Chapter 125
Viewers 11k

🌍Chapter 125




သူ့ရှေ့တွင် အရပ်ရှည်သည့် ကတုံးပြောင်တစ်ယောက်ရှိပြီး သူ့ကို စိုက်ကြည့်နေလေသည်။ ထိုလူ့ဘယ်ဘက်တွင် အနီရောင်ကုတ်အင်္ကျီ၀တ်ထားသော လှပသည့်ဆယ်ကျော်သက်တစ်ယောက်ရှိ၏။ ထိုဆယ်ကျော်သက်က သူ့ကို ခေါင်းစခြေ‌ဆုံး စူးစမ်းစွာ ကြည့်နေပြီး ‌နောက်‌ဆုံးတွင် သူ့မျက်နှာကို ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။


“ငါ သူ့ခေါင်းကို လိုချင်တယ်…သူ့မျက်လုံးနဲ့ ဦးနှောက်တွေက ငါ့ပိုးကောင်တွေအတွက်အကောင်းဆုံးအသိုက်ဖြစ်လာလိမ့်မယ်…”


လင်းရီ ညာဘက်သို့ လှည့်ပြေးလိုက်သည်နှင့် ကတုံးပြောင်နှင့်လူက အော်လိုက်၏။


“မင်း ပြေးချင်သေးတာလား…”


သက်လတ်ပိုင်းလူတစ်ယောက် ကျောက်တုံးအိမ်ထဲမှ ပြေးထွက်လာပြီး သူ့လက်ထဲမှ မရေမတွက်နိုင်သော ဓားများက လင်းရီဆီသို့ ပျံသန်းလာလေသည်။ ကတုံးပြောင်ကြီး ဟိန်းဟောက်လိုက်ပြီး သူ့ရင်ဘတ်သူ ရိုက်လိုက်သည်။ ထူထဲသည့် အညိုရောင်၀က်ဝံမွှေးများ ခေါင်းပေါ်တွင် ပေါက်လာလေသည်။ ထို့နောက် သူ့လက်များက ခြေထောက်သဖွယ်ဖြစ်သွားပြီး  ခြေလက်လေးချောင်းဖြင့် လင်းရီဆီသို့ ပြေးသွားလိုက်သည်။ 


လင်းရီ လျင်မြန်စွာ ရှောင်ထွက်ကာ ဓားများကို ရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော် ၀က်ဝံညိုကြီးက မြန်လေသည်။ မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များကလည်း သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာလေသည်။ ဆင်ခြင်ဖုံးတွင် တဝီဝီမြည်နေသော အင်းစက်အုပ်စုကြီးက ပျံသန်းရာလမ်းတစ်လျှောက် ဧရာမပေါင်းပင်မြက်ပင်များကိုပင် လုံး၀ပြောင်ရှင်းစွာ စားသောက်ခဲ့ကြသည်။ ကျိုင်းကောင်အုပ်စုလက်ထဲမှ အပင်များ မလွတ်မြောက်နိုင်သကဲ့သို့ပင်ဖြစ်သည်။


ပိုးကောင်များက လင်းရီ၏ဆံပင်ကို ကိုက်မိတော့မည်ဖြစ်သည်။ လင်းရီ အံကြိတ်ကာ ဓားဆွဲထုတ်လိုက်ပြီး ပိုးကောင်များကို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။


ပိုးကောင်များ နီးကပ်လာသည့်အခါ ပန်းရောင်ထီးလေးက သူ့ရှေ့တွင် ကာဆီးပိတ်ဆို့ထားပေသည်။ လင်းရီ နေရာတွင် ခဏခန့်‌အေးခဲသွားသည်။ သူ့နားထဲတွင် ထူးဆန်းသည့် စကားလုံးတစ်လုံးကိုလည်း ကြားလိုက်ပုံပေါ်သည်။


‘အသွင်ပြောင်းလဲခြင်း’


အနက်ရောင်ပိုးကောင်များ ထီးလေး‌ဆီသို့ ပြေးသွားသည့်အချိန်ထိ သူ ရှုပ်ထွေးနေဆဲဖြစ်သည်။


ပိုးကောင်များက ထီးကို တိုက်ခိုက်ပြီး ဘေးသို့ကျသွားသည့်မြင်ကွင်းသည် သည်းထန်စွာ ရွာနေသောမိုးနှင့် တူပေသည်။


ပေါက်ကွဲသံတစ်သံကြားရပြီးနောက် ပိုးကောင်အုပ်စုကြီး လေထဲတွင် ပျံတက်သွားကာ အခြားလားရာသို့ တဟုန်ထိုး ပျံသန်းသွားသည်။


ပိုးကောင်များ၏အသံက လင်းရီကို နားအူစေလေသည်။ သူ့နောက်မှ တစ်စုံတစ်ယောက်အော်သံကို ဝိုးတိုးဝါးတား ကြားလိုက်ရ၏။


“ယဲ့ယဲ့…ဘာလဲ ယဲ့ယဲ့…”(ငါ့အဘိုး)


လင်းရီ အဓိပ္ပာယ်ကို နားမလည်သေးမီ အားကောင်းသည့်မီးတောက်တစ်ခုက ပိုးကောင်အုပ်စုကြီး‌ဆီသို့ ပျံသန်းသွားလေသည်။ 


မီးတောက်က အနက်ရောင်ပိုးကောင်များကို ထိမှန်သွားပြီး ပိုးကောင်များ လောင်ကျွမ်းကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။


လှပ‌သောဆယ်ကျော်သက်လေးက စိတ်ပျက်စရာကောင်းလောက်အောင် အော်ဟစ်နေပြီးသက်လတ်ပိုင်းလူ၏ဓားများကလည်း လေထဲ တစ်ဖန် ပျံသန်းလာလေသည်။  ထန်မော့ထီးကို မြှောက်ကာ ဓားများကို ပိတ်ဆို့လိုက်သည်။ ထိုစဉ် ၀က်ဝံညိုကြီး ရုတ်တရက်ပေါ်လာပြီး ထီးကို လက်ဖြင့် ရိုက်လိုက်၏။


ထိုစွမ်းအားက အလွန်ကြောက်စရာကောင်းပေသည်။ ထန်မော့ ထီးနှင့်အတူ နောက်ယိုင်ကျသွားလေသည်။ လင်းရီလည်း သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။


ထန်မော့ ပါးစပ်ထဲမှ ခါးသက်ချိုမြိန်သည့်သွေးတစ်လုတ်ကို မျိုချလိုက်သည်။ သူ မလှမ်းမကမ်းမှ ၀က်ဝံညိုကြီးကို မော့ကြည့်လိုက်၏။


ကတုံးပြောင်နှင့်လူ အကြိမ်အနည်းငယ်ခန့် ဟိန်းဟောက်လိုက်စဉ် သူ့နောက်မှ ဆယ်ကျော်သက်လေးက အော်ပြောလိုက်သည်။


“သူ့ကို သတ်…ဒီမအေ* တွေ…မစ္စတာBငါ့ပိုးကောင်တွေကို သတ်လိုက်တယ်…ငါ သူ့ကို သတ်မယ်…”


လူသုံးယောက် အတူပူးပေါင်းတိုက်ခိုက်လိုက်ကြ၏။


သက်လတ်ပိုင်းလူ၏ငွေရောင်ဓားများက အားကောင်းသည့်လက်နက်ပုန်းများဖြစ်သည်။ သူ ထန်မော့၏သေကွင်းသေကွက် နေရာများသို့ ထိုဓားများစွာ ပစ်ခဲ့လေသည်။ ဆယ်ကျော်သက်လေး၏ပိုးကောင်များကလည်း မြေပြင်ပေါ်မှထန်မော့ထံ အဆက်မပြတ် တွားသွားသွားနေကာ ထန်မော့၏နေရာကို ကန့်သတ်ထားလေသည်။ နောက်ဆုံးတွင် ကတုံးပြောင်နှင့်လူက ကြောက်စရာအကောင်းဆုံးဖြစ်သည်။


သူက ထန်မော့ တွေ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံး ကစားသမားဖြစ်သည်။ သူ့၏ရုပ်ပိုင်းဆိုင်ရာခွန်အားက ဖူ၀မ်သော်ထက် မြင့်ပေသည်။


အရှိန်က ဖူ၀မ်သော်လောက် မမြန်သော်လည်း ခွန်အားက ကြောက်စရာပင်ဖြစ်၏။ သူ ထိုးလိုက်သည်နှင့် ‌မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေသည်။သူ ထီးလေးကို ထိုးသည့်အခိုက်အတန့်တွင် ထီးလေး အနည်းငယ် လှုပ်ခါသွားလေသည်။ 


ထန်မော့၏မေးရိုး အံ့ဩမှုကြောင့် ပွင့်ဟသွားပြီး နောက်သို့ ဆုတ်လိုက်သည်။ ကံကောင်းစွာနှင့် ကတုံးပြောင်နှင့်လူ၏လှုပ်ရှားမှုက သွက်လက်မှု မရှိသလို အနည်းငယ် လေးကန်လေသည်။


ထန်မော့ အဆက်မပြတ် ရှောင်တိမ်းနေရသည်။ ထိုစဉ် ထန်မော့၏မျက်လုံးများ မှေးစင်းသွား၏။ လှပသည့်ဆယ်ကျော်သက်လေးက မြေပြင်ပေါ်မှလင်းရီကို ကိုင်တွယ်ရန် လုပ်နေလေသည်။ သူ ထီးလေးကို ဖွင့်ကာ လင်းရီဘက်ပစ်လိုက်သည်။ လင်းရီ အမြန်ဖမ်းယူလိုက်ပြီး ထန်မော့၏ယခင်လှုပ်ရှားမှုများအတိုင်း ပိုးကောင်များကို ပိတ်‌ဆို့လိုက်ရင်း ထွက်ပြေးလိုက်လေသည်။


လင်းရီ အဝေးသို့ ပြေးသွားသည်ကို မြင်သောအခါ ဆယ်ကျော်သက်လေး ထန်မော့ကို ပြန်ကိုင်တွယ်လိုက်သည်။


သုံး‌ယောက်သား ပူးပေါင်းတိုက်ခိုက်ကြလေသည်။ ထန်မော့ ကတုံးပြောင်နှင့်လူ၏ထိုးချက်များကို ရှောင်ကာ အခွင့်အရေးကို စောင့်ပြီး ကတုံးပြောင်နှင့်လူ၏လည်ပင်းကို မီးခြစ်ဆံဖြင့် ရိုက်လိုက်သည်။ ရိုက်ချက်တစ်ချက်မျှသာ ဖြစ်သော်လည်း ကတုံးပြောင်နှင့်လူ ဟိန်းဟောက်လိုက်ကာ မျက်လုံးများ နီရဲလာလေသည်။ ထန်မော့ ယင်းကို အခွင့်ကောင်းယူကာ မီးခြစ်ဆံကြီးကို ‌ကတုံးပြောင်နှင့်လူ၏ခေါင်းထံ ချိန်ရွယ်လိုက်သည်။


ထိုစဉ် ထန်မော့နောက်မှ အေးစက်သည့် အမျိုးသမီးသံတစ်သံ ထွက်လာလေသည်။


“Checkmate…”


ထန်မော့၏ဦးနှောက်ထဲ အကြပ်အတည်းတစ်ခု ခံစားလိုက်ရသည်။ သူ ချက်ချင်း ကတုံးပြောင်နှင့်လူကို စွန့်လွှတ်ကာ ချက်ချင်းနောက်လှည့်၍ မီးခြစ်ဆံကို ပိတ်ဆို့လိုက်သည်။ ဒိန်းခနဲမြည်သံနှင့်အတူကျည်ဆံက မီးခြစ်ဆံခေါင်းသို့ လာမှန်လေသည်။ မီးခြစ်ဆံခေါင်းထက်တွင် လက်မအရွယ် အပေါက်တစ်ပေါက် ပေါ်လာ၏။ ကျည်‌ဆံက နက်ရှိုင်းစွာ နစ်မြှုပ်နေလေသည်။


လူလေးယောက်ရှိတာပဲ…


ထန်မော့ လှည့်ပြေးလိုက်သည်။ သူ ကတုံးပြောင်နှင့်လူကို သတ်ရန် ကြံစည်ပြီးနောက် ရုတ်တရက် ထွက်ပြေးရပြီဖြစ်သည်။ သူ့အရှိန်က လင်းရီထက် အနည်းငယ်နှေးသော်လည်း သူ ထွက်ပြေးချိန်တွင် လူလေးယောက် ချက်ချင်း ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။ သူတို့ လိုက်ဖမ်းရန် တွေးလိုက်ချိန်တွင် ထန်မော့၏ပုံရိပ်က မြက်ပင်များကြား ပျောက်ကွယ်သွားပြီဖြစ်သည်။


မီးခြစ်ဆံဖြင့် လည်ပင်းအရိုက်ခံခဲ့ရသည့်ကတုံးပြောင်နှင့်လူ မသေသေးပေ။ သို့သော် သူ့လည်ပင်းက ထူးဆန်းစွာ တွန့်လိမ်နေလေသည်။ သက်လတ်ပိုင်းလူ ထိုအနားသို့ သွားပြီး ခေါင်းကို ပြန်တည့်ပေးလိုက်သည်။ အညိုရောင်၀က်ဝံမွှေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ကတုံးပြောင်နှင့်လူ ဒေါသတကြီး အော်ဟစ်လိုက်၏။


“သူ့ကို သတ်မယ်…ငါ သူ့ကို သတ်မယ်…”


ဆံပင်တိုအမျိုးသမီး အေးစက်စွာ ပြောလိုက်သည်။


“တကယ်တော့ မစ္စတာBက နင့်ကို သတ်လုနီးနီးပဲလေ…”


လှပသည့်ဆယ်ကျော်သက်လေးလည်း အော်ဟစ်လိုက်သည်။


“ငါလည်း သူ့ကို သတ်မယ်…သူ ပိုးကောင်၉၀၀ကျော်တောင် သတ်သွားတယ်…ငါ သူ့ကို သတ်ချင်တယ်…ဒီတစ်ကြိမ် ငါတို့ မပြင်ဆင်ထားလို့ပဲ…နောက်တစ်ကြိမ် ငါ သူ့ကို လွတ်မြောက်ခွင့် မပေးဘူး…ငါတို့သုံးယောက် သူ့ကို သတ်နိုင်တယ်…သူ့ခွန်အားက အဲ့လောက်မမြင့်ဘူး…မင်း သူ့ကို မလျော့တွက်သင့်ဘူး…သူ့ခေါင်းကို ထိုးလိုက်သင့်တယ်…”


ကတုံးပြောင်နှင့်လူ ဒေါသထွက်သွားသည်။


“ဒါဆို မင်းကရော ဘာလုပ်နေတာလဲ…မင်းပိုးကောင်တွေ သူ့မျက်လုံးကို ကိုက်လိုက်သင့်တယ်…”


“မင်း…”


လင်းရီ နာရီ၀က်ကြာအောင် ဆင်ခြင်‌ဖုံးရှိအဆုံးမရှိ‌သော ပေါင်းပင်မြက်ပင်များကြား ပြေးလွှားနေလေသည်။ သူ သစ်ပင်တစ်ပင်ကို မှီကာ ခဏ နားလိုက်သည်။ သူ လုံခြုံပြီဟုဆုံးဖြတ်ပြီးနောက် အဖြစ်အပျက်ကို ပြန်တွေးလိုက်သည်။


“မစ္စတာBက ငါ့ကို ဘယ်လိုလုပ်ကယ်မှာလဲ…”


လင်းရီ လက်ထဲမှ ပန်းရောင်ထီးလေးကို ကြည့်ကာ မျက်လုံးထဲတွင် ကဗျာဆရာပုံစံမီးခိုးရောင်ငှက်မွှေးဦးထုပ်နှင့်မျက်နှာဖုံး၀တ်ထားသည့် မစ္စတာBပုံရိပ် ပြန်မြင်ယောင်လာလေသည်။ သူက အရပ်ရှည်ပြီး  မျက်လုံးများက တည်ငြိမ်အေးဆေးကာ ထောင်ပေါင်းများစွာသော အနက်ရောင်ပိုးကောင်များကို တည်ငြိမ်စွာ ဖြေရှင်းခဲ့သည်။


သူ ထီးကို ငါ့ကို ပေးခဲ့တာလား…


လင်းရီ ရေရွတ်လိုက်သည်။


“ငါ ရူးနေတာလား…မစ္စတာBရူးနေတာလား…”


“ဟီးဟီး မင်းရူးနေတာလား…မစ္စတာBရူးနေတာလား…”


လင်းရီ ယနေ့ မယုံနိုင်စရာကိစ္စများစွာ ကြုံတွေ့ခဲ့ရလေသည်။ လင်းရီ မသိစိတ်အရ ပြန်ဖြေလိုက်သည်။


“ငါ မရူးဘူး…မစ္စတာBပဲ ရူးနေတာ…”


သူ ဓားကို ဆွဲထုတ်ပြီး နောက်လှည့်လိုက်ချိန် တစ်ဖက်လူ၏မျက်နှာကို မြင်သောအခါ အေးခဲသွားလေသည်။


နေရောင်အောက်တွင် မစ္စတာBက လိမ္မော်ပင်ကို မှီကာ ပြုံးပြနေလေသည်။ သူ ပြုံးနေသော်လည်း မျက်၀န်းထဲတွင်မူ အပြုံးမရှိပေ။ ထိုဆိုးရွားသည့်အပြုံးက လင်းရီကို ရွံ့ရှာစေသည်။ တစ်ဖက်လူက သူ့ကို ဟာသအဖြစ်လုပ်နေပြီး ခနဲ့ပြောနေပုံပေါ်သည်။ ထိုလူက ပြုံးနေသော်လည်း အရူးတစ်‌ယောက်ပုံပေါက်နေ၏။


လင်းရီ မစ္စတာBကို မည်သို့ရင်ဆိုင်ရမည်မှန်းမသိပေ။ မစ္စတာBက သူ့ကို ကယ်ခဲ့ကာထီးလေးကို ပေးခဲ့လေသည်။ လင်းရီ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် မစ္စတာBကို ကျေးဇူးတင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ကျေးဇူးမတင်ရသေးမီ ခေါင်းငုံ့ကြည့်‌လိုက်သောအခါ မစ္စတာBလက်ထဲတွင် ပန်းရောင်ပိုးချည်မျှင်လေးရှိနေ၏။ ထိုပိုးချည်မျှင်၏အစွန်းတစ်ဖက်က သူ့လက်နှင့်တွဲချည်ထားလေသည်။


လင်းရီ ကြောင်အသွားသည်။ သူ ဘယ်အချိန်တွင် ပန်းရောင်ပိုးချည်မျှင်နှင့် ချည်နှောင်ခံလိုက်ရလဲ မသိပေ။


“မဖယ်ရှားနိုင်တဲ့ ချိုမြိန်တဲ့စတော်ဘယ်ရီပီကေ…”


ထန်မော့ ရှေ့မှ အမျိုးသမီးငယ်ကို ကြည့်ကာ ပြုံးလိုက်သည်။ သူ ပိုင်ရို့ယောင်၏အပြုအမူကို ပြန်တွေးလိုက်ကာ အတုခိုးလိုက်သည်။


“တစ်ကြိမ် ချိတ်ဆက်ပြီးတာနဲ့ ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူး…ဒါကအဆုံးမရှိတဲ့အချစ်များလား…”


ထိုအခိုက်အတန့်တွင် လင်းရီ၏ မစ္စတာBအပေါ် ထားရှိသော ခံစားချက်ကောင်းများ ပျောက်ကွယ်သွားလေသည်။ တစ်ဖက်လူ၏ရွံ့ရှာဖွယ်အသံက သူ့ကို ကြက်သီးထစေ၏။


“ရှင် ကျွန်မကို ဒါနဲ့ ချည်ထားတာပဲ…ဒါ့ကြောင့် ကျွန်မ ဘယ်နားရောက်နေလဲ သိနေတာပဲ…’’


ဒါကြောင့် သူ နာရီ၀က်ကြာအောင် ပြေးနေခဲ့ပေမဲ့ မစ္စတာB သူ့ကို ရှာတွေ့ခဲ့တာပဲ…


လင်းရီ အေးစက်သွားသည်။


မစ္စတာB ခေါင်းကို ငဲ့စောင်းကာ ပြုံးလိုက်သည်။


“ငါ သိတာပေါ့…”


လင်းရီ အသံ တုန်ရီသွားသည်။


“ရှင် ဘာလုပ်ချင်တာလဲ…ရှင် ကျွန်မကို ကယ်ခဲ့တယ်မဟုတ်ဘူးလား…”


“ငါ မင်းကို ကယ်ခဲ့လို့ မင်းကို ဖမ်းလို့ မရဘူးလား…”


ထန်မော့ ပြုံးလိုက်သည်။


တစ်ဖက်လူစကားဆုံးသွားသည်နှင့် မစ္စတာBပုံရိပ် ဖျတ်ခနဲပျောက်သွားလေသည်။ သို့သော် လင်းရီ မစ္စတာB သူ့ရှေ့ရပ်နေသည်ကို ပြန်မြင်လိုက်ရသည်။ ဤကား ကြောက်စရာကောင်းသည့်အနက်ရောင်မျှော်စင်မွန်းစတားကြီး သူ့ရှေ့ရပ်နေခြင်းဖြစ်သည်။ တစ်ဖက်လူလက်ဆန့်ကာ သူ့လည်ပင်းကို ရိုက်လိုက်သည်။ လင်းရီ သတိမလစ်သွားမီ သူ့ကိုယ်သူ ဒေါသတကြီး ပြန်ပြောလိုက်၏။


“ဖာ့ခ်…”



🪩