ဒဏ်ပေးသောအခါက၊ သူတို့ ဝမ်းသာနေခဲ့ကြ၏။သို့သော် ယခုမှ သူတို့ ဘက်ပြောင်းသွားခြင်းဖြစ်သည်။


 ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ဖြတ်သွား၍ သခင်မယန်က အော်လိုက်၏။


 "သခင်မကျောက်"


သခင်မကျောက်သည် ဧကရီနှင့် ဆက်ဆံရေးကောင်းရှိကြောင်း သူမကြားသိရသည်။ သခင်မကျောက်ကသာမိတ်ဆက်ပေးလျှင်၊ သူမ ဧကရီကို တွေ့ခွင့်ရနိုင်၏။


 အရင်တုန်းက သူမ မှားခဲ့သည်မှန်သော်လည်း ရုံမိသားစုဝင် သုံးယောက်မှာ ထူးထူးခြားခြား သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ယခုထိ ဘယ်သူလာပ်မှန်း မသိသလို၊ ပုံမှန်သေဆုံးခြင်းမဟုတ်တာလည်း သေချာသည်။ သူမသည် သွေးအေး၊လောဘကြီးပြီး သေခြင်းကို ကြောက်သည်။ ဧကရာဇ်က သူမကို ဘယ်လိုနည်းနှင့်မဆို ကလဲ့စားချေနိုင်သော်လည်း သူမ၏မိသားစုကိုတောင် နှောင့်ယှက်မည်မဟုတ်ပေ။ 


 "ဘယ်သူပါလဲ..."  


သခင်မကျောက်သည် မြို့တော်တွင် အချိန်များစွာမဖြုန်း၍ သခင်မယန် နှင့် မရင်းနှီးပေ။ ထို့ကြောင့် အနည်းငယ်ရှက်ရွံ့နေသော အမျိုးသမီးတစ်ဦးက လှမ်းခေါ်သည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားမိသည်။


 "ကျွန်မက မြို့စားဝမ်ရဲ့ မြေး သခင်မယန်ပါ"


သခင်မကျောက် က သေသေချာချာ တွေးပြီး ရုတ်တရက် သဘောပေါက်သွား၏။ 


"ဒါဆို သူများတွေ ပြောတဲ့ သခင်မယန်လား...."


သခင်မယန် မျက်နှာပျက်သွားပြီး "ကျွန်မ သခင်မကျောက်ကို နှုတ်ဆက်ပါတယ်"


 "သခင်မယန်ကလည်း ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး၊ဒါနဲ့ ဘာလို့ ကျွန်မကို ခေါ်တာလဲ"


 "ကျွန်မ တောင်းဆိုစရာရှိပါတယ်၊ သခင်မကျောက် ကျေးဇူးပြုပြီး သဘောတူပေးပါ"


သခင်မကျောက်က အကဲခတ်မိပြီး  သခင်မယန် စကားစ,လာပြောဖို့ မစောင့်ဘဲ 


"ရှင် ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ သိပါတယ်၊ကျွန်မ ဧကရီကို ပြောကြည့်မယ်လေ၊ ဧကရီက ရှင့်ကို တွေ့‌မတွေ့ကတော့ အာမမခံနိုင်ဘူး"


သခင်မယန်သည် သခင်မကျောက် က ကူညီပေးသည့်အတွက် ကျေးဇူးတင်စကားဆိုလိုက်၏။  သခင်မကျောက် က သူမကို ထပ်မပြောတော့ဘဲ ယင်းရှစ်၏ အပေါင်းအဖော်များနှင့် ထွက်သွားလေသည်။


 သူမသာ အလျင်စလို အိမ်ထောင်မပြုဘဲ၊တစ်နှစ်ကွာပြီးမှသာ အိမ်ထောင်ပြုလိုက်လျှင် သူမလည်း ထိုအမျိုးသမီးများနှင့်ပေါင်းသင်းခွင့်ရနိုင်သည


တစ်ဖက်တွင်  သခင်မကျိုးက နေရာမှာ ရပ်နေသည့် သခင်မယန် ကို လှည့်ကြည့်လိုက်သည်။


 "ညီမ‌ ကျောက်၊ သခင်မယန်က ဘာပြောတာလဲ၊ သူမ...ညီမ သူမနဲ့ ခပ်ဝေးဝေးနေသင့်တယ်" 


သခင်မကျောက်က ပြုံးပြီး "စိတ်ပူပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်"


ယင်းရှစ်ကလည်း "မင်းရဲ့ ပင်ကိုယ်စရိုက်ကို ကြည့်ရတာ မင်းဟာ တခြားသူတွေရဲ့ ကိစ္စကို ဝင်စွက်ဖက်တဲ့သူမဟုတ်ပါဘူး၊ ဘာလဲ..ဧကရီက မင်းကို တစ်ခုခု မှာထားတာလား"


ကောကုန်းကျင့်ထင်၏ ဇနီးသည် ဤမျှတိတိကျကျ ခန့်မှန်းနိုင်လိမ့်မည်ဟု သခင်မကျောက် မထင်ထားခဲ့ပေ။ 


 "ဧကရီက သခင်မယန် ဘယ်လိုလူလဲဆိုတာ သိချင်တယ်လို့ ဟိုတလောက ကျွန်မကို  ပြောခဲ့တာပါ"


ယင်းရှစ်က ရယ်လိုက်ပြီး ခဏအကြာတွင် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။


 သမီးဖြစ်သူကလည်း မကြောက်တတ်လိုက်တာ၊ ဒီ သခင်မယန်ကို ဧကရာဇ် မကြိုက်တာ သေချာတယ်။  ဧကရာဇ် မကြိုက်တဲ့သူတစ်ယောက်ကို သူမက ဘာကြောင့်တွေ့ချင်တာလဲ။


 မဟာရွှေလမင်းနန်းတော်၏ ကုတင်ထက်တွင် ပန်းဟွာသည် ရုံရှား၏ ကိုယ်ပေါ်မှာ လှဲအိပ်နေ၏။သို့သော် သူမ၏လက်များသည် မနာခံဘဲ၊ရုံရှား တစ်ကိုယ်လုံးအား လိုက်လံပွတ်သပ်နေ၏။ 


 "ဟွာဟွာ" ရုံရှားက သူမ၏ လှုပ်နေသောလက်များကို ဆုပ်ကိုင်လိုက်ပြီး "မင်း ခန္ဓာကိုယ်က နာကျင်နေသေးလား"


ပန်းဟွာက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ပြုံးလိုက်၏။ 


"ထင်တာပဲ"


ရုံရှားက သူမကို သူ့ခန္ဓာကိုယ်အောက်သို့ပို့လိုက်ပြီး သူမ၏ နားရွက်အား ပါးစပ်ဖြင့် ငုံခဲလိုက်၏။


"ကိုယ် မင်းကို မနာကျင်အောင် ပွတ်ပေးမယ်"


ရုံရှား နှိပ်ပေးချိန်က တစ်နာရီကျော်ကြာသည်။ ပန်းဟွာက သူမကိုယ်သူမ စောင်ခြုံလိုက်ပြီး ရုံရှား အဝတ်ပြန်ဝတ်ကာ ဆံပင်ပြန်ထုံးနေသည်ကိုကြည့်နေ၏။ ရုံရှားသည် ညတိုင်းလိုလို တိုင်းပြည်ရေးရာကိစ္စများအတွက် စာလွှာများအား ညဉ့်နက်သည်အထိ ဖတ်ကြားစီစစ်ရသည်။သူမ စောင်ခြုံထဲမှ လက်ထုတ်ကာ သူ့ကို တာ့တာပြလိုက်၏။


 "အရှင်မင်းကြီး၊ ကြိုးစားပြီးအလုပ်လုပ်ဦး"


ရုံရှားက သူ့အဝတ်အစားကို သေချာဆွဲဆန့်ပြုပြင်ပြီး ကုတင်ဆီလျှောက်လာကာ ငုံ့ပြီး နှုတ်ခမ်းကို နမ်းလိုက်၏။ "မင်းလက်ရေးလှရေး လေ့ကျင့်ချင်တယ်လို့ ပြီးခဲ့တဲ့ ရက်က  ပြောခဲ့တာ မဟုတ်လား၊အခု ကိုယ်နဲ့ စာကြည့်ခန်းကို လိုက်ခဲ့"


 "အိပ်ယာထဲက မိန်းမတစ်ယောက်ရဲ့ စကားကို ယုံလို့ မရဘူးဆိုတာ ရှင် မသိဘူးလား"  ပန်းဟွာက မျက်နှာကို စောင်နဲ့အုပ်ပြီး "သွား၊ သွား၊သူများ အိပ်တာကို မနှောင့်ယှက်နဲ့။"


ရုံရှားက စောင်ခြုံထဲကိုလက်လျှိုကာ သူမ၏တင်ပါးကိုပုတ်လိုက်၏။ "အသည်းနှလုံးမရှိတဲ့လူ၊ စကားလည်း မတည်ဘူး"


ချပ်....


 စောင်ထဲမှ ကျောက်စိမ်းဆွဲသီးတစ်ခု ခုန်ထွက်လာ၏။


 "ဒါ ကျွန်မ ဆီက လက်ဆောင်ပဲ၊ ရွှေအချောင်းတစ်ထောင်တန်တယ်၊ ယူသွား"


ရုံရှား စောင်ထဲမှ ကျောက်စိမ်းဆွဲသီးကို ယူပြီး သူ့ခါးမှာ ချည်လိုက်သည်။  "သခင်မလေး၊ ညကျမှ တွေ့မယ်နော်"


သူပြောပြီးသည့်နောက် တံခါးကနေ လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။


 ဧကရာဇ်နှင့် ဧကရီတို့ကြားတွင် ဤကဲ့သို့သော စကားများအား နေသားကျနေပြီဖြစ်သော နန်းတော်ကျွန်များသည် အလွန်တည်ငြိမ်နေပြီး လုံးဝစိတ်မသက်မသာမဖြစ်ပေ။


 နန်းတက်ပွဲ ဒုတိယနေ့တွင် နောက်ထပ် အမိန့်စာတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယေဘူယျအယူအဆမှာ ဧကရာဇ်အား ထီးနန်းတရားဝင်ရယူခြင်းအတွက် ဂုဏ်ပြုရန်ဖြစ်သည်။  အခမ်းအနားကျင်းပမည်ဖြစ်ကာ ယခုနှစ်တွင် နိုင်ငံ၏အခွန်ကို 30% လျှော့ချမည်ဖြစ်သည်။


 အကြမ်းဖက်ဧကရာဇ်ကြောင့် ပြည်သူတို့မှာ အနည်းနှင့်အများ ထိခိုက်နစ်နာခဲ့ရသည်။ အခွန် 30% လျှော့ချခြင်းသည် သူတို့အတွက် ကြည်နူးစရာ ဖြစ်ရပ်တစ်ခုဖြစ်သည်။


 မြို့တော်ရှိ လူအားလုံးသည် ဧကရာဇ်နှင့် ဧကရီကို ချီးမွမ်းကြသည်။ သက်တော်ရာကျော်‌ ရှည်စေကြောင်း၊ မျက်နှာသာရလိုကြောင်း စသည်ဖြင့် ဆုမွန်ခြွေခဲ့ကြ၏။ရက်အနည်းငယ်ကြာသောအခါတွင် ဧကရီသည် ဧကရာဇ်အား ထီးနန်းတက်ဖို့ ကူညီရန် ကောင်းကင်မှဆင်းသက်လာသော ရွှေဖီးနစ်ဖြစ်ကြောင်း ကောလာဟလများထွက်ပေါ်ခဲ့သည်။ ဧကရာဇ်နှင့် ဧကရီတို့ ပေါင်းစည်းမည်ဆိုပါက ယင်မင်းဆက်သည် ပိုကောင်းလာမည်ဖြစ်သည်။


 ဤဒဏ္ဍာရီလာ ကောလာဟလမျိုးသည် လူအများကြားတွင် ရေပန်းစားခဲ့သော်လည်း တရားရုံးတာဝန်ရှိသူများကတော့ ယင်းကို အလေးအနက်မထားပေ။ တကယ်တော့ ဧကရာဇ်သည် ကောင်းကင်က ဆင်းသက်လာသော နဂါးအစစ်ဟု ဆိုသူများရှိနေဆဲပင်။


 ခေတ်ကုန်သော ထိုဇာတ်လမ်းမျိုးက စာအုပ်ဆိုင်မှာပင် လူကြိုက်များတော့မှာ မဟုတ်။ 


မကြာမီတွင် ဧကရာဇ်သည် ဘဝ၏ အထွဋ်အထိပ်၌ ရှိနေသော်လည်း သူ၏ ကိုာ်လုပ်တော်များက ဗလာဖြစ်နေကြောင်း တာဝန်ရှိသူများက သတင်းပို့ခဲ့ကြသည်။ အမျိုးသမီး အရာရှိများ သို့မဟုတ် ကိုယ်လုပ်တော် များများယူသင့်သည့်ဆိုကြ၏။


ယခု နန်းတော်မှာ အစေခံ အများကြီးမရှိတော့။ သက်ကြီးရွယ်အိုအချို့ကိုလည်း လွှတ်ပေးခဲ့ပြီးဖြစ်ကာ၊ နန်းတော်ထဲသို့လည်း လူသစ်များ မဝင်လာသေးပေ။ထို့ကြောင့် နန်းတော်တွင်  လူနည်းသည်ဟု ထင်ရသည်။ နောင်တွင် ဧကရာဇ်သည် ကိုယ်လုပ်တော်များယူကာ တော်ဝင်သားတော်များနှင့် မင်းသမီးများ ဖွားမြင်ပါက နန်းတွင်းအမှုထမ်းများလည်း လုံလောက်မည်မဟုတ်ပေ။


 နန်းတွင်းအရာရှိများသည် ဧကရာဇ်သည် ဧကရီအပေါ် ဘယ်လိုသဘောထားမှန်း သိနေကြသောကြောင့် ပြတ်ပြတ်သားသား မပြောဝံ့ကြပေ။ နန်းတော်အစေခံများနှင့် အမျိုးသမီး ကိုယ်လုပ်တော်များအား ခန့်အပ်မည့်ကိစ္စကို ဆိုင်းငံ့ထားရုံသာရှိ၏။ 


 "ကမ္ဘာကြီးက အခုမှ တည်ငြိမ်လာတာ၊ငါကိုယ်‌တော်က လူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး၊မိန်းမတွေ ရွေးတဲ့ ကိစ္စကို အခုလို အရေးတယူ ပြောနေစရာ မလိုဘူး" ရုံရှားက တင်းမာစွာပြောသည်။ 


" ငါက ကောင်းကင်ရဲ့သားတော် ဆိုတော့ မိန်းမတွေ အများကြီးမလိုပါဘူး၊ ပြည်သူတွေက အရေးကြီးဆုံးပဲ"


“အရှင်မင်းကြီး ပြောတာသင့်လျော်ပါတယ်"


 "အရှင်မင်းကြီးက ပြည်သူပြည်သားတို့ရဲ့ ကံကြမ္မာပါ၊အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"


ရုံရှား၏ ကြင်နာမှုကို တာဝန်ရှိသူများက ဒူးထောက်ကာ ဂါဝရပြုကြသည်။ ကိုယ်လုပ်တော်များ ယူဖို့ကိစ္စကို ဘယ်သူကမှ မပြောရဲကြတော့။


 ဧကရာဇ်က ဧကရီနဲ့ အတူရှိတာကို ကြိုက်တာလေ၊ သူက တခြားမိန်းမက်ိုမကြိုက်ဘူးဆိုတာ ဖြစ်သင့်ပါတယ်၊သူတို့ စိတ်ပူရမည်က ဧကရာဇ်နှင့် ဧကရီတို့ သဟဇာတဖြစ်ကာ၊ ယင်မင်းဆက်သည် သာယာဝပြောရေးဆီသို့ ဦးတည်နေကြောင်း ထင်ရှားသည်။


 အကယ်၍ ဧကရာဇ် ယခု မောင်းမမိဿံများကို ယူလိုစိတ်မရှိပါကလည်း၊  နောက်နှစ်ကျလျှင် ထပ်မေးရမည်။


ရုံရှားအား  ကိုယ်လုပ်တော်များခန့်ထားဖို့ တရားရုံးအရာရှိများက စာလွှာရေးပြီး လျှောက်တင်ကြောင်းသိလိုက်ရသည့်အခါ၊ ပန်းဟွာသည် ငှက်အိမ်ထဲမှာ ငှက်တစ်ကောင်နှင့် ဆော့ကစားနေသည်။ နန်းတော်အစေခံ၏ အစီရင်ခံစာကို နားထောင်ပြီးနောက် သူမ ခဏမျှ ငြိမ်သက်သွားခဲ့သည်။ 


 ရူရီက "ဧကရီကို ဧကရာဇ်က  ဝမ်းနည်းစေမှာ မဟုတ်ပါဘူး"


ပန်းဟွာသည် ကြက်တူရွေးခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။  


 "ဧကရာဇ်က သဘောမတူဘူးမလား၊ ငါတောင် ဘာမှမဖြစ်ဘူး၊ နင်က ဘာလို့ ဝမ်းနည်း‌နေတာလဲ"


ရူရီက အားယူ၍ပြုံးပြီး "ကျွန်မ စိတ်ရှုပ်နေလို့ပါ" 


ဧကရီရဲ့ ပင်ကိုယ်စရိုက်အရ၊ ခင်ပွန်းဖြစ်သူကို တခြားမိန်းမတွေနဲ့ ဝေမျှပြီးတော့ ဘယ်ချစ်နိုင်ပါ့မလဲ။ 


အကယ်၍ ဧကရာဇ် ယခု ကိုယ်လုပ်တော်များကို မယူပါက နောင်တွင်လည်း ကိုယ်လုပ်တော်များကို ယူဖို့ နားပူလာကြဦးမည်။ အချိန်တန်သောအခါတွင်၊ဧကရီနှင့် ဧကရာဇ်တို့ကြား မသင့်မလျော်သော ပဋိပက္ခများ ရှိလာပေလိမ့်မည်။


 " ရူရီ၊ နင် ငါ့အနားမှာရှိနေတာ နှစ်အတော်ကြာနေတာတောင် နင်နားမလည်သေးဘူးလား"  


ပန်းဟွာသည် ကြက်တူရွေးနှင့် ကစားနေရာမှရပ်လိုက်ကာ၊  နန်းတော်အစေခံထံမှ လက်ကိုင်ပုဝါကို ယူ၍ လက်ကိုသုတ်လိုက်သည်။  "မဖြစ်သေးတဲ့အရာတွေအတွက် ငါဘယ်တော့မှ မစိုးရိမ်ဘူး၊အဲဒီလိုတွေးနေရင်း စိုးရိမ်စိတ်တွေကို တိုးစေတယ်"


ရုံရှားသည် သူမအား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောအခါ၊ သူမလည်း အသာတကြည်အချစ်ခံခဲ့သည်။တစ်နေ့ သူ စိတ်​​ပြောင်းသွားခဲ့ရင်​...


ပန်းဟွာက ပြတင်းပေါက်မှ လှမ်းကြည့်သည်။ အနက်ရောင် ၀တ်စုံနှင့် အမျိုးသားတစ်ဦးသည် တံခါးမှ ဖြတ်လျှောက်လာပြီး အတွင်းသို့ ဝင်လာခဲ့သည်။သူ၏ ရောင်ဝါသည် သူမနှင့် ပထမဆုံး တွေ့ဆုံစဉ်က နူးညံ့သိမ်မွေ့သော အသွင်အပြင်နှင့် လုံးဝကွဲပြားနေသည်။


ထိုလူက ခေါင်းကိုမော့ကြည့်လာ၍  သူမ ပြတင်းပေါက်ကို မှီရင်း လက်ပြလိုက်သည်။သူက နူးညံ့ညင်သာစွာပြန်ပြုဲးပြ၏။သူမတို့ ပထမအကြိမ်တွေ့စဥ်ကထက် ပိုနူးညံ့ပြီး ချစ်စရာကောင်းနေသည်။


ထိုနေ့ တကယ်ရောက်လာခဲ့လျှင်တော့ နှစ်များတစ်လျှောက် တစ်ယောက်အပေါ် တစ်ယောက် ထားခဲ့သော  ခံစားချက်များအား ငြင်းဆို၍မရပေ။


 နှလုံးသားမရှိလျှင် လက်လွှတ်လိုက်မည်။ ကမ္ဘာပေါ်မှာ အလှတရားများစွာရှိသည်။သူသာ ကိုယ်လုပ်တော်များခန့်လျှင် သူမလည်း အမျိုးသားများခေါ်ထားလိုက်ရမည်။တစ်ဖက်ကိုအကြောတော့မခံချင်ပေ။ 


 "ဘာတွေတွေးနေတာလဲ"  ရုံရှားသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး သူမ၏ နဖူးကို နမ်းလိုက်သည်။


 "မျှတအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ"


 "မျှတအောင်..." 


 ရုံရှားက ပန်းဟွာ ဘာတွေတွေးနေမှန်း မသိဘဲ  လူငယ်လေးတစ်ယောက်လို ပြတင်းပေါက်အဝသို့ ခုန်တက်သွားသည်။  


"ကိုယ်နဲ့ ဟွာဟွာက တရားမျှတမှုအကြောင်း ပြောနေဖို့ မလိုဘူး"


 သူ့လုပ်ရပ်ကိုကြည့်ပြီး၊ နောက်က နန်းတော်အစေခံများ ကြောက်သွားကာ ဧကရာဇ်၏ ခြေထောက်အနီးမှာ ကူရှင်သဖွယ် သွားပြီးကာကွယ်ပေးချင်လာကြသည်။ 


 ဟွာဟွာသည် ရုံရှား ပြတင်းပေါက်အဝသို့ ခုန်တက်လာသည်ကို ကြည့်ပြီး အကျယ်ကြီးရယ်လိုက်မိသည်။


 "ဒါဆို သိပ်ကောင်းတာပေါ့"



xxxxx