အပိုင်း ၁၇
Viewers 7k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း

 

အပိုင်း ၁၇

 

 

 

 

ရှန်းကွေ့ရှောင်က တုန်းကျားဟွေ့ စိတ်ထဲကို ကူညီပေးခဲ့ပြီး ကျောက်ဂျူဟွာကို သတင်းကို အမြန်ပြန်ပြောခဲ့သည်။  နှစ်ရက်အကြာ ကျောက်ဂျူဟွာ အိမ်မှာ blind date ကို သတ်မှတ်ခဲ့သည်။

 

 “  အတွင်းရေးမှူး ကျောက်က နင့်ကို တကယ်စိတ်ဝင်စားနေပုံရတယ်”

 

 ရွာတစ်ရွာရှိ အဖွဲ့များစွာရှိပြီး အတွင်းရေးမှူးများသည် ကြီးကြီးငယ်ငယ် ကိစ္စများစွာရှိသည်။  နေ့တိုင်း ကွန်မြူနတီကို သွားကြရသည်။  ဒါ​ပေမယ့်​ ပထမအကြိမ်​ကြား​တော့ blind date ကို အမြန်​ချိန်းလိုက်​သည်။  ဒီသဘောထားက တစ်ဖက်သားရဲ့ အာရုံစိုက်မှုကို ပြသနေတယ်ဆိုတာ ပြောစရာမလိုအောင်ပဲ။

 

 မီးဖိုချောင်ထဲမှာ ရှန်းကွေ့ရှောင်က ဂျုံမုန့်ညက်ကို ပျော်ရွှင်စွာ ပွတ်ရင်း ရေနွေးတည်နေတဲ့  သူ့သမီး တုန်းကျားဟွေ့ နဲ့ စကားပြောနေသည်။

 

 “အမေ၊ ကိစ္စတွေတောင် အကောင်အထည်မဖော်သေးဘူး၊ အမေ ဘာလို့ ဒီလိုပြောနေတာလဲ။”

 

 မီးဖိုချောင်တွင် တုန်းကျားဟွေ့  မျက်နှာက နီရဲနေသည်။ မီးကြောင့်လား  ရှန်းကွေ့ရှောင်ရဲ့ ရှက်စရာကောင်းတဲ့ စကားကြောင့်လားမသိပေ။

 

 တကယ်တော့ တုန်း​ကျားဟွေ့က စိတ်ရှုပ်ထွေးနေခဲ့သည်။  သူမမဖြတ်ကျော်လာမီ blind date လုပ်ခြင်းတွင် အမှန်တကယ် အတွေ့အကြုံမရှိခဲ့ပေ။  ဤအပြုအမူသည် လူအများလာရောက်ကြည့်ရှုပြီး စိတ်တိုင်းကျရွေးချယ်နိုင်ဖို့ စင်ပေါ်တင်ထားသလိုမျိုး သူမခံစားရသည်။  ချိန်းတွေ့ဖူးသော သူမ ညီအစ်မများကလည်း blind date တွေက စိတ်မချရကြောင်းနှင့် သူတို့က စစ်မှန်သော ချစ်ခြင်းမေတ္တာနဲ့ မတွေ့ဆုံကြဘဲ ထူးဆန်းသော အစုအဝေးများနှင့် တွေ့ဆုံခဲ့ကြသည်ဟု ဆိုသည်။  ထို့အတွက်ကြောင့် ကျားဟွေ့က မလုပ်ဘူးဆိုပြီး စိတ်ထဲမှတ်ထားသည်။

 

 သူမအတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိခြင်းက လူတစ်ယောက်ရဲ့ ပြင်ပအခြေအနေထက် ပိုကောင်းသည်။  အိမ်၊ ကား၊ အလုပ်ကောင်းကောင်းနဲ့ မိသားစုကောင်းရှိတဲ့ ယောက်ျားကို ရှာတွေ့ရင် သူမကို ပျော်ရွှင်စေမှာလား။ သို့ဆိုလျှင် လူငယ်များ အိမ်ထောင်ရေး အဆင်မပြေဖြစ်လာပြီး ကွာရှင်းမှုနှုန်းက ဘာကြောင့် မြင့်မားလာရတာလဲ။ ပြင်ပအခြေအနေများသည် သင့်လျော်သော်လည်း ၎င်းတို့နှင့် စစ်မှန်စွာ ထိတွေ့ဆက်ဆံသောအခါတွင် သင်တို့နှစ်ဦးကြားရှိ ကွာဟချက်သည် ယွမ့်လူကျန့်ပူကျန်း နဲ့ တရှားကူလို နက်ရှိုင်းပြီး သင်တို့နှစ်ဦးစလုံးသည် လုံးဝ သဟဇာတမဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

 

ယွမ့်လူကျန့်ပူကျန်း -  ၉ခုမြောက်အကြီးဆုံးမြစ် / ၅ ခုမြောက် အရှည်ဆုံးမြစ်

တရှားကူ - ကော်လိုရာဒို မြစ်၏ချောက်ကြီးတစ်ခု

 

 တုန်းကျားဟွေ့အဖြစ် နေထိုင်ပြီးနောက် သူမသည် ခလောက်ဆန်မှု သေးသေးလေး နှစ်ခုကို ပြုလုပ်ခဲ့သည်။ အချိန်တိုင်း သူမ မူမမှန်စရာမလိုပေ။ ရှန်းကွေ့ရှောင် ​​အရှက်ရသွားပုံရပေမယ့် ဒီတစ်ကြိမ်မှာတော့ အခြေအနေက မတူပေ။  ရှန်းကွေ့ရှောင်က အမှန်တကယ် စွမ်းအားရှိပြီး အတွင်းရေးမှူးကျောက်ကို အလွန်ကျေနပ်နေသည်။  တုန်းကျားဟွေ့က ချက်ချင်း ဘာလုပ်ရမှန်းမသိတော့ပေ။

 

 နှစ်ရက်အကြာတွင် တုန်း မိသားစု နေ့လည်စာစားကြသည်။  ရှန်းကွေ့ရှောင်က အိုးများနှင့် ပန်းကန်များကို သန့်ရှင်းရေးလုပ်ဖို့ သူမ ယောင်းမတွေကို တောင်းဆိုခဲ့သည်။  သူမ အဝတ်အစားလဲပြီး တုန်းကျားဟွေ့နဲ့ အပြင်ထွက်သွားခဲ့သည်။

 

 “အမေ နေ့လည်မှာ ဘာလုပ်မှာလဲ။”

 

 လျိုရှု့ယွင်က သူမယောင်းမဖြစ်သူက ယောက္ခမဖြစ်သူနဲ့အတူ အပြင်ထွက်သွားသည်ကို ကြည့်နေသည်။  မီးဖိုချောင်ထဲမှာ လည်ပင်းကို ဆန့်လိုက်သည်။  လျိုရှု့ယွင် အရမ်းသိချင်နေခဲ့တယ်။  သူမသည် အရာအားလုံး၏ အောက်ခြေကို သိရှိလိုပြီး လျှို့ဝှက်ချက်ကို မဖုံးကွယ်နိုင်ပေ။  ထို့ကြောင့် ရှန်းကွေ့ရှောင်က သူမချွေးမ ၃ ယောက်ကို blind date အကြောင်း မပြောခဲ့ပေ။

 

 သူမသမီးနဲ့ အတွင်းရေးမှူးကျောက်တို့ရဲ့ အိမ်ထောင်ရေးဟာ အောင်မြင်နိုင်ခြေရှိလို့ အားလုံးက ပျော်နေကြသည်။  အဆင်မပြေရင်တောင် ကြီးကြီးကျယ်ကျယ် မလုပ်ရင် ရှက်စရာမဟုတ်ပေ။  ဒါက သူမသမီးက ငန်းအသားစားချင်တဲ့ ဖားတစ်ကောင်လို့ လူတွေက သီးသန့်ပြောနေတာမျိုးကို တားဆီးနိုင်လိမ့်မည်။

 

 ကျန်ယောင်းမနှစ်ယောက်သည် လျိုရှု့ယွင်၏စကားကို လက်ခံရန် အလုပ်များလွန်းသည်။  ကြည်လင်တဲ့မျက်လုံးရှိတဲ့သူတွေက ဒါကို နားမလည်ဘူးလား။ ကျားဟွေ့က အပြင်မထွက်ခင် သန့်ရှင်းရေးလုပ်သွားသည်။  ဆွေမျိုးတွေဆီ အလည်သွားတုန်းက ၀တ်ထားတဲ့ အဖြူရောင် ရှပ်အင်္ကျီကို ၀တ်ထားသည်။  သူမ အမေနဲ့အတူရှိခဲ့သည်။ ဆံပင်ကိုလည်း သပ်ရပ်အောင်ဖြီးထားသည်။  သူမခြေထောက်ပေါ်က ရွှံ့ဖိနပ်များကို သန့်ရှင်းသောဖိနပ်များဖြင့် အစားထိုးထားသည်။

 

သူတို့ရဲ့ လေးနက်တဲ့အပြုအမူအတွက် အကြောင်းပြချက်က ဘာလဲ။  ကျားဟွေ့ မင်္ဂလာပွဲမဟုတ်သော်လည်း ယခုတစ်ကြိမ်တွင် အမေက စကားတစ်ခွန်းမှ မပြောဘဲ ကျားဟွေ့ကို တိတ်တဆိတ် ခေါ်သွားခဲ့သည်။ ဒီအရာတွေက တကယ်ကို အထူးအဆန်းပါပဲ။

 

 အကြီးဆုံးအစ်ကိုနှင့် တတိယမိသားစုသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက် စိတ်ဝင်စားစရာကောင်းသည့် အကြည့်အချို့ကို မြင်တွေ့နိုင်သည်။  လျိုရှု့ယွင်က သူမခေါင်းကိုအသုံးမပြုဘဲ ပါးစပ်က အလွန်မာကျောသည်။

 

ဇူလိုင်လကုန်မှာ နေက အရမ်းပူတယ်။  သူမထွက်သွားသည်နှင့်တပြိုင်နက် တုန်းကျားဟွေ့က နေလောင်ခံရတော့မည်ဟု ခံစားလိုက်ရသည်။  သူမကအဖြူရောင် လက်တိုအင်္ကျီကို ၀တ်ထားပြီး သူမရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံပင်ကိုကျစ်ထားခဲ့သည် ။   သူမ ကောက်ရိုးဦးထုပ်ကိုလည်း ဆောင်းထားသည်။  နေရောင်အောက်တွင် ဦးထုပ်အနားများက သူမမျက်နှာပေါ်တွင် အရိပ်များ ဖုံးလွှမ်းနေသည်။

 

 ယနေ့ခေတ်တွင် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များတွင် လျိုဟူလန်ရဲ့ ဆံပင်ပုံစံ  နှစ်ချောင်းကျစ် ကျစ်ဆံမြီးများ ခေတ်စားကြသည်။  လျိုဟူလန်ရဲ့ ဆံပင်ပုံစံက ရင့်ကျက်လွန်းတယ်၊ နှစ်ချောင်းကျစ်ထားတဲ့ ကျစ်ဆံမြီးကလည်း ကလေးဆန်လွန်းတယ်။  ပန်းပွင့်အ၀တ်အစားနဲ့ ကျစ်ဆံမြီးနှစ်ချောင်း ကျစ်ထားတဲ့ ရွာက မိန်းကလေးကို မြင်တိုင်း သူမဟာ နာမည်ကြီးသီချင်း “Little Fang” ကို သတိရမိမှာပါ။

 

 “ Little Fang လို့ခေါ်တဲ့ ရွာမှာ ရုပ်ချောပြီး ကြင်နာတတ်တဲ့ လှပတဲ့ မျက်လုံးကြီးတစ်စုံ၊ ကျစ်ဆံမြီးရှည် ထူထူနဲ့ ရှည်လျားတဲ့ ......”

 

 ပိုအံ့သြစရာကောင်းတာက ရွာမှာ “Little Fang” ဆိုတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။

 

 တုန်းကျားဟွေ့ ဝတ်တဲ့ အဖြူရောင်ရှပ်အင်္ကျီကို သူတို့ဝယ်တဲ့အထည်နဲ့ သူ့မိသားစုက လုပ်ခဲ့တာပါ။  အဝတ်ချုပ်ခြင်းနှင့် ပြုပြင်ခြင်းအတွက် တုန်းကျားဟွေ့ရဲ့ ကျွမ်းကျင်မှုကြောင့် သူမသည် အထည်လက်မှတ်နှစ်ခုကို အခြားသူများဟာနှင့် အစားထိုးခဲ့သည်။  သူမသည် အထည်ဝယ်ရန် သူမကိုယ်ပိုင်ငွေဖြင့် ပေးချေပြီး သူမမိသားစုအတွက် တစ်စုံလုပ်ခဲ့သည်။

 

 အဖြူရောင်အဝတ်အစားတွေက ကြည့်ကောင်းပေမယ့် ညစ်ပတ်လွယ်တဲ့အတွက် ဆွေမျိုးတွေဆီ သွားတဲ့အခါမှသာ ဝတ်ဆင်လေ့ရှိပါတယ်။

 

အပြင်မထွက်ခင်မှာ တုန်းကျားဟွေ့ က အပြာရောင် လက်တိုရှပ်အင်္ကျီကို ၀တ်ထားတယ်။  ရှန်းကွေ့ရှောက် က သူမကို အိမ်ကိုပြန်ပြီး အင်္ကျီပြန်လဲခိုင်းလိုက်တယ်။  တုန်းကျားဟွေ့ သူ့ကိုယ်သူ ကြည့်လိုက်၏။  ပြဿနာမရှိပါဘူး။သူမ ကြည့်ကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေ အဲ့တာက အ၀တ်အစားမဟုတ်ဘဲ ၀တ်ထားတဲ့သူအပေါ်မှာပဲမူတည်တယ်လေ။  သို့သော် ရှန်းကွေ့ရှောင် ဆက်ပြီး ပြောမနေရစေရန် တုန်းကျားဟွေ့ အင်္ကျီအဖြူရောင် လဲလာခဲ့သည်။

 

 

ရှန်းကွေ့ရှောင် က ခေါင်းကို လှည့်ပြီး သူ့သမီးကို ကြည့်လိုက်သည်။  သူမ ဝမ်းသာ၊ ဝမ်းနည်းဖြစ်နေသည်။ဝမ်းသာမိတာက သူမ၏မျက်နှာက အသက် ၁၈ နှစ်သာရှိသေးသည့်အလား ငယ်ရွယ်သောအပျိုဖြစ်စဥ်အချိန်ကကဲ့သို့ပင် နုပျိုနေတာကြောင့်မလို့ပဲ[1] ရှန်းကွေ့ရှောင် ဝမ်းနည်းမိတာက မကြာသေးမီနှစ်များအတွင်း သူ့သမီးဒုက္ခများစွာ ခံစားခဲ့ရသည့်အတွက်ကြောင့်မလို့ဖြစ်သည်။ အဲ့တာက လု မိသားစုရဲ့ အမှိုက်မဟုတ်ရင် ဘယ်လိုယောက်ျားမျိုးက သူမရဲ့ကလေးနဲ့ မထိုက်တန်တာလဲ။ အတွင်းရေးမှူး ကျောက် နဲ့ အမြတ်အစွန်းအတွက် သူမ စိတ်ပူနေစရာမလိုပေ။

 

 

တုန်းဟောင်ထျန်ရဲ့မိသားစုကို ကျောက်တုန်းလင် ရောက်ရှိလာပြီ ဖြစ်သည်။ ကျောက်ဂျူဟွာက သူ့ကို ဧည့်ခန်းမှာ လက်ဖက်ရည်သောက်ခိုင်းထားပြီး တုန်းဟောင်ထျန်ကတော့ အိမ်ရှင်လည်းဟုတ်တယ် ဧည့်သည်လည်းဟုတ်တယ်။

 

“တုန်းလင်၊ မင်းအရင်ဆုံးထိုင်ပြီး အနားယူလိုက်ဦး၊ ဒေါ်လေး ကွေ့ရှောင် နဲ့ ညီမ ကျားဟွေ့ ခနနေရင်ရောက်လာကြလိမ့်မယ် ”

 

ကျောက်တုန်းလင်က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်ကာ ပါးစပ်ထောင့်မှာ ပေါ်လွင်နေတဲ့ အပြုံးကို ဖုံးကွယ်လိုက်သည်။

 

 သူဟာ ညဘက်အိပ်မပျော်နိုင်တဲ့ လူကလေးဖြစ်ပြီး သူကြိုက်တဲ့မိန်းကလေးကိုတွေ့ရင် နားရွက်ကုတ်တဲ့အရွယ်ကို ကျော်လွန်သွားပြီလို့ ပြောရတာ ကျိုးကြောင်းဆီလျော်သည်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဆိုကတည်းက တုန်းကျားဟွေ့ ကို မကြာခဏ တွေးနေမိတော့သည်။

 

 

သူမ၏ အိန္ဒြေနှင့် အလှတရားကို သူအားကျရှုစားခဲ့သည်။ သူမရဲ့ စေ့စေ့စပ်စပ် နားလည်မှုနှင့် အသိပညာပြီးတော့ သူမရဲ့ အငယ်တွေကို သင်ကြားပေးမှုနှင့် ဂရုစိုက်မှု၊ ခင်မင်မှုတို့နှင့်အတူ သူတစ်ခါမှ မခံစားဖူးသော တန်ဖိုးထားမှုက ရောထွေးနေသည်။

 

 

အကယ်၍ တုန်းကျားဟွေ့က အေးချမ်းသော ကြာပန်းကဲ့သို့ မွှေးနေပါက၊ သူ၏ ဇနီးဟောင်း ဝမ်မိန့်က အနီရောင် တောက်တောက် ဖြစ်နေသည်။

 

“သူတို့လာကြပြီ ”

 

 

ကျောက်ဂျူဟွာ အသံက ကျောက်တုန်းလင်၏ အာရုံကို ပြန်ဆွဲခေါ်လိုက်တဲ့အချိန် ကျောက်တုန်းလင်ရဲ့ အတွေးများ လွင့်ပျံသွားခဲ့သည်။ ကျောက်ဂျူဟွာ ၏လက်ညှိုးညွှန်ရာနောက်ကိုလိုက်ကြည့်လိုက်တဲ့အခါမှာ ရက်အနည်းငယ်ကြာအောင် သူ့စိတ်ထဲရှိနေခဲ့သည့် မိန်းကလေးကို ကျောက်တုန်းလင် တွေ့လိုက်ရသည်။

 

“ဒေါ်လေး၊ ကျားဟွေ့၊ ကျွန်မ ဒေါ်လေးတို့နှစ်ယောက်ကို မျှော်နေတာ ”

 

 

တုန်းဟောင်ထျန်၏ မိသားစုသည် ခြံဝန်းအတွင်း ဝါးပင်အမြောက်အမြားကို စိုက်ထားကြသည်။  ဝါးတွေက စိုစွတ်ပြီး သူတို့ကိုမြစ်ကမ်းစပ်တွင် စိုက်ထားသည်။  မြစ်ကမ်းပါးတစ်လျှောက် သူတို့ လျှောက်လာသောအခါတွင် တုန်းကျားဟွေ့ ၏စိတ်မငြိမ်မသက်ဖြစ်မှုကို လျော့ပါးစေသည့် သဘာဝလေအေးပေးစက်က လေမှုတ်လိုက်ပုံရသည်။

 

လူအနည်းငယ်က သူတို့ကိုကြိုဆိုရန် တံစက်မြိတ်အောက်တွင်ရပ်နေကာ တုန်းကျားဟွေ့က ကြင်နာတာက ခေါင်းကိုအနည်းငယ်ငုံ့ထားသည်။ ကျောက်တုန်းလင် ၏မျက်လုံးများသည် အချိန်အတော်ကြာ သိမ်မွေ့စွာ တစိုက်မတ်မတ်ထားပြီး သူမပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေကာ လူများပိုမိုနီးကပ်လာသောအခါတွင် သူက လူကြီးလူကောင်းဆန်တဲ့လူလို တည်ငြိမ်နေသည်။  တုန်းကျားဟွေ့ ကို မကြည့်ဘဲ ရှန်းကွေ့ရှောင် ဆီမှာ အာရုံစိုက်ခဲ့သည်။

 

“မင်္ဂလာပါ အဒေါ်၊ ကျွန်တော်က ကျောက်တုန်းလင်ပါ ”

 

ကျောက်တုန်းလင်က အရပ်ရှည်ပြီး ဖြောင့်တယ်၊သဘာဝကျတဲ့ မျက်နှာဖြင့် လူများကို ကြည့်လိုက်သောအခါ သူ့မျက်လုံးတွေက တည်ကြည်ပြီး သူ့မျက်နှာက အနည်းငယ် ထူးဆန်းပြီး တည်ငြိမ်မှုရှိသော အပြုံးတစ်ခုနှင့် ရောနှောနေကာ လူအများကို ရင်းနှီးမှုအား ခံစားရစေသည်။ ရှန်းကွေ့ရှောင်၏ သူ့အပေါ် ပထမဆုံးအမြင်က အလွန်ကောင်းသည်။

 

“ အိုး၊ ဒါက အတွင်းရေးမှုး ကျောက် မဟုတ်လား။”

 

 

ကျောက်တုန်းလင် မျက်နှာသည် အပြုံးပန်းများဖြင့် ပွင့်လန်းလာပြီး ရှန်းကွေ့ရှောင်၏ လက်ကို အနည်းငယ် ဆုပ်ကိုင်ကာ သူမကို အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။  သူက သွယ်ဝိုက်ပြီး နှိမ့်ချစွာပြောလိုက်သည်။ “ကျွန်တော်က ဘာလို့ အတွင်းရေးမှုး ကျောက် ဖြစ်ရတာလဲ။ အဒေါ်၊ ကျွန်တော့်ကို ရှောင်ကျောက် ဒါမှမဟုတ် တုန်းလင်လို့ခေါ်လို့ရတယ် ”

 

 

စကားလုံးအနည်းငယ်ဖြင့် ရှန်းကွေ့ရှောင်ကို ကျောက်တုန်းလင်က ပြုံးရန် ချော့ပေးခဲ့သည်။ တုန်းကျားဟွေ့က ဘေးနားမှာ ရပ်လိုက်ပြီး ဒီအတွင်းရေးမှူး ကျောက်ကို သူမရဲ့ နှလုံးသားထဲက သဘောကျစွာ ကြည့်နေခဲ့သည်။

 

“ဒီနေ့ ငါတို့မိသားစု အလုပ်များတော့မယ်။ လူတိုင်းထိုင်ပြီး စကားပြောသင့်တယ်။  ရေငတ်ပြေအောင် ဘာလီလက်ဖက်ရည် သောက်လိုက်ဦး။ လာပါ ကျားဟွေ့ တစ်ယောက်တည်းရပ်မနေနဲ့လေ။ နင့်ယောင်းမနဲ့ ဒီမှာလာထိုင်။”

 

 

ကျောင်ဂျူဟွာမှ စီစဉ်ပေးသည့် နေရာထိုင်ခင်းအရ တုန်းကျားဟွေ့ နှင့် ကျောက်တုန်းလင် တို့က မျက်နှာချင်းဆိုင် ထိုင်ကြပြီး ကျောက်ဂျူဟွာ က တုန်းကျားဟွေ့ သောက်ဖို့အတွက် ဘာလီလက်ဖက်ရည်တစ်ခွက် ယူလာခဲ့သည်။

 

“ဒေါ်လေး၊ ကျားဟွေ့ က နူးညံ့သိမ်မွေ့တယ်လို့ ကျွန်မတကယ်ပဲမပြောပြခဲ့ဘူးနော်။ သူမ ရေသောက်တဲ့အချိန် တခြားသူတွေထက် နည်းနည်းပိုပြီး သိမ်မွေ့တယ်။”

 

 

ကျောက်ဂျူဟွာက ကျားဟွေ့ ကို ချီးကျူးခဲ့သည်။ တုန်းကျားဟွေ့ ရေသောက်နေတဲ့အချိန် သီးလုနီးပါးဖြစ်သွားသည်။ မျက်နှာနီနီနဲ့  ချောင်းနှစ်ခါဆိုးလိုက်ရသည်။ ကျောက်တုန်းလင် မျက်လုံးတွေက သူမဆီမှာ ရပ်သွားသည်ကို ခံစားလိုက်ရသောအခါ တုန်းကျားဟွေ့  နားရွက်တွေ နီရဲသွားသည်။

 

 

တုန်းကျားဟွေ့က အိမ်ထဲသို့ ဝင်လာသောအခါတွင် သူမ၏ ကောက်ရိုးဦးထုပ်ကို ချွတ်လိုက်သည်။  ဖြူဖွေးသော မျက်နှာငယ်လေး၊ နက်မှောင်သောဆံပင်နှင့် ထူထဲသော မျက်ခုံးမွှေးများ၊ သူမ၏ မျက်လုံးတွေထဲက အပြုံးတစ်ခု၊ ချောင်းဆိုးနေရာမှ ပြုံးလိုက်သောအခါတွင် နူးညံ့သိမ်မွေ့သော အရသာကို တိုးလာစေသည်။

 

ကျောက်ဂျူဟွာ အံ့သြသွားသည်။  ကျားဟွေ့ က တကယ်ကို ပိုကောင်းလာသည်။  လွန်ခဲ့သည့်လအနည်းငယ်က သူမပြန်ရောက်သည့်အချိန်နှင့် ဘယ်လောက် ကွာခြားသလဲဆိုတာကို ပြောနေစရာကိုမလိုသော်လည်း သူမ ကလေးဘဝတုန်းကတော့ ကျားဟွေ့က တကယ်ကို ချောမောလှပသော မိန်းကလေးတစ်ဦးဖြစ်သော်လည်း ဒီလိုပုံမျိုးမဟုတ်ခဲ့ပေ။ အကြည့်တစ်ချက်မှာ ကျောက်တုန်းလင် သူမကို မျက်စိကျနေတာက အံ့သြစရာမရှိပေ။

 

 “ ပြောင်းလဲမှုအဆင့်က နှလုံးသားမှ ပေါက်ဖွားလာသည်”[2] လို့ပဲ ဆိုနိုင်သည်။ တုန်းကျားဟွေ့ ၏အသွင်အပြင်သည် သူမ၏ကိုယ်ပိုင်အသွင်အပြင်နှင့် ပို၍နီးကပ်လာသည်။ ဘာလို့လဲဆိုတော့  သူမ၏ အပြောင်းအလဲတွေက တစ်နေ့ထက်တစ်နေ့ တိုးလာနေသောကြောင့် တုန်း မိသားစုက ဘာကွာခြားမှုကိုမှ မမြင်နိုင်ပေ။  ကျောက်ဂျူဟွာ လိုမျိုး ခြားနားချက်ကို မတွေ့ရတာကြာပြီဖြစ်သော သူများသာ သိနိုင်သည်။

 

...

 

 ကိုးကားချက်များ

 

 ↑1  အပျို

 

↑2 ဤနေရာတွင် “အဆင့်” သည် ရုပ်ပိုင်းဆိုင်ရာအဆင့် သို့မဟုတ် အသွင်အပြင်တစ်ခုလုံးကို ရည်ညွှန်းပြီး “စိတ်နှလုံးမှ မွေးဖွားသည့်အဆင့်” သည် လူတစ်ဦးမြင်နိုင်သောအရာများ သို့မဟုတ် နားလည်မှု၊ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် အရာရာကို ခံယူချက်က သူ့နှလုံးသားနဲ့ ဆုံးဖြတ်သည်။