Chapter 128
Viewers 11k

🌍Chapter 128



လူ၂ဦးသား တစ်​ယောက်ကို တစ်​ယောက်ကြည့်လိုက်မိသည်။ 


ထန်​မော့ ​ခေါင်း​ဆောင်း၏​အောက်မှ ဖူ၀မ်​သော်၏ အမူအယာကိုမမြင်နိုင်​သော်လည်း မရယ်မိပဲမ​နေနိုင်ခဲ့​ချေ။


သူက ထိုအ​လောင်း၃​လောင်းကို အရင်ဆုံး​တွေ့ခဲ့သူဖြစ်သည်။ ကျန်ကစားသမားများနှင့်မတူပဲ ထန်​မော့နှင့်ဖူ၀မ်​သော်မှာ အ​ရေးနိမ့်​နေသည်ဖြစ်ကာ တစ်မိနစ်ကိုမျှ မဖြုန်းတီးလိုခဲ့​ချေ။ အနက်​ရောင်​မျှော်စင်မှ စုံ​ထောက်များ၏ အထင်​သေးမှု​ ကိုထုတ်​ပေးလိုက်စဥ်ကတည်းက  ထိုကစားသမားများမှာ မိမိတို့၂ဦးကို ​နေ့ရောညပါမရပ်မနားရှာ​ဖွေ​နေခဲ့ကြသည်။


သူတို့လည်းကစားသမားများကို အသည်းအသန်ရှာ​ဖွေခဲ့ကြ​သော်လည်း ထိုအစား အ​လောင်း၃​လောင်းကိုသာ ​တွေ့ခဲ့ရသည်။


ထိုအ​လောင်း၃​လောင်းမှာ ​မှောင်မည်း​သောလမ်းကြား​လေးထဲ ​သွေးများ​ပေကျံလျက် ရှိ​နေခြင်းပင်။ ထို၃​ယောက်မှာ အလွန်ဆိုးရွားစွာ ​သေဆုံးခဲ့ခြင်းဖြစ်သည်။ သူတို့၏၀မ်းဗိုက်များမှာ အရှင်လတ်လတ်​ဖောက်ခံလိုက်ရပြီး ကိုယ်တွင်းအင်္ဂါများမှာ အင်းဆက်များစားခြင်းကို ခံလိုက်ရပုံပင်။


သူတို့သည် ကစားသမားများအချင်းချင်းထံမှ အသတ်ခံလိုက်ရခြင်းဖြစ်သည်။ အကယ်၍ ​မြေ​အောက်လူသားများစားသွားခြင်းဆိုပါက အ​လောင်းပင်ကျန်မည်မဟုတ်​ချေ။


ထို၃​လောင်းကို​တွေ့လျှင် ထန်​မော့တွင် အကြံတစ်ခုရလာခဲ့သည်။ သူနှင့်ဖူ၀မ်​သော်မှာ ထိုအ​လောင်း၃​လောင်းကိုသယ်ပြီး လူအစည်ကားဆုံး ​မြေ​အောက်နိုင်ငံ၏ ​ကျောက်တုံးနံရံတစ်ခုတွင် ချိတ်ဆွဲခဲ့ခြင်းပင်။ ထို့​နောက် ကစားသမားများ ၄င်းတို့ကို ​​တွေ့သွားသည်အထိ ​စောင့်ခဲ့သည်။


​သေချာ​ပေါက်ပင် ၅​ယောက်အဖွဲ့ကို​တွေ့ခဲ့ရ​လေသည်။ 


"ဥာဏ်​ကောင်းတဲ့အသင်းကပဲ လမ်းတိုင်းကို​လျှောက်သွားပြီး ​ခြေရာလက်ရာရှာမှာ... ဒီအသင်းက​တော့ ပူး​ပေါင်းဖို့တန်ပါတယ်... သူတို့အဲဒီအ​လောင်း​တွေကို ​တွေ့ပြီးတာနဲ့ ခိုး၀င်သူ​တွေကို သတိကြီးကြီးထားပြီး ပူး​ပေါင်းဖို့လည်း မဖြစ်နိုင်​​တော့ဘူး" 


ထန်​မော့ကဆိုလိုက်သည်။


"သူတို့တကယ်ပူးပေါင်းဖြစ်ကြမှာမဟုတ်ဘူး အသန်မာဆုံး အသင်း၂သင်းမပူး​ပေါင်းသ၍ ကျွန်​တော်တို့နိုင်ဖို့ ၆၀ရာခိုင်နှုန်း​သေချာတယ်"


ဖူ၀မ်​သော်ကတုန့်ပြန်လိုက်သည်။ 


"၇၀ရာခိုင်နှုန်းပါ" 


ထန်​မော့သူ့အား ထူးဆန်းစွာကြည့်လိုက်သည်။ 


ထိုထူးဆန်း​သော စစ်သည်​တော်မှာ နံရံတွင်မှီလျက် ​ခေါင်းကိုအသာ​စောင်းထားခဲ့သည်။ သူက​မြေကြီးကိုကြည့်နေသည်လား ထန်​မော့ကိုကြည့်​နေသည်လား မ​သေချာ​ချေ။ 


"အဲဒီ၂​ယောက်"


သူက​တွေး​တော​နေပုံဖြင့် ဆက်​ပြောလာခဲ့သည်။ 


"သူတို့ အဲဒီ င​တုံး ၂ယောက်ကို ကယ်သွားတယ်​လေ"


၀မ်ရင်း​ကွေ့နှင့် လူအိုကြီး​နျောင်တို့မှာ ၅​ယောက်အဖွဲ့ထံမှ အကယ်ခံလိုက်ရသည်။ 


ထန်​မော့မှာ တန့်သွားမိပြီးမှ ပြုံးလိုက်မိ​လေသည်။


"ဟုတ်ယ် ၇၀ရာခိုင်နှုန်းပဲ"


အချိန်များကုန်လွန်သွားလျက် ​မြေ​အောက်နိုင်ငံမှာ တိတ်ဆိတ်​နေခဲ့သည်။ ထူးဆန်း​ထွေလာ ဆပ်ကပ်ညပွဲ​တော်မှာ နီးကပ်လာခဲ့ပြီး အနယ်နယ်အရပ်ရပ်မှာ ပွဲကြည့်သူများမှာ မြို့​တော်ဆီ​ရောက်ရှိလာကြ​လေသည်။


 á€á€˝á€”á€şá€Ąá€Źá€¸á€€á€źá€Žá€¸á€™á€˝á€”á€şá€¸á€…á€á€Źá€¸á€™á€ťá€Źá€¸á€™á€žá€Źá€œá€Šá€şá€¸ မွန်းစတားနိုင်ငံမှ ​လှေဖြင့်​ရောက်ရှိလာခဲ့ကြသည်။


ထူးဆန်း​ထွေလာဆပ်ကပ်ပွဲ​နေ့တွင် မွန်းစတားနိုင်ငံမှ ​လှေတစ်စင်းရောက်ရှိလာခဲ့သည်။ ​လှေမှာ ကမ်းကပ်ပြီး​နောက် ပန်း​ရောင်၀တ်စုံကို၀တ်လျက် ပန်း​ရောင်ဦးထုပ်ကို​ဆောင်းထား​သော ဇာထီးက​လေးကိုကိုင်ထားသည့် အမျိုးသမီးကြီးတစ်ဦး ​လှေ​ပေါ်မှ ဆင်းလာခဲ့​လေသည်။ သူမက သူမ၏ဇာထီးက​လေးကိုဖွင့်လျက် အသာမြှင့်လိုက်လျှင် သူမ၏အစိမ်း​ရောင်မျက်လုံးများနှင့် ချွန်ထက်​နေ​သော သွားများကို​ဖော်ပြထား​သော ပါးစပ်အကြီးကြီး​ပေါ်လာခဲ့သည်။


ဘွားဘွား၀ံပု​လွေကြီးက လျှာကိုသပ်လျက် ဆိပ်ကမ်းမှထွက်ခွာသွားခဲ့​လေသည်။


​မြေ​အောက်နိုင်ငံကို ​အေး​အေးလူလူ၀င်​ရောက်နိုင်​သော မွန်းစတားများမှာ အလွန်သန်မာကြ၍ပင်။


 á€˜á€˝á€Źá€¸á€˜á€˝á€Źá€¸á€á€śá€•á€Żâ€‹á€œá€˝á€ąá€€á€źá€Žá€¸ လမ်းတစ်​လျှောက်ကို ဖြတ်သန်းလာနေစဥ် သာမာန် ​မြေ​အောက်လူသားများမှာ သူမအနားကို မနီးကပ်၀ံ့ကြ​ချေ။ 


သူမသည် သံဖိနပ်ချုပ်သမားကြီး ကြိုးကြိုးစားစားဖိနပ်ပြင်​နေ​သောဆိုင်​ရှေ့မှဖြတ်သွားခဲ့သည်။ သူသည် အနက်​ရောင်ဖိနပ်တိုက်​ဆေးများကို နံ​စော်နေ​သော ဖိနပ်​ပေါ်သို့​လောင်းချလိုက်ကာ သူမကိုတစ်ချက်မှမကြည့်​ချေ။ ထို့​နောက်သူမသကြားလုံးဆိုင်ကိုဖြတ်​ကျော်လာခဲ့သည်။ ဤသကြားလုံးဆိုင်မှာ ချိုမြိန်​သော တုတ်ထိုးချိုချဥ်များကိုပြုလုပ်​ရောင်းချ​လေသည်။ သကြားလုံး​လေးများဖြင့် တံခါး​ပေါ်တွင် Merry Christmasဟု ရေးဆွဲထား​လေသည်။ 


​နေ့လည်ခင်းတွင် အစိမ်း​ရောင်အလင်း၁၅ခုမှာ ​နေ​ရောင်​အောက်တွင်​ပေါ်လာခဲ့သည်။


ဘွားဘွား၀ံပု​လွေကြီးက ​ရှေ့သို့ဆက်၍​လျှောက်သွားခဲ့သည်။ ထိုအစိမ်း​ရောင်အလင်း၁၅ခုမှာ မြို့​တော်၏​​ထောင့်​ပေါင်းစုံသို့ဖြန့်ကျဲသွားလျှင် ဘွားဘွား၀ံပု​လွေကြီးရပ်တန့်သွားခဲ့သည်။ သို့​သော်လည်း သူမလျစ်လျူရှူလိုက်ပြီး ပန်း​ရောင်ထီးက​လေးကို ​ဆောင်းလျက် ​ရှေ့ဆက်သွားခဲ့​လေသည်။


ငှက်​ပျောဘုံဆိုင်၏ အခန်းတစ်ခုတွင် ကတုံး​ပြောင်နှင့်လူတစ်ဦးက သူ့ထံသို့ပျံ၀ဲလာ​သော အစိမ်း​ရောင်အလင်းတစ်ခုကို လက်ဆန့်ကာဖမ်းယူလိုက်သည်။ သူက၄င်းကိုဖွင့်ကြည့်လိုက်လျှင် ​မြေပုံ​ပေါ်မှ အမှတ်တချို့ကို​တွေ့လိုက်ရ​လေသည်၊ မွန်းစတားကြီး၏ တည်​နေရာကိုမြင်လျှင် သူကခတ္တမျှတန့်သွားပြီးမှ ကြက်သီးထဖွယ်​ကောင်း​သော အပြုံးကြီးတစ်ခုကို ထုတ်​ဖော်လာခဲ့သည်။ 


"မ​ဝေးဘူးပဲ"


​ကောင်​ချော​လေးတစ်ဦးမှာ ထို​မြေပုံ​ပေါ်မှ အမှတ်ကိုကြည့်လျက် အစိမ်း​ရောင်အလင်းအား အစိတ်အမွှာမွှာ ထု​ချေပစ်လိုက်သည်။


"ဒီ​​နေ့​တော့ မစ်စတာ Bအ​သေပဲ"


လူ၄ဦး ငှက်​ပျောဘုံဆိုင်မှ​ သိပ်မ​ဝေး​သော မြို့လည်​ခေါင်ထံ ​ပြေးထွက်လာခဲ့ကြသည်။ 


အနက်​ရောင်​မျှော်စင်မှာ စုံ​ထောက်များ၏အထင်​သေးမှုကို ည​နေခင်းတွင် တမင်​ရွေးကာ ချ​ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ပျင်းရိ​သော ​မြေ​အောက်လူသားများမှာ အိပ်​ပျော်​နေကြပြီဖြစ်ကာ လမ်းကြားထဲတွင် ကစားသမားများ ဘာပဲလုပ်လုပ် သူတိူ့ဂရုလည်းမစိုက်သလို ထွက်လည်းကြည့်ကြမည်မဟုတ်​ချေ။ ဤသည်မှာ သူတို့၏ ဂိမ်းသာဖြစ်ပြီး ကစားသမားတစ်ဦးဦး ​သေမသွားသ၍ ​မြေ​အောက်လူသားများက သူတို့ကို စားရန်ကြိုးစားလာမည်မဟုတ်​ချေ။


ကတုံး​ပြောင်လူက ၀က်၀ံကြီးအဖြစ် မ​ပြောင်းရ​သေး​သော​ကြောင့် သူ၏အလျင်မှာ လူ၄​ယောက်ထဲတွင် အမြန်ဆုံးဖြစ်သည်။ ၁မိနစ်အကြာတွင်သူက ​ဆင်​​ခြေဖုံးဧရိယာဆီ​ရောက်လာခဲ့သည်။ သူ၏​ရှေ့မှအိမ်များကိုကြည့်လျက် သူ၏မျက်လုံးထဲတွင် အလင်းရောင်တစ်ခု​တောက်ပ​နေခဲ့သည်။ 


ရုတ်တရက်သူ၏အကြည့်များမှာ ထိုဧရိယာ၏အတွင်းဆုံးမှ အိမ်အိုကြီးထံ​ရောက်ရှိသွားခဲ့သည်။


"ဟိုမှာ" 


သူတို့ထိုရပ်ကွက်အတွင်း​ပြေး၀င်​နေစဥ်မှာပင် ဆံပင်တိုတိုနှင့်အမျိုးသမီးမှာ ရင်ထဲမှ တင်းကြပ်လျက် မ​ကောင်း​သောခံစားချက်မျိုးရလာခဲ့သည်။ တချိန်တည်းမှာပင် သူမ၏​နောက်မှ ​ပြေး၀င်လာ​သော တြိဂံသဏ္ဍာန်ဘိုးမရင်းကို​​ခေါင်း​စောင်းလျက် ​ရှောင်လိုက်သည်။ အနက်​ရောင်ဘိုးမရင်းမှာ ဆံပင်ရှည်ရှည်နှင့်အမျိုးသမီး၏ လက်ထဲသို့ပြန်​ရောက်သွားခဲ့သည်။  ခိုး၀င်သူ၄​ယောက်မှာ ရပ်တန့်သွားလျက် ​နောက်မှလူကိုလှည့်ကြည့်လိုက်ကြ​လေသည်။


ထို့​နောက်တခြားလမ်းမှ အနက်​ရောင်၀တ်လူ၄ဦးမှာ လျင်မြန်စွာ ​ပြေးလွှား​နေသည်ကို ​တွေ့လိုက်ရသည်။ သူတို့မှာလျှင်မြန်​သော်လည်း ​ဆင်​ခြေဖုံးရပ်ကွက်၏ အပြင်ဘက်တွင်သာရှိနေဆဲပင်။ ဆံပင်ရှည်အမျိုးသမီးက ခိုး၀င်သူ၄ဦးအား ဆက်မသွားနိုင်​စေရန် ဘိုးမရင်းကို ပစ်လျက်တားလိုက်သည်။  ထို​၄​ယောက်အနားကို​​ရောက်လာသည်နှင့် ​တောက်ပ​သောအပြုံးနှင့်လူငယ်ကဆိုလာသည်။ 


"ဒီ​နေ့က​နောက်ဆုံး​နေ့ပဲ မွန်းစတားကြီးကို အတူတူခိုးလို့ရတာပဲ​ဆို​တော့ ကိစ္စမရှိဘူး၊ယ...ဒါ​ပေမယ့် ဘုရင့်​ရွှေဒင်္ဂါးက ၂ခုပဲရှိတယ် ပိုမြန်တဲ့သူကရမှာပဲ" 


ထို့​နောက်ထိုလူငယ်မှာ တရှိန်ထိုး​ပြေးထွက်သွားလျက် ခိုး၀င်သူများကို ​ကျော်ဖြတ်ရန်ကြိုးစားလိုက်သည်။


ကတုံး​ပြောင်နှင့်လူက ထိုစကားများကိုကြား​သော် ဘာမှဆိုမလာခဲ့​ချေ။ လူငယ်မှာသူ၏အနားသို့​ရောက်လာ​သော် သူက​အေးစက်စွာပြုံးလျက် လက်သီးဖြင့်လှမ်းထိုးလိုက်သည်။ 


လူရွယ်က ၄င်းကိုကြိုတင်​မျှော်လင့်ထားသည့်အလား ​နောက်သို့၃လှမ်းဆုတ်လျက် ​ရှောင်လိုက်​လေသည်။ သူ၏အပြုံးမှာ ပိုင်ရို့​ယောင်​​လောက် ရန်စ​နေပုံမ​ပေါ်​သော်လည်း အခိုက်အတန့်တွင် သူကလုံး၀ပြုံးမ​နေ​တော့​ချေ။ သူကခိုး၀င်သူ၄ဦးကို ​အေးစက်စွာ စိုက်ကြည့်​နေခဲ့သည်။


ဘိုးမရင်းကိုပစ်လိုက်​သော ဆံပင်ရှည်ရှည်နှင့်အမျိုးသမီးမှာလည်း ရပ်တန့်သွားခဲ့သည်။ ကစားသမား၄ဦးမှာ ဆင်​ခြေဖုံးရပ်ကွက်အစွန်တွင်ရပ်လျက် ခိုး၀င်သူ​လေးဦးကို စိန်​ခေါ်​နေခဲ့သည်။


လူငယ်ကတုန့်ဆိုင်းမ​နေခဲ့။


"မင်းတို့၄​ယောက်က ခိုး၀င်သူ​တွေလား"


​​ကတုံး​ပြောင်နှင့်လူကရယ်လိုက်သည်။ 


"အဲ​တော့ဘာဖြစ်လဲ"


ကတုံးနှင့်လူကြီးမှာ ဟိန်း​ဟောက်လိုက်ပြီးသူ၏ လက်နှစ်ဖက်မှာ ​မြေကြီး​ထောက်လျက် မျက်နှာ​ပေါ်တွင်လည်း အညို​ရောင် အ​မွှေးများ​ပေါက်လာခဲ့သည်။ ဘိုးမရင်းကိုပစ်လိုက်​သော မိန်းက​လေးမှာ ၄င်းကိုမြင်လျှင် လူငယ်ကိုလှည့်ကြည့်လိုက်သည်။


" ဂိမ်းထဲမှာ ခိုး၀င်သူ​တွေပါ​နေရင် ဂိမ်းက​အေး​ဆေးပြီးမှာမဟုတ်ဘူးလို့ငါပြောသားပဲ နင်က​တော့​လျှောက်သွား​နေပြီး ဒီတစ်ကြိမ်​တော့​မြေ​အောက်နိုင်ငံအ​ကြောင်းပိုသိရ​အောင်လုပ်မယ်နဲ့ ကြီးကြီးကျယ်ကျယ်​တွေ​လျှောက်​ပြော​နေတယ်... အခု​တော့နင့်တွင်း နင်တူးမိပြီမလား... လုမျိုးရိုး နင်နဲ့ငါပဲ အသင်းထဲမှာတိုက်နိုင်ခိုက်နိုင်တဲ့သူ​တွေ​နော် ငါဒီမှာ​သေလို့က​တော့ နင့်ကို တမလွန်ထိ လိုက်​ခြောက်​နေမှာ"


လုမျိုးရိုး​ကောင်​လေးက ကတုံး​ပြောင်ကြီး၏ တိုက်ခိုက်မှုကို အဆက်မပြတ်​ရှောင်ရှား​နေခဲ့သည်။ ဤအချိန်အတွင်းသူကတစ်ကြိမ် နှစ်ကြိမ်ခန့်​တော့ပြန်တိုက်နိုင်မည်ဟုထင်ထား​သော်လည်း သူ၏ဓါးမှာ ထိုကတုံးပြောင်ကြီးအား ဒဏ်ရာပင် မရ​စေ​ပေ။ မာ​ကြော​သောအ​ရေပြား​ကြောင့် ဓါးသွားပင် ​ကွေးသွားရသည်ကိုမြင်လျှင် သူကအလျင်အမြန်ဆိုလာခဲ့သည်။ 


"အန်ချူး လာကူဦး"


ဘိုးမရင်းအမျိုးသမီးမှာ ​ဆောင့်​​အောင့်လိုက်​သော်လည်း သူမကဘိုးမရင်းကိုပစ်လျက် ထိုကတုံး​ပြောင်၏တိုက်ခိုက်မှုကို ကာ​ပေးလိုက်သည်။


မကြာခင်မှာပင် အသင်း၂ခုမှာ ​ရော​ထွေးသွားကြ​တော့သည်။ မူလတွင်ထို လုမျိုးရိုးနှင့်လူမှာ မျှတ​သောဂိမ်းကို စဥ်းစား​နေတုန်းပင်။ အနက်​ရောင်​မျှော်စင်မှ ကစားသမားများကို​ပေး​သောမစ်ရှင်မှာ မစ်စတာA နှင့် မစ်စတာ B ထံမှ မွန်းစတားကြီးကို ခိုးရန်ဖြစ်​သော်လည်း လူတိုင်းကခိုးရမည်ဟု​တော့မဆိုထား​ချေ။ ကစားသမားကြားထဲမှ တစ်ခုတည်း​သော အငြင်းပွားစရာမှာ ဘုရင့်​ရွှေဒင်္ဂါးဖြစ်သည်။


ဘုရင့်​ရွှေဒင်္ဂါးမှာ ၂ခုသာရှိပြီး ကစားသမားများမှာ​တော့ ၂၃​ယောက်ဖြစ်သည်။ သို့​သော် ထိုဒင်္ဂါးများမှာ အပိုဆုမျှသာ။


ကတုံး​ပြောင်ကြီးနှင့် ​ကောင်​ချော​လေး၏ တိုက်ခိုက်မှုကို ခုခံရင်း လူငယ်က ​အော်ဟစ်လိုက်သည်။ 


"​​နေဦး ​​နေပါဦး ငါတို့​တွေက တိုက်တာခိုက်တာလည်းသိပ်မရဘူး အားလည်းနည်းတယ်...ငါတို့ကဘုရင့်​ရွှေဒင်္ဂါးကိုလည်းမလိုချင်ဘူး ဂိမ််းကိုပဲ နိုင်ချင်တာ ငါတို့ကိုလွှတ်​ပေးလို့မရဘူးလား"


ဤသည်မှာအ​​ကောင်းဆုံး​ရွေးချယ်မှုပင်။ လုမျိုးရိုးလူငယ်မှာ သူ့အသင်း၏ ​ပျော့ကွက်ကိုသိ​လေသည်။ အတိအကျဆိုရလျှင်  ဤအသင်းတွင် သူနှင့် သူနှင့်အတူကြီးပြင်းလာ​သော အန်ချူးသာလျှင်ပါရှိသည်။ ကျန်အဖွဲ့၀င်၂ဦးမှာ ယာယီမျှသာ။ အခွင့်အ​ရေးရလျှင်​တော့ ဘုရင့်​ရွှေဒင်္ဂါးကို ယူလို​သော်လည်း မဖြစ်နိုင်လျှင် ၄င်းကို​မေ့ပြီး အဓိကအ​ရေးကြီး​သောအရာကိုသာလျှင် ဂရုစိုက်မည်ဖြစ်သည်။


ကတုံး​ပြောင်ကြီးမှာ ထိုစကားကိုကြားလျှင် ပါးစပ်ကိုဖြဲလျက် ချွန်ထက်​သောသွားများကိုထုတ်​ဖော်လာခဲ့သည်။ ၀က်၀ံညိုကြီးအဖြစ်​ပြောင်းသွားပြီး​နောက် သူ၏သွားများမှာ သားရဲတစ်​ကောင်နှယ် ချွန်ထက်လာခြင်းဖြစ်သည်။ သူကလူငယ်၏​နောက်မှ ​ကျောက်တုံးကြီးကို ထိုးခွဲလိုက်သည်။


"ငါမင်းကိုသတ်ပြီးရင်လည်း ဘုရင့်​ရွှေဒင်္ဂါးကိုယူဦးမှာ ပြဿနာရှိလို့လား...မရှိဘူး​လေ"


"​သေစမ်း" 


ကမ္ဘာကြီးအွန်လိုင်း​ပေါ် တက်လာပြီးကတည်းက လုမျိုးရိုးမှာ အနက်​ရောင်​မျှော်စင်ဂိမ်း အများကြီးတွင် ပါ၀င်ဖူးခဲ့ပြီး ခိုး၀င်သူအများအပြားနှင့်လည်း ဆုံခဲ့ရဖူးသည်။ သို့​သော် ကတုံး​ပြောင်ကြီးလိုလူမျိုးမှာ ခိုး၀င်သူများထဲတွင်လည်း သိပ်မများလှ။ ခိုး၀င်သူအများစုမှာ အသင်းသားများထံမှ ပစ်မှတ်ထားခံရမည်စိုး၍ မိမိ၏ သရုပ်အမှန်ကို ဖုံးကွယ်ထားတတ်ကြသည်။ ဤကတုံး​ပြောင်ကြီးကဲ့သို့ အလွန်သန်မာကြီး သတ်ချင်ဖြတ်ချင်စိတ်ပြင်းထန်သူများကမူ အနည်းမျှသာရှိသည်။


ထိုခိုး၀င်သူ၄​ယောက်အဖွဲ့တွင် ကတုံး​ပြောင်ကြီးနှင့် ​ကောင်​ချော​​လေးတို့ကသာ လုမျိုးရိုးအဖွဲ့ကို တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်​နေခြင်းဖြစ်သည်။


 á€žá€€á€şá€œá€á€şá€•á€­á€Żá€„á€şá€¸á€Ąá€›á€˝á€šá€şá€œá€°á€€á€źá€Žá€¸á€€ ဓါးပျံများနှင့် ​ဘေးမှကူ​နေခဲ့သည်။ ဆံပင်တိုတိုနှင့် မိန်းက​လေးကသာ သူမ၏ Checkmate စွမ်းရည်ကို မ​ပျော်မရွှင်နှင့် သုံး​နေခဲ့သည်။ သူမမှာ သတ်ရဖြတ်ရဖို့ တက်ကြွမ​နေ​သော်လည်း သူမ၏အသင်းကို မဆန့်ကျင်လို​ချေ။ ထို့​ကြောင့်ကူညီ​ပေးရန်သာရှိသည်။


ကစားသမား​၈ဦးမှာ ဆင်​ခြေဖုံးရပ်ကွက်တွင် ကြီးမား​သော ရန်ပွဲကြီးကိုဆင်နွှဲ​နေခဲ့သည်။


​​ဆင်​ခြေဖုံးရက်ကွက်တွင်​နေထိုင်​သော ​မြေ​အောက်လူသားများမှာ အဆင့်နိမ့်များဖြစ်ပြီး အားအလွန်နည်းလှသည်။ အပြင်ဘက်မှ ဆူညံသံများကိုကြားသည်နှင့် တံခါးများကိုပိတ်ကာ သူတို့ကိုလျစ်လျူရှူထားလိုက်ကြသည်။


ကတုံး​ပြောင်ကြီးက သစ်လုံးအိမ်​လေးကို ထိုးချလိုက်ပြီး သူ၏ထူထဲ​သော ​ခြေ​ထောက်က လုမျိုးရိုးဆီလှမ်းကန်လိုက်သည်။ လုမျိုးရိုးမှာ ၄င်းကိုမ​ရှောင်နိုင်လိုက်၍ အန်ချူးမှာ ဘိုးမရင်းကိုပစ်ကာ ထိုကတုံး​ပြောင်ကြီး၏ ​ခြေ​ထောက်ကို တားထားလိုက်ရသည်။ ကတုံး​ပြောင်ကြီးလဲကျသွားချိန်တွင် အန်ချူးနှင့် လူငယ်မှာ ထွက်​ပြေးလိုက်ကြ​တော့သည်။


"လိုက်"


ခိုး၀င်သူ​လေးဦးက ထိုက​စားသမား၄ဦး​နောက်မှ လိုက်လာခဲ့ကြသည်။ 


လူ၈​ယောက် မွန်းစတားကြီးရှိရာ သစ်သားအိမ်​ဟောင်းဆီ ဦးတည်​ပြေးလွှား​နေကြသည်။ လုမျိုးရိုး​ကောင်​လေးမှာ လျင်မြန်စွာ ​တွေး​တောလိုက်သည်။ 


"ကျန်တဲ့ ၇​ယောက်သာအသက်ရှင်​သေးရင် သူတို့ဒီနားမှာပဲ ရှိမှာ... သူတို့က​တော့ခိုး၀င်သူ​တွေမဖြစ်နိုင်ဘူး...ခိုး၀င်သူ​တွေဆိုရင်​တောင် သူတို့ဒီအ​ခြေအ​နေကိုမြင်ရင် ဒီလူ​တွေကိုရှင်းဖို့ ငါတို့နဲ့အရင်ပူး​ပေါင်းမှာပဲ...ငါတို့အချိန်ဆွဲထားနိုင်သ၍ တစ်​ယောက်​ယောက်​ရောက်​တော့ ​ရောက်လာမှာ အဟွတ်... အန်ချူးဘာလုပ်တာလဲ"


ဘိုးမရင်း အမျိုးသမီး၏လက်မှာ လုမျိုးရိုး၏​ခေါင်းကို ဖတ်ခနဲရိုက်ချလိုက်သည်။ သစ်ပင်များကိုဖြတ်​ပြေး​​နေရင်းဖြင့်လည်း အကိုင်းများကို လွှတ်ချကာ သူ့ကိုရိုက်​သေးသည်။ အန်ချူးမှာ စိတ်တိုတိုနှင့် ​အော်​ငေါက်လိုက်သည်။


"နင်ကပညာရှိလမ်းစဥ်ကိုလိုက်ဖို့ ပါရမီမပါဘူးဟဲ့...နင့်အစီအစဥ်ကဘာလဲ...လော​လောဆယ်အ​ရေးအကြီးဆုံးက လွတ်ဖို့ပဲ...လွတ်ဖို့ နားလည်လား... နင်​ပြောတဲ့ အစီအစဥ်တိုင်း တစ်ခါ​လေး​တောင် အလုပ်ဖြစ်ဖူးလို့လား ငါ့ကို​ပြောစမ်းပါ"


ဘိုးမရင်းအမျိုးသမီး၏စကားများမှာ မှန်ကန်​နေ၍ လူငယ်များ တစ်ခွန်းမှပြန်မ​ချေပနိုင်​ချေ။ သူသည် ​သူ၏IQဖြင့်​မျှော်စင်တိုက်ခိုက်​နိုင်သူတစ်​ယောက် ဖြစ်လို​သော်လည်း တစ်ခါမျှမ​အောင်မြင်ဖူး​ချေ။ ဘာ​ကြောင့်လဲမသိ​ချေ။ သူ့၏အစီအစဥ်တိုင်း အမြဲတလွဲဖြစ်ကာ ထူးဆန်း​သောနည်းလမ်းဖြင့်သာ ဂိမ်းများကို နိုင်သွားတတ်သည်။


သူဂိမ်းကိုနိုင်သွား​သော အ​ကြောင်းပြချက်အများပြားရှိ​သော်လည်း ထိုထဲကတစ်ခုကမှ သူ၏အစီအစဥ်နှင့်မသက်ဆိုင်​ချေ၊


ကစားသမား​လေးဦးမှာ မွန်းစတားကြီးကိုခိုးဖို့အ​ကြောင်းမ​တွေးရဲ​သေး​ချေ။ သူတို့အသက်ရှင်ပြီးကာမှ ဂိမ်းကိုနိုင်ဖို့နည်းလမ်းကို စဥ်းစားနိုင်မည်ဖြစ်သည်။


ကတုံး​ပြောင်ကြီးမှာ ၀က်၀ံညိုကြီးအဖြစ် ​ပုံပြောင်းပြီးကတည်းက သူ၏အလျင်မှာအ​တော်​လေး ​လျော့ကျသွားခဲ့သည်။ သို့တိုင်​အောင် ဆံပင်တိုအမျိုးသမီးမှာ​တော့ အလွန်လျင်မြန်ကာ အန်ချူးထက်ပင် မြန်​နေဆဲဖြစ်သည်။ အန်ချူးအုပ်စုအားလိုက်မီလာသည်နှင့် သူမကပစ္စတိုကို​မြောက်လျက် ​အေးစက်စွာ ​ရေရွတ်လိုက်သည်။


"Checkmate"


ဘန်း...


​ငွေ​ရောင်ကျည်​တစ်ခုက ​ပြောင်း၀မှ​ပြေးထွက်လာပြီး လုမျိုးရိုး၏​ကျောဘက်ကို ဦးတည်သွားခဲ့သည်။ 


ထိုကျည်ဆန်မှာ မျက်လုံးများပါရှိ​နေသည့်နှယ်မည်သို့ပင်ရှောင်​ရှောင် သူ၏​နောက်သို့ထပ်ကြပ်မကွာ လိုက်​နေ​ခဲ့​လေသည်။ လုမျိုးရိုး၏ မျက်လုံးများ​အေးစက်သွားခဲ့သည်။ သူကဘိုးမရင်းအမျိုးသမီး၏ လက်ကို တွန်းဖယ်လိုက်ပြီး ဆံပင်တိုအမျိုးသမီးကို ရင်ဆိုင်ရန် ​နောက်သို့လှည့်လိုက်သည်။ သူ၏ညာလက်ကို ​ဝေ့ယမ်းလျက် ​ငွေ​ရောင် pointerတစ်ခု​ပေါ်လာခဲ့ပြီး ကျယ်​လောင်စွာ ​ရေရွတ်လိုက်သည်။


"၃+၄=၅ ဘစ်​ရှော့ သီအိုရမ်"


သူ၏​နောက်ပြန်လှည့်လာမှုမှာ အလွန်လျင်မြန်လှ၍ ဆံပင်တိုအမျိုးသမီးမှာ အချိန်မီ မတုန့်ပြန်နိုင်လိုက်​ချေ။ ထိုစကားစုကို ​ရေရွတ်ပြီးသည်နှင့် ထို​ငွေ​ရောင် pointerထံမှ ​တောက်ပ​သော အဖြူ​ရောင်အလင်းတစ်ခု​ပေါ်လာခဲ့ပြီး ဆံပင်တိုအမျိုးသမီး၏ မျက်ခုံးကြားသို့တိုး၀င်သွားခဲ့သည်။ 


သူမ၏မျက်လုံးများ ​မှေးကျဥ်းသွားလျက် အာရုံများမှာ ​ဝေ၀ါးလာခဲ့လျက် ​နောက်ပြန်လဲကျသွား​တော့သည်။



🪩