အပိုင်း ၁၈
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၁၈ - မုန့်ကြိုးလိမ် ရောင်းခြင်း 




 စုယွဲ့က သူမအဆင်ပြေကြောင်းသိပြီး ဆေးရုံတက်ဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာကို သူမ မမြင်နိုင်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ အကြောင်းပြချက်တစ်ခု ထုတ်လိုက်သည်။ “အစ်ကိုဟန်၊ ကျွန်မ ငယ်ငယ်တည်းက ဒီပြဿနာရှိဖူးတယ်။ လူအရမ်းများရင် မူးဝေပြီး ရင်ဘတ်အောင့်ဖို့ လွယ်ကူတယ်။ ကျွန်မ ဆရာဝန်နဲ့တွေ့ပြီးပြီ။ ဆရာဝန်က ဘာမှပြန်မပြောပေမယ့် အဆင်ပြေတယ်တဲ့။ ခဏနားလိုက်ရင်။”


 စုယွဲ့က အဆင်ပြေတယ်လို့ ပြောပေမယ့် ဟန်အိုက်ကောက အစောက ဘယ်လောက် အားနည်းပြီး မသက်မသာဖြစ်နေလဲ တွေးမိပြီး မလွယ်ကူသလို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ စုယွဲ့ကို ကွန်မြူနတီဆေးရုံကို ခေါ်သွားပြီး ဆရာဝန်သွားပြခဲ့သည်။


 ဒါပေါ့ စုယွဲ့က ဟန်ဆောင်နေတာ။ ဆရာဝန်က ဘာမှ တွေ့မှာ မဟုတ်ဘူး။ နောက်တော့ စကားပြောခဲ့သည်။  “ပြဿနာ ကြီးကြီးမားမားမရှိပါဘူး။ နောင်မှာ လူထူထပ်တဲ့နေရာတွေကို မသွားမိအောင် သတိထားပါ”


 ဟန်အိုက်ကောက ဆရာဝန်ပြောသည်ကိုကြားသောအခါတွင် သူလုံးဝစိတ်သက်သာရာရသွားသည်။


 စုယွဲ့က သူမ၏ နှလုံးသားထဲ လျှာကို တိတ်တဆိတ် စုပ်ယူခဲ့ပြီး နောက်ဆုံးတော့ ဖြတ်သန်းနိုင်ခဲ့သည်။


 စုယွဲ့ ပြီးနောက် ဟန်အိုက်ကောက သူ့ ခြေထောက်များကို စကြည့်ခံခဲ့သည်။


 တပ်မတော်ဆေးရုံက ဟန်အိုက်ကောရဲ့ဒဏ်ရာကို ဒီကဆရာဝန်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးတဲ့အတွက် သူ့ရဲ့ဒဏ်ရာကို ဒီဆရာဝန်တွေက အလေးထားသည်။ သူက စစ်သားတစ်ယောက်ဖြစ်ပြီး တိုင်းပြည်အတွက် ဒဏ်ရာရခဲ့တာကို သူတို့သိကြကာ သူ့ကိုလေးစားသည်။ သူ့ကိုတွေ့တဲ့အခါ အရမ်းသတိထားခဲ့ကြသည်။


 သို့သော်လည်း ဟန်အိုက်ကော၏ ခြေထောက်ဒဏ်ရာမှာ အလွန်ပြင်းထန်ပြီး တပ်မတော်နယ်မြေ ဆေးရုံမှ ဆရာဝန်များသည် သေးငယ်သောနေရာ၌ပင် မကုသနိုင်ခဲ့ပေ။ ဆရာဝန်သည် ဝမ်းနည်းစွာ ခေါင်းယမ်းကာ တစ်ကြိမ်လျှင် ခြေထောက်ကို ပိတ်စသာ ပြောင်းနိုင်သည်။ ဒဏ်ရာကို ကုသရန် ဆေးအနည်းငယ် ပေးရုံသာ တက်နိုင်ပြီး အခြားဘာမှ မတတ်နိုင်ပါ။


 ဆရာဝန်၏ အမူအရာကိုကြည့်ရင်း ဟန်အိုက်မင်၏ မျက်လုံးများက မသက်မသာဖြစ်ကာ နီရဲလာသည်။


 သူ့ အစ်ကိုအကြီးက အရမ်းတော်တယ်။ နောက်ခံမရှိသော တောက ကလေးမှ စစ်ထဲဝင်ကာ အလုပ်ကို သတ္တိရှိရှိ လုပ်ခဲ့သည်။ အစ်ကိုကြီးသာ စစ်တပ်ထဲမှာ နေနေ ပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးလာသည်။ သူက အသင်းခေါင်းဆောင်ဖြစ်ခဲ့ကာ၊ တပ်ခွဲမှူး ဖြစ်လာပြီး အခု တပ်ရင်းမှူးဖြစ်နေပြီပင်။


 အစ်ကိုအကြီးဆုံးက မိသားစုတစ်စုလုံးရဲ့ ဂုဏ်ယူစရာဖြစ်ပြီး သူ့စိတ်ထဲမှာတော့ သူရဲကောင်းတစ်ယောက်ပင်။ ဒါပေမယ့် ဘာကြောင့် ဒီလိုသူရဲကောင်းမျိုးက ဒီလိုကြုံရမှာလဲ။ အစ်ကိုကြီးရဲ့ ခြေထောက်က မသက်သာဘူးဆိုရင် နောက်ပိုင်း စစ်တပ်ထဲကို ပြန်ဝင်နိုင်မှာ မဟုတ်ဘူး။


 ဟန်အိုက်မင်က သူ့အစ်ကိုကြီး သူ ငိုနေတာကို မမြင်စေချင်တာကြောင့် ခေါင်းကို ငုံ့ထားလိုက်သည်။ အစ်ကိုကြီး အတွက် တော်တော်တောင် ဆိုးနေပြီ။


 စုယွဲ့က ဟန်အိုက်မင်၏ ပခုံးကို နှစ်သိမ့်သလို ပွတ်သပ်လိုက်သည်။ မင်းအစ်ကိုကြီးရဲ့ ခြေထောက်တွေ ကောင်းမှာလို့ ပြောချင်ပေမယ့် သူမ မပြောနိုင်သေးဘူး။


 စုယွဲ့က ဟန်အိုက်ကောကို ကြည့်လိုက်သော်လည်း သူသည် ဆရာဝန်ထက် အတည်ငြိမ်ဆုံးဖြစ်နေပြီး စိတ်တည်ငြိမ်ကြောင်း တွေ့ရှိခဲ့သည်။ ဆရာဝန်သည် ဝမ်းနည်းစွာဖြင့် မကူညီနိုင်သော်လည်း သူလုံးဝ စိတ်မသက်မသာဖြစ်နေပုံရသည်။


 တကယ်တော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ အဲဒါက သူ့နှလုံးသားထဲ ဖုံးကွယ်ထားရုံပဲ။


 စုယွဲ့က သူ့ကို စိတ်မသက်မသာဖြစ်စေတဲ့ ခြေထောက်ဒဏ်ရာအကြောင်း ထပ်မပြောချင်တော့ဘဲ အကြောင်းအရာကို တိုက်ရိုက်ပြောင်းလိုက်သည် - “အစ်ကိုဟန်က ခြေထောက် ဒဏရာပြပြီးပြီ။ ဒါဆို မုန့်ခြင်းနှစ်ခြင်း သွားရောင်းရအောင်။ ဒီနေ့ အကုန်ရောင်းရမလား မသိဘူး။”

 


 စုယွဲ့က မုန့်ရောင်းခြင်းအကြောင်းပြောသည်ကို နားထောင်ရင်း ဟန်အိုက်မင်က ယနေ့တွင် ငွေရှာရန် ကြီးကြီးမားမားတာဝန်ရှိနေဆဲဖြစ်ကြောင်း သတိရကာ ပြန်လည်လန်းဆန်းလာခဲ့သည်။


 အစ်ကိုကြီးက သူ့ခြေထောက်တွေကို ကုသဖို့ ပိုက်ဆံသုံးရမှာဆိုတော့ သူက သူ့အစ်ကို ခြေထောက်တွေ ကုသဖို့ ပိုက်ဆံပိုရှာရမယ်။


 သူတို့ သုံးယောက် ဆေးရုံက ထွက်လာတော့ စုယွဲ့ ဝမ်းဗိုက်က မြည်လာတော့ ကောင်းကင်ကို မော့ကြည့်လိုက်တော့ မွန်းတည့်ချိန်နီးနေပြီး နေ့လည်စာ စားချိန်ရောက်ပြီပင်။


 ဟန်အိုက်မင်က နွားလှည်းကို ရပ်တန့်ဖို့ အရိပ်ရတဲ့နေရာကို ရှာခိုင်းပြီး စုယွဲ့က သူမယူလာတဲ့ အစာခြောက်ကို ထုတ်လိုက်သည်။ “နေ့ခင်းစာ စားချိန်နီးနေပြီ။ မုန့်ရောင်းဖို့ အလျင်စလို မလုပ်နဲ့။နေ့လည်စာ အရင်စားရအောင်။”


 ဟန်အိုက်မင်က “ဝိုး” လို့အော်ကာ ပြောခဲ့သည်။ “အစ်မစုယွဲ့၊ စားဖို့ တစ်ခုခု ယူလာသေးတာလား။ နောက်မှ နေ့လည်စာစားဖို့ ဝူးထို့ ဝယ်ဖို့ စီစဉ်နေတာ”


 စုယွဲ့က ခြင်းတောင်းအပေါ် ဖုံးထားသောအ၀တ်စကို ဖွင့်ကာ အတွင်းထဲက အသားညှပ်ပေါင်မုန့်များ ထွက်လာခဲ့သည်။ “ဝူးထို့က အရသာမရှိဘူး။ အဲ့ဒါကို ဝယ်ဖို့ အစားအစာ တံဆိပ်တုံးတွေပါ လိုအပ်တယ်။ အဲ့ဒါကို မဝယ်နဲ့တော့။ မနက်ခင်းတုန်းက အသားညှပ်ပေါင်မုန့်ကို အထူးပြုလုပ်ထားတာ။ ဒါကို စား။”


 ဟန်အိုက်မင်က အနံ့ခံပြီး တံတွေးတွေ ထွက်လုမတတ် ဖြစ်နေခဲ့သည်။  “အစ်မ စုယွဲ့၊ ဒီအသားညှပ်ပေါင်မုန့်က အရမ်းအရသာရှိမှာပဲ။ အစ်မ လုပ်သမျှ အားလုံး အရမ်းအရသာရှိတယ်!”


 စုယွဲ့က တစ်ခုကို သူ့ဆီပေးပြီး နောက်တစ်ခုကို ဟန်အိုက်ကောကို ပေးကာ ပြောခဲ့သည်။  “မင်း အရသာရှိရင် များများစားလို့ရတယ်။ အစ်မ လုံလုံလောက်လောက် ပြင်လာတယ်။ မင်း ဝလောက်တဲ့အထိ”


 ဟန်အိုက်မင်က ရှက်ရွံ့စွာ ခေါင်းကုတ်ပြီး ပြောခဲ့သည်။ “အစ်မ စုယွဲ့၊ ကျွန်တော် အစ်မဆီက ပိုက်ဆံ နည်းနည်းလောက်ချေးချင်လို့။ အစ်မ ကျွန်တော့်ကို ပိုက်ဆံနည်းနည်းလောက်ပေးရင် အစ်ကိုနဲ့ ကျွန်တော့် နေ့လယ်စာစားမယ်”


 စုယွဲ့က ငြင်းခဲ့သည်။  “မင်း ငါ့ကို ယဉ်ကျေးပြီး ဘာလုပ်တာလဲ။ နောက်ကျရင် မင်းနောက် လိုက်စီးရမှာ မဟုတ်ရင် သေတဲ့အထိ လမ်းလျှောက်ရနိုင်တယ်။ နွားလှည်းအတွက် ပိုက်ဆံမပေးရဘူး။ မင်းအရမ်းယဉ်ကျေးချင်ရင် အစ်မ စုယွဲ့က စားဖို့ မတက်နိုင်တဲ့ မဖြစ်သေးတဲ့သူတွေကို ပေးလိုက်မယ်။ ယဉ်ကျေးမနေနဲ့။ မြန်မြန်စား။”


 စုယွဲ့ ဒီလိုပြောနေတာကို ဟန်အိုက်မင် ကြားတော့ သူ့အစ်ကိုကြီးကို ကြည့်လိုက်သည်။


 ဟန်အိုက်ကောက အနည်းငယ် ခေါင်းညိတ်ပြခဲ့ပြီး သူ့အစ်ကိုအကြီးဆုံး သဘောတူကြောင်း ဟန်အိုက်မင် သိသောကြောင့် ယဉ်ကျေးပျူငှာမနေတော့ဘဲ ပျော်ပျော်ရွှင်ရွှင် စားခဲ့ကာ ပထမဆုံး ကိုက်ပြီးနောက် ဝမ်းသာအားရ အော်ပြောခဲ့သည်။ “အစ်မ စုယွဲ့၊ အသားညှပ်ပေါင်မုန့်က ဝူးထို့ထက် ပိုကောင်းတယ်။ ဒါက အရသာရှိတယ်။ အသားထက်တောင် အရသာရှိသေးတယ်။”


 စုယွဲ့က ပြုံးပြီး ဟန်အိုက်ကောကိုကြည့်ဖို့ ခေါင်းကို လှည့်ကြည့်လိုက်တော့ သူက တစ်ကြိမ်မှာ တစ်ကိုက်စီစားပြီး အလေးအနက်ထားနေတာ တွေ့လိုက်ရတော့ ရှေ့ကို တိုးပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ မေးခဲ့သည်။ “အစ်ကိုဟန်၊ ကျွန်မ လုပ်တာ အရသာရှိတယ်လို့ ထင်လား” 


 သူမက သူနဲ့ နီးကပ်လွန်းသောကြောင့် သူ့ရနံ့ကို အနံ့ခံနိုင်သည်။


 ဟန်အိုက်ကောက ရုတ်တရက် စိတ်မသက်မသာဖြစ်သွားကာ သူမကို မကြည့်ဘဲ အသံတိုးတိုးဖြင့် ပြန်ဖြေခဲ့သည်။ “အရသာရှိတယ်” 


 သူ့တစ်ကိုယ်လုံး တောင့်တင်းနေသည်ကို မြင်လိုက်ရတော့ စုယွဲ့က သူမ နှလုံးသားထဲ တခစ်ခစ်ရယ်ကာ လှောင်ပြောင်နေတာကို ရပ်လိုက်ပြီး နောက်ပြန်ဆုတ်ကာ အသားညှပ်ပေါင်မုန့်ကို ထုတ်ပြီး ကိုက်လိုက်သည်။


 သူမ နောက်ဆုတ်သွားသည်ကို မြင်လိုက်ရပြီး နောက်ဆုံးတွင် လေထုထဲက မွှေးပျံ့သောရနံ့များက ပျောက်ကွယ်သွားသည်။ ဟန်အိုက်ကောက တိတ်တဆိတ် သက်ပြင်းချကာ နှလုံးခုန်သံက ပုံမှန်ပြန်ဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး နောက်ဆုံးတွင် ပုံမှန်အတိုင်း အသက်ရှုနိုင်လာသည်။


 သူ့မှာ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတော့ ဟန်အိုက်ကော အံ့အားသင့်သွားပြီး သတိလွတ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။


 သူမနဲ့ အတူရှိတိုင်း သူအခုလို သူ့စိတ်ခံစားချက်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။ ဒါက သူတစ်ခါမှ မမြင်ဖူးတဲ့ အခြေအနေတစ်ခုပင်။


 သူသည် မိန်းမများနှင့် လွန်စွာ မဆက်ဆံဖူးသော်လည်း ဤကဲ့သို့သော အမျိုးသမီးများကို မတွေ့ဖူးပေ။ စုယွဲ့က သူ့ကို ဤမျှ ထူးဆန်းအောင် လုပ်သည့် ပထမဆုံးလူဖြစ်သည်။


 အသက် ၃၀ နီးပါးရှိတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ သူ့ခံစားချက်တွေကို မခံစားဖူးပေမယ့် ဘာမှမသိတဲ့ အမွေးထူတဲ့ ကောင်လေးတစ်ယောက်တော့ မဟုတ်ပေ။


 သူ့မှာ သူမအတွက် ဒီလို အတွေးရှိသည်။


 ဒါကိုတွေးပြီး ဟန်အိုက်ကောရဲ့နှလုံးသားက တုန်လှုပ်သွားသည်။ ‘ဟန်အိုက်ကော၊ မင်းက မသန်မစွမ်းဖြစ်နေတာ၊ တခြားမိန်းကလေးတွေအတွက် မင်းဘယ်လို အတွေးမျိုးရှိနိုင်တာလဲ။ သူတို့ကို ဘယ်လို သဘောကျနိုင်တာလဲ။’ ဟန်အိုက်ကောက မြန်မြန် ရပ်တန့်လိုက်သည်။ ‘အဲ့ဒါကို မစဉ်းစားနဲ့။ ‘ ဤအရာများကို မစဉ်းစားသင့်ပါ။


 တွေးရင်းနဲ့ စိတ်ထဲမှာ တဖြည်းဖြည်း အေးစက်လာပြီး ပါးစပ်ထဲက အရသာရှိတာက ခါးလာခဲ့သည်။  


 စုယွဲ့က ဟန်အိုက်ကောတွင် တစ်စုံတစ်ရာ အမှားအယွင်းရှိနေသည်ကို မမြင်လိုက်ပေ။ သူမက ဟန်အိုက်ကောကို ယနေ့ထိ အသက်ရှင်ခွင့်ရစေရေးအတွက် သူမ၏အောင်မြင်မှုကို တိတ်တဆိတ် ပျော်ရွှင်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။


 သူမ တကယ် ပျော်သည်။ သူမက ဂုဏ်ပြုဖို့ ဒီည ပြန်ရောက်တဲ့အခါ နံရိုးစွပ်ပြုတ် လုပ်မည်။


 နေ့လည်စာကို ပျော်ရွှင်စွာစားပြီးနောက် စုယွဲ့က မုန့်ကြိုးလိမ်ကို ခြင်းနှစ်ခြင်းခွဲကာ အချိုနှင့် အငန် တစ်ဝက်စီကို ခွဲထားသည်။ နောက်ကျ သူမနဲ့ အိုက်မင်တို့က အဲ့ဒါကို ခွဲရောင်းကြလိမ့်မည်။


 ဟန်အိုက်မင်က စုယွဲ့ကို ပြောခဲ့သည်။ “အစ်မစုယွဲ့၊ ရောင်းဖို့ အထည်အလိပ်စက်ရုံ အဆောက်အအုံကို သွားလိုက်။ ကျွန်တော်က ရှေ့က ကျောင်းရဲ့ ဆရာနဲ့ ဝန်ထမ်းအိပ်ဆောင်ကို သွားမယ်။ အဲ့မှာ ကျောင်းတစ်ကျောင်းရှိတယ်။ ကျောင်းသားနဲ့ ဆရာတွေ အများကြီးရှိတယ်။ အဲဒီထဲမှာ နေထိုင်သူလည်း များတယ်။ ဆရာတွေရဲ့ လစာကလည်း မနည်းဘူး။ တစ်ယောက်ယောက်က ဝယ်သင့်တယ်။”


 စုယွဲ့က သူ့ကို သဘောကျစွာ ပုခုံးကို ရိုက်လိုက်ပြီး ပြောခဲ့သည်။ “တော်လိုက်တဲ့ ကောင်လေး၊ မင်းက ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိထားပြီးပြီ။ မင်းက အစ်မ စုယွဲ့ထက် ပိုတော်တယ်”


 ဟန်အိုက်မင်က မုန်းခြင်းကို ယူကာ ရှက်ရွံ့ပြီး သူ့အစ်ကိုအကြီးဆုံးကို ထားလျက် ထွက်ပြေးသွားခဲ့သည်။


 စုယွဲ့က ဝမ်းသာအားရပြုံးပြီး ဟန်အိုက်ကောဘက်လှည့်ကာ ပြောခဲ့သည်။ “အစ်ကိုဟန်၊ အထည်စက်ရုံသွားရအောင်၊ အစ်မကျန်း ကိုရောင်းဖို့ သွားရှာပြီး ဝယ်ချင်လားလို့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်ရမယ်။”


 ဟန်အိုက်ကောက တိတ်ဆိတ်နေပြီး ဟန်အိုက်ကောအစား နွားလှည်း မောင်းနှင်ကာ စုယွဲ့ကို အထည်ချုပ်စက်ရုံနောက်ဘက်ရှိ မိသားစုဝင်းဆီသို့ လိုက်ပို့ခဲ့သည်။


 ခြံအပြင်ဘက် ရောက်ချိန် စုယွဲ့က ပြောခဲ့သည်။ “အစ်ကိုဟန်၊ အစ်ကို ခြေထောက်တွေ အဆင်မပြေလို့ ဒီမှာ ထိုင်ပြီး စောင့်နေလေ။ ကျွန်မ ဝင်ပြီးတာနဲ့ မြန်မြန် ထွက်လာမယ်”


 ဟန်အိုက်ကောက သူမ ထိုနေရာသို့ တစ်ယောက်တည်းသွားမည်ကို အလွန်စိုးရိမ်နေသော်လည်း သူ့ခြေထောက်များကိုကြည့်ကာ သူမနောက်လိုက်လျှင် သူက အတားအဆီးတစ်ခုသာ ဖြစ်မည်ဖြစ်တာကြောင့် သူက သူမနှင့် အလွန်နီးကပ်စွာ မနေသင့်ပေ။


 ဟန်အိုက်ကောက ခေါင်းညိမ့်ပြီး ပြောခဲ့သည်။ “ကောင်းပြီ။ မင်းရဲ့ လုံခြုံရေးကို ဂရုစိုက်ပါ”


 စုယွဲ့က ခြင်းတောင်းကိုယူပြီး သူမ လှမ်းကြည့်ရင်း လက်ပြခဲ့သည်။ “စိတ်မပူပါနဲ့ အစ်ကိုဟန်။ ကျွန်မ မကြာခင် ပြန်လာခဲ့မယ်”


 စုယွဲ့က ခြံတွင်းရှိလူများကို အစ်မကျန်း၏ အိမ်အကြောင်းမေးခဲ့ပြီး တွေ့တော့ တံခါးခေါက်လိုက်သည်။


 တံခါးဖွင့်ဖို့ အစ်မ ကျန်း ကိုယ်တိုင် လာခဲ့တာပင်။ သူမက နေ့လယ်စာစားပြီးကာ အစားအသောက်ခန်းမက ပြန်လာခဲ့ပြီး မိသားစုကို အတူစားဖို့ ခေါ်သွားခဲ့တာမို့ အခု အိမ်မှာ ရှိနေခဲ့သည်။


 စုယွဲ့ ဖြစ်သည်ကိုမြင်ရသဖြင့် အစ်မကျန်းက ပျော်ရွှင်စွာနဲ့ သူမကို ဝင်ခွင့်ပြုခဲ့ပြီး သူမကို ရေထည့်ပေးဖို့ အလုပ်များနေကာ စုယွဲ့ စားဖို့အတွက် သကြားနှင့် ဖရဲစေ့များကို ကလေးကို ယူခိုင်းခဲ့သည်။


 စုယွဲ့က လျင်မြန်စွာ ပြောခဲ့သည်။ “အစ်မကျန်း၊ အလုပ်မရှုပ်နဲ့။ ကျွန်မ နေ့လယ်စာစားပြီးမှ လာတာ၊ အခု ဘာမှမစားနိုင်တော့ဘူး”


 အစ်မကျန်းက စုယွဲ့ရဲ့ ခြင်းတောင်းကို ကြည့်ပြီး မေးခဲ့သည်။ “မင်း အရသာရှိတာ တစ်ခုခု ချက်ပြီး ငါ့ဆီ ယူလာခဲ့တာလား။ ရှောင်စု မင်းရဲ့ လက်ရာက အရမ်းကောင်းတယ်။ မင်းလုပ်သမျှကို ဘယ်သူမှ မစားပဲမနေနိုင်ဘူး။ လက်မ ထောင်ရရင် မင်း ငါ့ကို နောက်ဆုံးရောင်းတဲ့မုန့်တွေပဲ။ ငါ လက်ဆောင်ပေးခဲ့တာ။ ဒါပေမယ့် သူတို့ကြိုက်တော့ ငါ ဘယ်မှာ ဝယ်ခဲ့လဲလို့မေးတယ်။ မင်း ငါးအတွက် နောက်တစ်ခေါက် ယူလာပေးလို့ရတယ်။”


 အစ်မကျန်း ကုန်ပစ္စည်းတွေ ကောင်းကောင်း ပို့ဆောင်ပေးတဲ့အတွက် ဝမ်းသာအားရ ဖြစ်ခဲ့သည်။ ဒါကြောင့် စုယွဲ့ပ သူမရဲ့ နှလုံးသားထဲမှာ အရမ်း ကျေးဇူးတင်ခဲ့သည်။


 စုယွဲ့က သူမယူလာတဲ့ ခြင်းတောင်းရဲ့အဖုံးကို တိုက်ရိုက်ဖွင့်ပြီး ပြောခဲ့သည်။ “အစ်မ၊ ဒီတစ်ခါ ညီမ ရောင်းဖို့ မုန့်ကြိုးလိမ်လေးတွေ လုပ်ထားတယ်။ အစ်မ အဲဒါကို အရင်မြည်းစမ်းကြည့်ပြီး ပြောကြည့်”


 စုယွဲ့က အစ်မကျန်းအတွက် မုန့်နှစ်ခုကို တိုက်ရိုက် ထုတ်ယူခဲ့သည်။


 အစ်မ ကျန်းက သူမ၏ ရက်ရောမှုကို မြင်ပြီး သူမ၏ နှလုံးသားထဲတွင် သူမကို ပိုနှစ်သက်လာသည်။ သူမသည် ရက်ရောသောသူများနှင့် ဆက်ဆံရတာကို နှစ်သက်ပြီး မိသားစုငယ်လေးကို ခေါင်းမာမာဖြင့် ရှာဖွေနေသူများနှင့် ဆက်ဆံရခြင်းကို မကြိုက်ပါ။


 အစ်မ ကျန်းက မယဉ်ကျေးဘူး။ မုန့်ကို ယူပြီး သူမကလေးတွေနဲ့ ယောက်ျားကြား ခွဲပြီး မြည်းစမ်းခိုင်းခဲ့သည်။


အစ်မကျန်း၏သားက ယခုနှစ်တွင် ငါးနှစ်၊ ခြောက်နှစ်ခန့်သာ ရှိသေးသည်။ မုန်းစားပြီးသောအခါတွင် အရသာထဲ နစ်မွန်းနေလေသည်။ သူ့ ပါးစပ်ထဲ မုန့်တွေနဲ့ ပြည့်နေပြီး သူ့အမေအား ပြောခဲ့သည်။“အမေ၊ မုန့်ကြိုးလိမ်ဝယ်!”


 အစ်မကျန်းက သူ့ဘာသာသူစားပြီး အရသာရှိတယ်လို့ ထင်တဲ့အတွက် သူမက ပြုံးပြီး ပြောခဲ့သည်။ “ကောင်းပါပြီ။ အမေ မင်းအတွက် ဝယ်ပေးမယ်။ မင်းက အစားပုတ်လေးပဲ!”


 အစ်မကျန်းက စာရင်းကိုင်တစ်ယောက်ဖြစ်ပြီး လစာလည်း မနည်းပေ။ သူမယောက်ျားက စက်ရုံမှာ ခေါင်းဆောင်ငယ် တစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစည်းဝင်ငွေက တော်တော်လေးကို များပြားလှသည်။ ဒါ့အပြင် ယောက္ခမလည်း မရှိဘူး။ ဒါကြောင့် သူမက ပိုက်ဆံကုန်ရင် ရှာမရမှာ စိတ်မပူဘူး။ ကလေးအတွက် ဝယ်ဖို့ အရမ်းဆန္ဒရှိသည်။


 ထို့ကြောင့် ယခုအချိန်တွင်၊ အစ်မ ကျန်းက အငန်နှင့် အချိုကို ၃ကတ်တီ ဝယ်ခဲ့သည်။ စုယွဲ့ ခြင်းတောင်းထဲတွင် အများကြီးကျန်နေသေးသည်ကို မြင်လိုက်ရသဖြင့်၊ အစ်မကျန်းက အခြားလုပ်ဖော်ကိုင်ဖက်များထံ တိုက်ရိုက်သွားပြီး ဝယ်ချင်လားလို့ မေးပေးခဲ့သည်။


 အစ်မကျန်း၏ အကူအညီဖြင့်၊ မုန့်များသည် အလွန်လျင်မြန်စွာ ရောင်းခဲ့ရပြီး လက်ထဲတွင်ရှိသော မုန်းများက တစ်နာရီအတွင်း ကုန်သွားသည်။


 စုယွဲ့က အလွန်ဝမ်းသာသွားပြီး အစ်မ ကျန်းကို ထပ်ခါတလဲလဲ ကျေးဇူးတင်ကာ ပြန်သွားပြီး မုန့်အချို့ ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။ ရှားပါးအစားအစာများကို နောက်တစ်ကြိမ် ပို့ဆောင်ပေးကာ တောင်းအလွတ်ဖြင့် ထွက်ခွာသွားခဲ့သည်။


 စုယွဲ့က မူလ သူမ အမြန်ရောင်းခဲ့သည်ဟု ထင်ခဲ့ပြီး ဟန်အိုက်မင်ကို အချိန်အတော်ကြာအောင် စောင့်ရမည်ဟု တွေးထားသော်လည်း သူမ ရောက်သွားသောအခါတွင် ဟန်အိုက်မင်က ပြန်ရောက်နေပြီဖြစ်သည်။


 စုယွဲ့ကိုတွေ့တော့ ဟန်အိုက်မင်က အရမ်းစိတ်လှုပ်ရှားသွားပြီး သူ့အလွတ်တောင်းကို မြှောက်ကာပြောခဲ့သည်။  “အစ်မ အားလုံးကုန်သွားပြီ!”


 “မြန်လိုက်တာ။ အိုက်မင် မင်းက အစ်မထက် အရည်အချင်းပိုရှိတယ်” စုယွဲ့က ရိုးရိုးရှင်းရှင်းလေးပဲ။ သူမ အရမ်းလေးစားတယ်။ သူက အရည်အချင်းရှိပြီး သူမ ကိုယ်တိုင်ထက် စီးပွားရေးလုပ်တာ ပိုကောင်းတာ သေချာသည်။


 ဟန်အိုက်မင်က ခေါင်းကုတ်ပြီး ရှက်ရွံ့စွာနဲ့ ပြောခဲ့သည်။ “ဟိုမှာ လူတွေများနေတယ်။ မြန်မြန်ရောင်းရတာ ဖြစ်သင့်တယ်”


 ဒါကိုပြောပြီးတာနဲ့ ဟန်အိုက်မင်က တစ်ခုခုကို သတိရသွားပြီး စုယွဲ့နဲ့ ဟန်အိုက်ကောကို ကြောက်တဲ့အကြည့်နဲ့ ကြည့်ပြီး ရုတ်တရက် ပြောခဲ့သည်။  “အစ်မ စုယွဲ့၊ အစ်ကိုကြီး၊ တခြားသူတွေဆီက ကြားရတာကို သိလား”


 စုယွဲ့မေးတာ မစောင့်ဘဲ ဟန်အိုက်မင်က သူ့သွားတွေကို ကြိတ်ပြီး ပြောခဲ့သည်။ “မနက်က မိန်းမကို ရိုက်နှက်တဲ့ အမျိုးသားနဲ့ တွေ့တယ်လို့ လူတွေက ပြောကြတာ ကြားလိုက်ရတယ်။ နောက်ပိုင်း တစ်စုံတစ်ယောက်က သည်းမခံနိုင်ဘဲ ရပ်တန့်ခဲ့ပေမယ့် ပြည်သူ့လုံခြုံရေးဗျူရိုမှ ဖမ်းဆီးတာကိုခံခဲ့ရတယ်။ နောက်တော့ အဲ့မိန်းမက လက်ကို ပြန်ကိုက်ခဲ့တယ်!”