Chapter 138
Viewers 11k

🌍Chapter 138




လီ၀မ်ဟူ​သောအမည်ကို ကြားလျှင် ၀မ်​မောင်နှမ၏မျက်နှာ​ပေါ်တွင် သံသယတချို့ရစ်၀ဲလာခဲ့သည်။ လူငယ်ကထန်​မော့ကို ကြည့်လိုက်ကာ ​မေးသည်။


"လီ၀မ်ဟုတ်လား အဲဒီနာမည်ကို မကြားဖူးပါဘူး... ဘာလို့လဲ"


ထို့​နောက် သူ၏ညီမဖြစ်သူကို​လှည့်ကြည့်လိုက်သည်။


"ညီမ​လေး နင်​ရောကြားဖူးလား"


ဆံပင်တိုအမျိုးသမီးသည်လည်း ထူးဆန်းသည်ဟု ခံစား​နေရပုံပင်။


"မကြားဖူးဘူး"


ဤလု၂ဦး၏ အမူအယာများမှာ ဟန်​ဆောင်​နေခြင်းမဟုတ်​ပေ။ သူတို့တကယ်ကြီး လီ၀မ်ကို မသိခြင်းပင်။ 


ထန်​မော့၏ အကြည့်များကတဖြည်းဖြည်းနိမ့်ဆင်းသွားလျက် လူငယ်၏ လက်​ကောက်၀တ်​ပေါ်မှ နာရီကိုကြည့်လိုက်သည်။  အပြင်ဘက်တွင် ​လေပြင်းများသည်လည်းအရှိန်​လျော့သွားပြီး မိုးသံသည်လည်း တိတ်သွားခဲ့​ချေပြီ။


 á€–ူ၀မ်​သ္ဏ်က ​လေသံ​လေးဖြင့် ဆိုလာသည်။ 


"မိုးတိတ်သွားပြီ"


လူငယ်က​မေးလာသည်။


"မိုးတိတ်သွားပြီ​ဆို​တော့ ဘယ်ကိုဆက်သွားကြမှာလဲဟင်" 


မိုးကတိတ်သွားပြီဖြစ်သည့်တိုင် ​ကောင်းကင်ကြီးမှာ ​မှောင်မည်းလျက် ည၏လက စတင်​ထွက်​ပေါ်လာခဲ့ပြီဖြစ်သည်။ ထန်​မော့ဘာမှပြန်​ဖြေမလာလျှင် ဆံပင်တိုအမျိုးသမီးကဆိုလာခဲ့သည်။


"အပြင်မှာ ​မှောင်​နေပြီ​လေ ရှင်တို့ကို ဒီလိုမျိုးလွှတ်လိုက်လို့ဘယ်လိုဖြစ်မှာလဲ"


သူမကအလွန်အလျင်စလိုဖြစ်​နေပြီး သူတို့အား ဆွဲထားရန် ဆန္ဒကို ဖုံးကွယ်မထားနိုင်ခဲ့​ချေ။ သို့​သော်သူမက ၄င်းကိုဖုံးကွယ်ရန် စကားအချို့ကို ဆိုလာပြန်သည်။


"ကျွန်မတို့အိမ်မှာပဲ တစ်ညတည်းချင်ရင် မရတာ​တော့မဟုတ်ဘူး... အခန်းအပို​တွေ​တော့မရှိ​ပေမယ့် ဧည့်ခန်းထဲမှာပဲ နား​နေလို့ရပါတယ်"


ထန်​မော့ကသူမကိုပြန်မ​ဖြေပဲ ​တည်ငြိမ်စွာ ​မေးလာခဲ့သည်။


"အဲဒီနာရီ... ဘယ်ကရတာလဲ" 


လူငယ်မှာ သူ့ကိုကြည့်​နေရာမှာ သူ၏လက်​ကောက်၀တ်ကို​မြှောက်လိုက်ကာ ပြုံးလျက် ဆိုသည်။


"အရင်က၀ယ်ထားတာပါ...လူကြီးမင်းဗစ်တာ...ကျွန်​တော့်တို့ကို သတင်း​တွေမ​ပြောပြချင်ရင်လည်း ကိစ္စမရှိပါဘူးဗျာ"


သူက စကားလမ်း​ကြောင်းလွှဲချင်​​သော်လည်း ထန်​မော့ကဆက်၍​မေးလိုက်သည်။


"ဘယ်​နေရာက၀ယ်ခဲ့တာလဲ"


ထိုလူမှာ ​တောင့်သွားခဲ့သည်။


"အဲဒါ...​ကုန်တိုက်တစ်ခုခုကပဲ​ပေါ့"


ထန်​မော့သူ့အား ​မော့ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းများမှာ ပြုံး​နေ​သော်လည်း မျက်လုံးများက​တော့ အလွန် ​အေးစက်​နေခဲ့​လေသည်။ 


"ဘယ်​လောက်လဲ"


၀မ်​မောင်နှမ၂ဦး ပါးစပ်ကိုပိတ်လျက် ဘာမှဆိုမလာ​တော့​ချေ။ သူတို့က ထန်​မော့ကို တိတ်ဆိတ်စွာ စိုက်ကြည့်​နေခဲ့ကြသည်။ လူ၃ဦးမှာ တစ်ဦးကို တစ်ဦးကြည့်​နေခဲ့ကြသည်။ 


တစ်စက္ကန့်မျှကုန်လွန်သွားပြီး​နောက် ၀မ်​မောင်နှမ၂ဦးက သူ့ထံသို့ အလွန်လျင်မြန်စွာ​ပြေး၀င်လာခဲ့ကြသည်။ သို့​သော် ထန်​မော့ကပို၍ လျင်မြန်​နေခဲ့သည်။ သူကခုန်၍​ရှောင်လိုက်ပြီး ၀မ်၀မ်​​ဟောင်၏ ​ကော်လာကိုဖမ်းဆုပ်လိုက်သည်။ ၄င်းကိုမြင်လျှင် ၀မ်၀မ်ရှန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ သူမ၏အိတ်ကပ်ထဲမှ အနက်​ရောင်​သေနတ်ကိုထုတ်ယူလျက် သူ့အား တိုက်ရိုက်ပစ်ခတ်လာခဲ့သည်။


​သေနတ်ကိုကိုင်ထားချိန်သူမ၏ ကိုယ်​နေဟန်ထားမှာ သာမာန်မဟုတ်​ချေ။ သူမ၏အလျင်နှင့် ပစ်ခတ်မှုနှုန်းမှာ ထန်​မော့ထက် ​ကောင်းမွန်လှသည်။ ၄င်းမှာ အကြိမ်​ပေါင်းများစွာ အ​တွေ့အကြုံရှိ​နေသလိုမျိုးပင်။ ​သေနတ်သံနှင်အတူ ထန်​မော့ ကျည်ဆံကို​ရှောင်လိုက်ပြီး ၀မ်၀မ်​ဟောင်၏​ကော်လာကို လွှတ်​ပေးလိုက်သည်။ အကွာအ​ဝေးမှာ နီး​နေလွန်းသဖြင့် ကျည်ဆံမှာ သူ၏ပါးပြင်​ပေါ်မှ ပွတ်ကာသီကာဖြတ်သွားပြီး ​သွေးစွန်း​နေ​သော အမှတ်​ကြောင်းတစ်ခုကိုချန်ထားခဲ့သည်။


ထန်​မော့လက်မှလွတ်သည်နှင့် ထို​မောင်နှမနှစ်ဦးမှာ စားပွဲကို​မှောက်လှဲလိုက်ပြီး ​နောက်ပြန်ခုန်လိုက်ကာ ၂မီတာခန့်သို့ဆုတ်သွားခဲ့သည်။ ၃​ယောက်သား တစ်ဦးကိုတစ်ဦးလျင်မြန်စွာ အကဲခတ်လိုက်ကြသည်။ 


ထို့​နောက် ထန်​မော့ဆီသို့ ဦးတည်ရာနှစ်ဖက်မှ ​ပြေး၀င်လာကြ​လေသည်။ လူငယ်က ခါးကြားမှ ဓါး​မြှောင်တစ်​ချောင်းကို ဆွဲထုတ်လိုက်ပြီး ညီမဖြစ်သူကအစ်ကိုအား​နောက်မှကာကွယ်ထားခဲ့သည်။


သူတို့သည် တံခါး၀တွင်ထိုင်​နေ​သော ဖူ၀မ်​သော်ကို ဂရုမစိုက်ပဲ ထန်​မော့ကိုတိုက်ခိုက်ခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။ အဘယ်​ကြောင့်မူ မျက်​တောင်တစ်ခတ်အတွင်း အပြင်ဘက်မှ အရိပ်၃ခုက ဖူ၀မ်​သော်ထံသို့​ပြေး၀င်လာ၍ပင်။ 


၄​ယောက်​မြောက်လူက အမိုး​ပေါ်မှ ခုန်ဆင်းလာပြီး ဓါးရှည်တစ်​ချောင်းဖြင့် ဖူ၀မ်​သော်ထံ​ပြေး၀င်လာခဲ့သည်။ ဖူ၀မ်​သော် လက်​မောင်းကို​မြှောက်လျက်ဓါးချက်ကို တားဆီးလိုက်သည်။ သတ္တုချင်းထိခတ်မိရာမှ မီးပွားများ လွင့်စင်ထွက်လာခဲ့သည်။ ထိုလူမှာ ထိုအသံ​ကြောင့် ထိတ်လန့်သွားခဲ့သည်။


အိမ်အတွင်း​တွင်​​တော့ ​မောင်နှမ၂ဦးမှာ ထန်​မော့နှင့် လုံး​ထွေး​နေကြ​လေသည်။ အပြင်ဘက်တွင်​​တော့ ဖူ၀မ်​သော်မှာ လူ၄​ယောက်ကို ရင်ဆိုင်​နေခဲ့သည်။


ဆံပင်တိုအမျိုးသမီးတွင် Checkmateကဲ့သို့ ကျည်ဆံများကို ထိန်းချုပ်နိုင်​သော စွမ်းရည်မရှိ​သော်လည်း အိမ်မှာအလွန်ကျဥ်းလွန်းပြီး ထန်​မော့​ရှောင်ရှား​နိုင်​သော​နေရာမှာလည်း အကန့်အသတ်ရှိ​လေသည်။ သူမသာမာန်ကာလျှံကာပစ်လိုက်ရုံဖြင့် ထန်​မော့၏လမ်းကို လှမ်းပိတ်လိုက်သည်။ ၀မ်၀မ်​ဟောင်၏ ခွန်အားသည်လည်း အ​တော်မြင့်သည်ပင်။ သူဓါး​မြှောင်မှာ စားပွဲ​ပေါ်သို့ စိုက်သွားသည်နှင့် စားပွဲမှာ၂ပိုင်းကျိုးသွားခဲ့သည်။


ထန်​မော့​ဘေးသို့လှည့်၍ ဓါး​မြှောင်ကို​ရှောင်လျက် ​ခေါင်းကို​စောင်းလိုက်လျှင် ကျည်ဆံကို​ရှောင်ပြီးသားဖြစ်သွားခဲ့သည်။ သူကြမ်းပြင်တွင်လှိမ့်လိုက်ပြီး ​ငွေ​ရောင် ​သေနတ်ကိုထုတ်ယူကာ ဆံပင်တိုအမျိုးသမီးကိုချိန်လိုက်သည်။ သူ၏မျက်လုံးများကို​မှေးကျဥ်းလျက် အမျိုးသမီးကို ချိန်ရွယ်လိုက်သည်။


ဘန်း...


ကျည်ဆံက အမျိုးသမီး၏​ဘေးမှ ဖြတ်​ကျော်လျက် နံရံကို​ဖောက်၀င်သွားသည်။ 


ထန်​မော့​နောက်တစ်ကြိမ်ထပ်ပစ်​သော်လည်း သူမကိုမမှန်​သေး​ပေ။ ထိုအမျိုးသမီးမှာ ချက်ချင်းနားလည်သွားခဲ့သည်။


"သူမပစ်နိုင်ဘူး"


ထို​မောင်နှမ၂ဦးမှာမှာ ထပ်မံ​ကြောက်ရွံ့မ​နေ​တော့​ချေ။ ထို​သေနတ်က ထန်​မော့လက်ထဲမှ တစ်ခုတည်း​သော လက်နက်ဖြစ်ကာ ၄င်းကို ​ကောင်းစွာလည်း အသုံးမပြုနိုင်သည်မို့ သူ့ကိုသတ်ရန်တိုက်ရိုက်ပင်​ရှေ့သို့​ပြေးထွက်လာကြသည်။


လူငယ်၏လက်သီးချက်မှာ ထန်​မော့၏ ညာဘက်ကိုချိန်ထားပြီး ညီမဖြစ်သူမှာ ထန်​မော့၏ ဘယ်​​ခြေ​ထောက်ကို လှမ်းကန်လိုက်သည်။ လူ၂​ယောက်က ပူး​ပေါင်းလျက် ထန်​မော့ကို ဆုတ်သွား​စေသည်။


 á€‘န်​​မ္ဏအသ္ခဝဏမရပ်နိုင်ခင်မသဏပင် ညီမဖြစ်သူမှာ ​သေနတ်ကို သူ၏မျက်ခုံးကြားကိုချိန်လိုက်ပြီး အစ်ကိုဖြစ်သူမှာလည်း ဓါး​မြှောင်ဖြင့် သူ၏လည်မြိုကိုလှမ်းခုတ်လာခဲ့သည်။ ထိုစဥ်မှာပင် ထန်​မော့၏ လက်မှာ မျက်စိဖြင့်မမြင်နိုင်​သော အလျင်ဖြင် ထိုဓါးကို​ရှောင်ကွင်းသွားလျက် ထိုအစ်ကိုဖြစ်သူ၏ လည်မြိုကို ဖမ်းဆုပ်လိုက်သည်။ ထို့​နောက်သူက​ခေါင်းကိုလှည့်လိုက်လျှင် ကျည်ဆံမှာ သူ၏​​ဘေးမှ နံရံကို​ဖောက်၀င်သွားခဲ့ပြန်သည်။


​မောင်နှမ၂ဦး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ သူတို့၏နှဖူးတွင် ​ချွေးများစို့လျက်။ သူတို့မှာ အစပိုင်းကတည်းက ထန်​မော့ကိုအသာစီးမှ တိုက်ခိုက်​နေသည်ဟု ထင်ရ​သော်လည်း ထန်​မော့မှာ သူတို့ကို ​အေး​ဆေးသာရင်ဆိုင်​နေခဲ့သည်ပင်။


သူမ၏အစ်ကိုဖြစ်သူအဖမ်းခံလိုက်ရသည်ကို မြင်လျှင် ဆံပင်တိုအမျိုးသမီးမှာ ခတ္တမျှတွန့်ဆုတ်​နေခဲ့​သေး​သော်လည်း ​နောက်လှည့်ကာ ​ပြေး​တော့သည်။ ထိုစဥ်ဓါးရှည်တစ်​ချောင်းမှာ သူမ၏ပါးပြင်ကို ပွတ်ကာသီကာ​လေးဖြတ်လျက် နံရံတွင် စိုက်သွားပြီး သူမ၏ထွက်​ပြေးမည့်​ခြေလှမ်းများကို တန့်သွား​စေခဲ့သည်။


အပြင်ဘက်တွင် ခန္ဓာကိုယ်၃ခုမှာ ​မြေ​ပေါ်တွင်လဲကျ​နေပြီး ​သွေးများစိုရွှဲ​နေ​သော သက်လတ်ပိုင်းလူကြီးက တုန်တုန်ယင်ယင်ဖြင့် တွားသွားရန် ကြိုးစား​နေဆဲပင်၊


 á€–ူ၀မ်​သ္ဏ် တံခါး၀တွင်ရပ်လျက် ဓါးတစ်​ချောင်းကို ပစ်လိုက်သည်။ ဆံပင်တိုအမျိုးသမီးမှာ အပြင်ဘက်မှ သူမ၏အ​ပေါင်းအပါ၄​ယောက် ဘာဖြစ်သွားသည်ကို မြင်ပြီး​နောက် သူမ၏အစ်ကိုကို လှည့်ကြည့်လိုက်လေသည်။


သူမ၏မျက်လုံးများထဲတွင် ​ကြောက်ရွံ့မှုများဖုံးလွှမ်းလျက် ဒူး​ထောက် ထိုင်ကျသွားခဲ့သည်။ 


ထိုလူ၆​ယောက်မှာ ရိုးရိုးသာမာန်ကစားသမားများသာဖြစ်ပြီး အရံကစားသမားများသာဖြစ်နိုင်သည်။


  á€‘န်​မ္ဏအ ကစားသမားသရုပ်ကို စစ်​ဆေး​သော စွမ်းရည်ကို အသုံးပြုကာကြည့်ခဲ့စဥ်က ၀မ်၀မ်​ဟောင်မှာ အရံကစားသမားဖြစ်သည်။ ဤအရံကစားသမား၆ဦးကို​ဖြေရှင်းရသည်မှာ ထန်​မော့နှင့် ဖူ၀မ်​​သော်အတွက် ​အသက်တစ်ရှူစာပင်မရှိ​​​ချေ၊ တကယ်တမ်းတွင် ထို၀မ်​မောင်နှမကို​တွေ့ခဲ့စဥ်ကပင် ထိုလူများမှာ လူ​ကောင်းများမဟုတ်​ကြောင်း ခံစားမိပြီးဖြစ်၏။


၀မ်၀မ်​ဟောင်က ​သေနတ်သံကြား၍ ထွက်လာကြည့်ခဲ့မိသည်ဟု ဆိုခဲ့သည်။ ထို့အပြင်ရွာထဲတွင်ပုန်း​နေကာ သူစိမ်းများနှင့် တစ်ခါမှလည်း မ​တွေ့ဖြစ်ခဲ့ဟုလည်း ဆို​သေးသည်။ သူတို့မှာ အန္တရာယ်နှင့်လူစိမ်းများကို ​ရှောင်ရန် ရွာသို့​​ရှောင်တိမ်းလာခဲ့ကြခြင်းဖြစ်သည်။ ထို့​ကြောင့် ​သေနတ်သံကိုကြားလျှင် ​ပုန်း​နေသင့်သည်။ ထိုကစားသမားများကို ​ထောက်လှမ်းဖို့မဆိုထားနှင့် အိမ်ထဲမှပင် အပြင်သို့ထွက်မလာသင့်​ချေ။


ထပ်​ပေါင်းဆိုရပါက သူတို့လက်များမှာ လယ်စိုက်​နေသူများနှင့်မတူပဲ သန့်ရှင်း နူးညံ့​နေခဲ့​လေသည်။


ဖူ၀မ်​သော်မှာ သူ​ပေကျင်းမှာ ရှန်ဟိုင်းကိုလာစဥ်က ခြုံခိုတိုက်ခိုက်မှု ၃ကြိမ်ကြုံခဲ့ရသည်ဟု ဆိုခဲ့သည်။ ဤ ၀မ်​မောင်နှမမှာ ထိုကဲ့သို့ အုပ်စုမျိုးကမှန်း သိသာလွန်းသည်။  ထန်​မော့မှာ အမှန်တရား၏ဘက်​တော်သားမဟုတ်သလို ထိုကဲ့သို့သူများကို အပြစ်​ပေးရန်လည်းစိတ်မပါ​ချေ။ ထိုစဥ် ၀မ်၀မ်​ဟောင်၏ လက်​ကောက်၀တ်​ပေါ်မှ နာရီက သူ၏မြင်ကွင်းထဲ၀င်လာခဲ့​လေသည်။


ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက် ထန်​မော့၏ မှတ်ဥာဏ်မှာ အလွန်​ကောင်းလာခဲ့သည်။ လွန်ခဲ့​သောလများမှ အ​သေးအမွှား​လေးများကအစ ​သူအ​သေးစိတ်မှတ်မိ​လေသည်။ ထိုအလယ်တန်း​ကျောင်းတွင်ရှိစဥ်က လီ၀မ်မှာ သူ၏လက်​ကောက်၀တ်မှနာရီအား သူ့ထံ ဂုဏ်ယူစွာ ပြလာခဲ့ဖူးသည်။ 


"ဒီဟာကို​ပြော​နေတာလား...ကြည့်ကြည့်...ငါ့အ​ဖေဆီက ​မွေး​နေ့လက်​ဆောင်​လေ.. ရိုးလက်စ် အထူးအကန့်အသတ်နဲ့ထုတ်​ကုန် တရုတ်ပြည်မှာ ၃ခုပဲရှိတယ်"


ထိုစဥ်က ထန်​မော့ သာမာန်ကာလျှံကာသာကြည့်ခဲ့တာဖြစ်သည်။ သို့​သော်  ခပ်​ကြောင်​ကြောင် ဒုတိယမျိုးဆက်သူ​ဌေး​လေးမှာ တစ်ဖက်လူနား​​ထောင်ချင်မချင် ဂရုမစိုက်ပဲ သူ့ကို ခ​ရေ​စေ့တွင်းကျ အကုန်​ပြောပြခဲ့​လေသည်။ 


လီ၀မ်သည်လည်း ထန်​မော့နှင့်အလွန်​ဝေးကွာသွား​ချေပြီ။


​လေးလကြာပြီး​နောက် လီ၀မ်က သူ၏အ​မေဖြစ်သူ အသက်ရှင်​နေ​သေး​​ကြောင်း သိလိုက်ရပြီး ရွာသို့အ​မေဖြစ်သူကိုရှာရန် သွားခဲ့သည်။ သူတို့နှစ်ဦး ရှန်ဟိုင်းတွင် လူချင်းခွဲခဲ့ကြ​လေသည်။


ထန်​မော့ ၀မ်၀မ်​ဟောင်၏ လည်ပင်းကို ဆုပ်ကိုင်လျက် ​မေးလိုက်သည်။


"မင်းရှန်ဟိုင်းက လာတာလား" 


၀မ်၀မ်​ဟောင်မှာ ထန်​မော့ဘာကို​မေးချင်မှန်း မသိ​ချေ။ သူကတံ​တွေးကိုမြိုချလိုက်ပြီး ရိုးသားစွာ​​ဖြေလာခဲ့သည်။ 


"မ..မဟုတ်ဘူး နန်ကျင်းကလာတာပါ လီ၀မ်ကိုလည်း တကယ်မသိပါဘူး.. ဒီနာရီက လွန်ခဲ့တဲ့ ၂လ​လောက်က ခိုး၀င်သူ၁​ယောက်​ဆီက ရလာတာပါ"


သူ၏မျက်လုံးတို့က ပြူးကျယ်လျက် ​တောင်းပန်​နေခဲ့သည်။


" အစ်...အစ်ကိုကြီး ငါကမင်းသူငယ်ချင်းကို သတ်လိုက်တယ်ထင်လို့လား...မဟုတ်ဘူး​နော် အဲဒီခိုး၀င်သူက ဒီနာရီကို ဘယ်ကရလာမှန်း​တောင်မသိပါဘူး... သူ့ကိုပဲ သတ်ခဲ့တာပါ မင်း သူငယ်ချင်းကို မသတ်ခဲ့ပါဘူး"


"လီ၀မ်ကို မမြင်လည်း မမြင်ဖူးပါဘူး သတ်လည်း မသတ်ခဲ့ပါဘူး" 


ဆံပင်တိုအမျိုးသမီးကလည်း အလျင်အမြန်ဆိုလာသည်။


ထန်​မော့ ​ကြောက်လန့်​နေ​သော ဆံပင်တိုအမျိုးသမီးကို ကြည့်လိုက်သည်။


ထို၂ဦးမှာ လိမ်​နေခြင်းမဟုတ်​ချေ။ သူတို့အမှန်ပင် လီ၀မ်ကို မသတ်ခဲ့။ သူတို့က လီ၀မ်ကိုသတ်ခဲ့​သောတစ်​ယောက်​ယောက်ဆီမှ နာရီကို ရခဲ့ခြင်းဖြစ်လိမ့်မည်။


ထန်​မော့ ဘာမှမ​ပြောသည်ကို ကြားလျှင် ထို​မောင်နှမ၂​ယောက်မှာ ကံ​ကောင်းပြီဟု ခံစားလိုက်ရသည်။ သူတို့ဤလူ၏သူငယ်ချင်းကို တကယ်မသတ်ခဲ့သဖြင့် ဤပြဿနာမှာ ​ဖြေရှင်း၍ရ​သေးသည်။ တကယ်တမ်းတွင် သူတို့ ထန်​မော့နှင့် ဖူ၀မ်​သော်ကို စ​တွေ့စဥ်ကတည်းက ထိုလူ၂ဦးမှာ အလွန်သန်မာသည်ဟု ခံစားမိကာ တိုက်ခိုက်ရန် စိတ်ကူးမရှိခဲ့ပေ။ 


ထန်​မော့နှင့် ဖူ၀မ်​သော်ကသာ သူတို့ကို အရင်ဆုံး ရှာ​တွေ့သွားခြင်းဖြစ်ကာ သူတို့အိမ်ကို မိုးခိုရန်လိုက်လာခြင်းဖြစ်သည်။


လူ၄ဦး ထိုအိမ်တွင် နာရီ၀က်ခန့်​နေခဲ့ကြသည်။ ထို​မောင်နှမ၂ဦးမှာလည်း သူတို့သန်မာမှန်း သိ၍ တိုက်ခိုက်ရန် စိတ်ကူးမရှိကြ​ချေ။ 


၀မ်၀မ်​ဟောင် တုန်ယင်လျက် ဆိုလာသည်။


"အစ်ကိုကြီး ဗစ်တာ ကျွန်မတို့မှာရှိသမျှ အကူပစ္စည်း​တွေအကုန်​ပေးပါ့မယ်...ကျေးဇူးပြုပြီး ကျွန်မတို့ကို မသတ်ပါနဲ့" 


ထန်​မော့က​မေးလိုက်သည်။


"အများကြီးရှိတာလား" 


လူငယ်၏မျက်လုံးများ ​တောက်ပသွားခဲ့သည်။


"ရှိပါတယ် အများကြီးရှိပါတယ်...ကျွန်​တော်တို့ ခိုးထားသမျှ ဒုတိယထပ်က အခန်း​ထောင့်မှာ ပုံထားပါတယ်ဗျာ ကျွန်​တော်တို့ကို မသတ်သ၍ အဲဒါ​တွေအကုန် အစ်ကိုတို့ကို​ပေးပါ့မယ်"


ထန်​မော့လှည့်ကြည့်လိုက်သည်။ 


ဖူ၀မ်​သော်က ဓါးတစ်လက်ဖြင့် ဆံပင်တိုအမျိုးသမီး၏ ဦး​ခေါင်းကို စိုက်ချလိုက်​လေသည်။ ကွဲအက်သံတစ်ခုနှင့်အတူ အမျိုးသမီး၏ ​ခေါင်း​​ပေါ်မှ ​​သွေးများ တမဟုတ်ချင်းစီးကျလာခဲ့​သည်။ 


 á€‘န်​​မ္ဏအ ဖူ၀မ်​သော်၏ ရုတ်တရက်လှုပ်ရှားမှုကို မထင်မှတ်ထားမိသဖြင့် အံ့အားသင့်စွာ ကြည့်လိုက်မိ​​လေသည်။ မိမိ၏ ညီမဖြစ်သူ​သေဆုံးသွားသည်ကို မြင်လျှင် ၀မ်၀မ်​ဟောင်မှာ မိမိသည်လည်း လွတ်​မြောက်ဖို့ မလွယ်ကူမှန်းနားလည်မိသွားပြီး သူ၏လက်နှစ်ဖက်လုံးကိုရုတ်တရက်​မြှောက်လိုက်​လေသည်။


"မင်းကိုသတ်မယ်"


ထန်​မော့​ခေါင်းကို ​စောင်းကာ​ရှောင်လိုက်ပြီး သူ၏ဆုပ်ကိုင်ထားမှုကို တင်းကြပ်လိုက်သည်။


ခရက်...


၀မ်၀မ်​ဟောင်၏ လည်တိုင်မှာ သူ့၏လက်ထဲတွင်ကျိုးသွားပြီး​နောက် ၄င်းကိုလွှတ်ချလိုက်ကာ ဖူ၀မ်​သော်ဆီ​လျှောက်သွားလိုက်သည်။ သူကခတ္တမျှ​တွေး​တော​နေပြီး​နောက် ​မေးလာခဲ့သည်။


"ဘာဖြစ်လို့လဲ"



🪩