အပိုင်း ၆၂
Viewers 23k

ထိုအသံဖိုင်က အရှိန်အဟုန်ဖြင့် ပျံ့နှံလာချိန်တွင် ထန်ဝမ်ဝမ်သည် ရိုက်ကွင်းမှ ထွက်လာကစပင် ရှိသေးသည်။ သူမဖုန်းကို မကြည့်မိခင်မှာပင် ရိုက်ကွင်းနားတွင် တဝဲလည်လည်လုပ်နေကြသော သတင်းထောက်များ၏ ဝိုင်းအုံမေးခြင်းကို ခံလိုက်ရသည်။
သတင်းထောက်များက ထန်ဝမ်ဝမ်အနားသို့ ဝိုင်းအုံလာကာ Shazhou Chronicle ၏ နောက်အစီအစဉ်အကြောင်း မေးမြန်းကြသည်။ ထန်ဝမ်ဝမ်က ပြုံးကာ Shazhou Chronicle ကို ရှေ့ဆယ်ပိုင်းသာ ရိုက်ရန် စီစဉ်ထားကြောင်းနှင့် နွေရာသီတွင် ရုပ်သံလွှင့်နိုင်မည်ဖြစ်ကြောင်း ဖြေလိုက်သည်။
ဖုကျန်းက ထန်ဝမ်ဝမ်ဖြေခဲ့သည့် အင်တာဗျူးကို လုံးဝ ဂရုမစိုက်ပေ။ ကျန်းဟန်ရှု အသံဖိုင်ကို တင်ပြီး မကြာခင်တွင်ပင် Shazhou Chronicle ၏ ဝေ့ပေါ်စာမျက်နှာကိုဖွင့်ကာ ပုံတစ်ပုံတင်ခဲ့သည်။ ပုံက ရိုးရိုးရှင်းရှင်းပင်။ အနက်ရောင်အောက်ခံပေါ်တွင် ဇာတ်ကောင် ၁၇ ပုံကို အဖြူနှင့်ဆွဲကာ ကြော်ငြာချက်တစ်ခုကိုလည်း ထည့်ထားသည်။
Shazhou Chronicle ထုတ်လုပ်သူ:ဖုကျန်း
ဒါရိုက်တာ : ဖုကျန်း
ထိုပုံနှင့်အတူ ထန်ဝမ်ဝမ်၏ Shazhou Chronicle အား သရုပ်ဖော်ရိုက်ကူးမှုနှင့် ပတ်သက်သည့် ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်လိုက်သည်။
"Shazhou Chronicle ၏ ရုပ်မြင်သံကြား မူပိုင်ခွင့်ကို မစ်ထန်ဝမ်ဝမ်အား တစ်ကြိမ်တစ်ခါမှ လွှဲပြောင်းပေးခဲ့ဖူးခြင်း မရှိသည့်အတွက် Shazhou Chronicle၏ ဥပဒေအဖွဲ့အနေနဲ့ မစ်ထန်ဝမ်ဝမ်ကို ဆက်သွယ်ပြီး ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်..."
ထိုပို့စ်မှာ တင်ပြီးပြီးချင်းပင် အများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ ထန်ဝမ်ဝမ်က မူပိုင်ခွင့်မရှိဘဲ ရိုက်ခဲ့သည်ဆိုသည့်အချက်ကို အသားထားဦး။ ဖုကျန်းက Shazhou Chronicle ၏ ဒါရိုက်တာဆိုသည့်အချက်ကပင် အင်တာနက်သုံးစွဲသူများအတွက် အံ့ဩရန် လုံလောက်နေပြီဖြစ်သည်။
(ဒါက နာမည်တူနေတာလား ဒါမှမဟုတ် ထန်ဝမ်ဝမ်ကို မျက်နှာဖြတ်ရိုက်ဖို့ လူလုံးထွက်ပြတာလား)
(အား အိပ်မက်လားဟ ငါ့ကို တစ်ယောက်လောက် ဆိတ်ဆွဲပေးကြပါဦး )
(-ငါ Shazhou Chronicle ကို ကြိုက်လာတာ လေးနှစ်ရှိပြီ ဒီနေ့မှ Shazhou Chronicle ရဲ့ ဒါရိုက်တာက ဖုကျန်းဖြစ်မှန်း သိလိုက်ရတာပဲ အသံဖိုင်ကို နားမထောင်ခင်က သိလိုက်ရတာဆိုရင်တော့ ယုံချင်မှယုံမှာကွ ဒါပေမယ့် အခုတော့ ချွင်းချက်မရှိ ဖုကျန်းဘက်တော်သားပဲ )
(တကယ်ကြီး? အတုတော့မဟုတ်ပါဘူးနော် အကောင့်ဟက်ခံလိုက်ရတာလား )
(ငါ ကောင်းကောင်းမနိုးသေးဘူးထင်တယ် ပြန်အိပ်လိုက်ဦးမယ် ငါပြန်နိုးလာရင်တော့ အကုန်လုံး အကောင်းအတိုင်း ပြန်ဖြစ်သွားမှာပါနော် ဒီရက်ပိုင်း ဖရဲသီးစားတာများနေပြီ ထပ်မစားချင်တော့ဘူးလို့ )
(T.N: ဖရဲသီးစား = ပွဲကြည့်)
.............
ဖုကျန်း၊ ထန်ဝမ်ဝမ်၊ အသံဖိုင်နှင့် Shazhou Chronicle ဟူသော ခေါင်းစဉ်တို့က နေရာအနှံ့တွင် နာမည်ကြီးနေသည်။ အွန်လိုင်းသုံးနေသောသူတိုင်း ထိုသတင်းကို မသိလိုက်သူမရှိသလောက်ပင်။
ထိုအဖြစ်အပျက်က တကယ်လည်း ဤအခြေအနေအထိ ရောက်လာနိုင်သည်။ ပထမအချက်မှာ ထန်ဝမ်ဝမ်က အတော်လွှမ်းမိုးနိုင်၍ဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်အတွက် သူမရရှိခဲ့သည့် ပရိသတ်အရေအတွက်မှာ မရေမတွက်နိုင်အောင်ပင်။ သူမကို အနုပညာလောက၏ နာမည်အကြီးဆုံး အမျိုးသမီးကြယ်ပွင့်ဟု ပြောရလျှင်ပင် လွန်မည်မထင်။
ဒုတိယအချက်မှာ Shazhou Chronicle ၏ ပရိသတ်အုပ်စုဖြစ်သည်။ အများစုမှာ အင်တာနက်တွင် အမြဲတမ်း အချိန်ဖြုန်းနေသော လူငယ်များဖြစ်ပြီး သူတို့၏ ဆတ်ဆတ်ထိမခံ ၊ အတင်း‌အဖျင်းပြောနိုင်စွမ်းမှာ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းတို့ထက် အပုံကြီး သာပေသည်။ ဖုကျန်း၏ သရုပ်မှန်က ဖော်ထုတ်ခံလိုက်ရပြီးဖြစ်၍ သူ့အပေါ် ပို၍ပို၍ အာရုံစိုက်လာကြသည်။
တစ်နိုင်ငံလုံး ဖရဲသီးစားခဲ့ရသည့် နောက်ဆုံးအကြိမ်မှာ နိုင်ငံ့သားမက် ဖောက်ပြန်စဉ်က ဖြစ်သည်။ ထန်ဝမ်ဝမ်၏ ဖရဲသီးက ဖောက်ပြန်သည်ထက် ပိုကောင်းသည်။ ထန်ဝမ်ဝမ်၏ ပရိသတ်များမှလွဲ၍ အားလုံးက သတင်းထူးများကို ထပ်ကြားရန် မစောင့်နိုင်ကြတော့ပေ။
သေချာပေါက်ပဲ နိုင်ငံသားတွေက ပင်ဟိုင်ရဲစခန်းကို လုံးဝ မမေ့ကြဘူးပေါ့။ လွန်ခဲ့သည့်နှစ်နှစ်မှ အမှန်တရားကို အမြန်ဆုံး ကြေညာရန် မျှော်လင့်နေကြသည်။ ထိုမှသာ သူတို့လည်း ထမင်းဖြောင့်ဖြောင့်စားနိုင်မည်ဖြစ်သည်။
အင်တာဗျူးဖြေပြီးမှ ထန်ဝမ်ဝမ်က ဖုန်းကိုကိုင်လိုက်သည်။ Weibo hot search ကို မြင်ပြီးနောက်တွင်တော့ သူမမျက်လုံးမှာ အမှောင်ကျကာ မြေပေါ်သို့ ပြိုလဲကျတော့မတတ်ပင်။
ကံကောင်းစွာဖြင့်ပင် သူမက ကြံ့ခိုင်သူဖြစ်၍ ကားထဲသို့ ဝင်ကာ ချင်အိမ်သို့ ပြန်လာခဲ့သည်။ သူမ ချင်အိမ်သို့ ပြန်ရောက်ချိန်တွင်တော့ ချင်ကျောက်၏ စိတ်ပျက်ကာ မယုံကြည်နိုင်ဖြစ်နေသော မျက်ဝန်းနှင့် ရင်ဆိုင်လိုက်ရ‌သည်။
ထန်ဝမ်ဝမ်က ထိုနေရာတွင်ပင် ကျောက်ရုပ်လို ရပ်နေလိုက်သည်။ ချင်ကျောက်လည်း အင်တာနက်ပေါ် ပျံ့နေသော အသံဖိုင်ကို တွေ့ပြီးပြီဖြစ်ကြောင်း သူမ သိလိုက်သည်။ ဘာဆက်လုပ်ရမလဲ မတွေးခင် ချင်ကျောက်၏ သဘောထားကို အကဲခတ်လိုက်သည်။
"ဝမ်ဝမ်..."
ချင်ကျောက်သည် သူ့ရှေ့ရှိ ထန်ဝမ်ဝမ်ကို ကြည့်နေလိုက်သည်။ ထန်ဝမ်ဝမ်၏ တစ်ဖက်ခြမ်းကို တွေ့လိုက်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူက သက်ပြင်းချလိုက်သည်။ မျက်လုံးကိုမှိတ်ကာ ဖုန်းကို မြှောက်ပြလိုက်သည်။
"စကားပြောနေတဲ့သူက တကယ်ပဲ မင်းလား ကိုယ့်ကို အမှန်အတိုင်းပြော..."
အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ထန်ဝမ်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ကျွန်မပဲ..."
ထန်ဝမ်ဝမ်က ချင်ကျောက်၏ ပုံစံကို မြင်လိုက်လျှင် သူမတွင် အခွင့်အရေးရှိသေးကြောင်း သိလိုက်ရသည်။ သူမက ချင်ကျောက်၏ဘေးတွင် ထိုင်ကာ သူ့လက်မောင်းပေါ် ခေါင်းမှီရင်း တိုးဖွဖွ ပြောလိုက်သည်။
"ဒါပေမယ့်လေ ချင်ကျောက် ရှင်သိလား ကျွန်မ အဲဒါကို မဖြစ်မနေလုပ်မှကို ရမှာ ရှင်လည်း ဖုမိသားစုထဲက ကျွန်မအခြေအနေကို သိသားပဲ ဖုကျန်းရှိနေသရွေ့ အဖေနဲ့ အစ်ကိုက ကျွန်မကို ဂရုစိုက်မှာ မဟုတ်ဘူးလေ အမြဲတမ်း အပြစ်တင်ခံရတဲ့သူက ကျွန်မပဲ ဖြစ်နေတာမျိုးကို တကယ် သည်းမခံချင်ခဲ့ဘူး အဲ့နေ့တုန်းကလည်း ဖုကျန်းက ဟိုလူကို သောင်ဝေ့ယာကို တစ်ခုခုလုပ်ခိုင်းတာမဟုတ်ဘဲ ကျွန်မ ထမင်းဘူးထဲကို ဆေးထည့်ခိုင်းတာ ဒါပေမယ့်လေ ကျွန်မကသာ ကြိုပြီး ကြိုးကို မဖြတ်ခိုင်းမိရင် ကျွန်မပဲ အရှက်တကွဲဖြစ်ရမှာ..."
ထန်ဝမ်ဝမ်မှာ ပြောရင်းပင် ငိုချလိုက်သည်။ လွန်ခဲ့သည့်နှစ်နှစ်က သောင်ဝေ့ယာမှ ပြုတ်ကျခြင်းမှာ အမှန်တကယ်ပင် အန္တရာယ်များသော်ငြား သူမတွင် system ၏ အကူအညီရှိနေ၍ ဘာမှ ကြီးကြီးမားမားထိခိုက်မည်မဟုတ်ကြောင်း သိနှင့်ပြီးဖြစ်သည်။ အိမ်ပြန်ရောက်ချိန်တွင်တော့ သူမကိုယ်သူမ ထင်ထားသည်ထက် ပိုလောဘကြီးကြောင်း သဘော ပေါက်လိုက်သည်။ ဖုကျန်းချန်နှင့် ဖုထင်၏ အချစ်ကိုသာမက ဖုကျန်းပိုင်ဆိုင်သမျှ အရာအားလုံးကိုပါ လိုချင်နေသည်။
သူမရရှိထားသည့် အမှတ်အားလုံးကို သူမလိုချင်သည့် အရာများနှင့် system တွင် လဲလှယ်လိုက်ပြီး သူမ၏ဘဝက နှစ်နှစ်ကြာ ချောမွေ့နေခဲ့သည်။
ဒီကာလအတွင်း ဘာလို့ system က ပြန်ပေါ်မလာလဲဆိုတာ‌ကိုတော့ သူမလည်း မသိပေ။
ယခုတော့ သူမကိုယ်သူမသာ အားကိုးရန် ရှိတော့သည်။ မျက်လုံးထောင့်စွန်းမှ မျက်ရည်စက်တို့ကို သုတ်လိုက်ရင်း ချင်ကျောက်ကို ပြောလိုက်သည်။
"ကျွန်မက ဒီလိုမိန်းမမျိုးပဲ တကယ်လို့ ရှင် လက်မခံနိုင်ရင် လမ်းခွဲကြ‌တာပေါ့..."
ချင်ကျောက်က သူမကို ထွေးပွေ့ကာ နှစ်သိမ့်ပေးလိုက်သည်။
"နောက်ထပ် မကြုံရတော့ပါဘူး ကိုယ် မင်းကို ကာကွယ်ပေးပါ့မယ်..."
ထိုဖြစ်ရပ်မှာ ထန်ဝမ်ဝမ့်အပေါ် အတော်ပင် သက်ရောက်မှု ကြီးမား‌သွားသည်။ အားလုံးက သူမကို အဆိပ်ပြင်းတဲ့မိန်းမ၊ မျက်နှာနှစ်ဖက်နဲ့သူ၊ သာကူးမ စသည်ဖြင့် အမျိုးမျိုး နာမည်တပ်ကြတော့သည်။ ထန်ဝမ်ဝမ်မှာ ထိုကဲ့သို့ တစ်ခါမှ မကြုံဖူးပေ။ Shazhou Chronicle ၏ ရိုက်ကူးရေးကိုပါ သက်ရောက်လာသည့်အတွက် လုပ်ငန်းစဉ်အားလုံးကို ရပ်ထားလိုက်ရတော့သည်။
ထန်ဝမ်ဝမ်ကို ကြိမ်းမောင်းနေစဉ်မှာပင် မနှစ်က ချွန်းဟွာတောင်ကို ထုတ်လွှင့်ချိန်တွင် ထန်ဝမ်ဝမ်၏ စကားကို နားယောင်ကာ သမိုင်းဝင်လောက်မည့် ရုပ်ရှင်ကို မကြည့်မိသည့်အတွက် နောင်တရလာကြသည်။ အဆုံးသတ်တွင်တော့ ရုံပေါ်မှ ချလိုက်ပြီဖြစ်သည်။
သူတို့တွင် ဒါရိုက်တာငယ်လေးကို အလျော်ပေးရန် နည်းလမ်းမရှိတော့။ သူတို့၏ အပြစ်မကင်းမှုအတွက် Shazhou Chronicle တွင် ပိုပြီး ရင်းနှီးမြှုပ်နှံရန်သာ ရှိတော့သည်။
ဖုကျန်းက ထိုအကြောင်းကို လုံးဝ ဂရုမစိုက်။ သူတင်သင့်သည်ကို တင်ပြီးဖြစ်၍ စိတ်ညစ်ရမည့်သူမှာ ထန်ဝမ်ဝမ်သာဖြစ်သည်။ ထန်ဝမ်ဝမ်၏ နောက်ကွယ်တွင် သူ မထင်ထားသည့်သူ များစွာရှိနေပြီး သူ၏ ဖြူစင်မှုနှင့် Shazhou Chronicle ကို ပြန်ယူရန်အတွက် ထန်ဝမ်ဝမ်ကို အလဲထိုးမှ ရမည်ဖြစ်သည်။
သို့သော်ငြား ဖုကျန်းသည် ထန်ဝမ်ဝမ်ကို ထိုမျှလောက် မျက်နှာပြောင်လိမ့်မည်ဟု မထင်ထားပေ။ ထိုအခြေအနေမျိုးတွင်ပင် သူမသည် Shazhou Chronicle ကို ရိုက်ခွင့်ရှိကြောင်း ပြောရဲသေးသည်။
ဖုကျန်းမှာ ထို မစ်ထန်ဝမ်ဝမ်ကို လေးစားလွန်း၍ ဦးညွတ်မိတော့မတတ်ပင်။
Shazhou Chronicle ၏ တရားဝင်စာမျက်နှာတွင် ဖုကျန်း ကြေညာချက်ထုတ်ပြီး နောက်တစ်နေ့၌ ထန်ဝမ်ဝမ်က Shazhou Chronicle ၏ ထုတ်ပြန်ချက်အပေါ် သူမ၏ အမြင်ကို မေးမြန်းသော အင်တာဗျူးတစ်ခု လက်ခံခဲ့သည်။ Chronicle ၏ နောက်ထပ်အစီအစဉ်အကြောင်း မေးမြန်းချိန်တွင် သူမက ပြန်‌ဖြေခဲ့သည်။
"ကာတွန်းက ဖုကျန်း ဖန်တီးတာဟုတ်ပါတယ် ဒါပေမယ့် အတိအကျပြောရရင် ကျွန်မအဖေနဲ့ အစ်ကိုက ရင်းနှီးမြှုပ်နှံထားဝာာလေ တကယ်တမ်း ထုတ်လုပ်မယ်ဆိုရင်လည်း အကုန်လုံးက ရင်းနှီးမြှုပ်နှံထားတဲ့ ကုန်ကျစရိတ်ပေါ်ပဲ အခြေခံတာဆိုတော့ Shazhou Chronicle ရဲ့ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဖုကျန်းမှာ ပြော‌ပိုင်ခွင့်မရှိဘူးလို့ပဲ ကျွန်မကတော့ ထင်တယ်..."
သတင်းထောက်က ထန်ဝမ်ဝမ်ကို မေးလိုက်သည်။
"ဆိုတော့ မစ္စတာဖုဆီကနေ Shazhou Chronicle ကို ရိုက်ဖို့ ခွင့်ပြုချက်ရခဲ့လား..."
ထန်ဝမ်ဝမ်က ရယ်ကာမောကာဖြင့် ပြန်ဖြေလိုက်သည်။
"ဒါပေါ့..."
"ပြီးတော့ လွန်ခဲ့တဲ့နှစ်နှစ်က မတော်တဆမှုကရော ..."
ထန်ဝမ်ဝမ်က ထိုကိစ္စကို ငြင်းလိုက်ချင်သော်ငြား ငြင်းလိုက်လျှင် ပိုပြီး လူရယ်စရာဖြစ်လာမည်ဖြစ်သည်။ သူမတွင် နောက်‌ခြေလှမ်းအတွက် အစီအစဉ် အများကြီးဆွဲထားပြီးဖြစ်၍ သတင်းထောက်ကို ပြောလိုက်သည်။
"အားနာလိုက်တာရှင် ဒါကိုတော့ ကျွန်မ အဖြေမပေးနိုင်သေးပါဘူး ..."
သူ အင်တာဗျူးတွင် ဖြေခဲ့သလိုပင် ထန်ဝမ်ဝမ်သည် Shazhou Chronicle ၏ ပိုင်ရှင်အစစ်အမှန်မှာ ဖုကျန်းချန်နှင့် ဖုထင်ဖြစ်ပြီး သူတို့ကသာ ခွင့်ပြုလျှင် ရုပ်ရှင်ရိုက်နိုင်လိမ့်မည်ဟု ထင်နေသည်။
မကြာမီတွင်ပင် ဆောင်းပါးတစ်ပုဒ်က မိုးဦးကျမှိုလို ဟိုဟိုသည်သည် နေရာအစုံမှ ထွက်ပေါ်လာသည်။ ထိုဆောင်းပါးမှာ မိန်းကလေးတစ်ဦး၏ ဝမ်းနည်းဖွယ် ဘဝဇာတ်ကြောင်းဖြစ်သည်။ ထိုမိန်းကလေးမှာ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသည်။ စာကြိုးစား၍ မြို့ကြီးတွင် ရေရှည်အလုပ်တစ်ခု ရခဲ့သော်ငြား သူမ၏ လုပ်ဖော်ကိုင်ဖက်များက အနိုင်ကျင့်သည်ကို ခံခဲ့ရသည်။ ထိုသို့ဆိုလျှင်တောင် သူမက မိဘမဲ့ဂေဟာကို လစဉ်ငွေပို့ပေးနိုင်ရန် ကြိတ်မှိတ်သည်းခံခဲ့သည်။
သူမက ဒုက္ခမျိုးစုံကို ကျော်ဖြတ်ပြီးနောက် သူမ၏ ဆွေမျိုးများနှင့် ပြန်စုံစည်းခဲ့သော်ငြား သူမ၏ဘဝကတော့ ပိုကောင်းမလာပေ။ ထိုအိမ်မှ လူတိုင်းက သူမကို မကြိုဆိုကြ။ အနိုင်ကျင့်မှုမျိုးစုံကို ခါးစည်းခံရသော်ငြား ပြန်မတုန့်ပြန်သဖြင့် ထိုသူများက အတင့်ရဲသထက် ရဲလာသည်။ နောက်ဆုံးတွင်တော့ သူမက သူစိမ်းတစ်ဦး၏ အဓမ္မကျင့်ခြင်းကို ခံလိုက်ရသည်။ ထိုအဖြစ်ကို လက်မခံနိုင်စွာ ဟိုတယ်မှ ပြေးထွက်လာခဲ့သော မိန်းကလေးမှာ ကားတိုက်မိ၍ ဘဝနိဂုံး ချုပ်သွားရတော့သည်။
ထိုဆောင်းပါးရေးသူမှာ ဘလော့ဂါတစ်ဦးဖြစ်ပြီး သူ့အရေးအသားက လူတိုင်း၏ရင်ကို ထိရှစေသည်။ အထူးသဖြင့် မိန်းကလေး၏ နေမင်းကို မေးခွန်းထုတ်သည့် နောက်ဆုံးအပိုင်းက အားလုံးကို ရင်ထဲ ဆို့နင့်စေသည်။
ထန်ဝမ်ဝမ်က ထိုဆောင်းပါးကို ပြန်တင်ကာ မှတ်ချက်ရေးလိုက်သည်။
"ကျွန်မတို့က ဘာအမှားလုပ်ခဲ့မိလို့လဲ..."
အင်တာနက်သုံးစွဲသူများက ရုတ်တရက် ထန်ဝမ်ဝမ်၏ ဆိုလိုရင်းကို သိလိုလာကြသည်။ သူမက ဖုမိသားစုထဲမှာ အရမ်း ခက်ခဲခဲ့တယ်လို့ ဆိုလိုချင်တာလား။ ဒါပေမယ့် ဖုကျန်းချန်နဲ့ ဖုထင်ရဲ့ ပုံစံကို ကြည့်ရတာတော့ ဖုအိမ်မှာ သူမက အနှိပ်စက်ခံရတာနဲ့လည်း မတူပါဘူးနော် သူမရဲ့ မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်ပေးထားတာပဲ ကြည့်ပါလား
ဒါမှမဟုတ် အဲဒါက သူမကို လျော်ကြေးပေးတဲ့သဘောများလား။