Chapter 77
Viewers 11k

💮Chapter 77


 

ဝမ်ချီ၏ အသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

 

အထဲသို့ ဝင်တော့မည့် လျိုတဲနှင့် လျိုရှန်တို့က တစ်ချိန်ထဲရပ်လိုက်ကြသည်။ သူတို့က ဝမ်ချီအား လှည့်ကြည့်လိုက်ကြ၏။ သူတို့၏မျက်ဝန်းထဲ၌ ရင်းနှီးသော အမူအရာ မရှိတော့ဘဲ ရှုပ်ထွေးသည့် ခံစားချက်များသာ ရှိနေလေသည်။

 

သူတို့က ဝမ်ချီ၏ မျက်ခုံးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျိုတဲက ပြော၏။

“ဝမ်သခင်လေး မသက်မသာဖြစ်ရင် အပြင်မှာပဲ စောင့်နေခဲ့ပါ…”

 

ဝမ်ချီသည်လည်း အတွင်းသို့ မဝင်ချင်ပေ။ လျိုတဲ၏ စကားကြောင့် သူက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး တစ်မီတာ ဆုတ်ခွာလိုက်၏။

“ဒါဆို ကျွန်တော် ဝင်မလိုက်တော့ဘူး … အပြင်မှာပဲ စောင့်နေမယ် …”

 

ရှစ်ယဲ့က အမူအရာ ပျက်ယွင်းနေသည့် ဝမ်ချီအား ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ကျောကျစ် … မင်းလည်း နေခဲ့ …”

 

“မှန်လှပါ …”

 

ဤသို့ဖြင့် ဝမ်ချီနှင့် ကျောကျစ်တို့က တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။

 

ကျောကျစ်က စကားများတတ်သူ မဟုတ်ပေ။ ဝမ်ချီ မည်သို့မှ မပြောသရွေ့ သူမသည်လည်း တိတ်ဆိတ်နေပေလိမ့်မည်။

 

ဝမ်ချီက သူ့အရှေ့ရှိ ကွင်းပြင်တွင် ပျံသန်းနေကြသည့် ငှက်များကို ကြည့်နေမိသည်။

 

အဆိုပါ ငှက်ကလေးများက လက်ဖဝါးအရွယ်သာရှိပြီး ပန်းရောင်နှုတ်သီး၊ အနက်ရောင်ဦးခေါင်းတို့ ရှိကြ၏။ ၎င်းတို့၏ မျက်လုံးကလေးများမှာ တောက်ပနေပြီး မြေပေါ်တွင် ခုန်ပေါက်နေကြသည်။

 

ဝမ်ချီက သူ ထိုငှက်များကို တစ်နေရာရာ၌ မြင်ဖူးသလို ခံစားလိုက်ရ၏။

 

ကျောကျစ်က ဝမ်ချီ၏အကြည့်ကို ခံစားမိသွားကာ ပြောလိုက်သည်။

“အဲဒါ ကျွဲဆက်ရက်ပါ …”

 

“နှင်းဆီဆက်ရက်လား …”

ဝမ်ချီက ထိုငှက်အကြောင်း အင်တာနက်ပေါ်၌ တွေ့ခဲ့သည်ကို မှတ်မိသေးသည်။ ထိုသို့သော ငှက်မျိုးက အုပ်စုလိုက် စုစည်းနေထိုင်လေ့ရှိပြီး အင်းဆက်များကို အမဲလိုက်ကာ သီးနှံစေ့များကိုလည်း စားသောက်ကြ၏။ ကျင်းကျိုး၏ ကျိုင်းကောင်များသည်လည်း ဆက်ရက်များ၏ ပစ်မှတ်ဖြစ်လာခဲ့ပုံပင်။

 

ကျင်းကျိုးမှာ ဆက်ရက်တွေရှိရက်နဲ့ ဘာလို့ ကျိုင်းကောင်ကပ်ဘေး ဖြစ်နေရတာလဲ …

 

“နှင်းဆီဆက်ရက်လား …အမှန်ပဲ … သူတို့က ပန်းရောင်ကိုး …”

 á€€á€ťá€ąá€Źá€€á€ťá€…်က ပြုံးလိုက်သည်။


ဝမ်ချီက မေးလိုက်သည်။

“ကျင်းကျိုးမှာ ဆက်ရက်တွေရှိတာလား …”

 

ကျောကျစ်က ပြောသည်။

“အရင်ကအများကြီးရှိပါတယ် … အခုတော့ နည်းသထက်နည်းလာပြီ …”

 

ဝမ်ချီ အံ့အားသင့်သွား၏။

“ဘာလို့လဲ …”

 

ကျောကျစ်က ခေါင်းယမ်းလိုက်သည်။

“ကျင်းကျိုးက အစွန်အဖျားဒေသဆိုတော့ စကားပုံရှိသလိုပဲ … တောင်တွေမြင့်မားပြီး ရှင်ဘုရင်နဲ့ဝေးကွာတဲ့ဒေသပေါ့ … ဒီနေရာကို ခုံရုံးက အရောက်မလာနိုင်ဘူး … ဒီတော့ ကျင်းကျိုးရဲ့ တရားစီရင်မှုက မြို့တော်တစ်ဝိုက်က ဒေသတွေလို ခိုင်မာမှုမရှိဘူးလေ … တရားဥပဒေမရှိတဲ့အတွက် ပြည်သူတွေက အသက်မွေးဝမ်းကျောင်း မလုပ်နိုင်ဘဲ အမဲလိုက်တာကိုပဲ မှီခိုပြီး စားသောက်ကြရတာ … အဲဒါကြောင့် တောရိုင်းယုန်တွေနဲ့ ငှက်တွေက သားကောင်တွေဖြစ်လာတာပါ …”

 

ဝမ်ချီ အတွေးထဲနစ်မြုပ်သွား၏။

 

ကျိုင်းကောင်ကပ်ဘေးက ခေါင်းကိုက်စရာဖြစ်သော်လည်း ကျင်းကျိုး၌ အခြားပြဿနာများစွာ ရှိနေသေး၏။ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းလိုပါက အစားအစာ၊ အဝတ်အထည် ရှားပါးမှုကို ဦးဆုံး ဖြေရှင်းရပေလိမ့်မည်။

 

ရှင်းရှင်းပြောရပါက ပိုက်ဆံမရှိကြခြင်း ဖြစ်၏။

 

ဝမ်ချီ တိတ်ကျသွားသည့်အလျောက် ကျောကျစ်က အပြုံးဖြင့် ဝင်ပြောလိုက်သည်။

“ဒါက ကျွန်မ ပုံပြောသူဆီကနေ ကြားလာတာပါ … အမှန်ဟုတ်လားမဟုတ်လား ဘယ်သူသိမှာလဲ … သခင်လေးဝမ် စိတ်ထဲမထားပါနဲ့ …”

 

သူတို့နှစ်ဦးက ခဏကြာ စကားပြောပြီးနောက် ပြန်လည် တိတ်ဆိတ်သွားကြ၏။

 

ဝမ်ချီက တံခါးထံလှည့်ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူတို့ အထဲမှာ ဘာလုပ်နေကြတာလဲ … ကျန်းဟမ် ဒဏ်ရာရသွားတာလား…”

သွေးနံ့မှာ ပြင်းထန်လှသည်ဖြစ်ရာ ဒဏ်ရာသည်လည်း ပေါ့သေးသေး ဟုတ်ပုံမရချေ။

 

ကျောကျစ်၏ အမူအရာက အနည်းငယ် ရှုပ်ထွေးသွားသည်။

“ဟုတ်ပါတယ် … သူဒဏ်ရာရသွားတာပါ …”

 

“ပြင်းထန်လား …”

 

သူ့ခြေလက်တွေလည်း ကျိုးသွားတယ် … ကိုယ်တွင်းအင်္ဂါတွေအားလုံးနီးပါး ပျက်စီးသွားတယ် … နောက်ဆုံးထွက်သက်ရှူထုတ်မတတ် ဖြစ်နေတာ … ဒါက ပြင်းထန်တယ် ပြောလို့ရလား …

ကျောကျစ်က ခဏတွေးပြီးနောက် ခေါင်းယမ်းလိုက်သည်။ “မပြင်းထန်ပါဘူး …”

 

သူမ စကားဆုံးသည်နှင့် တံခါးပွင့်သံ ထွက်ပေါ်လာ၏။

 

ဝမ်ချီက တံခါးမှတစ်ဆင့် ရှစ်ယဲ့ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ရှစ်ယဲ့၏ နက်မှောင်သော ဆံနွယ်ရှည်များက ကျောဘက်တွင် ဖြန့်ကျက်နေ၏။ သူ့မျက်နှာမှာ ခံစားချက် ကင်းမဲ့နေပြီး သူ၏ အနက်ရောင်မျက်ဝန်းများမှာလည်း အေးစက်နေသည်။ သူ့တစ်ကိုယ်လုံး သွေးဆာသည့် အရှိန်အဝါများ လွှမ်းခြုံလျက်ရှိ၏။

 

လျိုတဲနှင့် လျိုရှန်တို့က သူ့အနောက်မှ လိုက်ပါလာသည်။ သူတို့က အသက်ပင်ရဲရဲမရှူဝံ့ကြချေ။

 

ရှစ်ယဲ့က ဝမ်ချီ့ထံသို့ လျှောက်လာ၏။ ရှစ်ယဲ့ခန္ဓာကိုယ်မှ သွေးနံ့ပြင်းပြင်းကြောင့် ဝမ်ချီ အမြန်နောက်ဆုတ်ကာ ပါးစပ်ကို အမြန်အုပ်လိုက်ရသည်။

 

ထိုအရာကို တွေ့သည်နှင့် ရှစ်ယဲ့က ချက်ချင်းရပ်လိုက်၏။

 

သူက ဝမ်ချီအား အေးစက်စက် စိုက်ကြည့်လိုက်ပြီး ခဏအကြာ၌ လျိုသဲထံသို့ လှည့်လိုက်၏။

“ကျန်တဲ့ဓားစာခံတွေအားလုံး သတ်ပစ်လိုက် …”


“မှန်လှပါ …”

လျိုတဲက ဖြေပြီးသည်နှင့် တစ်စုံတစ်ခုအား သတိရသွားကာ တောင့်တင်းသွား၏။

“အရှင့်သား … အုပ်ချုပ်ရေးမှူးကျိုး(မြို့တော်ဝန်ကျိုး)ရဲ့ ဇနီးသည်နဲ့ ကိုယ်လုပ်တော်တွေကရော …”

 

ရှစ်ယဲ့၏ အသံမှာ အလွန်တည်ငြိမ်နေပြီး တွန့်ဆုတ်မှု တစ်စုံတစ်ရာပင် မပါရှိပေ။

 â€œá€žá€°á€á€­á€Żá€ˇá€Ąá€Źá€¸á€œá€Żá€śá€¸á€€á€­á€Ż သတ်လိုက် …”

 

“မှန်လှပါ …”

 

မူလက ကျန်းဟမ်မှာ ပြန်ပေးဆွဲသူများကြောင့် ထိခိုက်ခဲ့သည်ဟု ဝမ်ချီ ထင်ခဲ့၏။ ယခုအခါ ရှစ်ယဲ့နှင့် လျိုတဲ၏ စကားများမှတစ်ဆင့် သူအားလုံးကို အကြမ်းဖျဉ်းနားလည်သွားချေပြီ ။

 

သွေးနံ့များ လှိုင်လှိုင်ထနေခဲ့သည်မှာ မထူးဆန်းတော့ပေ။ ရှစ်ယဲ့ထံမှ သွေးနံ့ပြင်းပြင်း ထွက်ပေါ်လာသည်မှာလည်း မထူးဆန်းတော့ချေ။

 

ရှစ်ယဲ့က ကျန်းဟမ်ကိုသာမက ဓားစာခံအားလုံးကို သတ်ပစ်ရန် ရည်ရွယ်ထားပုံရသည်။ ရထားလုံးထဲ၌ အတူ လိုက်ပါခဲ့ရသည့် အမျိုးသမီးငါးဦး အပါအဝင်ဖြစ်၏။

 

လျိုတဲ၏ စကားအရ အဆိုပါ အမျိုးသမီး 

ငါးဦးက မြို့တော်ဝန်ကျိုး၏ ဇနီးနှင့် ကိုယ်လုပ်တော်များ ဖြစ်ပုံရသည်။

 

ဝမ်ချီက ကျန်းဟမ်ကို မနှစ်မြို့ချေ။ အထူးသဖြင့် သူ့လည်ပင်းအား ဓားနှင့်ထောက်ခဲ့ပြီးနောက် ပို၍ မနှစ်မြို့တော့ပေ။ ထို့ကြောင့် ကျန်းဟမ်၏ သေခြင်းရှင်ခြင်းက သူနှင့် မသက်ဆိုင်ချေ။

 

သို့သော် အဆိုပါ ဓားစာခံများက အပြစ်ကင်းလှသည်။

 

အဆိုပါ အမျိုးသမီးငါးဦးက ရထားလုံးအတွင်း၌ ရှိစဉ်က ပင်ဂွင်းများသဖွယ် တစ်ဦးနှင့်တစ်ဦးပွေ့ဖက်၍ တုန်ယင်နေခဲ့ကြသည်ကို ဝမ်ချီ မှတ်မိသေး၏။ သူတို့က သနားစရာကောင်းလှပြီး မည်သည့်အမှားကိုမှ မကျူးလွန်ခဲ့ချေ။

 

ဝမ်ချီက ထိုသို့တွေးသည့်တိုင် မည်သည်ကိုမှ ဝင်မပြောခဲ့ဘဲ ခေါင်းကိုသာ တစ်ဖက်သို့ လှည့်လိုက်၏။

 

လျိုတဲနှင့် လျိုရှန်တို့ ထွက်သွားတော့မည့် အချိန်၌ ရှစ်ယဲ့က သူတို့အား ထပ်မံခေါ်လိုက်ပြန်သည်။

 

ညီအစ်ကိုနှစ်ဦးက ဘုမသိဘမသိဖြစ်သွားသည့်တိုင် မည်သည့်မေးခွန်းကိုမှ ပြန်မမေးဝံ့ကြချေ။ သူတို့က ရှစ်ယဲ့၏ အမိန့်အား မျက်လွှာချကာ စောင့်ဆိုင်းနေခဲ့ကြသည်။

 

ရှစ်ယဲ့၏ အကြည့်က ဝမ်ချီ့အပေါ်သို့ ကျရောက်လာ၏။ 

“ကန့်ကွက်ချင်တာ ရှိလား …”

 

ဝမ်ချီက ကြောင်အသွားသည်။ ထို့နောက် ရှစ်ယဲ့သူ့အား ပြောနေခြင်းဖြစ်ကြောင်း နားလည်သွားကာ အမြန်ပြောလိုက်၏။

“ကျွန်တော် မဝံ့ရဲပါဘူး …”

 

“ဘာလို့မဝံ့ရဲရသလဲ …”

ရှစ်ယဲ့ နှာခေါင်းရှုံ့လိုက်သည်။ သူက နားဝင်ချိုသည့် အသံခပ်နိမ့်နိမ့်ဖြင့် မေးလိုက်၏။ ထိုအသံက နှစ်ဆယ့်တစ်ရာစုတွင် လူသိများသည့် အမျိုးသားများ၏ အသံနှင့်တူလှသည်။

“ပြောကြည့်လေ မောင်မင်းဘယ်လို တွေးလဲဆိုတာ … ပန်ကုန်း ထည့်စဉ်းစားပေးမှာပါ …”

 

ဝမ်ချီက အတန်ကြာ တွေဝေနေခဲ့သည်။ သူက ဤခေတ်ရှိ အသက်ရှင်နည်းများအား အသားကျနေပြီဖြစ်၏။ အဆုံးသတ်၌ သူက ငရဲတံခါးဝများအား ဝင်လိုက်ထွက်လိုက် လုပ်နေရသည်ပင်။

 

သူက ခဏတွေးပြီးနောက် သတိကြီးစွာ ပြောလိုက်သည်။ 

“ဓားစာခံတွေက အပြစ်မရှိပါဘူး … သူတို့ကို အသက်ချမ်းသာပေးတာ ပိုကောင်းပါလိမ့်မယ် …”

 

“ကျန်းဟမ်ကရော …ကျန်းဟမ်ကရော အပြစ်ကင်းလား…”

 á€›á€žá€…်ယဲအက ရုတ်တရက် မေးလိုက်၏။


ဝမ်ချီက ရှစ်ယဲ့ကို ကြည့်ရင်း ထိတ်လန့်သွားသည်ကို အချိန်မီ မဖုံးကွယ်နိုင်ခဲ့ပေ။ ရှစ်ယဲ့က သူနှင့် ကျန်းဟမ်အကြားရှိ အဖြစ်အပျက်ကို သိနေမည်ဟု မမျှော်လင့်ထားခဲ့ချေ။

 

“ကျွန်တော်ပြောတဲ့ အပြစ်မရှိဘူးဆိုတာက အုပ်ချုပ်ရေးမှူးရဲ့ ဇနီးနဲ့ ကိုယ်လုပ်တော်တွေပါ ...” 

ဝမ်ချီက ခပ်တိုးတိုး ပြောလိုက်၏။

“ကျန်းဟမ် မပါပါဘူး …”

 

အမှန်စင်စစ် ကျန်းဟမ်သည်လည်း နားလည်မှုလွဲသွားသော အပြစ်ကင်းသူတစ်ဦးဖြစ်၏။ သို့သော် လက်ရှိအချိန်၌ သူကျန်းဟမ်အတွက် အသနားခံမပေးဝံ့ချေ။

 

ရှစ်ယဲ့ ပြုံးလိုက်သည်။

“သခင်လေးဝမ်က တကယ့်ကို ကြင်နာတတ်တာပဲ … သူက ဘယ်သူ့ကိုဖြစ်ဖြစ် ကူညီဖို့ဝန်မလေးဘူး …”

 

ဝမ်ချီ “…”

 

ရှစ်ယဲ့၏ စကားထဲတွင် အခြားအဓိပ္ပာယ်များ ပါရှိသည်ဟု ဝမ်ချီ ခံစားမိလိုက်သည်။ သို့သော် သူက ရှစ်ယဲ့မည်သည်ကို ပြောလိုခြင်းဖြစ်ကြောင်း နားမလည်ချေ။

 

“မေ့လိုက်တော့ …”

ရှစ်ယဲ့က တစ်ဖက်သို့ လှည့်ကာ လျိုတဲနှင့် လျိုရှန်အား ပြောလိုက်သည်။

“သူတို့ကို အခု အသက်ရှင်ခွင့်ပေးလိုက် … ရှစ်ကျင်း တခြားလူတွေကို ကယ်တဲ့အခါမှ လွှတ်ပေးလိုက်ပါ …”

 

လျိုတဲက ပြောသည်။

“ကျန်းဟမ်ကိုရော …”

 

ရှစ်ယဲ့က လျိုတဲအား ခန့်မှန်းခက်သော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။

“မင်းလုပ်ချင်သလို လုပ်လိုက် …”

 

လျိုတဲနှင့် လျိုရှန်က နားလည်သွားဟန်ဖြင့် မှန်လှပါဟု ပြိုင်တူ ဖြေလိုက်ကြ၏။

 

အပြန်လမ်းတွင် ဝမ်ချီက မသက်မသာ ခံစားနေရ၏။ ထို့ကြောင့် သူက ပြတင်းပေါက်ဘောင်သို့ မှီကာ အိပ်ပျော်သွားတော့သည်။

 

ကျင်းကျိုး၏ လမ်းများက အလွန်ကြမ်းတမ်းသည့် အလျောက် ရထားလုံးမှာလည်း ခလောက်ဆန်နေ၏။ ဝမ်ချီ၏ ဦးခေါင်းမှာလည်း ပြတင်းဘောင်မှ ထပ်ခါထပ်ခါ ပြုတ်ကျလျက်ရှိသည်။ ၎င်းက သူ့အား မနာကျင်စေသည့်တိုင် အန်ချင်စိတ် ဖြစ်ပေါ်လာစေခဲ့သည်။

 

ဝမ်ချီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှစ်ယဲ့က သူ့အား လက်ယပ်ခေါ်လိုက်၏။

“ဒီကိုလာ …”


ဝမ်ချီက ရှစ်ယဲ့အား ခွေးကလေးတစ်ကောင်ကို ခေါ်သကဲ့သို့ ခေါ်ပုံမျိုး မလုပ်ရန် တားမြစ်ချင်လှသည်။ သို့သော် သူက သူ့ကိုယ်သူ အားပေးကာ နှလုံးသားအတွင်းရှိ နာကျင်မှုကို မြိုသိပ်ရင်း တစ်ဖက်လူထံ လျှောက်သွားလိုက်၏။

 

ရလဒ်အနေဖြင့် ရှစ်ယဲ့က သူ့ရင်ဘတ်ရှိ နေရာအချို့ကို အကြိမ်ရေအနည်းငယ်ခန့် ဖိလိုက်သည်။

 

ဝမ်ချီ မည်သည့်အရာများ ဖြစ်ပျက်သွားကြောင်း မသိလိုက်မီ သူ့အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွား၏။ သူ့အရှေ့ရှိ အလင်းရောင်သည်လည်း ရုတ်တရက်မှိန်ဖျော့လာကာ သတိလစ်သွားလေသည်။

 

ရှစ်ယဲ့က ဝမ်ချီ၏ခန္ဓာကိုယ်ကို ညှင်သာစွာ ပွေ့ယူလိုက်သည်။

 

ထိုအရာကို မြင်သည်နှင့် ကျောကျစ်က စောင်ပါးတစ်ထည်ကို အမြန်ယူလာခဲ့၏။ ထို့နောက် ဝမ်ချီအား စောင်ပါးဖြင့် ခြုံပေးလိုက်သည်။

 

ကျောကျစ်က အိပ်မောကျနေသည့် ဝမ်ချီ့ကိုတစ်လှည့်၊ ဝမ်ချီအား ငေးကြည့်နေသည့် ရှစ်ယဲ့ကို တစ်လှည့် ကြည့်လိုက်သည်။ သူမစိတ်တွင်းရှိ ထူးဆန်းသော ခံစားချက်က ယခုထက်တိုင် ပျောက်ကွယ်မသွားသေးချေ။

 

ထို့နောက် ရှစ်ယဲ့၏ အသံထွက်ပေါ်လာသည်။

“ပြောစရာရှိရင် ပြောပါ …”

 

ထိုအခါမှသာ ကျောကျစ်က ရှစ်ယဲ့အရှေ့၌ မည်သည့်အခါကမှ သူမအတွေးများကို မဖုံးကွယ်နိုင်ကြောင်း သဘောပေါက်သွား၏။ သူမက ခေါင်းမော့ကာ အရဲစွန့်၍ မေးလိုက်သည်။

“အရှင့်သား ဘာလို့ အဲဒီ့လူတွေကို အသက်ရှင်ခွင့်ပေးခဲ့လဲဆိုတာ ဒီအစေခံ နားမလည်နိုင်လို့ပါ…”

 

၎င်းက အိမ်ရှေ့စံမင်းသား လုပ်နေကျ အပြုအမူမဟုတ်ပေ။

 

သူမက အရှင့်သားကို နားလည်နိုင်ပြီဟု ကျောကျစ် ယူဆထားခဲ့၏။ သူမက အိမ်ရှေ့စံမင်းသား၏ လက်တွင်းရှိ ဓားတစ်လက်ကဲ့သို့ အသက်ပေါင်းများစွာကို သူ့အတွက် ယူဆောင်ပေးခဲ့သည်။ အိမ်ရှေ့မင်းသားက အပြစ်ကင်းသူများကို အသက်ရှင်ခွင့်ပေးလိုက်၍ နောင်တစ်ချိန်၌ ပြဿနာဖြစ်မည်ကို မလိုလားသူတစ်ဦးဖြစ်သည်။ သူက ပြဿနာများကို မုန်းတီး၏။

 

လက်ရှိအခြေအနေမျိုး၌ ဓားစာခံအားလုံးကို သတ်ပစ်ခြင်းက အမြန်ဆုံးနှင့် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်သည်။

 

အရှင့်သားက စတုတ္ထမင်းသား၏ ကိစ္စများကို ဝင်ပါရန် မဆိုထားနှင့်၊ စတုတ္ထမင်းသားနှင့် ကျန်သူများအား သူရောက်လာကြောင်း မသိစေလိုခဲ့ချေ။ ထို့ကြောင့် ဓားစာခံအားလုံးကို သတ်ပစ်လိုက်သည်နှင့် သတင်းဖြန့်မည့်လူလည်း မရှိတော့ပေ။ ဤနည်းလမ်းက များစွာ ပို၍ လွယ်ကူ၏။

 

ကျောကျစ်၏ သံသယများကြောင့် ရှစ်ယဲ့က ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“ပန်ကုန်းက အပြစ်မရှိတဲ့လူတွေကို အသက်ချမ်းသာပေးရုံပါ …”

 

ကျောကျစ် တံတွေးနင်သွားသည်။

 

ယခင်က အိမ်ရှေ့စံကမူ တစ်ဖက်လူ အပြစ်ကင်းသည်မကင်းသည်ကို ဂရုမစိုက်ချေ။ သူက ပြဿနာကိုသာ ထည့်သွင်းစဉ်းစားတတ်၏။

 

….

 

ဝမ်ချီ နိုးလာချိန်၌ သူက ထပ်ခိုးထံသို့ ပြန်ရောက်နေပြီဖြစ်သည်။ တစ်စုံတစ်ဦးက သူ၏ အင်္ကျီရှည်၊ ဖိနပ်နှင့် ခြေအိတ်များကို ဖယ်ရှားပေးကာ သူ့အား အိပ်ရာထက်သို့ ပို့ဆောင်ပေးခဲ့ပုံရ၏။

 

သို့သော် ရှစ်ယဲ့မှအပ ဤနေရာ၌ ကျောကျစ်နှင့် အစေခံများသာ ရှိသည်။ ထိုသို့သော ကိစ္စများအား သူ့အတွက် အကူအညီပေးနိုင်သူမှာ ရှစ်ယဲ့တစ်ဦးထဲသာ ရှိ၏။

 

ဝမ်ချီက အိပ်ရာအစွန်းတွင် အိပ်ချင်မူးတူး ထိုင်နေမိသည်။ သူက ခြေဗလာကို ငုံ့ကြည့်ကာ အလွန် ကြောင်စီစီ ဖြစ်သွား၏။

 

ရှစ်ယဲ့က သူ့အတွက် ဖိနပ်နှင့် ခြေအိတ်များ ချွတ်ပေးခဲ့သည်။

 

ထိုသို့သော မြင်ကွင်းမျိုးကို စိတ်ကူးကြည့်၍ပင် မရချေ။

 

ဝမ်ချီက သူ့ကိုယ်သူ ထပ်မံတွေးခွင့်မပြုနိုင်တော့ပေ။ သူတွေးလေလေ၊ လည်ပင်းတစ်ဝိုက် အေးလာလေလေဖြစ်၍ပင်။

 

သူက မသိစိတ်ဖြင့် လည်ပင်းကို ထိလိုက်၏။ ကျန်းဟမ်ကြောင့် ရခဲ့သော ဓားဒဏ်ရာမှာ အရှင်းပျောက်ကွယ်သွားချေပြီ။

 

ဝမ်ချီက သူ အသိစိတ်ပျောက်နေစဉ် ရှစ်ယဲ့သူ့အား သွေးတိုက်ခဲ့ခြင်းရှိမရှိ သိချင်လာသည်။ သို့သော် သူ့၌ သက်သေမရှိရာ ရှစ်ယဲ့အား သွားမမေးဝံ့ချေ။

 

သူက တစ်နေ့လုံး အနားယူရင်းသာ ဖြတ်သန်းခဲ့၏။

 

နောက်တစ်နေ့၌ …

 

ဝမ်ချီ မနက်စာစားပြီးချိန်မှာပင် ရှစ်ယဲ့ ရောက်လာ၏။

 

ရှစ်ယဲ့က အပြာရောင်ဝတ်ရုံအား လဲလှယ်ဝတ်ဆင်ထားသည်။ ဆံနွယ်ရှည်များအား ချည်နှောင်ထားသည့် အလျောက် ကျော့ရှင်းလှသည့် မျက်နှာအစိတ်အပိုင်းများက ထင်ထင်ရှားရှား ထွက်ပေါ်နေ၏။ မီးလောင်ရာများကိုမူ မျက်နှာဖုံးနှင့် ကာဆီးထားသည့်အလျောက် လျှို့ဝှက်ဆန်းကြယ်သည့် အလှတရားအား ဖော်ညွှန်းလျှက်ရှိ၏။

 

ဝမ်ချီက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ရှစ်ယဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

 

ဒီအလှတရားက …

 

တကယ့်ကို အံ့မခမ်းပဲ …

 

ကောမစ်ထဲက ထွက်လာတဲ့ အမျိုးသားလိုပဲ … သူ့ရဲ့လှုပ်ရှားမှုတိုင်းမှာ အရောင်အဝါတွေထွက်နေတော့တာ …

 

ချောမောသော အမျိုးသားက ဝမ်ချီ့ထံ လျှောက်လာကာ စားလက်စ မနက်စာကို ကြည့်ရင်း မေးလိုက်သည်။

“စားပြီးပြီလား …”

 

ဝမ်ချီ ခေါင်းညိတ်လိုက်၏။

“ပြီးပါပြီ …”

 

ချောမောသော အမျိုးသားက ပြောသည်။

“သွားရအောင် …”

 

“မှန်လှပါ …”

ဝမ်ချီက ခေါင်းညိတ်ပြပြီးနောက် ငေးငိုင်နေရာမှ အသိဝင်လာကာ အမြန်ပြောလိုက်၏။

“အရှင့်သား … ကျွန်တော်မျိုးတို့ ဘယ်ကို သွားကြမှာလဲ…”

 

ရှစ်ယဲ့၏ မျက်ဝန်းများက အေးစက်သွား၏။

”မင်းပေးလိုက်တဲ့ ပစ္စည်းတွေကို သွားယူမလို့ …”

 

ဝမ်ချီ နားမလည်ဖြစ်သွားသည်။

“ဘာတွေများလဲ …”


“မင်း ဘာပေးလိုက်လဲ သေချာစဉ်းစားကြည့်လေ ...”

ရှစ်ယဲ့၏ မျက်ဝန်းများသာမက ရယ်သံကပင် အေးစက်နေ၏။

“ကျန်းဟမ် မသေခင် ဟွားကျစ်ချန်က အရှေ့နန်းတော်မှာပဲ ရှိတဲ့ သစ်သားသေတ္တာတစ်လုံးကို မြတ်မြတ်နိုးနိုးကိုင်ထားတယ်လို့ ပန်ကုန်းကို ပြောသွားခဲ့တယ် … ဒါက မင်းပေးလိုက်တာ မဟုတ်ဘူးလား …”

 

“…” ဝမ်ချီ မေ့ပင်မေ့နေလေပြီ။

 

သူ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူ့မျက်ဝန်းများက ဟိုဟိုသည်သည်ရွေ့လျားသွားကာ ရှစ်ယဲ့၏ အကြည့်အား ရင်ဆိုင်ရန် မဝံ့ဖြစ်သွားသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။

“ကျွန်တော် .. ကျွန်တော် ဟွားသခင်လေးကို သစ်သားသေတ္တာပေးလိုက်တာပါ … အဲဒါ ယောဖန်းလုပ်ထားတဲ့ ကိတ်မုန့်လို့ ထင်လို့ပါ … အရှင့်သားဆီက လက်ဆောင်မှန်းသာသိရင် ကျွန်တော် အဲဒီ့သေတ္တာကို သေချာဂရုစိုက်မှာပေါ့ … ဘယ်လျှောက်ပေးပစ်ပါ့မလဲ …”



💮💮💮