ခဏအကြာတွင် ဝှီးချဲလ်ဖြင့် အဘိုးအိုတစ်ဦးရောက်လာကာ ပြောလိုက်သည်။
".ရှောင်ကျောက်...ဘာလို့ ဆေးရုံကိုလာတာလဲ မင်းမိသားစုဝင်တစ်ယောက်ယောက်များ နေမကောင်းဖြစ်လို့လား......"
ကျန်းဟန်ရှုက မတ်တပ်ရပ်ပြီး ပြန်ဖြေလိုက်သည်။
".အဖိုးချင် မင်္ဂလာပါ ကျွန်တော့်ချစ်သူ နေမကောင်း ဖြစ်နေလို့ပါ....."
".မင်းတို့က လက်ထပ်ပြီးသွားပြီလား......"
အဖိုးချင်က တအံ့တဩမေးလိုက်သည်။
လူအိုကြီးမှာ နောက်ထပ်မေးခွန်းတစ်ခုလောက် မေးချင်နေသေးသော်လည်း သူနာပြုတစ်ယောက်က ကော်ရစ်ဒါမှ ထွက်လာကာ ဝှီးချဲလ်ကို တွန်းလိုက်သည်။
".မစ္စတာချင်ရေ ဘာလို့ဒီကိုရောက်နေရတာလဲ စမ်းသပ်ရမယ့်အခန်းက အောက်ထပ်မှာလေ......"
သူ့ကို သူနာပြုက တွန်းကာခေါ်သွားသော်လည်း လူအိုကြီးက ကျန်းဟန်ရှုကို လှည့်ကြည့်ကာ လက်ယမ်းပြရင်း ပြောလိုက်သည်။
".မင်းရဲ့မင်္ဂလာသေရည်သောက်ရဖို့ စောင့်နေမယ်ဟေ့......"
".အဲ့ဒီ့အချိန်ကျ သေချာပေါက် ဖိတ်ပါ့မယ်......"
ကျန်းဟန်ရှု ကတိပေးလိုက်သည်။
အဖိုးအိုထွက်သွားပြီးနောက် မကြာခင်မှာပင် ဆရာဝန် အခန်းထဲမှ ထွက်လာကာ လက်အိတ်ကိုချွတ်ရင်း ကျန်းဟန်ရှုကို ပြောလိုက်သည်။
"သတင်းကောင်းနဲ့ သတင်းဆိုး ဘယ်ဟာ အရင်နားထောင်မလဲ......"
ကျန်းဟန်ရှု ဆရာဝန်နှင့် ဂိမ်းကစားရန် စိတ်မပါသော်ငြား ဆရာဝန်ကိုတွေ့လိုက်ချိန်တွင် ဖုကျန်း အဆင်ပြေကြောင်း သိလိုက်ရ၍ တည်ငြိမ်နေသည်။
သူက ပြောလိုက်သည်။
"သူ့မှာကိုယ်ဝန်ရှိနေပြီ......"
ဆရာဝန်က ကျန်းဟန်ရှုကို လေးလေးနက်နက် ပြောလိုက်သည်။
ကျန်းဟန်ရှု အလှုပ်အရှားမရှိ မျက်တောင်ပင် မခတ်ဘဲ ရုပ်တုသဖွယ် မတ်တပ်ရပ်ကာ သူ့ကိုပြောနေသော ဆရာဝန်ကို ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းပြာများမှာ မြူလွှာတစ်ထပ်ဖုံးနေပြီး အခြားသူတို့ ဖောက်ထွင်းမြင်ရန် မစွမ်းနိုင်ပေ။
အချိန်အကြာကြီးကြာမှ သူ ဆရာဝန်ပြောခဲ့သော စကား၏ အဓိပ္ပါယ်ကို အပြည့်အဝ သဘောပေါက်သွားသည်။
အခု ဖုကျန်းရဲ့ဗိုက်ထဲမှာ ကလေးရှိနေပြီး အဲ့ကလေးက သူ့ဟာမဟုတ်ဘူး
ဆရာဝန်က သတင်းကောင်းနှင့် သတင်းဆိုး မှားပြောမိလေသလားဟု သံသယဝင်မိသည်။
ဆရာဝန်က ကျန်းဟန်ရှု အကြီးအကျယ်စိတ်ညစ်နေသည်ကို လုံးဝမသိ။ ကျန်းဟန်ရှုကို ပြုံးကာပြောလိုက်ရင်း သူ့ပုခုံးကို ပုတ်လိုက်သည်။
".မင်းလိုပဲ တစ်ခြားယောကျာ်းတွေလည်း အဖေဖြစ်မယ်ဆိုတာသိရင် ဒီလိုတွေပဲ......."
ကျန်းဟန်ရှုက သူတို့၏ စိတ်ပိုင်းဆိုင်ရာများမှာ မတူညီနိုင်ကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
မုန်တိုင်းထန်နေသော နှလုံးသားကို ဖိနှိပ်ကာ ဆရာဝန်ကို မေးလိုက်သည်။
"သူက ထူးခြားတဲ့သူဆိုတော့ မင်း ကလေးကို မွေးချင်ရင် နောက်ကိုးလလုံး အိပ်ရာပေါ်က လေ့ကျင့်ခန်းတွေ လုပ်လို့မရတော့ဘူး......"
"ပြီးတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်အတက်အကျမြန်နေလိမ့်မယ် သူဒီနေ့မေ့လဲတာလည်း ဒါ့ကြောင့်ပဲ သူ့စိတ်က အရမ်းအထိခိုက်မခံ ဖြစ်နေလိမ့်မယ်ထင်တယ် မင်း ငါနဲ့ လာဆွေးနွေးလို့ရတယ်....."
ကျန်းဟန်ရှုက မေးလိုက်သည်။
"သူ့နှလုံးက ဘာမှမဖြစ်ဘူး ပြီးခဲ့တဲ့နှစ်တွေက တအားပင်ပန်းထားတော့ ပြန်ရောက်ရင် သူ့ကို အနားယူခိုင်း ဘာမှမခိုင်းဘဲ ဂရုစိုက်ပေး....."
ကျန်းဟန်ရှု : "....ကိုယ်ဝန်က ဘယ်လောက်လောက်ရှိပြီလဲ ကလေးမွေးရင်ရော သူ့ကျန်းမာရေး ထိခိုက်နိုင်လား......"
"တစ်လကျော်ကျော်ပဲရှိဦးမှာ သူ့ခန္ဓာကိုယ်ထဲက တစ်ခြားအစိတ်အပိုင်းတွေ ဖွံ့ဖြိုးလာတာကို စစ်ကြည့်ပြီးပြီ အန္တရာယ်မရှိဘူး......"
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"နားလည်ပြီ ကလေးနဲ့ပတ်သက်ပြီး မှားတာဘာမှမရှိဘူးပေါ့ ဟုတ်လား......"
".လောလောဆယ်တော့မရှိဘူး ထပ်စစ်ဖို့ နောက်သုံးလ စောင့်ရဦးမယ်......"
ဆရာဝန်က ကျန်းဟန်ရှု၏ ပုခုံးကိုပုတ်ရင်း ပြောလိုက်သည်။
"သူနိုးလာတော့မှာ သွားကြည့်တော့....."
ကျန်းဟန်ရှုက တုန့်ပြန်လိုက်သည်နှင့် ဆရာဝန်က တစ်ခြားဌာနများသို့ ထွက်သွားလေသည်။
သူ ဖုကျန်းကို ချက်ခြင်းသွားမတွေ့ဘဲ ဆေးရုံအရှေ့က နံရံကိုမှီကာ နဖူးကို ဖိထားသည်။
ဖုကျန်း၏ဗိုက်ထဲတွင် ကလေးရှိနေပြီး ထိုကလေးမှာ သူ့သွေးသားမဟုတ်ကြောင်းလည်း သိနေသည်။ နိုင်ငံခြားတွင် နှစ်ပေါင်းများစွာ ကြေးစားစစ်သား လုပ်ခဲ့သော်ငြား ထိုသို့ ခက်ခဲသောကိစ္စနှင့် တစ်ခါမျှ မကြုံဖူး။
ဖုကျန်းကို ဘယ်လိုပြောရမလဲ။
အဲဒါ သူ့ရည်းစားဟောင်းရဲ့ကလေးလား။
ဆရာဝန်က ဖုကျန်းဗိုက်ထဲမှာ ကလေးရှိနေတာ တစ်လကျော်ပြီဟု ပြောသွားသည်။ အဲဒါ သူ ဖုကျန်းကို စတွေ့တဲ့အချိန်မလား။ အဲ့ထက်စောသေးလား။
ကျန်းဟန်ရှုသည် ပထမဆုံးအကြိမ် မနာလိုခြင်း၏ အဓိပ္ပါယ်ကို နားလည်သွားသည်။ တကယ်တမ်းတော့ ဒီခံစားချက်ထဲတွင် စိတ်တိုခြင်းနှင့် သောကရောက်ခြင်း ရောနှောနေသည်။ သောကရောက်သည်မှာ ထိုအချိန် ဖုကျန်းကိုယ်ဝန်ရှိစက ဆောက်လုပ်ရေးဆိုက်တွင် သဲအိတ်သယ်ပြီး ပြန်ပေးဆွဲခံရကာ အိမ်ပြာလေးတွင် သေလုမျောပါးဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ စိတ်တိုသည်မှာတော့ ဘာလို့ သူ့ကို စောစော တွေ့ပြီး သူ့အတောင်အောက်မှာ စောစော မထားနိုင်တာလဲဟု သူ့ကိုယ်သူ ပြန်စိတ်တိုမိခြင်းဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူ မလိုလားအပ်သော အတွေးများကို စိတ်ထဲသိမ်းကာ ဖုကျန်းရှိရာ အဆောင်သို့ ပြန်လှည့်လာခဲ့သည်။ တံခါးကို သာသာလေးဖွင့်ကာ အတွင်းသို့ ဝင်လာလိုက်သည်။
ဖုကျန်းက ဆေးရုံကုတင်ပေါ်တွင် အိပ်မောကျနေဆဲဖြစ်သည်။ မျက်တောင်ထူထူတို့က မျက်ခွံပေါ် အရိပ်ကျနေပြီး ပါးစပ်လေးက အနည်းငယ်ဟနေကာ သာသာလေးဟောက်နေသည်။ သူ့မျက်နှာမှာ ဖြူလျော်နေဆဲဖြစ်သော်ငြား ယခင်ကထက် အများကြီးသက်သာလာပြီဖြစ်သည်။ ရင်ဘက်မှာ တစ်ဖြေးဖြေးမြင့်တက်နေပြီး အသက်ရှူသံ မှန်မှန်ထွက်ပေါ်လာသည်။
သူ ကုတင်နှင့် တစ်မီတာအကွာခန့်တွင် မတ်တပ်ရပ်ကာ သူ့(ဖုကျန်း)ကို တိတ်တိတ်လေး ကြည့်နေလိုက်၏။