💮Chapter 79
ဝမ်ချီ “…”
မူလက သူ ရှစ်ယဲ့အား ဒေါသတကြီး မေးခွန်းထုတ်ချင်ခဲ့သည်။ သို့သော် ရှစ်ယဲ့က သူ့အား ထိုကဲ့သို့ ခွန်းတုံ့ပြန်လိုက်၏။
ငါနဲ့ဘာဆိုင်လို့လဲ …
အဲဒီသေတ္တာက ရှစ်ယဲ့ပေးတာ မဟုတ်ဘူးလား …
ဝမ်ချီက သေတ္တာအတွင်းရှိ အရာများအကြောင်း စဉ်းစားရင်း ဟွားကျစ်ချန် ယခုရက်ပိုင်း၌ သူ့အား ရှက်ရွံ့စွာ ရှောင်ဖယ်နေခြင်းများကို ပြန်လည် အမှတ်ရလာ၏။ ဟွားကျစ်ချန်က သေတ္တာအတွင်းရှိပစ္စည်းကို မြင်ခဲ့ပြီး ဖြစ်ရလိမ့်မည်။ ထို့ကြောင့် ဟွားကျစ်ချန်က သူ ထိုအရာများကို ရည်ရွယ်ချက်ရှိရှိ ပေးခဲ့သည်ဟု ယူဆသွားခြင်းပင်။
ထိုအချိန်မှာပင် ဝမ်ချီ သေချင်စိတ်ပေါက်သွား၏။
သူ့မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် လောင်ကျွမ်းမတတ် ဖြစ်လာခဲ့သည်။ သူက ရှစ်ယဲ့ကိုပင် မကြောက်နိုင်တော့ဘဲ ဒေါသတကြီး ရေရွတ်လိုက်၏။
“ကျွန်တော် အဲဒီ့သေတ္တာကို မဖွင့်ခဲ့ဘူးလေ … အထဲမှာရှိတာ ဘာမှန်း ဘယ်လိုလုပ်သိမှာလဲ … ကျွန်တော်သာ ကြိုသိရင် အရှင့်သား ကျွန်တော့်ကို သတ်မယ်ဆိုရင်တောင် အဲဒီသေတ္တာကို ဟွားကျစ်ချန်ဆီ မပေးဘူး …”
ထိုစကားကို ကြားချိန်၌ ရှစ်ယဲ့ မျက်ဝန်းများ၏ အေးစက်မှုက တော်တော်များများ လွင့်ပြယ်သွားသည်။ သူက ဝမ်ချီအား သံသယဖြင့် ကြည့်လိုက်၏။
ဝမ်ချီ၏ မျက်နှာတစ်ခုလုံး နီရဲနေပြီး ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူက ရှစ်ယဲ့၏ အဝတ်ကို တင်းတင်းဆုပ်ကာ အံကြိတ်သံဖြင့် ပြော၏။
“အရှင့်သားကသာ အဲဒီလို ရှင်းရခက်တဲ့အရာတွေကို ကျွန်တော့်ဆီ ပေးခဲ့တာ… အရှင့်သားက တကယ့်ကို …”
‘အရှက်မရှိတာပဲ’ ဟူသည့် စကားလုံးက ဝမ်ချီ၏ လည်ပင်းထဲ၌ တစ်ဆို့နေပြီး အချိန်အတော်ကြာသည့်တိုင် ထွက်မလာနိုင်ခဲ့ပေ။
ဝမ်ချီက ဒေါသထွက်နေသည့်တိုင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ထိန်းထားနိုင်ခဲ့သည်။ သူသာ ထိုစကားအား ပြောချလိုက်ပါက ရှစ်ယဲ့သူ့အား သစ်ပင်ပေါ်မှ ပစ်ချလောက်၏။
ဝမ်ချီက ထိုစကားကို ပြန်လည်မြိုချကာ စကားပြောင်းပြောလိုက်သည်။
“အရမ်းလွန်တာပဲ …”
ရှစ်ယဲ့က ဝမ်ချီ၏ ဆူပူမှုကို တိတ်ဆိတ်စွာ သည်းခံနေ၏။ သူက ဝမ်ချီ မသိခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ဦးစွာအတည်ပြုလိုက်သည်။ သူ့အနီးရှိ အေးစက်စက် လေထုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ သူက ဝမ်ချီအား တင်းတင်းဖက်ကာ မြေကွက်လပ်သို့ တစ်ဖန်ပြန်ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
“သစ်သားသေတ္တာထဲမှာ ဘာရှိမှန်း ပန်ကုန်းလည်း မသိပါဘူး…”
“မဖြစ်နိုင်တာ …မသိပဲနဲ့ အရှင့်သား အဲဒါကို ရှောင်ရွှမ်ကျီကတစ်ဆင့် ကျွန်တော့်ဆီ ပို့ခိုင်းမယ်တဲ့လား …”
ဝမ်ချီ သူ့အား မယုံချေ။
ရှစ်ယဲ့က မျက်နှာဖုံးကို ဝတ်ဆင်ထားသည်ဖြစ်ရာ ဝမ်ချီက သူ့မျက်နှာထက်ရှိ အမူအရာကို မတွေ့ရချေ။
သို့သော် ရှစ်ယဲ့၏အသံက ညာနေသည်နှင့်မတူပေ။
“ငါ ကျိုးရှန်ကို မင်းအတွက် လက်ဆောင်ပြင်ပေးဖို့ပဲ ခိုင်းလိုက်တာ … ကျိုးရှန် ဘာပေးမှန်း မသိလိုက်ဘူး …”
ဝမ်ချီ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါက ဒုတိယအကြိမ်ပဲ …”
ရှစ်ယဲ့ ကြောင်အသွား၏။
ဝမ်ချီက ပြောလိုက်သည်။
“အရှင့်သား ကျွန်တော့်ကို ဒီလိုဟာမျိုးပေးတာ ဒါက ဒုတိယအကြိမ်ပဲလို့ …”
ရှစ်ယဲ့က ဝမ်ချီ၏ ရှက်နေသောမျက်နှာအား တည်ငြိမ်စွာ ငေးကြည့်လိုက်သည်။ ထို့နောက် လေနှင့်လွင့်မျောနေသော ဝမ်ချီ၏ ဆံစများကို တစ်ဖက်လူ၏ နားရွက်နောက်သို့ ပြန်လည် သပ်တင်ပေးလိုက်ကာ သက်ပြင်းချလိုက်၏။
“ငါ မင်းကို မညာပါဘူး … သေတ္တာထဲမှာ ဘာရှိမှန်း င့တကယ်မသိတာပါ … သိခဲ့ရင် …”
ထိုသို့ပြောပြီးသည်နှင့် ရှစ်ယဲ့က စကားရပ်လိုက်သည်။
ဝမ်ချီက သိချင်လာ၏။
“သိခဲ့ရင် …”
ရှစ်ယဲ့က ဝမ်ချီ၏ ခါးလေးကို သူ့လက်မောင်းအကြားသို့ သွင်းလိုက်၏။ ထို့နောက် တစ်ဖက်လူ၏ ဆံစများကို ကျန်လက်တစ်ဖက်ဖြင့် ဆွဲဖွလိုက်သည်။ သူ၏ အေးစက်စက် လက်ချောင်းများက ဝမ်ချီ၏ အရေပြားထက်သို့ တဖြည်းဖြည်း ပွတ်ဆွဲလာ၏။
ထို့နောက် သူ့လက်က ဝမ်ချီ၏ လည်ဂုတ်ပေါ်သို့ ကျရောက်သွားသည်။
ဝမ်ချီက အသက်ရှူရပ်မတတ် စိတ်လှုပ်ရှားလာ၏။ သူ့နှလုံးသားက လည်ချောင်းမှ ခုန်ထွက်လာတော့မည်ဟု ထင်ရသည်။
ရှစ်ယဲ့၏ အနက်ရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော မျက်နှာက ရှေ့သို့တိုးလာ၏။ ဝမ်ချီက သစ်ပင်ပင်စည်နှင့် ကပ်လိုက်မိသည်။ ဆုတ်ခွာရန် လမ်းမရှိတော့သည့် အလျောက် သူ့ခန္ဓာကိုယ်လေး တောင့်တင်းသွားခဲ့၏။
ထို့နောက် သူက ရှစ်ယဲ့၏ အသံကို ကြားလိုက်ရသည်။
“ပန်ကုန်းသာ ကြိုသိရင် ဒီလိုအရေးကြီးအရာမျိုးကို တခြားလူနဲ့လက်လွှဲပေးပါ့မလား …. ပန်ကုန်း ကိုယ်တိုင် မင်းအပေါ် အသုံးပြုပေးမှာပေါ့ …”
ဝမ်ချီ ကြောင်အသွားကာ ရှစ်ယဲ့အား လှည့်ကြည့်လိုက်မိသည်။
အတန်ကြာသည့်နောက် ဝမ်ချီက စိတ်မထိန်းနိုင်တော့ပဲ ကျိန်ဆဲလိုက်မိ၏။
“အရှင့်သားက သားရဲကြီးပဲ …”
ရှစ်ယဲ့က အပြုံးနှင့်ပြောလိုက်၏။
“ပန်ကုန်း မငြင်းပါဘူး …”
ဝမ်ချီ “…”
ဝမ်ချီက သူ့ပါးပြင်နှစ်ဖက်လုံး လောင်ကျွမ်းနေသည်ကို ခံစားမိနေသည်။ သူ၏ ခန္ဓာကိုယ်လေးမှာလည်း ဒေါသဖြင့် တုန်ယင်နေ၏။ သူက ရှစ်ယဲ့အား မည်သို့မှ မပြောနိုင်ရာ အရှေ့သို့သာ ပြန်လှည့်လိုက်ရတော့သည်။
အောက်ဘက်တွင် ပြန်ပေးဆွဲသူများက ကျောက်စိမ်းချောင်းအကြောင်း ဆွေးနွေးနေကြ၏။
အဲဒီ့ ပြန်ပေးဆွဲသူတွေက ခုထိ မပြီးနိုင်သေးဘူးလား …
ထိုကျောက်စိမ်းချောင်းများ၏ အသုံးပြုပုံကို သူတို့သိကြကြောင်း ဝမ်ချီ သတိပြုမိသည်။ သူတို့က ကျောက်စိမ်း၏ အရည်အသွေးအား အထင်ကြီးနေကြခြင်းဖြစ်၏။
ခေါင်းဆောင်က ဖယောင်းတိုင်မီးရောင်ဖြင့် ကျောက်စိမ်းချောင်းတစ်ခုကို အတန်ကြာစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“နန်းတော်ထဲက ပစ္စည်းတွေက တကယ့်ကိုကောင်းတာပဲ… ဖင်ထဲထည့်တဲ့ ပစ္စည်းကတောင် ငါတို့တစ်ခါမှ မမြင်ဖူးတဲ့ အကောင်းဆုံး အရည်အသွေးမျိုးရှိတယ် …”
“ဟုတ်တယ် … ဟုတ်တယ် …”
သူ့နံဘေးရှိ ညီငယ်လေးက သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီကျောက်စိမ်းချောင်းတွေကို ဖင်ထဲထည့်ဖို့သုံးတာ နှမြောဖို့ကောင်းတယ် …”
အခြားညီငယ်တစ်ဦးက ဝင်ထောက်ခံလိုက်သည်။
“ပြီးတော့ ယောက်ျားဖင်ကြီးထဲထည့်တာတဲ့ …”
သူတို့ ပြောနေစဉ် ရှက်ရွံ့မှုကြောင့် သတိလစ်မတတ် ဖြစ်နေသည့် ဟွားကျစ်ချန်အား လှည့်ကြည့်လိုက်မိကြ၏။ အစောပိုင်းက ကြိုးစားပမ်းစား ထရပ်ခဲ့သည့် ဟွားကျစ်ချန်က ယခုအခါ ပြန်ထိုင်ချသွားပြီဖြစ်သည်။ သူက ခေါင်းကို ရင်ဘတ်နှင့်ထိမတတ် ငုံ့ထားပြီး ကြက်တစ်ကောင်သဖွယ် တိတ်ဆိတ်နေခဲ့၏။
ခေါင်းဆောင်က သူ၏ ညီငယ်ကိုင်ထားသော သေတ္တာအား လက်နှိုက်လိုက်သည်။ ထို့နောက် ကုလားထိုင်ပေါ်မှ ထကာ ဟွားကျစ်ချန်ထံသို့ ကျောက်စိမ်းချောင်းကိုင်လျက် ထလျှောက်လာ၏။
သူက ကျောက်စိမ်းချောင်းဖြင့် ဟွားကျစ်ချန်၏မေးကို မော့လာစေခဲ့သည်။
ဟွားကျစ်ချန်က တွန့်ဆုတ်ဆုတ်ဖြင့် ခေါင်းမော့လာ၏။ သူ့မျက်နှာနှင့် မျက်ဝန်းများတွင် အစော်ကားခံရသည့်အတွက် ဒေါသစိတ်များ ပြည့်နှက်နေသည်။ သို့သော် ပြန်ပေးဆွဲသမားခေါင်းဆောင်ကြောင့် သူက မျက်နှာမော့လာခဲ့ရ၏။
မီးအိမ်နှစ်ခု၏ အလင်းရောင်ဖြင့် ပြန်ပေးဆွဲသမား ခေါင်းဆောင်က ဟွားကျစ်ချန်၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူက ဟွားကျစ်ချန်၏ ပါးစပ်ထောင့်တွင် ဒဏ်ရာတစ်ခုရှိနေကြောင်း တွေ့လိုက်ရ၏။ ထိုသူက သင်ခန်းစာပေးခံခဲ့ရပုံပင်။ သို့သော် အဆိုပါ သေးငယ်သော ဒဏ်ရာက အမျိုးသား၏ အလှကို မထိခိုက်စေခဲ့ပေ။ သူက တောက်ပသောမျက်ဝန်းများ၊ သွားဖြူဖြူများဖြင့် အလွန်ကြည့်ကောင်းလှသည်။ ထိုသူက ရှက်ဖွယ်အနေအထားနှင့် မြေပေါ်သို့ ဖိကပ်ခံထားရသည့်တိုင် ထိုသူ၏ အသွင်အပြင်က ထောင်နှင့်ချီသည့် အမျိုးသား၊ အမျိုးသမီးများအား ရှက်သွေးဖြာစေဆဲဖြစ်၏။
ပြန်ပေးဆွဲသမား ခေါင်းဆောင်က ဟွားကျစ်ချန်အား ကြည့်ကာ ပြုံးလိုက်သည်။
“အံ့ဩစရာမရှိပါဘူး … ငါ့လိုအဖိုးကြီးအတွက်တောင် ဒီလူက ကြည့်ကောင်းနေတာပဲ …”
ဟွားကျစ်ချန်က သူ့အား စိုက်ကြည့်လိုက်၏။ သို့သော် သူ့ပါးစပ်အား လက်ကိုင်ပုဝါဖြင့် စည်းနှောင်ခံထားရရာ ဗလုံးဗထွေးသာ ရေရွတ်နိုင်ခဲ့၏။
ခေါင်းဆောင်က ဟွားကျစ်ချန်၏ ပါးစပ်ရှိ လက်ကိုင်ပုဝါကို ဖြုတ်ပေးလိုက်သည်။
ပါးစပ်အား ကြာရှည်စွာ စည်းနှောင်ခံထားရသည့် အလျောက် ဟွားကျစ်ချန်၏ ပါးစပ်တစ်ခုလုံး ထုံနေ၏။ သူက စကားပြောရန်ပင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရသည်။
“ငါ့ပစ္စည်းတွေ ပြန်ပေး …”
“မင်းကို ပြန်ပေးရမှာလား …”
ခေါင်းဆောင်က ဟွားကျစ်ချန်၏ မျက်နှာအား ကျောက်စိမ်းချောင်းဖြင့် ပုတ်လိုက်သည်။
“မင်းက ဘာလို့ဒါကိုလိုချင်တာလဲ … ဖင်ထဲထည့်ဖို့လား…”
“မင်း…”
ဟွားကျစ်ချန် ပြောစရာစကား ပျောက်ရှသွား၏။ သူ၏ ဖြူလျော်နေသော မျက်နှာက ပို၍ပင် အရုပ်ဆိုးသွားခဲ့ရသည်။
သူက လူများအကြား နှစ်ပေါင်းများစွာ သွားလာခဲ့သော်လည်း အားလုံးက သူ့အား ‘သမားတော်ဟွား’ ဟူ၍သာ တလေးတစား ခေါ်ဆိုခဲ့ကြသည်။
စာမဖတ်ဖူးသည့် အရိုင်းအစိုင်းတစ်ဦးပင်လျှင် သူ့အား ထိုမျှရိုင်းစိုင်းသော စကားများကို ပြောဝံ့မည်မဟုတ်ပေ။
ဟွားကျစ်ချန်က တင်းကျပ်သော မိသားစုတွင် ကြီးပြင်းခဲ့ရ၏။ သူက အိပ်ဖော်အစေခံ မရှိခဲ့ရုံသာမက ဆောင်ကြာမြိုင်များသို့လည်း ခြေမချခဲ့ဖူးချေ။ ယခုအခါ အားလုံးအရှေ့၌ ပြန်ပေးဆွဲသမားက သူ့အား စော်ကားပြောဆိုနေ၏။
သူနှင့်အတူတူရှိခဲ့သော ဓားစာခံများ၏ အထိတ်တလန့်အကြည့်ကိုပင် ဟွားကျစ်ချန် ခံစားမိနေ၏။ ၎င်းအကြည့်များက သူ့နောက်ကျောအား ထိုးစိုက်နေသည့် ဓားများသဖွယ် ရှိသည်။
ခေါင်းဆောင်က ဟွားကျစ်ချန်၏ အတွေးများကို ဂရုမစိုက်ခဲ့။ သူက မျက်လုံးလှိမ့်ကာ ညှိနှိုင်းသည့် အသံနေအသံထားဖြင့် ပြော၏။
“မင်းကို ဒီကျောက်စိမ်းချောင်း ပြန်ပေးမယ် … အပေးအယူတော့ရှိတာပေါ့ …”
ဟွားကျစ်ချန်က ခေါင်းဆောင်အား မျက်လုံးနီများဖြင့် ကြည့်လိုက်၏။
“ဒီလိုဆိုရင်ရော …မင်းသာ မင်းချစ်သူလေးရဲ့ နာမည်ကို ပြောပြရင် ငါမင်းကို ဒီကျောက်စိမ်းချောင်း ချက်ချင်းပေးလိုက်မယ် … စတုတ္ထမင်းသားနဲ့ စစ်သူကြီးလင်းတို့ နောက်နှစ်ရက်နေရင် ငွေနဲ့အတူရောက်လာမှာ … အဲဒီ့အခါ မင်းကျောက်စိမ်းချောင်းကိုပိုက်ပြီး ပျော်ပျော်ကြီးပြန်သွားနိုင်ပြီ …”
ခေါင်းဆောင်က ပြော၏။
ဟွားကျစ်ချန်က သတိအပြည့် ဖြစ်သွားသည်။
“မင်း ဘာလုပ်မလို့လဲ …”
ခေါင်းဆောင်က ရယ်လျက် မကွယ်ဝှက်ပဲ ဆို၏။
“ငါက ဘာလုပ်မှာတဲ့လဲ …. မင်းချစ်ချစ်က နန်းတော်ထဲကနေ ဒီလိုဟာတွေကိုတောင် ထုတ်လာနိုင်တယ်လေ … ငါတို့ညီအစ်ကိုတွေက သူဘာကောင်လဲဆိုတာ သွားကြည့်ရမှာပေါ့ …”
ဟွားကျစ်ချန်က ခေါင်းဆောင်၏ ပါးရေတွန့်နေသော မျက်နှာနှင့် ဝါကျင့်ကျင့်သွားများကို ကြည့်လိုက်သည်။ သူ့နှလုံးသားထဲရှိ အန်ချင်စိတ်က ပိုတိုးလာ၏။ သူက တစ်လုံးချင်းပြောလိုက်သည်။
“အိပ်မက်မက်နေလိုက် …”
ခေါင်းဆောင်၏ အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။ သူ့အမူအရာမှာလည်း ပျက်ယွင်းသွားခဲ့၏။
"ငါမင်းကို အခွင့်အရေးပေးခဲ့တယ် ဒါပေမဲ့ မင်းက မယူဘူး… မစားဘူး… အပြစ်မပေးဘူး…"
(ဒါက မနေတတ်မထိုင်တတ်၊ မပြောတတ် မဆိုတတ်တဲ့လူတွေကို ပြောချင်တာပါ… ပေကျင်းအော်ပရာ (Red Lantern : Fighting Hatoyama at a Banquet) ကနေ ဆင်းသက်လာတာပါတဲ့)
ခေါင်းဆောင်က လက်တွင်းရှိ ကျောက်စိမ်းချောင်းကို ဖျစ်ညှစ်ကာ ဟွားကျစ်ချန်အား စိုက်ကြည့်လိုက်သည်။
“မင်း ပြောမှာလား … မပြောဘူးလား ..”
ဟွားကျစ်ချန်က ခေါင်းဆောင်၏ စကားများကို မကြားသကဲ့သို့ ခေါင်းပင် မော့မလာခဲ့ချေ။
ခေါင်းဆောင်က ဒေါသတကြီး ပြောလိုက်သည်။
“မင်း မပြောရင်တောင် ငါက မင်ကိုပြောအောင် ရိုက်နိုင်တယ် … အားယောင် …”
သူက သူ၏ ညီငယ်အား ခေါ်လိုက်သည်။
ကံမကောင်းစွာဖြင့် အဆိုပါ ညီငယ်လေးထံမှ အသံတစ်သံပင် ထွက်မလာခဲ့ချေ။
ခေါင်းဆောင်က ခဏစောင့်ကြည်လိုက်သည့်တိုင် မည်သည့်ခြေသံကိုမှ မကြားခဲ့ရပေ။ သူက စိတ်မရှည်ဖြစ်လာ၏။
“အားယောင် … ဖင်ကိုကြွပြီး ဒီလာခဲ့စမ်း …”
ညီငယ်များက တိတ်ဆိတ်နေကြဆဲဖြစ်၏။
ခေါင်းဆောင်က သည်းခံမှု ကုန်ဆုံးသွားကာ လှည့်ကြည့်လိုက်သည်။ ထိုအခိုက်မှာပင် သွေးနံ့ပြင်းပြင်းအား သူ သတိပြုမိလိုက်၏။
သူက သေတ္တာများအရှေ့တွင် ရပ်နေသည့် အနက်ရောင်ဝတ် လူနှစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူများက မျက်နှာဖုံးကိုယ်စီနှင့် ရှိနေပြီး သူတို့၏ ခြေထောက်နားတွင်မူ ဇက်ကျိုးနေသည့် လူတစ်ဦးရှိနေ၏။
ခေါင်းဆောင်က ထိုသို့သော မြင်ကွင်းမျိုးကို မမျှော်လင့်ထားခဲ့၍ ကြောင်အသွား၏။ သူက ထိုသူနှစ်ဦး မည်သည့်အချိန်ကတည်းက သူ့နောက်၌ ရပ်နေခဲ့သည်ကိုသာမက၊ လူအမြောက်အများကို အသံတစ်ချက်ပင်မထွက်အောင် မည်သို့ သတ်လိုက်သည်ကိုပါ နားမလည်နိုင်ခဲ့ပေ။
တစ်ချိန်ထဲမှာပင် ခေါင်းဆောင်၏ နံဘေးတွင်ရှိနေသော ညီငယ်များသည်လည်း ထိတ်လန့်သွားကြသည်။
ခေါင်းဆောင်က အသက်ပြင်းပြင်းရှိုက်ကာ ဒေါသ၊ကြောက်ရွံ့မှုတို့ဖြင့် အော်လိုက်၏။
“မင်းတို့က ဘယ်သူတွေလဲ …”
အနက်ရောင်ဝတ် လူနှစ်ဦးအနက် ပို၍အရပ်ပုသောသူက တုန်တက်သွား၏။ ထိုသူက ပို၍အရပ်ရှည်သော အနက်ရောင်ဝတ်လူထံ ချဉ်းကပ်သွားသည်။ အရပ်ရှည်သော အနက်ရောင်ဝတ်လူကမူ ပြန်ပေးဆွဲသမားခေါင်းဆောင်၏ လက်တွင်းရှိ ကျောက်စိမ်းချောင်းကိုတစ်လှည့် သေတ္တာကိုတစ်လှည့် ကြည့်လိုက်သည်။ ထို့နောက် လက်ဆန့်လိုက်၏။
“ဒီကိုယူခဲ့ …”
“…”
ခေါင်းဆောင်က တစ်ဖက်လူမှာ ကျောက်စိမ်းချောင်းများအတွက် လာရောက်ခြင်းဖြစ်ကြောင်း နားလည်သွား၏။ သူက လက်တွင်းရှိ ကျောက်စိမ်းချောင်းကို တင်းတင်းဆုပ်ကိုင်ကာ ဒေါသတကြီး ခုန်လိုက်သည်။
“ငါမင်းကို ဘယ်သူလဲလို့ မေးနေတယ် … မင်းက ငါ့လူတွေကို သတ်ရဲတယ်ပေါ့ … ယုံချင်ယုံမယုံချင်နေ၊ ငါမင်းကို အရေခွံခွာပစ်တော့မှာ …”
အနက်ရောင်ဝတ်လူက သူ၏ ခြိမ်းခြောက်မှုကို အရာမသွင်းသည့်အပြင် သူ့အား လူရွှင်တော်တစ်ဦးကဲ့သို့ ကြည့်လာခဲ့၏။ ထိုသူက ခပ်ဖွဖွရယ်ကာ ပြောလာသည်။
“မင်းအဲဒါကို ယူလာမှာလား … မယူလာဘူးလား …”
အနက်ရောင်ဝတ်လူက သူ့စကားများကို လျစ်လျူရှုလိုက်ကြောင်း သိလိုက်သည်နှင့် ပြန်ပေးဆွဲသမား ခေါင်းဆောင်က ဒေါသပိုထွက်လာ၏။ သို့သော် သူက အနက်ရောင်ဝတ်လူ၏ ကျွမ်းကျင်မှုအား ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် လက်အောက်ငယ်သားများကိုသာ မေးငေါ့ပြလိုက်၏။
“သူတို့ကိုဖမ်းလိုက် …”
ပြန်ပေးဆွဲသူများက ဓားများကို ကိုင်စွဲလျက် ရှေ့တက်လာကြသည်။
သို့သော် အနက်ရောင်ဝတ်လူထံသို့ သူတို့ မရောက်နိုင်မီ တစ်ဖက်လူက သူတို့ထံ ရုတ်တရက် ချဉ်းကပ်လာ၏။ သူ၏လက်ဝါးက သူတို့အားလုံးကို အလွန်လျင်မြန်သော အရှိန်ဖြင့် ရိုက်ချသွားခဲ့သည်။
သူတို့က ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ချေ။ သူတို့အားလုံး ခေါင်းငုံ့ကာ ရင်ဘတ်အား ကြောက်လန့်တကြား ကြည့်လိုက်မိကြသည့်အခါ သူတို့ရင်ဘတ်ရှိ အဝတ်များအားလုံးမှာ စုတ်ပြဲနေပြီး သွေးချင်းချင်းရဲနေလေသည်။
ပြန်ပေးဆွဲသူများက တစ်ဦးပြီးတစ်ဦး လဲကျကုန်၏။ ခေါင်းဆောင်တစ်ဦးထဲသာ ဤအတိုင်းကျန်ရှိတော့သည်။ သူ၏ ခြေချောင်းများက ပူထူလာကာ ခြေထောက်များ ပျော့ခွေလျက် မြေပေါ်သို့ လဲကျသွားလေသည်။ အနက်ရောင်ဝတ်လူ သူ့ထံသို့ ရောက်မလာမီ သူက အမြန်ကိုယ်ကိုလိမ့်ကာ တစ်ဖက်လူထံသို့ လေးဘက်ထောက်ကာ သွားလိုက်၏။
ခေါင်းဆောင်က သွေးသံရဲရဲမြင်ကွင်းကြောင့် အလွန် ကြောက်လန့်သွား၏။
💮💮💮