အပိုင်း ၄၆
Viewers 23k

ဖုကျန်းတစ်ယောက် တစ်ချိန်လုံး စကားတစ်ခွန်းမဆို​ပဲ သူ့ရှေ့မှ လူနှစ်ယောက်ကိုသာ တိတ်တိတ်လေး ကြည့်နေခဲ့သည်။
ဒီတစ်ကြိမ်ရော ဘာလို့လာရှာပြန်တာလဲ သူ့ဆီကနေ ဘာတွေကို ဆွဲထုတ်သွားဦးမလို့လဲ...
ကျန်းဟန်ရှုက ဖုကျန်းချန်နှင့် ဖုထင်းတို့ကို တွေ့ဖူးပြီး သူတို့က ဖုကျန်းနှင့် ပတ်သက်မှုရှိသည်ကိုလည်း သိနေသည်။ ဒီကိစ္စတွင်တော့ သူက ဖုကျန်းကို ကာကွယ်ပေးရန်သာဖြစ်ပြီး ကျန်အရာအားလုံးကို ဖုကျန်းကိုယ်တိုင် ကိုင်တွယ်လိမ့်မည်။
ဖုကျန်းချန်သည် သူ့ထံသို့ လျှောက်လာသော ဖုကျန်းကို ကြည့်နေလိုက်ပြီး ဘေးမှလိုက်လာသော ကျန်းဟန်ရှုကိုတော့ လျစ်လျူရှုထားလိုက်သည်။ သူ့နှုတ်ခမ်းများမှာ တဆတ်ဆတ်တုန်နေပြီး မရေမတွက်နိုင်လောက်သော စကားလုံးတို့က သူ့လည်ချောင်းတစ်လျှောက် ဆန်တက်လာသည်။ ဖုကျန်းကို ခြောက်လှန့်မိသလိုဖြစ်မည်ကို စိုးရိမ်၍ သာသာလေး မေးလိုက်သည်။
".ဒီနှစ်နှစ်အတွင်း ဘယ်လိုနေခဲ့လဲ....."
ဖုကျန်းချန်က ဘယ်လိုတောင် လာနောက်ပြောင်နေရတာလဲ ကောင်းကောင်းနေရလားလို့ လာမေးနေတယ်...
ဖုကျန်းက နှုတ်ဆိတ်နေဆဲဖြစ်သည်။ အရင်နှစ်များကလိုပုံစံမျိုးနှင့် သူ့ရှေ့မှ ဖုကျန်းချန်သည် ဖုကျန်းအတွက်တော့ အစိမ်းသက်သက်ပင်။ ထိုခဏ၌ ခက်ခဲသည့်နှစ်များအတွင်း သူ့ကိုနှောင့်ယှက်နေသော အိပ်မက်ဆိုးများအားလုံးမှာ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။
သို‌့သော် အလာကောင်းသော်ငြား အခါနှောင်းသွားပြီဖြစ်သည်။ ဖုကျန်းချန် အရင်လိုပြန်ဖြစ်ကာ သူစိတ်ကူးထားသလို ထန်ဝမ်ဝမ်နှင့် သဟဇာတဖြစ်နိုင်လာလိမ့်မည်ဟု ဖုကျန်းက လုံးဝ မယုံကြည်တော့။
သူမြင်နေရသည်မှာ စစ်မှန်သည်ဖြစ်စေ အတုအယောင်ပင်ဖြစ်စေ သူနှင့် ပတ်သက်ဆက်နွယ်ခြင်း တစိုးတစိမှ မရှိတော့။
".အရမ်းကောင်းတယ်....."
ဖုကျန်းက ပြောလိုက်သည်။
သူခံစားခဲ့ရသည့် ဆင်းရဲဒုက္ခများကို သူစိမ်းများအား ပြောပြစရာ အကြောင်းမရှိပေ။
ဖုကျန်းပြောနေသည်မှာ အမှန်မဟုတ်မှန်း လူတိုင်းသိနေသည်။ သူပြောလိုက်သည်ကြောင့် ဖုကျန်းချန်မှာ ဘယ်လိုစကားဆက်ပြောရမလဲ မသိတော့။ ဖုကျန်း၏ အကြည့်များထဲမှ ခိုင်မာသည့် ခုခံလိုမှုကို မြင်လိုက်ရသည်။
ဒါက ကလေးတစ်ယောက် သူ့အဖေကို ပြသင့်သည့် ပုံစံမျိုး လုံးဝမဟုတ်ပေ...
ဖုကျန်းချန် သူမကြာခဏ မက်လေ့ရှိသည့်အိပ်မက်ကို သတိရလိုက်မိသည်။ အိပ်မက်ထဲတွင် ဖုကျန်းက သူ့ကို အဝေးသို့ တွန်းထုတ်ပြီး သူ့မျက်ဝန်းများက ပင်ပန်းဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။ ဖုကျန်းက သူ့ကို ပြောလိုက်သည်။
"နောက်ကျသွားပြီ ကျွန်တော် ခင်ဗျားကို မလိုချင်တော့ဘူး....."
ယခုမူ ထိုအိပ်မက်က လက်တွေ့ဖြစ်လာ​​​ပြီ သူအချစ်ရဆုံးကလေးက သူ့ကိုမလိုအပ်တော့။
ဖုကျန်းချန်က ထိုအချက်ကို လက်မခံနိုင်။ ဖုကျန်း သူ့ထံသို့ပြန်လာကာ အဖေသို့ ခေါ်လာရန် မျှော်လင့်မိသည်။ သူအမှားမလုပ်မိသေးသည့်အချိန်သို့ ပြန်သွားနိုင်ရန် မျှော်လင့်မိသည်။
"မင်းအတွက် အဖေ ဘာလုပ်ပေးနိုင်မလဲ....."
ဖုကျန်း ငယ်ဘဝသို့ ပြန်ရောက်သွားသလိုပင်။ ဖုကျန်းချန် သူ့ကိုယ်သူ အဖေဟုပြောသံကို မကြားရတော့သည်မှာ ဘယ်လောက်ကြာပြီလဲပင် မမှတ်မိတော့။ သို့သော် သူတို့ဒီလိုလုပ်လေလေ ထောင်ချောက်အကြီးကြီးတစ်ခုက စောင့်‌ဆိုင်းနေသည်ဟု ခံစားရလေလေဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက်က သူ့ခြေထောက် ကျိုးသွားခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ သူ့ဘဝကို မဆုံးရှုံးချင်တော့။ ကျန်းဟန်ရှုနှင့် အိမ်သစ်တစ်လုံး ပိုင်ဆိုင်ကာစဖြစ်ပြီး ဒီနေရာတွင်ပင် အနာဂတ်အသစ်တစ်ခုကို အစပျိုးလိုသည်။
"ကျွန်တော် ခင်ဗျားတို့ကို ထပ်မတွေ့ချင်တော့ဘူး ကျေးဇူးပြုပြီး ကျွန်တော့်ရှေ့ကို ထပ်ပေါ်မလာပါနဲ့တော့ ဟုတ်ပြီလား....."
ဖုကျန်း သူ့ရှေ့က ဖုကျန်းချန်ကို ခပ်သာသာ တောင်းဆို‌လိုက်သည်။
"ကျွန်တော် တောင်းဆိုတာပါ....."
မြောက်ပြန်လေ သွေးလာချိန် ကားဟွန်းသံများ ညံလာကာ သစ်ကိုင်းခြောက်တို့က ယိမ်းထိုးလာသည်။ သို့သော် ဖုကျန်းချန်ကတော့ မကြားနိုင်ခဲ့။ အခု ရှေ့တွင်ရပ်နေသော သူ့ရင်သွေးက နောက်ထပ်ပေါ်မလာရန် တောင်းပန်နေသည်။ ဖုကျန်း၏ ဟန်ပန်က သူ့အတွက် ငြင်းဆန်ရန် ခဲယဉ်းနေသည်။ သူ့ကိုယ်သူ ခေါင်းမညိတ်မိစေရန် အပြင်းအထန် ကြိုးပမ်းနေရသည်။
ခဏအကြာတွင်တော့ ဖုကျန်းချန်က တုန်တုန်ရီရီဖြင့် မေးလိုက်သည်။
"မင်းခြေထောက်က....."
သူ ဖုကျန်းကို ဆေးရုံတွင် နောက်ဆုံးအကြိမ် တွေ့လိုက်စဉ်က သူပြခဲ့သည့် ဆရာဝန်အား တွေ့ခဲ့သည်ကို သတိရလိုက်သည်။ ဆရာဝန်က နောက်ကျသွားပြီဟုသာ ပြောခဲ့သည်။ သူသာ စောစောလာခဲ့ရင် လုံးဝသက်သာသွားဖို့ အခွင့်အရေးရှိနေဦးမှာတဲ့။
သူတို့အသိဝင်လာချိန်က နောက်ကျသွားပြီ။ နှစ်နှစ်သာ နောက်ကျသွားသည်မဟုတ်။ ဖုကျန်း၏ တစ်ဘဝလုံးစာ နောက်ကျသွားပြီဖြစ်ကြောင်း ဖုကျန်းချန် နားလည်လိုက်မိသည်။
ဖုကျန်းက မျက်လွှာချကာ ခံစားချက်မပါဘဲ ပြောလိုက်သည်။
"ကျိုးသွားတာလေ နောက်လည်း ပြန်ကောင်းမလာနိုင်တော့ဘူးတဲ့ စိတ်ချလက်ချနေလိုက်တော့....."
ထိုသို့ပြောပြီးမှ သူနည်းနည်းလွန်သွားသည်ဟု ဖုကျန်းက သတိထားလိုက်မိသည်။ သူက ဒီလိုဖြစ်ချင်ခဲ့သည်မဟုတ်။ သူ့မှာ ဘဝသစ်တစ်ခုရှိနေပြီဖြစ်၍ အတိတ်တွင် ပိတ်မိမနေချင်တော့။
ဘေးတွင်ရပ်နေသော ကျန်းဟန်ရှုကို စောင်းကြည့်လိုက်သည်။
နှုတ်ခမ်းထောင့်စွန်းမှ အပြုံးတစ်ပွင့်နှင့်အတူ ကျန်းဟန်ရှုက သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။ ဖုကျန်းကို ထိုလမ်းကြောင်းအတိုင်း ဆက်လျှောက်ရန် အားပေးလိုက်သည်။
ဖုကျန်းချန်၏နှုတ်ခမ်းမှာ လှုပ်လာပြီး နှစ်နှစ်ကြာ နောက်ကျနေပြီဖြစ်သော တောင်းပန်စကားကို ပြောလိုက်သည်။
"အဖေတောင်းပန်ပါတယ်....."
သို့သော်ငြား ထိုစကားက ဖုကျန်းအတွက် ဘာအဓိပ္ပါယ်မှ မရှိ​တော့ပေ။
နှင်းများ တဖွဲဖွဲကျလာကာ လမ်းမီးတိုင်များ တစ်တိုင်ပြီးတစ်တိုင် လင်းလာပေပြီ...
ဖုကျန်းချန်ပြောသည်ကို ကြားလိုက်ရချိန်တွင် ဖုကျန်း ဟက်ဟက်ပက်ပက်ပင် ရယ်လိုက်ပြီး
ဖြေးဖြေးလေး ပြောလိုက်သည်။
"မစ္စတာဖု ခင်ဗျားက ကျွန်တော့်အဖေမဟုတ်တော့ဘူးလေ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သားအဖဆက်ဆံရေး ပျက်စီးသွားတာကို မမေ့နဲ့ဦးနော် အခုဆို ကျွန်တော်တို့က သူစိမ်းတွေလို့တောင် ပြောလို့ရနေပြီ ခင်ဗျားတို့ရှေ့မှာ ထပ်ပေါ်လာရလို့ တောင်းပန်ပါတယ် မစ္စတာဖုထင်းကတော့ ကျွန်တော်သာ သူ့ရှေ့ကို ထပ်ပေါ်လာရင် နောက်ခြေထောက်တစ်ဖက်ကိုပါ ချိုးပစ်မယ်လို့‌ ပြောခဲ့တာပဲဗျ ဒါပေမယ့် ဒီတစ်ခေါက် မတော်တဆတွေ့တာကတော့ ကျွန်တော့်အမှားမဟုတ်ဘူးထင်တယ်နော် အနာဂတ်မှာ ကျွန်တော့်ဘဝလေး မပူမပင်နေရ‌ဖို့ဆို ထပ်မတွေ့ဘဲ နေကြရအောင် အနူးအညွတ်တောင်းဆိုပါတယ်....."
ဖုကျန်း ထိုသို့ပြောလိုက်သည့်အခိုက်တွင် ဖုထင်း၏ မျက်နှာမှာ သွေးမရှိတော့သလို ဖြူဖျော့သွားလေသည်။ ဖုကျန်းချန်မှာလည်း သူနှင့် ဘာမှမထူး။
နှစ်ပေါင်းများစွာ အစိုင်အခဲဖြစ်လာသော စိတ်ဓာတ်ကျမှုတို့ ပျောက်ကွယ်သွားသည့်အတွက် ဖုကျန်း၏စိတ်မှာ မပြောသင့်ဟုသာ ခံစားရသည်။ ဖုထင်နှင့် ဖုကျန်းချန်တို့၏ အမူအယာကိုကြည့်ရင်း သူတို့သည် ကြောင်သူတော်များဟုသာ ခံစားလိုက်ရသည်။
ကျန်းဟန်ရှုက ဖုကျန်း၏လက်ကို စိုးရိမ်တကြီးကိုင်လိုက်သည်။ ဖုကျန်းပင်သတိမပြုမိသည့် နာကျင်မှုကို သူက မြင်လိုက်ရ၏။ ဖုကျန်းချန်နှင့် အခြားသူများကို ချိန်ရွယ်ထားစဉ်မှာပင် ထိုဓားက သူ့ကိုပါ ဒဏ်ရာရစေသည်။ သူ ဖုကျန်းကို ပြောလိုက်သည်။
".ပြန်ကြရအောင်....."
ထို့နောက် ကျန်းဟန်ရှုက ဖုကျန်းချန်ကို ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။
"မစ္စတာဖု အရင်ဆုံး ပြန်လိုက်ပါ....."
ဖုကျန်းချန် သူ့ရှေ့မှ ကျန်းဟန်ရှုကို မရွှင်မပျစွာ ကြည့်လိုက်သည်။ အိမ်ရှင်ပြောသော မျက်လုံးပြာနှင့်လူမှာ သူ့ရှေ့မှလူဖြစ်လိမ့်မည်ဟု သတိရလိုက်ပြီး မေးလိုက်သည်။
".မင်းက ဘယ်သူလဲ....."
ကျန်းဟန်ရှုက ပြောလုဆဲဆဲတွင် ဖုကျန်းက သူ့အင်္ကျီကိုဆွဲကာ ပြောလိုက်သည်။
"ကျန်းဟန်ရှု ..သွားကြ‌ရအောင်....."
ထို့နောက် ကျန်းဟန်ရှုကိုဆွဲခေါ်ကာ အဆောက်အဦးထဲသို့ ဝင်သွားလိုက်သည်။
"ရှောင်ကျန်း....."
ဖုကျန်း၏နောက်ဘက်မှနေ၍ သူ့နာမည်ကို လှမ်းခေါ်လိုက်သည်။
ဖုကျန်းလည်း ရပ်လိုက်ကာ ခေါင်းကို ဆတ်ခနဲလှည့်လိုက်ပြီး ဖုကျန်းချန်ကို စိုက်ကြည့်လိုက်သည်။ သူက တစ်လုံးချင်းပြောလိုက်သည်။
".မစ္စတာဖု ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ခဲ့လဲ မှတ်မိသေးလား မေ့သွားပြီဆို ပြန်မှတ်မိအောင် ကူညီပေးလို့ရတယ်နော် ဘယ်လိုစိတ်ကူးနဲ့များ တောင်းပန်စကားလေး တစ်ခွန်းပြောရုံနဲ့ အကုန်လုံး မီးခိုးငွေ့လို ပျောက်ကွယ်သွားမယ်လို့ ထင်နေရတာလဲ... ဘာလို့များ ကျွန်တော်က ခင်ဗျားဆီ ပြန်လာမယ်လို့ ထင်ရတာလဲ....."
ဖုကျန်းချန်၏ ဖြူဖျော့နေသောမျက်နှာနှင့် တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းများကို မြင်လိုက်ရချိန်တွင်တော့ သူ ရုတ်ချည်း နူးညံ့သွားမိသည်။
နာကျင်ဖွယ် စကားလုံးများကို ရပ်တန့်လိုက်ချိန် လူတိုင်း အသံတိတ်သွားပြီး
ဖုကျန်း သက်ပြင်းအရှည်ကြီးချလိုက်သံသာ လေထဲတွင် မျောလွင့်လာသည်။
"ဖုမိသားစုမှာ ဘာကောင်းတာပဲဖြစ်ဖြစ် အဲဒါက ကျွန်တော့်အိမ်မဟုတ်တော့ဘူး....."
နှင်းများ ထူသထပ်ထူလာကာ လမ်းမကို အဖြူရောင်အလွှာပါးဖြင့် ဖုံးအုပ်ထားလေပြီ လမ်းမီးရောင်ဖြူဖြူအောက်တွင် ဖုကျန်းချန်၏မျက်သားမှာ ရဲရဲနီနေသည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"အဲဒါက အမြဲတမ်း မင်းရဲ့အိမ်ဖြစ်နေမှာပါ....."
ဖုကျန်းက ခပ်ဖွဖွ ရယ်လိုက်ပြီး ခေါင်းကိုယမ်းရင်း ဖုကျန်းချန်ကို ပြောလိုက်သည်။
"မယုံရဲပါဘူးဗျာ တစ်နေ့နေ့မှာ ထန်ဝမ်ဝမ်နဲ့ ထပ်ပြီးစကားများမယ်ဆိုရင် ခင်ဗျားတို့က နောက်တစ်ခါ ပြန်ကန်ထုတ်ဦးမှာပဲကို ဘာလို့အနှောင့်အယှက်ပေးနေဦးမှာလဲ တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ မတွေ့ဖူးတဲ့လူတွေလိုပဲ သဘောထားကြရအောင်ပါ ထန်ဝမ်ဝမ်က လက်ထပ်ပြီးပြီပဲ ခင်ဗျားလည်း မကြာခင် မြေးတစ်ယောက်လောက် ရချင်ရလာမှာ မိသားစုပျော်ရွှင်မှုကို အတူတူခံစားကြပေါ့ဗျာ....."
ဖုကျန်းချန် ဘာမှ‌မပြောနိုင်ပဲ ဖုကျန်းကိုသာ မျက်တောင်တစ်ချက် မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။တကယ်တမ်းတွင် ထိုအခိုက်အတန့်၌ သူ ဘာဆက်ပြောရမည်ကိုလဲ မသိတော့ပေ။
ဖုကျန်းက နှာရှုံ့ကာ ခေါင်းကိုပြန်မော့လိုက်ပြီး ဖုကျန်းချန်ကို အတည်ပေါက်ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော့်ကို နှစ်၂၀လုံး ပြုစုပျိုးထောင်ပေးတဲ့အတွက် အဖေ့ကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဒီဘဝမှာတော့ ကျေးဇူးပြန်မဆပ်နိုင်လောက်တော့ဘူး နောက်ဘဝမှ သေချာပေါက် ပြန်ပြီး ကျေးဇူးဆပ်ပါ့မယ်....."
ဖုမိသားစုမှ ထွက်သွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖုကျန်းချန်ကို အဖေဟု ပြန်ခေါ်ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ်ဖြစ်သွားမည်ကို ကြောက်ရွံ့မိသည်။
"မဟုတ်ဘူး....."
ဖုကျန်းချန်က တတွတ်တွတ်ပြောလိုက်သည်။ သူ ဖုမိသားစုကို စွန့်ခွါတော့မည်ဟု ဖုကျန်းပြောလာမည်ကို တားဆီးရန် ဖြစ်ကောင်းဖြစ်နိုင်သည်။
ဖုကျန်းက ဖုကျန်းချန်ပြောနေသံကို မကြားလိုက်။ သူတို့အိပ်မက်ထဲတွင် ‌တွေ့ခဲ့သလိုပင် နောက်ပြန်လှည့်မကြည့်ဘဲ အဆောက်အဦးထဲ ဝင်သွားတော့သည်။
လေဒဏ်နှင်းဒဏ်တို့ဖြင့် ဖုကျန်းချန်မှာ တစ်ကိုယ်လုံး အေးခဲလာကာ တစ်သက်လုံး အရည်ပျော်မလာတော့မည့်အတိုင်း ဖုကျန်း သူ့မျက်စိအောက်မှ ပျောက်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
အိမ်ပြန်ရောက်ပြီးနောက်...
ဖုကျန်း ကျန်းဟန်ရှုနှင့် ဘေးချင်းကပ်ထိုင်လိုက်သည်။ နှစ်ယောက်သား စကားမပြော ဘဲ အပြန်အလှန် ဖက်တွယ်ထားလိုက်သည်။ အလင်းရောင်က ကြမ်းပြင်ပေါ် ဖြာကျနေသည်။ နှင်းစက်တို့က ပြတင်းပေါက်အပြင်ဘက်တွင် လွင့်မြောနေကာ နှင်းပွင့်တို့က လေလာရာအတိုင်း မျောလွင့်ရင်း မြေကြီးပေါ်သို့ လူးကာလွန့်ကာဖြင့် ကျသွားသည်။
ဖုကျန်းက ရုတ်တရက် ခေါင်းကိုလှည့်ကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
".ညစာစားကြမလား....."
".....ဘာစားကြ မလဲ....."
ဖုကျန်းမှာ အနည်းငယ် စိတ်လွင့်နေဆဲဖြစ်သည်။ သိူ့သော် ဖုကျန်းချန်တို့၏ လွှမ်းမိုးမှုကို ခံနေရဆဲဟု အထင်မခံလိုသောကြောင့် ခဏမျှ စဉ်းစားလိုက်သော်ငြား ဘာစားရမည်ဆိုတာကို မဆုံးဖြတ်နိုင်။ ကျန်းဟန်ရှုက သူ့ခေါင်းကိုပွတ်ကာ မတ်တပ်ရပ်ရင်း ပြောလိုက်သည်။
"ကိုယ် မင်းအတွက် ဖက်ထုပ်နည်းနည်း သွားလုပ်ပေးမယ် ဘယ်လိုအစာသွပ်စားချင်လဲ....."
ဖုကျန်း ခေါင်းကိုမော့ကာ ပြောလိုက်သည်။
"ဝက်သားနဲ့ ကြက်သွန်မြိတ်....."
ကျန်းဟန်ရှုက ‌ခေါင်းညိတ်ပြကာ မီးဖိုထဲ ဝင်သွားလိုက်သည်။ ဖက်ထုပ်နှစ်ပန်းကန်ကို ခပ်သွက်သွက်ပြင်ကာ ဖုကျန်းကို စားရန် လှမ်းခေါ်လိုက်သည်။
ဖုကျန်း နှစ်လုပ်သာစားပြီး တူကိုချလိုက်ကာ မျက်မှောင်ကြုတ်၍ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ဒီနေ့ ဘာလို့ ရုတ်တရက်ကြီး ကျွန်တော့်ကို လာတွေ့ကြတာလဲ....."
ကျန်းဟန်ရှုက ဘာမှပြန်‌မပြောခဲ့။ ဖုကျန်းက တွေးနေရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။
"ထန်ဝမ်ဝမ်မှာ နှလုံးရောဂါရှိနေပြီး ကိုယ်အင်္ဂါ အစားထိုးဖို့ လိုနေလို့လား အဲဒါကြောင့် သူရောက်လာပြီး ဖုအိမ်ကိုလိုက်လာဖို့ ‌မြူဆွယ်ပြီးတော့ ကျွန်တော့်နှလုံးကို ထန်ဝမ်ဝမ့်ကိုယ်ထဲ အစားထိုးမလို့များလား....."
ကျန်းဟန်ရှုမှာ မရယ်ရမနေနိုင်ဖြစ်သွားကာ ဖုကျန်းကို ပြောလိုက်သည်။
"ဘယ်လိုတောင်တွေးချလိုက်ရတာလဲကွာ....."
ဖုကျန်းသည်လည်း သူပြောခဲ့သည်များမှာ လက်တွေ့မဆန်ဟု တွေးမိ၍ ချောင်းအသာဟန့်လိုက်သည်။
"ဟုတ်ပါပြီ ဆက်တွေးမနေနဲ့တော့ အားလုံးပြီးသွားပြီပဲကို....."
ကျန်းဟန်ရှုက သူ့ကိုနှစ်သိမ့်ရင်း ပန်းကန်ထဲသို့ ဖက်ထုပ်တစ်ခု ထည့်ပေးလိုက်သည်။
အရာအားလုံးက ပြီးဆုံးသွားပြီ။
ပြီးတော့ အရာရာတိုင်းမှာလည်း လမ်းစအသစ်ရှိနေပြီ။