အပိုင်း ၅၈
Viewers 23k

ထန်ဝမ်ဝမ်၏ နေ့လည်စာကို ဖုထင်းက နေ့တိုင်း အထူးတလည် ပြင်ဆင်ပေးပို့ပေးသည်။ ဖုကျန်းက ထန်ဝမ်ဝမ်သည် အစပ်ကြိုက်သူမဟုတ်မှန်း သိသော်လည်း ဖုထင်းကတော့ မသိပေ။ စီချွမ်းစားသောက်ဆိုင်မှ သူမ၏ အပြုအမူကြောင့် ဒီရက်ပိုင်း ဖုထင်ပြင်ဆင်ပေးသည့်ဟင်းတို့မှာ အစပ်အရသာကဲနေသည်။ ထို့ကြောင့် အကယ်၍ ငရုတ်ဆီတစ်ပုလင်း လောင်းချလိုက်လျှင်တောင် သူမက အချိန်တိုအတွင်း သိမည်မဟုတ်ပေ။
ထိုကိစ္စမှာ သူ့လက်ချက်ဖြစ်ကြောင်း အခြားသူများ တွေ့မသွားစေရန် ဖုကျန်းသည် အလုပ်ထဲသို့ ဝင်မည့်သူလျှိုကို လူမိမခံရန် အထူးတလည် သတိပေးခဲ့သည်။
မတော်တဆလား တမင်ရည်ရွယ်သည်လားတော့မသိ။ ထိုနေ့က ထမင်းဘူးမှာ ဇာတ်ဝင်ပစ္စည်းများအနီးတွင် ရှိနေသည်။ ထန်ဝမ်ဝမ်အတွက် နေ့လည်စာမှာ သူမ၏ ကိုယ်ပိုင်နားနေခန်းတွင် ပြင်ဆင်ထားသော်ငြား ဖုကျန်းခိုင်းလိုက်သည့်လူက ထမင်းဘူးများ ထားရာနားသို့ သွားရှာလိုက်သေးသည်။
ထို့နောက်တွင်တော့ ထိုလူက ဖုကျန်းပေးသည့်ငွေဖြင့် နိုင်ငံခြားသို့ ထွက်ပြေးခဲ့သည်။ ထိုနေ့လယ်ခင်းတွင်ပင် ထန်ဝမ်ဝမ်က ထိခိုက်ဒဏ်ရာရခဲ့သည်။ စုံစမ်းစစ်ဆေးပြီးနောက်တွင် သောင်ဝေ့ယာ၏ကြိုးမှာ ဓားဖြင့် အကြိမ်ကြိမ်အဖန်ဖန် လှီးထားခြင်းကို ခံရကြောင်း တွေ့လိုက်ရသည်။
ထို့နောက်တွင် ဝန်ထမ်းများကို စစ်မေးတော့သည်။ avia ကို ချိတ်ဆွဲထားသည့်နေရာတွင် ဟာကွက်နှစ်ခုကို တွေ့လိုက်ရသည်။ တစ်ခုခုရှာနေဟန်ရှိသော တစ်စုံတစ်ယောက်က ဘယ်ပြန်ညာပြန်လျှောက်နေသည်ကို တွေ့လိုက်ရသည်။ ရိုက်ကွင်းရှိ မော်နီတာအားလုံးကို ကြည့်ရှုကာ ထိုလူ၏ သရုပ်မှန်ကို စုံစမ်းပြီးနောက်တွင်တော့ ဘယ်သူဖြစ်မှန်း သိလိုက်ရတော့သည်။
တရားခံ၏အိမ်ကို တွေ့ရချိန်တွင်တော့ ထိုလူမှာ နိုင်ငံခြားသို့ ပြေးသွားပြီဖြစ်ပြီး သူ့ဖုန်းနံပါတ်ကိုသာ သိလိုက်ရသည်။
ဖုန်းဆက်လိုက်လျှင် ထိုလူက သူတို့ကို တစ်ခွန်းတည်းသာ ပြောခဲ့သည်။
"ဖုကျန်းက ငါ့ကိုခိုင်းတာ သူပဲအကုန်ကြိုးကိုင်တာ ဖမ်းချင်ရင် သူ့ကိုပဲသွားဖမ်း..."
ထိုသူမှာ ထွက်ပြေးရန် အားလုံးပြင်ဆင်ပြီးဖြစ်၍ ဖုန်းချကာ နိုင်ငံခြားသို့ ချက်ခြင်း ပြေးသွားပြီး မည်သူကမှ ရှာမတွေ့တော့ပေ။
ထန်ဝမ်ဝမ်က ဖုကျန်းချန်နှင့် ဖုထင်အား အားလုံးကို အသိပေးလိုက်သည်။
ပစ္စည်းသက်သေ၊ လူသက်သေအပြည့်အစုံရှိနေသည့်အတွက် ဖုကျန်းမှာ ငြင်းခွင့်ပင်မရှိတော့။
ထို့နောက်တွင်တော့ ဖုကျန်းချန်က သားအဖဆက်ဆံရေးကိုဖျက်ကာ သူ့ကို ဖုမိသားစုမှ နှင်ထုတ်လိုက်တော့သည်။
အခု ဒီကိစ္စများကို ပြန်ပြောချိန်တွင်တော့ ဖုကျန်းသည် ယခင်ကလောက် မသက်မသာမဖြစ်တော့ပေ။ သူ့ကိုယ်သူ ရယ်ချင်စိတ်သာ ဖြစ်လာသည်။ ထိုအချိန်က သူမှာ အလွန်ရူးမိုက်လွန်းသည်။ အရွယ်ရောက်နေသူဖြစ်လျက်နှင့် ကလေးတစ်ယောက်လို မနာလိုဖြစ်မိသည်။ ဖုကျန်းချန်က ထန်ဝမ်ဝမ်ကို ရှာတွေ့ပြီဆိုကတည်းက သူသည် ဖုမိသားစုတွင် လူပိုဖစ်ကြောင်း သိခဲ့ရမည်ဖြစ်သည်။
ဖုကျန်းမှာ စကားအများကြီး ပြောလိုက်ရ၍ နှုတ်ခမ်းတို့ ခြောက်သွေ့လာသည်။ ကျန်းဟန်ရှုက သူ့ကို ပွေ့ဖက်ပြီး တီးတိုးပြောလိုက်သည်။
"ဘယ်လောက်အရွယ်ရောက်ရောက် မင်းမှာမနာလိုခွင့်ရှိပါတယ်ကွာ..."
ဖုကျန်းက ကျန်းဟန်ရှုကို မော့ကြည့်လိုက်သည်။ သူ့ကိုယ်ပိုင်ပုံရိပ်မှာ ပင်လယ်ပြာတွင် ရောင်ပြန်ဟပ်နေပြီး သူ့ကိုယ်သူ နစ်မြုပ်တော့မလို ခံစားရသည်။
ဖုကျန်းက သူ့လက်ထဲမှ ဖန်ခွက်ကို ကော်ဖီစားပွဲပေါ် ချလိုက်ပြီး ကျန်းဟန်ရှု၏ရင်ခွင်ထဲသို့ တိုးဝင်ကာ တီးတိုးပြောလိုက်သည်။
"ဒါပေမယ့် မနာလိုမဖြစ်ချင်တော့ဘူး..."
ကျန်းဟန်ရှုက ချောင်းအသာဟန့်ကာ ဖုကျန်း ၏ခေါင်းကို ပွတ်ပေးရင်း ပြောလိုက်သည်။
"ကိုယ်လည်း မင်းကို မနာလိုရအောင် မလုပ်ဘူး..."
ဖုကျန်းက ကျန်းဟန်ရှု၏ ရင်ခွင်ထဲမှ ခေါင်းထောင်ကြည့်လိုက်သည်။ တစ်ခုခုပြောချင်ဟန်ရှိသော်ငြား အသံထွက်မလာခဲ့။ ကျန်းဟန်ရှုက သူ့ကိုငုံ့ကြည့်ကာ ပြောလိုက်သည်။
"ပြောချင်တာရှိရင် ပြောချလိုက်လေ..."
သို့သော် ဖုကျန်း၏စကားအဆုံးတွင်တော့ ကျန်းဟန်ရှုသည် သူပြောမိသည်ကိုပင် အနည်းငယ်နောင်တရလာသည်။ ဖုကျန်း သူ့ကို ပြောလိုက်သည်မှာ
"ခင်ဗျားမှာ အရင်တုန်းက သဘောကျဖူးတဲ့သူရှိတယ်ဆို အဲ့တုန်းက အရမ်း မနာလိုဖြစ်ခဲ့ရတာ..."
"အဲ့တုန်းက..."
ကျန်းဟန်ရှုမှာ ဖုကျန်းကို သူ အရင်ကသဘောကျဖူးသည့်သူအကြောင်း ဘယ်လိုရှင်းပြသင့်သလဲ မသိတော့ပေ။ သူက နဖူးကို ဖိလိုက်သည်။
ဖုကျန်းက ကျန်းဟန်ရှုကို မျက်ခုံးပင့်ကြည့်ရင်း ပြောလိုက်သည်။
"အေးဆေးစဉ်းစား ကျွန်တော် စောင့်နေပေးမယ်..."
ကျန်းဟန်ရှုအတွက် ထိုအချိန်က ဖုကျန်းကို‌ ပြောခဲ့သည်မှာ အကြောင်းအရင်းနှစ်ချက်ကြောင့် ဖြစ်သည်။ ဖုကျန်းက သူ့ကို ကြိတ်ချစ်နေကြောင်း သိနေသည့်အပြင် ထိုအချိန်က သူ့ကို လက်ခံရန် တွေးမထားသောကြောင့်ဖြစ်သည်။ ထိုညက ‌ရေသူမလေး၏မျက်ရည်စက်မှာ သူ့အတွက်တော့ မမေ့နိုင်စရာပင်။ ထိုမျက်ရည်များက ရံဖန်ရံခါတွင် သူ့အိပ်မက်ထဲ ပေါ်လာပြီး လည်ပြန်ကြည့်ရင်း မျက်ရည်ကျနေသည့် ဖုကျန်းအဖြစ်သို့ ပြောင်းသွားသည်။
ဖုကျန်း၏ တိတ်တခိုးအချစ်မှာ အလွန်ပင် မြင်သာထင်သာရှိလှသည်။ သူက ကောင်းကောင်းဖုံးထားနိုင်သည်ဟု ထင်ခဲ့သော်ငြား ကျန်းဟန်ရှုသည် အစောကြီးကတည်းက သဘောပေါက်ပြီးဖြစ်သည်။
ကျန်းဟန်ရှုက သက်ပြင်းခပ်ဖွဖွချကာ ပြောလိုက်သည်။
"အဲ့အချိန်တုန်းက မင်းကိုပြောခဲ့တဲ့ ကိုယ်သဘောကျတယ်ဆိုတဲ့တစ်ယောက်က ဘားမှာတွေ့ခဲ့တဲ့သူကို ပြောတာ..."
ဖုကျန်းက ကျန်းဟန်ရှုကို မျက်စောင်းထိုးကာ မေးလိုက်သည်။
"အဲ့ညကလူက ကျွန်တော်မဟုတ်ခဲ့ရင်ရော..."
ကျန်းဟန်ရှုမှာ သူ့ကိုယ်သူ တွင်းတူးမိသွား၍ မှင်သက်သွားသည်။ သူက မျက်နှာကို ပြန်တည်လိုက်ကာ ဖုကျန်းကို ရှင်းပြလိုက်သည်။
"ပထမဆုံးအနေနဲ့ မင်းသာမဟုတ်ခဲ့ရင် ဆိုတာမျိုး မရှိဘူး ဒုတိယတစ်ချက်က ..."
ကျန်းဟန်ရှုမှာ ဆက်ပြောရန် အနည်းငယ် ရှက်ရွံလာသည်။
"ကိုယ် မင်းကို အဲ့တုန်းက လိမ်ပြောခဲ့တာ ..."
သူက ဖုကျန်းကို တိုးတိုးလေး ပြောလိုက်သည်။
"အဲ့တုန်းက ကိုယ့်နှလုံးသားကို တစ်ယောက်‌ယောက်က ခိုးသွားမှန်း မသိခဲ့မိဘူး ကိုယ်ပြောခဲ့တာက ဒီတိုင်း မျှော်လင့်ရုံ..."
သူ ဘာမျှော်လင့်သည်ကို ကျန်းဟန်ရှုက မပြောခဲ့သော်ငြား ဖုကျန်းကတော့ သဘောပေါက်လိုက်သည်။ ကျန်းဟန်ရှုက သူ့ကို ငယ်ငယ်ကတည်းက သဘောကျခဲ့ကြောင်း သိသွားလိမ့်မည်ဟုတော့ ဖုကျန်းက မမျှော်လင့်ထားပေ။
ကျန်းဟန်ရှုက ဆက်ပြောလိုက်သည်။
"ကိုယ်မင်းကို သဘောကျတယ်ဆိုတာ အဲ့ဒီ့ညက တွေ့ခဲ့တဲ့သူဖြစ်နေလို့မဟုတ်ဘူး မင်းဖြစ်နေလို့ကို သဘောကျတာ..."
ရှင်းပြလေ ပရမ်းပတာဖြစ်လေ ဖြစ်သော်ငြား နောက်ဆုံးတွင် ကျန်းဟန်ရှုသည် တော်ကီလှလှလေးဖြင့် အဆုံးသတ်နိုင်လိုက်သည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"အစကနေ အဆုံးအထိ ကိုယ်သဘောကျခဲ့တာ မင်းတစ်ယောက်ထဲပဲ..."
ဖုကျန်းက ကျန်းဟန်ရှုပြောသည်ကို ယုံကြည်သော်ငြား သူ့ကိုရှင်းပြရန်အတွက် ဦးနှောက်ကို အပြည့်အဝအလုပ်ပေးနေသော ကျန်းဟန်ရှု၏ပုံစံကိုတော့ တကယ်ကို သဘောကျမိသည်။
"ကိုယ်က ဘတ်စ်ကားပေါ်မှာ ဘယ်သူ့ကိုမှ နေရာဖယ်မပေးဖူးဘူး မင်းတစ်ယောက်ထဲကိုပဲ ကိုယ် မင်းကို စတွေ့လိုက်ကတည်းက အရမ်းသဘောကျသွားတာ..."
ကျန်းဟန်ရှုက သူ့စကားကို ဖုကျန်း ယုံကြည်စေရန် ထပ်ဆင့်ပြောလိုက်သေးသည်။
"ကိုယ့်ကိုမယုံရင် ဝမ်ထုန်ကို မေးကြည့်လေ..."
နောက်ပိုင်းတွင် ဖုကျန်းက ဝမ်ထုန်ကို အမှန်တကယ်ပဲ မေးခဲ့ပါသေးသည်။ ဝမ်ထုန်က စကားဖြတ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"သူက ပြီးခဲ့တဲ့နှစ်တုန်းက ဘတ်စ်ကားကို သုံးခေါက်ပြည့်အောင်တောင် မစီးဘူး သူ့ထိုင်ခုံကို ဖယ်ပေးလောက်တဲ့သူ တစ်ယောက်နဲ့မှ မတွေ့ဘူး ဘယ်လိုကြီးလဲ..."
ဒါပေမယ့် ဒါတွေအားလုံးက နောက်ပိုင်းမှ ဖြစ်လာမှာတွေပါ။
ကျန်းဟန်ရှုက ရုတ်တရက် တစ်ခုခုကို သတိရလာ၍ ဖုကျန်းကို ပြောလိုက်သည်။
"နေပါဦး ပြောတော့ အစပ်မစားနိုင်ဘူးဆို ဟိုနေ့ကကျ ဘာလို့ ဟော့ပေါ့အစပ်တွေစားရတာတုန်း..."
အစောပိုင်းက မေးခွန်းထုတ်ခံရသည်မှာ ကျန်းဟန်ရှုဖြစ်ပြီး အခုတော့ ဖုကျန်းအလှည့်သို့ ရောက်လာခဲ့သည်။ သူက လက်ကိုမြှောက်ကာ နှာခေါင်းကို တို့လိုက်သည်။ အစာတောင်းနေသော ကြောင်ပေါက်လေးသဖွယ် အသံကို နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
"မစားရတာကြာတော့ အဲ့ဒါကို လွမ်းလာလို့ ပြီးတော့ စားတုန်းကလည်း ငရုတ်သီးကို နည်းနည်းလေးပဲ ထည့်တာ အရမ်းကြီးမစပ်ဘူး..."
ကျန်းဟန်ရှုက ထိုကြောင်ပေါက်လေး၏လေကြောတွင် မြောမသွားပေ။ သူ့မျက်နှာကို သာသာလေးတွန်းကာ ပြောလိုက်သည်။
"နောက်ပိုင်းကျ ဗိုက်နာတာကရော ဘယ်သူတုန်း ပြောပါဦး..."
ဖုကျန်းက စကားကိုရပ်လိုက်ပြီး ကျန်းဟန်ရှုကို မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်နေလိုက်သည်။ ကျန်းဟန်ရှုက အရင်တစ်ခါ ပြောပြီးသားစည်းကမ်းကို ထပ်ပြောလိုက်သည်။
"ရှေ့လျှောက် အစပ်စားခွင့်မပြုတော့ဘူးနော်..."
ဖုကျန်းက ဆိုဖာပေါ်သို့ လှဲချလိုက်သည်။ ကျန်းဟန်ရှုက သူ့ဗိုက်ကို ဖွဖွလေး ပွတ်ပေးရင်း မေးလိုက်သည်။
"ဒီည ဘာစားချင်လဲ ကိုယ်ချက်ကျွေးမယ်..."
ဖုကျန်းက ခဏစဉ်းစားလိုက်သည်။
"ထမင်းကြော်နဲ့ နေ့ခင်းက ဝက်အူချောင်း..."
"ပြီးတော့ရော..."
"အကုန်လုံးပဲ..."
ကျန်းဟန်ရှု ဆိုဖာပေါ်မှ ထရပ်လိုက်တော့မည့်အချိန်တွင် ဖုကျန်းနှင့် ထန်ဝမ်ဝမ်၏ သတင်းအသစ်ကို ထပ်မြင်လိုက်ရ၍ ဖုကျန်းကို နှစ်သိမ့်ပေးလိုက်သည်
"အွန်လိုင်းပေါ်ကဟာတွေကို ဂရုစိုက်မနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်က ဘာဖြစ်ခဲ့လဲဆိုတာကို ရှာဖို့ ကိုယ်လူလွှတ်ထားတယ်..."
ဖုကျန်းက ပြန်ဖြေလိုက်သော်ငြား သူ့ရိုးသားမှုကို သက်သေပြနိုင်လိမ့်မည်ဟု မျှော်လင့်မထားပေ။
သို့သော် ထန်ဝမ်ဝမ်သည်လည်း သူ့ကို တိုက်ရိုက်တရားမစွဲနိုင်ပေ။ သူမရှာထားသော သက်သေများကလည်း ဖုကျန်းသည် နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း တိုက်ရိုက်ညွှန်ပြမနေပေ။
.......
သတင်းထောက်များက ဖုကျန်းကို ရှာမတွေ့တော့သောအခါ သူတို့၏မြားဦးကို ဖုမိသားစုဘက်သို့ လှည့်လိုက်တော့သည်။ သူတို့က ဖုကျန်းချန်ကို ပိတ်ဆို့ကာ မိုက်ခရိုဖုန်းများကို အတင်းထိုးပေးရင်း အလောတကြီးမေးလိုက်ကြသည်။
"မစ္စတာဖု မေးခွန်းလေးတစ်ခုလောက် မေးခွင့်ပြုပါ အငယ်ဆုံးသားဖုကျန်းကို တရားစွဲထားတာနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ ဒီတစ်ခေါက်ရော ဖုကျန်းကို အပြစ်လွတ်အောင် ကူပေးဖို့ စိတ်ကူးထားသေးလား သိချင်ပါတယ်..."
ဖုကျန်းချန်က ရပ်လိုက်ကာ သူ့နားမှ သတင်းထောက်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
"ဘယ်သတင်းတိုက်ကလဲ..."
ဖုကျန်းချန် ဆိုလိုသည်ကို နားမလည်သော်ငြား သတင်းထောက်က ခပ်တည်တည်ဖြင့် ပြန်ဖြေလိုက်သည်။
"သာ့ယွီ(ငါးကြီး) သတင်းတိုက်ကပါ..."
ဖုကျန်းချန်က ခေါင်းညိတ်ပြကာ ကုမ္ပဏီထဲသို့ ဝင်လာခဲ့သည်။
"မစ္စတာဖု မေးခွန်းတွေ ဖြေပေးသွားပါဦး..."
နောက်ဘက်မှ သတင်းထောက်က လှမ်းအော်လိုက်သည်။
ဖုကျန်းချန်က သူ့အတွင်းရေးမှူးကို လှည့်ပြောလိုက်သည်။
"မနက်ဖြန် သာ့ယွီသတင်းတိုက်ကို ဝယ်လိုက်..."
"ဟုတ်ကဲ့ သူဌေး..."
သတင်းထောက်မှာ မိုက်ကရိုဖုန်းကိုကိုင်ရင်း အချိန်အကြာကြီး အတွေးလွန်နေတော့သည်။ အခြားသတင်းထောက်များကလည်း ထိုအဖြစ်အပျက်ကို မြင်ပြီးနောက် ခြေတစ်လှမ်းပင် မရွေ့ရဲတော့။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဖုကျန်းချန်မှာ ထန်ဝမ်ဝမ်၏နာမည်နှင့် တွဲလျက်သာ သတင်းတွင် ပါခဲ့သည့်အတွက် သူတို့သည် ဖုကျန်းချန်မှာ ခြေတစ်‌ချက်မြှောက်လိုက်လျှင်ပင် စီးပွားရေးလောကကို ဂယက်ထစေနိုင်သည့်သူဖြစ်ကြောင်း မေ့သွားခဲ့သည်။
သတင်းထောက်များမှာ ချက်ခြင်း လူစုခွဲသွားပြီး ထိုနားတစ်ဝိုက်တွင် ရှင်းလင်းသွားတော့သည်။
လွန်ခဲ့သည့်နှစ်ရက်က သတင်းကိုကြည့်နေသော မဒမ်ကျန်းမှာလည်း ဖုကျန်းနှင့် ထန်ဝမ်ဝမ်၏သတင်းကို သတိပြုမိသွားသည်။ သူမက အနည်းငယ် ပူပန်၍ ကျန်းဟန်ရှုကို ဖုန်းခေါ်လိုက်သည်။
"ဟန်ရှုရေ ဖုကျန်းက ဘာဖြစ်တာလဲ အမေ အွန်လိုင်းမှာ တွေ့လိုက်မိလို့ ထန်မျိုးရိုးနဲ့ ကြယ်ပွင့်နဲ့ ပြဿနာဖြစ်တာ သူလား ..."
ကျန်းဟန်ရှုက ဝန်ခံလိုက်သည်။
"ဟုတ်ပါတယ်..."
မဒမ်ကျန်းက ဖုကျန်းကို တွေ့ပြီးဖြစ်၍ သူသည် လူကောင်းတစ်ယောက်ဖြစ်မှန်း ယုံကြည်သည့်အပြင် သူမကလေး၏ အမြင်ကိုလည်း သံသယမရှိပေ။ သူမက ပြောလိုက်သည်။
"သားဖြေရှင်းနိုင်လား မလုပ်နိုင်ရင် မင်းအဖေကို ကူညီခိုင်းနော်..."
ကျန်းဟန်ရှု: "မဟုတ်ဘူး အရင်‌ဆုံး ကျွန်တော့်ဘာသာ ကိုင်တွယ်ကြည့်ဦးမယ်..."
မဒမ်ကျန်း: "အခက်အခဲရှိရင် အမေတို့ကိုပြောနော် ရှက်မနေနဲ့ သိလား..."
"သိပါပြီ..."
ထန်ဝမ်ဝမ်သည်လည်း အင်တာနက်ပေါ်မှ ဦးတည်ရာကို အာရုံစိုက်နေသည်။ အင်တာနက်ပေါ်တွင် ဖုကျန်းဘက်မှ မည်သူကမှ ဝင်ပြောမပေးသည်ကို တွေ့လိုက်ရမှ စိတ်ကျေနပ်သွားသည်။
အစောပိုင်းက လွန်ခဲ့သောနှစ်နှစ်ခန့်က မတော်တဆမှုမှာ ထန်ဝမ်ဝမ်၏စနက်လားဟု သံသဝင်သူအချို့တော့ ရှိနေသေးသည်။ အကယ်၍ ထိုအချိန်ကသာ အလွန်မြင့်သည့် သောင်ဝေ့ယာပေါ်မှ ပြုတ်ကျလာပါက လက်မောင်းတစ်ဖက်ပဲ ဒဏ်ရာရသည်မှာ ယုတ္တိမရှိပေ။ သို့သော် ရေတပ်နှင့် သူမ၏ဖန်များက ဝိုင်းဝန်းဖိနှိပ်ကြသဖြင့် အသံတိတ်သွားကြသည်။