အပိုင်း ၃၁
Viewers 7k

၁၉၇၀တွင် ဒုတိယအကြိမ်မြောက်လက်ထပ်ခြင်း

 

အပိုင်း ၃၁

 

 

 

 

 “ဟွေ့ရှန် ငါမင်းကို အရင်တစ်ခေါက်ပြောခဲ့တဲ့ကိစ္စကဘယ်လိုလဲ။

 

 ကျန်းချောင်းအာ အလုပ်သွားသည်နှင့် ကွင်းပြင်တွင် ကပ္ပတိန် တင်းဟွေ့ရှန် ကိုတွေ့ပြီးနောက် သူမသည် သူ့ချွေးမ တုန်းကျားဟွေ့အတွက် အလုပ်အကြောင်းမေးဖို့ မြစ်ကမ်းစပ်ရှိ မိုးမခပင်ဆီသို့ ဆွဲခေါ်သွားခဲ့သည်။

 

 “အဒေါ်က ပြဿနာရှာနေတာ မဟုတ်ဘူး။ အဒေါ့် ချွေးမ အားနည်းနေတာပဲ၊  သူ့လက်တွေက လည်ချောင်းလောက်မထူဘူး၊ ဒါကြောင့် လယ်ကွင်းထဲမှာ အလုပ်မလုပ်နိုင်မှာကို ကြောက်ပေမယ့် သူက ကောင်းကောင်းအလုပ်လုပ်တယ်၊ ဒါကြောင့် သူ့ကို အကောင်းဆုံးအသုံးချလိုက်ကြရအောင်။  ”

 

 တင်းဟွေ့ရှန်က အသက်လေးဆယ်ကျော် အရွယ်ရှိ  သန်မာသော အမျိုးသားတစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းက အထူးတွေးခေါ်တတ်သူဖြစ်သည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကပ္ပတိန်ဖြစ်လာရန် ယှဉ်ပြိုင်ပြီးနောက် သူသည် ထုတ်လုပ်ရေးအဖွဲ့အတွက် ပံ့ပိုးမှုများ များစွာပြုလုပ်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ဝင်ငွေကောင်းသော အမြတ်ဝေစုများ ရှိခဲ့သည်။

 

 ကျန်းချောင်းအာနဲ့ ကြီးမားသော မျိုးဆက်ကွာဟချက်ရှိသည်။  တင်းဟွေ့ရှန်က သူမနှင့်တွေ့သောအခါတွင် သူမကိုအဒေါ်လို့ ခေါ်ရမည်ဖြစ်သည်။  သူတို့ကြားက ဆက်ဆံရေးလည်းရှိသည်။  သူမ ငယ်စဉ်က တင်းဟွေ့ရှန်ရဲ့ မိခင်မှာ ကျန်းချောင်းအာ ဖခင်၏ ဇနီးအငယ်ဖြစ်သည်။ သူမသည် တင်းဟွေ့ရှန်ရဲ့ ဖခင်ထံမှ လွတ်မြောက်ပြီးနောက်တွင် လက်ထပ်ခဲ့သည်။

 

 “ကျွန်တော်တို့အဖွဲ့မှာ အခုက လွယ်တဲ့အလုပ်တော့ မရှိဘူး၊ ဒါဆို သူ့ကို အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ဂိုဒေါင်ကို ဘာလို့ သွားခွင့်မပြုတာလဲ။

 

 အသင်းတွင် အလွယ်ကူဆုံးအလုပ်မှာ အမှတ်စောင့်ကြပ်သူနဲ့  စာရင်းကိုင်ဖြစ်သော်လည်း ထိုရာထူးနှစ်ခုစလုံးကို သိမ်းပိုက်ထားပြီးဖြစ်ပြီး အသင်းခေါင်းဆောင်အနေဖြင့် အခြားလူများကို ၎င်းတို့၏အလုပ်မှ မဖယ်ရှားနိုင်သည့်အပြင် အသင်းတွင် တစ်ဦးနှင့်တစ်ဦး ဆက်စပ်နေသော ဆွေမျိုးများနှင့် ပြည့်နေသည်။ 

 

 ဂိုဒေါင်စောင့်သူမှာ တင်းဟွေ့ရှန်ရဲ့သား တင်းကျိရုန်က ဤရာထူးကို ထမ်းဆောင်ခဲ့ဖူးပြီး တင်းကျိရုန်က အဖွဲ့တွင် ထွန်စက်မောင်းသူဖြစ်သွားသောကြောင့် ဂိုဒေါင်သော့ကို သူနှင့်အတူထားခဲ့သည်။

 

 တုန်းကျားဟွေ့ကို အုပ်ထိန်းသူအဖြစ် ထားဖို့အတွက် တင်းဟွေ့ရှန်ရဲ့ အကြံအစည်က အခြားသူများ၏ အကျိုးစီးပွားကို မထိပါးရုံသာမက ဤနေရာတွင် ကျန်းချောင်းအာရဲ့ မျက်နှာသာကိုလည်း အနိုင်ယူနိုင်သည်။ တင်းဟွေ့ရှန်က ဒီကိစ္စကို တစ်ညလုံး တွေးပြီးရင် စိတ်ထဲ ပေါ်လာတာ။

 

 ကျန်းချောင်းအာရဲ့ တောင်းဆိုချက်မှာ ကျားဟွေ့ကို ကွင်းပြင်တွင် ဆက်လက်လုပ်ဆောင်နေရန်ဖြစ်သည်။  သူမတောင်းဆိုမှုကို လက်ခံပြီးနောက် သူမကျေနပ်သွားသည်။

 

 “ဟုတ်တယ်၊ ဂိုဒေါင်ကိုသွားလို့ရတယ်။  မနက်ဖြန် သူမမွေးရပ်မြေကို ပြန်သွားမှာ။ နောက်နေ့ကျရင် သူမကိုတွေ့ခွင့်ပေးမယ်။

 

 “ဒေါ်လေး ချောင်း ဒေါ်လေးက ဒီချွေးမအသစ်နဲ့ တကယ်ကောင်းကောင်း ဆက်ဆံတာပဲ။  အထူးသဖြင့် အဒေါ်က သူမအတွက် လွယ်ကူတဲ့ အလုပ်တစ်ခုကို ရှာဖွေခဲ့တယ်။  အိမ်ထောင်ကွဲရုံတင်မကဘဲ ကလေးမမွေးနိုင်ဘူး။ အဒေါ်  သူမကို ဘာလို့ ဒီလောက်တောင် ကောင်းကောင်း ဆက်ဆံနေရတာလဲ။”

 

 ဟွေ့ရှန်ရဲ့ဇနီးဖြစ်သူ တပင်က ခင်ပွန်းဖြစ်သူနှင့် စကားစမြည်ပြောဆိုရင်း တောရိုင်းဟင်းသီးဟင်းရွက်ပျိုးပင်များကို ရောစပ်နေသည်။

 

 “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မသိဘူး။ သူမကို တကယ်ကြိုက်တာ ဒါမှမဟုတ် တုန်းလင်အတွက် မျက်နှာပေးရတာ ကြိုက်တာဖြစ်နိုင်တယ်။  ”

 

 “အမှန်ကတော့ တုန်းလင်ကြောင့် မဟုတ်ရင် သူတို့မိသားစုက ဒီလောက်ကောင်းတဲ့ဘဝမျိုး မနေနိုင်ဘူး။  တုန်းလင်က ဒီမိန်းမကို သူကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာဖြစ်လို့ သူမကို ပိုကောင်းအောင် ဆက်ဆံတာက ပုံမှန်ပါပဲ။  ”

 

 ကျောက် မိသားစုသည် ယခင်က ရွာတွင် ထူးထူးခြားခြား မရှိခဲ့ပေ။  တုန်းလင် တပ်ထဲဝင်ပြီးမှ သူတို့ရွာမှာ တဖြည်းဖြည်း ချမ်းသာလာကြသည်

 

 ဇနီးသစ်သည် အိမ်ထောင်ကျပြီး သုံးရက်မြောက်သောနေ့တွင် အိမ်ပြန်ရန် လိုအပ်သည်။ ကျန်းချောင်းအာက သူ့ကို မနက်စောစော ပြန်လက်ဆောင်ပေးဖို့ ကူညီပေးခဲ့တယ်။  သူတို့မိသားစုက မွေးမြူထားတဲ့ ကြက်တစ်ကောင်၊ ဝက်သားငါးကီလိုဂရမ်ကို ရွာက အသားဆိုင်မှာ မနက်က လှီးဖြတ်ထားခိုင်းသည်။  အဲ့ဒီအပြင် ကြက်ဥ အလုံး 20 နှင့် ပန်ကိတ်တစ်ထုပ်ပါရှိပြီး ကြွယ်ဝပြီး များပြားလှသည်။

 

 “အမေ၊ ဒီကြက်မကြီးကို မယူချင်ဘူး။  အိမ်မှာ ဥဥနိုင်ပါသေးတယ်။”

 

 ကြက်မကြီးတစ်ကောင်ရဲ့တန်ဖိုးကို အသားတန်ဖိုးနဲ့ တိုင်းတာလို့မရပေ။  ကြက်မကြီးသည် နေ့တိုင်းဥလေ့ရှိပြီး ဥများသည် တစ်လုံးလျှင် ငါးဆင့်သာရှိသေးသည်။

 

 “မဟုတ်ဘူး၊ ယူသွားလို့ရတယ်။ ဥတွေကို သိမ်းပြီး မနက်ဖြန်မှာ အဒေါ်အိမ်မှာ သားပေါက်လေးတွေ ပေါက်စေမယ်။  ဒီနှစ် ကွန်မြူနတီက သိပ်ဂရုမစိုက်ဘူးလို့ ထင်တယ်။  ဒီတစ်​ခါ​တော့ ပို​ပေါက်​​တော့မယ်​။ ”

 

လွန်ခဲ့သည့်နှစ်အနည်းငယ်က စုံစမ်းစစ်ဆေးမှုမှာ တင်းကျပ်ခဲ့သည်။  မိသားစုတိုင်းကို ကြက်များများ မွေးမြူခွင့်မပေးပေ။ ယခုနှစ်တွင် အထက်က ပေါ်လစီ လျော့ရဲပြီး မူဝါဒကို ဖောက်ဖျက်သူအား ကြည့်ရှုရန် ကွန်မြူနတီက မည်သူမျှ မကြာခဏ မဆင်းလာခဲ့ကြပေ။  ကျန်းချောင်းအာက ရှစ်ကောင် ဒါမှမဟုတ် ဆယ်ကောင်ကို ပြုစုပျိုးထောင်ဖို့ သတ္တိရှိသည်။

 

 “ဒါဆို ကျေးဇူးတင်ပါတယ် အမေ”

 

 ယောက္ခမက ပေးချင်တာ ဆိုတော့ တုန်းကျားဟွေ့လည်း မငြင်းပေ။  ပြန်ပေးသည့်လက်ဆောင်သည် ထူသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယောက္ခမမိသားစုရှိ သူမ၏အဆင့်အတန်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။  သူမပြန်ယူလာလေလေ သူ့မိသားစုက အိမ်ထောင်သည်ဘဝအတွက် ပိုသေချာလေပဲဖြစ်သည်။

 

 “ဟေ့ ငါတို့က မိသားစုပဲ။  ဘာကို ကျေးဇူးတင်နေတာလဲ။ အိမ်မှာကစားဖို့ အချိန်ရနိုင်အောင် မိဘတွေရော ညီကိုမောင်နှမတွေဆီသွားလိုက်။ ”

 

 တုန်းကျားဟွေ့က ပြုံးပြီး တုံ့ပြန်ခဲ့သည်။

 

 တုန်းကျားဟွေ့က ဟိုင်းဒန်နဲ့ ယင်းပေါင်တို့ကို သူ့မိခင်အိမ်ပြန်သောအခါ သူမနှင့်အတူ ခေါ်ဆောင်သွားလိုပြီး ဟိုင်းဒန်ကို ထင်မြင်ချက်ကို မေးသောအခါတွင် သူသည် မသွားချင်ပေ။

 

 ကျောက်တုန်းလင်က ဟိုင်းဒန်ကို သူနှင့် စကားပြောရန် အခန်းထဲ ခေါ်သွားခဲ့သည်။

 

 “ဘာလို့ မသွားချင်တာလဲ။ အဖေက မင်းရဲ့အမေအသစ်နဲ့လက်ထပ်ထားတယ်။  ဒါက မင်းအမေ၊ မင်းအမေရဲ့အိမ်က မင်းအဖွားအိမ်ပဲ။

 

 သုံးရက်ကြာပြီးနောက်မှာ ကျောက်တုန်းလင်က သူနဲ့ကျားဟွေ့ နှစ်ဦးစလုံးက ဟိုင်းဒန်ကို လုံလောက်သော စိတ်ရှည်မှုကို ပေးခဲ့သည်ဟု ထင်ခဲ့သည်။

 

 ဟိုင်းဒန်ရဲ့ မျက်ရည်များ ထွက်လာပြီး သူ့ဘာသာ လက်ဖဝါးဖြင့် သုတ်လိုက်သည်။

 

 ကျောက်တုန်းလင်က မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။  သူလက်ကိုလှမ်းပြီး ဟိုင်းဒန်ကို သူ့ဘေးကိုဆွဲလိုက်ပြီး ဟိုင်းဒန်ရဲ့မျက်နှာလေးကို သန့်ရှင်းအောင်သုတ်ပေးဖို့ သူ့အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။

 

 “ဘာအတွက် ငိုနေတာလဲ။ ငါ မင်းကို မရိုက်ခဲ့ဘူး၊  ငါ မင်းနဲ့ ကောင်းကောင်းစကားပြောချင်တယ်။  ”

 

 ထိုစကားကိုပြောပြီးနောက်မှာ ကျောက်တုန်းလင်က အသံကိုလျှော့ချလိုက်ပြီး ဒါဆို မင်း သွားမှာလား မသွားဘူးလား။

 

 ဟိုင်းဒန်က ခေါင်းခါပြပြီး သူ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်နေသည်။

 

 ကျောင်တုန်းလင်က ခေါင်းညိတ်ပြီး စိတ်ရှည်ရှည်နဲ့ ပြောလိုက်သည်။ “ဘာလို့လဲ။  အကြောင်းရင်းကို ပြောပြ။  ဒီအကြောင်းပြချက်ကို ယုံနိုင်ရင် မင်းရဲ့ထင်မြင်ချက်ကို လေးစားမယ်။  ”

 

 ဟိုင်းဒန်က နှုတ်ဆိတ်နေပြီး စကားမပြောလာသလို ကျောက်တုန်းလင်ကလည်း အလျင်လိုခြင်းမရှိပေ။  သူသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ  စောင့်ဆိုင်းနေခဲ့သည်။

 

 သူသည် စစ်သားများစွာကိုပင် ဆုံးမခဲ့သည်။  သူ့သားကို မဆုံးမနိုင်တာက ယုတ္တိမတန်ပေ။

 

 နှစ်မိနစ် သုံးမိနစ်လောက် ငြိမ်သက်သွားပြီးနောက် ဟိုင်းဒန်က နောက်ဆုံးတွင် စကားပြန်ပြောလာသည်။

 

 “အဒေါ်ကပြောတယ် အမေအသစ်ကို မှတ်မိရင် အမေက ပြန်မလာတော့ဘူးတဲ့။”

 

 ဟိုင်းဒန်ရဲ့ အသံက ရှင်းလင်းပြတ်သားစွာပဲ ငိုယိုသံပါရှိပြီး သူပြောပြီးယနောက်တွင် သူ့မျက်ရည်များက ချက်ချင်းကျဆင်းလာပြီး ငိုကြွေးခဲ့သည်။

 

 ကျောက်တုန်းလင်က ဟိုင်းဒန်ရဲ့ နောက်ကျောကို ပုတ်လိုက်ပြီး အလွန် စိတ်မသက်မသာ ခံစားလိုက်ရသည်။

 

 “ဘယ်အဒေါ် ပြောတာလဲ။

 

 ဟိုင်းဒန်က လန့်သွားပြီး ဒုတိယ၊ ဒုတိယ အဒေါ် လို့ပြောလိုက်သည်။

 

 ဟိုင်းဒန်က သူ့ဒုတိယအဒေါ်လို့ ခေါ်တဲ့သူက ကျန့်ယွဲ့ဖန် သာ။  သူ့ခယ်မ ဒီလိုလုပ်တာကိုကြားတော့ ကျောက်တုန်းလင်က မျက်မှောင်ကြုတ်သွားသည်။

 

 “ဟိုင်းဒန်၊ မင်းအမေက မင်းအမေပဲလေ။  ဒါပေမယ့် အခုတော့ သူမက အဖေနဲ့ ခွဲခွာပြီး သူမနဲ့ရင်းနှီးတဲ့နေရာကို ပြန်ရောက်နေပြီ။ မင်းအမေအသစ်က မင်းအဖေရဲ့ဇနီး။  မင်းအမေအစား မင်းကို ဂရုစိုက်လိမ့်မယ်။  သူက မင်းရဲ့အဝတ်တွေကို လျှော်ပေးတယ်၊ အစားအသောက်ကောင်းတွေ ချက်ပြုတ်ပေးတယ်၊ မင်းကို ဂရုစိုက်တယ်။  မင်း သူ့ကို ဒီသဘောထားနဲ့ မဆက်ဆံသင့်ဘူး။  သူ့မကို လေးစားဖို့ သင်ယူသင့်တယ်။”

 

 ကျောက်တုန်းလင်လည်း ချီတုံချတုံ ဖြစ်နေသည်။ ဝမ်မိန့်ရဲ့ သစ္စာဖောက်မှုနှင့် စွန့်လွှတ်ခြင်းအကြောင်း နောက်ထပ်မပြောချင်ရခြင်းအကြောင်းရင်းမှာ သားဖြစ်သူ၏နှလုံးသားကို မုန်းတီးမှုများနှင့် ပြည့်နှက်နေစေရန် မလိုလားသောကြောင့်ဖြစ်သည်။

 

 “မင်းအမေက မင်းကို မလိုချင်တော့ဘူး” ဟူသော စကားသည် ကလေးတစ်ဦးအတွက် ရက်စက်လွန်းလှသည်။

 

 ဆယ်မိနစ်ခန့်ကြာသောအခါ ကျောက်တုန်းလင်က တုန်ယင်နေတဲ့ ဟိုင်းဒန်နဲ့ ထွက်လာချိန်မှာ တုန်းကျားဟွေ့က ယင်းပေါင်ရဲ့ အဝတ်အစားများကို လဲပြီးပြီဖြစ်သည်။

 

 “သူသွားမှာလား။

 

 “အင်း”

 

 “ဒါဆို ဟိုင်းဒန်လည်း သူ့အဝတ်အစားတွေ လဲသင့်တယ် ။  ကျွန်မမိသားစုကို သွားလည်ကြမှာ။ ကျွန်မတို့တွေ  သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ရမယ်။”

 

 ဟိုင်းဒန်က သူ့အတွက် ကျားဟွေ့ ချုပ်ပေးထားတဲ့ အဝတ်အစားအသစ်လဲပြီးနောက်မှာ မိသားစု လေးယောက်သား  တယွိရွာကိုသွားကြသည်။

 

 “ဒီနေ့ မင်းရဲ့ယောင်းမအသစ်ကို တွေ့တယ်။  မင်းရဲ့တူလေးနဲ့ တူမလေးကို ခေါ်သွား ပြီးတော့  အိမ်ပြန်တာလား။ ”

 

 အလုပ်ချိန်နောက်ဆုံးနာရီတွင် ကျန့်ယွိလန်နဲ့ ကျန့်ယွဲ့ဖန်တို့ အတူတူစကားပြောကြသည်။

 

 “ဟုတ်တယ်”

 

“သူတို့ ပစ္စည်းတွေ အများကြီး ယူသွားတာ ငါမြင်တယ်။  စက်ဘီးလက်ကိုင်ပေါ်မှာ ကြက်တစ်ကောင်နဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပြည့်နေတဲ့ ခြင်းတောင်းကို ချိတ်ထားတယ်။  အထဲမှာ အသားနဲ့ မုန့်တွေ ရှိတယ်ဆိုတာ ယောင်ဝါးဝါး မြင်နိုင်တယ်။”

 

 ဒါပေမယ့် အဝေးကနေ ကြည့်လိုက်ပေမယ့် ကျန့်ယွိလန်က ဒါကို ရှင်းရှင်းလင်းလင်း မြင်လိုက်သေးသည်။  တုန်းကျားဟွေ့ ကြားလိုက်လျှင် ကျန့်ယွိလန်ကို တကယ်ပင် သဘောကျသွားမည်ဖြစ်သည်။

 

 ကျန့်ယွဲ့ဖန်က အဲ့ဒါကိုကြားချိန်မှာ ဒေါသထွက်သွားသည်။  ယနေ့နံနက်တွင် ယောက္ခမဖြစ်သူက ယောင်းမ အသစ်အတွက် အိမ်ပြန်အခမ်းအနားပြင်ဆင်နေသည်ကို တွေ့လိုက်ရသဖြင့် မကျေမနပ်ဖြစ်ခဲ့ရသည်။  တုန်းဟဲနဲ့ လက်ထပ်တုန်းက ယောက္ခမကြီးက သူမအတွက် အများကြီး မပြင်ဆင်ထားဘဲ ကြက်ဥနဲ့ အသားတွေချည်းပဲ ဖြစ်သည်။

 

 ယောက္ခမကို ပြက်ရယ်ပြုတဲ့အခါ ယောက္ခမမိသားစုက သူ့ကို အပ်ချုပ်စက် ပေးထားတယ်လို့ ယောက္ခမဖြစ်သူက ပြောပြီး အပ်ချုပ်စက်အတွက် ထူထပ်တဲ့ လက်ဆောင်ပြန်ပေးသင့်သည်။

 

 စကားတစ်ခွန်းက ကျန့်ယွဲ့ဖန်ကို ဆို့နင့်စေခဲ့သည်။

 

 ‘နင်ဘာကိုဆိုလိုတာလဲ။  အပ်ချုပ်စက် မသယ်လာရလို့ အမေ့မိသားစုကို အပြစ်တင်နေတာလား။

 

 ကျန့်ယွဲ့ဖန်ကလည်း ဒီကိစ္စကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ မသင့်တော်ဘူးဆိုတာ သိသည်။  သူမယောက္ခမ ပြောသလိုပဲ၊ သူမယောင်းမရဲ့ မွေးရပ်မြေ မိသားစုက ခန်းဝင်ပစ္စည်းက သူမကိုယ်ပိုင်ထက် ပိုထူထဲသည်။  ၎င်းသည် အပ်ချုပ်စက်သာမက ကုတင်နှင့် အိပ်ယာလည်းဖြစ်သည်။  ကျောက် မိသားစုဆီတုန်မှ သတို့သမီးအဖိုးငွေကိုလည်း ပြန်လည်ပေးအပ်ခဲ့သည်။ တုန်းဟဲ နဲ့လက်ထပ်တုန်းက သူမအမေရဲ့မိသားစုက ခန်းဝင်ပစ္စည်းပြင်ဆင်ရရုံတင်မကဘဲ သတို့သမီးအဖိုးငွေကိုလည်း သူမအစ်ကိုဖြစ်သူ လက်ထပ်ဖို့ ထားခဲ့သည်။

 

 ကျန့်ယွိလန်က ကျန့်ယွဲ့ဖန် စိတ်ဆိုးနေသည်ကို မြင်သော်လည်း စကားဆက်မပြောပေ။  ဒီ​နေ့ ငြိမ်​သက်​​နေပုံကို သူမ အံ့သြမိသည်​။ သူမက မီးကို ထပ်မံထွန်းညှိပြီး “သြော်၊ ငါပြောချင်တာတစ်ခုရှိသေးတယ်၊ ဒါပေမယ့် နင်သိပြီးပြီလားမသိဘူး” လို့ပြောခဲ့သည်။

 

 “အဲ့ဒါဘာလဲ။

 

 “နင့်ယောက္ခမ ကပ္ပတိန်နဲ့ စကားပြောတယ်။  နင့်ယောင်းမအတွက် ပေါ့ပေါ့ပါးပါး အလုပ်တွေကို ကပ္ပတိန်က စီစဉ်ပေးတယ်။ နင့်ယောက္ခမကပြောတယ် နင့်ယောင်းမက နူးညံ့သိမ်မွေ့တယ်၊ ပေါ့ပါးတဲ့ အလုပ်ကိုပဲ လုပ်နိုင်တယ်တဲ့။  လယ်ကွင်းမှာ အလုပ်မလုပ်နိုင်ဘူး။  အဲဒါနဲ့ ကပ္ပတိန်က နင့်ယောင်းမအတွက် ဂိုဒေါင်စောင့်အဖြစ် အလုပ်တစ်ခု စီစဉ်ပေးလိုက်တယ်။”

 

 ကျန့်ယွိလန် စကားပြောပြီးသောအခါ ကျန့်ယွဲ့ဖန်က ပေါက်ကွဲတော့မည်။  ဒီတစ်​ခါ​တော့ သူမတကယ်​​ဒေါသထွက်​သွားသည်​။

 

သူတို့နှစ်ယောက်လုံးက ချွေးမတွေဖြစ်ကြပေမယ့် ယောက္ခမကတော့ သူမအပေါ် ဘက်လိုက်ခဲ့သည်။  သူမက တုန်းကျားဟွေ့ မတိုင်မီ မိသားစုနှင့်ပူးပေါင်းခဲ့ပြီး ကျောက်၏မိသားစုအတွက် ကြီးမားထွားကြိုင်းသော မြေးတစ်ဦးကိုမွေးဖွားခဲ့သည်။  တုန်းကျားဟွေ့က ဒုတိယအကြိမ်လက်ထပ်ခဲ့တာဖြစ်သော်လည်း ယောက္ခမဖြစ်သူက သူမအား ကောင်းစွာဆက်ဆံခဲ့သည်။

 

 

တစ်ဖက်တွင် ကျောက်တုန်းလင်က တယွိ ရွာသို့ဦးတည်ပြီး မိနစ် ၃၀ ခန့် စက်ဘီးစီးပြီး လမ်းတွင် ရွာသားများစွာနှင့် တွေ့ဆုံခဲ့သည်။

 

“ဟေး အဲ့တာ တကွေ့ရဲ့သမီးမဟုတ်လား။”

 

 

“ဟုတ်တယ်၊ လွန်ခဲ့တဲ့နှစ်ရက်က ရှန်ဟဲ ရွာက ကျောက် မိသားစုမှာ လက်ထပ်ခဲ့တဲ့တစ်ယောက်လေ။ ”

 

“စက်ဘီးပေါ်ကလူက သူ့ယောကျ်ားလား။  သူက ရှန်ဟဲရွာရဲ့ အတွင်းရေးမှူးဖြစ်တယ်လို့ ကြားတယ်။”

 

“သူမရဲ့ ဇာတိကမိသားစုဆီ ပြန်လာပြီး ကလေးတွေကိုလည်း ခေါ်လာခဲ့တာ။”

 

“သားသမီးတွေကို ယောက်ျားဖြစ်သူရဲ့ ဇနီးဟောင်းက ထားခဲ့တာလေ။ အဲဒီမိန်းမက မြို့က ပညာတတ် မိန်းမငယ်လေး။ သူမက ကွာရှင်းပြီး မြို့ကို ပြန်သွားတာ။”

 

 

“အိုက်ယား၊ သူတို့နှစ်ယောက်လုံး ကွာရှင်းပြီးသားပဲ။ ”

 

 

ချွေ့ဇီကို သူ့အဖွားက သူတို့ကို ရွာအဝင်ဝမှာ စောင့်နေဖို့လွှတ်လိုက်သည်။  သူ ကျောက်တုန်းလင် ၏စက်ဘီးကိုမြင်သည်နှင့် အဲ့ကို အလျင်အမြန်ပြေးသွားခဲ့သည်။

 

“ဒေါ်ဒေါ်၊ ဒေါ်ဒေါ် ရောက်လာပြီပေါ့။ အဖွားက တစ်မနက်လုံး စောင့်နေတာ။”

 

ဟိုင်းဒန်က အရှေ့ကဘားတန်းတွင်ထိုင်နေပြီး အပြေးအလွှားလာခဲ့တဲ့ ချွေ့ဇီကို ကြည့်လိုက်သည်။ သူ  သူ့အကြောင်း အတော်လေး သိချင်နေမိသည်မှာ သိသာသည်။

 

 

တုန်းကျားဟွေ့ က ယင်းပေါင် ကို ပွေ့ချီပြီး နောက်ထိုင်ခုံမှ ခုန်ဆင်းလိုက်ကာ “အဖွားက မင်းကို စောင့်ဖို့လွှတ်လိုက်တာ မဟုတ်လား။”လို့ အပြုံးလေးနဲ့ပြောလိုက်သည်။

 

“ဟုတ်တယ်။  သားမှာတာဝန်ရှိတယ် ”

 

 

တုန်းကျားဟွေ့ ပြုံးပြီး ဆူလိုက်သည်။ “မင်း ဉာဏ်ကောင်းတဲ့ကောင်လေး၊ ငါ့ကိုစောင့်နေရင် စားလို့ကောင်းတာ တစ်ခုခုရှိမယ်ဆိုတာ မင်းသိနေတာပဲဖြစ်ရမယ်။”

 

 

သူမအိတ်ထဲမှ သကြားလုံးအချို့ကိုထုတ်ပြီး ချွေ့ဇီ ထံ ပေးကာ “ကောင်းပြီ၊ မင်းသွားလို့ရပြီ။ ပြန်ပြေးပြီးတော့ မကြာခင် ငါတို့အဲဒီကိုရောက်လာတော့မယ်လို့ အဖွားကိုပြောလိုက်” လို့ပြောလိုက်သည်။

 

ချွေ့ဇီ တာဝန်ကိုလက်ခံပြီး နောက်တစ်ကြိမ် ပြေးသွားခဲ့သည်။

 

 

ကျောက်တုန်းလင် ရယ်လိုက်သည်။ “ ချွေ့ဇီက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။”

 

“သူက အရမ်းဆိုးတယ်။ သူ့ကို သေသေချာချာ သင်ပေးရမယ်။”

 

တုန်းကျားဟွေ့ အောက်ဆင်းခဲ့ပြီး ယင်းပေါင် ကို ချီထားသည်။ ကျောက်တုန်းလင်လည်း စက်ဘီးပေါ်က ဆင်းပြီးတော့ တုန်းကျားဟွေ့အတူလမ်းလျှောက်ဖို့ သူ့စက်ဘီးကို တွန်းလာခဲ့သည်။

 

 

“ယောက်ျားလေးတွေက ဆိုးကြတယ်။ သူတို့ ပိုဆိုးလေလေ၊ ပိုကောင်းလေပဲ။ ”

 

သူ ငယ်ငယ်က စာကိုကောင်းကောင်းလုပ်ခဲ့ပေမယ့် မိုက်မဲတဲ့ အရာတွေကို နည်းနည်းမှ မလုပ်ခဲ့ပဲမနေပေ။  အဲဒီအချိန်တုန်းက သူတကယ်ပျော်သည်။

 

 

တန်းလျားထဲသို့ ၀င်သွားသည်အထိ ဤအပျော်အပါးမျိုးကို ဆက်သွားခဲ့သည်။ သူ့ရဲ့နေ့စဉ်လေ့ကျင့်မှုကနေ တည်ငြိမ်ပြီး တည်ကြည်တဲ့ စိတ်နေစိတ်ထားကို မြှင့်တင်ခဲ့သည်။  သူလည်း ဉာဏ်အလင်းရခဲ့တယ်။  ထိုနှစ်တွင်၊ စစ်စခန်းရှိ နှစ်သစ်ကူးညစာစားပွဲတွင် ၎င်းတို့၏ တပ်သားသစ်များ စုရုံးပြီး ပြည်သူများ၏ အပြောင်းအလဲများကို ညည်းတွားကြသည်။ သို့သော် လအနည်းငယ်အတွင်း လူတိုင်းသည် ငလျင်လှုပ်မှု အပြောင်းအလဲများကို ကြုံတွေ့ရပြီး တခဏချင်း ကြီးပြင်းလာကြသည်။  နွေရာသီတွင် ရေကူး၊ငါးဖမ်းပြီး ဆောင်းရာသီတွင် ငှက်ဖမ်းရန် တောင်ပေါ်တက်သွားသည့် လူငယ်တစ်ယောက် မဟုတ်တော့ပေ။

 

သူ့သား ဟိုင်းဒန် အပြင် သူပြန်လာသောအခါ ဟိုင်းဒန်က စကားပြောဖို့ မနှစ်သက်ကြောင်း တွေ့ရှိခဲ့သည်။  နေ့တိုင်း သူ့အဖွားနဲ့ လယ်ကွင်းကို လိုက်သွားပြီး ကစားဖို့ အသက်တူတဲ့ အဖော်လေးတွေကို ရှာမတွေ့ပေ။  ကျောက်တုန်းလင်က တစ်ခါတစ်ရံတွင် ဤအရာသည် ဆိုးရွားသည်ဟု ခံစားမိသည်။ ဟိုင်းဒန်က ပိုအသက်ဝင်သင့်သည်။  သူဆိုးနေရင်တောင် အန္တရာယ်မကျရောက်သရွေ့ ကိစ္စမရှိပေ။

 

 

တုန်းကျားဟွေ့ ကျောက်တုန်းလင် ကို တစ်ချက်ကြည့်လိုက်ပြီး “ပိုဆိုးလေလေ ပိုကောင်းလေပဲ။  သိပ္ပံနည်းကျ အထောက်အထား လုံးဝမရှိဘူး”လို့ ပြောလိုက်သည်။

 

“အိုး၊ မင်းကသိပ္ပံအကြောင်း ပြောပြချင်သေးတာလား။”

 

“ ဘာလဲ။  ကျွန်မက ကျေးလက်ဒေသက အမျိုးသမီးတစ်ယောက်ဖြစ်နေလို့ ရှင်နဲ့ သိပ္ပံအကြောင်းပြောဖို့ မထိုက်တန်ဘူးလို့ ထင်နေတာလား။ ကျွန်မပြောတာမှန်တယ်မလား ရွာအတွင်းရေးမှူး။”

 

 

“အဲ့ဒါမမှန်ဘူး။  မင်းပြောတာက အဓိပ္ပါယ်ရှိမယ်လို့ ထင်တယ်။  အိမ်မှာ အိမ်ရှင်မအဖြစ် မမြှုပ်နှံသင့်ဘူး။ ”

 

 

တုန်းကျားဟွေ့က  အင်း ချလိုက်သည်။ “မှန်တယ်”

 

 

အခုခေတ်မှာ သူမသည်လည်း ကိုယ်ကျင့်တရား၊ ဥာဏ၊ ရုပ်ပိုင်းနှင့် အနုပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘွဲ့ရထားတဲ့ ကျောင်းသူတစ်ဦး ဖြစ်သည်။

 

သူတို့နှစ်ယောက် စကားပြောရင်းနဲ့ တုန်းမိသားစုရဲ့အိမ်ကို ရောက်လာခဲ့သည်။  တုန်းကျားဟွေ့ က ယင်းပေါင် ကို သူမလက်ထဲမှာ ချီထားပြီး ကျောက်တုန်းလင် က ဟိုင်းဒန် ကို သူ့စက်ဘီးပေါ်မှာတင်ပြီး လေးယောက်သား ခြံဝင်းထဲကို ဝင်သွားသည်။

 

“အစ်မ၊ နင့်ရဲ့မတ် ဒီမှာလာနေပြီ ”

 

“တုန်းလင် ဒီမှာလာနေပြီ ”

 

မိသားစုက သူတို့ကို ကြိုဆိုကြပြီး လေးယောက်ကို ချက်ချင်းဝိုင်းလိုက်ကြသည်။

 

“ဒါက ဟိုင်းဒန် ဒါက ယင်းပေါင် ဟုတ်တယ်မလား။ ကလေးနှစ်ယောက်က ဘယ်လောက်များ ကြီးထွားလာလဲ။ သူတို့က လှပပြီးကြည့်ကောင်းတယ်။ ”

 

 

ကျောက်တုန်းလင်က ဟိုင်းဒန် ကို စက်ဘီးပေါ်မှချလိုက်ပြီး မြေကြီးပေါ် ချပေးလိုက်သည်။  ဟိုင်းဒန်က ကျောက်တုန်းလင်ခြေထောက်ကို မှီပြီး မြေကြီးကိုကြည့်နေကာ စကားမပြောပေမယ့် ယင်းပေါင်က ဝိုင်းစက်သောမျက်လုံးများဖြင့် လူတိုင်းကိုကြည့်နေပြီး သူတို့ကို လုံးဝမှတ်မိခြင်းမရှိပေ။

 

ရှန်းကွေ့ရှောင်က ကလေးမလေးကဲ့သို့ပင် ယင်းပေါင်ကို တုန်းကျားဟွေ့ ၏ လက်အတွင်းမှ ချီလိုက်သည်။

 

“ဒီကောင်မလေးက အရမ်းကြည့်ကောင်းတယ်။  သူမက ထျန်းနျိုရဲ့ညီမလေးလိုပဲ။ ”

 

 “မဟုတ်ပါဘူး၊ ယင်းပေါင်းနဲ့ ထျန်းနျိုတို့က  တော်တော်ဆင်တယ်လို့ ထင်တယ်။  သူတို့နှစ်ယောက်လုံးက ချစ်ဖို့ကောင်းတယ်။”

 

 

ကျို့ရင်ဒီက ဟိုင်းဒန်လက်ကိုကိုင်လိုက်ပြီး ခေါင်းကို ပွတ်သပ်ကာ “ဟိုင်းဒန်က ရှောင်မန် နဲ့ အသက်အတူတူပဲ။ အထဲဝင်လေ။ ဒေါ်ဒေါ် က စားကောင်းသောက်ဖွယ်တွေ ယူလာပေးမယ်။”

 

ဟိုင်းဒန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ ကျောက်တုန်းလင်ကိုကြည့်ဖို့ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ကျောက်တုန်းလင်က သူ့ကို ခေါင်းညိတ်ပြနေတာကို မြင်မှ ကျို့ရင်ဒီ နောက်ကို လိုက်သွားလိုက်သည်။

 

ကျားဟွေ့ ၏အစ်ကို သုံးယောက်က ကျောက်တုန်းလင် နှင့်အတူ စကားစမြည်ပြောကြသည်။ တစ်ဖက်တွင်၊ ရှန်းကွေ့ရှောင်က တုန်းကျားဟွေ့ကို အိမ်ထဲခေါ်သွားကာ ယင်းပေါင်ကို သူမလက်ထဲတွင် ချီထားဆဲဖြစ်သည်။

 

“ ဘယ်လိုနေလဲ။  ကျောက် မိသားစုက သမီးကို ကောင်းကောင်းမွန်မွန် ဆက်ဆံလား။”

 

အမှန်တော့ ရှန်းကွေ့ရှောင်က လက်ဆောင်ပြန်ပေးတာကို မြင်ပြီးတော့ သူမအားလုံးနီးပါးကိုသိနေပြီ ဖြစ်သည်။ ဒါက ပေါ့ပေါ့ပါးပါး လက်ဆောင် မဟုတ်ပေ။  တုန်းကျားဟွေ့  ယောက္ခမက အဲ့ဒါကို ကိုယ်တိုင်ပြင်ဆင်ထားကြောင်း သူမကြားသိခဲ့ရသည်။

 

“ ကောင်းကောင်းဆက်ဆံပါတယ်။ ”

 

တုန်းကျားဟွေ့က ကျောက် မိသားစုတွင် သူမ၏ဘဝအကြောင်း ရှန်းကွေ့ရှောင်အား ပြောပြခဲ့ပြီး ရှန်းကွေ့ရှောင်က နားထောင်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ခဲ့သည်။

 

“သူတို့ သမီးအပေါ်ကောင်းသရွေ့ သမီးရဲ့ယောက္ခမက ယုတ္တိမဲ့တဲ့ အမျိုးအစားလို့ အမေ မထင်ဘူး။ အမေ သူမဆီ အရင်သွားလည်ဖူးတယ်။ သူ့မိသားစုရဲ့ချွေးမနဲ့လည်း သူမက မဆိုးဘူး။ မဟုတ်ရင် သမီး သဘောတူရင်တောင် အမေက သမီးကိုလက်ထပ်ပေးဖို့သတ္တိရှိမှာမဟုတ်ဘူး။”

 

 

တုန်းကျားဟွေ့ တစ်ခုခုပြောချင်ပေမယ့် ရှန်းကွေ့ရှောင်းဆီ အဲဒီအရာကို ပြောပြရမလား၊ မပြောပြရဘူးလားဆိုတာ မသိပေ။ အဲ့တာက တကယ်ကိုကိုယ်ရေးကိုယ်တာဖြစ်သော်လည်း ရှန်းကွေ့ရှောင်က မူလပိုင်ရှင်၏မိခင်ဖြစ်သည်။  သူမလည်း အမှန်တရားကို သိခွင့်ရှိသည်။  မူလပိုင်ရှင်က သူမ၏ဘဝကိုအဆုံးသတ်ဖို့ မြစ်ထဲသို့ခုန်ချခဲ့သည်။ သူမဒီကို နောက်ပိုင်းမှ ရောက်လာပေမယ့် မူလပိုင်ရှင်ကတော့ ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။

 

“ ဘာလို့လဲ။ ဘာကိစ္စလဲ။ အဲ့တာကို ဖုံးကွယ်မထားနဲ့။ ”

 

ရှန်းကွေ့ရှောင်က ကျောက် မိသားစုမှာ တစ်ခုခုမှားနေပြီလို့ထင်ပြီး သူ့သမီးလေး ဒီလိုပြုမူနေတာကိုမြင်တော့ အမြန်မေးလိုက်သည်။

 

“အဲ့ဒါက ကျောက် မိသားစုနဲ့ မဆိုင်ပါဘူး။ အဲ့ဒါက၊သမီး တုန်းလင်နဲ့အဲ့တာကိုလုပ်တာက ဒါသမီးရဲ့ပထမဆုံးအကြိမ်ပဲ။ သမီးအရင်က အဲ့တာကိုနားမလည်ခဲ့ဘူး။ သမီး လု နဲ့  ဘာမှမလုပ်ခဲ့ဘူး။ ”

 

“ ဘာ ”

 

 

ရှန်းကွေ့ရှောင်ရဲ့ အသံက ဆဋ္ဌမအာရုံထဲ တိုက်ရိုက် တိုးဝင်လာခဲ့သည်။ သူမ၏ ရင်ခွင်ထဲတွင် ရှိနေသော ယင်းပေါင်က လန့်ဖျပ်သွားခဲ့သည်။ သူမက ယင်းပေါင် ရဲ့ ကျောကို ပွတ်သပ်လိုက်ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်သည်။ “ အခုပြောခဲ့တာက ဘာကို ဆိုလိုတာလဲ။ သမီး လုနဲ့ မအိပ်ခဲ့ဖူးဘူးလား။” 

 

 

ရှန်းကွေ့ရှောင်က တုန်းကျားဟွေ့ကို အိပ် ဟူသော စကားလုံးဖြင့် ရှက်ရွံ့စေခဲ့သည်။ သူမ ကိုးရိုးကားယားသာနိုင်စွာ ခေါင်းညိတ်ပြလိုက်သည်။ ရှန်းကွေ့ရှောင် လျင်မြန်စွာ ထလိုက်တော့ ယင်းပေါင် ထပ်ပြီး ထိတ်လန့်သွားပြန်သည်။ တုန်းကျားဟွေ့က သူမ၏ အပြုအမူကို မြင်သောအခါ ယင်းပေါင်ကို ခေါ်လိုက်ပြီး သူမအစား ထိန်းလိုက်သည်။

 

“ ဆိုလိုတာက သမီးမှာ ကိုယ်ဝန်မရှိတာက သမီးမှာ ဘာပြဿနာမှ မရှိဘူးပေါ့။ အဲ့တာက လုက သမီးကို  လုံးဝမထိခဲ့လို့ပေါ့။  ”

 

တုန်းကျားဟွေ့ ခေါင်းညိတ်လိုက်သည်။ အဲ့တာဖြစ်သင့်တယ် မဟုတ်ရင် သူမ ဒီဖြစ်စဉ်ကို ရှင်းပြလို့ မရနိုင်ပေ။

 

“ဒီ မျိုးရိုးအမည် လုက  ညစ်ပတ်တဲ့ရေကို နင့်အပေါ်လောင်းချတာ။  သေစမ်း  ငါသူ့ကိုတွေ့ရင် သူ့ကိုတကယ်သေအောင်သတ်ပစ်မယ်။ ”

 

“ အမေ အမေ့ကိုသမီးပြောပြတာက သူ့ကို သွားတွေ့စေချင်လို့ ပြောတာမဟုတ်ဘူးနော်။ အမှန်အတိုင်းပြောရရင် အဲ့လိုမိသားစုမျိုးနဲ့ သမီး မပတ်သက်ချင်တော့ဘူး။  သမီး အခု တုန်းလင်နဲ့ ကောင်းကောင်းနေနေတယ်။ သမီး အပိုဒုက္ခမဖြစ်စေချင်ဘူး။”

 

ရှန်းကွေ့ရှောင်က တစ်ဆို့ပြီး သက်ပြင်းချလိုက်သည်။

 

“ မှန်တယ် ”

 

သူမ တုန်းကျားဟွေ့ရဲ့ လက်ကိုယူလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များ ပြည့်နှက်နေသည်။  သူမရဲ့ မျက်လုံးတွေက ထပ်မံပူလာပြန်သည်။

 

“ဒီရက်ပိုင်းမှာ အမေ စိတ်ပူနေခဲ့တာ သမီးကောင်းကောင်းမနေရမှာ စိုးရိမ်ခဲ့တာ။ သမီးမှာ နောက်ထပ် မတော်တဆမှုတစ်ခု ကြုံလာရရင် အဲ့တာက အမေ့ကို တကယ်သတ်လိမ့်မယ်။”

 

သူ့သမီးကိုကြည့်တော့ သူမရဲ့ဆံပင်တွေက မည်းနက်နေပြီး မျက်လုံးတွေ တောက်ပနေကာ သူမရဲ့ အသားအရေက စိုစွတ် တောက်ပြောင်နေပြီးတော့ သူမ ရဲ့နှုတ်ခမ်းထောင့်တွေမှာ အပြုံးတစ်ခု ရှိနေတာကြောင့် သူမဟာ အလွန် ကောင်းကောင်း မွန်မွန် နေနေရသည်။

 

“ နောက်ဆုံးတော့ အမေ  စိတ်သက်သာသွားပြီ ”

 

 ဒါကိုသိရတော့ လု မိသားစုကို မုန်းတီးတဲ့အပြင် သူ့သမီးလေးအတွက်လည်း မနေနိုင်ဘဲ ပျော်ရွှင်ခဲ့သည်။  အဲဒီယောက်ျားတွေက ဘယ်လိုပဲ  ဂရုမစိုက်နေပါစေ သူတို့ရဲ့ နှလုံးသားထဲမှာ ဆူးတွေ ရှိနေမယ်ဆိုတာ သူမ သိသည်။ သူမသမက်ရဲ့ နှလုံးသားထဲက ဆူးတွေကို ဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။

 

“ သမီးဘာမှ နားမလည်ဘူးလို့ ပြောလိုက်တာလား? အမေ့ကို အပြစ်တင်လိုက်။ အမေ သမီးကို သေသေချာချာ မသင်ပေးခဲ့မိဘူး အဲ့တာကြောင့် သမီး လက်ထပ်တုန်းက သမီးဘာမှ မသိခဲ့တာ။ ”

 

သူမသမီးက အရမ်းငယ်လွန်းသည်။ လုမိသားစုနဲ့ လက်ထပ်တုန်းက သူမအသက်က ဆယ့်ရှစ်နှစ်ပဲရှိသေးသည်။

 

ရှန်းကွေ့ရှောင်က သူမမျက်နှာပေါ်တွင် အပြုံးဖြင့် မီးဖိုချောင်သို့ပြန်သွားလိုက်ပြီး ယောင်းမတော်တော်များများက တုန်းကျားဟွေ့ ကို စနေကြသည်။ “အိမ်ထောင်ကျပြီးနောက်ပိုင်း ကျားဟွေ့ နဲ့ သူမရဲ့ယောက္ခမတို့မှာ အချိန်ကောင်းတွေရှိပုံရတယ်၊ မဟုတ်ရင် အမေ  ဒီလိုမျိုး ပျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ”

 

“သူမက ကြက်တစ်ကောင်၊ ဝက်သားငါး ပေါင်၊ ကြက်ဥတွေနဲ့ ပန်ကိတ်တွေ ယူလာတယ်။”

 

“ငါတို့ မိသားစုက လုံးဝ မဆိုးပါဘူး။ ငါ့မတ်လေးရဲ့မျက်နှာကိုထောက်ပြီး မနက်အစောကြီးမှာ ငါတို့အစားအသောက်တွေနဲ့ အလုပ်များနေပြီ။ ”

 

ကျို့ရင်ဒီ ပြုံးပြီး နှပ်ထားတဲ့ ဝက်နှလုံးကို အတုံးလေးတုံးလိုက်ကာ ယင်းပေါင် ပါးစပ်ထဲ ထည့်လိုက်တယ် “ဒီကလေးနှစ်ယောက်က ဘယ်လိုလဲ။  ကောင်လေးက စကားနည်းတာကို ငါတွေ့တယ်။ ”

 

 သူမသည် ဟိုင်းဒန်ကို ရှောင်မန်ထံသို့ ခေါ်သွားပြီး အိမ်တွင် ကလေးများကို ဟိုင်းဒန်နှင့် အတူ ဆော့ကစားစေကာ သူ့အတွက် စားစရာတစ်ချို့ယူဆောင်သွားခဲ့သည်။

 

 “ခြုံပြောရရင်တော့ အဆင်ပြေပါတယ်။ သူ အဲ့တာကိုချက်ချင် လက်မခံနိုင်တာဖြစ်မယ်။ ပြီးတော့ သူ့မှာ သူ့အမေအပေါ် ခံစားချက်တွေ အများကြီးရှိနေတုန်းပဲ။”

 

 “ဟေး၊ မိထွေးဖြစ်ဖို့ မလွယ်ဘူးနော်။ နင်သူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ပေးတဲ့အခါ နင့်အကြောင်း ဘယ်သူမှ ကောင်းကောင်းပြောမှာမဟုတ်ဘူး။  ဒါပေမယ့် နင်မလုပ်ရင် နင် အဆူခံရလိမ့်မယ်။”

 

“ငါမသေချာဘူး။  ဘာပဲဖြစ်ဖြစ် ငါက အပြောခံရဖူးတယ်။”

 

နောက်ကွယ်မှာ လူတွေအကြောင်း ဘယ်သူကမပြောလို့လဲ။ နောက်ကွယ်မှာ ဘယ်သူတွေက အပြောမခံရလို့လဲ။

 

 ဘဝကဒီလိုမဟုတ်​လား။ တုန်းကျားဟွေ့မှာ သူမ၏ ကိုယ်ပိုင်ဘဝ စည်းမျဉ်းစည်းကမ်းများကို အချိန်အတော်ကြာ ဖော်ထုတ်ခဲ့သည်။  ဆိုလိုတာက သူမရဲ့ကိုယ်ပိုင်ဘဝနဲ့ သူများတွေ ပြောချင်သမျှကို ပြောခွင့်ပေးလိုက်မည်။  သင့်မှာ ကောင်းမွန်သောဘဝတစ်ခုရှိမယ်ဆိုရင် သူများတွေဘာပဲပြောပြော သင် အသားတစ်တုံးမှ ဆုံးရှုံးမှာမဟုတ်ပေ။

 

 ယောင်းမတော်တော်များများက ကျားဟွေ့ ရဲ့ အရင်အဖြစ်အပျက်တွေကို သတိရပြီး ဆက်မသွားရဲကြပေ။  သူတို့သည် အခြားအကြောင်းအရာများသို့ ချက်ချင်းပြောင်းသွားခဲ့သည်။ ဒါပေမယ့် ရှန်းကွေ့ရှောင်က သူမ၏ ကံကြမ္မာကို သက်ပြင်းချကာ နှလုံးသားထဲတွင် သက်ပြင်းချနေမိသည်။

 

ကျားဟွေ့ ကလေးမမွေးရတာက အဲ့လိုကိစ္စကြောင့်လို့ ဘယ်သူကထင်မှာလဲ။  သူမ သိခဲ့ရင်တော့ လု မိသားစုရဲ့အိမ်ကို ဖြိုခွင်းဖို့ ပေါက်ပြားယူသွားခဲ့မှာ။ အဲ့တာမှ သူတို့မိသားစု ငြိမ်းငြိမ်းချမ်းချမ်းမနေရမှာ ဖြစ်သည်။