Chapter 139
Viewers 11k

🌍Chapter 139



ဖူ၀မ်​သော်က သူ့အား ​အေး​ဆေးစွာ လှည့်ကြည့်လာခဲ့သည်။ 


"ဘာမှမဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် သတ်ရမှာပဲ​လေ" 


ထန်​မော့လည်း ၄င်းကို ခံစားမိကာ တံခါးဖက်ကို လှည့်ကြည့်လိုက်​လေသည်။


သည်းထန်​သော မိုးအပြီးတွင် ​မြေသင်းနံ့ကပျံ့လွင့်လာခဲ့သည်။ ၂ထပ်လယ်​စောင့်အိမ်​ရှေ့တွင် လယ်စိုက်ခင်းကြီးရှိသည်၊ ဤလယ်စိုက်ခင်းကြီးမှာ ခဏခဏတူးလိုက်မြှုပ်လိုက်လုပ်ခံထားရပုံရပြီး ​မြေကြီးများမှာ မွ​နေခဲ့သည်။


ထန်​မော့အကြာကြီးစိုက်ကြည့်​နေပြီးမှ ဆိုလာခဲ့သည်။


"အင်း သူတို့က ​သေသင့်ပါတယ်"


အကယ်၍ မိုးခိုရန်လိုက်မလာခဲ့ပါက သူတို့ ၎င်းကို မြင်ခဲ့ရမည်မဟုတ်​ချေ။ 


ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက် သတ်ဖြတ်မှု​တွေအလွန်များခဲ့သည်။ သူသည် ဖူ၀မ်​သော် အ​ကြောင်းကို မသိသလို သိပ်လည်းဂရုမစိုက်နိုင်​ချေ၊ ယခင် နှလုံးစား​​သော ခိုး၀င်သူအဖွဲ့အစည်းမျိုးအထိ ဆိုးရွားမ​နေသ၍ သူ့အ​နေနှင့်၀င်ပါလိမ့်မည်မဟုတ်​ချေ။


ထန်​မော့နှင့် ဖူ၀မ်​သော် ထိုအ​လောင်း၆​လောင်းကို ရှင်းလိုက်ပြီး​နောက် အိမ်ထဲတွင် ပုန်း​နေသူ ကျန်မကျန် စစ်​ဆေးလိုက်သည်။ ထို့​နောက် ထို၆​ယောက်ယခင်ကခိုးထားခဲ့သမျှ အကူပစ္စည်းများကို ရှာ​ဖွေလိုက်​လေသည်။


ဒုတိယထပ် အခန်း​ထောင့်တွင် စုပုံထား​သော အကူပစ္စည်းများ​တောင်ပုံယာပုံရှိ​လေသည်။ အများစုမှာ လက််နက်များဖြစ်ပြီး ​သေနတ်များ၊ဓါး​မြှောင်အမျိုးအစားအမျိုးမျိုးပါ၀င်သည်။ သို့​သော် ထီးက​လေးနှင့် မီးခြစ်ဆံကြီးတို့ကဲ့သို့ အသုံး၀င်​သော ပစ္စည်းမျိုးတစ်ခုမျှမရှိ​ချေ။ ထန်​မော့နှင့်ဖူ၀မ်​သော်မှာ ထိုလက်နက်များထဲမှ တစ်ခုကိုမှ မထိခဲ့​ချေ။ 


ထန်​မော့က သစ်သားမြင်းရုပ်​လေးတစ်ခုကို မြင်လျှင် ​ကောက်ယူကြည့်လိုက်သည်။ သူက၄င်းကို ၃ကြိမ်​​ခေါက်ကြည့်လိုက်လျှင် ၄င်း၏ကိုယ်​ပေါ်တွင် စာ​ကြောင်းများ​ပေါ်လာခဲ့သည်။


[ပစ္စည်း: ထရိုဂျန်မြင်း]


[ပိုင်ရှင်: လျိုဖုန်း (ခြစ်ချ)၊ ၀မ်၀မ်​ဟောင်(ခြစ်ချ)၊ ထန်​မော့] 


[အရည်အ​သွေး: ထူးရှယ်]


[အဆင့်:၁]


[အသုံးပြုပုံ: ထူးခြား​သော ကိုယ်​ပျောက်နိုင်စွမ်းနှင့် ထရိုဂျန်မြင်း၊ ထရိုဂျန်မြင်းရဲ့ ဗိုက်ထဲတစ်ခုခုထည့်၀ှတ်လိုက်သည်နှင့် ထရိုဂျန်မြင်းမှာ ကိုယ်​ပျောက်သက်​ရောက်မှုကို အသက်သွင်းလိမ့်မည်။ မြင်းရုပ်၏ပိုင်ရှင်နှင့် အသုံးပြု​နေသူတို့မှလွဲ၍ ဤ မြင်းရုပ်ကို ဘယ်သူမျှမမြင်နိုင်]


[ကန့်သတ်ချက်: ကိုယ်​ပျောက်သက်​ရောက်မှုမှာ ၁နာရီကြာခံမည်ဖြစ်ကာ ထရိုဂျန်မှာ တစ်နာရီတွင် ၅ကီလိုမီတာအလျင်ဖြင့်​ရွေ့လျားနိုင်၊ ၃ရက်တွင်တစ်ခါသာအသုံးပြုနိုင်သည်]


[မှတ်ချက်: ထရိုဂျန်ဗိုက်ထားထဲမှ ၀ှတ်ထားတဲ့ ရည်းစားစာကို ဘယ်သူမှ ရှာ​မ​တွေ့ဘူး]


ဤမြင်းရုပ်မှာ အ​တော်​လေးစိတ်၀င်စားစရာ​ကောင်းလှသည်။ ထန်​မော့ ၄င်းနှင့် အခြား အကူပစ္စည်းတချို့ကိုယူခဲ့သည်။ သူတို့၂ဦး ကားဆီကိုပြန်လာချိန်တွင် ပတ်၀န်းကျင်မှာ ​မှောင်မည်း​နေခဲ့​ချေပြီ။ ကားထဲမှ မည်သည့်တစ်ခုမျှ အရာမယွင်း​ကြောင်း အတည်ပြုပြီး​နောက် ပတ်၀န်းကျင်တွင်လည်း ရန်သူများပုန်းမ​နေ​ကြောင်း စစ်​ဆေးပြီးလျှင် ၂ဦးသားလည်း ကားထဲ ၀င်နားလိုက်​လေသည်။


ထန်​မော့ ကား​နောက်ခန်းတွင် လဲ​​လျောင်းရင်း မြင်းရုပ်က​​လေးကို စူးစမ်းလိုက်သည်။ ဤမြင်းရုပ်မှာ ​သေးငယ်လွန်းသည်။ ၄င်းမှာ အတွင်းမှအ​ခေါင်းဖြစ်​သော်လည်း လက်တစ်၀ါးစာမျှသာ ရှိသည်။ ​သေးငယ်​သော အရာ​သို့မဟုတ် မှတ်ချက်ထဲကလို ရည်းစားစာတစ်​စောင်ကသာ ထိုအထဲတွင် ဆန့်​ကောင်းဆန့်နိုင်သည်။


ဖူ၀မ်​သော်က​မေးလာခဲ့သည်။


"လီ၀မ်ကဘယ်သူလဲ" 


ထန်​မော့ မြင်းရုပ်ကိုစူးစမ်း​နေရာမှ တန့်သွားခဲ့မိသည်။ ထို့​နောက်သူကတုန့်ပြန်လိုက်သည်။ 


"သူငယ်ချင်းတစ်​ယောက်ပါ... စုကျိုးက​နေ ရှန်ဟိုင်းကို လာတုန်းကဆုံခဲ့တာ...ကျွန်​တော်တ်ု့ အချိန်နည်းနည်း​လောက်အတူရှိဖူးတယ် သူ့မိသားစုကအသက်ရှင်​နေ​သေး​တော့ သူကသွားရှာချင်ခဲ့တာ အဲဒါ​ကြောင့် တစ်​ယောက်တစ်လမ်းစီခွဲလာခဲ့ကြတာ"


ဖူ၀မ်​သော်က အင်းဟု အသံတိုးတိုးပြုပြီး​နောက် ဘာမှထပ်​မေးမလာ​တော့​​ချေ။ 


ထန်​မော့ မြင်းရုပ်​လေးကို ပြန်ထည့်လိုက်ပြီး ကား​ခေါင်မိုးကို ထူးဆန်း​သော ခံစားချက်ကြီးဖြင့် စိုက်ကြည့်​​နေလိုက်သည်။


လီ၀မ်မှာ ​သေသွား​လောက်ပြီ...


သူ လီ၀မ်ကို အချ်န်အကြာကြီး သိခဲ့ရခြင်းမဟုတ်၍ သူ၏ရင်ထဲတွင် နာကျင်မှုမရှိ​ချေ၊  သို့​တိုင်​အောင် ထူးဆန်း​သောခံစားချက်ကြီးက​တော့ရှိ​နေဆဲဖြစ်သည်။ ထို့​ကြောင့်လည်း လီ၀မ်၏နာရီကို မြင်ပြီး​နောက် ထို​မောင်နှမနှင့်အတူ မိုးခိုရန်အိမ်သို့လိုက်သွားခဲ့ခြင်းပင်။


ထန်​မော့ မျက်လုံးများကို မှိတ်လိုက်ပြီး ထိုအ​ကြောင်းအယာကို ​မေ့ရန်ကြိုးစားလိုက်သည်။ 


သူတို့ အနားယူပြီး​နောက် မနက်ခင်းတွင်ခရီးဆက်ရန်ပြင်လိုက်ကြ​တော့သည်။ သူတို့သည် ကီလိုမီတာ၀က်ခန့်ဆက်သွားပြီး​နောက် လမ်းကို ပိတ်​နေ​​သော ကား၁၀စီးခန့်ကို ထပ်​တွေ့လိုက်ရ​လေသည်။


ထန်​မော့လည်း ကား​ပေါ်မှ ဆင်း၍ ပိတ်​နေ​သောကားများကို တွန်းဖယ်လိုက်သည်။ သူကအ​တွေးတစ်ခုဖြင့်ဆိုသည်။


"အဲဒီ၆​ယောက်က ဒီနည်းကို သုံးပြီး ကျန်တဲ့ကစားသမား​တွေကို တားပြီး သတ်လိုက်ကြတာလား" 


ဖူ၀မ်​သော်ကပြန်​ဖြေလာသည်။


"ဖြစ်နိုင်တယ် ဒီနားမှာ ကား​တွေကိုတွန်းပြီး လမ်းတမင်ပိတ်ထားတာ၊ "


သူကဂျစ်ကား​လေးတစ်စီးကို ညွှန်ပြလိုက်သည်။


၀မ်၀မ်​ဟောင်မှာ အရံကစားသမားဖြစ်​သော်လည်း သူကလျင်မြန်သန်မာပြီး အခြားတရား၀င်ကစားသမား တချို့ထက် အားမနည်း​ချေ။ သူတို့မှာ လူများကို လုယက်လိုပါက အရင်​ဆုံးတားရမည်ဖြစ်သည်။ ထို့​ကြောင့် လမ်းတွင်ကားများကို ပိတ်ထားပြီး လူများကို ကားဆင်းတွန်းးရ​အောင် လုပ်ထားခြင်းပင်။


ထန်​မော့ကဆိုလိုက်သည်။ 


"သူတို့ကအရမ်း​တော့မသန်မာကြဘူး...ကြည့်ရတာ ကားဆင်း​တွန်း​နေတုန်း တဖက်ကစားသမားရဲ့ ခွန်အားကို အကဲခတ်ကြတာဖြစ်မယ်...တဖက်လူက အားနည်းရင် တစ်ခါတည်း လုယက်ပြီး သတ်ပစ်တယ် သန်မာပုံ​ပေါက်ရင်​တော့ သူတို့ထွက်မလာ​လောက်ဘူး" 


၄င်းမှာ မ​နေ့ညက ၀မ်​မောင်နှမ၂ဦးမှာ ထန်​​မော့တို့ကိုမြင်​သော်လည်း ထွက်မလာရဲ သကဲ့သို့ပင်ဖြစ်လိမ့်မည်။


ဖူ၀မ်​သော်က ရုတ်ချည်း​မေးလာခဲ့သည်။


" မ​နေ့က အဲဒီနှစ်ချက်ကို မင်းပစ်လိုက်​သေးတယ်မလား" 


ထန်​မော့ရုတ်ချည်း ​အေးခဲသွားခဲ့သည်။ 


ထို့​နောက် သူ၏​ဘေးမှ လူကိုလှည့်ကြည့်လိုက်​လေသည်။ 


ဖူ၀မ်​သော်က ဗန်ကားတစ်စီးကို အမြန်ဆုံး အလျင်နှင့်တွန်းဖယ်​နေခဲ့ပြီး ထန်​မော့မှာ သူ့ကိုလှည့်ကြည့်​နေသည်ကို ခံစားမိလျှင် အပြုံးဖြင့် ဆိုလာသည်။


"ကို​ယ်နားကြားမှားတာ မဖြစ်နိုင်ဘူး တကယ်၂ချက် ပစ်ခဲ့တာ ပြီး​တော့ ဘယ်သူ့ကိုမှ မထိဘူးလား"


ထန်​မော့"..." 


ထန်​မော့ အမူအယာမဲ့စွာ ကားများကို ဆက်တွန်း​နေသည်ကို မြင်လျှင် ဖူ၀မ်​သော် ပြုံးလိုက်ပြီး ဘာမှမဆို​တော့​ချေ။


ရှန်ဟိုင်းမှ ထွက်လာပြီး ဒုတိယညတွင် သူတို့ ကျန်းကျင်းနှင့် နန်ကျင်းကြားဧရိယာသို့​ရောက်ရှိလာခဲ့​လေသည်။ သူတို့ထို​နေရာတွင် တစ်ညနားလျက်မနက်တွင်မှ နန်ကျင်းကို ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။  ဖူ၀မ်​သော်၏ ​သေနတ်တွင် ကျည်ဆံ ၈ခုတိတိရှိသည်။ ထန်​မော့ပ ၇ကြိမ်တိတိပစ်ခဲ့သည်ဖြစ်၍ ကျည်ဆံ၁ခုသာကျန်ရစ်​တော့သည်။


ဖူ၀မ်​သော်ကဆိုလာသည်။ 


"ကိုယ့်ကျည်ဆံ​တွေက အထူးထုတ်​တွေ ပြင်းအားလည်းမြင့်တယ်... တစ်​ယောက်​ယောက်ကို မှန်ပြီးရင်​ပေါက်ကွဲသွားတာ ဗုံး​တွေလိုပဲ..အိမ်မှာ ကျည်ဆံ​တွေရှိ​နေတုန်းပဲ ပေကျင်းကို​ရောက်ပြီးရင် ကိုယ်မင်းအတွက်သွားယူ​ပေးမယ် ​လော​လောဆယ်​တော့ ကိုယ့်မှာ ဘာကျည်ဆံမှ မရှိ​တော့ဘူး တခြားကျည်ဆံ​တွေပဲ ယာယီသုံးရမယ်ထင်တယ်"


ထန်​​မော့​​ခေါင်းညိတ်လိုက်သည်။

သူ ၀မ်​​မောင်နှမ၏အိမ်တွင် ​သေနတ်နှင့် ကျည်ဆံအများအပြား​တွေခဲ့ရသည်။ သူကထိုအထဲမှ ကျည်ဆံတချို့ကိုသာယူခဲ့ပြီး ​သေနတ်ကို​တော့ မထိခဲ့​ချေ။ ထိုကျည်ဆံများကို လိုအပ်လျှင်သုံးနိုင်ရန် အိတ်ထဲတွင်ထည့်ထားခဲ့​လေသည်။ ထို့​နောက် ထန်​မော့ သာမာန်ကျည်ဆံ​လေးခုခန့်ကို ​သေနတ်ထဲထည့်၍ လမ်းမ​ဘေးကို​လျှောက်သွားလိုက်သည်။ သူ အပင်အိုကြီးတစ်ပင်ဆီချိန်လျက် ခလုတ်ကိုဆွဲလိုက်သည်။


ဘန်း...


ထန်​မော့ ၁နာရီတိတိ​လေ့ကျင့်​နေခဲ့ပြီး ကျည်ဆံအခု၃၀ခန့်သုံးခဲ့ကာ ထိုအထဲမှ ၁၄ချက်ခန့်က ပစ်မှတ်ကို ထိမှန်ခဲ့သည်။ သူတစ်ချက်ပစ်လိုက်ပြီးတိုင်း သူ၏အ​နေအထားကို ချိန်ဆကာ ​နောက်တစ်ကြိမ်ကို ပိုတိကျ​အောင် ကြိုးစားခဲ့သည်။  သူ​လေ့ကျင့်​နေစဥ် ဖူ၀မ်​သော်ကမူ ​ဘေးမှ ကြည့်​နေခဲ့​လေသည်။ ​ကောင်းကင်ကြီးမှ လုံး၀ပိန်းပိတ်​အောင် ​မှောင်သွားပြီး​မှ ထန်​မော့လည်း ကားဆီပြန်လာခဲ့​တော့သည်။


ဖူ၀မ်​သော်နှင့်တစ်ကားတည်းရှိ​နေရသည်က အနည်းငယ်ထူးဆန်းလှသည်။ 


ထန်​မော့တွင် က​လေးဘ၀ကတည်းက သူငယ်ချင်းအနည်းငယ်သာရှိခဲ့သည်။ တက္ကသိုလ်တက်​တော့လည်း အခန်း​ဖော် ၃ယောက်သာရှိခဲ့ပြန်သည်။ လူသစ်တစ်ဦးက ​အ​ဆောင်မှ ထွက်သွားပြီး သူ့တွင် သူငယ်ချင်း၂ဦးသာကျန်ရစ်​လေသည်။ သူသည် သူ၏တက္ကသိုလ်မှ သူငယ်ချင်းများ ဂိမ်း​ဆော့​ဖော်များနှင့်အ​တော်​လေးရင်းနှီး​လေသည်။ ဥပမာ ထန်​မော့တွင် bridgeဂိမ်းအတူ​ဆော့​နေကျ သူငယ်ချင်းတစ်ဦးရှိသည်။


သို့​သော် သူ၏တက္ကသိုလ်မှ သူငယ်ချင်းများနှင့်​ပြောဆို​နေကျ ​ခေါင်းစဥ်နှင့် အ​ကြောင်းအရာများကို ဖူ၀မ်​သော်နှင့် ​ပြောရန်မှာ အလွန် အ​နေခက်စရာ​ကောင်းလှ​လေသည်။


ထန်​မော့စကားမ​ပြောဖြစ်ခြင်းနှင့်သာ အဆုံးသတ်သွားရ​လေသည်။ သူအလွန်ပင်ပန်း​နေခဲ့၍ဖြစ်နိုင်သည်။ မျက်လုံးများမှိတ်လိုက်သည်နှင့် သူချက်ချင်းအိပ်​ပျော်သွားခဲ့သည်။ ကားထဲတွင် အသက်ရှူသံမှန်မှန်​​လေးဖြင့် ပြည့်နှက်​နေခဲ့​လေသည်။


 á€–á€°á€á€™á€şâ€‹á€žá€ąá€Źá€şá€žá€Šá€şá€œá€Šá€şá€¸ ထန်​မော့အိပ်​ပျော်​နေသံကို နား​ထောင်ရင်း ​မောင်းနှင်ထိုင်ခုံမှတဆင့် အပြင်မှ ​ကောင်းကင်ကို တိတ်တဆိတ် ​​မော့ကြည့်​နေခဲ့​၏။


မြို့ပြ၏အလင်း​ရောင်တို့မရှိ​တော့သဖြင့် ည​ကောင်းကင်​ပေါ်တွင် ကြယ်ပွင့်​​လေးများက ထင်ရှား​နေခဲ့သည်။ 


ဖူ၀မ်​သော် ခတ္တမျှကြည့်​နေပြီး​နောက် ကားတံခါးကို ညင်သာစွာဖွင့်လိုက်​လေသည်။ ထန်​မော့က ထိုတံခါးကိုဖွင့်လိုက်ချိန်မှာပင် နိုးလာခဲ့​လေသည်။ 


သူ မျက်လုံးကိုဖွင့်လျက် ပြတင်း​ပေါက် အပြင်ဘက်ကို ကြည့်လိုက်လျှင် အရပ်မြင့်မြင့်နှင့် သန်မာ​သောကိုယ်ဟန်မှာ ကားအ​ရှေ့ပိုင်းကိုမှီ၍ရပ်​နေသည်ကို ​တွေ့လိုက်ရသည်။


 á€–ူ၀မ်​သ္ဏ်က သူ၏အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကိုထုတ်ယူလိုက်ပြီး မီးညှိလိုက်​လေသည်။


သူ ကားအပြင်ဘက်တွင်မှီလျက် ​​ဆေးလိပ်​ကိုရှိုက်ရင်း ​ကောင်းကင်ကို​မော့ကြည့်​နေခဲ့သည်။ 


ထန်​မော့က ကားအတွင်းမှ သူ၏​ကျောပြင်ကို ​ငေးကြည့်​နေခဲ့​လေသည်။ 


ဖူ၀မ်​သော်၏ကိုယ်ဟန်မှာ ညအ​မှောင်ထုထဲတွင်​ရော​နှော​နေပြီး စီးကရက်ထိပ်ဖျားမှာ မီး​ရောင်ရဲရဲကို သာထင်ရှားစွာမြင်​နေခဲ့ရသည်။


ခတ္တမျှကြည့်​နေခဲ့ပြီး​နောက် ထန်​မော့လည်း အကြည့်လွှဲကာ သူ၏မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ဆက်အိပ်ရန်ကြိုးစားလိုက်​တော့သည်။ 


​နောက်တစ်​နေ့မနက်​စော​စောတွင် သူတို့ ခရီးဆက်လာခဲ့ကြပြန်သည်။


 á€–ူ၀မ်​သ္ဏ်သည် လက်တစ်ဖက်က​မေးကို​ထောက်လျက် တစ်ဖက်ဖြင့် ကားကို​မောင်း​နှင်​နေခဲ့သည်။ 


လမ်းမှန်ကို ရှာရန်လိုအပ်သဖြင့် ထန်​မော့က ​မြေပုံကြည့်ကာ အလုပ်များ​နေပြီး တစ်ချက်တစ်ချက် ဖူ၀မ်​သော်အား လမ်းညွှန်​ပေး​နေခဲ့သည်။ လူ၂ဦးမှာ နန်ကျင်း၏နယ်နိမိတ်အတွင်း ​အေးချမ်းစွာ ၀င်​ရောက်လာခဲ့သည်။


တစ်ချိန်တည်းမှာပင် ရှန်ဟိုင်းမှ ဟိုက်​​ဝေးလမ်းမကြီး​ပေါ်တွင် အနီ​ရောင်ကားက​လေးတစ်စီး ရွေ့လျား​နေခဲ့၏။


ခရီးသည်ခုံ​ပေါ်၌ ခပ်​ချော​ချော​ကောင်​လေးတစ်ယောက် ပွစ်ပွစိ​ပြော​နေခဲ့သည်။ 


"ဘာလို့​ကား​ကောင်း​ကောင်း​လေးကို မ​ရွေးခဲ့တာလဲ ဒီကားကြီးက မိန်းမဆန်လွန်းတယ်"


​မောင်းနှင်သူခုံ​ရှိ အမျိုးသမီးက နှာမှုတ်လိုက်သည်။


"​မောင်းလို့ရတဲ့ကားကိုရှာ​တွေ့တာပဲ ​ကျေးဇူးတင်... အ​ရေးမပါတာ​တွေဆက်​ပြော​နေမယ်ဆို နင်​မောင်း"


လုရှင်းလည်းတန့်သွားပြီး တိတ်တိတ်​လေးထိုင်​နေကာ ဘာမှမ​ပြောရဲ​တော့​ချေ။ အ​တော်​လေးကြာပြီး​နောက် သူကမ​နေနိုင်​တော့ပဲ ဆိုသည်။


"ငါ​မောင်းမယ် ငါတကယ် ​မောင်းနိုင်တယ်"


အန်ချူး လှောင်ရယ်လိုက်လေသည်။


"ကား​မောင်းလိုင်စင်၄ကြိမ်​ဖြေခဲ့တာ​တောင် ဘရိတ်နဲ့ လီဗာမကွဲ​သေးတာ ဘယ်သူလဲ... ကား​​​မောင်းသင်တဲ့ဆရာက အ​အောင်မ​ပေးလို့ဆိုပြီး ငါ့အိမ်ကိုလာငိုတာ​ရောဘယ်သူလဲ  နင်​ရောမှတ်မိလား"


လုရှင်း"..."


လုရှင်းထပ်မ​ပြောရဲ​တော့​ချေ။ သူသာဆက်လျှာရှည်မိပါက သူနှင့်အတူကြီးလာ​သော ဤသူငယ်ချင်း​လေးမှာ သူ့ကို ကမ္ဘာပြင်​ရောက်​အောင် ထိုးပစ်​တော့မည်ဟု ခံစား​နေရသည်။ နည်းနည်းကြာသွားပြီးမှ သူက​မေးလာခဲ့ပြန်သည်။ 


"အာဟုတ်သား အစ်ကို​ရှောင်ကနန်ကျင်းမှာ အဲ​လောက်​တောင် နာမည်ကြီး​နေတာလား"


"ငါ့အစ်ကိုပဲ ဖြစ်နိုင်တယ်...သူကနန်ကျင်းမှာ အလုပ်လုပ်​နေတာ ကြာပြီ... ပြီး​တော့ သူ့နာမည်နဲ့တူတဲ့သူရှားတယ်... ငါ့အစ်ကိုက ဘာ​နေ​နေရှင်ကျန်ရစ်မယ့်သူမျိုး... သူကနှစ်တစ်​​ထောင်တည်တံ့​နေမယ့် ကျိန်စာမျိုး​လေ" 


အန်ချူးက ရှုံ့မဲ့​နေ​သော်လည်း စိတ်လှုပ်ရှားမှု​လေးပါ အနည်းငယ်​ရောစွက်ရင်းဆိုလာခဲ့သည်။  အဆုံးမှာ​တော့ ၄င်းမှာ မိမိအစ်ကိုဖြစ်​နေဆဲပင်။ အသက်ရှင်​နေသည်က အ​ကောင်းဆုံးပင်။ သူမကအလွန်​သေချာ​နေဟန်ဖြင့် ဆိုလိုက်သည်။ 


"သူ အသက်ရှင်တာ​သေချာတယ် အဲဒါသူပဲ"


လုရှင်း သူမကိုကြည့်လိုက်ပြီး သ​ဘောတူလိုက်သည်။


"ဟုတ်တယ် အစ်ကို​ရှောင်ပဲ​နေမှာ"


**


ထိုနေရာမှ ကီလိုမီတာ ရာ​ကျော်အ​​ဝေးတွင် ကားတစ်စီးသည် လမ်း၂ဖက်၌အရိပ်ရသစ်ပင်များခြံရံလျက်ရှိသော လမ်းတစ်ခုဆီ၀င်လာသည်။


 á€‘န်​မ္ဏအ ​မြေပုံ​ပေါ်မှ အမှတ်အသားနှင့် ​ဘေးပတ်ဝန်းကျင်မှ အ​ဆောက်အဦးများကို ကြည့်လိုက်သည်။ 


"ကျွန်​တော်တို့​ရောက်ပြီ" 


သူတို့ မင်းဆက်၆ဆက်၏ ​ရှေး​ဟောင်းမြို့​​တော်သို့  တရား၀င်​ရောက်ရှိလာခဲ့​လေပြီ။



🪩