အပိုင်း ၄၇
Viewers 23k

ထိုအချိန်၌ ဖုမိသားစုတွင် ဝမ်းနည်းဖွယ်လေထု လွှမ်းခြုံထား​ေလသည်။
ဖုကျန်းချန်သည် အိမ်ပြန်ရောက်လာပြီးကတည်းက စကားမပြောတော့​ေပ။ မ‌‌နေ့က မင်္ဂလာပွဲမှ ဒီနေ့အထိ ဘာမှမစားရသေး​သော်လည်း အိမ်ပြန်ရောက်လာပြီးနောက် စားချင်စိတ်များ ပျောက်ကွယ်နေလေသည်။
ဖုထင်း သူ့ကို အချိန်အကြာကြီး လိုက်ရှာနေခဲ့ပြီးမှ ဖုကျန်းချန်တစ်ယောက် ဗီလာအနောက်ဘက်ရှိ ပန်းခြံထဲသို့ သွားသည်ဟု အစေခံများ ပြောသည်ကို ကြားလိုက်ရသည်။
ဖုထင်လည်း သူ့ကိုလိုက်ရှာပြီး မကြာမီ ကျောက်တုံးစားပွဲဘေးတွင် ထိုင်နေသော ဖုကျန်းချန်ကို တွေ့လိုက်ရသည်။ အနားသို့ ဖြေးဖြေးလေး လျှောက်လာကာ သူ့လက်ထဲမှ ကုတ်အင်္ကျီကို ဖုကျန်းချန်ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်ရင်း သူ့ကို သာသာလေး ခေါ်လိုက်သည်။
"အဖေ...."
လရောင်ဖွေးဖွေးအောက်တွင် ငွေနှင်းမှုန်တို့က နေရာအနှံ့ ပြန့်ကျဲနေသည်။ ဖုကျန်းချန်၏ ခေါင်းတွင် ဆံပင်ဖြူများ ပိုများလာပြီး ညတွင်းချင်း ပို၍ အိုမင်းလာသည်ကို ဖုထင်းတွေ့လိုက်ရသည်။
သူ လက်ကိုမြှောက်ကာ ဖုကျန်းချန်၏ ခေါင်းပေါ်မှ နှင်းစက်များကို ဖယ်ပေးလိုက်သည်။ ပါးစပ်ကို ခက်ခက်ခဲခဲဖွင့်ကာ ပြောလိုက်သည်။
"နေ့လည်တုန်းက ထန်ဝမ်ဝမ် ဖုန်းဆက်သေးတယ် ဘာလို့ မင်္ဂလာပွဲတုန်းက ထွက်သွားတာလဲလို့ မေးနေတာ....."
ထိုအချိန်က ထန်ဝမ်ဝမ်ကို ဘာကြောင့် ညီမအဖြစ် ချက်ချင်းလက်ခံကာ ချစ်ခင်ပေးပြီး သူမအတွက်နှင့် ဖုကျန်းကိုပင် နာကျင်စေခဲ့မိသလဲဆိုတာကို သူ အခုထိ နားမလည်နိုင်သေး။
".ပြီးခဲ့တဲ့နှစ်နှစ်က....."
ဖုကျန်းချန် သူ့အထက်က ကောင်းကင်ပြာကို မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
".ဘယ်လိုတောင် ‌ောက်ကျိုးနည်းတာတွေ ဖြစ်ခဲ့ရတာလဲ....."
ပန်းခြံထဲတွင် တိတ်ဆိတ်နေကာ ဘယ်သူမှ ဖုကျန်းချန်၏မေးခွန်းကို မဖြေနိုင်။ အိပ်မက်ဆိုးသဖွယ် ၂နှစ်တာသည် စိတ်ဝိဉာဉ်သေဆုံးကာ ရုပ်ခန္ဓာ ပျောက်ကွယ်သွားသည်အထိ သူတို့ကို ချုပ်နှောင်ထားတော့မည်ဖြစ်ပြီး လွတ်မြောက်ရန် နည်းလမ်းမရှိနိုင်​တော့ပေ။
အမြစ်တို့ ရောထွေးနေသော ညောင်ပင်ကြီးက သူ့ရှေ့မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ သူ့သားသည် ထိုညောင်ပင်ကြီးပေါ်တွင်ထိုင်ရင်း တစ်ခစ်ခစ်ရယ်မောကာ အောက်ငုံ့ကြည့်နေသည်ကို အမှတ်ရလိုက်မိသည်။ သူ့မျက်ဝန်းတို့က နှစ်သက်အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုမြင်ကွင်းမျိုး သူ့ဘဝတွင် နောက်တစ်ကြိမ် ပြန်မတွေ့နိုင်တော့မည်ကိုတော့ စိုးကြောက်မိသည်။
ကြည့်ရတာ သူ့သားကို အပြီးတိုင် လက်လွှတ်လိုက်ရတော့မယ့်ပုံပဲ။
စိတ်ပျက်ဖွယ်ရာအတွေးကို ပြန်တွေးမိချိန်တိုင်း လှေကားပေါ် ရပ်နေသောသူကို မြင်မိသည်။ ထိုအချိန်ကကဲ့သို့ တူညီသော ခံစားချက်ရှိသော်လည်း ထိုဟာက ဘာကိုဆိုလိုမှန်းတော့ သူမသိခဲ့။
အခု သူအားလုံးနားလည်လာချိန်တွင်တော့ နောက်ကျသွားခဲ့ချေပြီ။
ဖုကျန်းချန်၏အမူအယာမှာ တစ်ဖြေးဖြေး အေးစက်တင်းမာလာပြီး ဖုထင်းကို အေးစက်စက်ပြောလိုက်သည်။
".ထန်ဝမ်ဝမ့်လက်ထဲက ဖုမိသားစုရှယ်ယာတွေ ပြန်ယူဖို့ နည်းလမ်းရှာတော့ ....."
ထန်ဝမ်ဝမ်က စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအကြောင်း နကန်းတစ်လုံးမှမသိ။ သူမလက်ထဲမှ ရှယ်ယာများကို ပြန်ယူရန် မခဲယဉ်းလှသော်လည်း သူမက အခုတစ်ယောက်တည်းမဟုတ်တော့။ ချင်မိသားစုနောက်ခံ ရှိနေပြီဖြစ်သည်။ ဖုထင်းက ခဏမျှစဉ်းစားလိုက်ပြီးနောက် ဖုကျန်းချန်ကို ပြောလိုက်သည်။
".ချင်မိသားစုကတော့ လွယ်လွယ်နဲ့ လက်လျော့မှာ မဟုတ်ဘူးထင်တယ်....."
ဖုကျန်းချန်က ခေါင်းကိုမော့ကာ ပြောလိုက်သည်။
"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရအောင်ယူလာခဲ့....."
ထို့နောက် ဖုထင်းကို ထပ် ပြောလိုက်သည်။
"ဒါနဲ့ ထန်ဝမ်ဝမ်ရဲ့ DNA စစ်ဆေးချက်မှာရော ဟာကွက်ရှိနေလား စစ်ခဲ့ဦး....."
"သံသယဝင်လို့လား....."
ထန်ဝမ်ဝမ်ဘာလုပ်ခဲ့လဲဆိုတာကို သူခန့်မှန်းနိုင်သည်အထိ ဘာကိုမှ လွယ်လွယ်လေး လွှတ်ပေးမည်မဟုတ်။ သူ ဖုကျန်းကို ချစ်ပေးခဲ့သလိုမျိုး အရာတိုင်းကို ရှင်းရှင်းလင်းလင်း ရင်းနှီးထားမည်ဖြစ်သည်။ ထန်ဝမ်ဝမ့်အပေါ် သူ့ချစ်ခင်မှုများက ချက်ခြင်းပင် ပျောက်ကွယ်သွားတော့သည်။ သို့သော် ထန်ဝမ်ဝမ်အပေါ် သူ့ချစ်ခင်မှုက အရင်ကတည်းကပင် မရှင်းပြတတ်ခဲ့။
ခဏရပ်လိုက်ပြီးမှ ဖုကျန်းချန်က ဖုထင်ကို ပြောလိုက်သည်။
".ရှောင်ကျန်းနဲ့ သူဘေးကလူက ဘယ်လိုပတ်သက်လဲဆိုတာ စုံစမ်းဖို့ လူတစ်ယောက်လောက် ရှာလိုက်ဦး....."
ဖုထင်က ထိုအကြောင်းကို သိပြီးသားဖြစ်၍ ဖုကျန်းချန်ကို တုန့်ဆိုင်းမနေဘဲ ပြောလိုက်သည်။
"သူက တကယ်ကို ရည်းစားအစစ်....."
ဖုကျန်းချန်က ဖုထင်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ သူက ဖုထင်းကို သတိလက်လွတ်ပြောလိုက်ခြင်း ဖြစ်သော်လည်း ဖုထင်းက အမှန်တရားကို ပြောလိုက်ချိန်တွင်တော့ သူ့ကိုယ်သူ လှည့်ဖျားရန်ဆင်ခြေကို ရှာမရတော့။
အခု သူဘာလုပ်သင့်လဲ။ ရှောင်ကျန်းကို ယောကျာ်းတစ်ယောက်နဲ့ မဖြစ်သင့်ဘူးလို့ သွားပြောသင့်လား။ သူတို့ကို အတင်းအကြပ်ခွဲပြီး ရှောင်ကျန်းကို အိမ်ပြန်ခေါ်လာသင့်လား။
ဖုကျန်းချန်၏ နှုတ်ခမ်းတို့မှာ လှုပ်လာပြီး နောက်ဆုံးတွင်တော့ အလျော့ပေးရုံသာ တတ်နိုင်တော့သည်။ သူက ဖုထင်ကို ပြောလိုက်သည်။
".ဒါဆို သူ ဘယ်သူလဲဆိုတာပဲရှာလိုက်တော့ သူ့မိသားစုနောက်ခံရောပဲ....."
ဖုထင်က ခေါင်းညိတ်ကာ ဖုကျန်းချန်ကို ပြောလိုက်သည်။
"စုံစမ်းဖို့ တစ်ယောက်ယောက်ရှာလိုက်ပါ့မယ်....."
".ပြန်ရအောင် အဖေ....."
သူ ဖုကျန်းချန်ကို ကျောက်သားခုံတန်းပေါ်မှ ထရန် ကူလိုက်ပြီး အိမ်အလွတ်သိူ့ တစ်လှမ်းချင်းတွဲကာ ပြန်လာခဲ့သည်။
သူတို့ထံတွင် ဖြစ်ပျက်သွားခဲ့သည်မှာ အိပ်မက်ကဲ့သို့ပင်။ အိပ်မက်ထဲတွင် သူတို့သည် အခြားသူများ၏ ကြိုးဆွဲရာကရသည့် ရုပ်သေးရုပ်များသဖွယ်ပင်။ သူတို့ အလေးအထားရဆုံးလူကို နာကျင်စေမိကာ ပြန်လည် ကုစား၍မရနိုင်လောက်အောင် ကံဆိုးမိုးမှောင်ကျစေမည်ဖြစ်သည်။
လေပြင်းထန်သော ညတာရှည်က ဘယ်လောက်အထိ ရှည်ကြာနေဦးမှာများလဲ။
..................
ဒီနှစ်၏ ဖေဖော်ဝါရီလ ၃ ရက်နေ့သည် နှစ်သစ်ကူးအကြိုနေ့ဖြစ်သည်။ နောက်နှစ်ရက်ကြာလျှင် နှစ်သစ်ကူးတော့မည်ဖြစ်သော်လည်း နှစ်သစ်အတွက် ဘာမှမဝယ်ရသေးပေ။ အစောပိုင်းက ရေတပ်ငှားရန် သူ့လက်ထဲမှ ငွေအားလုံးကို သုံးလိုက်ပြီဖြစ်သည်။ နှစ်ကုန်တွင် ငွေအမြောက်အများ ရလာရမည်ဖြစ်သော်လည်း ကျန်းဟန်ရှု၏ တင်းကြပ်သော စီမံခန့်ခွဲမှုကြောင့် ပုံဆွဲနှုန်းမှာ အရင်ထက် ပိုပိုနှေးလာကာ ငွေဝင်နှုန်းမှာလည်း သေ‌ချာပေါက် လျော့လာ​ေလသည်။
ဖုကျန်း သူ့လက်ကျန်ငွေကိုကြည့်ကာ သက်ပြင်း ချလိုက်မိသည်။
ဒီလောက်နည်းနည်းလေးနဲ့ ဘာဝယ်လို့ ရမှာလဲ။ သူသာ နွေဦးပွဲတော်တွင် ကျန်းဟန်ရှု၏ အိမ်သို့ လိုက်ခဲ့ရပါလျှင် သူ့မိဘများနှင့် အဖိုးအတွက် လက်ဆောင်ကို သေချာပေါက် ဝယ်သွားရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မူလက ကွန်ပျူတာ ပြောင်းလို‌ခဲ့သော်လည်း ကျန်းဟန်ရှု၏ ကွန်ပျူတာမှာ အခု သူ့လက်ထဲတွင် ရှိနေ၍ ထိုငွေကို ယာယီသိမ်းထားနိုင်သည်။
ကျန်းဟန်ရှု အနားသို့ရောက်လာချိန်တွင် သက်ပြင်း ချသံကို ကြားလိုက်ရ၍ ခေါင်းကိုနှိမ့်ကာ မေးလိုက်သည်။
"တစ်ခုခုဖြစ်လို့လား....."
သူက ကျန်းဟန်ရှုနှင့် တွဲနေပြီဖြစ်သော်ငြား သူ့တွင် ပိုက်ဆံမရှိတော့ဟု ပြောရန်ကိုတော့ ရှက်မိ‌ဆဲဖြစ်သည်။ သူသာ ပိုက်ဆံပေးလာပါလျှင် သေချာပေါက် ခေါင်းကိုယမ်းကာ အဆင်ပြေပါသည်ဟုသာ ပြောမည်ဖြစ်သည်။
ကျန်းဟန်ရှုက ဖုကျန်း ရှက်နေကြောင်း ရုတ်တရက် သိလိုက်သည်။ သူ ဖုကျန်းဘေးတွင်ဝင် ထိုင်လိုက်သည်။
ဖုကျန်းက သူ့သိက္ခာကို လေးစားသောသူဖြစ်သည်။ မဟုတ်လျှင် အစောပိုင်းရင်တွေကတည်းက Shazhou Chronicle ၏ တရားဝင်ဝေ့ပေါ်ကိုသုံးကာ ရန်ပုံငွေရှာမည်ဖြစ်ပြီး ထိုမှရသော ငွေပမာဏနှင့်သာဆိုလျှင် Shazhou Chronicle ကို သက်တောင့်သက်သာဖြင့် ပြန်ရိုက်နိုင်မည်ဖြစ်သည်။
သူ့အနေဖြင့် ဖုကျန်း သူ့အပေါ် ပိုပြီး မှီခိုလာနိုင်ရန်လည်း မျှော်လင့်သလို သူ့ခြေထောက်ပေါ်သူရပ်ကာ ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းတစ်ခု ရှိနိုင်ရန်လည်း မျှော်လင့်သည်။ သို့သော် ထိူမျှော်လင့်ချက်နှစ်ခုက ဆန့်ကျင်ဘက်တော့မဟုတ်။
"ဘယ်လောက်လောက်လိုတာလဲ....."
ကျန်းဟန်ရှုက ဖုကျန်းကို ငြင်ငြင်သာသာလေး မေးလိုက်သည်။
"တကယ်လို့ ကိုယ့်ပိုက်ဆံကို လက်မခံနိုင်ဘူးဆိုရင် ချေးပေးတယ်လို့ သဘောထားလိုက်လေ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံတာလို့ သဘောထားပြီး ငွေရှာနိုင်တဲ့အချိန် ကိုယ့်ကို ပြန်ပေးပေါ့....."
ဖုကျန်းက ခဏတွေးလိုက်ပြီး ကျန်းဟန်ရှု၏ ကြင်နာမှုကို လက်ခံလိုက်သည်။
"Shazhou Chronicle ကို ပြန်စတော့မယ်ဆိုရင် ငွေသပ်သပ်နဲ့ မလုံလောက်ဘူး တစ်ခြား အရေးကြီးတာတွေလည်း ပြောင်းသင့်ရင် ပြောင်းရမှာ ဒါပေမယ့် နောက်ခံအသံသရုပ်ဆောင်ကိုတော့ မပြောင်းချင်ဘူး....."
နောက်ခံအသံသရုပ်ဆောင်ကိုသာ ပြောင်းလိုက်ပါလျှင် animation သည် ပရိသတ်များအတွက် မူလအရသာ ကင်းမဲ့သွားမည်ဖြစ်သည်။
ကျန်းဟန်ရှု : "ကိုယ် မင်းအတွက် ကူရှာပေးမယ်လေ....."
ဖုကျန်းက ကျန်းဟန်ရှုကို ကြည့်ကာ ရယ်လိုက်သည်။ သူသည် အမြဲတမ်း ကျန်းဟန်ရှုကို လွှမ်းမိုးခြယ်လှယ်တတ်သော ဥက္ကဌဟုသာ ထင်ခဲ့သည်။ ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"နောက်ပိုင်းကျ Shazhou Chronicle ရဲ့ တရားဝင် ဝေ့ပေါ်နဲ့တွဲပြီး post တင်ဖို့ လုပ်ဦးမယ် သူတို့ကို ဆက်သွယ်ပေးလို့ ရနိုင်လား မရရင်‌လည်း နောက်တစ်နည်းပဲ စဉ်းစားရအောင်လို့....."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"ကိုယ့်ဘာသာကိုယ်သာ ဖြေးဖြေးချင်းလုပ်ပါ လိုတာရှိရင် ကိုယ့်ကိုပြော ကိုယ်တို့က မိသားစုတွေဖြစ်နေပြီ ဘာမှစိတ်ဖိစီးဖို့မလိုဘူးနော် ဟုတ်ပြီလား....."
ဖုကျန်းချန်နှင့် ဖုထင်းတို့ကြောင့် ဖုကျန်းသည် လူတစ်ယောက်ကို အူလှိုက်သည်းလှိုက်ယုံကြည်ရန် မလွယ်ကူတော့။ ကျန်းဟန်ရှုက ဖုကျန်း၏ စိတ်ဒဏ်ရာကို တစ်ဖြေးဖြေး ပြန်ကုစားပေးပြီး လောကကြီးက ကောင်းမွန်ဆဲဟု ဖုကျန်းယုံကြည်လာစေရန် စွမ်းဆောင်ပေး‌နေလေ သည်။
တကယ်လို့ အန္တရာယ်ကြုံလာခဲ့လျှင်တောင် သူက ဘေးမှ ကာကွယ်ပေးမည်ကတော့ သေချာပေါက်ပေါ့...
သူ ဖုကျန်း၏ခေါင်း​လေးကို အုပ်ကိုင်ကာ ပြောလိုက်သည်။
".ဒါပေမယ့် အရမ်းအပင်ပန်းခံလို့မရဘူးနော် မဖြစ်မနေ နားကိုနားရမယ်....."
ဖုကျန်း ခေါင်းညိတ်လိုက်ပြီးနောက် ခဏမျှ တွေးကာ ပြောလိုက်သည်။
".နှစ်ကူးကိုကြိုဖို့ ပြင်သင့်ပြီမဟုတ်လား....."
အခု နွေဦးပွဲတော်သို့ ရောက်တော့မည်ဖြစ်သည်။ မြင်မြင်သမျှ လူတိုင်းက မိသားစုထံပြန်ရန် ကိုယ်စီကိုယ်ငှ အလုပ်များနေကြသည်။ သူ့အတွက် အလုပ်မှ အတူတူ အပြင်ထွက်လာရန် မဖြစ်နိုင်သလို အချိန်အားလည်း အများကြီးမရှိ။
အရာအားလုံး ကောင်းကောင်းလည်ပတ်နေလျှင်တောင် Shazhou Chronicle သည် ဒီနှစ်မတ်လအထိ စောင့်ဆိုင်းရမည်ဖြစ်သည်။
ကျန်းဟန်ရှု ခေါင်းညိတ်ကာ အကြံပြုလိုက်သည်။
"ဒီရက်ပိုင်းထဲ ကုမ္ပဏီမှာ သိပ်ပြီးတော့ အလုပ်မများဘူး ကိုယ်တို့နှစ်ရက်လောက် အပြင်သွားကြမလား....."
"ဘယ်သွားကြမလဲ....."
ဖုကျန်း ပုံဆွဲသင်ပုန်းကို ဘေးသို့ပို့ကာ ကွန်ပျူတာကို ပိတ်လိုက်သည်။
နှစ်သစ်ကူးကို ကျင်းပရန် တစ်ရက်သာ လိုတော့သည်ဖြစ်ရာ အပြင်ထွက်ရန် မလိုအပ်လှ။ ကျန်းဟန်ရှုက ပြောလိုက်သည်။
".ပိုင်မိန်တောင်ထိပ်မှာ ရေပူစမ်းရှိတယ် အဲ့မှာ ရေချိုး အပန်းဖြေလို့လည်းရတယ် ခန္ဓာကိုယ်အတွက် ကောင်းတယ်တဲ့ သွားချင်လား....."
သူ ခဏလောက်တွေးပြီး ခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ လုပ်စရာရှိနေတာမှ မဟုတ်တာ။ ကျန်းဟန်ရှုနဲ့ အတူတူသွားလည်း အဆင်ပြေပါတယ်။
မထွက်ခွါမီ ဖုကျန်းသည် Shazhou Chronicle ၏ တရားဝင်ဝေ့‌ပေါ်တွင် တင်ခဲ့လိုက်သည်။ အလုပ်ကြိုးစားခဲ့သော Shazhou Chronicle ၏ အသံသရုပ်ဆောင်များနှင့် ဝန်ထမ်းများက ဝေ့ပေါ်ကိုကြည့်ပြီး ဆက်သွယ်လာစေရန် မျှော်လင့်သည်။
ထိုpostက Shazhou Chronicle ၏ ပရိသတ်များအတွက်တော့ ပွဲတော်ကြီးတစ်ခုလိုပင်။ Shazhou Chronicle ကို မကြာမီ ပြတော့မည်လားဟု မေးလာကြ​ေလသည်။ ဖုကျန်းက Shazhou Chronicleကို ပြန်ရိုက်ရန် ယုံကြည်ချက်ရှိသော်ငြား ပရိသတ်များကို တွေ့လိုက်ရချိန်တွင် မသေချာတော့သလို ဖြစ်နေ၍ reply မပြန်ခဲ့။
ဖုကျန်းကို ပိုင်မိန်တောင်သို့ ခေါ်သွားပြီး မကြာလိုက် အဝတ်အစားပင် မလဲရသေးခင်တွင် ကျန်းဟန်ရှုတစ်ယောက် မဒမ်ကျန်းဆီမှ ဖုန်းတစ်ကောလ် လက်ခံရရှိခဲ့သည်။
".....သားတို့ အခုဘယ်မှာလဲ....."
ကျန်းဟန်ရှုက ဖုကျန်းကို မျက်စိမှိတ်ပြကာ အဝတ်အရင်လဲစေလိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော်က အခု ဖုကျန်းနဲ့ ပိုင်မိန်တောင်မှာ ရေပူစမ်းစိမ်ဖို့ ရောက်နေတာ အမေရောလာမလား လာမယ်ဆို ကျွန်တော်လာကြိုပေးမယ်....."
"မလာချင်ပါဘူးနော်....."
မဒမ်ကျန်းက သက်ပြင်းခပ်ဖွဖွချလိုက်ပြီး
".မင်းနဲ့ ဖုရဲ့အကြောင်းကို မင်းအဖေကို ပြောလိုက်ပြီ....."
"သူ ဘာပြောလဲ....."
မဒမ်ကျန်းက ပြောလိုက်သည်။
"သူက ဘာမှမပြောဘူး မင်း နိုင်ငံခြားမှာ ကြေးစားလုပ်မယ်လို့ သိရတုန်းက ရိုက်ဖို့လုပ်တဲ့တုတ်ကိုတော့ ရှာသွားပြီး အဲ့တုတ်နဲ့ မင်းဆီထွက်သွားမှ မင်းက အိမ်မှာမရှိဘဲ ခရီးထွက်သွားမှန်း သိလိုက်ရတာ....."
မကြာမီ ဖုကျန်း အဝတ်အစားလဲပြီး၍ အခန်းထဲပြန်ဝင်လာသောကြောင့် ကျန်းဟန်ရှု မော့ကြည့်လိုက်သည်။
မျက်လုံးထောင့်စွန်းမှ အပြုံးဖျော့ဖျော့ဖြင့် ဖုကျန်းသည် သူ့ဆီသို့ လျှောက်လာသည်။
ဖုန်းတစ်ဖက်မှ မဒမ်ကျန်းက ကျန်းဟန်ရှု၏ တစ်စွန်းတစ်စ ရယ်သံကို ကြားလိုက်ရ‌သည်။
".ဒီလိုအချိန်မျိုးမှာကို ရယ်နိုင်နေသေးတယ်ပေါ့....."
".အရိုက်ခံရရုံပဲမလား......"
ကျန်းဟန်ရှုက မထူးဆန်းသလို ပြောလိုက်သည်။
မဒမ်ကျန်းသည် သူမ ဝမ်းနှင့်လွယ်ကာမွေးထားရသည့် ကလေးအတွက် စိတ်မကောင်းဖြစ်မိဆဲဖြစ်သည်။
"မင်းအဖေကို သေချာနားချလိုက်ဉီးမယ်....."
".ကျေးဇူးပါ....."
ကျန်းဟန်ရှုက ပြောလိုက်သည်။
မဒမ်ကျန်းနှင့် ကျန်းဟန်ရှုတို့ ဖုန်းပြောပြီးနောက် ဖုကျန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဘာလို့အရိုက်ခံရမှာလဲ....."
ကျန်းဟန်ရှုက ဖုကျန်း၏ နှာဖျားလေးကိုတို့ကာ ပြောလိုက်သည်။
".အဆင်ပြေပါတယ် မိသားစုထဲကခွေးက စကားနားမထောင်လို့....."
"ဟုတ်လို့လား....."
ဖုကျန်းမှာ လုံးဝပင် ယုံကြည်ဟန်မတူ။
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်ပြီး အတည်ပြုပေးလိုက်သည်။
"တကယ်ပါကွာ....."