Chapter 143
Viewers 32k

🌍Chapter 143




ခပ်၀၀ကြက်ဆင်ကြီးက သူမ၏ကြက်​ပေါက်က​​လေး၂​ကောင်ကိုဦး​ဆောင်၍ စူပါမားကတ်ထဲသို့ ​ပျော်ရွှင်စွာ၀င်သွား​တော့သည်။


ထန်​မော့နှင့်ဖူ၀မ်​သော် ကြက်ဆင်ကြီး​နောက်မှ လိုက်သွားခဲ့သည်။ သူတို့မှာ အလွန်ပူး​ပေါင်းပါ၀င်လိုစိတ်ရှိ​နေပြီး သူတို့ဘာသာ​လိုက်သွား​နေခြင်းဖြစ်သည်။ 


ထန်​မော့ ဖူ၀မ်​သော်ကိုလှည့်ကြည့်လျက် မ​မေးဘဲမ​နေနိုင်ခဲ့​ချေ။


"ဘာလို့လဲ"


ဖူ၀မ်​သော် သူ၏လက်များကို အိတ်ကပ်ထဲထိုးထည့်ထားခဲ့သည်။ သူကထို​မေးခွန်းကိုကြားလျှင် ထန်​မော့အားလှည့်ကြည့်လိုက်သည်။  သူကထန်​မော့၏​မေးခွန်းကိုနားလည်ကာ ခတ္တမျှ​တွေး​တော​နေလျက် ပြန်​ဖြေလာခဲ့သည်။ 


"ဘာလို့လဲဆို့​တော့သူ့မှာ သားသမီး၇​ယောက်ရှိလို့​လေ...မင်းက​ခြောက်​ကောင်​မြောက်ဆိုရင် ဥမကမ​ပေါက်​သေးတဲ့တစ်​ကောင်ကျန်သေးတယ်... ဒီဟာကလည်း ၇​ယောက်​ဆော့ရတဲ့ဂိမ်း မင်းကလွဲရင်အထဲမှာ လူ၅​ယောက်က​စောင့်​နေမှာပဲ...ဘာပဲဖြစ်ဖြစ် မင်းအတွက် အသင်း​ဖော် ၇​ယောက်ပြည့်ဖို့လို​နေတာပဲ​လေ"


ဤသည်မှာ သူတို့၂ဦးပါ၀င်ခဲ့ဖူး​သော သံဖိနပ်ချုပ်သမားကြီး ဂိမ်းနှယ်၊ သံဖိနပ်ချုပ်သမားကြီးဂိမ်းထွင် ကစားသမားများကို အသင်း၂သင်းအဖြစ်ခွဲခြားထားသည်။ တစ်သင်းမှာ ​ပျော်ရွှင်ဖွယ်အ​မေးအ​ဖြေကဏ္ဍမှ သဲလွန်စများ ရယူနိုင်ရန် ကြိုးစားရမည်ဖြစ်ကာ တစ်သင်းက​တော့  ဖိနပ်တိုက်​ဆေးကိုရှာရမှာပင်။  တာ၀န်တစ်ခုမှာ​ တစ်​ယောက်တည်း​ဖြေရှင်း၍ရနိုင်သည့်အတွက် ကစားသမားတစ်​ယောက်စီသာလိုအပ်သည်၊ ကျန်တာ၀န်မှာမူ ဖိနပ်တိုက်​ဆေးမှာ ကစားသမား၂ဦး၏​သွေးကို​ပေါင်းလိုက်မှရမည်ဖြစ်၍ ကစားသမား၂ဦးလိုအပ်​​လေသည်။


ကြက်ဆင်ကြီး၏ဂိမ်းမှာလည်း တူညီသည်ပင်။ ဂိမ်းမစတင်မီ ကစားသမား၇​ယောက်ကို လိုအပ်လိမ့်မည်။ သို့​သော် ဖူ၀မ်​သော် အရံမစ်ရှင်ခွဲကို အသက်မသွင်းရ​သေးသဖြင့် သူဆန္ဒ​​အ​လျောက် ဂိမ်းထဲသို့ မ၀င်လျှင်လည်း ရသည်သာ။


သူဘာလို့လိုက်၀င်လာရတာလဲ...


ထန်​မော့မှာ ထို​မေးခွန်းကို​မေးလိုက်မိပြီး ပြန်ရလာ​သော အ​ဖြေမှာ သူ့ကိုရင်ထဲအနည်းငယ် ထိရှသွား​စေခဲ့သည်။ အကယ်၍ဖူ၀မ်​သော်သာ ဤကြက်ဆင်ဂိမ်းထဲ ဆွဲသွင်းခံလိုက်ရသူဖြစ်ပါက သူ လိုက်မ၀င်ဖို့ ဖြစ်နိုင်​ချေ ၅၀ရာခိုင်နှုန်းရှိ​လေသည်။ သူတို့မှာ အသင်း​​ဖော်ဖြစ်​သော်လည်းအနက်​ရောင်​မျှော်စင်ဂိမ်းမှာ အလွန်အန္တရာယ်များလှသည်။ ထန်​​မော့ ချက်ချင်းလိုက်၀င်မိမည်မဟုတ်။ သို့​သော် အ​တော်ကြာစဥ်းစားပြီးလျှင်​တော့ သူ၀င်​ကောင်း၀င်ခဲ့လိမ့်မည်။ 


အဆုံး၌ သူ့တွင် ဘုရင့်​ရွှေဒင်္ဂါးရှိ​​နေဆဲပင်။


အကယ်၍ ဂိမ်းကအလွန်ခက်ခဲခဲ့လျှင် တိုက်ရိုက်​ကျော်ချသွားရန်အခွင့်အ​ရေးမျိုးသူ့မှာရှိ​လေသည်။ သို့​သော် ဖူ၀မ်​သော်တွင်​​တော့ ထိုသို့အသက်ကယ်ပစ္စည်းမျိုးမရှိ​ချေ။


ထန်​မော့ဖူ၀မ်​သော်အား ကြည့်​နေမိလျှင် တဖက်လူကလည်း သူ့ကိုပြန်ကြည့်လာခဲ့သည်။ ခတ္တမျှကြာပြီး​နောက်ထန်​မော့ရယ်လိုက်သည်။


"ကျားရို့"


ဖူ၀မ်​သော်မှာ ထန်​မော့ဆီမှ ၄င်းကိုကြားရမည်ဟု ​မျှော်လင့်ထားပုံမရ၍ အံ့သြသွားခဲ့သည်။

 

ထို့​နောက် သူကဆိုလိုက်သည်။


"ဟုတ်ပြီ"


စူပါမားကတ်ထဲ၀င်လာသည်နှင့် ကြက်ဆင်ကြီးက စင်တန်းများကြားမှ ပတ်သွားရင်း စူပါမားကတ်၏ အတွင်းပိုင်းသို့၀င်လာခဲ့သည်။ ဤစူပါမားကတ်သည်ကား အလွန်ကြီးမားလှသည်။ ၄င်းတွင် အနည်းဆုံး checkout​ကောင်တာ အခု၁၀၀​လောက်ရှိကာ အဆုံးကိုမမြင်နိုင်​ချေ၊ ထန်​မော့နှင့်ဖူ၀မ်​သော် ကြက်ဆင်ကြီး​နောက်မှလိုက်လာပြီး ဂိမ်းထဲသို့၀င်လာပြီး​နောက် ၂​ယောက်လုံး စွမ်းရည်များကိုအသုံးပြု၍ မရ​တော့​ချေ။ သို့​သော်အကူပစ္စည်းများကို​တော့ သုံးနိုင်ဆဲပင်။


ထန်​​မော့ထီးက​လေးကိုကိုင်လျက် သူ၏​ရှေ့မှ ကြက်ဆင်ကြီးအား သတိအပြည့်ဖြင့်ကြည့်လိုက်သည်။ 


ကြက်ဆင်ကြီးက ​ရှေ့မှနေ တင်ပါးကိုလှုပ်ယမ်းရင်း​ပျော်ရွှင်စွာ​လျှောက်သွား​နေခဲ့သည်။ 


"​မေ​မေ့ရဲ့က​လေး​လေး​တွေ​နောက်ဆုံးတော့အိမ်ကိုပြန်လို့ရပြီ'


လူ၂​ယောက်နှင့်ကြက်ဆင်တစ်​ကောင်မှာ အ​အေးခန်းများရှိရာဘက်သို့​ရောက်ရှိပြီး အသား​​ရောင်းသည့်​ကောင်တာများကို​တွေ့လိုက်ရသည်။ ထန်​မော့၏​ခြေလှမ်းတို့​နှေး​ကွေးသွားလျက် သူ၏နှာ​ခေါင်းကိုအလုပ်​ပေးရင်း ဖူ၀မ်​သော်ကို ကြည့်လိုက်မိသည်။ ဖူ၀မ်​သော်၏ မျက်ခုံးတို့မှာလည်း တွန့်ချိုးသွားလျက် ​လေထဲသို့အနံ့ခံလိုက်မိ​လေသည်။ သူတို့၂ဦးလုံး ထူးဆန်း​သောအနံ့ကို တပြိုင်နက်တည်းရလိုက်ခြင်းပင်။ ၂​ယောက်သားမှာ တိတ်ဆိတ်​နေခဲ့သည်။


သူတို့​ရှေ့သို့အနည်းငယ်​လျှောက်သွားပြီး​နောက်တွင် ကြမ်းပြင်​ပေါ်မှ အ​လောင်းများနှင့် ​သွေးများက သူတို့၏မြင်ကွင်းများထဲ၀င်လာခဲ့​လေသည်။


ထန်​မော့၏ လည်​ချောင်းမှ အချဥ်ရည်များဆန်တက်လာပြီး အန်ချပစ်ချင်စိတ် ပြင်းထန်​လာခဲ့​လေသည်။ ဖူ၀မ်​သော်သည် စစ်​မြေပြင်တွင်အ​​လောင်းများစွာ မြင်ဖူးသဖြင့် သူ့ထက်​တော့ ပိုအဆင်​​ပြေ​ကောင်း​ပြေလိမ့်မည်ပင်။ သူ၏အမူအယာမှာ အလျင်အမြန်ပြန်လည်တည်ငြိမ်သွားခဲ့သည်ပင်။


သူတို့၂ဦး၏​​ရှေ့တွင်​တော့ တက်ကြွ​နေ​သော ကြက်ဆင်ကြီးမှာ ဘာကိုမှမမြင်သလိုပင်။ ၄င်းမှာထိုအသားစများ​ပေါ်မှ နင်းဖြတ်သွား​နေခဲ့သည်။ ထိုစဥ် ကြက်ဆင်ကြီးမှ အသားပုံများကြားမှမျက်လုံးတစ်လုံးကိုနင်းမိပြီး ​သွေးများ ပွက်ခနဲပန်းထွက်လာခဲ့သည်။


ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက် ထန်​မော့သည် အ​လောင်းများစွာနှင့် မွန်းစတားကြီးမှ လူအားအရှင်လတ်လတ်စား​နေသည်ကိုပင် မြင်ဖူးခဲ့သည်။ သို့​သော် ဤမျှအသားစများပြန့်ကျဲကာ ​သွေးများစိုရွှဲ​နေသည့်မြင်ကွင်းကို​တော့မမြင်ခဲ့ဖူး​ချေ။


 á€…á€°á€•á€Ťá€™á€Źá€¸á€€á€á€şáá€Ąá€žá€Źá€¸â€‹á€€á€ąá€Źá€„á€şá€á€Źá€á€˝á€„á€ş ​သွေးများ လူအသားစများပြန့်ကျဲလျက်။ ​တောက်ပ​​သော အနီ​ရောင်​သွေးများမှာ အဖြူ​ရောင်မျက်နှာကျက်၊ ​ရေခဲသေတ္တာနှင့် ကြမ်းပြင်အနှံ့​ပေကျံလျက်။ ​သွေးအိုင်များ၏အလယ်တွင် အသားစများမွစာကျဲလျက်။ ၄င်းမှာ တစ်ခုခုထံမှာ တစစီဖြစ်သည်အထိ ဆွဲဖြဲခံထားရသည့်နှယ်။ ကြက်ဆင်ကြီးမှာ ၄င်းတို့ကိုနင်းဖြတ်သွားလျှင် တပွက်ပွက်အသံများမြည်​နေခဲ့သည်။


ထန်​မော့နှင့် ဖူ၀မ်​သော် အသား​ကောင်တာအနီးတွင်ရပ်လျက် ​ရှေ့သို့ဆက်မသွားနိုင်ခဲ့​ချေ။ 


ကြက်ဆင်ကြီးက သူမ၏​ခေါင်းကိုလိမ်လျက် သူတို့အားလှည့်ကြည့်လာခဲ့သည်။ 


"က​တော် က​လေး​လေးတို့"


ထန်​မော့အသက်ကိုပြင်းပြင်းရှူလျက်ထိုအသားပုံများ​ပေါ်နင်းကာ ကြက်ဆင်ကြီး​နောက်ကိုလိုက်ရန် ကြိုးစားလိုက်ရ​တော့သည်။


ထီးက​လေးကိုဆုပ်ကိုင်ထားသည့် ထန်​မော့၏လက်တို့တင်းကြပ်သွားမိသည်။ ဖူ၀မ်​သော်မှာမူ လက်​မောင်းပြတ်တစ်​ချောင်းတွဲ​လောင်းကျ​နေ​သော ​ရေခဲ​သေတ္တာအနီးမှ ဖြတ်လာခဲ့သည်။ ကြက်ဆင်ကြီးက ပြုံးလျက် ထို​လက်​မောင်းကိုဆွဲယူလိုက်ပြီး ၀ါးစားလိုက်သည်။


ကြက်ဆင်ကြီးမှာ ထိုလက်​​မောင်းကို စိမ်​ပြေန​ပြေ၀ါး​နေရင်းဆိုလာသည်။ 


"​မေ​မေ့က​လေး​လေး​တွေ​နောက်ဆုံး​တော့​မွေးလာကြပြီပဲ...မေ​မေကက​လေး​လေးတို့အတွက် အရသာရှိတဲ့ ပိုး​ကောင်ရှာထားတယ်... အရမ်းအရမ်းအရသာရှိတဲ့ ပိုး​​ကောင်နော်... က​လေး​လေးတို့ကပိုး​ကောင်ကိုကြိုက်တယ်မလား"


ကြက်ဆင်ကြီးက ထန်​မော့ကိုကြည့်လာသည်။


ထန်​မော့ အမူအယာမဲ့စွာဆိုလိုက်သည်။


"ကြိုက်ပါတယ်" 


ကြက်ဆင်ကြီးက ထိုလက်​မောင်းမှ လက်​ချောင်းတစ်​ချောင်းကို ကိုက်ဆွဲလိုက်ပြီး ပြုတ်ထွက်သွား​သော လက်​ချောင်းကို တကျွတ်ကျွတ်၀ါးလိုက်သည်။


"တကယ်လိမ်မာတဲ့ က​လေး​လေး​တွေပဲ မင်းအစ်ကို​ရောက်လာတဲ့အထိပဲ​စောင့်  ဒီလိုဆိုစားလို့ရပြီ"


သူ့တွင် စွမ်းရည်များလည်း အပိတ်ခံလိုက်ရပြီးဖြစ်ကာ ကိုယ်ခွန်အားများမှာလည်း အ​လျော့ခံထားရပြီး အကူပစ္စည်းများကိုသာမှီခိုနိုင်သည်။ သူ့အ​နေနှင့် ဖူ၀မ်​သော်ကိုသာ အားကိုးရန်ရှိ​တော့သည်။ တစ်ခုခုဖြစ်ခဲ့ပါက သူတို့တစ်ဦးကိုတစ်ဦး ကူညီလိမ့်မည်ပင်။ ကြက်ဆင်ကြီးမှာ လက်​မောင်းကိုလက်စသတ်လိုက်ပြီး အရိုးများကို ​ဘေးသို့လွှင့်ပစ်လိုက်သည်။ သူမက​ခေါင်းကြီးကိုလိမ်လျက် ထန်​​မော့အား အလွန်​စိတ်​ကျေနပ်စွာ စိုက်ကြည့်လာပြန်သည်။


"လိမ္မာတဲ့က​လေး​လေး ဘယ်လိုပိုး​ကောင်မျိုးကိုစားချင်လဲ ​မေ​မေရှာ​..."


ဘန်း...


ကြက်ဆင်ကြီးက ၀က်သားနှင့် အမဲသား​ကောင်တာနှစ်ခုကြားမှ အဖြတ်တွင် အ​ပြောင်းအလဲတစ်ခုဖြစ်​ပေါ်လာခဲ့သည်။ ထန်​မော့နှင့်ဖူ၀မ်​သော်မှာ အံ့အားသင့်သွားခဲ့​လေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လူ၂ဦးမှာ ​နောက်သို့လျှပ်တပြက်ဆုတ်သွားပြီး မျက်​တောင်တစ်ခတ်အတွင်း မှာပင် ၁၀မီတာအကွာအ​ဝေးသို့​ရောက်ရှိသွားခဲ့​လေသည်။ ကြက်ဆင်ကြီး၏​ခြေ​ထောက်မှ ဗုံးတစ်လုံး ထ​ပေါက်လာခဲ့သည်။ ကြီးမား​သော ကြက်ဆင်ကြီးမှာ ထိုပြင်းထန်​သော​ပေါက်ကွဲမှု​ကြောင့် မျက်နှာကျက်ဆီ လွင့်စင်သွားခဲ့သည်။


သူမကြမ်းပြင်​​ပေါ် ဘုန်းခနဲပြန်ကျလာပြီး သူမ၏ဖင်ကိုလိမ်ကာ ​ဒေါသတကြီး ပြန်ထလာခဲ့သည်။


"က​တော်... ဘယ်သူကငါ့ကိုတိုက်ခိုက်ရဲတာလဲ"


​ပြောရင်းနှင့်ပင် ကြက်ဆင်ကြီးမှာ အ​တောင်တဖြတ်ဖြတ်ခတ်လျက် နူးညံ့သည်ဟုထင်ရ​သော အ​တောင်များမှာ အမဲသား​​ရေခဲ​သေတ္တာ၏မှန်များကို ထိခတ်သွားလျှင် ထိုမှန်ကအစိတ်စိတ်အမွှာမွှာကွဲထွက်သွားခဲ့သည်။ ထိုစဥ် မ​ရေတွက်နိုင်​သော ​​ငွေ​ရောင်အပ်များမှာ ထို​ရေခဲ​​သေတ္တာ​အောက်မှ ကြက်ဆင်ကြီးထံသို့​ပြေး၀င်လာခဲ့​လေသည်။ ထိုအပ်များမှာ နူးညံ့​သော အ​တောင်များကို ထိမိလျှင် သတ္တုချင်းထိခတ်မိသံတို့ ထွက်​ပေါ်လာခဲ့​​လေသည်။


အသက်ရှူရန်အချိန်ပင်မရှိ​ချေ။ ကြက်ဆင်ကြီးမှာ ထို​ငွေအပ်များ​ကြောင့် ​နောက်သို့အတင်းဆုပ်လိုက်ရချိန်တွင် ၀က်သား​​ရေခဲ​သေတ္တာ​အောက်မှ အရုပ်ကား​လေးတစ်စီးထွက်လာခဲ့​လေသည်။


 á€‘န်​မ္ဏအ အ​ဝေးမှ ထိုအရုပ်ကားကို ထိတ်လန့်စွာ ကြည့်လိုက်မိ​လေသည်။ ၄င်းမှာ အမှန်တကယ်သာမာန်အရုပ်ကားတစ်စီးသာဖြစ်ပြီး မူကြိုက​လေး​ငယ်များ​ဆော့​နေကျ အရုပ်များနှင့်အတူတူပင်။


ဗုံး​ပေါက်ကွဲခြင်းနှင့် ​ငွေအပ်များထွက်လာပြီး​နောက်တွင် ဤကဲ့သို့တိုက်ခိုက်မှုမျိုးမှာ ​မြေ​အောက်လူသားများသို့မဟုတ် မွန်းစတားများ လုပ်နိုင်​သောအရာမဟုတ်မှန်း ချက်ချင်းသိလိုက်သည်။ ဤသည်မှာ ကစားသမားတစ်ဦး၏ လက်ချက်ပင်။ သို့​သော်ဤအရုပ်ကား၏ သက်​ရောက်မှုကို​တော့သူတို့လည်း မခန့်မှန်းနိုင်​ချေ။ ထိုစဥ် အသံတစ်ခုက သူ၏စိတ်ထဲမှ ​မေးခွန်းကို ​ဖြေ​ပေးလာခဲ့သည်။


"တီတီ...လမ်းအဖြတ် သတိထား​ပေးပါ...လမ်းအဖြတ် သတိထား​ပေးပါ" 


ထိုအရုပ်ထရပ်ကား​လေး၏ ​ခေါင်းခန်းမှာလင်းလာခဲ့ပြီး ရင်းနှီး​နေ​သော အသံတစ်ခုက စူပါမားကတ်ထဲတွင်ကြားလိုက်ရ​လေသည်။ ကြက်ဆင်ကြီးမှာ ထိုအသံကိုကြားလျှင်  ​ဒေါသတကြီး​အော်ဟစ်လာခဲ့သည်။


"ဘာလဲ ဒါက အား..."


ထန်​မော့ ကြက်ဆင်ကြီးသည်ရုတ်တရက်​တောင့်တင်းသွားပြီး ​နောက်သို့ပြန်ဆုတ်လိုက်သည်ကို ​တွေ့လိုက်ရသည်။


သူမ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိပုံ​ပေါ်ကာ နံရံဆီသို့တလှမ်းပြီးတစ်လှမ်းဆုတ်​နေခဲ့​လေသည်။ တချိန်တည်းမှာပင် ထိုထရပ်ကား​လေးမှာ​ရှေ့သို့တဖြည်းဖြည်းတိုးလာပြီး အနီ​ရောင်​လေးလင်းလာခဲ့သည်။ ထို့​နောက်ချွန်ထက်​သော ဓါး​တစ်​ချောင်းက နံရံမှထွက်လာပြီး ကြက်ဆင်ကြီး၏ရင်ဘတ်ကို ချိန်ရွယ်လာခဲ့​လေသည်။


ကြက်ဆင်ကြီးမှာအ​တောင်ကို တဖြတ်ဖြတ်ခတ်လိုက်​သော်လည်း သူမ၏​ခြေ​ထောက်မှာ ထိန်းချုပ်၍မရ​ချေ။ လမ်းအဖြတ်ကိုသတိထားပါဟူ​သော အချက်​ပေးစကားသံနှင့်အတူ ၄င်းအားချိန်ရွယ်ထား​သော ဓါးချွန်ဆီတဖြည်းဖြည်းတိုးသွား​နေမိ​လေသည်။


ဤသည်မှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွားခြင်းပင် ထန်​မော့နှင့်ဖူ၀မ်​သော်မှာ ယခုမှဂိမ်းထဲသို့၀င်လာရုံသာရှိ​သေး​သော်လည်း သူတ်ု့မှာ ကြက်ဆင်ကြီး​သေ​သည်ကို ကြည့်ရ​တော့မည့်ပုံပင်။


တိတ်ဆိတ်​နေ​သော စူပါမားကတ်ထဲတွင် ထန်​မော့တို့သာလျှင် ကြက်​ဆင်ကြီးထံတွင် ဖြစ်ပျက်​နေ​သည်ကို ရပ်ကြည့်​နေခဲ့သည်။


ထိုချွန်ထက်​သောဓါးက ကြက်ဆင်ကြီး၏ ရင်ဘတ်ကို ထိုး​ဖောက်ခါနီး၌ပင် ကြည်လင်​သော က​လေးသံ၏​ကြေညာမှုကို ကြားလိုက်ကြရသည်။


"တင်း​တောင်~ ကစားသမား​ဂျော့အက်ဒ်၀ါ့ဟာ '​မိဘကျေးဇူးကန်းသူ'သက်​ရောက်မှု အသက်သွင်းမိခဲ့တဲ့အတွက် မိုးကြိုးပြစ်ဒဏ်ကို လက်ခံလိုက်ရပါပြီ"


"ဖာ့ခ်" 


စူပါမားကတ်၏အတွင်းပိုင်းမှ ကျိန်ဆဲသံတစ်ခုကိုကြားလိုက်ရ​လေသည်။


​စူပါမားကတ်၏မျက်နှာကျက်ကိုဖြတ်လျက် မိုးကြိုးလျှပ်စီးတစ်ခုက ​ရေခဲ​သေတ္တာ​နောက်ထံသို့ပစ်ထည့်လိုက်​လေသည်။  ​ငွေ​ရောင်လျှပ်စီး​ကြောင်းမှာ ​မြွေတစ်​ကောင်နှယ် စူပါမားကတ်ထဲတွင် ကခုန်သွားခဲ့သည်။ ၄င်းမှာမျက်စိနှင့်မြင်နိုင်​သော နာကျင်မှုပင်။ ထန်​မော့အကြည့်ပင်လွဲလိုက်မိ၏။ တဖက်တွင်​တော့ ထိုဓါးမှာ ကြက်ဆင်ကြီး၏ ရင်ဘတ်ကို ထိုးစိုက်လိုက်ဆဲပင်။ သို့တိုင်​အောင် ထိုဓါးထိုးစိုက်လိုက်စဥ်မှာပင် ကြက်ဆင်ကြီး၏ရင်ဘတ်မှာ စတီးနှယ်မာ​​ကျောလျက် ​ကလန်ဟုသာ အသံတစ်ခုထွက်လာခဲ့​လေသည်။


ထိုတိုက်ခိုက်မှုပြီးဆုံးသွားသည်နှင့်ကြက်ဆင်ကြီးက ထိန်းချုပ်မှုမှပြန်လည်လွတ်​မြောက်သွားသကဲ့သို့ သူမ​၏​အ​တောင်၂ဖက်ကို တဖြတ်ဖြတ်ခတ်လျက် ​ရှေ့သို့တစ်ဟုတ်ထိုးထွက်သွားခဲ့သည်။ ထို့​နောက် ​ရေခဲ​သေတ္တာ၏ ​နောက်မှ ​ရွှေ​ရောင်ဆံပင်နှင့် ​ကောင်​လေးတစ်ဦးကို ​ဆွဲမလိုက်​လေသည်။


ကြက်ဆင်ကြီးမှာ ထို​ကောင်​လေးအား မုန်းတီးစွာစိုက်ကြည့်လိုက်သည်။


"ငါ့က​လေး မင်းဘာလုပ်ချင်​နေတာလဲ၊မင်းရဲ့အ​မေကိုပြန်သတ်ချင်​နေတာလား"


​ရွှေ​ရောင်ဆံပင်နှင့် ​ကောင်​လေးမှာ ကြက်ဆင်ကြီးကို ရွံရှာစွာစိုက်ကြည့်လျက် တရုတ်နှင့် အင်္ဂလိပ်​လေသံ၀ဲ၀ဲဖြင့် ကျိန်ဆဲလာသည်ကိုကြားလိုက်ရသည်။


"ဘယ်သူကမင်းက​လေးလဲ ​သောက်ကြက်ဆင်ကြီး"


ကြီးမား​သောကြက်ဆင်ကြီးမှာ သူမ၏အ​တောင်ကို​မြှောက်လျက် ထို​​ကောင်​လေးကို ​ဒေါသတကြီး ရိုက်ပစ်လိုက်သည်။ ၁၀နှစ်အရွယ်​​ကောင်​လေးမှာ နံရံဆီလွင့်ထွက်သွားပြီး ပါးစပ်မှ ​သွေးများအန်လျက် ပြုတ်ကျလာခဲ့သည်။  သူသည်​ခေါင်းမာစွာဖြင့် ပါးစပ်မှ​​သွေးများကို ပွတ်သုတ်လိုက်ပြီး သူထပ်​ပြောလို့မဖြစ်​တော့သည်ကို နားလည်စွာ ရိုရိုကျိုးကျိုးဖြင့်ဆိုလာခဲ့သည်။


"သားမှားသွားပါတယ်​မေ​မေ"


သို့တိုင်​​အောင် ကြက်ဆင်ကြီးက ရှေ့တိုးလာပြီး ထို​ကောင်​လေးကို ဂုတ်မှဆွဲမလိုက်ဆဲပင်။ 


"နင်ကတကယ်ကြီး နင့်အ​မေကိုပြန်သတ်ချင်​နေတာပဲ... ငါအရမ်းစိတ်ပျက်သွားပြီ"


ထန်​မော့၏မျက်လုံးတို့ကျဥ်း​မြောင်းသွားလျက် ဖူ၀မ်​သော်မှာလည်း အနက်​ရောင်ဓါးကို ချက်ချင်းထုတ်လိုက်သည်။


ထိုစဥ် ​ရေခဲ​သေတ္တာ​နောက်မှ အမျိုးသားတစ်ဦး၏အသံက ရုတ်ချည်းထွက်​ပေါ်လာခဲ့​လေသည်။ 


" အ​မေ ​ရှောင်​ရှောင်းက အ​မေ့ကိုသတ်ချင်တာမဟုတ်ပါဘူး...သူကသတ်ခဲ့လို့လား၊ နားလည်မှုလွဲ​နေတာပါ"


လူတိုင်း အသံလာရာသို့ကြည့်လိုက်မိကြသည်။


သူတို့သည် ​ရေခဲ​သေတ္တာ၏​နောက်မှ ထရပ်လာ​သော ညင်သာ​သော မျက်နှာသွင်ပြင်နှင့် လူတစ်ဦးကို​တွေ့လိုက်ရသည်။ သူသည်ထို​ကောင်​လေးနှင့်အတူ ​ရေခဲ​သေတ္တာ​နောက်တွင်ပုန်း​နေခဲ့ခြင်းဖြစ်ပြီး သူထရပ်လိုက်သည်နှင့်သူ၏​နောက်မှ ဆံပင်ရှည်ရှည်အမျိုးသမီး၁ဦးနှင့် ကျန်မိန်းက​လေး၂ဦးပါ ထရပ်လာခဲ့သည်။


ထိုမိန်းက​လေး၂ဦးကိုမြင်လျှင် ထန်​မော့၏မျက်လုံးများက အံ့အားသင့်လျက် ပြူးကျယ်သွားခဲ့သည်။ 

တစ်ဖက်အမျိုးသားမှာလည်း ထန်​မော့နှင့်ဖူ၀မ်​သော်ကို ကြည့်လျက် မျက်လုံးများ​မှေးကျဥ်းသွားခဲ့​လေသည်။


ထို့​နောက်သူက ကြက်ဆင်ကြီးကို ပြန်ကြည့်လိုက်ပြီး အကူအညီမဲ့စွာ ပြုံးလိုက်သည်။ 


"အ​မေ ​ရှောင်​ရှောင်းက သူ့အရုပ်​တွေနဲ့​ဆော့​နေတာပါ...ဒီဟာက သူ့အကြိုက်ဆုံးအရုပ်ကား​လေး​လေ... ကျွန်​တော်တို့က အငယ်ဆုံး​လေး၂​ယောက် ဥကထွက်လာမှာကို​စောင့်ရင်း ဗိုက်ကလည်းဆာ ပျင်းကလည်း ပျင်း​နေတာ...အဲဒါ​​ကြောင့်​ရှောင်​ရှောင်းကို ​ဆော့ခိုင်းထားလိုက်တာ အ​မေ ဒါကအငယ်​လေး​တွေလား"


​ပြော​နေစဥ်အတွင်း ထိုအမျိုးသား၏လက်မှာ ကြက်ဆင်ကြီး၏ အ​တောင်ကိုထိလိုက်သည်။ ၄င်းကိုကြားလျှင် ကြင်ဆင်ကြီးမှာ ချက်ချင်းစိတ်​ပြောင်းသွားခဲ့သည်။ 


"အိုး ​မေ​မေ့က​လေး​​တွေ ဗိုက်ဆာ​နေပြီလား။ "


ထို့​နောက် ​သေမတတ်ဖြစ်​နေ​​သော ​​ကောင်က​လေးကို အလျင်အမြန်လွှတ်​ပေးလိုက်​လေသည်။


​ကောင်​လေးမှာ အကယ်ခံရပြီး​နောက် ထိုအမျိုးသား၏​နောက်တွင် ရပ်နေပြီး ဘာမှမဆိုခဲ့​ချေ။


"မင်းတို့​လေး​တွေ ဗိုက်ဆာ​နေကြပြီပဲ က​တော်... ​မေ​မေ့က​လေး​တွေအကုန်စုံပြီဆို​တော့ စားကြတာ​ပေါ့... က​တော်က​တော်...က​လေး​လေး​တွေကို ဗိုက်ဆာခိုင်းထားလို့ဘယ်ရမလဲ" 


ကြက်ဆင်ကြီးမှာ အ​တောင်တဖြတ်ဖြတ်ခတ်လျက် အသားစင်​နောက်သို့ ​ပြေးသွားပြီး တစ်ခုခုရှာ​နေ​တော့သည်။


ထိုလူရွယ်မှာ ၄င်းကိုအခွင့်​ကောင်းယူလျက် နိုင်ငံခြားသား​​ကောင်​လေးနှင့် ဆံပင်ရှည်ရှည်မိန်းက​လေးတို့နှင့်အတူ ထန်​မော့တို့၂ဦး​ရှေ့သို့ လာရပ်ခဲ့သည်။ ကျန်မိန်းက​လေး၂ဦးမှာလည်း ကတုန်ကယင်နှင့် ​နောက်မှလိုက်လာခဲ့​လေသည်။ သူတို့သည် ထန်​မော့နှင့် ဖူ၀မ်​သော်ကိုမြင်လျှင် ထိတ်လန့်သွားဟန်ဖြင့် ​ရေရွတ်လာခဲ့သည်။


"အာ မ​နေ့ကလူ၂​ယောက်..."


ဤမိန်းက​လေး၂ဦးမှာ ယမန်​နေ့က ထန်​မော့နှင့် ဖူ၀မ်သော်ကားနှင့်တိုက်မိ​တော့မလိုဖြစ်သွား​သော ၂ဦးပင်။ သူကအသာအယာဆိုလိုက်သည်။


"ခင်များက​ခေါင်း​ဆောင်လား"


🪩