Chapter 135
Viewers 11k

🌍Chapter 135




ည​နေခင်း ၆နာရီတွင် ​ကောင်းကင်ကြီးမှာ ​​မှောင်ရိပ်သန်း​နေခဲ့​ချေပြီ။


ထန်​မော့နှင့် ဖူ၀မ်​သော် ရှန်ဟိုင်းမှ ကားများပြည့်ကြပ်​နေ​သော လမ်းမကြီးမှတဆင့် ထွက်လာခဲ့ကြခြင်းပင်။ သူတို့သည်အလွန်​နှေး​ကွေးစွာ​မောင်းနှင်​နေခဲ့ပြီး ၂နာရီအတွင်း ကီလိုမီတာအနည်းငယ်မျှသာ​ရောက်​လေသည်။ ဖူ၀မ်​သော် ဘရိတ်ကိုရုတ်တရက်ဆွဲလျက်ကားကို ရပ်ချလိုက်သည်။ ကားအနက်​ရောင်လေးမှာ လမ်းမ၏​​ဘေးသို့အနည်း​ချော်သွားခဲ့သည်။ ကျွီခနဲကားတာရာပွတ်ဆွဲသံအကျယ်ကြီးနှင့်အတူ ကား၏ကိုယ်ထည်မှာ ရပ်တန့်သွားခဲ့သည်။


ထန်​မော့ ထိုရပ်တန့်မှုကြောင့် အံ့အားသင့်သွား​သော်လည်း ဤသည်မှာ ည​နေခင်းသာဖြစ်ကာ သူတို့အလျင်လိုမ​နေ​ပေ။ အထူးသဖြင့် ​ကောင်းကင်မှာ ​မှောင်မည်းလာပြီဖြစ်ကာ လမ်း​ပေါ်တွင်လည်း ကားအများအပြားရှိ​နေသည်။ ကား​မောင်းနှင်သူများရုတ်ချည်း​ပျောက်ကွယ်သွားပြီး​နောက် ထိုကားများမှာ ထိန်းချုပ်မှုမဲ့စွာ ၀င်တိုက်မိပြီး လမ်းမ​ပေါ်တွင် ထပ်​နေကြသည်။ ညအချိန်တွင် အလင်း​ရောင်မရှိပဲ ထိုကားများကို​ရှောင်ရှားရန်မလွယ်​ချေ။ ဒုတိယအ​နေဖြင့် တခြားကစားသမားများနှင့်လည်း ကြုံ​တွေ့နိုင်​သေးသည်။


သို့တိုင်​အောင် ဖူ၀မ်​သော်၏ ကားကိုရုတ်တရက် ထိုးရပ်လိုက်မှုက ရုတ်တရက်ဆန်​နေဆဲပင်။


ထန်​မော့၏ အ​တွေးများကို သိ​နေသည့်အလား ဖူ၀မ်​သော်ကဆိုလာခဲ့သည်။ 


"ကိုယ်​ပေကျင်းက​နေ ရှန်ဟိုင်းလာတုန်းက အုပ်စု၃စုနဲ့တိုးခဲ့တယ်... သူတို့က လမ်းမ​ဘေး၂ဖက်က​နေ အလစ်တိုက်တာ...အိမ်နဲ့ကွဲ​နေတဲ့သူ​တွေ အိမ်ကိုပြန်ပြီး မိသားစု၀င်​တွေကို သွားရှာချင်တဲ့သူ​တွေကအများကြီးရှိတယ်​လေ...ခရီးရှည်အတွက် စားစရာ​တွေ  ​ရေ​တွေ လက်နက်​တွေယူလာကြမှာပဲ သူတို့အတွက် လုယက်ဖို့ အခွင့်​ကောင်းပဲ​လေ"


ထန်​မော့က ခရီး​ဝေးမသွားဖူး​သော်လည်း(စုကျိုးနှင့်ရှန်ဟိုင်းမှာ မ​ဝေးလှ) ထိုကဲ့သို့ဖြစ်ရပ်များလည်းရှိလိမ့်မည်ဟု ခန့်မှန်းမိပြီးသားပင်။ သူကဖူ၀မ်​သော်ကိုချက်ချင်းနားလည်သွားခဲ့သည်။ 


"ကားကိုဒီလိုရပ်လိုက်တာက ကားပိုင်ရှင် ရုတ်တရက်​ပျောက်သွားတဲ့ကား​တွေလို ပုံဖမ်းလိုက်တာလား"


"အင်း"


ကား​၏​ခေါင်းပိုင်းမှာ လမ်း​ဘေးကိုထိုးလျက် စွန့်ပစ်ခံထားရသည့်ကားနှင့်တူလှသည်။


၂ဦးသား တခြားစကားအပို တစုံတရာမှမဆိုခဲ့။ ဖူ၀မ်​သော်မှာ ထန်​မော့အနားယူနိုင်​စေရန် ကား​နောက်ခန်းကို​ပေးခဲ့သည်။ 


တစ်ဖက်တွင်​တော့ သူက ​မောင်းနှင်သူခုံကို လှဲချလျက် မျက်လုံးများကို မှတ်ထားလိုက်​တော့သည်။ ထန်​မော့က​လည်း ယဥ်​ကျေးမ​နေခဲ့​ချေ။ သူက​ကျောချလဲ​လျောင်းရင်း ကားအမိုးကို မမှိတ်မသုန် ကြည့်​နေခဲ့မိသည်။ သူ၏မျက်လုံးများမှာ တည်ငြိမ်​နေ​သော်လည်း ​ခေါင်းထဲတွင် အ​တွေးများနှင့်ပြည့်​နေခဲ့သည်။


တိတ်ဆိတ်​သောကားထဲတွင် ဖူ၀မ်​သော်၏ အသက်ရှူသံမှန်မှန်ကိုသာကြားနိုင်သည်။ ထန်​မော့မှာ မည်မျှအသက်ရှူသံကတည်ငြိမ်​နေပါ​စေ ဖူ၀မ်​သော်ကအိပ်မ​နေသည်ကို သိပြီးသားပင်။ သူတို့၏ လက်ရှိသန်မာမှုနှင့်ဆိုလျှင် ၃ရက်လောက်မအိပ်လျှင်လည်း ဘာမှမဖြစ်​ပေ။ ဤညမှာရှန်ဟိုင်းမှ ထွက်လာ​သော ပထမဆုံးညဖြစ်သည်။ ဖူ၀မ်​သော်မှာ ထန်​မော့အား​နောက်ခန်းကို​ပေးကာ ​မောင်းနှင်သူခုံတွင်သက်​တောင့် သက်သာ မဖြစ်စွာလှဲ​နေသည်မှာ အိပ်မ​နေဟု ဆိုလိုခြင်းဖြစ်သည်။ ဖူ၀မ်​သော်က ဤတစ်ညလုံး ပတ်၀န်းကျင်ကို ​စောင့်ကြည့်​နေမှာဖြစ်သည်။


သူကမအိပ်သည်ဖြစ်၍ ထန်​မော့လည်း ဘာမှသိပ်လုပ်လို့မရ​ချေ။ သူတကယ်အိပ်သွားလျှင်​တောင် ထန်​မော့စွမ်းရည်စာအုပ်ကို ဆွဲမထုတ်နိုင်။ သူ၏လှုပ်ရှားမှု ​သေး​သေး​လေးကပင် တဖက်လူကို ချက်ချင်းနိုးလာ​စေဖို့ လုံ​လောက်​လိမ့်မည်။


မှန်၏။ ထို​ငွေ​ရောင်​သေနတ်ကိုရရှိပြီးစဥ်ကတည်းက ထန်​မော့ စွမ်းရည်စာအုပ်ကို ကြည့်ရန်အခွင့်အ​ရေးကို ​စောင့်ဆိုင်း​နေခြင်းဖြစ်သည်။


သူ၏နှလုံးသားမှာ လွန်ဆွဲလျက်။ တဖက်တွင်​တော့ သူနှင့်ဖူ၀မ်သော်မှာ အသင်း​ဖော်များဖြစ်သွားပြီဖြစ်ကာ ​​ဝေးကွာ​သောပေကျင်းကိုအတူတကွထွက်လာခဲ့ကြသည်။ သူတို့တစ်ဦး၏စွမ်းရည်ကို တစ်ဦး​ပြောပြ၍ရသည်ပင်။ တဖက်တွင်လည်း သူကသိပ်မယုံကြည်နိုင်​သေး​ချေ။


အဆုံးတွင်​တော့ သူတို့တစ်ဥံးနှင့်တစ်ဦး အတူရှိခဲ့ဖူးချိန်က နည်းပါးလွန်းသည်။ 


နည်းနည်း​တော့ ​​စောင့်ကြည့်ကြ​တာ​ပေါ့။


ထန်​မော့မှာ မနက်ဖြန်စွမ်းရည်စာအုပ်ကို ထုတ်ကြည့်၍ ဖူ၀မ်​သော်၏စွမ်းရည်ကို ​တွေ့သည်နှင့် သူလည်းထပ်၍ဖုံးကွယ်မ​နေ​တော့ဟု ​တွေးလိုက်မိ​လေသည်။


ညမှာ​ကျော်လွန်သွားခဲ့သည်။ ဖူ၀မ်​သော်မှာ ထန်​မော့ အိပ်မ​နေခဲ့သည်ကိုသိ​သော်လည်း ဘာမျှမ​ဆိုခဲ့​ချေ။


ပထမညမှ ​ချော​မွေ့စွာကုန်လွန်သွားခဲ့သည်။ ဖူ၀မ်​သော်တံခါးကိုဖွင့်လျက် ကား​ရှေ့သို့​လျှောက်သွားခဲ့သည်။ ထို့​နောက် သူတို့၏​ရှေ့မှ ကား၃စီးကို လက်ဗလာနှင့် တွန်းဖယ်လိုက်​လေသည်။ သူပြန်​ရောက်လာသည်နှင့် ထန်​မော့မှာ ​​ဘေးခုံတွင် ပြန်ထိုင်​နေခဲ့ပြီဖြစ်၏။ သူက​မြေပုံကိုကြည့်လျက် ဆိုလိုက်သည်။ 


"ဒီဘက်က​ဆို ​ပေကျင်းနဲ့ရှန်ဟိုင်း အ​ဝေး​ပြေးလမ်းပဲ...၁၀ကီလိုမီတာ​လောက်ဆို ဒီservice နယ်​မြေကို​ကျော်မှာဆို​တော့ စားစရာတို့​ရေတို့ရှိမရှိကြည့်ရ​အောင်​လေ"


ဖူ၀မ်​သော်ကဆိုလိုက်သည်။


"၁၀ပုံမှာ ၉ပုံက​တော့ ဘာမှမရှိ​တော့တာ ​သေချာတယ်... လွန်ခဲ့တဲ့၂လ ​​​ပေကျင်းကလာတုန်းက အဲဒီserviceနယ်​မြေ​​ရော စူပါမားကက်​တွေ​ရော အကုန် အ​မွှေခံထားရပြီးပြီ"


ထန်​မော့က​ခေါင်းမာစွာ ဆိုသည်။


"ရှိရင်လည်း ရှိဦးမှာ​ပေါ့"


ဖူ၀မ်​သော်ဘာမှဆက်မ​ပြော​တော့။ လူ၂ဦးမှာ ခရီးဆက်လာခဲ့ကြသည်။ 


သူတို့သည် အပန်းဖြေခရီးထွက်လာ​သော သူငယ်ချင်းများနှယ်  စိုးရိမ်ခြင်းကင်းမဲ့စွာ ပကတိတည်ငြိမ်လျက်ပင်။ တကယ်တမ်းတွင်လည်း သူတို့၂ဦး​ပေါင်း ခွန်အားနှင့်ဆိုလျှင် တရုတ်ပြည်တွင်သူတို့ကို လုယက်နိုင်သူအ​တော်ရှား​လေသည်။ ကစားသမားအများစုကို သူတို့အလွယ်တကူရှင်းလိုက်နိုင်​သော်လည်း အန္တရာယ်က ကစားသမားများ မဟုတ်ခြင်းလည်းဖြစ်နိုင်သည်။ 


ထန်​မော့ရုတ်ချည်း​တွေးလိုက်မိသည်။ 


"အစစ်အမှန်​လောကဂိမ်းတွေကိုဖယ်ထားလိုက်ဦး  လော့ဖုန်းချန်းက အနက်​ရောင်​မျှော်စင် ဂိမ်း​တွေကို ၂မျိုးခွဲထားတယ်...Sအမျိုးအစားနဲ့ အခြားအမျိုးအစား​တွေ​ပေါ့... လွန်ခဲ့တဲ့​လေးလ​လောက်က ကျွန်​တော် ဂိမ်းတစ်မျိုးထဲမှာပါမိပြီး အနက်​ရောင်​မျှော်စင်က ကျွန်​တော့်ကို သတိထားမိသွားတယ်... ပြီး​တော့အနက်​ရောင်​မျှော်စင်ကိုတိုက်ခိုက်ဖို့ ဖိအား​ပေးခံလိုက်ရတာပဲ"


ထန်​မော့ကခတ္တမျှတန့်သွားပြီးဆက်​ပြောလိုက်သည်။


"ကျွန်​တော် ဂိမ်းသိမ်းမှတ်ကိုပထမဆုံးဖွင့်ချင်ခဲ့တဲ့ ဂိမ်း​​ပေါ့ ခင်များ ကြားလိုက်မှာပါ"


ဖူ၀မ်သော်မှာ ကား​မောင်းစင်း ထိုမှတ်ဥာဏ်ကို ပြန်​တွေး​နေခဲ့သည်။ 


"မာရီယိုနဲ့ အကွက်​တွေလား" 


"အင်း အဲဒီတစ်ခုပဲ... ကျွန်​တော်တို့ကား​မောင်း​နေရင်း ဂိမ်းတစ်ခုခုကိုသွားဖွင့်မိနိုင်​လောက်လား... အစစ်အမှန်​လောကဂိမ်းပဲဖြစ်ဖြစ် Sအမျိုးအစားပဲဖြစ်ဖြစ် တခြားဟာ​တွေပဲဖြစ်ဖြစ်​လေ"


ထို့​နောက် ထန်​မော့သူ့ကိုယ်သူ​ရေရွတ်လိုက်သည်။


"ကျွန်​တော့်ကံက အဲ​လောက်ထိမဆိုးနိုင်ပါဘူး..."


သို့​သော် လွန်ခဲ့​သော ၄လအတွင်းအဖြစ်အပျက်များကို ပြန်​တွေးမိလျှင် သူတိတ်ဆိတ်သွားမိပြန်သည်။


သူ၏ကံမှာ အမှန်တကယ်ဆိုးရွားလှသည်။ 


ဤတစ်ကြိမ်တွင်​တော့ ဖူ၀မ်​သော်ကဆိုလာခဲ့သည်။ 


"ကိုယ့်က​တော့ သိပ်မဆိုးပါဘူး" 


​ပေကျင်းမှ ရှန်ဟိုင်းကိုအလာလမ်းတွင် သူမည်သည့်ဂိမ်းကိုမျှမကြုံခဲ့ရ​ချေ။ ၄င်းမှာ ကံ​ကောင်းခြင်းပင်ဖြစ်နိုင်​လေသည်။


ထန်​မော့ကဘာမှတ်ချက်မှ မ​ပေးခဲ့​​ချေ။


လူ၂ဦးမှာ service ဧရိယာသို့​ရောက်ရှိလာခဲ့ကြသည်။ ဖူ၀မ်​သော် ကားပါကင်သို့​မောင်းလာခဲ့လိုက်သည်။


 á€‘န်​မ္ဏအက စူပါမားကတ်ထဲသို့ တန်း၀င်သွားချိန် ဖူ၀မ်​သော်မှာ အပြင်ဘက်တွင်​စောင့်​နေခဲ့သည်။ ထန်​မော့၏ လက်ထဲတွင်ထီးက​လေးကိုတင်းတင်းဆုပ်လျက် စူပါမားကတ်ထဲတွင်ရှိ​နေ​နိုင်​သော အန္တရာယ်မှန်သမျှကို သတိထား​နေခဲ့သည်။ အထဲ၌မည်သူမျှမရှိသည်မှာ ​သေချာ​တော့မှ သူစတင်ရှာ​ဖွေလိုက်​လေသည်။


service ဧရိယာမှ စူပါမားကတ်မှာ မကြီးလှ​ချေ။ ထန်​မော့ ထို​​နေရာတစ်ခုလုံးကို မိနစ်၀က်အတွင်း ရှာ​ဖွေလိုက်သည်။ ဖူ၀မ်​သော်​​ပြောခဲ့သလိုပင် ​နေရာတစ်ခုလုံးမှာ ရှုပ်​ထွေးလျက် စားစရာမှန်သမျှနှင့် ​သောက်​ရေများမှာ မရှိ​တော့ဘဲ အသုံးမ၀င်​သော အရုပ်များ စာအုပ်များသာ ပြန့်ကျဲလျက်ကျန်ရစ်​လေသည်။ ထန်​မော့လက်ဗလာနှင့်ပြန်မသွားလို၍ သူသည်စင်တစ်ခု​ပေါ်မှ သွားတိုက်​ဆေးနှင့်သွားတိုက်တံ၂​ချောင်းကိုယူလိုက်သည်။ ထို့​နောက် သူ၏ကိုယ်ကို အပြင်ဘက်မှ လှမ်းမမြင်နိုင်​စေရန် စင်​နောက်တွင် ကွယ်လိုက်ပြီး​နောက် ​လေထဲမှ စွမ်းရည်စာအုပ်ကို ဆွဲထုတ်ကာ အမြန်ဖွင့်လိုက်သည်။


သူ နောက်ဆုံးစာမျက်နှာကို လှန်လိုက်ပြီး ပထမစာ​ကြောင်းကိုဖတ်ကြည့်လိုက်သည်။ 


[စွမ်းရည်:ကြယ်တာရာများကိုယ်စားပြု တရားမျှတမှုကိုရှာ​ဖွေခြင်း] 


ထန်​မော့လည်း အမည်မ​ဖော်နိုင်​သောခံစားချက်ဖြင့် သက်ပြင်းအသာချလိုက်မိသည်။ ၄င်းမှာ နှ​မြောခြင်း စိတ်ပျက်ခြင်းလည်းမဟုတ်ပဲ သူ​မျှော်လင့်ထားပြီးသားပင်။ 


သူသည်သွားတိုက်​ဆေး၊ သွားတိုက်တံတို့နှင့်အတူ စူပါမားကတ်ထဲမှ ထွက်လာခဲ့သည်။


သူ ထွက်လာချိန်တွင် ဖူ၀မ်​သော်က ကားတွင်မှီလျက်​မြေပုံကို ငုံ့ကြည့်​နေခဲ့​လေသည်။ လူ၂ဦး အကြည့်ချင်းဆုံသွားပြီး​နောက် ဖူ၀မ်​သော်မှာ ထန်​မော့လက်ထဲမှ သွားတိုက်​တေးနှင့် သွားတိုက်တံတို့ကို ငုံ့ကြည့်လာခဲ့သည်။ သူ၏မျက်ခုံးတဖက်ကမြင့်တက်သွားလျက် 


"ဘာမှမရခဲ့ဘူးလား"


ထန်​မော့စိတ်ပျက်လက်ပျက်ဖြင့် 


"အကုန်လုံးယူသွားကြပြီ။ အရင်ခရီးသွားတဲ့ ကစားသမား​တွေဖြစ်မယ်"


ဖူ၀မ်​သော်က​မေးလာသည်။ 


"သွားတိုက်​ဆေးနဲ့ သွားတိုက်တံယူလာတာဆို​တော့ မျက်နှာသုတ်ပု၀ါပါ ဘာလို့မယူခဲ့တာလဲ"


ထန်​မော့"..."


ထန်​မော့ ထိုမရယ်ရ​သော ဟာသကို လျစ်လျူရှုလျက် ကားတံခါးကိုဖွင့်လိုက်သည်။ ဖူ၀မ်​သော်လည်း ကားထဲ၀င်လိုက်ပြီး ဆက်​လက်​မောင်းထွက်လာခဲ့ကြ​လေသည်။ ဖူ၀မ်​သော်၏ စွမ်းရည်ကို မရခဲ့သည်မှာ ​သေချာပြီး​နောက် ထန်​မော့​ငွေ​​ရောင်​သေနတ်ကို ထုတ်ကြည့်လိုက်မိသည်။ သူသည်​ဘေးခုံတွင်ထိုင်လျက် ​သေနတ်ကို အ​သေအချာစူးစမ်းကြည့်​နေခဲ့​လေသည်။ ​တောက်ပ​သော​နေ​ရောင်က ပြတင်း​ပေါက်မှဖြာကျလျက် ​ငွေ​ရောင်ကိုတလက်လက်​တောက်ပလာ​စေသည်။


သူ၏ဦး​နှောက်မှာ လျင်မြန်စွာအလုပ်လုပ်ရင်း ​သေနတ်ကို စူးစမ်း​နေခဲ့သည်။


ထန်​မော့၏ စွမ်းရည်မှာ ပိုက်ဆံမ​ပေးပဲစားခြင်း(စားပြီးနားမလည်)ပင်။ သူသည်လွန်ခဲ့​သော၄လတွင် ထိုစာအုပ်ကိုရရှိခဲ့ပြီး စွမ်းရည်များကို စု​ဆောင်းခဲ့သည်။ စွမ်းရည်များ၏ ပိုင်ရှင်များမှာ ထန်​မော့မှ မိမိတို့စွမ်းရည်များကို ပွားယူသွားသည်အား မသိကြ​​ချေ။ စွမ်းရည်ကိုရယူရန် ၂နည်းရှိသည်။ ၁နည်းမှာ အရိုးရှင်းဆုံးဖြစ်ကာ တဖက်လူကိုသတ်လိုက်သည်နှင့် သူ၏စွမ်းရည်ကို ကျိန်း​သေရရှိမည်ပင်။ ဒုတိယနည်းကို​တော့ ထန်​မော့ မ​သေချာ​သေး​ချေ။


ထန်​မော့၏ ပထမဆုံးစွမ်းရည်ဖြစ်သည့် စက်၀ိုင်းဆွဲပြီး ကျိန်စာတိုက်ခြင်းကို တဖက်လူကသူ့ထံ ဓါတ်မီးကိုကမ်း​ပေးပြီး​နောက်ရရှိခဲ့သည်။ ထို့​ကြောင့်ပင် ထန်​မော့မှာ တဖက်လူထံမှ တစ်ခုခုကိုယူပြီး ဘာမှပြန်မ​ပေးခြင်းဖြင့် စွမ်းရည်ကိုရရှိနိုင်သည်ဟု ​တွေးမိခဲ့​လေသည်။ အဘယ်​ကြောင့်မူထိုနည်းမှာ ပိုက်ဆံမ​ပေးပဲစားခြင်းဖြစ်၍ပင်။


သူသည်ထိုနည်းကိုသုံး၍ ကစားသမားအမျိုးအစား ခွဲခြား​သောစွမ်းရည်၊ ချန်ရှန်းရှန်း၏ ဥာဏ်ကြီးရှင် စွမ်းရည်နှင့် ငါ့အဘိုးပြန်​ပေး အစသဖြင့် စွမ်းရည်များကိုရရှိခဲ့သည်။ သို့တိုင်​အောင် သူသည်ဖက်တီး​လေး၏ စွမ်းရည်ကို​တော့မရရှိခဲ့​ချေ။


 á€‘á€­á€Żá€‘á€°á€¸á€†á€”á€şá€¸â€‹á€‘á€˝á€ąá€œá€Źá€†á€•á€şá€€á€•á€şá€‚á€­á€™á€şá€¸á€‘á€˛á€á€˝á€„á€ş ထန်​မော့ ဖူ၀မ်​သော်​ရှေ့တွင် တစ်ခုခုပြုလုပ်ခဲ့သည်။ ၀မ်ရင်း​ကွေ့နှင့် လူအိုကြီး​နျောင်တို့ကိုဖမ်းမိစဥ်က ၄င်းတို့၏ အ၀တ်များကို ဆွဲချွတ်ပြီး ကိုယ်​ပေါ်ဆီများသုတ်လိမ်း​​ပေးခဲ့သည်။


ထိုစဥ်ကသူသည်ဖူ၀မ်​သော်အား သူတို့သည်ကစားသမားတို့ကိုစားရန်လုပ်ထား​သော်လည်း အချိန်မရှိ၍မစားလိုက်ရဟူ​သော ဇာတ်လမ်းမျိုးဆင်ခြင်းဖြစ်သည်ဟု ရှင်းပြထားခဲ့သည်။ ထို့​နောက်မျက်မှန်နှင့်လူတို့အုပ်စုမှ ၀မ်ရင်း​ကွေ့တို့ကို လာကယ်​သောအခါ အ၀တ်မပါပဲဆီများ​ပေ​နေသည်ကို ​တွေ့သွားကြလိမ့်မည်။


ဤသည်မှာ မစ်စတာ Aနှင့်Bမှ လူသားစားသည်ဟူ၍ ကစားသမားများကို လှည့်စားသည့်နည်းလမ်းတစ်ခုပင်။ ဤနည်းဖြင့် ၀မ်ရင်း​ကွေ့တို့ကို ပြန်​တွေ့လျှင် ​ပျောက်ဆုံး​နေ​သောကစားသမား၂ဦးမှာလည်း မိမိတို့ထံမှ အစားခံလိုက်ရသည်ဟု ထင်သွားကြလိမ့်မည်။ ထိုစဥ်က ထန်​မော့မှာ ၀မ်ရင်း​ကွေ့တို့၏ အ၀တ်များကို ပိုက်ဆံမ​ပေးပဲရရှိခဲ့​သော်လည်း ၄င်းတို့၏ စွမ်းရည်များကို​တော့မရခဲ့​ချေ။


ယ​နေ့တွင်ဖူ၀မ်​သော်မှာ ဤအဖိုးတန်​သေနတ်အား ထန်​မော့ကို​​ပေးခဲ့​သော်လည်း ထန်​မော့သူစွမ်းရည်ကို မရခဲ့ပြန်​ချေ။


ဤသည်မှာ သူလွဲ​ချော်ခဲ့​သော ၄ခု​မြောက် စွမ်းရည်ဖြစ်သည်။ 


ထန်​မော့ သူ၏အ​တွေးတို့ကို တိတ်တဆိတ်ဖုံးကွယ်ထား​သော်လည်း ရင်ထဲမှသံသယများမှာ​တော့ ကြီးထွားလာခဲ့သည်။ သူသည် စွမ်းရည်များကို ရယူသည့်နည်းလမ်းကို အတိအကျသိလိုသည်။ သို့​သော် ဤအ​ပေါစားစာအုပ်မှာ ထိုအသုံး၀င်သည့် နည်းလမ်းမျိုးကို​တော့ သူ့ကို​ပြောပြမည်မဟုတ်သည်က​တော့ နှ​မြောစရာပင်။ သူကိုယ်တိုင်သာ ရှာ​ဖွေရ​ပေလိမ့်မည်။


ထန်​မော့မှာ သူ၏အ​ပေါစားစာအုပ်အ​ကြောင်းကို​တွေးမိလျှင် သက်ပြင်းသာသာချလိုက်မိသည်။ 


"မျက်နှာသုတ်ပု၀ါမယူခဲ့ရလို့ ​နောင်တရ​နေတာလား"


ထန်​မော့"..."


ထိုဟာသမှာ ​အေးစက်လှသည်ဟု ခံစားမိလျက် ထန်​မော့သူ့ကိုယ်သူဂျက်ကတ်ဖြင့် ထုပ်လိုက်မိသည်။ သူကအသာဆိုလိုက်သည်။


"ကျွန်​တော်တို့တစ်လမ်းလုံးကား​တွေဆင်းတွန်းခဲ့ရတာ ခဏ​တော့နားသင့်တယ်... မနက်ဖြန်ဆို နန်ကျင်းကို​ရောက်မှာပဲ အခု၅နာရီထိုးပြီဆို​တော့ အလျင်လည်းမလိုပါဘူး ကျွန်​တော်ဒီ​သေနတ်ကိုစမ်းကြည့်ချင်လို့"


ဖူ၀မ်​သော်ကသ​ဘောတူလိုက်သည်။


"အို​ကေ"



🪩