အပိုင်း ၃၀
Viewers 7k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း

 

အပိုင်း ၃၀

 

 

 

 တုန်းကျားဟွေ့ အခန်းထဲကို ဝင်လိုက်သည်နှင့် သူမသည် လေထဲတွင် တင်းမာပြီး မွန်းကျပ်တဲ့အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူမ နှုတ်ခမ်းကိုကိုက်လိုက်ပြီး ကျောက်တုန်းလင်ဆီကနေ ဖြတ်သွားပြီးနောက် မှန်တင်ခုံရှေ့မှ သူမရဲ့ဆံပင်များကို ပွတ်သပ်လိုက်သည်။

 

 

မှန်တင်ခုံက ကုတင်နဲ့မျက်နှာချင်းဆိုင် စားပွဲခုံ ညာဘက်တွင်ရှိသည်။  ကျောက်တုန်းလင်က သူမကိုကြည့်ဖို့ ခေါင်းကိုလှည့်လိုက်ပြီး တုန်းကျားဟွေ့ရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်က သူမရဲ့ဆံပင်တွေကို ပွတ်သပ်လိုက်တဲ့ လုပ်ဆောင်ချက်နဲ့အတူ ထင်ရှားလာသည်။

 

 

သူမ ခေါင်းကို တစ်ဖက်ကို မျက်နှာမူထားသည်။  သူ့ရဲ့တည်နေရာကနေ သူမရဲ့နူးညံ့တဲ့ မေးစေ့၊ လက်ထိပ်လေးတွေကနေ သွယ်လျတဲ့ လက်ကောက်ဝတ်တွေ၊ ရေချိုးပြီးနောက် နှင်းလိုမျိုးဖြူဖွေးတဲ့ အသားအရေနဲ့  နှုတ်ခမ်းသားတွေက အနီရောင်ခြယ်သထားသလိုပဲဖြစ်နေတာကို သူ မြင်နေရသည်။

 

 

ကျောက်တုန်းလင် မသိစိတ်ကနေ တံတွေးမျိုချလိုက်သည်။  အသက်ပြင်းပြင်းရှူပြီး ခေါင်းကိုလှည့်ကာ သူ့ကိုယ်သူ ကြည့်နေတာမှ ရပ်တန့်ရန် တွန်းအားပေးလိုက်သည်။

 

 

တုန်းကျားဟွေ့ ဆံပင်တစ်ဝက်လောက် ခြောက်သွားသည်အထိ ခေါင်းဖြီးနေခဲ့သည်။ သူမလှည့်ကြည့်လိုက်တော့ ကျောက်တုန်းလင် စားပွဲရှေ့တွင် ထိုင်နေသေးသည်ကို သူမတွေ့လိုက်ရသည်။

 

အကျပ်ရိုက်စရာကြီး။ ဒီဘက်ခေတ်မှာ ညအချိန်ဆို အပန်းဖြေဖို့ လှုပ်ရှားမှုတွေ မရှိဘူး။ တီဗွီမရှိ၊ ဆဲလ်ဖုန်းမရှိ၊ အင်တာနက်မရှိ၊ ကျောက်တုန်းလင် ပြန်ယူလာတဲ့ အစည်းအဝေးအစီရင်ခံစာကလွဲလို့ အိမ်မှာ စာအုပ်မရှိပေ။

 

 

အပြင်မှာ မှောင်နေပေမယ့် အခုက ရှစ်နာရီပဲရှိသေးတာ။သူမ အိပ်ချင်ရင်တောင် အိပ်လို့မပျော်ပေ။

 

တုန်းကျားဟွေ့ မျက်လုံးတွေကိုမှိတ်ပြီး အိပ်ရာပေါ်တွင် လှဲနေပြီး သိုးများကို စတင်ရေတွက်နေတော့သည်။  9နာရီလောက်မှာ ကျောက်တုန်းလင်က သူ့ဖိနပ်စီးပြီး ကုတင်ဘက်လျှောက်လာကာ သူ့အင်္ကျီကို ချွတ်ပြီး ကုတင်ပေါ်တက်လာခဲ့သည်။

 

 

တိတ်ဆိတ်သောညတွင် အနည်းငယ်သော လှုပ်ရှားမှုမှန်သမျှသည် တုန်းကျားဟွေ့ ၏စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ချဲ့ထွင်လာပုံရသည်။ သူမ မျက်လုံးဖွင့်ပြီး ခြင်ထောင်ပေါ်က ပုံစံဖော်ထားတာကို ကြည့်လိုက်သည်။ အဲ့တာက မင်္ဂလာပွဲအတွက် ပြင်ဆင်ထားတာကြောင့် မန်ဒရင်ဘဲဝတုတ်များနှင့် ခြယ်လှယ်ထားသည်။

 

 

ကျောက်တုန်းလင်ရဲ့ လက်က တုန်းကျားဟွေ့ ခါးကိုဖက်လာသောအခါ သူမနှလုံးက အခုန်မြန်လာပြီး သူမတစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။

 

“ ကျားဟွေ့  ”

 

ကျောက်တုန်းလင်က သူမနားထဲကို တိုးတိုးလေးနဲ့ နူးနူးညံ့ညံ့လေးပြောလာပြီး တုန်းကျားဟွေ့ လှည့်လာတော့ ကျောက်တုန်းလင်ရဲ့ မျက်လုံးတွေနဲ့ဆုံသွားခဲ့သည်။

 

 

သူ့မျက်လုံးများတွင် အလင်းရောင်များ ထွန်းလင်းနေပုံရပြီး ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှု အရှိန်အဟုန်ကို ထိုမျက်လုံးများအောက်တွင် ဝှက်ထားသည်။ တုန်းကျားဟွေ့ အသက်ရှုသံတွေ ဖရိုဖရဲဖြစ်လာသည်။ ကျောက်တုန်းလင်ရဲ့ အနမ်းက သူမ နှုတ်ခမ်းပေါ်သို့ ကျဆင်းလာသောအခါတွင် သူမ၏ အာရုံများကို တဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။

 

“မကြောက်ပါနဲ့၊  ကိုယ်ဖြည်းဖြည်းပဲလုပ်မှာပါ။”

 

တုန်းကျားဟွေ့  မျက်လုံးတွေက မျက်ရည်တွေနဲ့ တောက်ပနေသည်။ အသံမထွက်အောင် နှုတ်ခမ်းကို တင်းတင်းကိုက်ထားသည်။  ကျေးလက်အိမ်ဆိုတာက ကောင်းစွာ အသံမလုံသည့်အပြင် တစ်စုံတစ်ယောက်ကြားသွားခဲ့ရင် အရမ်းရှက်စရာကောင်းသည်။

 

 

အဲ့တာက နာကျင်ခြင်း သို့မဟုတ် ခံနိုင်ရည်ရှိရန် ခက်ခဲသော်လည်း ကျောက်တုန်းလင်က မလောခဲ့ပေ။  ဤအနည်းငယ်အေးမြသောညက သူတို့ဝိညာဉ်တွေရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်ခဲ့သည်။

 

ပြီးသွားတဲ့နောက် ကျောက်တုန်းလင်က သူ့လက်နှစ်ဖက်ကို တုန်းကျားဟွေ့ ပတ်ပတ်လည်တွင် ပတ်ထားပြီး သူ့လက်မောင်းများ၏ နွေးထွေးမှုကို စောင်များမှတဆင့် ပွတ်သပ်လိုက်သည်။

 

 

“မနေ့က ကိုယ် နည်းနည်းတော့ အံ့သြသွားတယ်။  မင်းအဲ့အကြောင်းပြောပြချင်လား။”

 

တုန်းကျားဟွေ့ ရှင်းပြချက်ပေးပြီး သူမတွေးဖူးတဲ့ အကြောင်းပြချက်ကို ပြောပြလိုက်သည်။

 

“သူအဲ့တာကိုမလုပ်နိုင်ဘူး ပြီးတော့ သူ ကျွန်မကိုမထိခဲ့ဖူးဘူး။”

 

 

ကျောက်တုန်းလင် မျက်လုံးမှိတ်လိုက်သည်။  ဒီအကြောင်းပြချက်ကို သူတွေးထားပေမယ့် အမှန်ဖြစ်ဖို့တော့ မမျှော်လင့်ထားပေ။

 

ကျားဟွေ့ ကွာရှင်းပြတ်စဲခဲ့တာကို အစကတည်းက သူစိတ်ထဲမထားခဲ့ပေမယ့် ဘဝက သူ့ကို တကယ်ကို အံ့အားသင့်စေခဲ့သည်။  ဒီအံ့သြသင့်စရာက ကြီးမားလွန်းပြီး သူ့အိမ်ထောင်ရေးကိုလည်း ပြန်စဉ်းစားခဲ့ရသည်။

 

 အရင်ကတော့ ကျားဟွေ့ တကယ်ကလေးမရနိုင်ရင် အရေးမကြီးပေ။ သူတို့ ဟိုင်းဒန်နဲ့ ယင်းပေါင်ကို အတူတူ ပြုစုပျိုးထောင်နိုင်မယ်လို့ သူတွေးထားခဲ့သည်။ သူတကယ်လိုချင်ခဲ့တာက နူးညံ့သိမ်မွေ့တဲ့ ဇနီးသည်နဲ့ နွေးထွေးတဲ့ မိသားစုလေးဖြစ်သည်။  ကလေးအရေအတွက်က သူတို့ရဲ့ အိမ်ထောင်ရေးပျော်ရွှင်မှု၏ အခြေခံမဟုတ်ပေ။

 

 

ယခုမူ ကျားဟွေ့ နဲ့ လုချန်းယွမ်က ဤအကြောင်းပြချက်အတွက် သားသမီးမရခဲ့ပေ။ သူတို့ ကလေးမရနိုင်တာက မမှန်တဲ့အတွက် နောင်အနာဂတ်မှာ ကလေးရနိုင်ခြေက အရမ်းများသည်။

 

အနာဂတ်တွင် ကျားဟွေ့နှင့် ကလေးယူရန် စိတ်ကူးဖြင့် ကျောက်တုန်းလင်က စိတ်လှုပ်ရှားနေပြီး တစ်ချိန်တည်းတွင် ဟိုင်းဒန်နှင့် ယင်းပေါင်ကို စိတ်ပူမိသည်။  ယခု ကျားဟွေ့က ယင်းပေါင် နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပုံရသည်။ အဲဒါကို သူ စိတ်ပူနေစရာ မလိုပေ။  တကယ်တော့ ယင်းပေါင်က ငယ်ရွယ်သေးပြီး ဝမ်မိန့်ကို စိတ်ထဲမရှိပေမယ့် ဟိုင်းဒန်အတွက် ကကျတော့ မတူပေ။  သူက လေးနှစ်ရှိပြီ၊ ဝမ်မိန့် ထွက်သွားတုန်းက မှတ်ဉာဏ်ကသူ့မှာရှိနေသည်။

 

 

လွန်ခဲ့သော နှစ်ရက်က ကျားဟွေ့ အပေါ် နားမလည်နိုင်သော ရန်လိုစိတ်ရှိနေတဲ့ ဟိုင်းဒန် အကြောင်းကိုတွေးမိတော့၊ ပဋိပက္ခ ပိုမိုပြင်းထန်လာမှာကို စောင့်မျှော်နေတာက ဆိုးရွားလာလိမ့်မည်။ ပြဿနာကို အမြန်ဆုံးဖြေရှင်းလိုက်တာက ပိုကောင်းတယ်လို့ ကျောက်တုန်းလင် ခံစားမိသည်။

 

“အရင်က မင်းမှာခက်ခဲတဲ့အချိန် ရှိခဲ့ဖူးလား။”

 

 

အခြားသူများ၏ ပါးစပ်ထဲတွင် အပြစ်သားတစ်ဦးဖြစ်ရန် ခဲယဉ်းသင့်ပြီး အခြားသူများထံမှ ကောလာဟလများကို ခိုင်လုံမှုမရှိတဲ့ စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။

 

 

သူမကွာရှင်းပြီးတဲ့ အချိန်မှာ သူက စစ်တပ်ထဲမှာ ရှိနေတုန်း၊ ပြီးတော့ သူပြန်လာတော့ ကွာရှင်းပြတ်စဲမှုကြောင့် မြစ်ထဲကို ခုန်ချသွားတယ်လို့ လူတွေက ပြောတာကို သူ ကြားခဲ့ရသည်။  ကျောက်တုန်းလင်က မြို့တွင် ကျားဟွေ့နဲ့ ပထမဆုံးတွေ့သောအခါတွင် သူမပြသခဲ့တဲ့ နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့လူက မြစ်ထဲသို့ခုန်ချပြီး သေချင်နေတဲ့လူရဲ့ပုံမျိုးမပေါ်ခဲ့သောကြောင့် ကျောက်တုန်းလင်က ဤကောလဟာလကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။

 

 

ကျောက်တုန်းလင် သူမကို မေးပြီးနောက်၊ တုန်းကျားဟွေ့ ဟာ သူမမှာ ခက်ခဲတဲ့အချိန်ရှိသလားဆိုတဲ့ မေးခွန်းကို သေချာစဉ်းစားခဲ့သည်။ သူမ မလာခင်နှင့် လာပြီးနောက် ခွဲခြားပြီး အဖြေပေးရမည်။

 

 

အဲ့တာက မူလပိုင်ရှင်အတွက် နာကျင်စေတာဖြစ်ရမည်။  အမှန်တော့ ဒီခေတ်မှာ ကွာရှင်းတယ်ဆိုတာက ကိစ္စ အကြီးကြီးပဲ။  မဟုတ်ရင် မူလပိုင်ရှင်က ဘာကြောင့် မြစ်ထဲကို ခုန်ချပြီး သတ်သေရမှာလဲ။  ဒါပေမယ့် မိမိကိုယ်ကို ပြန်မေးနေရင်တော့ သူမ တကယ်အဆင်ပြေသည်။  တုန်း မိသားစုက သူမအပေါ် ကောင်းတယ်လေ။  သူတို့က သူမကို အကြီးမြတ်ဆုံးသော စေတနာဖြင့် လက်ခံခဲ့ကြပြီး လက်ထပ်ဖို့ သူမအတွက် တစ်စုံတစ်ဦးကိုမှ သူတို့မရှာခဲ့ကြပေ။  ဒါက သူမအတွက် ကျေးဇူးတင်ဖို့ လုံလောက်သည်။

 

သေချာပါတယ်၊ သူမ ဘယ်သူ့ကိုမှ လက်ထပ်မှာမဟုတ်ဘူး၊ ဒါပေမယ့် တုန်း မိသားစုက သိပ်ကြင်နာမှုမရှိဘူးဆိုရင် သူမရဲ့ဘဝဟာ အရမ်းခက်ခဲပါလိမ့်မည်။ သူမ လွတ်မြောက်သွားရင်တောင် ဘယ်ကိုသွားရမှန်းမသိတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရလိမ့်မည်။  မိတ်ဆက်စာ၊ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတွေ မရှိပေ။  သူမ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း နေထိုင်နိုင်မှာမဟုတ်ပေ။  မှတ်ပုံမတင်ထားတဲ့ အိမ်ထောင်စုနဲ့ပဲ သူမ နေထိုင်လို့ရမှာ။

 

ထို့အပြင်၊ ဒီထူးဆန်းတဲ့ခေတ်တွင် အမျိုးသမီးငယ်တစ်ဦးက သဘောတူညီချက်ချိုးဖောက်မှုမှ မိမိကိုယ်ကို ကာကွယ်နိုင်မှု ရှိ၊ မရှိမှာလည်း ပြဿနာတစ်ရပ်ဖြစ်သည်။  ထို့ကြောင့် သူမသည် တုန်း မိသားစု၏ ကြင်နာမှုနှင့် ရိုးသားမှုအတွက် အမြဲကျေးဇူးတင်နေခဲ့သည်။

 

“ကံကောင်းတာက အရင်ကအကြောင်းအရာတွေက အတိတ်မှာပဲရှိတယ်။  သူတို့အကြောင်း လုံးဝ မတွေးချင်ဘူး။”

 

ကျောက်တုန်းလင်က သူမ၏ဆံပင်ထိပ်ကို သနားကြင်နာစွာဖြင့် နမ်းလိုက်ပြီး သူမကိုအနည်းငယ်တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။

 

“ဒါဆို အဲ့တာကိုမစဉ်းစားနဲ့တော့။ အနာဂတ်မှာ ကိုယ်တို့ရဲ့ဘဝတွေကို အတူတူဖြတ်သန်းကြရအောင်။”

 

“အင်း”

 

 

တုန်းကျားဟွေ့က သူ့အရင် ဇနီးဟောင်းအကြောင်း ကျောက်တုန်းလင်ကို မေးချင်ပေမယ့် သူမပါးစပ်ကနေ စကားတွေ ထွက်မလာခဲ့ပေ။  အကြောင်းရင်းတစ်ခုမှာ သူမသည် ကောင်းမွန်သောလေထုကို မချိုးဖျက်ချင်သောကြောင့်ဖြစ်ပြီး နောက်တစ်ချက်မှာ ကျောက်တုန်းလင်နှင့် သူ၏ဇနီးဟောင်း၏ အရေးကိစ္စများကို သူမ မသိချင်သောကြောင့်ဖြစ်သည်။

 

ပိုပြီးသိတာက သူမကို စိတ်မချမ်းသာစေပေ။  အဲဒါကို ဘာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခံရမှာလဲ။ သူ သူမအပေါ် ကောင်းနေသရွေ့ စိတ်အနှောင့်အယှက်မဖြစ်ပေ။

 

 

ညဉ့်နက်နေပြီ။ သစ်ပင်၏ အရိပ်က လေအေးထဲတွင် ရွေ့လျားနေသည်။  အခန်းထဲမှာ မှောင်နေပေမယ့် ပူသည်။ ကျားဟွေ့ မနက်စောစောမှာ အိပ်သွားခဲ့သည်။  နောက်တစ်နေ့တွင် ကြက်တွန်သံကြားသဖြင့် မျက်လုံးဖွင့်ရန် သူမ ရုန်းကန်နေရသည်။  သူမခန္ဓာကိုယ်က နာကျင်မှုကြောင့် အံ့ဩသွားသည်။

 

 

သူမ အော်လိုက်သည်။ ကျောက်တုန်းလင်က သူ့လက်ဖဝါးကို ဖြန့်ကာ သူမအဝတ်အစားများကိုဖြတ်ပြီး စတင် နှိပ်နယ်ပေးလိုက်သည်။

 

သူက စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အပ်စိုက်တဲ့အချက်များနှင့် နှိပ်ခြင်းတို့တွင် အလွန်ကောင်းမွန်ခဲ့သည်။

 

“ပင်ပန်းတယ် မဟုတ်လား။  ဒီနေ့ စောစောထဖို့ မလိုပါဘူး။ နည်းနည်းလောက် ပိုအိပ်လိုက်။ ”

 

 

မနေ့ညက သူ မထိန်းချုပ်နိုင်ခဲ့ပေ။  သူ အဲ့တာကို ထပ်ခါထပ်ခါ တောင်းဆိုခဲ့သည်။  အဆုံးမှာတော့ သူ့မိန်းမက ဝေဒနာခံစားရချိန် ကျောက်တုန်းလင်လည်း စိတ်ပူရသည်။

 

 

ကံကောင်းထောက်မစွာနဲ့ အဲ့တာက အရမ်းရောင်နေတာမဟုတ်ပေ။

 

 

တုန်းကျားဟွေ့  မျက်နှာက နီရဲပြီး ရှက်ရွံ့နေကာ ကျောက်တုန်းလင်ရဲ့ အသည်းညှာကို မသိစိတ်က မွှေနေခဲ့သည်။

 

“ ဒါဆို မင်းအတွက် ကိုယ် ပွတ်ပေးမယ်။ ”

 

“အင်း”

 

 

ကျားဟွေ့ ညင်သာစွာ  ဖြေလိုက်ပြီး ကျောက်တုန်းလင်  ရင်ဘတ်ကို မှီလိုက်သည်။  သူမက ယုန်ငယ်လေးကဲ့သို့ နူးညံ့ပြီး လိမ္မာပါးနပ်သည်။ ကျောက်တုန်းလင် နှလုံးသားက အပြည့်အ၀ မခုခံနိုင်တော့ပေ။  သူ့မျက်နှာမှာ သိမ်မွေ့သော အပြုံးဖြင့် ပြည့်နှက်နေသည်။

 

 

တုန်းကျားဟွေ့ နောက်ဆုံးတွင် ထလိုက်သေးသည်။  သူမ၏ ရှည်လျားသော ဆံပင်တွေက သူမ၏ ပခုံးထက်တွင် ကျနေတော့ သူမရဲ့လက်နဲ့ ဖြီးလိုက်သည်။  ကျောက်တုန်းလင် တကယ်ကို ဖျားနေပြီ။ သူ သူမကို တနေကုန် ငြိမ်သက်စွာ ကြည့်နေနိုင်သည်။  ဆံပင်ကို လက်နဲ့ ဖြီးတာပဲဖြစ်ဖြစ်၊ အဝတ်လဲတာပဲဖြစ်ဖြစ်၊ စောင်ခေါက်နေတာပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ပြီး ဆံပင်ဖြီးတာပဲဖြစ်ဖြစ်၊သူမရဲ့ လှုပ်ရှားမှုတိုင်းက လှပနေသည်။

 

“ရှင်ဘာလို့ ကျွန်မကို ဆက်ကြည့်နေတာလဲ။”

 

“မင်းကအရမ်းလှလို့လေ။ ”

 

 

တုန်းကျားဟွေ့ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်သည်။ “အတွင်းရေးမှူး ကျောက်က တကယ်စကားပြောတက်တယ်နော်။ သကြားတွေ  အလွန်အကျွံစားထားလို့လား။”

 

ကျောက်တုန်းလင် လျှောက်လာခဲ့ပြီး သူက သူမရဲ့နှုတ်ခမ်းတွေကို နမ်းပြီး သူမကိုခဏလောက် ဖက်ထားလိုက်သည်။ သူက သူမကို ငုံ့ကြည့်ပြီးမေးလိုက်သည်။ “ မြည်းကြည့်ပြီးပြီလား။ ကိုယ်သကြားစားထားလား။”

 

 

တုန်းကျားဟွေ့ သူ့ ရင်ဘတ်ကို ရိုက်လိုက်သည်။  သူမသည် ယခင်က ကျောင်းဝင်းထဲတွင် ဖြူစင်သော ချစ်ခြင်းမေတ္တာတစ်ခုသာ ရှိခဲ့သည်။  သူမသည် ယောက်ျားများနှင့် ထိတွေ့ဆက်ဆံမှုမျိုးကိုတစ်ခါမှ မကြုံဖူးပေ။  အရင်ကတော့ ကျောက်တုန်းလင်က ရိုးသားပြီး ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်လို့ပဲ သူမထင်ခဲ့တာ။  သူ ပရောပရည်လုပ်နိုင်မယ်လို့ သူမ မမျှော်လင့်ထားဘဲ သူမကို ရှက်ရွံ့အောင်လုပ်ကာ နှလုံးခုန်အောင် သူ လုပ်နိုင်သည်။

 

 

သူမသည် သူ့အား နီရဲသောမျက်နှာဖြင့် စိုက်ကြည့်ကာ နှလုံးခုန်သံမြန်အောင်လာလုပ်တဲ့အတွက် သူ့ကို အပြစ်တင်နေသည်။

 

မီးဖိုချောင်ထဲမှာ ကျန်းချောင်းအာက အိပ်ရာကနိုးနေပြီး ရေနွေးအိုးတည်နေသည့။ ဟိုင်းဒန်က မီးဖိုရှေ့မှာ ထင်းနဲ့ကစားနေသည်။

 

“ နိုးပြီလား။”

 

 “ဟုတ်ကဲ့အမေ။ သမီး အိပ်ယာထနောက်ကျသွားလား။”

 

 

“မဟုတ်တာ  အမေ ရေနွေးအိုးတည်နေတာ။ ပွက်ပွက်ဆူလာတဲ့အခါ ရေနွေးအိုးနှစ်လုံးကို အရင်သုံးပြီး ကျန်တာကို မနက်စာချက်ဖို့ ချန်ထားမယ်။ ”

 

“ ဟုတ်ကဲ့။ ဒီနေ့ သမီး မနက်စာ ချက်လို့ရလား။”

 

“ကောင်းပြီ ဟင်းချက်တဲ့အပိုင်းကို အမေ သမီးနဲ့ ပြိုင်မှာမဟုတ်ဘူး။”

 

 

တုန်းကျားဟွေ့က  ပြုံးလိုက်သည်။  သူမက ဟိုင်းဒန်ကိုကြည့်ကာ ချီတုံချတုံနှင့် ကျော်သွားပြီး သူ့ခေါင်းကို ထိလိုက်သည်။

 

 

“ဟိုင်းဒန်၊ ဒီမနက် ဘာစားချင်လဲ။ မင်းအတွက် လုပ်ပေးမယ် ဟုတ်ပြီလား။”

 

 ဟိုင်းဒန်က သစ်သားနှင့်ကစားဖို့ ခေါင်းငုံ့ထားကာ ကျားဟွေ့ ကို မော့မကြည့်ခဲ့ပေ။

 

 

တုန်းကျားဟွေ့ စိတ်မကောင်းမဖြစ်ပေမယ့် ကျန်းချောင်းအာကတော့ အနည်းငယ် အကူအညီမဲ့နေခဲ့သည်။

 

 ဒီကလေး ဟိုင်းဒန်က ငယ်ရွယ်ပေမယ့် ပါးစပ်က တင်းကျပ်နေသည်။ သူ ပြောချင်တာကို ပွင့်ပွင့်လင်းလင်း မပြောနိုင်ပေ။  သူ့အမေအသစ်ကို ဘာကြောင့် လျစ်လျူရှုတာလဲဆိုပြီး သီးသန့်မေးခဲ့ပေမယ့် သူ စကားမပြောခဲ့ပေ။  ကျန်းချောင်းအာ အဲ့တာကို မကူညီနိုင်ခဲ့ပေ။

 

“ အမေ၊ အိမ်မှာ ရွှေဖရုံသီးရှိတာ တွေ့တယ်။ ကလေးတွေစားဖို့ ရွှေရုံသီးမုန့်လုပ်ချင်တယ်။ အဲ့တာ ဆီတစ်ချို့တော့ ကုန်မှာ။ ”

 

တုန်းကျားဟွေ့ တစ်ခုခု ပြောချင်ပေမယ့် သူ့ယောက္ခမကို မေးဖို့ ရည်ရွယ်ခဲ့တာ။

 

ရွှေဖရုံသီးမုန့်ကို ကြော်ဖို့အသုံးပြုတဲ့ဆီပမာဏက များပေမယ့် ကြော်ပြီးရင် ကျန်နေတဲ့ဆီတွေကို နေ့လယ်မှာ ကြော်တဲ့အခါ သုံးလို့ရနိုင်သေးတယ်ဆိုတော့ ဖြုန်းတာမဟုတ်ဘူးလို့ တုန်းကျားဟွေ့က ယူဆခဲ့သည်။

 

 “သမီးလုပ်ချင်ရင် လုပ်လို့ရတယ်။  သမီးမင်္ဂလာပွဲအတွက် ပဲပိစပ်ဆီ နည်းနည်းလုပ်ထားတယ်ဆိုတော့ ကျန်တစ်နှစ်စာအတွက် လုံလောက်ပြီပေါ့။ ”

 

 ယောက္ခမက သဘောတူပြီးနောက် တုန်းကျားဟွေ့က ဟိုင်းဒန်ဘက်ပြန်လှည့်ကာ “ မင်းရွှေဖရုံသီးမုန့်ကို ကြိုက်လား။ ချိုမြိန်ပြီး မွှေးကြိုင်တဲ့ ရွှေဖရုံသီးမုန့်က လိမ္မော်ရောင်ရှိတယ်။  အရသာရှိတာမို့ စားချင်ရင် ခေါင်ညိမ့်လိုက် ဟုတ်ပြီလား။”

 

 ရွှေဖရုံသီးကို သူ့မိဘတွေပိုင်သည်။  တုန်းကျားဟွေ့က အိမ်ထောင့်တွင် ရွှေဖရုံသီးတစ်ဒါဇင်ခန့် စုပုံထားသည်ကိုတွေ့သောအခါ ရွှေဖရုံသီးမုန့်လုပ်ရန် သတိရမိသည်။

 

 ဟိုင်းဒန်က မော့မကြည့်ဘဲ တုန်းကျားဟွေ့က သူမလက်ကို ခဏလောက်ကြည့်နေသည်ကို သတိပြုမိသည်။  သူသည် ထိုအကြောင်းအရာကို စိတ်ဝင်စားနေမှန်း သိသာသည်။

 

“ဒါဆို ဟိုင်းဒန် အတွက် ရွှေဖရုံသီး မုန့်လုပ်ပေးမယ်။ ”

 

 သူမထွက်သွားခင်မှာ သူမ နှလုံးသားထဲမှာ ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ ဟိုင်းဒန်ရဲ့ ခေါင်းကို ပွတ်သပ်လိုက်သည်။

 

 ဟိုင်းဒန်က သူမကို ဂရုမစိုက်ပေမယ့် သူမကမိထွေးလေ။ သူက အရမ်းငယ်သေးပေမယ့် သူ့အမေရဲ့ အချစ်ကို မရရှိသေးပေ။  တကယ်တော့ သူက အလွန်သနားစရာကောင်းသည်။

 

 သူမက ဝမ်မိန့် မဟုတ်ပေ။  ဝမ်မိန့်ကဘာလို့ မြို့ ပြန်သွားတာခဲဆိုတာကို သူမ မသိပေ။ သူမအမြင်အရတော့ ဒီဘက်ခေတ်မှာ အဆင်မပြေမှုတွေ အများကြီးရှိပေမယ့် ချစ်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေတုန်းပဲ။  အရေးကြီးဆုံးက ဝမ်မိန့်မှာ ကလေးနှစ်ယောက်ရှိနေပြီဖြစ်သည်။  သားသမီးတွေကို ချန်ထားခဲ့ချင်တာလား။

 

 လုပ်မယ်လို့ပြောတဲ့အခါ၊ တကယ်လုပ်လိမ့်မည်။  တုန်းကျားဟွေ့က ထောင့်က ရွှေဖရုံသီးကို ယူလိုက်သည်။  ရေဆေးပြီး တစ်ဝက်ခြမ်းပြီး တစ်ဝက်ကို ချန်ထားလိုက်သည်။ ကျန်တစ်ဝက်ကိုစေ့ ဖယ်ပြီး အခွံနွှာပြီးတော့ လှီးဖြတ်ကာ ထည့်စရာတစ်ခုထဲတွင် ထည့်လိုက်သည်။

 

 ရွှေဖရုံသီးကို ပြုတ်ဖို့ လိုအပ်ပြီး ကျန်းချောင်းအာက ရေနွေးတည်ခဲ့တာကြောင့် တုန်းကျားဟွေ့က ထည့်စရာအပေါ်မှာ အဖုံးကိုတင်ပြီး ရွှေဖရုံသီးကို ရေနွေးထဲထည့်လိုက်သည်။

 

 တစ်နာရီ လေးပုံတစ်ပုံခန့်ကြာသောကြောင့် တုန်းကျားဟွေ့က အခြားလိုအပ်သောမုန့်ညက်များကို ပြင်ဆင်ရန် အချိန်ယူခဲ့သည်။  ရွှေဖရုံသီးကို ပြုတ်ပြီးတော့ ဖယ်ထုတ်လိုက်သည်။  သူမသည် ဇွန်းဖြင့် သန့်စင်သော ဘူးထဲသို့ ဖိထည့်လိုက်သည်။  ထို့နောက် ဂျုံမှုန့်၊ ကောက်ညှင်းမှုန့်နှင့် သကြားညိုတို့ကို တစ်လှည့်စီ ထည့်ပေးသည်။  သူမသည် ၎င်းကို ကောင်းစွာရောစပ်ပြီး မုန့်ညက်တစ်ခုအဖြစ် မွှေလိုက်သည်။

 

မုန့်အဝိုင်းလုပ်ပြီးနောက် ကျားဟွေ့က ဝက်ပုံသဏ္ဍာန်ကို ဟိုင်းဒန်အတွက် စိတ်အားထက်သန်စွာ လုပ်ပေးခဲ့သည်။

 

 “ဟိုင်းဒန်၊ ဒီဝက်လေးကို ကြည့်လိုက်။ ဒီဝက်လေးကို မင်းစားဖို့ ငါဘယ်လိုလုပ်ရမလဲ။”

 

 ဟိုင်းဒန်က ကျားဟွေ့ လက်ထဲရှိ ဝက်ကာတွန်းပုံကို ကြည့်ပြီး သူ့မျက်လုံးများက ကလေးဆန်သော စူးစမ်းလိုစိတ်နှင့် ၎င်းကို လေ့လာလိုသည့် ခံစားချက်ကို ပြသလာသည်။  သူအရမ်းစိတ်ဝင်စားခဲ့တာ ထင်ရှားသည်။

 

 ဟိုင်းဒန်ရဲ့ အမူအရာ အပြောင်းအလဲကို မြင်လျှင် တုန်းကျားဟွေ့က ဟိုင်းဒန်ကို စကားလုံးများဖြင့် ဆက်လက်လမ်းညွှန်ခဲ့သည်။

 

 “ကြည့်ရတာ ဘယ်လောက်ချစ်စရာကောင်းလဲ။ မင်းဒါကိုကြိုက်လား။

 

 ဟိုင်းဒန်က တုန်းကျားဟွေ့ကိုကြည့်ပြီးနောက် သူမ၏လက်ထဲတွင်ရှိသော ဝက်ကလေးကိုကြည့်ကာ တုန်းကျားဟွေ့က သူတုံ့ပြန်မည်မဟုတ်ဟု ထင်လိုက်သောအခါတွင် ခေါင်းညိတ်သည်ကို သူမမြင်လိုက်ရသည်။

 

 တုန်းကျားဟွေ့ ရဲ့ နှလုံးသားထဲက ကျောက်တုံးကပြုတ်ကျသွားသည်။  တုံ့ပြန်မှုရှိနေတာ ကောင်းသည်။  သူ့နှလုံးသားထဲမှာ ကွက်လပ်တစ်ခုကို ဖွင့်ချင်နေသရွေ့တော့ သူမက သူ့ကို နည်းနည်းလေး ဂရုတစိုက်နဲ့ စိတ်ရှည်သည်းခံပြီး နွေးထွေးပေးနိုင်သည်။

 

 “မင်းကြိုက်တယ်ဟုတ်။ သုံးခုလုပ်ပေးမယ်။ ညီမလေးကိုကော ပေးလို့ရမလား။ ”

 

 ဟိုင်းဒန် အားပါးတရပြုံးလိုက်ပေမယ့် ပေးလိုက် လို့လဲမပြောသလို မပေးနဲ့လို့လည်းမပြောပေ။

 

 တုန်းကျားဟွေ့က ဟိုင်းဒန်ရဲ့ စိတ်ခံစားချက်များကို နားလည်ရန် ကြိုးစားခဲ့သည်။  ဒီဝက်လေးကို ကြိုက်သည်။  သူ့အတွက် သုံးခုနဲ့ သူ့ညီနဲ့ ညီမအတွက် ငါးခုလုပ်မယ်လို့ သူမက ပြောခဲ့သည်။  ဒါပေမယ့် သူ မပျော်ပေ။  ဆိုလိုတာက သူ့ညီမနဲ့ မဝေခွဲချင်ဘူးလို့ ဆိုလိုတာလား။

 

 ဒါကိုတွေးပြီး တုန်းကျားဟွေ့က ဟိုင်းဒန် ရဲ့ စိတ်ခံစားချက်တွေကို စိတ်ရှည်ရှည်နဲ့ နားလည်ခဲ့သည်။

 

“ဝက်ကလေးကို မင်းညီမနဲ့ မျှဝေဖို့ ဆန္ဒမရှိဘူးလား။ ဒါဆို ဝက်ကလေး၊ ယုန်လေး၊ ကြောင်လေး၊ ခွေးပေါက်စတဲ့ တိရစ္ဆာန်လေးတွေအများကြီးကိုလည်း လုပ်ပေးမယ်။ ညီမလေးတို့နဲ့ စိတ်ကြိုက်ရွေးလို့ရတယ်နော်။  ”

 

ယခင်က သကြားကိတ်မုန့်လုပ်ရန် သင်ယူခဲ့သော သူမဝမ်းကွဲ၏ ကျေးဇူးကြောင့်၊ သူမသည် ပရော်ဖက်ရှင်နယ်မဟုတ်သော်လည်း ကလေးများကို လှည့်စားရန်အတွက် တိရိစ္ဆာန်ပုံသဏ္ဍာန်ကိတ်မုန့်အနည်းငယ်ကို လှီးဖြတ်နိုင်သည်။

 

တုန်းကျားဟွေ့ ဒီလိုပြောပြီးနောက်မှာ ဟိုင်းဒန်က ခေါင်းညိတ်လိုက်သည်။

 

 ကျန်းချောင်းအာက  မီးဖိုရှေ့တွင် ထိုင်နေသည်။  ဟိုင်းဒန် အပေါ် တုန်းကျားဟွေ့ရဲ့ စွမ်းဆောင်မှုကို သူမမြင်ခဲ့သည်။  သူမချွေးမအသစ်ကို ပိုပိုကျေနပ်လာသည်ဟု ဆိုနိုင်သည်။

 

 ကျန်းချောင်းအာက မီးကို ထိုးနေစဉ် ပြုံးလျက် မုန့်ညက်ကို ဆုပ်နယ်ပြီး မုန့်ကိုဖိထားသည့် တုန်းကျားဟွေ့က ရွှေဖရုံသီးမုန့်ကို စတင်ကြော်လိုက်သည်။

 

 သူမသည် အိုးထဲသို့ ဆီပမာဏမှန်ကန်စွာ လောင်းထည့်ကာ အပူချိန်တက်လာသည်အထိ စောင့်သည်။  သင့်တော်တဲ့ အပူချိန်ရောက်တဲ့အခါ မုန့်သားကို ဒယ်ထဲထည့်ကာ ရွှေအိုရောင်ဖြစ်လာတဲ့အထိ အပူချိန်နည်းနည်းနဲ့ ကြော်သည်။  ထို့နောက် သူမသည် ၎င်းကိုလှန်ပြီး တစ်ဖက်ကို ဆက်ကြော်သည်။

 

 ကျောက်မေရှန်းက ယင်းပေါင်ကို ပွေ့ချီပြီး မီးဖိုချောင်ထဲဝင်သွားတဲ့အခါ ဒီမြင်ကွင်းကို သူမမြင်လိုက်ရသည်။ သူမအမေက မီးဖိုရှေ့မှာ မီးထိုးနေပြီး သူမယောင်းမအသစ်က ဒယ်အိုးထဲမှာ တစ်ခုခုကြော်နေကာ သူမဘေးမှာ သူမရဲ့တူအကြီးဆုံး ဟိုင်းဒန်က ရပ်နေသည်။

 

 မနေ့က သူမအမေက ဟိုင်းဒန် အကြောင်း ငြီးတွားနေသည်။  ဟိုင်းဒန် နဲ့ သူမယောင်းမအသစ်က အခု ဘယ်လိုဖြစ်လို့လဲ။

 

 တုန်းကျားဟွေ့ မျက်နှာကို မော့ကြည့်လာပြီး သူတို့ကို ပြုံးပြကာ ပန်းကန်ပြားပေါ်မှာ ကြော်ထားတဲ့ တိရစ္ဆာန်ငယ်လေးကို လက်ညှိုးထိုးပြပြီး “ယင်းပေါင် မင်း အကောင်သေးသေးလေးကို တွေ့ချင်လား။ ဒီယုန်ငယ်လေးက မင်းအတွက် အထူးလုပ်ထားတာ။  နောက်ကျရင် စားမှာလား။”

 

 ကျောက်မေရှန်းက ယင်းပေါင်ကို ပွေ့ဖက်ပြီး လိုက်လာသည်။  ထိုတိရိစ္ဆာန်ပုံသဏ္ဍာန် ဒီဇိုင်းများကို သူမမြင်သောအခါ ချက်ချင်းပင် “အာ ယောင်းမ ဘယ်လိုပုံသွင်းတာလဲ။  ဒီပုံသဏ္ဍာန်ကလည်း အတူတူပဲ ”

 

 ဒီယောင်းမအသစ်က တကယ်ကို အဆင်ပြေကြောင်း သူမတွေ့ရှိခဲ့သည်။  ထမင်းချက်၊ အဝတ်အစားတွေ လုပ်တတ်တယ်၊ မုန့်စိမ်းကို ဆုပ်နယ်တာတောင် တခြားသူတွေဆုပ်နယ်တာထက် ပိုကောင်းသည်။

 

 မနက်စာစားတဲ့အခါ လူကြီးတွေက ရွှေဖရုံသီးအလုံးကြီးတစ်လုံးကို စားကြပြီး ကလေးသုံးယောက်က တိရစ္ဆာန်ပုံသဏ္ဍာန်ရှိတဲ့ ရွှေဖရုံသီးမုန့်လေးတွေကို စားကြသည်။

 

 “အိုး နင် ဒီနေ့ ဘာလုပ်နေတာလဲ။  မနက်စောစောမှာ အဆီများတဲ့ အရာတွေကို စားတာက အဆီအရမ်းများတယ်။  ”

 

 ကျန့်ယွဲ့ဖန် ရွှေဖရုံသီးမုန့်ကို တစ်ခါမှ မမြင်ဖူးပေ။  ပထဆုံးအနေနဲ့ ရွှေဖရုံသီးမုန့်သည် ကောင်းမွန်သောအစားအစာအမျိုးအစားတွင်ပါ၀င်ပြီး ဤအစားအစာမျိုးသည် သင့်ဗိုက်ကိုပင်မပြည့်နိုင်တာကြောင့် ကျေးလက်ဒေသများတွင်ပြုလုပ်ဖို့ အနှောင့်အယှက်ဖြစ်ခံမည်မဟုတ်ပေ။ ဒုတိယအနေနဲ့ အစားအစာသည် ဟွမ်းရင် အစားအစာ၊ ရှန်တုန်း အစားအစာနှင့် စီချွမ်း အစားအစာများကဲ့သို့ ဒေသနှင့် ဆက်စပ်နေသည်။  မတူညီသော ဒေသများတွင် မတူညီသော အစားအသောက် ယဉ်ကျေးမှုများရှိသည်။  သေချာသည်မှာ ရွှေဖရုံသီးက ရှန်ဟဲရွာ၏ အစားအသောက်ယဉ်ကျေးမှုနှင့် မသက်ဆိုင်ပေ။

 

 ကျန့်ယွဲ့ဖန် ပြောသောအခါတွင် မည်သူမျှ သူမကို ဂရုမစိုက်ကြပေ။ ကျန်းချောင်းအာက သူမ၏ လက်ချောင်းများကို ရွှေ့ရန် စောင့်ဆိုင်းနေခဲ့သည်။ ကျောက်မေရှန်းက အပိုင်းအစတစ်ခုကို ဖဲ့ပြီး ကိုက်ဖို့ မစောင့်နိုင်တော့ပေ။ ကြွပ်ကြွပ်လေးနဲ့ မွှေးကြိုင်နေခဲ့သည်။  ချိုချဉ်အရသာလေးက မဆိုးပေ။

 

“မဆိုးပါဘူး ဒါပေမယ့် မနေ့ညက ယောင်းမ လုပ်ထားတဲ့ ကံကြမ္မာကိတ်မုန့်ကို ညီမကြိုက်တုန်းပဲ”

 

 တုန်းကျားဟွေ့က ပြုံးပြီး ယုန်ပုံသဏ္ဍာန် ကိတ်မုန့်တစ်ဖဲ့ကို ကျောက်မေရှန်း နဲ့ စကားပြောရင်း ယူလိုက်ပြီး “နင်ကြိုက်ရင် နောက်တစ်ကြိမ်လုပ်ပေးမယ်။ ဒါက ဒီမနက် ငါလုပ်ထားတဲ့ ရွှေဖရုံသီးမုန့်၊ ဟိုမှာ အသုံးမပြုရသေးတဲ့ ရွှေဖရုံသီး တစ်ဝက်ရှိသေးတယ်၊ ရွှေဖရုံသီးကို အခွံခွာပြီး ဖရုံသီးအနှစ်ဖြစ်အောင် လှီးဖြတ်ချင်တယ်၊ ဒါက အငန်ဖြစ်ပြီး အချိုထက် ပိုစားဖို့ သေချာတယ်။”

 

“တကယ်လား။ ယောင်းမ ဘယ်တော့ လုပ်မှာလဲ။ ညီမစားဖို့မစောင့်နိုင်တော့ဘူး။ ”

 

 ကျန်းချောင်းအာက ရွှေဖရုံသီးအနှစ်ကို စားပြီး ယာဂုတစ်လုတ်ကို မျိုချလိုက်သည်။ သူမ သမီးလေးရဲ့ ရွှန်းစိုနေတဲ့အကြည့်ကိုမြင်တော့ “နင်က အရွယ်ရောက်လာပေမယ့် လောဘကြီးနေတုန်းပဲ၊ နောက်နောင် အိမ်ထောင်မပြုနိုင်ရင် သတိထား ” လို့ ကြိမ်းမောင်းခဲ့သည်။

 

“အိမ်မှာနေပြီး သမီး ယောင်းမကို ကူညီပေးမယ်၊ သူက အရမ်းအရသာရှိတဲ့ အစားအသောက်တွေ ချက်ပြုတ်တတ်တယ်၊ အိမ်မှာပဲနေချင်တယ်၊ အိမ်ထောင်မပြုဘူး။”

 

 ယင်းပေါင်က ယုန်ကိုစားခဲ့ပြီး ဟိုင်းဒန်သည်လည်း ဝက်ကလေးကို အရသာရှိစွာ စားခဲ့သည်။ ရှီထု မျက်လုံးများသည် တိရစ္ဆာန်ငယ်လေးများ၏ ပန်းကန်ပြားကို ကြည့်ကာ စားချင်နေသော်လည်း မလှုပ်ဝံ့ပေ။

 

“ရှီထု မင်း ဘယ်တိရစ္ဆာန်လေးကို လိုချင်လဲ။”

 

 ရှီထုက ပန်းကန်ပြားပေါ်ရှိ ခွေးကလေးကို မဝံ့မရဲ လက်ညှိုးထိုးပြပြီးနောက် ကျန့်ယွဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။

 

တုန်းကျားဟွေ့က ပြုံးပြီး ရှီထု ကို “သေချာတာပေါ့ ရှီထု စားချင်ရင် မင်းအမေက အဲဒါကို မင်းအတွက် ယူပေးလိမ့်မယ်။ ”

 

 မနက်ဆို စားရတာ အဆီများတယ်လို့ နင်ပြောထားတယ်။   အခု နင့် သားက စားချင်နေပြီ။  နင်သူ့ကိုပေးမလားဆိုတဲ့အပေါ်မှာ မူတည်တယ်။

 

ဘာပဲဖြစ်ဖြစ် တုန်းကျားဟွေ့က ဒီလိုကျေးဇူးမကင်းတဲ့ အရာတွေကို လုပ်မှာမဟုတ်ပေ။  သူမသည် ရှီထုကို ပေးလိုက်ပြီး ကျန့်ယွဲ့ဖန်ဆီက အပြစ်တင်ခြင်းကို ခံရပါက၊ သူမသည် သေသည်အထိ အပြစ်ပေးခံရမည် မဟုတ်ပါလား။

 

 ကျန့်ယွဲ့ဖန်က သူမမျက်နှာကို တကယ်ထိန်းထားချင်သော်လည်း သူမသားက စားချင်နေခဲ့သည်။ သူမသည် ယင်းပေါင်နဲ့ ဟိုင်းဒန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ သူမသားကို ချစ်ပြီး သူ့သားကို ပြစ်မှားတယ်လို့ မမြင်ပေ။  သူမသည် သူမ၏ လက်ချောင်းများကို ဆန့်ထုတ်ကာ ခွေးကလေးပုံသဏ္ဍာန် ကိတ်မုန့်ကို ရှီထုအတွက် ညှပ်ထားရသည်။

 

 တုန်းကျားဟွေ့က သက်တောင့်သက်သာ ဖြစ်သလို ခံစားရတယ်။  သူမက ယင်းပေါင်ကို ဂျုံယာဂုကျွေးတော့မည်ဖြစ်သော်လည်း ကျောက်တုန်းလင်က သူမကိုတားလိုက်သည်။

 

“မင်းအရင်စား။  သူမ မုန့် စားနေတယ်။  မင်းထမင်းစားပြီးတဲ့အထိ စောင့်ပြီးမှကျွေးလိုက်။”

 

 တုန်းကျားဟွေ့တို့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။  မနေ့ညက သူတို့ရဲ့ ပထမဆုံး ရင်းနှီးတဲ့ ထိတွေ့မှုဖြစ်ပြီး သူတို့ရဲ့ ခံစားချက်တွေက အရည်အသွေးပိုင်းကို သိမ်ငယ်သွားစေခဲ့သည်။  တုန်းကျားဟွေ့ မျက်နှာက မသိစိတ်တွင် နီရဲသွားခဲ့သည်။  သူမ စိတ်မသက်မသာဖြစ်ပြီး မျက်လုံးကို မဖွင့်ဘဲ နှလုံးသားက ချိုမြိန်သည်။  သူမကို ဂရုစိုက်ပြီး ထမင်းအေးကို မစားစေချင်ကြောင်း သူမသိသည်။

 

 ကျန်းချောင်းအာက သူမသားရဲ့စကားကိုကြားတော့ ပန်းကန်လုံးတစ်လုံးနဲ့ ခေါင်းညိတ်ပြပြီး “ဟုတ်တယ် သမီး အရင်စား၊ သူတို့ကြီးလာတဲ့အခါ တစ်ယောက်တည်း စားသင့်တယ်။”

 

 မိသားစုတွင် ကလေး သုံးယောက်ရှိပြီး ဟိုင်းဒန်က လေးနှစ်သားအရွယ်တွင် သူ့ဘာသာသူစားနိုင်ပြီး ရှီထုနဲ့ ယင်းပေါင်တို့ကို ကျွေးရန် လိုအပ်နေသေးသည်။

 

“ပန်းကန်ကွဲမှာစိုးတယ်”

 

 ကျေးလက်ကလူတွေအတွက်တော့ တန်ဖိုးနည်းနည်းနဲ့ တစ်ခုခုက တန်ဖိုးရှိနေတုန်းပဲ။ ပန်းကန်များကို အဖိုးတန်သည်ဟု ယူဆဆဲဖြစ်သည်။  တကယ်ဆင်းရဲတဲ့ မိသားစုတွေရှိတယ်၊သူတို့တစ်မိသားစုလုံး ထမင်းစားတဲ့အခါ ပန်းကန်ကွဲတစ်လုံးကို ခွဲဝေယူကြရသည်။

 

 “မြို့ကိုသွားတဲ့အခါ ကြွေပန်းကန်လုံးနှစ်လုံးဝယ်လို့ရတယ်။  မြေပြင်ပေါ် ပြုတ်ကျရင်တောင် ကွဲမှာမဟုတ်ဘူး။”

 

 တုန်းကျားဟွေ့ စကားပြောပြီးသောအခါ ကျန့်ယွဲ့ဖန်က သူမကို ရယ်ချင်လာသည်။  အိမ်ထောင်စုကို မစီမံခန့်ခွဲသူသည် မည်မျှစျေးကြီးသည်ကို သတိမပြုမိသော်လည်း ကျန်းချောင်းအာက အခြားတစ်ဖက်တွင် အဖြေရှိနေပြီဖြစ်သည်။

 

 “ကောင်းပြီ နောက်တစ်ခါ ငါတို့ မြို့ကို သွားရင် ၂ လုံး ပြန်ဝယ်လာမယ်။”

 

 ကျန့်ယွဲ့ဖန်က ချက်ချင်း စကားရပ်လိုက်သည်။