အပိုင်း၁၉၁
Viewers 14k

Chapter 191



"ဧကရီ၊ ကြင်ယာတော်ရှစ်ရှစ် ဆုံးသွားပါပြီ"


ပန်းဟွာ မျက်ခုံးပင့်ကာ သက်ပြင်းချရင်း "ဘယ်တုန်းက ဆုံးသွားတာလဲ"  


ရှစ်ရှစ်သည် အာဏာအတွက် ဘာကိုမှ ဂရုမစိုက်တာကြောင့် သူမ မုန်းတီးသည်။သူမ၏ ခင်ပွန်းဖြစ်သူ၏ အသက်ကိုပင် ကြံစည်ရဲသည် သို့သော်လည်း ရှစ်ရှစ်က နည်းနည်းလည်း သနား‌စရာကောင်းသည်။သူမ ကြီးပြင်းလာရင်း တစ်စတစ်စနှင့် ပင်ကိုယ်စရိုက်ပါ ပြောင်းလဲလာခြင်းဖြစ်သည်။သူမ မိဘများကိုယ်တိုင်က ယခုလို အတ္တကြီးအောင်များ သင်ထားသလားမပြောတတ်။ 


ရှစ်ရှစ် အသက်မရှင်နိုင်မှန်း သူမသိသည်။ ရှစ်ကျင်း မရောက်လာလည်း ရှစ်ရှစ် သေမှာပင်။  သူမ မသေလျှင် သူမသည် တော်ဝင်မိသားစု၏ နှလုံးသားထဲမှာ အမြဲတမ်း ဆူးပင်ဖြစ်လိမ့်မည်။သူမ အသက်ရှင်နေရလျှင်တောင် အထီးကျန်ဆန်သည့်ဘဝနှင့်သာ နေရမည်ဖြစ်၏။သူမသည် ရှစ်ကျင်း၏ အသက်မွေးဝမ်းကြောင်းကိုပင်ထိခိုက်စေနိုင်သည်။ ရှစ်ကျင်းသည် သူတို့မိသားစုထဲတွင် တစ်ယောက်တည်းရပ်တည်နေရသူဖြစ်၏။ ရှစ်ရှစ်လို အဆင့်အတန်း မက်မောသည့် အစ်မဖြစ်သူကြောင့် သူ့ဘဝလည်းပျက်ဆီးသွားနိုင်သည်။


ရူရီသည် ခေါင်းဖြီးကိုယူကာ ပန်းဟွာ၏ဆံပင်ကို ကြိုးဖြင့်ချည်ပေးလိုက်သည်။


 "မနေ့ညက သန်းခေါင်ကျော်အချိန်မှာ အိပ်ဆေးအလွန်အကျွံသောက်ပြီး သေဆုံးသွားတာပါ၊ဒီနေ့မနက် တွေ့တော့ သေနေပြီလို့ ပြောတယ်"


 "ကောင်းပြီ"  


ပန်းဟွာက နှုတ်ခမ်းနီဗူးကိုဖွင့်ပြီး နှုတ်ခမ်းနီအချို့ကို လက်ချောင်းပေါ်တင်လိုက်သည်။ ထို့နောက် သူမနှုတ်ခမ်းကို ထိကာပွတ်လိုက်၏။


 "မြင်းကို ပြင်ကြ၊ ငါ နန်းတော်က ထွက်သွားချင်တယ်"


ပန်းဟွာသည် မှန်ရှေ့တွင် မတ်တပ်ထရပ်ကာ နန်းတော်အကူများ၏ အကူအညီဖြင့် အဝတ်အစားများ ၀တ်ဆင်သည်။ ပြီးလျှင် ခမ်းနားကျယ်ဝန်းသော အခန်းကို ကြည့်ပြီး အသက်ပြင်းပြင်းရှူကာ "သွားကြရအောင်"


ကျင့်ထင်အိမ်တော်..


ပန်းဟမ်သည် ကိုယ်ခံပညာ အစုံအလင် လေ့ကျင့်မှု ပြီးဆုံးသွားခဲ့သည်။ သူက စားပွဲပေါ်တွင် လဲလျောင်းနေပြီး အစေခံတစ်ဦးသည် သူ့ပခုံးများကို နှိပ်နယ်ပေးနေသည်။ ဝန်ကြီးလင်း မိသားစု၏သား ကျိုးချမ်ရှောင် ရောက်ရှိလာကြောင်း အစေခံတစ်ဦးက လာပြောသောအခါတွင် သူကပြောလိုက်၏။


 “ဝင်ခွင့်ပြုလိုက်ပါ” 


ကျိုးချမ်ရှောင် ဝင်လာသော်၊ ပန်းဟွာ သည် လက်ဖက်ရည် စားပွဲပေါ်မှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။  


“ဒီနေ့ မင်းဘာဖြစ်နေတာလဲ၊ ငါတို့နဲ့လည်း ခါတိုင်းလို မဆော့တော့ဘူး၊ မင်း စာကျက်ချင်တယ်လို့တော့ မပြောနဲ့” 


 မူလက ဧကရီ လုပ်ကြံခံရ၍ ဒဏ်ရာရှိမရှိ မေးချင်သော်လည်း ရှစ်ရှစ် ပုံစံက စိတ်သက်သာရာရနေသည်ကို မြင်လျှင် ဧကရီ ဒဏ်ရာမရကြောင်း သေချာသွားသည်။မဟုတ်လျှင် ပန်းဟမ်၏ စရိုက်နှင့်ဆို ယခုအချိန်မှာ ပွက်လောရိုက်ပြီး လုပ်ကြံသူများအား  ဖမ်းဖို့ အပြင်ကိုရောက်နေပေလိမ့်မည်။


ပန်းဟမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


 "မင်း ငါ့နာကျင်မှုကို နားမလည်ပါဘူး"


 "မင်းက ဧကရာဇ် ဦးရီးတော်ဖြစ်နေပြီ၊ ဘာအတွက်များ စိတ်ညစ်စရာရှိလို့လဲ၊ မင်းပြောနေတာက ရွှေတုံးတွေကို ပွေ့ဖက်ပြီး ဆင်းရဲတယ်လို့ ပြောနေတာနဲ့ တူတယ်၊ သူများတွေကြားရင် မင်းကို ရိုက်လိမ့်မယ်" 


"မင်း အထင်ကိုး...."


 "သခင်၊ ဧကရီ ရောက်လာပါတယ်"


ပန်းဟမ်  ခွေးခြေပေါ်မှ ဝုန်းကနဲထရပ်လိုက်ပြီး ဘေးနားက လူလတ်ပိုင်း အမျိုးသားတစ်ဦး၏လက်ကို ဆွဲကိုင်လိုက်၏။ 


"ဆရာကျန်း၊ ကျွန်တော် ဒီရက်ပိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ၊ ကျွန်တော့် အစ်မ လာတဲ့အခါ  သူမကို အမှန်အတိုင်း ပြောရမယ်နော်၊ မဟုတ်ရင် သူမက ကျွန်တော့်ကို ရိုက်လိမ့်မယ်" 


"စိတ်မပူပါနဲ့ သခင်ကြီး၊ကျွန်တော် အမှန်အတိုင်းပြောပါ့မယ်" 


ကျိုးချမ်ရှောင် သည် ပန်းဟမ် ထက်ပင် ထိတ်လန့်သွားသည်။ ဧကရီ… နန်းတော်က ထွက်လာတာလား? မနေ့က ဧကရာဇ်သည် မြို့တော်တစ်ခုလုံးကို ညမထွက်ရအမိန့် ချခဲ့သည်။ဒီလိုအခြေအနေကြီးမှာ ဧကရာဇ်က ဧကရီကို ဘာလို့ ပေးထွက်တာလဲ၊လုပ်ကြံသူတွေကို ဖမ်းမိသွားတာကြောင့်လား။  


ကျိုးချမ်ရှောင် သူ့ခေါင်းထဲတွင် ရောက်တတ်ရာရာ တွေးနေမိသည်။ ပန်းဟွာ ဝင်လာသည်ကို မြင်သောအခါ သူက လေးလေးစားစား ဦးညွှတ်လိုက်သည်။


 "ကျိုးချမ်ရှောင် ဒီရက်ပိုင်း ကိုယ်အလေးချိန်တက်လာပုံရတယ်" 


ပန်းဟွာက သူ့ကို သေသေချာချာကြည့်ကာ ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။သူမ၏ လှပသော ဖီးနစ်မျက်လုံးများသည် ပန်းဟမ် ကို စိုက်ကြည့်လိုက်သည်။ ပန်းဟမ်က ပြုံးပြီး သူမ ရှေ့ကို တိုးလာ၏။

 

"အစ်မကလည်း သူ တစ်နေ့လုံး စားပြီး သောက်၊ စားပြီးသောက် လုပ်နေတာ...ကိုယ်အလေးချိန် မတက်ဘဲ ဘယ်နေမလဲ"


ပန်းဟွာက ပန်းဟမ်၏လက်မောင်းကို ထိလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 


"ဒီရက်ပိုင်းမှာ မင်းလည်း ကိုယ်ခံပညာ လေ့ကျင့်ထားပုံရတယ်" 


ပြီးလျှင် သူမ မတ်တပ်ထရပ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို လက်သီးဆုပ်၍ ဦးညွတ်လိုက်သည်။ 


"ဆရာကြီးကျန်းက တကယ် အလုပ်ကြိုးစားတာပဲ..."


 "မခံယူဝံ့ပါဘူး"


ဆရာကြီးကျန်းက ပြုံးပြီး ပန်းဟွာ အားပြန်ဦးညွတ်ကာ လှည့်ထွက်သွားလေသည်။


ကျိုးချမ်ရှောင် နှင့် ပန်းဟွာ တို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြသည်။ သူမသည် ယခင်ကတည်းကပင် မြို့တော်၏ ထိပ်တန်းအာဏာရှိ အမျိုးသမီးဖြစ်၏။သို့သော်လည်း ယခု သူမသည် ဧကရီဖြစ်နေသဖြင့် ကျိုးချမ်ရှောင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ ဘာပြောရမှန်းပင်မသိ။ပန်းဟွာက ကိုယ်အလေးချိန်တက်လာသည်ကို ပြောလာမှ သူ အလိုက်အထိုက် ပြန်ရယ်ပြလိုက်၏။  


"ကျိုးချမ်ရှောင် မင်း ဘာလို့ရပ်နေသေးတာလဲ" 


ပန်းဟွာသည် ကျိုးချမ်ရှောင်၏ စိတ်မသက်မသာ ဖြစ်နေသော အသွင်အပြင်ကိုကြည့်ပြီး ပြုံးမိသည်။ 


"မင်း ငါ့ရှေ့မှာ ဟန်ဆောင်နေစရာ မလိုဘူး၊ မင်း ခါတိုင်းဆို ဘယ်လိုပုံစံလဲဆိုတာ ငါမသိဘူးလို့ ထင်နေတာလား" 


"ဟီးဟီး" ကျိုးချမ်ရှောင် က ပန်းဟွာ ဘေးမှာ ဝင်ထိုင်လိုက်ရင်း


 "မနေ့က ဧကရီကို တိုက်ခိုက်တာကို ကျွန်တော်တို့ကြားခဲ့ရပါတယ်၊ အဲဒါကို အပြင်ကို ကျွန်တော် ထုတ်မပြောပါဘူး၊နန်းတော်ထဲကိုလည်း မဝင်ရဲတာနဲ့ ဒီကိုလာပြီး ဟမ်လေးကို သတင်းလာမေးတာပါ၊"


မည်သို့ပင်ဆိုစေကာမူ သသူနှင့် ဟမ်လေးသည် ပျော်ဖော်ပါးဖက် သူငယ်ချင်းများဖြစ်သည်။ဧကရီသည် စည်းစိမ်အပြည့်ခံစားနေရကာ ဘာကိုမှ စိုးရိမ်စရာမလိုမှန်းသိသော်လည်း သူငယ်ချင်း၏အစ်မဖြစ်၍ စိုးရိမ်မိလေသည်။ 


 "စိတ်မပူနဲ့၊ ငါ တစ်ခုခုဖြစ်ခဲ့ရင် ငါ အခု နန်းတော်ကနေ ထွက်လာမှာ မဟုတ်ဘူး၊ အခုက နန်းတော်ထဲမှာ နည်းနည်းပျင်းနေလို့ လမ်းလျှောက်ထွက်လာတာ"


ကျိုးချမ်ရှောင် စိတ်အေးကာ တောက်ပစွာ ပြုံးလိုက်သည်။ 


 "ဧကရီက ဒဏ္ဍာရီလာဖီးနစ်တစ်ကောင်ပါပဲ၊ဧကရီ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးမှာပါ၊ ကံဆိုးမှုတွေကလည်း ကံကောင်းခြင်းတွေ ဖြစ်လာမှာ သေချာပါတယ်"


ပန်းဟွာ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။  "ဟုတ်ပါတယ်၊ ဒါနဲ့ ဘာလို့ အဖေနဲ့ အမေကို ဘာလို့ မတွေ့တာလဲ"


ပန်းဟမ်က ခဏလောက် စဉ်းစားပြီး


 “ဒီနေ့မနက် ဘုရားကျောင်းကို သွားပြီး ဆုတောင်းမယ်တဲ့၊ သူတို့ ညနေအထိ ပြန်လာမှာမဟုတ်ဘူး"


 မနေ့က သူမ အဖြစ်ဆိုးတစ်ခုကြုံခြင်းဖြစ် ဘုရားကျောင်းကိုသွားပြီး ဆုတောင်းခြင်းဖြစ်မည်။ မိဘများအား စိတ်ပူစေမိသည့်အတွက် သူမကိုယ်သူမ အပြစ်ရှိစိတ်ဖြင့် လက်ဖက်ရည်ခွက်ကို ချလိုက်သည်။  


"ငါ သူတို့ကို စိတ်ပူအောင်လုပ်မိပြီ"


 "ဒါ အစ်မ အပြစ်မဟုတ်ဘူး လုပ်ကြံသူရဲ့အပြစ်ပဲ"  ပန်းဟမ် က စားပွဲကိုရိုက်လိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းသည်။ 


 "အစ်မမှာ  အစောင့်တွေ လုံလုံလောက်လောက် ရှိရဲ့လား၊ အလုံအလောက် မရှိရင် ကျွန်တော်တို့ရဲ့ အစောင့်တချို့ကို ခေါ်သွားပါ" 


ပန်းဟွာသည် လေ့ကျင့်ထားထားသော သူမ၏ ကိုယ်ပိုင်အစောင့်များကို နန်းတော်ထဲသို့ ခေါ်သွားခဲ့သည်။  ဧကရာဇ်က ပန်းမိသားစုအပေါ် အရမ်းကောင်းလွန်းတာနဲ့ပဲ တစ်နေ့ကျရင် သူ့ကို ဒုက္ခပေးနိုင်တယ်လို့ မထင်ဘူးလား။


သို့သော်လည်း ဧကရာဇ်ကိုယ်တိုင်  ဧကရီ၏ ကိုယ်ရံတော်များကို နန်းတော်ထဲကို ခေါ်သွင်း‌စေခဲ့သည်ဟု သူ သိလာရ၏။


အတွင်းနန်းတော်က ဘယ်လိုနေရာမျိုးမို့လဲ။  အဲဒါ ဧကရာဇ်ရဲ့ အိပ်ခန်းလေ...ဒါကို ဘာလို့ အပြင်လူတစ်ယောက်ကို နန်းတော်ထဲခေါ်ရတာလဲ။   နန်းတော်မှာ ပုန်ကန်လာမှာ မကြောက်ဘူးလား။


ဧကရာဇ် ယွင်ချင်သည် သူ၏ သွေးသားရင်း သားတော်လက်ချက်ဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သတိကပ်ထားရမည်ဖြစ်သည်။  ယခင်ဥပမာရှိနေတာတောင် ဧကရာဇ်သည် ဧကရီအား ကောင်းစွာ ဆက်ဆံသေးသည်။ ဧကရီ၏ အစွမ်းကတော့ အံ့မခန်းလောက်စရာပင်။ထို့ကြောင့်လည်း သူ၏ ညီမများက ဧကရီ၏ ဝါသနာများအကြောင်း မေးမြန်းကြခြင်းဖြစ်မည်။ဧကရီက သူမ၏ခင်ပွန်းအား ဘယ်လို ထိန်းချုပ်ထားသလဲဆိုသည်ကို သူတို့ သိချင်ကြသည်။


 အစတွင်၊ ဧကရာဇ်သည် ဧကရီကိုလက်ထပ်ရန်မှတပါး ရွေးချယ်စရာမရှိဟု အများက ပြောခဲ့ကြ၏။ သို့သော်လည်း လက်တွေ့က သူ့ကိုပင် ပါးစပ်အဟောင်းသားဖြစ်သွားစေ၏။ သူတို့နှစ်ဦး လက်ထပ်ပြီးနောက်တွင် ဧကရာဇ်သည် ပန်းဟွာကျွင်းကျူး အတွက် တစ်စုံတစ်ခု ဝယ်ယူပေးခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ပန်းဟွာသည် သူမ၏ မိဘအိမ်သို့ ခဏတာ ပြန်လာတည်းခိုခဲ့သည်။ အထူးသဖြင့် ပန်းမိသားစု၏ ပိုင်ဆိုင်မှုကို သိမ်းယူခံရသောအခါတွင်၊ အမှုပတ်မည်ကိုပင် မကြောက်ခဲ့ပေ။ပန်းမိသားစုကို ဂရုစိုက်ရုံသာမက ပန်းဟွာကိုလည်း စောင့်ရှောက်ခဲ့သည်။ ဤကိစ္စကြောင့် မြို့တော်ရှိ မရေမတွက်နိုင်သော အမျိုးသမီးများ မနာလိုဖြစ်ခဲ့ရသည်။


 သူကိုယ်တိုင်လည်း ယောက်ျားတစ်ယောက်ဖြစ်သည်။ သူ မိန်းမတစ်ယောက်လို ဧကရာဇ်လို လုပ်ပေးဖို့ရာဆိုသည်က မဖြစ်နိုင်သလောက်ပင်။


"မိဘတွေအိမ်မှာမရှိဘူးဆိုတော့ မင်းတို့နှစ်ယောက် မြင်းစီးပြီး ငါနဲ့ အပြင်ကိုလိုက်ခဲ့ကြ" ပန်းဟွာက နဖူးပေါ်ရှိ ချွေးပေါက်များကို သုတ်ရန် ပန်းဟမ်၏ လက်ကိုင်ပုဝါကိုသုံးလိုက်သည်။


 "နင်လည်း အဝတ်အစားလဲလိုက်"


 "ကောင်းပါပြီ"


ပန်းဟမ် ရွှင်မြူးစွာ အခန်းထဲ ပြေးဝင်သွားသည် ။


ပန်းဟမ် ထွက်သွားပြီးနောက် ကျိုးချမ်ရှောင်က နာခံစွာ ခေါင်းညိမ့်လိုက်သည်။ ယခုထိ ပန်းဟွာ၏ မျက်နှာကို မကြည့်ဝံ့သေး။


 "ဝမ်ပီး ဘယ်လိုနေလဲ" 


ပန်းဟွာ သည် ကျိုးချမ်ရှောင် ၏ညီမ ကျိုးဝမ်ပီး အကြောင်းမေးနေသည်။ သူမသည် ကျိုးဝမ်ပီး နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသောကြောင့် မေးခွန်းအနည်းငယ်မေးလိုစိတ်ဖြစ်မိသည်။


"သူမ နေကောင်းပါတယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမ စေ့စပ်လိုက်ပါတယ်၊ မင်္ဂလာဆောင်မယ့်ရက်ကို နောက်နှစ် မတ်လမှာ သတ်မှတ်ထားတယ်.....အဲဒီတုန်းက ကျေးဇူးပြုပြီး..." 


ကျိုးချမ်ရှောင်က ပန်းဟွာ ကို မင်္ဂလာပွဲသို့ ဖိတ်ကြားချင်သော်လည်း၊ ပန်းဟွာ အနေဖြင့် သူ့ညီမ၏ မင်္ဂလာဆောင်ပွဲကို တက်ရောက်ရန် မသင့်တော်ကြောင်း သတိရသွားမိသည်။ ထို့ကြောင့် မဖိတ်ခြင်းပင်ဖြစ်သည်။  


“အဲဒီတုန်းကတော့ ဧကရီက အစ်မရဲ့ ခန်းဝင်ပစ္စည်းကို ထပ်ဖြည့်ပြီး ခင်ပွန်းဖြစ်သူရဲ့ အိမ်မှာ မျက်နှာသာရဖဖို့ ဧကရီ တစ်ခုခုလုပ်ပေးဖို့ မျှော်လင့်ပါတယ်"


 "စိတ်မပူပါနဲ့၊နောက်ရက်ပိုင်းကျရင် သူမ ငါ ပေးတဲ့ပစ္စည်းတွေကို ကောင်းကောင်းလက်ခံမှာပါ"  


ပန်းဟွာက ပြုံးလိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုက ဤဆန်ကုန် မြေလေးတစ်သိုက်အား အများကြီးပြောင်းလဲသွားစေသည်ဟု ထင်ရ၏။  အရင်တုန်းက ကျိုးချမ်ရှောင် ၏ ပင်ကိုယ်စရိုက်အရဆိုရင် သူပြောချင်သမျှကို အကုန်ပြောမည်ဖြစ်သည်။ ယခုမူ သူသည် မသင့်လျော်သော စကားများကို မျိုသိပ်ထားရကောင်းမှန်း သိနေပေပြီ။


လူဆိုသည်မှာ အသိဉာဏ်ကတဖြည်းဖြည်းရင်းကျက်လာရခြင်းဖြစ်သည်။ဆန်ကုန်မြေလေးများပင်လျှင် ပိုရင့်ကျက်သူများ အဖြစ်ကြီးပြင်းလာခဲ့ရသည်။


သိပ်မကြာခင်မှာပဲ ပန်းဟမ် ပြေးထွက်လာပြီး


 "ကျွန်တော် အဝတ်လဲလို့ပြီးပြီ"


 လက်ဖက်ရည်ဆိုင်နှင့် ဝိုင်ဆိုင်တွင်၊ ပုံပြင်ပြောသူများသည် သူရဲကောင်းနှင့် ချောမောလှပသော မိန်းမ တစ်ယောက်ကြားမှ အချစ်ဇာတ်လမ်းများအကြောင်း ပြောဆိုတတ်ကြ၏။ ပန်းဟွာက စားပွဲမှာထိုင်ပြီး ပုံပြင်ပြောသူပြောဆိုနေသော ဇာတ်ဆောင်မင်းသမီး၏ ညှိုးအားပြင်းအလှတရားတို့က်ု နားထောင်နေသည်။ထိုမင်းသမီးသည် မည်မျှ အစွမ်းထက်ပုံနှင့် လူဆယ်ဦးကိုပင် ဓားဖြင့် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပုံအကြောင်းလည်း သူတို့ ပြောနေကြသည်။ သူမကတော့ လက်ဖက်ရည်ခွက်ကို ကိုင်ကာ ရယ်နေမိ၏။


ပန်းဟမ်က သူမကို အသံတိုးတိုးဖြင့် မေးသည်။ 


"အစ်မ တစ်ချက်တည်းနဲ့ လူဆယ်ယောက်ကို သတ်ဖို့ဆို ဓားက ဘယ်လောက်ရှည်ရမှာလဲ"


 "ပေသုံးဆယ်၊ လေးဆယ် ရှိမှရမှာပေါ့...အဲဒီဓားရှည်ကြီးကို ငါဆို မသယ်နိုင်ပါဘူး” 


ကျိုးချမ်ရှောင်က


 "ပုံပြင်ပြောသူတွေက ချဲ့ကားပြောရတာကြိုက်တယ်၊မှန်တာဆိုလို့ စစ်တပ်မှာ ဧကရီရဲ့အလှနဲ့ ဂုဏ်သတင်းကို ဖော်ပြတဲ့အပိုင်းပဲ"


ပန်းဟမ်သည် ကျိုးချမ်ရှောင်ကို မထီမဲ့မြင် စိုက်ကြည့်နေသည်။ ကျိုးချမ်‌ရှောင်၏ မြှောက်ပင့်ပြောဆိုမှု စကေးက သူ့တစ်ဝက်လောက်ပင် မကောင်းသော်လည်း၊သူ့ကို ရှေ့မှာထားပြီး ပြောနေသေးသည်။


တစ်ဖက်ဝိုင်းမှ ညစ်နွမ်းပုံပေါ်သည့် အမျိုးသားတစ်ဦးက ပြောသည်။


 "အဘိုးကြီး အဓိပ္ပာယ်မရှိဘူး၊ ဧကရီနဲ့ ဧကရာဇ်ဟာ အကြင်လင်မယား လေ၊သူတို့နှစ်ယောက်အတူ စစ်မြေပြင်သွားရတာက သဘာဝကျပါတယ်၊ဒါလေးနဲ့ ဘယ်လို သူရဲကောင်းဖြစ်မလဲ၊ သူမ တကယ်ပဲ အစွမ်းထက်နေတယ်ဆိုရင် ဘာကြောင့် သူမကို ယောက်ျားတွေက စွန့်ပစ်ခဲ့တာပါလိမ့်"


ဤလူသည် ဝိုင်အနည်းငယ်သောက်ပြီး ဖြစ်၍ ပို၍ အပြောအဆို ရဲရင့်လာသည်။ သူ စကားပြောပြီးနောက်တွင် အခြားမည်သူမျှ ပြန်မပြောရဲကြချေ။  


“ဒါက ဧကရာဇ်က လူကောင်းမို့လို့ မိန်းမတစ်ယောက်ကို စစ်မြေပြင် သွားခွင့်ပေးပြီး ဧကရီဖြစ်ခွင့် ပေးတာ၊ငါသာ ယောက်ျားတွေ အများကြီး ကွဲသွားဖူးတဲ့ မိန်းမနဲ့ လက်ထပ်ရင်၊ သူမကို ဧကရီဖြစ်ခွင့်မပေးဘူး”


စားပွဲထိုးကပါ ဝင်ပြောသည်။


 "ဒါဆို ခင်ဗျားတို့လိုလူတွေ ဒီမှာ လာသောက်မနေနဲ့၊ နေပါဦး...ခင်ဗျားက မိန်းမတောင်မရှား

နိုင်ဘဲ ဘာလို့ ဧကရီကို ပြောနေရတာလဲ"


 စားပွဲထိုး စကားကြောင်း ဆိုင်ထဲက လူတိုင်းက ရယ်ကြလိုက်သည်။  ဧကရီ အကြိမ်ပေါင်းများစွာ စေ့စပ်ပွဲပျက်သည့်ကိစ္စအား ဘယ်သူမှ မရယ်ကြချေ။


 "ငါတို့ရဲ့ဧကရီက စေ့စပ်ပွဲတော်တော်များများကို ဖြတ်ပစ်လိုက်တယ်ဆိုတာက အဲဒီယောက်ျားတွေက သူမနဲ့ မထိုက်တန်ဘူးလို့ ဆိုလိုတာပါ၊မင်းလိုလူတွေက ဧကရီအကြောင်း ပြောဖို့မထိုက်တန်ဘူး"


 ဧကရီကို အတုယူသည့် ခေတ်ရေစီးကြောင်းသည် ကျင်းမြို့တော်တွင် စတင်ခဲ့သည်။  မိန်းကလေးများသည် မြင်းစီး၍ မြှားပစ်နိုင်သည့်အတွက် ဂုဏ်ယူကြသည်။ ကဗျာရေးဖို့ စင်မြင့်ပေါ် မတက်ဖြစ်လျှင်တောင် အနည်းဆုံး စကားတော့ပြောတတ်သေးသည်။ ဧကရီသည် ကဗျာနှင့် ပန်းချီကို မကျွမ်းကျင်သော်လည်း၊ သူမသည် သူရဲကောင်းများကို အမိန့်ပေးကာ ကမ္ဘာကို အံ့အားသင့်စေသူဖြစ်သည်။


ပန်းဟမ် ဒေါသတဝက် ထွက်လာချိန်မှာ၊ အတွင်းရှိလူသည် လူအုပ်ကြီးမှာ အားလုံး ဒေါသ ထွက်နေကြသည်ကို တွေ့လိုက်ရသည်။ သူ့ဒေါသတစ်ဝက်ပါ ပြင်ဝင်သွားရပြီး ထိုင်မလို၊ထမလိုဖြစ်နေမိသည်။


 သူက ပန်းဟွာကို လှည့်ကြည့်လိုက်ပြီး "အစ်မ ဒီလောက် အစွမ်းအစ ရှိလိမ့်မယ်လို့ ကျွန်တော်မထင်ထားဘူး"


 တကယ်တော့ မြို့တော်မှာ မိန်းကလေး အများကြီးရှိသည်။ မိန်းကလေးအားလုံးသည် ဗျပ်စောင်းတီးနည်း၊ သွား၊ လက်ရေးလှ ရေးနည်နှင့် ပန်းချီဆွဲနည်းတို့အား တတ်မြောက်မထားကြပေ။ဤစွမ်းရည်များကို လူတိုင်းက အလွန်တန်ဖိုးထားခြင်းသာ ဖြစ်သည်။စွမ်းရည်မရှိသူများက မထင်ပေါ်ဘဲ မှိန်ကုပ်၍သာနေကြရသည်။  ယခု နောက်ဆုံးမှာ ခေတ်ရေစီးကြောင်းမဟုတ်သည့် ဧကရီတစ်ယောက်ရှိလာ၍ ထိုမှိန်ကုပ်နေကြသူများ သတ္တိရှိလာကြသည်။ 


ပန်းဟွာက ပြုံးပြီး "သွားကြရအောင်၊ နားထောင်လို့လည်း အဓိပ္ပါယ်မရှိဘူး"



xxxxx