အပိုင်း ၄
Viewers 5k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း

 

အပိုင်း ၄

 

 

အဝတ်အစားများ ပြုပြင်ခြင်းကြောင့် လျိူရှု့ယွင်အနေနဲ့ သူမယောင်းမ တုန်းကျားဟွေ့ အပေါ်မှာ သဘောထားက များစွာ တိုးတက်လာသည်။

 

တုန်းကျားဟွေ့က သူ့မိခင်ရဲ့အိမ်တွင် အပ်ချုပ်ခြင်းနှင့် ပြုပြင်ခြင်းအမျိုးမျိုးဖြစ်သည့် အခြားအလုပ်တစ်ခုရှိလာသည်။

 

 

တူညီသောအရာများကို ချုပ်သည်ဟုဆိုခြင်းက ထူးဆန်းသည်။  တုန်းကျားဟွေ့ ချုပ်လုပ်ထားသည့်အရာများသည် လူအများ၏လက်ရာထက် ပို၍သပ်ရပ်ပြီး ကြော့ရှင်းသည်။  ဘယ်အပိုင်းက ပိုကောင်းတယ်ဆိုတာ သူတို့ မပြောနိုင်ပေ။  ဘာပဲဖြစ်ဖြစ် အဲ့တာက လူတွေကို စိတ်ချမ်းသာစေသည်။

 

 

တစ်နေ့တွင်၊ တုန်းကျားဟွေ့၏ တတိယယောင်းမ ကျောက်လီကျွင်းက အလုပ်သွားရန်အတွက်  လီနင်သားနဲ့ချုပ်ထားတဲ့ ဝတ်စုံကို ၀တ်ဆင်ထားရာ ရွာရှိ မိန်းမကြီးများနှင့် မိန်းကလေးငယ်များစွာ၏ အာရုံစိုက်မှုကို ခံရလေသည်။

 

“ဟေး လီကျွင်း၊ နင့်ခန္ဓာကိုယ်ပေါ်က ဒီဝတ်စုံက အသစ်ချုပ်ထားတာလား။”

 

“ပစ္စည်းကကြည့်ရတာ အသစ်တော့မဟုတ်ပေမယ့် နင်အရင်ကဒါဝတ်တာကို ငါမမြင်ဖူးဘူး”

 

“စတိုင်က အရမ်းကောင်းတယ်။ နင်အဲ့လိုဝတ်ထားတော့ မြို့က မိန်းကလေးလိုပဲ ”

 

“ အင်း၊ ဒါကိုကြည့်ရတာ မြို့ကလူတွေနဲ့တူတယ်၊ ဒါပေမယ့် ပျောက်နေတာတစ်ခုတော့ရှိတယ်၊ အဲ့ဒါက သားရေဖိနပ်တစ်ရံပဲ ”

 

 

ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အတင်းအဖျင်းတွေအပြင် အမျိုးသမီးတွေဟာ အဝတ်အစား၊ ဖိနပ်နဲ့ တခြား ၀တ်စားဆင်ယင်မှုဆိုင်ရာ အကြောင်းအရာတွေအကြောင်း ဆွေးနွေးပြောဆိုကြသည်။

 

 “နင်ပြောတာ မှန်တယ်၊ အဝတ်အစားတွေက ငါ့အဝတ်အဟောင်းတွေနဲ့ လုပ်ထားတာ။  ငါမိသားစုရဲ့ ကျားဟွေ့ က စက်ချုပ်တယ်တာတော်တယ်လေ။ ဘယ်အဝတ်အစားနဲ့ ဘယ်အထည်တွေပဲဖြစ်ဖြစ် သူ့လက်ထဲရောက်လာပါစေ၊ သူတို့က ဘယ်တော့မှ အလဟဿမဖြစ်ခဲ့သလို အမြဲတမ်း ကောင်းမွန်တဲ့အရာတစ်ခုအဖြစ် ပြောင်းလဲသွားတယ်”

 

 

သူ့ယောင်းမ တုန်းကျားဟွေ့  အကြောင်းပြောသောအခါ ကျောက်လီကျွင်းရဲ့ ဂုဏ်ယူဝင့်ကြွားသောအမူအရာကို လူအများက ကြည့်ရှုခဲ့ကြသည်။  သူတို့ အံ့ဩသွားသည်။  တုန်းကျားဟွေ့ ကို လူတိုင်းသိကြသည်။  ဒီလတွင် သူမက မိသားစုတိုင်း၏ အတင်းအဖျင်းဖြစ်ခဲ့သည်။  သူမက ကလေးမမွေးနိုင်ရုံသာမက လု မိသားစုမှ သူမ၏မိခင်အိမ်သို့ မောင်းထုတ်ခံခဲ့ရပြီး စွန့်ပစ်ခံထားရသော အမျိုးသမီးတစ်ဦးဖြစ်လာခဲ့သည်။ လွန်ခဲ့သည့် တစ်လခွဲခန့်က တုန်းကျို့ မြစ်ထဲသို့ ခုန်ချရန် မစဉ်းစားနိုင်ခြင်းကြောင့်လည်း ဖြစ်သည်။ 

 

 

ဤကာလအတွင်း တုန်းကျားဟွေ့က သူတို့အိမ်မှ အပြင်မထွက်ဘဲ တစ်ချိန်က အိမ်ထောင်ကျဖူးသော သူမလို မိန်းကလေးက တယွိ ရွာ၏ အဖွဲ့ဝင်တစ်ဦးမဟုတ်သလို သူမသည် လူတိုင်းနှင့် အလုပ်တွဲလုပ်ဖို့လည်းမရှိပေ။  ထို့ကြောင့် တုန်းကျားဟွေ့ကို ဒီနေ့တွေမှာ သူတို့  မတွေ့ရတော့ပေ။

 

 ဒီကိစ္စက ရွာမှာ ပျံ့နှံ့သွားသည်။ တုန်း မိသားစုက ရုတ်တရက်ကြီး ရွာရှိလူတိုင်းအတွက် နေရာတစ်ခု ဖြစ်လာခဲ့သည်။  တုန်းကျားဟွေ့ မှာ ဘယ်လိုအရည်အချင်းမျိုးရှိလဲဆိုတာ လူတိုင်းမြင်ချင်ကြသည်။ အပ်ချုပ်စက်မပါဘဲ ၀တ်စုံကို တစ်ယောက်တည်း ချုပ်တတ်တယ်လို့ ပြောကြလို့ ဖြစ်သည်။

 

 

ဒီအချိန်၌ တယွိရွာမှ မိုင်တစ်ဒါဇင်အကွာ ရှန်ဟဲရွာတွင် ကျန်းချောင်းအာက ခြောက်လသားအရွယ် မြေးမလေး ယင်းပေါင်ကို ချီထားကာ သူမရဲ့အာဟာရမှုန့်ကို ကျွေးနေသည်။

 

ကျန်းချောင်းအာက ယနေ့တွင် သူမ၏ ခြွေတာမှု သဘာဝကို ပြောင်းလဲခဲ့ပြီး အာဟာရမှုန့်တွင် ကြက်ဥအနှစ်တစ်ဝက်နှင့် နှမ်းဆီတစ်စက်ကိုလည်း ထည့်ပေးရန် ဆန္ဒရှိခဲ့သည်။

 

 

သူမရဲ့မြေးမလေး ယင်းပေါင်ကို အရသာရှိတဲ့ အစားအစာထည့်ထားတဲ့ ဇွန်းအပြည့်ကို ကျွေးနေသည်။  သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေက သူမရဲ့ ပါးလွှာသော မျက်နှာပေါ်တွင် တောက်ပလွန်းနေသည်။ စားရတာကို သူမ ပျော်သည်။ သူမက ခြေသလုံးကြွက်သားကို နင်းပြီး ကျန်းချောင်းအာကို လက်သေးသေးလေးနှစ်ဖက်ဖြင့် ပုတ်လိုက်သည်။

 

 

ယင်းပေါင် ပိုပျော်လေလေ၊ ကျန်းချောင်းအာက ပိုစိတ်ဆိုးလေလေပဲ ဖြစ်သည်။ မြို့ကိုပြန်ဖို့ ကလေးကို ထားရစ်ခဲ့တဲ့ ပညာတတ်လူငယ် သူမချွေးမအကြောင်း တွေးမိသည်။  သူမ ခုံတန်းလျားကို ရွှေ့ကာ အိမ်တံခါးဝတွင် ထိုင်ပြီး သုံးရက်သုံးည ဆူပူကြိမ်းမောင်းပစ်ချင်သည်။

 

“ အမေ၊ ယင်းပေါင်က ပျော်ပျော်ကြီးစားနေတယ်”

 

 

ကျောက်မေရှန်းက စားပွဲဘေးရှိ ခုံတန်းလေးပေါ်တွင် ထိုင်ကာ ကောက်ရိုးကြိုးကို ပွတ်လိုက်သည်။  ဒီကြိုးတွေကို လယ်သမားများက နေရာတိုင်းတွင် အသုံးပြုကြသည်။  ထင်း၊ ကောက်ရိုးနှင့် အိတ်များကို ထုပ်ပိုးကြသည်။  တိုတိုပြောရရင် သူတို့ဟာ အလွန်အသုံးဝင်ပေမယ့် ခိုင်ခံ့မှုမရှိပေ။

 

ထောက်ပံ့ရေးနှင့် ရောင်းဝယ်ရေး သမဝါယမများက နိုင်လွန်ကြိုးတစ်မျိုးကို ရောင်းချကြောင်း သူမကြားသိရသည်။  ထိုကြိုးက အလွန်ခိုင်ခံ့သည်။  သစ်သားနဲ့ ပရိဘောဂတွေကို ချည်ထားရင်တောင် ပြတ်မသွားပေ။  သို့သော်လည်း နိုင်လွန်ကြိုးကို စက်မှုလက်မှုလက်မှတ်ဖြင့်သာ ဝယ်ယူနိုင်ပြီး ဈေးနှုန်းကလည်း မသက်သာလှပေ။  သာမန်မိသားစုများအတွက် မတတ်နိုင်ပေ။

 

မီတာအနည်းငယ်လောက်သာ နိုင်လွန်ကြိုးကို ပြန်ဝယ်နိုင်ရင် သူမ ကောက်ရိုးကြိုးကို ပွတ်စရာမလိုပေ။ သူမ ဒါကိုနေ့တိုင်း နှစ်ရက် ပွတ်ပေးရသည်။  သူမ၏ လက်ဖဝါးပေါ်မှာ အသားမာတွေတက်နေပြီ ဖြစ်သည်။ မိန်းကလေးတစ်ယောက်ရဲ့ လက်မှာ အသားမာရှိနေရင် ဘယ်လောက် ရုပ်ဆိုးလိုက်မလဲ။

 

“သူမက သွားမရှိသေးတဲ့ ကလေးလေးပဲရှိသေးတာကို  သူ့အမေက ထွက်ပြေးသွားတယ်။ သူမက ကလေးမထွန်းကားတဲ့ ကလေးဖြစ်လိမ့်မယ်။ ဘယ်သူက သူမကို တကယ်ချစ်နိုင်မှာလဲ”

 

မိခင်မဲ့ကလေးက မြက်ပင်လိုပဲ ဖြစ်သည်။ ကျန်းချောင်းအာက ပညာတတ်လူငယ် ချွေးမကို မထီမဲ့မြင်ပြုခဲ့ဖူးသည်။  သူမက သူမ မြေးများ၏မိခင်လည်းဖြစ်သည်။  မထင်မှတ်ပဲ၊ ဒီအမျိုးသမီးရဲ့ နှလုံးသားကကြီးသည်။  ရှန်ဟဲရွာက သူမကို မစောင့်ရှောက်နိုင်သလို သူမကိုလည်း မထိန်းသိမ်းနိုင်ခဲ့ပေ။  မြို့ကိုပြန်သွားဖို့အတွက် တုန်းလင်နဲ့ကွာရှင်းခဲ့ပြီး ကလေးနှစ်ယောက်ဖြစ်တဲ့ ဟိုင်းဒန်နဲ့ ယင်းပေါင်ကိုလည်း ထားခဲ့သည်။  ၎င်းကို လက်မှတ် ရေးထိုးပြီး တံဆိပ်ခတ်ရန်အတွက် သူမသည် မြို့တွင်း ညွှန်ကြားရေးမှုးရှုံး နှင့်လည်း ချိတ်ဆက်ခဲ့သည်။  သူမမှာ ရိုးရိုးရှင်းရှင်းပဲ အသိစိတ်မရှိခဲ့ပေ။

 (TN- “မိခင်မရှိတဲ့ ကလေးက မြက်ပင်လိုပဲ” ဆိုသည်မှာ အပြင်ဘက်တွင် ပေါင်းပင်များကဲ့သို့ သနားစရာ၊ အကူအညီမဲ့၊ သနားစရာကောင်းသော ကလေးအား ရည်ညွှန်းသည်။)

 

 ကျန်းချောင်းအာက ထိုသို့သောချွေးမကိုတွေ့လိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်။ ဒါပေမယ့် အဲ့မကောင်းတဲ့ဟာမက တုန်းလင်ကိုလက်ထပ်ဖို့ အော်ဟစ်ငိုယိုခဲ့တာဖြစ်သည်။

 

 “အမေ ဟိုင်းဒန်နဲ့ ယင်းပေါင်ရဲ့ အနာဂတ်ကော ဘယ်လိုလဲ။ အစ်ကိုကြီးက အိမ်မှာမရှိဘူး ယောင်းမကလည်း   သွားပြီ။ အမေ သူတို့ကို တစ်ချိန်လုံး ခေါ်သွားမလို့လား။”

 

 ကျန်းချောင်းအာတွင် ကလေး လေးဦးရှိပြီး ယောက်ျားလေး ၂ ယောက်နဲ့ မိန်းကလေး ၂ ယောက်ဖြစ်သည်။ အကြီးဆုံးသမီးဖြစ်သူ ကျောက်ချိုင်ရှ၊ အကြီးဆုံးသားဖြစ်သူ ကျောက်တုန်းလင်၊ အငယ်ဆုံးသား ကျောက်တုန်းဟဲနဲ့ အငယ်ဆုံးသမီး ကျောက်မေရှန်းတို့ဖြစ်သည်။

 

 အကြီးဆုံးသမီး ကျောက်ချိုင်ရှက လွန်ခဲ့တဲ့ ရှစ်နှစ်ခန့်က လက်ထပ်ခဲ့ပြီး နောက်ပိုင်းတွင် ကျောက်တုန်းလင်နဲ့ ကျောက်တုန်းဟဲတို့ လက်ထပ်ခဲ့ကြပြီး ယခုတွင် ကျောက်မေရှန်းက အိမ်ထောင်မပြုသေးသော မိသားစုတွင် တစ်ဦးတည်းသော သူဖြစ်သည်။

 

 ကျောက်တုန်းလင်က အသက် ဆယ့်ခုနစ်နှစ်တွင် စစ်သားအဖြစ် စစ်ထဲဝင်ခဲ့သည်။ ဤဆယ့်နှစ်နှစ်တာကာလအတွင်း အခက်အခဲများနှင့် အနစ်နာခံမှုများကို မကြောက်ဘဲ ဇွဲသတ္တိရှိရှိဖြင့် သာမာန်စစ်သားတစ်ဦးမှ တပ်ခွဲမှူးအဖြစ်သို့ ရာထူးတိုးမြှင့်ခြင်းခံရသည်။ သူ့ရဲ့လစဉ်လစာက ယွမ် ၇၀ ကျော်သည်။  သူသည် ရွာ၏ နောင်မျိုးဆက်များတွင် တစ်ဦးတည်းသော အရည်အချင်းရှိသူဖြစ်သည်။  မိသားစုတစ်စုလုံး သူနှင့်အတူ ပျော်ရွှင်စွာ နေကြသည်။  တပ်မတော်မှာ ပါဝင်ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်သည်။

 

 ဒီနေ့က မူလက အလွန်ကောင်းမွန်သည်။ အရာရှိသားနဲ့ ပညာတက် လူငယ်ဇနီးက သားတစ်ယောက်၊ သမီးတစ်ယောက် မွေးဖွားခဲ့ပြီး “ကောင်းသောဘဝ” ဟူသော စကားလုံးကို ဖန်တီးခဲ့သော်လည်း ထိုလူ၏နှလုံးသားအတွက် မလုံလောက်သေးပေ။  ဝမ်မိန့် အဲ့ဒီမကောင်းတဲ့ဟာမက ကောင်းမွန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသော်လည်း သူမက မည်သို့ပင်ဖြစ်စေ မြို့ကို ပြန်သွားချင်သည်။  ကျန်းချောင်းအာက ဒါကို ရှင်းမပြနိုင်ခဲ့ပေ။ အဲ့ဒီမြို့ထဲမှာ နေထိုင်ရတာ ကောင်းလား။ ခင်ပွန်းနဲ့ သားသမီးတွေကို စွန့်လွှတ်လိုက်တာထိ ကောင်းလား ပြီးတော့ မင်းမျက်နှာကို ဂရုမစိုက်တော့ဘူးလား။

 

 ကျန်းချောင်းအာက တကယ်ကို နားမလည်နိုင်ပေ။ သူတို့ ကျောက် မိသားစုရဲ့ဘဝက ရွာရဲ့ထိပ်တန်းမိသားစုဖြစ်နေပြီ၊ ဒါပေမယ့် ဒီလိုဘဝမျိုးက ဝမ်မိန့်ရဲ့နှလုံးသားကို မထိန်းထားနိုင်သေးပေ။

 

 “အာ၊ အာ အာ”

 

 ကျန်းချောင်းအာ တွေးနေစဥ်  သူမ ပါးစပ်ထဲက ထမင်းကို စားပြီး နောက်ထပ်ဝါးတဲ့အထိ မစောင့်ဘဲ သူမ ပါးစပ်ကိုဖွင့်ကာ အော်လိုက်သည်။  ကျန်းချောင်းအာက သတိပြန်ဝင်လာပြီး  အောက်ကိုငုံ့ကြည့်လိုက်သည်။  ယင်းပေါင်းရဲ့ တောက်ပသောမျက်လုံးများကို သူမကြည့်သောအခါ သူမမျက်ရည်ကျလုမတတ်ပဲ။

 

 ဝမ်းနည်းကြေကွဲမှုကို ထိန်းထားကာ သမီးဖြစ်သူ ပြောခဲ့သော စကားများကို ပြန်ပြောသည်။

 

 “ဘာ ယောင်းမလဲ။ နောင်ကျ သူ့ကိုယောင်းမလို့ မခေါ်နဲ့။  သူမက အနာဂတ်မှာ သမီးတို့မိသားစုနဲ့ ဆက်ဆံရေးမရှိဘူး”

 

 ကျောက်မေရှန်းက မြက်ကြိုးကို ပွတ်လိုက်ပြီး စကားမပြောဘဲ နေလိုက်သည်။  တကယ်တော့ သူမယောင်းမ ဝမ်မိန့်ကို သိပ်စက်ဆုပ်စရာ မလိုပေ၊ ဝမ်မိန့်ကို ပထမဆုံးတွေ့တုန်းက အထင်ကြီးလွန်းတာကြောင့် ဖြစ်နိုင်သည်။  ဒီလိုမျိုးလုပ်ခဲ့ရင်တောင် မုန်းဖို့မတတ်နိုင်ပေ။

 

 ​ကျန်းချောင်းအာက ၎င်းသည် အဓိပ္ပါယ်မဲ့သည်ဟု သူမခံစားရပြီး အခြားအကြောင်းအရာသို့ တိုက်ရိုက်လှည့်သွားသည်။

 

 “သေချာတယ် ဒီကလေးကို ပြုစုရမှာပေါ့။  ဘာမှလုပ်စရာမရှိရင် ပိုကူညီသင့်တယ်။  နှစ်တွေကြာလာရင် နင့်ရဲ့အစ်ကိုအကြီးဆုံးက လစဉ်ငွေနဲ့ ပြန်လာလိမ့်မယ်။ နင့်အစ်ကိုအကြီးဆုံးဆီက ငါတို့စားတဲ့ဝေစုကို ရနေတာပဲ။  နင်က ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေး၊ နင်လက်ထပ်တဲ့အခါ နင့်အစ်ကိုအကြီးဆုံး ပြန်ပေးတဲ့ငွေနဲ့ နင့်ကို သင့်တော်တဲ့ ခန်းဝင်ပစ္စည်းတစ်ခု ဝယ်ပေးမယ်”

 

ကျန်းချောင်းအာအတွက် ကလေးလေးယောက်က  လက်ဖဝါးနှင့် လက်ဖမိုး နှစ်ဖက်လုံးကို သူမ အသားနဲ့ပဲပြုလုပ်ထားတာ ဖြစ်သည်။ ဘယ်လက်ချောင်းက ရှည်ပြီး ဘယ်လက်ချောင်းက တိုနေပါစေ အရှေ့ကိုရွှေ့ဖို့အတွက် သူတို့တစ်ယောက်ကိုတစ်ယောက် ကူညီပေးသင့်သည်။

 (TN- လက်ဖဝါးနှင့် လက်ဖမိုး နှစ်ဖက်လုံးကို အသားနဲ့ပဲပြုလုပ်ထားတာ (idiom) - အဲ့တာတွေက အတူတူပဲအရေးကြီးကြတယ် )

 

 ကျောက်မေရှန်းက ငယ်ရွယ်ဆဲဖြစ်သည်။  “လက်ထပ်မယ်” ဟူသော စကားလုံးကို ကြားလိုက်ရသောအခါတွင် သူမ ရှက်သွားသည်။  အမေပြောတာ တကယ်မှန်သည်။ ‘သူမကပြောဖူစတယ် သူမရဲ့လက်တွဲဖော်မရှာခင် ခန်းဝင်ပစ္စည်းမရှိရင် လက်ထပ်လို့မရဘူးတဲ့။’

 

 ထို့အပြင် သူ့အမေက ဇွတ်အတင်း မရှင်းပြလျှင်ပင်၊ သူမသည် သူတို့၏ အဒေါ်ငယ်များ အနေဖြင့် သူ့တူနှင့် တူမကို သေချာပေါက် ကူညီစောင့်ရှောက်ပေးလိမ့်မည်။

 

 သူမယောင်းမ ဝမ်မိန့်က ဒေါသကြီးပြီး ဘယ်သူနဲ့ ပေါင်းဖက်ရမလဲဆိုတာ ဂရုမစိုက်ပေမယ့် သူ့တူလေးတွေက သူတို့ရဲ့ မိခင် အထူးသဖြင့် ယင်းပေါင်ရဲ့ ပုံသဏ္ဍာန်က သူမအတိုင်း လိုက်နေတယ်ဆိုတာ ငြင်းလို့မရပေ။  ဖြူဖွေးသော အသားအရေနဲ့ မျက်လုံးကြီးကြီးတွေက အထူးသဖြင့် ဝမ်မိန့်နဲ့ အလွန်တူသည်။