Chapter 40
Viewers 3k

🚩Ch 40

Arc 3.3 အစားထိုးခံချစ်သူ 



ဖန်းကျစ်မု ဖန်းမိသားစုအိမ်သို့ပြန်ရောက်သောအခါ  ဖန်းကျစ်၀မ့်သည် မိတ်ကပ်လိမ်းပြီးခါစဖြစ်သည် ။


 " ကိုကို ပြန်ရောက်ပြီလား "


ဖန်းကျစ်၀မ့် သူမမိတ်ကပ်များလှမလှစစ်ဆေးရန် မှန်ထဲသို့ကြည့်ပြီးနောက် ဖန်းကျစ်မုကို မျက်လုံးများပင့်ကာကြည့်လိုက်သည်။


ဖန်းကျစ်၀မ့်‌ ပြောသည်ကိုကြားသော် ဖန်းကျစ်မုက မတုံ့ပြန်ဘဲ အိမ်ထဲရှိ ဆိုဖာဆီသွားကာ  ဆိုဖာပေါ် ၌ ပေါ့ပေါ့ပါးပါး လှဲချလိုက်သည်။


 " ကိုကို့ "


နောက်ဆုံး၌ သူမ၏ ယနေ့အသွင်အပြင်ကို စိတ်တိုင်းကျပြီဖြစ်သည့် ဖန်းကျစ်၀မ့်က ကြည့်မှန်ကို ဘေးဖယ်ကာ ဖန်းကျစ်မုကို ကြည့်လိုက်သည်။ သူမက အံ့ဩသည့်အမူအရာဖြင့်


 " ကိုကို ဘာလို့တစ်ကိုယ်လုံးစိုရွှဲနေရတာလဲ "


ယခုအချိန်တွင် ဖန်းကျစ်မုသည် ဆိုဖာ၏ဘယ်ဘက်အခြမ်းတွင် လဲလျောင်းနေပြီး သိန်းနှင့်ချီတန်သော စိတ်ကြိုက်ပြုလုပ်ထားသည့်၀တ်စုံက မိုးရေများရွှဲစိုနေသည်။  သူက မျက်လုံးများကိုမှိတ်ထားပြီး ဆံပင်‌ပေါ်မှ မိုးရေစက်များက မျက်နှာပေါ်သို့ ကျဆင်း နေသည်။


ယခုအချိန်တွင် ဖန်းကျစ်မုသည် အလွန်ငြိမ်သက်နေပြီး တိတ်ဆိတ်လွန်းသဖြင့် ဖန်းကျစ်၀မ့်၏စိတ်ကို ရှုပ်ထွေးစေသည်။ 


သူမ၏ မှတ်ဥာဏ်ထဲတွင် သူ့အစ်ကိုသည် အမြဲတမ်း သန်မာကာ လွှမ်းမိုးခြယ်လှယ်နိုင်သူဖြစ်သည့်အပြင် အေးစက်ပြီး ရက်စက်သည့်သူဖြစ်သည်။  ထိုကဲ့သို့သန်မာသည့်အစ်ကိုမှာ ယခုလို ငြိမ်သက်သည့် တစ်ဖက်ခြမ်းရှိမည်ဟု မထင်ထားချေ။


" ကိုကို နေကောင်းရဲ့လား......"


ဖန်းကျစ်၀မ့်က အလိုလိုပင်အနည်းငယ် စိတ်ပျော့သွားသည်။  သူမက ရှေ့ကိုလှမ်းပြီး မေးချင်သော်လည်း ဖန်းကျစ်မု၏ အေးစက်ကာ ခံစားချက်မဲ့သော အသံကြောင့် သူမ၏ စကားသံက ရုတ်တရက် ရပ်တန့်သွားသည်။


 " ပါးစပ်ပိတ်ထား "


ဖန်းကျစ်မု ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွယ်လျ၍နက်မှောင်မည်းနက်သော မျက်လုံးများတွင် အနီရောင်အလင်းတန်းတစ်ခု ရွေ့လျားသွားသည်။


ဖန်းကျစ်၀မ့်သည် ကြောက်စိတ်ဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း သူမမျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။


 "ကိုကို ကိုကို ညီမလေးမှားသွားပါတယ် "


သူမအသံက ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွား၏ ။ ဖန်းကျစ်၀မ့်သည် သူမအစ်ကိုကြီးဖြစ်သူ၏ ပင်ကိုစရိုက်နှင့် စိတ်နေသဘောထားကို အလွန်ရှင်းလင်းစွာသိသည်။ ယခုအချိန်တွင် ဖန်းကျစ်မုမှာဒေါသအမျက်ထွက်လုနီးနေပြီဖြစ်သည်။ ထိုအချိန်မျိုးတွင် သူမအကိုသည် အလွန်အမင်း ကြောက်စရာကောင်း၏ ။


ဒေါင်းကဲ့သို့ ရစ်ပတ်ထားသော ဖန်းကျင်၀မ့်၏ ထိတ်လန့်တုန်လှုပ်သောအသွင်အပြင်ကို မြင်လိုက်ရသည့်အခါ ဖန်းကျစ်မု ပို၍ပင် စိတ်တိုသွားရသည်။


ထိုကဲ့သို့အမှိုက်မျိုးက ရှောင်းကျင်မော့၏ချစ်ခင်မှုကို မည်သို့ရနိုင်မည်နည်း...


သူ့လက်ရှိခန္ဓာကိုယ်သည် ဖန်းကျစ်၀မ့်၏အစ်ကိုဖြစ်သောကြောင့်သာ မဟုတ်ပါက စုရွေ့သည် ဘာအောင်မြင်မှု ရရှိဖူးခြင်းမရှိဘဲ အရာအားလုံးကိုဖျက်ဆီးတတ်သည့် ထိုမိန်းမကို ပါးရိုက်သတ်ပစ်လိုသည်။


ဤကမ္ဘာသို့ဝင်ရောက်လာစဉ်က သူ၏မစ်ရှင်ကို တွေးလိုက်မိပြီး  " နက်နက်ရှိုင်းရှိုင်းချစ်မိနေသောကောင်လေး" အဖြစ် ခါးခါးသီးသီး အတင်းအကျပ်ခိုင်းစေခံရသော စုရွေ့၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာသည်။  သူက ဖန်းကျစ်၀မ့်ကို မှုန်ကုပ်စွာ ကြည့်လိုက်ပြီး ထပ်တလဲလဲ စိုက်ကြည့်ပြီးနောက် 


 " ရှောင်းကျင်မော့ရဲ့မွေးနေ့ပွဲကို တက်ချင်လား "


" အင်း "


သူမအစ်ကိုကြီး ရှောင်းကျင်မော့အကြာင်းပြောသည်ကိုကြားတော့ ဖန်းကျင်မော့၏မျက်နှာတွင် အလိုလိုပင် ပြုံးစိစိအမူအရာက ပြန်ပေါ်လာပြန်သည်။


 " ကျင်မော့က ညီမကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ထားတယ် အဲဒါမို့ ညီမ ကောင်းကောင်းလေးဝတ်စားသွားချင်တယ်၊ နောက်ဆုံးတော့ ညီမက သူနဲ့စေ့စပ်ထားသူ‌လေ ဒီညရဲ့ ပထမဆုံး အကအတွက် ညီမကို ဖိတ်ခေါ်‌ လောက်တယ် "


ဤစကားအထိ ပြောလာသည့် ဖန်းကျစ်၀မ့်သည် အထူးဂုဏ်ယူနေသကဲ့သို့ သူမ၏ ခန္ဓာကိုယ်က ဖြောင့်ဖြောင့်တန်းတန်းရှိနေ‌သည်။


တကယ်တော့ ဖန်းကျစ်၀မ့်၏ ရုပ်ရည်နှင့်အရည်အချင်းများက မဆိုးချေ။ ငယ်စဉ်ကတည်းက ဤကလေးမလေးသည် အနည်းငယ် ကောက်ကျစ်စွာ ကြီးပြင်းလာခဲ့ပြီး  Gothicစတိုင်ရှိသည့် လူချမ်းသာဒုတိယမျိုးဆက်အုပ်စုနှင့် အမြဲရောနှောနေသောကြောင့် သူမ၏အလှတရားအ‌ပေါ်အမြင်များက  အနည်းငယ်ကွဲလွဲသွားသည်။


စုရွေ့သည် ဖန်းကျစ်၀မ့်၏ ရောင်စုံဆံပင်များကို ကြည့်ပြီး မနှစ်ခြိုက်‌ပေ။။ သူက မတူကွဲပြားသည့်မီးရှူးမီးပန်းများဟု တွေးခဲ့သော်လည်း အမှန်တကယ်မူ ‌ရောင်စုံအ‌ေမွှးများနှင့် ဖုန်သုတ်ကြက်မွှေးဖြစ်နေသည်။


လက်ကောက်ဝတ်ကို မြှောက်ကာ အချိန်ကိုကြည့်လိုက်ပြီး‌နောက် စုရွေ့က ဖြောင့်ဖြောင့်တန်းတန်း မတ်တပ်ထရပ်လိုက်ပြီး ဖန်းကျစ်၀မ့်ကို တံခါးအပြင်ဘက် ဆွဲထုတ်လိုက်သည်။


 " ကိုကို၊ ကိုကို  ဘာလုပ်တာလဲ "


ဖန်းကျစ်၀မ့် အနည်းငယ် စိုးရိမ်ဒေါသထွက်သွားသည်။ အစ်ကိုဖြစ်သူ၏ စိတ်တိုဒေါသထွက်မှုမှာ မပျောက်သေးဟု သူမ တွေးမိသည်။  သူ့ဒေါသကို သူမအပေါ်ဖြေဖျောက်နေသည်လား...


သူမအစ်ကိုကို မကျေနပ်စေသည့်သူများ၏ ကြေကွဲဖွယ်အဆုံးသတ်ကို သတိရမိသည်နှင့် ဖန်းကျစ်၀မ့်၏ ခြေထောက်တွေက တဆတ်ဆတ်တုန်ကာ အသံသည်လည်း တုန်ခါလာသည်။


" ကိုကို၊ နင်က ငါ့ညီမလေး... မဟုတ်ဘူး... ငါက နင့်ညီမလေး  အား "


တံခါးအပြင်ဘက်၌ မိုးများရွာသွန်းနေဆဲဖြစ်သည်။ စုရွေ့က ဗီလာဝင်ပေါက်မှာ ရပ်လိုက်ပြီး ဖန်းကျစ်၀မ့်ကို မိုးရေထဲတွန်းထုတ်လိုက်သည်။ သူမသည် မိုးရေများစိုရွှဲကုန်ပြီး မိုးရေများကြောင့် မျက်နှာအနှံ့ မိတ်ကပ်များ ပေပွရွေ့လျားသွားသည်ကို ခံစားချက်မဲ့သည့် မျက်နှာဖြင့် စုရွေ့ကြည့်နေပြီး ထိုအခါမှသာသူ၏မျက်နှာထားက အတော်လေး ပျော့ပျောင်းသွားကကာ 


 " ယာဖေးကိုသွားရှာ၊ သူ့ကိုဆံပင်တိုတိုညှပ်ပြီး အနက်ရောင်ပြန်ဆိုးခိုင်းလိုက် လေးနာရီခွဲမတိုင်ခင် ပြန်လာ ၊ ငါစစ်ဆေးမယ် "


စုရွေ့ ဂရုမစိုက်စွာ လှည့်ထွက်လိုက်‌သောအခါ သူကား စကားပင်မဆုံးသေးချေ။


 " ဘန်း " ဖန်းကျစ်၀မ့်ရှေ့က ဗီလာတံခါးက မညှာမတာ ပိတ်ပစ်ခံလိုက်ရသည်။


ဖန်းကျစ်၀မ့်က နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သော်လည်း သူမ နှလုံးသားက အလွန်အားနည်းသွားသည်။


ဒီလို ရက်စက်တဲ့အကိုကြီးတစ်ယောက်ရှိနေတာ တကယ်ကို လုံလောက်ပါပြီ။


 ..........


 " အစ်မ၀မ် ဒါက ရှောင်းမိသားစုရဲ့ ဖိတ်စာကတ်ပါ "


လက်ထောက် ရှန်းဝေက စု၀မ်ရှေ့သို့ သေသေသပ်သပ် ပြုလုပ်ထားသည့်ဖိတ်စာတစ်စောင်ကိုချလိုက်သည်။


 á€…ု၀မ်သည် ကုန်တိုက်မှ ပြန်ရောက်ခါစဖြစ်သည်။ သူမက အပေါ်၀တ်ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ဖြူ‌ ဖွေးချောမွေ့သည့် ပခုံးတွေကို ပေါ်လွင်‌ စေသောအနီရောင်ဂါ၀န်ကိုသာ ၀တ်ဆင်ထားသည် ။ သူမသည် ပေါ့ပေါ့ပါးပါးနှင့် အေးအေးလူလူဖြစ်နေ၏ ။


 " ရှောင်းမိသားစုလား "


သူမ၏ထိုင်ခုံတွင်ထိုင်ရင်း စု၀မ်ဖိတ်စာကတ်ကို ကစားနေသည်။  သူမနှုတ်ခမ်းပေါ်တွင် ရွှင်မြူးသည့် အပြုံးတစ်ခုဖြစ်လာသည်။ 


" ငါတို့ရဲ့EVGA က ဟောက်ယွဲ့အုပ်စုနဲ့ အမြဲတမ်း စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်တဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့ ဒီတခါက ရှောင်းမိသားစု ငါတို့ဆီ သီးသန့်ပွဲတစ်ခု ဖိတ်ကြားချက်ပေးပို့တာ ပထမဆုံးအကြိမ်မလား "


 " အင်း ဟုတ်တယ် "


ရှန်းဝေက တစ်ဖက်၌ လေးလေးနက်နက် တွေးတောနေသည်။ 


" ဒီနှစ်က ဥက္ကဠရှောင်းရဲ့ ၂၅ နှစ်ပြည့်မွေးနေ့ဖြစ်လို့ လူဦး‌ရေတိုးပြီးဖိတ်ကြားတာလား "


ရှောင်းမိသားစု တွေးနေသည်ကို ရှန်းဝေနားမလည်ပေမယ့် ဒီကိစ္စက နှစ်ဖက်စလုံး ရင်းနှီးဖို့ အခွင့်ကောင်းတစ်ခုဟု သူ ခံစားရသည်။  သူ့ သူဌေး၏နည်းလမ်းဖြင့်ဆိုလျှင် ရှောင်းမိသားစုနှင့် ရင်ဆိုင်ခြင်းသည် အသေးအဖွဲကိစ္စဖြစ်သည်။


 " တခြားလူတွေက ငါတို့ကို စိတ်ရင်းမှန်နဲ့ ဖိတ်တဲ့အတွက် ငါတို့ကလည်း လက်ခံရမယ် "


စကားပြောရင်း စု၀မ် မတ်တပ်ထရပ်လိုက်သည်။  သူမ၏ သွယ်လျသော လက်ချောင်းများက ဖိတ်စာကတ်၏ အလယ်ဗဟိုကို ဖိထားကာ  ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ပြီး တွန့်လိန်နေသော သစ်အယ်သီးဆံပင်များကို သူမ၏ လှပသောပခုံးများမှ လျှောကျသွား စေသည်။  ကြည့်ကောင်းသောမက်မွန်ပွင့်မျက်လုံးတစ်စုံသည် ရှန်းဝေအား စိုက်ကြည့်ရင်း ပြုံးလိုက်ပြီး


 " သင့်လျော်တဲ့ဝတ်စုံကို သွားပြင်ချေ  ဒီညငါ့ရဲ့ ယောက်ျားလေးပါတနာလုပ် "


 á€Ąá€Ź......


ရှန်းဝေတိတ်တဆိတ် တံတွေးမြိုချလိုက်သည်။  


"သူဌေး၊ ခင်များ ကျွန်တော့်ကို ပြောင်ပြောင်တင်းတင်း သွေးဆောင်ဖို့ ကြိုးစားနေတာလား..."


ကျွန်တော့်မှာ မိန်းမရှိတယ်၊ ဘယ်လိုလုပ်ရမလဲ... အစ်မ၀မ်ရဲ့ဘေးမှာနေရတာက ချုပ်တည်းမှု အမှတ် ၁၂၀,၀၀၀ လောက်လိုအပ်တယ်၊ ဒီနာကျင်ပြီးပျော်ရွှင်ရတဲ့ အခက်အခဲတွေကက လက်ထောက်ဘဝရဲ့စိတ်စီးမှုပဲ....."


ရှန်းဝေပြေးသွားသည်ကို ကြည့်ရင်း စု၀မ်၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။  စီးပွားရေးလောကသည် စစ်မြေပြင်လိုပဲဟု လူတွေက ဆိုကြသည်။ ရှန်းမြို့၏ စီးပွားရေးလောကသည် ပို၍ပင် မခန့်မှန်းကာ လျှို့ဝှက်ဆန်းကြယ်ပေသည်။


ရှန်းမြို့တွင် ငွေကြေးနှင့်သြဇာအာဏာလွှမ်းမိုးမှုရှိသော ချမ်းသာသည့်အင်အားကြီးမျိုးနွယ်စုများစွာရှိသည်။ အနက်ရှိုင်းဆုံးဇာစ်မြစ်ရှိသည့် မျိုးနွယ်စုများမှာ ရှောင်းမိသားစုနှင့်ဖန်းမိသားစုတို့ဖြစ်ကြ၏ ။


ဤနှစ်အနည်းငယ်အတွင်း ရှောင်းကျင်မော့၏အရှိန်အဟုန်သည် ဖန်းမိသားစု၏အနေအထားကို ခြိမ်းခြောက်လာခဲ့သည်။ သူတို့နှစ်ဖက်သည် အချင်းချင်း တိုက်ခိုက်သင့်သော်လည်း မျှော်လင့်သည်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အဘိုး‌ကြီးရှောင်းသည် ဖန်းမိသားစု၏ ခင်မင်ရင်းနှီးရန် စိတ်ဝင်စားခဲ့သည်။  သူက သူ့မြေး၏ဇနီးမယားအဖြစ် ဖန်းကျစ်၀မ့်ကို သဘောတွေ့ခဲ့သည်။


 á€á€­á€Żá€„á€şá€™á€Źá€žá€Šá€şá€ˇá€Ąá€­á€™á€şá€‘á€ąá€Źá€„á€şá€›á€ąá€¸á€œá€Źá€¸...


 á€™á€Ÿá€Żá€á€şá€•á€ąá‹ ထိုအရာက ကျားသားရေကိုတောင်းရမ်းခြင်းသာဖြစ်၏ ။


စု၀မ် ဖိတ်စာကတ်ကို ထပ်ပြီးစိုက်ကြည့်လိုက်သည်။


လွန်ခဲ့သောရှစ်နှစ်က စုမိသားစု၏ ဒေဝါလီခံခြင်း သို့မဟုတ် ရှစ်နှစ်ကြာပြီးသည့်‌နောက်ဤဖိတ်ကြားချက်သည် အဘိုးကြီးရှောင်း၏လက်ချက်ဖြစ်သည်မှာ သေချာသည်။


ဤအဘိုးကြီးကား စစ်တုရင်ကစားရာတွင် ကျွမ်းကျင်လှသည်။


 á€žá€­á€Żá€ˇá€•á€ąá€™á€šá€ˇá€ş.......


တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံရသည့်ခံစားချက်သည်လည်း မဆိုးချေ။


စု၀မ်က သူမတစ်ကိုယ်လုံးကို ဖြေလျှော့လိုက်ပြီး ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိစေသော သားရေထိုင်ခုံပေါ်တွင် နစ်မြုပ်သွားစေသည်။  မူရင်းဇာတ်လမ်းဇာတ်ကွက်အရ သူမ ဤနိုင်ငံသို့ ပြန်လာပြီးနောက် သုံးရက်အကြာတွင် ရှောင်းကျင်မော့နှင့် မတော်တဆ တွေ့ဆုံခြင်းဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် စု၀မ်က ရှောင်းကျင်မော့နှင့် တွေ့ဆုံခြင်းမှ ရှောင်ရှားရန် လက်ဦးမှုယူခဲ့သည်။ သူမသည် မူလ၌ လော့ချူးချူးမှ စတင်ရန်စီစဉ်ထားသော်လည်း ယခုအချိန်၌မူ ရှောင်းကျင်မော့နှင့်အစောပိုင်းတွေ့ဆုံရမှုကို မပြောင်းလဲနိုင်ပုံပေါ်သည်။


လော့ချူးချူး၏ထိုမွေးနေ့ကိတ်မုန့်ကို သတိရသောအခါ သူမနှင့်‌ ရှောင်းကျင်မော့တို့ ယခုချိန် မွေးနေ့ကျင်းပနေပြီဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်သည်။  ညဘက် ပါတီပွဲအတွက်ကမူ ရှောင်းကျင်မော့သည် လော့ချူးချူးကို စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းသို့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်မိတ်ဆက် ပေးလိမ့်မည်။ အတုအယောင်နှင့် အစစ်အမှန်တွေ့ဆုံသည့်မြင်ကွင်းက လူတိုင်း၏အကြည့်အောက်တွင် မည်သို့ဖြစ်မည်နည်း။


ထိုအရာကို တွေးကြည့်လိုက်သော်အခါ သူမ အား မျှော်လင့်စောင့်စားလိုစိတ် အနည်းငယ်ဖြစ်လာစေသည်။



🚩