Chapter 129
Viewers 11k

🌍Chapter 129




 á€€á€á€Żá€śá€¸â€‹á€•ဟ္ဏင်ကဟဎးက အလျင်အမြန်​ပြေးလာလျက် သူမကိုဖမ်းယူလိုက်သည်။ ၂ကြိမ်​လောက် လှုပ်ခါလိုက်ပြီး​နောက် ဆံပင်တိုအမျိုးသမီးမှာ ပြန်လည်နိုးထလာခဲ့​လေသည်။ ကတုံး​ပြောင်ကြီးက​မေးလိုက်သည်။ 


"ဘာဖြစ်တာလဲ"


ဆံပင်တိုအမျိုးသမီး တဖြည်းဖြည်းပြန်သတိရလာပြီး​နောက်အံကိုကြိတ်ကာ ဆိုသည်။


"ရုတ်တရက်ကြီး အိပ်ချင်လာတာ သတိထား သူ့မှာ အိပ်​​မွေ့ချစွမ်းရည်ရှိတယ်"


ထိုအမျိုးသမီးစကား​ပြော​နေချိန်တွင် လုမျိုးရိုးမှာ ​ခြေသုတ်တင်​ပြေးနှင့်ပြီဖြစ်သည်။ 


"သူ့ကျည်ဆန်ကို​တော့အိပ်​မွေ့ချလို့မရဘူးဟ အန်ချူး ကယ်ပါဦး"


အန်ချူး သူမကိုအဆက်မပြတ်တိုက်ခိုက်​နေ​သော ​ကောင်​ချော​လေး၏ အင်းဆက်များ​​ကြောင့်မအားလပ်နိုင်​ချေ။ သူမ အင်းဆက်များကို ဘိုးမရင်းနှင့် အဆက်မပြတ်ရိုက်ထုတ်​နေရသည်။ ထို​ငွေ​ရောင်ကျည်ဆန်မှာ လုမျိုးရိုး၏​ခေါင်းကို​ဖောက်၀င်​တော့မည်ကိုမြင်လျှင် သူမအံကိုကြိတ်လျက် ​ခြေ​ဆောင့်လိုက်မိသည်။ အနက်​ရောင်ဘိုးမရင်းတစ်ခုက သုမ၏လက်ထဲတွင်​ပေါ်လာခဲ့ပြီး သူမ၄င်းကို ​ဝေ့ယမ်းလိုက်သည်။


သူမ၏အလျင်က လုံ​လောက်​အောင်မလျင်မြန်လှ​သော်လည်း ထိုကျည်ဆံမှာ လုမျိုးရိုး၏​ခေါင်းကို ​ဖောက်၀င်ခါနီးတွင် အနက်​ရောင်ဖဲချပ်တစ်ခုက ထိုကျည်ဆံကိုရိုက်ထုတ်ပစ်လိုက်ပြီး ​မြေကြီး​ပေါ် ပြုတ်ကျသွား​စေသည်။


​ကျည်ဆံသည် ​မြေကြီး​ပေါ်တွင် ခတ္တမျှတုန်​နေ​သေး​သော်လည်း အဆုံးတွင် ရပ်တန့်သွားခဲ့​​လေသည်။


ဆင်​ခြေဖုံးအနီးတွင် ​ကောင်းကင်​ပေါ်မှ မီးပန်း၄ခုပြုတ်ကျလာပြီး အန်ချူးဘေးတွင် ၀ိုင်းအုံ​နေ​သော အင်းဆက်များကို ​လောင်းကျွမ်းသွား​​စေသည်။ တစ်ချိန်တည်းမှာပင် သက်လတ်ပိုင်းလူကြီးက လုမျိုးရိုးထံ​ပြေး၀င်လာ​သော ဓါးများကို တားဆီးထားလိုက်သည်။


အန်ချူးနှင့် လုမျိုးရိုးတို့မှာ အဆုံးတွင် အသက်ရှူချိန်ရရှိသွားခဲ့သည်။ တဖက်မှာ​တော့သူတို့၏ ယာယီအသင်း​ဖော်၂ဦးမှာ ဒဏ်ရာများဖြင့် လဲကျ​နေခဲ့​လေသည်။ မျက်မှန်နှင့်လူက အသင်း​ဖော်၄ဦးနှင့်အတူ တဲထဲမှ ထွက်လာခဲ့သည်။ သူတို့သည် မွန်းစတားကြီးရှိရာ​နေရာမှ ထွက်လာခြင်းဖြစ်သည်။


လုမျိုးရိုး အံ့သြသွားလျက် မျက်မှန်နှင့် အမျိုးသားကို ကြည့်လိုက်မိသည်။


လင်းရီကဆိုလိုက်သည်။ 


"​ခေါင်း​ဆောင် ဒီ​လေး​ယောက်က ဂိမ်းထဲ​နောက်ဆုံးကျန်တဲ့သူ​တွေဖြစ်​လောက်တယ်... ကျန်တဲ့သူ​တွေကဒီခိုး၀င်သူ​တွေသတ်တာခံလိုက်ရပြီထင်တယ်...​ခေါင်း​ဆောင်ရဲ့ အစီအစဥ်အတိုင်းလုပ်ကြ​တော့မလား"


လူအ်ုကြီးလီကအရွှန်း​ဖောက်လိုက်သည်။


"​ခေါင်း​ဆောင်အစီအစဥ်မဟုတ်ပါဘူး မစ်စတာ Aနဲ့ ဘီရဲ့ အကြံပါ"


လုမျိုးရိုးလူငယ်က မျက်မှန်နှင့်လူ၏ အသင်း​ဖော်၅ဦးကို အံ့အားသင့်လျက်ကြည့်​နေဆဲပင်။ ထိုသူကအန်ချူးနှင့် လုမျိုးရိုးကိုမိမိတို့ဘက်ဆီဆွဲ​ခေါ်လျက် မနီးမ​ဝေးမှ ခိုး၀င်သူ၄ဦးကို စိုက်ကြည့်လိုက်သည်။


"ဒီခိုး၀င်သူ​တွေကိုမရှင်းပစ်ရင် ဂိမ်းကို​ရှေ့ဆက်လို့မရဘူး... ဒါ​ကြောင့်ငါတို့က မစ်စတာAနဲ့Bရဲ့ အကြံအတိုင်းလိုက်​နေတာမဟုတ်ဘူး...ငါ့အကြံဆိုလည်း ဟုတ်တယ်"


​ကတုံး​ပြောင်ကြီးက အ​ခြေအ​နေမဟန်သည်ကို မြင်လျှင် လှည့်ကာ​ပြေး​တော့သည်။


"သွား​တော့" 


သို့​သော် ၄င်းကိုဆိုလိုက်စဥ်မှာ ပင် သူ၏​ခြေ​​ထောက်​အောက်မှ ဘုန်းခနဲအသံကျယ်ကြီးကိုကြားလိုက်ရ​လေသည်။


သူ၏​ခြေ​ထောက်​အောက်မှ အစွန်ဆုံး​ကောင်​ချော​လေး၏ ​ခြေ​ထောက်​အောက်အထိ တစ်ခုခုက​​ပေါက်ကွဲသွားလျက် သူတို့၏​ရှေ့တွင် ပန်း​ရောင်​ကောင်းကင်တစ်ခု​ပေါ်လာသည့်နှယ်။ သူတို့ပြန်လည်သတိ၀င်လာ​သော် သူတို့၏​ခြေ​ထောက်များ​ပေါ် ​စေးကပ်​သော ပန်း​ရောင်အရာများက ​မြေကြီးနှင့်မခွာနိုင်​အောင် ဆွဲကပ်ထားသည်ကို ​တွေ့လိုက်ရ​တော့သည်။


ထိုပန်း​ရောင်အရာမှာ ပီ​ကေတစ်ခုနှယ်။ ကတုံး​ပြောင်ကြီး၏ ​ခြေတစ်ဖက်မှ ကပ်​နေပြီး ဆံပင်တိုအမျိုးသမီးနှင့် သက်လတ်ပိုင်းလူကြီးတို့မှာလည်း ​ခြေတစ်ဖက်စီ ကပ်​နေခဲ့​သည်။ ​ကောင်​ချော​လေးမှာ အဆိုးဆုံးဖြစ်ကာ ​ခြေ၂ဖက်လုံးကပ်​နေခဲ့​လေသည်။ သူတို့မှာ ကြိုးစားပြီး ​ခြေ​ထောက်ကို ​မြှောက်​နေပါ​သော်လည်း မရခဲ့​ချေ။


ရယ်​မောသံတစ်ခုက အ​ဝေးမှ ထွက်​ပေါ်လာခဲ့သည်။ 


"ဆွဲခွာလို့မရတဲ့ စ​တော်ဘယ်ရီ ပီ​ကေ​လေ... မင်းတို့​တွေ ခွာကြည့်​နေလဲမထူးဘူး​​နော်"


ခိုး၀င်သူ၄ဦး အလျင်အမြန်​မော့ကြည့်လာကြသည်။ နံရံကိုမှီ​နေ​သော သူဖုန်းစားတစ်ဦးကို​တွေ့သည်နှင့် ​ကောင်​ချော​လေးမှာ ​အော်ဟစ်လာခဲ့သည်။


"ခင်များကို သတ်ပစ်မယ်"


[ပစ္စည်း : ဆွဲခွာလို့မရတဲ့ စ​တော်ဘယ်ရီပီ​ကေ] 


[ပိုင်ရှင်: ထန်​မော့]


[အရည်အ​သွေး :ထူးရှယ်]


[အဆင့်: ၂]


[တိုက်ခိုက်မှု: မရှိ]


[အသုံးပြုပုံ: ပီ​ကေကိုဆွဲခွာလို့မရပါ အကပ်ခံရ​သောအရာကို ​မြေဆွဲအားထက် အဆ၂၀ပြင်း​သော ဆွဲအားဖြင့် ဆွဲကပ်ထားနိုင်သည်]


[ကန့်သတ်ချက်: ကုန်ဆုံးနိုင်​သော ပစ္စည်း၊ အနံ့အလွန့်အလွန်ဆိုးရွား၊ အသုံးပြုသူသာ အနံ့ရနိုင်]


[မှတ်ချက်: ထန်​မော့တစ်​ယောက် မာရီယိုဦးထုပ်ကို သုံးပြီး ဒီ​ပီ​ကေကိုရခဲ့တုန်းက မာရီယိုဦးထုပ်ကပဲပိုနံတာလား ဒီ​ပီ​ကေကပဲ ပိုနံတာလားဆိုတာစဥ်းစားရခက်​နေမှာပဲ၊ ဒါမှမဟုတ် နံ​နေတာက ထန်​မော့ပဲဖြစ်ချင်ဖြစ်​နေမှာ​ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အနံ့ကအတူတူပဲ​လေ]


ခိုး၀င်သူများကို ပီ​ကေနှင့် ဖမ်းချုပ်ထားခြင်းမှာ ထန်​မော့ကြိုတင်ပြင်ဆင်ထား​သော အရံအကြံ ဖြစ်​လေသည်။ သို့​သော် သူသည်ထိုလူ၄ဦး၏ ​ခြေ​ထောက်များထံ ပီ​ကေကို အတိအကျပစ်မိရန်​ရော ထိုလူများကို ချုပ်ထားနိုင်ရန်ကိုပါ မ​သေချာခဲ့​ချေ။ ကံ​ကောင်းစွာဖြင့် သူ​အောင်​မြင်ခဲ့သည်။ သို့​​​သော် ထိုခိုး၀င်သူများထဲမှ ၃​ယောက်က အ​ဝေးတိုက်ခိုက်နိုင်စွမ်းများရှိ​နေခဲ့​လေသည်။


​​ငယ်ရွယ်​သောကောင်​​ချော​လေးက ​ဒေါသတကြီးဟိန်း​ဟောက်လျက် လက်ကို​ဝေ့ယမ်းလိုက်လျှင် သူ၏အင်္ကျီလက်ထဲမှာ အင်းဆက်​​​ထောင်​ပေါင်းများစွာ ထွက်လာခဲ့​လေသည်။ များပြား​လှသော အင်းဆက်များ ထန်​မော့ထံ​ပြေး၀င်လာခဲ့သည်။ တစ်ချိန်ထဲတွင် သက်လတ်ပိုင်းအရွယ်လူကြီးက ဓါး​တိုများကိုပစ်လွှတ်လာခဲ့ပြီး ဆံပင်တိုအမျိုးသမီးကလည်း ပစ္စတိုကိုချိန်ရွယ်လျက် ကျည်ဆံ၃ခုကို ပစ်လွှတ်လာခဲ့သည်။ 


“Checkmate, Checkmate, Checkmate”


ဘန်း ဘန်း ဘန်း


ကျည်ဆံသုံးခုမှာ ထန်​မော့၏​ခေါင်းထံ​ပြေး၀င်လာခဲ့ပြီး ဆက်တိုက်ဆိုသလို ​ရှောင်ရှားလိုက်ရသည်။ ထို့​နောက်သူက မျက်မှန်နှင့် ​ယောကျာ်းကိုကြည့်လိုက်​လေသည်။ မျက်မှန်နှင့် ​ယောကျာ်းမှာ မျက်မှန်အားအသာပင့်တင်လျက် ဆိုလိုက်သည်။


"သူတို့ကိုအရင်သတ်"


ဤသည်မှာ ထန်​မော့နှင့် ၅​ယောက်အဖွဲ့ပူး​ပေါင်းရခြင်း၏ ဒုတိယအ​ကြောင်းအရင်းဖြစ်သည်။


အ​ရေးအကြီးဆုံးအချက်မှာ ဤ၅​ယောက်အား ခိုး၀င်သူများနှင့် မပူး​ပေါင်းမိ​စေရန်ပင်။ သို့တည်းမဟုတ်ပါက ထန်​မော့နှင့် ဖူ၀မ်​သော်အတွက် အနိုင်ရရှိရန်အလွန်ခက်ခဲသွားမည်ပင်။ ဒုတိယရည်ရွယ်ချက်မှာမူ အတူတကွပူး​ပေါင်း၍ ဤခိုး၀င်သူအုပ်စုကို ရှင်းပစ်ရန်ဖြစ်သည်။


မျက်မှန်နှင့်လူက လှုပ်ရှားလိုက်သည်နှင့် ​မြေကြီး​ပေါ်စိုက်​နေ​သော ဖဲချပ်များမှာ သူ၏လက်တွင်းသို့ပြန်​ရောက်လာခဲ့သည်။ 


အစ်ကို​ဟောင်က ဟိန်း​ဟောက်လျက် ပီ​ကေတွင်ကပ်ကာမလှုပ်ရှားနိုင်​သော ကတုံး​ပြောင်ကြီးထဲံ​ပြေး၀င်သွားခဲ့သည်။ သန်မာ​သောကစားသမား၂ဦး ထိပ်တိုက်​တွေ့သွားကြပြီး​နောက် ကျန်ကစားသမားများမှာလည်း ကျန်ခိုး၀င်သူများကို ရှင်းရန် ​ပြေး၀င်လာခဲ့ကြသည်။


အစ်ကို​ဟောင်၏ စွမ်းရည်မှာမသိသာလှ​ချေ။ သူ၏ခန္ဓာကိုယ်ပုံစံက​ပြောင်းလဲမသွားသလို မည်သည့်လက်နက်ကိုမျှလည်း အသုံးမပြုခဲ့။ သိူ့​သော်သူ့တွင် ခွန်အားတိုးမြှင့်ခြင်း စွမ်းရည်မျိုးရှိပုံရသည်။ သူကကတုံး​ပြောင်ကြီးနှင့် တိုက်ရိုက်ရင်ဆိုင်ရန် ​ပြေး၀င်သွားခဲ့သည်။ ကတုံး​ပြောင်ကြီး၏ ညာ​ခြေ​ထောက်မှာ ပီ​ကေတွင် ကပ်ညိ​နေသည့်အတွက် အစပိုင်းတွင် အစ်ကို​ဟောင်မှာ အသာစီးရ​နေခဲ့​လေသည်။ သို့သော် မကြာခင်မှာပင် အစ်ကို​ဟောင်မှာ လက်သီးတစ်ချက်​ကြောင့် ​သွေးများအန်လျက် လဲကျသွားခဲ့သည်။


​နောက်တစ်စက္ကန့်တွင် ကတုံး​ပြောင်​ကြီးက ​ကောင်းကင်ကိုကြည့်ကာ ဟိန်း​ဟောက်လိုက်​လေသည်။ သူကိုယ်​ပေါ်မှ အညို​ရောင်​အ​မွှေးအမျှင်များမှာ ပို၍ထူထဲလာခဲ့​လေသည်။ ထိုအ​မွှေးအမျှင်များ သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်နှင့် သူ၏ခါးမှာ ​မြေကြီး​ပေါ်သို့ကိုင်းလာခဲ့ပြီး သူ၏မျက်နှာမှာလည်း တဖြည်းဖြည်း​ပြောင်းလဲလာခဲ့​လေသည်။ သူ၏ပါးစပ်မှာ တဖြည်းဖြည်းကျယ်လာပြီး မျက်နှာမှာ ၀က်၀ံညိုတစ်​ကောင်အဖြစ်အသွင်​ပြောင်းလဲလာခဲ့​လေသည်။


လုမျိုးရိုး ​အော်ဟစ်လိုက်သည်။


"မ​ကောင်း​တော့ဘူး" 


ကစားသမားများမှာ ထိုလူအား​ရှောင်ရှားလိုက်ကြပြီး သူ၏အသင်း​​ဖော်၃ဦးပင်လျှင် မျက်နှာများပျက်ယွင်းသွားခဲ့ကြသည်။ သူတို့မှာ ထွက်​ပြေးချင်​သော်လည်း ၄င်းတို့၏​ခြေ​ထောက်များမှာ ပီ​ကေနှင့် ခိုင်မြဲစွာ စွဲကပ်​နေကြ​လေသည်။


မကြာခင်မှာပင် ထိုလူမှာ ၀က်၀ံညိုကြီးအဖြစ်လုံး၀​ပြောင်းလဲသွားခဲ့ပြီး ရင်ဘတ်ကိုထုလျက် ​မြေဆွဲအားထက် အဆ၂၀ပိုသန်မာ​သော ဆွဲအားကိုအံတုလျက် သူ၏​ခြေ​ထောက်ကို ပီ​ကေထံမှ ဆွဲခွာနိုင်လိုက်​လေသည်။ သူလုံး၀လွတ်​မြောက်သွားသည်နှင့် ​မြေ​ပေါ်တွင်လဲကျ​နေ​သော အစ်ကို​ဟောင်အား ကြည့်လျက် ​​ပြေး၀င်လာ​တော့သည်။


လင်းရီ အစ်ကို​ဟောင်ကိုကယ်တင်ရန် အမြန်ဆုံးလှုပ်ရှားခဲ့​ပါ​သော်လည်း သူမ၏ပုခုံးမှ အသားစတစ်ဖက်သာ ၀က်၀ံကြီးထံမှ ဆုတ်ဖြဲခံလိုက်ရ​လေသည်။


၀က်၀ံညိုကြီးက ပြုံး​နေ​သော ထန်​မော့ကိုကြည့်လျက် ဟိန်း​ဟောက်လိုက်သည်။ ​ကောင်​ချော​လေး၏ အင်းဆက်များနှင့် ဆံပင်တိုအမျိုးသမီး၏ ကျည်ဆံများကို ​ဖြေရှင်းရန်အတွက် ထန်​မော့ သူ၏တစ်​နေ့တစ်ကြိမ်သုံးနိုင်​သော စွမ်းရည်အများစုကို အသုံးပြုပြီးဖြစ်​လေသည်။ 


 á€¤á€œá€€á€şá€›á€žá€­á€á€€á€şá€á€śá€Šá€­á€Żá€€á€źá€Žá€¸á€™á€žá€Ź အလွန်အန္တရာယ်များ​​ကြောင်း ခံစားလိုက်ရသည်။ ထို့အပြင် သူသည်ထို၀က်၀ံညိုကြီး၏ ပြိုင်ဘက်မဟုတ်သည်ကိုလည်း ခံစားလိုက်ရ​လေသည်။


ထန်​မော့ထွက်​ပြေးရန်တွန့်ဆုတ်မ​နေခဲ့​ချေ။ ၀က်၀ံညိုကြီးမှာလည်း သူ့​နောက်မှ​ပြေးလိုက်လာခဲ့သည်။ 


လင်းရီက​ရှေ့သို့ထွက်လာခဲ့သည်။


"​ခေါင်း​ဆောင် သူတို့..."


မျက်မှန်နှင့်လူ သူမကိုတားလိုက်ပြီး သူ၏မျက်လုံးများကျဥ်း​မြောင်းသွားခဲ့သည်။


"သူကဘုရင့်​ရွှေဒင်္ဂါးပဲ​လေ"


လင်းရီဆက်မ​ပြော​တော့​ချေ။


ခိုး၀င်သူများကိုရှင်းပစ်ရန် အစီအစဥ်ကိုလည်း ရပ်မပစ်ခဲ့ပဲ သူကကျန်ရစ်သည့် ခိုး၀င်သူ၃ဦးထံ ထပ်မံဦးတည်လိုက်ကြသည်။ သူကမစ်စတာBကိုသာ ကယ်တင်ရန် ဆန္ဒမရှိခြင်းပင်။ မစ်စတာB​သေဆုံးသွားလျှင်လည်း သူ့တွင်ဆုံးရှုံးစရာမရှိ​ချေ။ ထိုကတုံး​ပြောင်ကြီးထံမှ ဘုရင့်​ရွှေဒင်္ဂါးကိုပင် လုယူလို့ရ​ကောင်းရနိုင်​သေးသည်။


အနက်​ရောင်အင်းဆက်များနှင့် ​ငွေ​ရောင်ဓါးများမှာ 

မိုးစက်များနှယ် ကျန်ကစားသမားများထံ​ရောက်ရှိလာကြသည်။ ထိုတိုက်ခိုက်ပွဲမပြီးခင်မှာပင် ကစားသမားများ​နောက်ရှိ ​ကျောက်တုံးအိမ်ထံမှ ကျယ်​လောင်​သောအသံတစ်ခုကို ကြားလိုက်ရ​လေသည်။ ထို့​နောက် မစ်စတာB ထိုအိမ်ထဲမှ ​ပြေးထွက်လာပြီး သူ၏​နောက်မှ ၀က်၀ံညိုကြီးက​ပြေးလိုက်လာသည်ကို ​တွေ့လိုက်ရ​လေသည်။ ထို၀က်၀ံညိုကြီးက ခုန်ပြီးလှမ်းကုတ်လိုက်စဥ်တွင် ထူးဆန်း​သော ​ငွေ​ရောင်သံချပ်ကာကို၀တ်ဆင်ထားသည့် စစ်သည်​တော်တစ်ဦးက ရုတ်တရက်​ပေါ်လာပြီး ၀က်၀ံညိုကြီး၏ လက်သည်းများကို တားဆီးလာခဲ့သည်။


ဖူ၀မ်​သော်သည် ဤ၀က်၀ံညိုက အလွန်သန်မာမည်ဟု ​မျှော်လင့်မထားခဲ့​ချေ။ ထန်​မော့အစား ထိုလက်သည်းကို တားဆီးလိုက်ပြီး​နောက် သူ၏ကိုယ်မှာ ​ကျောက်တုံးကြီးတစ်ခုဆီ လွင့်ထွက်သွားခဲ့သည်။


သူ၏ကိုယ်​ပေါ်မှ သံချပ်ကာမှာလည်း ပွင့်ထွက်သွားခဲ့​လေသည်။ ဖူ၀မ်​သော် ထရပ်လျက် ထန်​မော့အားကြည့်လိုက်သည်။ ထို့​နောက် သတင်းအမှန်ကိုမ​ပေးခဲ့သည့် သူ၏အသင်း​ဖော်ကို အပြစ်တင်လိုက်သည်။


"ဗစ်တာမင်း​ပြော​တော့သူကအရမ်းသန်မာတယ်ဆို ဒါ​ပေမယ့်ဒီ​လောက်ထိ သန်မာမယ်လို့ကျမ​ပြောခဲ့ဘူး" 


ဤ၀က်၀ံညိုကြီးမှာ သူ့ထက် အလွန်သန်မာလွန်း​နေသည်။


ထန်​မော့ တစ်ချိန်လုံး၀က်၀ံညိုကြီးထံမှ​ပြေးလွှား​နေခဲ့ရပြီး ယခုမှသာ ဖူ၀မ်​သော်ထံမှ အကူအညီကို ရခဲ့ခြင်းဖြစ်သည်။ သူကလျင်မြန်စွာ ရှင်းပြလာခဲ့သည်။


"​​ငါ​တွေ့ခဲ့တုန်းက သူကဒီလို အပြည့်အ၀ပုံစံ မ​ပြောင်းရ​သေးဘူး​လေ"


ကတုံး​ပြောင်ကြီးက ၀က်၀ံညိုကြီးအဖြစ်​ပြောင်းလဲသွားပြီး​နောက် လုံး၀စိတ်လွတ်သွားပုံ​ပေါ်​လေသည်။ သူ၏အနီ​ရောင်မျက်လုံးများမှာ ထန်​မော့နှင့် ဖူ၀မ်​သော်အား စိုက်ကြည့်​နေခဲ့သည်။ သူက​တွေး​တောလိုက်ပုံဖြင့် ဖူ၀မ်​သော်ထံ​ပြေး၀င်သွားခဲ့သည်။ ဤလူအား ပို၍သတိထားရမည်ကိုလည်း မ​မေ့​လျော့​ချေ။ ဖူ၀မ်​သော်​မှာ ​ရှောင်ရှားလိုက်ပြီး ၀က်၀ံကြီး၏ လက်သည်းချက်​ကြောင့် ​မြေကြီးတွင် ကြီး​မား​သော အ​ပေါက်ကြီးတစ်ခုဖြစ်သွား​စေသည်။


၀က်၀ံညိုကြီးမှာ ခုန်ထွက်လျက် ဖူ၀မ်​သော်​နောက်မှ ​ပြေးလိုက်သွားခဲ့သည်။


လူတစ်​ယောက်နှင့် ၀က်၀ံတစ်​ကောင်မှာ ထိပ်တိုက်​တွေ့လျက် ကျယ်​လောင်​သော အသံများကို ထွက်​ပေါ်လာ​စေသည်။ ကြီးမား​သော လက်သည်းချက်ကြီးက ကျဆင်းလာပြီး ဖူ၀မ်​သော်အား ​မြေကြီး​ပေါ် လွင့်ထွက်သွား​စေသည်။ ဖူ၀မ်​သော် ချက်ချင်း​မြေကြီး​ပေါ်လှိမ့်၍​ ​နောက်ထပ်သန်မာ​သော တိုက်ကွက်ကို ​ရှောင်ရှားလိုက်သည်။ သို့​သော် ဤသံချပ်ကာတွင်ကား အလယ်တွင် အ​ပေါက်ကြီးရှိ​နေခဲ့​လေသည်။ ဖူ၀မ်​သော်ထရပ်လျက် အ​ဝေးတွင်အသက်ကိုပြင်းပြင်းရှူ​နေ​သော ၀က်၀ံကြီးကိုကြည့်လိုက်သည်။


ဤသည်မှာ အန္တရာယ်များ​သော ရန်သူပင်ဖြစ်သည်။ 

သူသည် အနက်​ရောင်​မျှော်စင်ထံမှာ တရား၀င်၂ကြိမ်တိဆိ​ကြေညာခံရသည့် အနက်​ရောင်​မျှော်စင်၏ ပထမထပ်နှင့် ဒုတိယထပ်တို့ကို ပထမဆုံးရှင်းလင်းခဲ့သူလည်းဖြစ်သည်။ သူက တရုတ်ပြည်၏ ထိပ်ဆုံးကစားသမားဖြစ်​သော်လည်း ၄င်းမှာ သူကတရုတ်၏ကျန်ကစားသမားများအားလုံးကို အနိုင်ယူနိုင်သည်ဟု မဆိုလို​ချေ၊ သူသည်ထန်​​မော့မှာ အလွန်လျို့၀ှက်သူဖြစ်ပြီး တချို့အရာများကို ဖုံးကွယ်ထားသည်ကို သိသည်။ ​


ထို့ပြင် ပေကျင်းတွင်လည်း ခိုး၀င်သူအဖွဲ့အစည်း၏ ​ခေါင်း​ဆောင်တစ်ဦးရှိ​သေးသည်။ ထိုလူ၂ဦးနှင့် တိုက်ခိုက်ရမည်ဆိုပါက သူ၏နိုင်​နိုင်​​ချေမှာ ၇၀ရာခိုင်နှုန်းမျှသာ ​သေချာ​လေသည်။


ဖူ၀မ်​သော် သတ္တ၀ါကြီးကိုကြည့်လျက် သူ၏ လက်​ကောက်၀တ်ကိုလှည့်လိုက်သည်။ ထို့​နောက် ​ငွေ​ရောင်သံချပ်ကာက သူ၏ကိုယ်​ပေါ်မှ ကျွတ်ကျလာခဲ့သည်။ ထိုသံချပ်ကာမှာ ၀က်၀ံကြီးနှင့် တိုက်ခိုက်​နေစဥ်ကပင် ပျက်စီးနှင့်ပြီးဖြစ်​သော်လည်း ကိုယ်​ပေါ်မှ ပြုတ်မကျခဲ့​သေး​ချေ။ ဖူ၀မ်​သော်မှာ ထိုသံချပ်ကာကို အလွယ်တကူချွတ်ချလိုက်ပြီး​နောက် သူ၏​ခေါင်း​ဆောင်းကို ထိလိုက်သည်။


ဖူ၀မ်​သော်​​ခေါင်း​ဆောင်းကို ဖြည်းညင်းစွာ ချွတ်လိုက်သည်။ 


ထန်​မော့သည် ဖူ၀မ်​သော်က သူ့ကိုယ်သူ​ဖော်​ပြ​တော့မည်ထင်၍ တုန်လှုပ်သွားမိသည်။ သို့​သော် မ​မျှော်လင့်ထားမ်သည်မှာ ထို​​ခေါင်း​ဆောင်း​​အောက်တွင် ထန်​မော့နှင့်ဆင်တူ မီးခိုး​ရောင်မျက်နှာကာတစ်ခု၀တ်ဆင်ထားပြီး မျက်လုံးများကိုသာ​ ဖော်ပြထားခဲ့သည်။


အနက်​ရောင်ကုတ်အင်္ကျီရှည်ကို ၀တ်ဆင်ထား​သော ဖူ၀မ်​သော် ၀က်၀ံညိုကြီးကို ​အေးစက်စွာကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းတို့တွန့်​ကွေးသွားလျက် 


"ဒီလိုဆို​တော့ ပိုအဆင်​ပြေသွားတာ​ပေါ့" 


ထို့​နောက်သူ၏ညာလက်ကို ​ဝေ့ယမ်းလိုက်လျှင် အနက်​ရောင်ဒုချွန်သဏ္ဍာန်တစ်ခု​ပေါ်လာခဲ့​လေသည်။ စက္ကန့်ပိုင်းအတွင်းတွင် ဖူ၀မ်​သော် ပျောက်ကွယ်သွားပြီး ၀က်၀ံညိုကြီး၏ ​ဘေးတွင်ပြန်​ပေါ်လာခဲ့သည်။ သူကထိုဒုချွန်လက်နက်ဖြင့် ၀က်၀ံညိုကြီး၏ ​ခေါင်းကို ထိုးချလိုက်​​လေသည်။


၀က်၀ံညိုကြီးမှာ ​နောက်ပြန်လဲကျသွားခဲ့​လေသည်။


ထိုအနက်​ရောင်ဒုချွန်လက်နက်မှာ ၀က်၀ံညိုကြီး၏ ​ခေါင်းကိုထိသွားစဥ် မီးပွားများ လွင့်စင်ထွက်လာခဲ့သည်။ အနီ​ရောင်​သွေးစက်တချို့ ၀က်၀ံညိုကြီး၏ မျက်လုံးများထံမှ စီးကျလာခဲ့သည်။ ၀က်၀ံညိုကြီးက ​ကြောက်မက်ဖွယ် ဟိန်းသံကြီးကို ပြုလုပ်လာခဲ့လျှင် ဖူ၀မ်​သော်မှာ ရန်သူကို အထင်မ​သေး၀ံ့ပဲ ထို၀က်၀ံညိုကြီးအား တုန့်ပြန်ချက်မရ​စေပဲ တိုက်ရိုက် တိုက်ခိုက်လိုက်​လေသည်။


သန်မာ​သောအမျိုးသားက ၀က်၀ံငတုံးအား ​ထောင့်​ပေါင်းစုံမှ တိုက်ခိုက်​နေခဲ့သည်။ ကတုံး​ပြောင်ကြီးမှာ ဖူ၀မ်​သော် ၏ အလွန်လျင်မြန်လှ​သော အရှိန်​ကြောင့်ရှုပ်​ထွေး​နေခဲ့​လေသည်။ သူလက်သည်းများကိုလွှဲလိုက်ချိန်တိုင်း ဖူ၀မ်​သော်က ​ပျောက်ကွယ်သွားနှင့်ပြီးဖြစ်​လေသည်။ သူက​ဒေါသတကြီးဟိန်း​ဟောက်လိုက်​သော်လည်း သူ၏အ​ပေါ်ယံ အ​ရေပြားမှာ အလွန်မာ​ကြော​နေဆဲပင်။ ဖူ၀မ်​သော် ၄င်းအား ဆက်တိုက် တိုက်ခိုက်​နေပါ​သော်လည်း ဒဏ်ရာကြီးကြီးမားမား မရ​သေး​ချေ။


ဖူ၀မ်​သော်​ရောက်လာသည်နှင့် ထန်​မော့သည် လှည့်ပင်မကြည့်​တော့ပဲ ၀က်၀ံညိုကြီးအား ဖူ၀မ်​သော်ထံ လုံး၀လွှဲထားလိုက်​လေသည်။


ဖူ၀မ်​သော်က ဤသန်မာလှ​သော၀က်၀ံညိုကြီးကို ထိန်းထားနိုင်​ကြောင်း အပြည့်အ၀ယုံကြည်​လေသည်။ ထို့​နောက်သူကိုယ်တိုင်က​တော့ အင်းဆက်များကို ထိန်းချုပ်​နေ​သော ဆယ်​ကျော်သက်​ကောင်​ချော​လေးဆီ ဦးတည်လိုက်သည်။


ထိုဆယ်​ကျော်သက်​ကောင်​ချော​လေး၏ စွမ်းရည်မှာ ခိုး၀င်သူ၄ဦးထဲတွင် အသန်မာ​ဆုံးဖြစ်သည်။ သူ၏ခွန်အားကအသန်မာဆုံးမဟုတ်​သော်လည်း ထိုအင်းဆက်များမှာ အလွန် ​ဖြေရှင်းရန်ခက်ခဲလှသည်။ ထန်​မော့မီးခြစ်ဆံကြီးကို​ဝေ့ယမ်းလျက် သူ၏​ရှေ့မှ အင်းဆက်များကို တားဆီးလိုက်သည်။


သူကမျက်မှန်နှင့်လူဆီ အမြန်​ပြေးသွားခဲ့သည်။ လူ၂ဦးမှာတစ်ဦးကိုတစ်ဦးကြည့်လျက် ​ခေါင်းညိတ်လိုက်သည်။


မျက်မှန်နှင့်လူ၏လက်ထဲမှ အနက်​ရောင်ဖဲချပ်၃ချပ် လွင့်ထွက်လာခဲ့​လေသည်။ ထိုဖဲချပ်များမှာ မိုးကြိုးသွားများနှယ် ထန်​မော့အားတိုက်ခိုက်​နေ​သော အင်းဆက်မှန်သမျှကို ရိုက်ချပစ်ခဲ့သည်။


 á€‘န်​မ္ဏအ ထိုဆယ်​ကျော်သက်​ကောင်​ချော​လေးဆီ တိုက်ရိုက်​ပြေး၀င်သွားခဲ့သည်။ 


ထို​ကောင်​လေးမှာ တမဟုတ်ချင်း ဖြူ​လျော်သွားခဲ့​လေသည်။ သူသည်အချိန်တိုင်း သူ၏အသင်း​ဖော်များ၏ ​နောက်တွင် ပုန်း​အောင်း​နေပြီး တိုက်ခိုက်​နေကြဖြစ်ကာ လူများက သူ့အနားသို့မ​ရောက်နိုင်ခင် ​သေ​ဆုံးသွားကြရသည်။ သူ၏ စွမ်းရည်မှာ ထိပ်တိုက်ရင်ဆိုင်ရ​သော စွမ်းရည်မျိုးမဟုတ်​ချေ။ ထန်​မော့အနားသို့​ရောက်လာသည်နှင့် သူချက်ချင်းအင်းဆက်များကိုပြန်​ခေါ်လိုက်ပြီး သူ၏တစ်ကိုယ်လုံးကို သံချပ်ကာနှယ် ဖုံးအုပ်သွား​​စေခဲ့သည်။



🪩