အိမ်ရှင်သည် သူ၏ရယ်ချင်စိတ်ကို ထိန်းချုပ်ရန် အတော်ပင် ကြိုးစားလိုက်ရသည်။ အကယ်၍ သူသာ ရယ်လိုက်မိပါလျှင် သူ့ရှေ့မှ လူနှစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံရလိမ့်မည်ဟု တွက်ဆမိသည်။ သူ့ရှေ့မှ နှစ်ယောက်မှာ လေ့ကျင့်ခန်းပုံမှန်လုပ်ထားကြပုံပေါ်သည်။ ခန္ဓာကိုယ်ချင်းယှဉ်ရလျှင် သေချာပေါက်ကို သူတို့ကို မဆန့်ကျင်နိုင်။
ထိုလူနှစ်ယောက်မှာ မေးပြီးလျှင် ထွက်သွားမည်ဟု ထင်ခဲ့သည်။ သို့သော် ဖုကျန်းချန်က ရုတ်တရက် မေးလိုက်သည်။
".သူအရင်နေခဲ့တဲ့အခန်းကို ကြည့်ကြည့်လို့ရမလား......."
အိမ်နှင့်ပတ်သက်၍ ရှက်စရာ မရှိသဖြင့် အိမ်ရှင်လည်း သော့ကိုယူကာ သူတို့ကို ဖုကျန်းနေခဲ့သော အခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။ တံခါးသော့ကိုဖွင့်ကာ ဖုကျန်းချန်ကို ပြောလိုက်သည်။
ဖုကျန်းချန်လည်း အထဲသို့ ဝင်လာသည်။ သူ့ရှေ့မှ အခန်းသည် တစ်ဆယ်စတုရန်းမီတာပင်မရှိ၊ လွန်စွာကျဉ်းမြောင်းလှသည်။ နံရံဘေးတွင် တစ်ယောက်အိပ်ကုတင်တစ်လုံးရှိပြီး အခြားပရိဘောဂဟူ၍ တစ်ခုမျှမရှိ။ အခန်းမှာ ကျဉ်းလွန်းမက ကျဉ်းသည်။ တစ်ပတ်လှည့်ရန် ခက်ခဲရုံသာမက အသက်ရှူ၍ပင် မဝချင်။
ထိုကဲ့သို့ ခြေချစရာပင်မရှိသော အခန်းကျဉ်းထဲတွင် နှစ်နှစ်နီးပါးနေရမည်ဆိုသည်မှာ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
အဆောက်အဦးထဲမှ ထွက်လာချိန်တွင် ဆီးနှင်းတို့က တဖွဲဖွဲကျနေသည်။ ဖုကျန်းချန်သည် ခေါင်းကိုမော့ကာ အထက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အချိန်အကြာကြီးကြာမှ ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။
ထိုအခိုက်အတန့်မှစ၍ ဖုကျန်းကိုတွေ့သည်အထိ သူသည် အသံတစ်သံမှ ထပ်မံထွက်မလာခဲ့တော့။
ချမ်ကျူးကို အင်တာဗျူးခဲ့သည့်ညတွင်တော့ ချွန်းဟွာတောင်၏ ဒါရိုက်တာတိုက်ပွဲသည် အဆုံးသတ်သို့ ရောက်လုနီးပါးဖြစ်နေသည်။ သို့သော်လည်း တစ်ချိန်တည်းတွင်ပင် ရုပ်ရှင်သည် မကြာမီက ထုတ်လွှင့်ခဲ့သည့် ကပ်ဆိုက်မှုကို ကြုံတွေ့နေရသည်။
ဖုကျန်းက သိပ်ပြီးဂရုမစိုက်။ ချွန်းဟွာတောင်၏ ရုံဝင်ကြေးမှာ သူ့အတွက် Shazhou Chronicle ကို ပြန်အစပျိုးရန်ကဲ့သို့သော ကိစ္စအများကြီးလုပ်ရန် လုံလောက်နေပြီဖြစ်သည်။ လက်ကျန်ငွေသာ လုံလောက်သေးပါလျှင် စရိတ်နည်း မှတ်တမ်းရုပ်ရှင်တစ်ကားလောက် ရိုက်ချင်သေးသည်။ ကျန်းဟန်ရှုက သူ ကူညီမည်ဟု ပြောထားသော်လည်း အကယ်၍ သူတတ်နိုင်သရွေ့ သူ့ပြဿနာကို သူကိုယ်တိုင်သာ ဖြေရှင်းလိုသည်။
မနက်ဖြန် ကျန်းဟန်ရှု၏မိခင်နှင့် တွေ့ရမည်ဖြစ်၍ စိတ်လှုပ်ရှားနေသည်။ ညနေပိုင်းတွင် မဒမ်ကျန်းအတွက် လက်ဆောင်သွားဝယ်ရန် ကျန်းဟန်ရှုကို မရပ်မနား နားပူနားဆာတိုက်နေမိသည်။ သူ့တွင် ငွေအမြောက်အများမရှိ၍ လက်ထိုးပိုးကြိုးကိုမဝယ်မီ ကျန်းဟန်ရှုက သူ့ကို အနည်းငယ် ကူညီပေးခဲ့သည်။
ဖုကျန်းတစ်ယောက် ညလယ်ခေါင်အထိ မအိပ်နိုင်၊ ငေးမှိုင်နေရင်း ဘေးမှ ကျန်းဟန်ရှုကို မေးလိုက်သည်။
".မင်းအမေက တကယ်သဘောကျပါ့မလား...."
".သေချာတာမလို့ စိတ်ချလက်ချအနားယူတော့နော်......"
ကျန်းဟန်ရှုက သူ၏ စိတ်လှုပ်ရှားမှုများ ငြိမ်းအေးသွားစေရန် ဖုကျန်း၏နောက်ကျောကို ဖွဖွလေး ပုတ်ပေးနေသည်။
"နောက်ကျနေပြီ အိပ်တော့နော်....."
ဒီတစ်ကြိမ်တွင်တော့ ဖုကျန်းပြောလာမည်ကို မစောင့်ဘဲ ကျန်းဟန်ရှုက လက်ဦးမှုယူလိုက်သည်။
"မင်းကဒီလောက်ကောင်းနေတာကို ဘယ်သူက သဘောမကျဘဲ နေနိုင်မှာတဲ့လဲ......"
သူ ဖုကျန်း၏ မျက်ခုံးကိုနမ်းကာ သာသာလေး ခြိမ်းခြောက်လိုက်သည်။
"မအိပ်တော့ဘူးဆိုရင် အိပ်ပျော်အောင် တစ်ခုခုလုပ်ကြမလား......"
ဖုကျန်းက ကျန်းဟန်ရှု၏ မုတ်ဆိတ်မွှေးငုတ်တိုများပေါက်နေသော စိမ်းညို့ညို့မေးစေ့ကို တယုတယ ထိလိုက်သည်။
သူက ကျန်းဟန်ရှုကို တိုးတိုးလေး ပြောလိုက်သည်။
ကျန်းဟန်ရှုက ဖုကျန်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
".ကောင်းသောညပါ ကိုယ့်ကလေးလေး....."
နောက်နေ့မနက်ခင်းတွင် ဖုကျန်းတစ်ယောက် စောစောထကာ အဖြူရောင်ဆွယ်တာ ၊ ဒဲ့ပွဘောင်းဘီအနက်ရောင်နှင့် ကွက်တိဖြစ်နေသော မီးခိုးရောင်အပေါ်ဝတ်ခပ်ပါးပါးကို ဝတ်ဆင်ထားသည်။ ဖုကျန်းမှာ သိပ်မငယ်တော့သော်ငြား ထိုသို့ဝတ်လိုက်ချိန်တွင်တော့ ကောလိပ်ကျောင်းသားကဲ့သို့ပင်။
သူသည် ကိုယ်လုံးပေါ်မှန်ရှေ့ အကြာကြီးရပ်ကြည့်နေသည်။ ဒီတစ်စုံကို ဝတ်သင့်မဝတ်သင့် မရွေးနိုင်သည့်အဆုံးတွင်တော့ ဘေးတွင် ငြိမ်ငြိမ်လေးထိုင်နေသော ကျန်းဟန်ရှုကို မေးလိုက်သည်။
".ဒီလိုကြီးဝတ်သွားလို့ အဆင်ပြေပါ့မလား......"
"ပြဿနာတစ်ခုတော့ရှိတယ်......."
ကျန်းဟန်ရှုက ရက်ရက်စက်စက်ပြောစကားကြောင့် ဘယ်နေရာက ပြဿနာဖြစ်နေသည်ကို ကျန်းဟန်ရှု ပြောပြလာရန် မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေရင်း စောင့်လိုက်သည်။
ကျန်းဟန်ရှုက အဝတ်ဗီရိုဆီသို့သွားကာ အနက်ရောင်ကုတ်အင်္ကျီတစ်ထည်ကို ထုတ်ပေးလိုက်သည်။
"များများစားစားလည်းဝတ်မထားဘူး အအေးမိတော့မှာပဲ......"
ဖုကျန်း လှမ်းမယူလိုက်ပဲ ဈေးဆစ်လိုဟန်ဖြင့် ကျန်းဟန်ရှုကို မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ကာ ကြည့်နေလိုက်သည်။
ကျန်းဟန်ရှုက ဖုကျန်းကို တစ်ခွန်းတည်းပြောလိုက်သည်။
"ကိုယ့်အမေက ပြောရခက်တဲ့ကလေးတွေဆို သဘောမကျဘူးတဲ့......"
ကုတ်အင်္ကျီကိုလှမ်းယူကာ ဝတ်လိုက်ရုံမှတစ်ပါး ဖုကျန်းသည် ဘာကိုမှမစွမ်းသာတော့။
ဗီရိုတံခါးကိုပိတ်လိုက်ချိန်တွင် ကျန်းဟန်ရှုသည် ဖုကျန်း၏ အဝတ်များမှာ နည်းနေသေးကြောင်း တွေ့လိုက်ရသည်။ အချိန်ရလျှင် အဝတ်အစားနည်းနည်းထပ်ဝယ်ရန် သူ့ကိုခေါ်သွားရဦးမည်။
လေထန်နေသော တောင်ပတ်လမ်းအတိုင်း မောင်းလာရင်း ဖုကျန်းကို သူ့အိမ်သို့ ခေါ်သွားသည်။ နောက်ဆုံးတွင်တော့ တောင်ခါးပန်းတွင်ရှိနေသော ဗီလာရှေ့သို့ ရောက်လာသည်။ ကား ဆိုက်လာချိန်တွင် လေအေးတစ်သုတ် တိုက်ခတ်သွားသောကြောင့် ဖုကျန်းမှာ နှာမချေရမနေနိုင်ဖြစ်လာ၍ ကုတ်အင်္ကျီကို ယူလိုက်သည်။ ကားပေါ်က အတူတူဆင်းလာချိန်တွင် ကျန်းဟန်ရှု သူ့ကို မရယ်ရက်တော့ပဲ လက်မောင်းကြားထဲ ဆွဲပွေ့ထားလိုက်တော့သည်။
အိမ်ထိန်းအိုကြီးမှာ အပြင်ဘက်တွင် အကြာကြီး စောင့်နေခဲ့ခြင်းဖြစ်သည်။ ကျန်းဟန်ရှု၏ လက်မောင်းကြားမှ ဖုကျန်းကိုမြင်လိုက်ချိန်တွင် အနည်းငယ်အံ့ဩသွားသည်။ သခင်လေးသည် ဒီနေ့ သူ့လက်တွဲဖော်ကို အိမ်ခေါ်လာမည်ဟု သူ့ဇနီးက ညကတည်းက ပြောခဲ့သော်လည်း ကျန်းဟန်ရှုက ယောကျာ်းလေးတစ်ယောက်ကို ခေါ်လာလိမ့်မည်ဟုတော့ သူလုံးဝ မျှော်လင့်မထား။ ကျန်းဟန်ရှု နောက်ဆုံးတစ်ခေါက်ပြန်လာချိန်က မဒမ်ကျန်း၏ အမူအယာကို သတိရလိုက်မိသည်။
သို့သော်ငြား သူတို့လျှောက်လာသည်ကို မြင်ချိန်တွင်တော့ အိမ်တော်ထိန်းသည် အပြုံးတစ်ပွင့်ချိတ်ဆွဲကာ ဗီလာတံခါးကို ကူဖွင့်ပေးရင်း နှုတ်ဆက်လိုက်သည်။
ကျန်းဟန်ရှုက ခေါင်းဆတ်ပြလိုက်ကာ ဖုကျန်းနှင့်အတူ ဗီလာထဲဝင်သွားသည်။
ဖုကျန်း ကျန်းဟန်ရှု၏အမေကို လျင်မြန်စွာ တွေ့လိုက်ရသည်။
မဒမ်ကျန်းက ဧည့်ခန်းတံခါးဝတွင် ခပ်ပြုံးပြုံးဖြင့် ရပ်ကာ ကြိုဆိုနေသည်။ သူမမှာ အသက်ငါးဆယ်နီးပါးလောက်ရှိပြီဖြစ်သော်လည်း ကောင်းစွာထိန်းသိမ်းထား၍ မျက်လုံးထောင့်နားမှ အရေးအကြောင်းပင်မရှိသေး။ သူမဝတ်ဆင်ထားသော စိမ်းပုတ်ရောင်ရိုးရာဝတ်စုံသည် သက်တောင့်သက်သာရှိသော စိတ်နေသဘောထားကို ထင်ဟပ်နေသည်။ ဖုကျန်းက ကိုယ်ကိုကိုင်းညွတ်ကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ မဒမ်ကျန်း ကျွန်တော်က ဖုကျန်းပါ...."
ထို့နောက် သူ့လက်ထဲမှ လက်ဆောင်ကို ကမ်းပေးလိုက်သည်။
"ရောက်လာတာကောင်းတယ် ဘာတွေယူလာသေးတာလဲ......"
မဒမ်ကျန်းက ပြုံးရင်းပြောလိုက်သည်။
ဖုကျန်းရောက်မလာခင်အချိန်လေးတွင် သူမသည် သားဖြစ်သူ ဘယ်လိုချစ်သူမျိုး ခေါ်လာမည်ကို အကြိမ်များစွာ တွေးနေခဲ့သည်။ သူက ဒွိလိင်ဟု ကျန်းဟန်ရှုပြောသည်ကို ကြားဖူး၍ ထိုကလေးသည် မိန်းကလေးပုံစံ ဖြစ်မည်ဟုသာ ထင်ထားခဲ့သည်။ သို့သော် သူမ အထင်အတိုင်းမဟုတ်ခဲ့။ နူးညံ့သိမ်မွေ့သော အစိတ်အပိုင်းများနှင့် အပြုအမူကောင်းများ ပိုင်ဆိုင်သော ဖုကျန်းသည် သာမန်ယောက်ျားလေးတစ်ဦးကဲ့သို့ပင်။
သူမ၏ အရပ်ရှည်သော သားဖြစ်သူဘေးတွင် ရပ်နေသည်မှာ မမျှော်လင့်ထားစွာပဲ လိုက်ဖက်ညီနေသည်။