Chapter 136
Viewers 11k

🌍Chapter 136



ထန်​မော့ မေးလိုက်သည်။


"ဒီ​သေနတ်ကခင်များရဲ့အ​ရေးကြီးတဲ့ဟာလား "


သူကခတ္တမျှတန့်သွားပြီးမှ...


"ကျွန်​တော်ဒီ​အောက်မှာ စာလုံး​လေးတစ်ခု​တွေ့လို့ ခင်များနာမည်လား"


အခြားတစ်​ယောက်​ယောက်၏ နာမည်လည်းဖြစ်နိုင်သည်ပင်။ 


ဖူ၀မ်​သော်ဖုံးကွယ်မထားခဲ့​ချေ။ 


"ကိုယ့်ရဲ့ ကုဒ်နာမည် Old V​လေ... ကိုယ်တို့အထူးတပ်ဖွဲ့မှာ တစ်​ယောက်ကိုတစ်​ယောက် နာမည်အစစ်​တွေနဲ့မ​ခေါ်ကြဘူး... ကုဒ်နာမည်ကိုပဲသုံးပြီး ကိုယ့်​နောက်ခံကိုကိုယ်လျှို့၀ှက်ထားကြတာ​ ကိုယ့်ကုဒ်နာမည်က OldV"


ထန်​မော့သည် မူလက​တော့ ထိုစာလုံးမှာ victoryကိုရည်ညွှန်းသည်ဟု ထင်ခဲ့သည်။ အိုလံပစ် ​လေးသည်​တော်များမှာ မိမိတို့၏​လေး​ပေါ်တွင် Vဟု​​ရေးထွင်းပြီး အနိုင်ရရှိရန် နမိတ်​ကောင်းဟုသတ်မှတ်တတ်ကြသည်။ ဖူ၀မ်​သော်၏ ကုဒ်အမည်ဟု​တော့ မထင်ထားခဲ့​ချေ။


သို့ဆိုပါက ဤ​သေနတ်မှာ ပို၍ အ​ရေးကြီးသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။ ထန်​မော့​မေးလိုက်မိသည်။ 


"ကျွန်​တော့်ကို​ပေးလို့ ပြဿနာမရှိဘူးလား"


ဖူ၀မ်​သော်မှာ ကားကို လက်တစ်ဖက်ဖြင့်သာ ထိန်း၍​မောင်းနှင်​နေခဲ့သည်။ ဤလမ်းမှာကျယ်ပြီး ကားသိပ်အများကြီးမရှိ​ချေ။ သူကထန်​မော့ကိုလှည့်ကြည့်လာခဲ့သည်။


"ကိုယ့်စွမ်းရည်နဲ့ဆို အဲဒါကိုမလို​တော့ဘူး ပြီး​တော့ကိုယ့်မှာ အသုံး၀င်တဲ့အကူပစ္စည်း​တွေအများကြီးရှိတယ်... ဒီ​သေနတ်က အခု​တော့ ကိုယ့်အတွက် ဘာမှမဟုတ်​တော့ပါဘူး"


သူဤ​သေနတ်ကိုလွှင့်မပစ်ခြင်းမှာ သူ၏အကျင့်​ကြောင့်​ရော အနည်းငယ်အမှတ်တရလည်းဖြစ်​နေခြင်း​ကြောင့်ပင်။


"ဒါ​ပေမယ့် မင်းက​တော့ ဒီ​သေနတ်ကို ကိုယ့်ထက်ပိုလိုအပ်​နေတာပဲ​လေ"


ထန်​မော့ပြန်မ​​ဖြေခဲ့။ သူက​ခေါင်းကိုပြန်လှည့်သွားလျက် ​သေနတ်ကို ဆက်လက်စူးစမ်း​နေလိုက်သည်။


ဖူ၀မ်​သော်က ရယ်လိုက်ပြီး ကား​မောင်းရာတွင် အာရုံပြန်စိုက်လိုက်သည်။ 


ထန်​မော့မှာ ဤလူကဘာကိုရှာ​တွေ့သွားသည်ကို မသိ​သော်လည်း အားလုံးကခန့်မှန်းချက်သာဖြစ်လိမ့်မည်။ ထန်​မော့၀န်မခံသ၍ ဖူ၀မ်​သော်အတွက်အမှန်တရားကို သိရန်မလွယ်ကူ​ချေ။ သူခန့်မှန်းမိလျှင်​တောင် ထန်​မော့အ​နေနှင့် ၀န်ခံလိမ့်မည်မဟုတ်။


​နေ​လုံး တဖြည်းဖြည်း၀င်သွားလျက် အနက်​ရောင်တိမ်လိပ်များ တရိပ်ရိပ်တက်လာခဲ့သည်။ မိုးရွာ​တော့မည်ဖြစ်၍ ဖူ၀မ်​သော်ကားကို လမ်း​ဘေးတွင် ​စော​စော​လေးရပ်လိုက်သည်။ ထန်​မော့လည်း ​သေနတ်ကိုကိုင်လျက် လမ်း​ပေါ်မှဆင်းလာခဲ့သည်။ ထို့​နောက် ​ဘေးမှ လယ်ကွင်းများဆီ​လျှောက်လာခဲ့​လေသည်။


သူသည်Checkmateစွမ်းရည်ကိုရရှိပြီး​နောက် ​သေနတ်ပစ်ခြင်းနှင့်ပတ်သက်၍ အနည်းငယ်​​လေ့လာချင်ခဲ့သည်။ ထန်​​မော့ အသက်ရှူ​အောင့်လျက် ကလစ်ဟူ​သောအသံတစ်ခုကိုကြားလိုက်ရသည်။ ထို့​နောက် လက်ကို​မြှောက်လျက် ၁၀မီတာအကွာမှ သစ်ပင်​လေးကိုချိန်ရွယ်လိုက်​ပြီး မျက်လုံးများကို ​မှေးကျဥ်းလျက် ခလုတ်ကိုဆွဲချလိုက်သည်။


ဘန်း...


ကြီးမား​သော တန်ပြန်မှုက ထန်​မော့၏ မျက်လုံးများကို ပြူးကျယ်သွား​စေလျက် ​နောက်သို့​​ခြေလှမ်း၀က်ခန့်ဆုတ်လိုက်ရသည်။ သူ၏လက်ရှိသန်မာမှုနှင့်ပင် ​သေနတ်၏ပြန်ခါမှုမှာ လက်​မောင်းတစ်ခုလုံးကို တုန်ခါသွား​စေသည်အထိ ပြင်းထန်လိမ့်မည်ဟု မ​မျှော်လင့်ထားခဲ့​ချေ။ သူသည်အပင်​လေးကိုလှမ်းကြည့်လိုက်လျှင် အကိုင်းများလှုပ်ခါ​နေသည်ကို​တွေ့လိုက်ရသည်။ သစ်ရွက်များက ​မြေပြင်​ပေါ်သ်ု့​ကြွေကျလာကြသည်။


အပင်​ပေါ်တွင် မည်သည့်ကျည်ဆံရာမျှမရှိ​ချေ။


ယခု​လေးတင် ထန်​​မော့မှာ ထိုအပင်၏ ပင်စည်ကိုချိန်ထားခဲ့ခြင်းဖြစ်သည်။ သို့​သော်ကျည်ဆံမှာ ပင်စည်ကိုမထိပဲ အရွက်များကြားမှ ဖြတ်သွားသည်မှာ သိသာလှသည်။


ထန်​မော့ အံကိုကြိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက​သေနတ်ကိုလက်၂ဖက်ဖြင့် ဆုပ်ကိုင်လျက် ခလုတ်ကိုဆွဲလိုက်သည်။ ထန်​မော့၏ အထူးအမြင်စွမ်းရည်မှာ ကျည်ဆံ​ပြေးထွက်သွား​သော ​ငွေ​ရောင်လမ်း​ကြောင်းကိုပင် မြင်လိုက်​ရ​လေသည်။ ဟိန်းသံတစ်ခုနှင့်အတူ ​ငွေ​ရောင်ကျည်ဆံမှာ ​လေထုကိုဖြတ်လျက် ပင်စည်အနီးသို့​​ဖောက်၀င်သွားခဲ့သည်။ သို့​သော် ၄င်းမှာ ထန်​​မော့ချိန်ရွယ်ထား​သော​နေရာနှင့် စင်တီမီတာ ၃၀ခန့်​ဝေး​နေဆဲပင်။


ထို ကြယ်တာရာများကိုယ်စားပြု တစားမျှတမှုရှာ​ဖွေခြင်းစွမ်းရည်မှာ သူ​သေနတ်ကိုပစ်လိုက်ရုံဖြင့် ကျည်​ဆံကို သူ၏စိတ်ဖြင့် ထိန်းချုပ်နိုင်သည်ဟူ​သော အဓိပ္ပါယ်ပင်။ သို့​သော် ဤသည်မှာ​တော့သူ၏ ပင်ကိုယ်ပစ်ခတ်စွမ်းရည်ချည်းသက်သက်ပင်။ ကျည်ဆံမှာ ပစ်ခတ်လိုက်သည်နှင့် ထန်​မော့ချိန်ရွယ်ထားသည့်​နေရာမှ ​ချော်ထွက်သွားတတ်သည်။ ရန်သူ၏​ခေါင်းကိုချိန်ပါ​သော်လည်း ပုခုံးမျှသာ မှန်နိုင်သည်။


၄င်းမှာပင် အ​တော်​ကောင်း​သေးသည်ဟု ဆိုနိုင်သည်။ အဆိုးဆုံးအ​ခြေအ​နေမှာ သူကရန်သူကိုချိန်ရွယ်လိုက်​သော်လည်း တစ်​ယောက်ကိုမှ မထိခြင်းပင်။


ထန်​မော့အမူအယာကပျက်ယွင်းသွားလျက် လက်ကိုတဖန်​မြှောက်ကာ ထိုပင်စည်သို့ ၂ချက်မျှထပ်ပစ်လိုက်သည်။ တစ်ချက်မှာ ၂၀စင်တီမီတာခန့်ကွာပြီး ကျန်တချက်မှာ​တော့မ​မျှော်လင့်ထားစွာပင် ပစ်မှတ်ထံမှ ၁မီတာပင် ​ဝေးသွားခဲ့သည်။ ကျည်​ဆံ၅ခုကျန်​သေးသည်။ ထန်​မော့​နောက်တစ်ကြိမ်ပစ်ရန် ​သေနတ်ကို​မြှောက်လိုက်ချိန်တွင် သူ၏​နောက်မှ ​လေသံနိမ့်နိမ့်ကိုကြားလိုက်ရသည်။ 


"မင်း​သေနတ်တစ်ခါမှမပစ်ဖူးဘူးလား"


ထန်​မော့လှည့်ကြည့်လိုက်သည်။


"ဟင့်အင်း"


"ဒီဘက်"


 á€–ူ၀မ်​သ္ဏ်မသဏ ကား​ဘေးတွင်ရပ်လျက် ​ရေတငုံမျှ​သောက်လိုက်ပြီး​နောက် ​ရေဘူးကို ကားထဲပြန်ပစ်ထည့်လိုက်သည်။ ထို့​နောက် လမ်း​ပေါ်မှ လက်​ထောက်လျက် ခုန်ဆင်းလာခဲ့​လေသည်။ ဖူ၀မ်​သော်က သူ့အနားကို​လျှောက်လာခဲ့လျှင် ထန်​မော့ကဆိုလိုက်သည်။


"ကျွန်​တော့်မှာ ​ခေါင်းမူးတတ်တဲ့ အကျင့်ရှိတယ် ကားစီးရင်​တော့ဘာမှမဖြစ်​ပေမယ့် ​သေနတ်ပစ်တဲ့ 3Dဂိမ်း​တွေဆို မူးလာ​ရော...အဲဒါ​ကြောင့် တစ်ခါမှမ​ဆော့ဖြစ်ဘူး"


ဖူ၀မ်​သော် သူ့အား အံ့သြစွာကြည့်လာခဲ့သည်။ 


"ကိုယ်က​သေနတ်အ​ဝေးပစ်ကို​ပြောတာ သေနတ်ပစ်တဲ့ ဂိမ်းကို​ပြောတာမဟုတ်ဘူး"


ထန်​မော့နားလည်သွားခဲ့သည်။


"တစ်ခါမှမပစ်ဖူးဘူး"


လက်ရှိ​မော်ဒန်​ခေတ်တွင် ကလပ်များဆီသွားပြီး အပစ်အခတ်​လေ့ကျင့်သူများရှိ​လေသည်။ ထို့​ကြောင့် ဖူ၀မ်​သော်၏ ​မေးခွန်းကိုသူနားလည်သည်။ ထန်​​မော့က ရုတ်တရက်​သေနတ်တစ်လက်ကို လိုချင်သည်ကိုကြား​တော့ အ​တွေ့အကြုံရှိသည်ဟု ထင်ခဲ့မိလိမ့်မည်။ ထန်​မော့မှာ တစ်ခါမှမပစ်ဖူးဘူးဟု​တော့ ထင်ထားလိမ့်မည်မဟုတ်​ချေ။


ဖူ၀မ်သော်မှာ ထန်​မော့၏လက်ထဲမှ ​သေနတ်ကိုယူလိုက်ပြီး ၁၀မီတာအကွာမှ သစ်ပင်ကိုချိန်လိုက်သည်။ 


သူ၏မျက်လုံးများမှာ အသာ​မှေးကျဥ်းသွားလျက် ခလုတ်ကို လျင်မြန်စွာ ဆွဲလိုက်သည်။ 


ဘန်း...


ထိုလှုပ်ရှားမှုများမှာ လျှင်မြန်လွန်း၍ ထန်​မော့ မတုန့်ပြန်နိုင်လိုက်​ချေ။ စက္ကန့်ပိုင်းအတွင်း ထန်​မော့၏နားထဲ ကျယ်​​​လောင်​သောအသံကိုကြားလိုက်ရသည်။ ထိုပြင်းထန်​သော တွန်းကန်အားမှာ ဖူ၀မ်​သော်အတွက် မတည်ရှိသကဲ့သို့ လက်​ချောင်း​လေးမျှပင် လှုပ်ခါမသွားခဲ့​ချေ။  ​သေနတ်​ပြောင်း၀မှ ​ပြေးထွက်သွား​သော ကျည်ဆံမှာ တစ်​ဖြောင့်တည်း ​ချော​မွေ့စွာပင် ပင်စည်တွင် အ​ပေါက်​လေးတစ်ခုကို ချန်ထားရစ်သည်။


ထန်​မော့၏အဆင့်မှာ လူသစ်များကြားတွင် အ​တော်​ကောင်းသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့်သူက မြင်နိုင်စွမ်းက စူးရှကာ ခွန်အားမှာလည်း မြင့်ပြီး ပင်စည်ကို ချိန်နိုင်​သေးသည်။ ရက်အနည်းငယ်မျှနှင့် ရိုးရိုး အ​ပျော်တမ်း ကျွမ်းကျင်​သေနတ်သမားကိုပင် ယှဥ်​နိုင်​လောက်သည်။ သို့​သော် ဖူ၀မ်​သော်၏ ပစ်ခတ်မှုတစ်ချက်​လောက်ကပင် သာမာန်ကျွမ်းကျင်သူနှင့် ပ​ရော်ဖက်ရှင်နယ်ကြားမှ ကွာခြားမှုကို ရှင်းလင်းသွား​စေသည်။


ဖူ၀မ်​သော်မှာ ထိုပစ်မှတ်ကို ချိန်ရွယ်​နေစရာမလိုခဲ့သလိုပင်။ သူကတစ်ချက်မျှသာကြည့်၍ ထန်​မော့ချိန်ရွယ်​နေ​ခဲ့​သော​နေရာကို တိုက်ရိုက်ပစ်ချလိုက်ခြင်းပင်။ ထန်​မော့မှာ မိမိပစ်မှတ်​နေရာကို ဖူ၀မ်သော်အား မ​ပြောပြထား​ချေ။ သူ့ဘာသာအချက်အနည်းငယ်မျှသာပစ်​နေခဲ့ခြင်းဖြစ်ပြီး ဖူ၀မ်​သော်မှာ ၄င်းကို လမ်းမ​ပေါ်မှ လှမ်းကြည့်ရုံမျှနှင့် တစ်ချက်တည်း ပစ်ချနိုင်​လေသည်။


ထန်​မော့က​မေးလိုက်သည်။


" ကျွန်​တော်ပစ်တာလွဲ​နေတဲ့ဟာကို အဲ​နေရာကိုချိန်​နေမှန်းဘယ်လိုသိတာလဲ"


"မင်းပစ်ထားတာကလည်း အဲဒီနားပတ်ပတ်လည်ပဲ​လေ" 


ဖူ၀မ်​သော်က သဘာ၀ကျကျဆိုလာသည်။ 


"မင်းအဲဒီနားကိုပစ်ချင်တာမဟုတ်ဘူးလား"


ထန်​မော့ဤတစ်ကြိမ်​တော့ တကယ်ဆွံ့အသွားခဲ့သည်။ 


ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက် လူတိုင်းကပိုပြီးသန်မာလာ၍သာ​တော်​တော့သည်။ သို့မဟုတ်ပါက သူ၏ကိုယ်ပွားဆယ်ခုကပင် ဖူ၀မ်​​သော်ကို ယှဥ်နိုင်မည်မဟုတ်​ချေ။


ဖူ၀မ်​သော် ​သေနတ်ကို ထန်​မော့အား ပြန်ကမ်း​ပေးလိုက်သည်။ ထန်​​မော့လည်း ဖူ၀မ်​သော်၏ ကိုယ်ဟန်အ​နေအထားကို ​တွေးမိလျှင် လိုက်အတုခိုးလျက် ​သေနတ်ကိုတဖန်​မြှောက်လိုက်သည်။ ထိုစဥ် ရုတ်တရက် ​နွေး​ထွေး​သော လက်တစ်ဖက်က ထန်​မော့ကိုအုပ်ကိုင်လာခဲ့လျှင် ထန်​မော့ ထိတ်လန့်သွားမိရသည်။ သူခေါင်းကိုလှည့်ကြည့်လိုက်​သော် ဖူ၀မ်​သော်မှာသူ၏​နောက်တွင်ရပ်​နေသည်ကို ​တွေ့လိုက်ရ​လေသည်။


သူသည် တပ်သားအသစ်က​လေးများအား သင်ကြား​ပေး​နေ​သော ​ခေါင်း​ဆောင်တစ်ဦးသဖွယ် ထန်​မော့၏လက်ကို သဘာ၀ကျကျပင်ဆုပ်ကိုင်လျက် ​သေနတ်ကို ကိုင်ရန်ကူညီ​ပေးလိုက်သည်။ ဖူ၀မ်​သော်သည် ထန်​မော့လက်ကို ယူလျက် ညာဘက်သို့အနည်းငယ်​ရွေ့လိုက်သည်။ သူ၏​လေသံမှာ ခပ်နိမ့်နိမ့်နိုင်သည်။


"မင်းသာဆိုရင် ၁၀မီတာကတစ်ခုခုကို ချိန်ဖို့ဆိုတာမခက်ဘူး... မမှန်ဘူးဆိုတာက ​ကျည်ဆံထွက်သွားတဲ့အချိန်မှာ မင်းလက်ကခါသွားလို့... ကိုယ့်​သေနတ်က ပြန်ကန်တာကို အားနည်း​အောင်ထိန်း​​ပေးတဲ့ ​ပြောင်းကိုသုံးထားတာ...ဒါ​ပေမယ့်ကျည်​​တွေက​တော့ အထူးထုတ်ထားတာမို့ အရမ်းပြင်းပြီး ပြန်ကန်တာလည်းပြင်းတယ်... မင်းတစ်​နေရာကိုချိန်တဲ့အခါ လက်ကိုငြိမ်​အောင်ထားလို့မရရင် ကျည်က​ချော်မှာပဲ တစ်​ကြိမ်​လောက် ထပ်ပစ်ကြည့်လိုက်"


ဖူ၀မ်​သော်ထန်​မော့အား ငုံ့ကြည့်လာသည်။


ထန်​မော့ရင်များတဒုန်းဒုန်းခုန်လာ​သော်လည်း လျင်မြန်စွာ ပြန်ထိန်းချုပ်လိုက်ကာ ၁၀မီတာ အကွာမှ အပင်​လေးကိုကြည့်လိုက်သည်။


ဖူ၀မ်​သော်မှာ သူ၏လက်ကိုအုပ်ကိုင်ထားပြီး သူက​တော့​သေနတ်ကို ကိုင်ထားခဲ့သည်။ ထို့​နောက် ထန်​​မော့ခလုတ်ကို ညင်သာစွာ ဆွဲလိုက်​လေသည်။


ဘန်း...


ဤတစ်ကြိမ်​တွင် ၅စင်တီမီတာမျှသာ ကွာ​လေသည်။ ထန်​​မော့၏ကျည်မှာ ဖူ၀မ်​သော်ကျည်​ပေါက်၏ ​ဘေးတွင်ဖြစ်သည်။


ဖူ၀မ်​သော်ကဆိုသည်။ 


"အင်း နည်းနည်း​​လောက်ထပ်ပစ်ပြီးရင် မင်းသိသွားမှာပါ" 


သူက​ပြောရင်းနှင့် ထန်​​မော့လက်ကို ဆုပ်ကိုင်ထိုင်ခြင်းကိုလည်း မလွှတ်လိုက်​​ချေ။ ​


ထန်​မော့"..."


ဤသည်မှာ အလွန်ထူးဆန်း​သော ခံစားချက်ပင်။


သူ၏လက်ကို မိန်းက​လေးတစ်​ယောက်က ကိုင်ထားခြင်းဆိုလျှင် သူဘယ်လိုမှခံစားရမည်မဟုတ်။ ဖူ၀မ်​သော်မှာ အ​ဖြောင့်တစ်​ယောက်ဖြစ်​​လောက်​သော်လည်း ထန်​​မော့မှာ မိမိgayမှန်းသိ​နေခဲ့သည်။ ​ယောကျာ်းတစ်​ယောက်က သူ့လက်ကိုကိုင်ထားခြငိးအား အ​နေခက်မိ​သော်လည်း ​ပစ်မှတ်ကိုသာအာရုံစိုက်ရန်ကြိုးစားလိုက်သည်။


ဤတစ်ချက်ပစ်ပြီးလျှင်​တော့ ကိုယ့်ဘာသာပစ်​တော့မည်ဟုလည်း တိတ်တဆိတ်​တွေးလိုက်မိသည်။


ဖူ၀မ်​သော်၏ လမ်းညွှန်မှု​အောက်တွင် ထန်​မော့​နောက်တစ်ချက်ထပ်ပစ်လိုက်ပြီး ၅စင်တီမီတာခန့်​တော့လွဲ​နေဆဲပင်။ 


ဖူ၀မ်​သော်မှာ ​နောက်တစ်ချက်ပစ်ရန်အတွက်သူ့လက်ကို ကိုင်ထားဆဲဖြစ်​သော်လည်း ထန်​မော့ကအလျင်အမြန်ဆိုလိုက်သည်။


"ကိုယ့်ဘာကိုယ်ပစ်ကြည့်လိုက်မယ်"


ဖူ၀မ်​သော်က သူ့ကို ငုံ့ကြည့်လာခဲ့သည်။


ထန်​မော့ကတည်ငြိမ်စွာဖြင့် ဆိုသည်။


"ကျွန်​တော်နည်းနည်း သိသွားပြီ ကိုယ့်ဘာကိုယ်ပစ်ကြည့်လို့ရမလား" 


ထန်​​မော့​ပြောရင်းနှင့်ပင် ဖူ၀မ်​သော်၏ လက်ထဲမှ မိမိ၏လက်ကို အသာ​လေးရုန်းလိုက်သည်။ သို့​သော် သူမဖြုတ်လိုက်နိုင်ခင်မှာပင် ဖူ၀မ်​သော်၏မျက်လုံးများမှာ ဖြတ်ခနဲ​ပြောင်းလဲသွားပြီး ထန်​မော့၏လက်ကို ချက်ချင်းပြန်ဆုပ်ကိုင်လာခဲ့သည်။ ထန့်​မော့ခတ္တမျှမျက်နှာ ပူသွားခဲ့​သော်လည်း စက္ကန့်ပိုင်းအတွင်း သူ၏အမူအယာမှာလည်း ​ပြောင်းလဲသွားခဲ့သည်။ သူကဖူ၀မ်​သော်နှင့်အတူ ​နောက်သို့လှည့်ကြည့်လိုက်​လေသည်။


ဖူ၀မ်​သော်မှာ ထန်​​မော့လက်ကို ဖမ်းဆုပ်လျက် ကျန်တစ်ဖက်က​တော့သူ၏ခါးတွင်ထိနိးထားလျက် သူ၏ကိုယ်အား ၁၈၀ဒီဂရီလှည့်လိုက်သည်။ ထိုသို့လှည့်လိုက်စဥ်မှာပင် သူကတိုးညှင်းစွာ ​ဆိုလာသည်။


"ပစ်"


ထန်​မော့က မည်သည်ကို ချိန်ရွယ်ထားမှန်း မသိသည့်တိုင် ဖူ၀မ်​သော်ကဆိုလိုက်သည်နှင့် သူခလုတ်ကို ဆွဲချလိုက်သည်။ သူသည်ထိုကျည်ဆံတစ်ချက်အား ယုံကြည်ချက်ရှိရှိဖြင့် ပစ်လိုက်ခြင်းပင်။ ကျည်ဆံမှာ ​ကျောက်တုံးကြီးတစ်ခုကိုသွားမှန်ပြီး လူသူမဲ့ကွင်းပြင်ကြီးတွင် ဘန်းခနဲ ပဲ့တင်ထပ်သွားလျက် ​ကျောက်တုံးကြီးတွင် အ​ပေါက်​လေးတစ်ခုကိုချန်ရစ်ခဲ့သည်။


ဖူ၀မ်​သော် ထန်​မော့၏လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားကာ ဒုတိယအကြိမ်​မြောက်ဆိုလာသည်။


"ပစ်" 


ဤတစ်ကြိမ်တွင်​တော့ ​ကျောက်တုံးကြီး​နောက်မှ အမျိုးသမီးအသံတစ်ခုထွက်လာခဲ့သည်။ 


"ဟင့်အင်း မပစ်ပါနဲ့...ကျွန်မတို့က ဒုက္ခမ​ပေးပါဘူး ဒုက္ခ​ပေးချင်လို့မဟုတ်ပါဘူး ​သေနတ်သံကြားလို့ လာထွက်ကြည့်ရုံပါ"


​နောက်ထပ်အသံတစ်ခုလည်း ထပ်ထွက်လာခဲ့သည်။ 


"အထင်မလွဲပါနဲ့ မပစ်ပါနဲ့ဗျာ ကျွန်​တော်တို့က ဖြတ်သွားရုံ​လေးပါ တကယ်ဖြတ်သွားရုံ​လေးပါဗျာ"


အနက်​ရောင်တိမ်လိပ်များမှာ တဖြည်းဖြည်း ဖုံးအုပ်လာပြီး ​နေလုံးကြီးမှာလည်း အ​နောက်အရပ်သို့တဖြည်းဖြည်း ၀င်သွားခဲ့သည်။ လူ၂​ယောက်မှာ လက်ကိုယ်စီ​မြှောက်လျက် ​ကျောက်တုံးကြီး​နောက်မှ ထွက်လာခဲ့ကြ​လေသည်။



🪩