အပိုင်း ၄၆
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၄၆ - ကံဆိုးမှု၊ ခေါက်ဆွဲ




စုယွဲ့က တစ်နေ့ခင်းလုံး ထိုင်ပြီး ပွတ်တိုက်ဆေးကြောရတာကြောင့် ပင်ပန်းနေခဲ့သည်။ အခန်းထဲပြန်ရောက်တော့ ကုတင်ပေါ်က မထနိုင်တော့ဘူး။


 ဟန်အိုက်ကောက ရေနွေးပုံးကို ကိုင်ဆောင်လာပြီး ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော သူမကို ကြည့်ကာ သူ့ နှလုံးသားက နွေးထွေးသွားသည်။ သူမ အခန်းထဲရောက်ပြီးရင် ဘယ်လောက်နွေးထွေးလဲဆိုတာ သူမ မမြင်ဖူးဘူး။


 သူ သူမဆီ လျှောက်သွားကာ ကုတင်စွန်းတွင် ထိုင်လျက် သူမ၏ ပါးပြင်ပေါ် လက်မနဲ့ ညင်သာစွာ ပွတ်သပ်ရင်း မေးခဲ့သည်။ “ပင်ပန်းနေပြီလား”


 စုယွဲ့ ပျင်းရိစွာ ညည်းရင်း သူမ လက်က နောက်ကျောကို ပွတ်သပ်လိုက်သည်။


 ဒါကိုမြင်လိုက်တာနဲ့ ဟန်အိုက်ကောက သူ့လက်ဖဝါးကြီးတွေကို ခါးပေါ်တင်ပြီး ညင်သာစွာ ပွတ်သပ်ပေးကာ နာကျင်မှုကို သက်သာစေပြီး စုယွဲ့လည်း သက်တောင့်သက်သာ အိပ်ပျော်လုနီးပါးပင်။


 မျက်လုံးတွေ မှိတ်ထားတာမို့ ဟန်အိုက်ကောက မေးခဲ့သည်။ “မင်းအတွက် ရေနွေးကျိုထားတယ်။ ရေချိုးပြီးမှ အိပ်ချင်လား”


 စုယွဲ့က ဒါကိုကြားတော့ မျက်လုံးဖွင့်ပြီး ပြောခဲ့သည်။ “လိုချင်တယ်!”


 ဆောင်းရာသီတွင် အေးပြီး ယခုအချိန်တွင် လေအေးပေးစက် သို့မဟုတ် အပူပေးစက် မရှိပါ။ ရေနွေးပူပူနှင့် ထင်းသုံးခြင်းအပြင် ဆောင်းရာသီတစ်လျှောက်လုံးတွင် ဤလူအများစုက ရေမချိုးကြပေ။ များသောအားဖြင့် မျက်နှာနှင့် ခြေဖဝါးများကို ဆေးကြောပြီး ရာသီဥတု ပူနွေးလာမှသာ တစ်ကိုယ်လုံး ရေချိုးကြသည်။ ပြီးရင် ခန္ဓာကိုယ်ကို ရေချိုးသုတ်ပုဝါနဲ့ ပွတ်ကြတယ်။ အနည်းဆုံး ချေးငါးပေါင်လောက် ပွတ်တိုက်၍ရနိုင်သည်။


 ဒါကို လူတိုင်းက ပုံမှန်လို့ထင်ကြပေမယ့် စုယွဲ့ကတော့ သည်းမခံနိုင်ဘူး။ သူမက သုံးရက်တစ်ကြိမ် ရေချိုးပြီး ကျန်နှစ်ရက်လောက်က ခန္ဓာကိုယ်ကို သုတ်ပေးရမှာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမတစ်ကိုယ်လုံး ရေမချိုးဖို့က သည်းမခံနိုင်ဘူး။ လီရှောင်ချင်းနဲ့ တခြားသူတွေတောင် သူမက သန့်ရှင်းမှုကို သိပ်ချစ်တယ်လို့ ထင်ကြသည်။ 


 ဒီနေ့နေ့လည်မှာ သူမအလုပ်လုပ်ထားရသည်။ သူမ ခန္ဓာကိုယ်က ညစ်ပတ်နေပြီဆိုတော့ စုယွဲ့က ကောင်းကောင်းရေချိုးတော့မယ်။


ဟန်အိုက်ကောက သူမ ရေချိုးတော့မယ်ဆိုတာ သိသည်။ သူမနဲ့ တစ်ခါမှ အတူမနေဖူးပေမယ့် သန့်ရှင်းရေးကို နှစ်သက်တယ်ဆိုတာ သူသိတယ်။ ဆောင်းရာသီမှာတောင် ဆံပင်ကို နှစ်ရက်တစ်ကြိမ် လျှော်သည်။ ဒါကြောင့် မကြာခဏ ရေချိုးတယ်လို့ ထင်ခဲ့တယ်။ ဒီအလေ့အထများကို စိတ်ရှုပ်စရာလို့ လုံးဝမတွေးခဲ့ပေ။အညစ်အကြေးများထက် သန့် ရှင်းနေခြင်းက ပိုကောင်းသည်။ရေနွေးကျိုရုံပဲ မဟုတ်ဘူးလား။ အနာဂတ်တွင် သူမအတွက် ပိုကျိုပေးမည်ဖြစ်သည်။


“ငါ မင်းအတွက် ရေနွေးကျိုထားပေမယ့် မင်း ဒီအတိုင်းချိုးရင် အေးလိမ့်မယ်။ ကိုယ် မင်းအတွက် ရေချိုးတဲလေး ထားလိုက်မယ်” ဟန်အိုက်ကောက ပြောကာ သူမအတွက် အထူးတာဝန်မှရထားသည့် တဲကို ထုတ်ယူပြီး ရေချိုးတဲအဖြစ် ချထားလိုက်သည်။ ခေါင်မိုး ထုပ်တန်းများပေါ်တွင် ချိတ်ဆွဲပြီး ပတ်ပတ်လည်ကိုဖွင့်ကာ ရေချိုးကန်ထဲထည့်ပြီး ရေနွေးလောင်းထည့်သည်။


 ဤရေချိုးတဲမျိုးသည် အေးသောအခါတွင် ရေချိုးရန် အထူးအသုံးပြုသည်။ စည်ပိုင်းတစ်ခုလုံးကို ဖုံးအုပ်ထားနိုင်သည်။ ရေပူမှ ထုတ်လွှတ်သော အပူသည် တဲအတွင်းမှ မပြေးနိုင်ဘဲ တဲထဲတွင်နေပါက ရေချိုးသည့်အခါ အလွန်အေးမည်မဟုတ်ပေ။ 


 မထင်မှတ်ပဲ သူက ဒါကိုတောင် ပြင်ဆင်ခဲ့တယ်။


 စုယွဲ့၏ မျက်လုံးများ တောက်ပလာပြီး သူမသည် ပြေးကာ တဲကို ရွှင်မြူးစွာ လှမ်းကြည့်လိုက်သည်။ တဲကို လှမ်းကြည့်လေလေ တဲလေး ကောင်းလေလေဟု သူမ ခံစားရလေလေပင်။ သူမဒီကိုလာရတဲ့အထဲမှာ အနာကျင်ဆုံးအရာတစ်ခုကတော့ ဆောင်းရာသီမှာ ရေချိုးရတာ ဖြစ်ပြီး ရေချိုးတိုင်း အအေးမိကာ တုန်တုန်ယင်ယင် အေးခဲနေတော့တာပဲ။ ဤအရာ ရှိပါသေးသည်ကို သူမ သိပါက၊ တစ်ခုလောက်ရရန် နည်းလမ်းရအောင် ရှာမည်ဖြစ်သည်။


 စုယွဲ့က တဲကိုဖွင့်၍ အတွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးများ တောက်ပလာသည်။ တဲအတွင်၌ ရေချိုးကန်နှင့် ဆင်တူပြီး ရေချိုးရန် အသုံးပြုနိုင်သော လူတစ်ဝက်ခန့်မြင့်သည့် သစ်သား စည်ပိုင်းတစ်ခု ရှိသည်။


 “ဒါက ဘယ်ကလာတာလဲ” စုယွဲ့က အံ့အားသင့်စွာ အော်လိုက်သည်။


ဟန်အိုက်ကော - “ကိုယ် မင်းအတွက် လုပ်ထားတာ။”


 စုယွဲ့က သူ့ကို မျက်လုံးဝိုင်းဝိုင်းနဲ့ ကြည့်ပြီးမေးခဲ့သည်။ “ရှင် လက်သမားအလုပ် လုပ်တက်သေးတာလား”


သူ့ကို အံ့အားသင့်လေးစားမှုဖြင့် ကြည့်နေခဲ့သောကြောင့် ဟန်အိုက်ကောက သူသည် လက်သမားကောင်းတစ်ယောက်ဖြစ်လိမ့်မည်ဟု ပထမဆုံးအကြိမ် ခံစားခဲ့ရပြီး အနည်းဆုံးတော့ သူမကို ပျော်ရွှင်စေမည်ဖြစ်သည်။ သူက လည်ချောင်း ရှင်းပြီး ပြောလိုက်သည်။ “ကိုယ် စစ်သားမလုပ်ခင် ရွာက လက်သမားဆီက သင်ယူခဲ့တာ။ ကိုယ် ကောင်းကောင်း မလုပ်တက်ဘူး၊ ဒါပေမယ့် အလုပ်ဖြစ်သွားခဲ့တာ။”


 စုယွဲ့ပ သူ့ရင်ခွင်ထဲသို့ လျင်မြန်စွာ ပြေးဝင်ကာ ခြေဖျားထောက်ကာ ရပ်ပြီး ပါးပြင်ကို နမ်းပြီး ပြောခဲ့သည်။  “ကောင်းလိုက်တာ အရမ်းကောင်းတယ် ကျေးဇူးတင်ပါတယ်! ကျွန်မ ရှင့်ကို ချစ်တယ်~”


 ဟန်အိုက်ကောက အနမ်းကြောင့် အံ့အားသင့်သွားပြီး “ချစ်တယ်” ဟူသော စကားလုံးကြောင့် သူ့နှလုံးသားထဲ ထပ်ကာထပ်ကာ အော်ဟစ်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးထဲရှိ အမူအရာက ပြောင်းလဲသွားကာ စုယွဲ့ကို ကြည့်သည့် အကြည့်များက မခံနိုင်လောက်အောင် ပူပြင်းလာသည်။


 ဒီလူရဲ့မျက်လုံးတွေ ပိုပိုပူလာတာကိုမြင်တော့ စုယွဲ့ပ အခြေအနေ နည်းနည်းဆိုးသွားတယ်လို့ ခံစားလိုက်ရပြီး သူမလက်နှစ်ဖက်ကို အမြန်ဖယ်လိုက်ကာ တွန်းထုတ်လိုက်သည်။  “ရေချိုးချင်တယ်၊ ရှင်သွားတော့ သွား” 


 ဟန်အိုက်ကော လည်ဇလုတ်က မသိမသာ လှိမ့်တက်သွားကာ မေးခဲ့သည်။ “အိမ်ထဲမှာ နေလို့မရဘူးလား?”


 စုယွဲ့ - “...ဟင့်အင်း! ထွက်သွား!”


 ဟန်အိုက်ကောက နောက်ဆုံးတွင် တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့နောက်က တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကို ကြည့်ကာ စိတ်ပျက်လက်ပျက် သက်ပြင်းချမိသည်။ သူမ သူ့ကို ဝင်ခွင့်မပြုကြောင်း သေချာသွားသည်။ ထို့နောက် သူသည် အိမ်နောက်ဖေးရှိ အခန်းခွဲတစ်ခုသို့ သွားခဲ့သည်။ ရေချိုးပြီးတော့ တံခါးမပွင့်သေးတာတွေ့လိုက်ရတယ်။ စုယွဲ့ ရေချိုးမပြီးသေးမှန်းသိတာနဲ့ အခန်းတံခါးမှာ ငြိမ်သက်စွာ စောင့်ဆိုင်းနေကာ တံခါးနတ်ဘုရားလိုပင်။


 ကံကောင်းထောက်မစွာနဲ့ ဒီအချိန်မှာ ကျန်သည့် ဟန်မိသားစုဝင်များက စောစောအိပ်ရာဝင်ခဲ့သည်။ အဲ့လိုသာ မဟုတ်ရင် အခန်းထဲကို စိတ်အားထက်သန်စွာကြည့်နေတဲ့ သူ့ကိုမြင်ပြီး တိတ်တိတ်လေး ရယ်မိကြလိမ့်မည်။


 နာရီဝက်ခန့်ရပ်ပြီးနောက် အခန်းတွင်းမှ တံခါးဖွင့်လာသည်။


 ဟန်အိုက်ကောက အခန်းထဲကို အမြန်ဝင်သွားပြီး သူဝင်လိုက်တာနဲ့ စုယွဲ့ရဲ့ ပါးပြင်တွေက နီရဲနေတာကို တွေ့လိုက်ရကာ ရေချိုးထားသောကြောင့် သူမ မျက်လုံးတွေက စိုစွတ်နေပြီး သူမ တစ်ကိုယ်လုံးက အထူးဆွဲဆောင်မှုရှိတဲ့ပုံပေါက်သွားသည်။


 သူ့ခေါင်းထဲ အသံတစ်သံကြားလိုက်ရပြီးဟန်အိုက်ကောက သူ့ခန္ဓာကိုယ်က တစ်ခုခု လှုပ်ရှားနေတာကို ခံစားလိုက်ရသည်။ အကြာကြီး ထိန်းထားတဲ့ သူ့အိုက်ကောလေးက မထိန်းနိုင်တော့ဘူး။ ရုတ်တရက် လန့်သွားပြီး အောက်ခြေမှာလည်း တုန်ယင်နေတယ်။ ထိုအရာက ထိန်းမနိုင်သိမ်းမရ တုံ့ပြန်ခဲ့သည်။


 သူမကို ကြောက်လန့်မှာစိုးသဖြင့် ဟန်အိုက်ကောက အသက်ပြင်းပြင်းရှူကာ ရေချိုးကန်ကို အိမ်နောက်ဖေးသို့ အေးအေးဆေးဆေး ရွှေ့ပြီး ရေ သွန်ကာ ပြန်လာသောအခါတွင် စုယွဲ့က ကုတင်ပေါ်တွင် လဲလျောင်းနေပြီဖြစ်သည်ကို သူ မြင်လိုက်ရပြီး မျက်လုံးများ မှိတ်ကာ တွေးလိုက်မိသည်။ ကုတင်ဘေးက ရေနံဆီမီးပိတ်သွားတော့ အခန်းက အမှောင်ကျသွားသည်။ ပြတင်းပေါက်မှ လရောင်အနည်းငယ်သာ ရောက်ရှိနေသဖြင့် ကုတင်ပေါ်မှ ပုံရိပ်များကို လူများမမြင်နိုင်တော့ပေ။


 စုယွဲ့က အလွန်စိတ်လှုပ်ရှားနေပြီး မျက်နှာကို စောင်ဖြင့်အုပ်ကာ အပြင်မှ လှုပ်ရှားမှုများကို ငြိမ်သက်စွာ နားထောင်နေသည်။


 အခုအချိန်မှာ ကြင်စဦးဇနီးမောင်နှံတွေဖြစ်တာကြာင့် နည်းနည်းတော့ တုန်လှုပ်မိသွားသည်။ လင်နဲ့မယားကြားက ဗဟုသုတတွေ အကုန်သိပြီး ဗီဒီယိုတွေကြည့်ပေမဲ့ တကယ့်လက်တွေ့တော့ လုံးဝမရှိဘူး။ ထိုအချိန်တွင် သူမသည် သတ်ခံရမည့် သိုးကလေး ဖြစ်နေသကဲ့သို့ ခံစားလိုက်ရကာ နှလုံးက တဒိန်းဒိန်းခုန်လာသည်။


ဒါပေမယ့် သူမက အတွေ့အကြုံမရှိသူပါ။ ဒါက ဟန်အိုက်ကော အတွက် ပထမဆုံးအကြိမ် ဖြစ်သင့်သည်။ ဒီခေတ်မှာ အချက်အလက်နည်းကာ မိုဘိုင်းလ်ဖုန်း၊ ကွန်ပြူတာ၊ အင်တာနက်လုံးဝမရှိပေ။ ထူးထူးခြားခြား ဗဟုသုတအချို့ကို လေ့လာရန်ခက်ခဲသောကြောင့် သူသည် ယခင်က မလေ့လာသင့်ပေ။ သူသည် သူမကဲ့သို့ပင် ကောင်းမွန်မည်မဟုတ်ပေ။


သူမ သူလုပ်နိုင်မလား မသိဘူး။ မဟုတ်ရင် သူမ ဖြူစင်ဟန်ဆောင်ပြီး နောက်မှ ကူညီပေးရမလား။ 


 စုယွဲ့က သူမယောက်ျားရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုကို မထိခိုက်စေဘဲ အေးအေးဆေးဆေး သင်ပေးနိုင်မယ့်နည်းကို တွေးနေချိန်မှာပဲ တစ်စုံတစ်ယောက်က ဂရုမစိုက်ဘဲ စောင်ထဲကို ၀င်သွားခဲ့ပြီး သူမ ဘယ်တော့မှ သင်ပေးနိုင်မှာမဟုတ်ချေ။ သူသည် ၎င်းကို သုံးကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြတ်ပြီးနောက် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ရှေ့တက်သွားခဲ့သည်။


 ထို့နောက် စုယွဲ့က သူ့အား အရာများကို သင်ပေးရန် အချိန်မရှိခဲ့ပေ။


 ————


 နောက်တစ်နေ့ စုယွဲ့ မှုန်ဝါးဝါး အိပ်ရာမှ နိုးလာသောအခါတွင် သူမ စိတ်ထဲ ပထမဆုံး တွေးမိသည်မှာ- သူမသည် နုံအလွန်းနေပုံရပြီး ယောက်ျားများကို အလွန်အကျွံ နားမလည်ခဲ့ပေ။ ကံကောင်းထောက်မစွာပင် မနေ့ညက သူ့ကို သင်ပေးမလားဟု တွေးနေမိသေးသည်။ သင်ပေးဖို့ လိုလို့လား၊ မလိုအပ်ဘူးဆိုတာ သိသာတယ်။


 သူ့ကြောင့် သူမအသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။


လူတို့သည် မိမိကိုယ်ကို သင်ကြားနိုင်သော သတ္တဝါများဖြစ်သည်ဟု လူတို့ပြောကြသည်မှာ အံ့သြစရာမဟုတ်ပေ။ ငါ့က ရိုးရှင်းတာကို လက်မခံချင်ခဲ့တာပဲ။


 စုယွဲ့ကို သူမ၏ခါးက ထရန် ကူညီပေးခဲ့ပြီး ဟန့အိုက်ကောက ကုတင်ပေါ်တွင် မရှိသည်မှာ ကြာပြီဖြစ်ပြီး အပြင်ဘက်တွင် ကစားနေသည့် ကလေးများ၏ မရေမတွက်နိုင်သော ဆူညံသံများထွက်ပေါ်လာသည်။


 ချွတ်ထားသော နာရီကို အမြန်ယူလိုက်ပြီး ကြည့်ခဲ့ကာ သူမမြင်လိုက်ရတော့ အံ့သြသွားသည် - ဆယ်နာရီခွဲနေပြီ။


 ဘုရားရေ။ သူမ ဆယ်နာရီခွဲအထိ အိပ်ခဲ့တယ်။


 စုယွဲ့ သူမဘေးနားရှိ အဝတ်အစားများကို အမြန်ဆွဲယူပြီး ဝတ်လိုက်သည်။ သူမ၏ အဆင်မပြေသော ခန္ဓာကိုယ်နှင့် ပြေးထွက်သွားခဲ့သည်။ ရလဒ်အနေဖြင့် သူမ တံခါးမှ ထွက်သည်နှင့် တပြိုင်နက် ကျယ်ကျယ်သော ပွေ့ဖက်မှုထဲသို့ ပြေးဝင်သွားခဲ့ကာ နောက်စက္ကန့်တွင် လက်ကြီးကြီးတစ်စုံကာ သူမ၏ခါးကို ပွေ့ဖက်ထားခဲ့သည်။


 “နိုးပြီလား ဗိုက်ဆာနေပြီလား”


 စုယွဲ့က သူမရှေ့ကလူကို မျက်စောင်းထိုးလိုက်သည်။သူမကိုသတ်တဲ့လူက ဒီလူပဲ။ သူမ အိပ်ရာထတာက အရမ်းနောက်ကျပြီး ဝက်တောင် ဘာကြောင့်လဲဆိုတာ သိသည်။ တခြားသူတွေလည်း တွေးနေကြမှာပဲ။ အဘွားကြီးကို တွေ့ရင် ရှက်စရာမကောင်းဘူးလား။


စိုက်ကြည့်နေရင်း ဟမ်အိုက်ကောက ပြုံးပြီး သူမပါးကို ထိကာ ပြောခဲ့သည်။”မင်းအတွက် အိုးထဲမှာ ဂျုံယာဂုနဲ့ ပန်ကိတ်တွေ ထားခဲ့တယ်။ ဆေးကြောပြီး သွားစားချေ။”


 စုယွဲ့က တခြားဘာလုပ်နိုင်မလဲ။ သူမ သူ့ကို တွန်းဖယ်ပြီး ခြံထဲမှာ ဆေးကြောလိုက်သည်။


 ဟန်အ်ုက်ကောက သူမကို ခဏလောက်ကြည့်ပြီးနောက် ပြောခဲ့သည်။ “ဒုတိယနဲ့ တတိယမိသားစုအတွက် အိမ်တစ်လုံးသွားဆောက်ကူပြီး နေ့လည်စာစားဖို့ ပြန်လာမယ်” 


 စုယွဲ့က ရယ်ခဲ့ပြီး သူထွက်သွားတာကိုမြင်တော့ ခေါင်းကိုက်ပြီး မီးဖိုချောင်ထဲဝင်ခဲ့သည်။


 မီးဖိုချောင်ထဲမှာ အဘွားကြီး ဟန်က သူမ ဝင်လာတာကို တွေ့လိုက်ရသည်။ သူမမျက်နှာမှာ ထူးထူးခြားခြား အရိပ်အယောင်မရှိဘူး၊ ခါတိုင်းလို ပြုံးပြီး ပြောခဲ့သည်။ “ထမင်းလာစားတော့ ပူနေသေးတယ်”


 စုယွဲ့က အမေလို့ခေါ်ဖို့ အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ဗီရိုထဲမှ ပန်းကန်များနှင့် တူများကိုယူလိုက်သည်။ ထို့နောက် အဖုံးဖွင့်ပြီး ယာဂုကို ပန်းကန်အပြည့်ဖြည့်ကာ ပြောင်းဖူးမုန့်နှစ်တုံးကို ယူခဲ့ပြီး စားပွဲသေးသေးလေးတွင် ဝင်ထိုင်လိုက်ကာ စားနေချိန်အတွင်း မစ္စဟန်ကို မကြည့်ဝံ့ပေ။


 အဘွားကြီးဟန်က အလုပ်များနေလျက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြည့်ခဲ့ကာ သူမမျက်နှာမှာ ရွှင်လန်းမှုအပြည့်ရှိသည်။


 စုယွဲ့က ယာဂုကို မျိုချလိုက်ပြီး အဘွားအိုကို မော့ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် မေးခဲ့သည်။ “အမေ၊ အမေ ကျွန်မကို ဘာလို့အမြဲကြည့်နေတာလဲ။ ကျွန်မ မျက်နှာမှာ ပိုက်ဆံမှ မရှိတာ။”


 အဘွားအိုက ရယ်မောရင်း ပြောခဲ့သည်။ “ အမေက အိုက်ကော မင်းကို မင်းကို အိမ်ခေါ်လာနိုင်လို့ ပျော်ရွှင်တယ်။ အမေက မနေ့ညက မင်းတို့ အဖေကို အိပ်မက်မက်ခဲ့ပြီး သူလည်းပျော်နေတယ်။ အိုက်ကော မင်းကိုလက်ထပ်တာတွေ့တယ်လို့ သူပြောတယ်။ စိတ်မပူနဲ့။ အမေက မင်းတို့အဖေကို ရှင်းပြဖို့သွားလိမ့်မယ်။”


 စုယွဲ့က လျင်မြန်စွာပြောခဲ့သည်။  “အမေ၊ ဆက်မသွားနိုင်တော့ဘူးလို့ ပြောနေတာလဲ။ အဲ့လို မပြောပါနဲ့။ အမေက အသက်ရှည်လိမ့်မယ်။”


 မစ္စဟန်က ထပ်ရယ်ခဲ့သည်။  “အိုကေ၊ အမေ ဘာမှမပြောတော့ဘူး။ အမေက အရမ်းပျော်နေတယ်။ အိုက်ကောက မင်းလက်ထပ်နိုင်မယ်လို့ မထင်ခဲ့ဘူး။ အမေက သူ့အနှစ် ၃၀ ရဲ့ကံဆိုးမှုကို ဇနီးနဲ့လက်ထပ်ဖို့ သုံးခဲ့တယ်လို့ ထင်တယ်။


 စုယွဲ့က ပြုံးလိုက်သည်။  “အမေ့၊ အရမ်းချဲ့ကား မပြောပါနဲ့၊ ကျွန်မ အမေ့ကို ရှက်ရစေလိမ့်မယ်”


 အဘွားကြီး ဟန် - “အမေ ချဲ့ကားမပြောပါဘူး။ အမေပြောတာ အမှန်ပဲ။ ကလေးဘဝကနေ အရွယ်ရောက်ပြီးတဲ့အထိ အိုက်ကော ဘယ်လောက်ကံဆိုးလဲ မင်းမသိဘူး။ ဘာလို့လဲဆိုတော့ အမေက ဗေဒင်ဆရာကို တိတ်တိတ်လေးတွေ့ပြီး သူငယ်ငယ်က ဗေဒင်မေးဖူးတယ်။  သူ့ကံက ညံ့ဖျင်းပြီး ကံဆိုးတယ်လို့ ပြောခဲ့ပေမယ့် သူ့အမေအနေနဲ့ကတော့ စိတ်မကောင်းဖြစ်ရပါတယ်…”


 စုယွဲ့က နှလုံးသားထဲထိ အံ့အားသင့်သွားကာ ဟန်အိုက်ကောရဲ့ဘဝက ကြမ်းတမ်းပြီး ကံဆိုးမှုတွေကြောင့် ဖြစ်ရတယ်လို့ စနစ်က ပြောဖူးသည်။ ဒီဗေဒင်ဆရာ တကယ်ရှိတာလား ဒါမှမဟုတ် ရှုပ်ထွေးနေတာလား။


 “အမေ၊ ဗေဒင်ဆရာက ဘာပြောသေးလဲ။”


 မစ္စစ်ဟန်- “ဗေဒင်ဆရာက အိုက်ကော ကံ

ကြမ္မာကို မပြောင်းလဲနိုင်ဘူးလို့ပြောတာ။ အဲ့လို မဟုတ်ရင် လူတစ်ယောက်ထဲကပဲ အိုက်ကောကံကြမ္မာကို ပြောင်းလဲနိုင်တယ်တဲ့”


 ထိုအကြောင်းကိုပြောရင်း အဘွားအိုက စုယွဲ့ကိုကြည့်ပြီး ပြုံးကာ ပြောခဲ့သည်။ “အမေက အရင်က တစ်ဝက်လောက်ပဲယုံခဲ့ပေမယ့် အခု မင်းကို အိုက်ကောက ရှာတွေ့ခဲ့တယ်။ အမေက ဗေဒင်ဟောတာ မှန်တယ်လို့ ထင်နေတယ်။ မင်းက အမေတို့ အိုက်ကောရဲ့ ကံကောင်းတဲ့ကြယ်ပွင့်လေးပဲ။ အိုက်ကော ပြန်လာပြီး ခြေထောက် ဒဏ်ရာရတော့ ဝမ်မိသားစုက သဘောမတူတော့ဘူး။”


 စုယွဲ့ လျှို့ဝှက်စွာ အံ့အားသင့်သွားသည်။ ဒီဗေဒင်ဆရာက သဘာဝလွန် တန်ခိုးတွေ ရှိတာလား။ သို့မဟုတ်ပါက၊ ဟန်အိုက်ကော ကံကြမ္မာကို ပြောင်းလဲရန် ရည်မှန်းထားသော လူတစ်ယောက် ရှိမည်ကို သူ မည်သို့ တွက်နိုင်မည်နည်း။


 အဲ့ဒီလူက သူမ မဟုတ်ဘူးလား?


 စုယွဲ့က ဒီကိစ္စကို စိတ်မ၀င်စားဘဲ မနေနိုင်တော့ဘဲ အသေးစိတ်မေးခဲ့သည်။ “အမေ၊ အိုက်ကောရဲ့ အရင်က အကြောင်းတွေ ပြောပြပါလား။” 


 အဘွားကြီး ဟန်က စကားစမြည်ပြောဖို့ တစ်ယောက်ယောက်က သူမကို လိုက်လာဖို့ မျှော်လင့်နေတာကြောင့် အသေးစိတ်ကို ပြောခဲ့သည်။


“ အမေ အရင်က အိုက်ကောနဲ့ ပတ်သက်ပြီး ဘယ်လောက်စိုးရိမ်နေမှန်း မင်း မသိဘူး။ တကယ်တော့ အမေတို့မိသားစု ကလေးလေးယောက်ရှိတဲ့အထဲက အမေက သူ့အတွက် အစိုးရိမ်ဆုံးပဲ။ ဒီကလေးကို ဘယ်လိုလုပ်ရမှန်းမသိဘူး။ သူ ငယ်ငယ်ထဲက ကံဆိုးပြီး အမြဲတမ်း မှားခဲ့ဖူးတယ်။ ဥပမာအနေနဲ့ တစ်နှစ်က ဒီမှာ တစ်လလောက် မိုးအဆက်မပြတ်ရွာခဲ့ပြီး မြစ်ရေ တက်လာပြီး တံတားနီးနီး ရေက ရှိနေပြီ။ တစ်နေ့မှာ အိုက်ကောနဲ့ ကောင်လေးအနည်းငယ်က သစ်သားတံတားလေးကို ဖြတ်ကူးကြတယ်။ တခြားသူတွေက ရောက်သွားကြပြီး သူ သွားရမယ့် အလှည့်ရောက်တော့ တံတားက ချက်ချင်း ကျိုးသွားပြီး အိုက်ကောက ရေထဲကျသွားခဲ့တယ်။ ရေက အရမ်းနက်ပြီး လူတွေ ကျသွားရင် ပျောက်သွားမှာကို စိုးရိမ်ရတယ်။”


 စုယွဲ့က ကြားလိုက်ရသောအခါ နှလုံးသား တုန်လှုပ်သွားပြီး မေးခဲ့သည်။ “ဒါဆို ဘာဆက်ဖြစ်သွားလဲ”


 “ကံကောင်းတာက အိုက်ကောက ရေကူးတာ အရမ်းတော်တယ်။ သူက အမေ့ကို ငယ်ငယ်လေးကတည်းက အလုပ်မှာကူညီပြီး လေ့ကျင့်ခဲ့တယ်။ သူက ရေ ကူးခတ်ခဲ့ပြီး နောက်ဆုံး သူက မြစ်ကမ်းစပ်ကို ရေကူးနိုင်ခဲ့ပြီး ရအောင်တက်ခဲ့တယ်။ အမေ့မှာ မောပန်းဖို့ ခွန်အားမရှိခဲ့ဘူး။ သူပြန်ရောက်ပြီးနောက်မှာ အဖျားရှိလာပြီး မီးကျွမ်းလုနီးပါးပဲ။ အမေက သူ့အတွက် ဆရာဝန်ရှာဖို့ နေရာတိုင်းကို ခေါ်သွားခဲ့ရပြီး နောက်ဆုံး သူ့အသက်ကို ကယ်နိုင်ခဲ့တယ်။”


 စုယွဲ့က ဤအရာသည် ကံဆိုးလွန်းသည်ဟု တွေးထင်မိသည်။ သူ့ကံတရားက ကုန်ဆုံးလုနီးပါးဖြစ်နေပြီဟု စနစ်ကပြောခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ သူသည် ငယ်စဉ်ကတည်းက စိတ်လှုပ်ရှားစရာများစွာကို ကြုံတွေ့ခဲ့ရသည်။


 မစ္စဟန်က သက်ပြင်းချခဲ့သည်။ “ဒီလိုအရာတွေ အများကြီးဘဲ။ ငယ်စဉ်ကတည်းက ကံဆိုးမှုတွေ ဘယ်လောက်များ ကြုံခဲ့ရမှန်းကို မသိခဲ့တာ။ ကံကောင်းထောက်မစွာနဲ့ အဆုံးမှာ ဘာအန္တရာယ်မှ မရှိဘဲ ကြီးပြင်းလာခဲ့တယ်။နောက်ပိုင်း သူ စစ်သားအဖြစ် အမှုထမ်းတော့ အမေက သူ့ကို မတွေ့ရတော့ဘူး။ သူဒဏ်ရာ ရမလား အန္တာရာယ်ရှိမလား စိတ်ပူခဲ့တယ်။ ဒါပေမယ့် သူက အကောင်းအဆိုးကို အမြဲပြောပြီး အမေ့ကို ဘယ်တော့မှ စိတ်မပူစေခဲ့ဘူး။ ဒါပေမယ့် အမေ စိတ်ထဲမှာ မတင်မကျပဲ။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရှိနေပြီး တချို့က ကျန်နေသေးတယ်။ ဒဏ်ရာဒဏ်ချက်တွေက နက်နဲပြီး ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ခံခဲ့ရမှန်းမသိဘူး။”


 အဘွားအိုက မျက်လုံးတွေ နီရဲလျက် ပြောခဲ့သည်။ “ဒီတစ်ခါက ပိုဆိုးတယ်။ ခြေထောက်က ဒဏ်ရာက အရမ်းပြင်းထန်တော့ ဆေးရုံကြီးတွေတောင် မကုသနိုင်ဘဲ ဆရာဝန်တွေတောင် စွန့်စားရတယ်။ အမေက အိုက်ကော ဒီအတိုင်းပဲ ဖြစ်နေမယ် ထင်ခဲ့တာ။ နောက်ဆုံးတော့ ပျောက်ကင်းသွားမယ်လို့ မမျှော်လင့်ထားဘူး။ အမေ ဘယ်လောက်ပျော်နေမှန်း မင်းမသိဘူး”


 စုယွဲ့က မတ်တပ်ထရပ်ပြီး အဘွားကြီးရဲ့ ပခုံးကို ပွတ်သပ်ရင်း ပြောခဲ့သည်။”အမေ၊ စိတ်မပူပါနဲ့။ ကျွန်မက အစ်ကိုအိုက်ကောရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်လေးလို့ မပြောဘူးလား။ သူက အနာဂတ်မှာ ကျွန်မနဲ့ အဆင်ပြေမှာပါ”


 မစ္စဟန်က မျက်လုံးထောင့်များကို သုတ်ကာ ခေါင်းငြိမ့်ကာ ပြုံးလျက် ပြောခဲ့သည်။  “ဟုတ်တယ် အမေ စိတ်မပူတော့ဘူစ။ အမေက မင်းကို ဗေဒင်ဆရာ ပြောတဲ့လူပဲလို့ အမြဲတမ်း ထင်နေတာ။ မင်းသာ အိုက်ကောနဲ့ရှိရင် စိတ်ပူစရာ မလိုတော့ဘူး။ ”


 သူမတို့နှစ်ယောက် စကားပြောနေချိန် ဆယ့်တစ်နာရီထိုးသွားတော့ အဘွားကြီး ဟန်က ပြောခဲ့သည်။ “အမေ နေ့လည်စာ ပြင်မယ် ယွဲ့အာ စားချင်လား ဒီနေ့ ဘာစားရမလဲ”


 မနေ့က ဝက်အရိုးတွေ ကျန်သေးတယ်လို့ စုယွဲ့ ကြားခဲ့တာကြောင့် မေးခဲ့သည်။  “အမေ၊ မနေ့က ဝက်အရိုးကျန်သေးလား” 


 အဘွားကြီး ဟန်က ခေါင်းညိတ်ပြီး ပြန်ဖြေခဲ့သည်။ “ဒါပေမယ့် အရိုးပေါ်က အသားတွေကို ရှင်းပြီးပြီ။ စားစရာ မရှိတော့ဘူး”


 စုယွဲ့ - “မေမေ၊ အဲဒီအရိုးက ကောင်းတယ်။ ဟင်းချိုချက်ဖို့ သုံးလို့ရတယ်။ နေ့လယ်မှာ ခေါက်ဆွဲစားရအောင်”


 “ခေါက်ဆွဲလား?” အဘွားကြီး ဟန်က ခေါက်ဆွဲကို မစားရသေးပေမယ့် စုယွဲ့ လုပ်ထားသရွေ့တော့ မဆိုးဘူးဆိုတာ သူမသိတာမို့ ဝမ်းသာအားရနဲ့ ပြောခဲ့သည်။ “အမေက နေ့လည် အနားယူပြီး နေ့လည်စာကို မင်းနဲ့ထားခဲ့တော့မယ်။”


 “ဘာပြဿနာရှိဘူး အမေ၊ အနာဂတ်မှာ ချက်ပြုတ်ခွင့်ပြုပါ” စုယွဲ့က အရိုးတွေကို အိုးထဲထည့်ပြီး စွပ်ပြုတ်စပြတ်တဲ့ တစ်ချိန်တည်းမှာပဲ စားပွဲကို ရေနဲ့ သေချာဆေးကာ ဂျုံနှယ်ပြီး ဆီးထည့်ပြီး နာရီဝက်ခန့်နှက်ခဲ့သည်။


 ဂျုံရမည့်အချိန်ကို အခွင့်ကောင်းယူပြီး စုယွဲ့က အခြားဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ပြီး ကြက်သွန်ဖြူနှင့် ဂေါ်ဖီမုန်လာဥအချို့ကို ရွေးယူရန် ဟင်းသီးဟင်းရွက်ဥယျာဉ်သို့ သွားကာ ရေဆေးပြီး လှီးဖြတ်လိုက်သည်။


 ဒီအချိန်မှာ ဂျုံ ရလာတော့ မုန့်စိမ်းကို အမြှောင်းလေးဖြစ်အောင် ဆုပ်နယ်ပြီး တစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆန့်ထုတ်ကာ၊တစ်ချိန်တည်းမှာပဲ အပေါ်နဲ့အောက် လေးထောင့်ကွက်လေးလုပ်လ်ုက်ကာ နှစ်ပိုင်းဖြတ်လိုက်သည်။  တစ်မျိုးကို လေးပိုင်းခွဲကာ...နောက်ဆုံးတော့ သူမလက်ထဲမှာ ခေါက်ဆွဲက ပိုပိုပြီး ပါးလာသည်။ နောက်တစက္ကန့်မှာ ကွဲတော့မယ့်ပုံပဲ။ အဘွားကြီး ဟန်က အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။


 သို့သော် အဘွားကြီး၏ စိုးရိမ်ပူပန်မှုများက မလိုအပ်တော့သည်မှာ သိသာထင်ရှားသည်။ မုန့်စိမ်းက စုယွဲ့ လက်ထဲတွင် အသက်ရှင်နေသကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် အရှိန်အဟုန်ပြင်းစွာ အတက်အဆင်းဖြစ်နေပြီး နောက်ဆုံးတွင် နောက်ဆက်တွဲတစ်ခုပင် ရှိလာသည်။


 အဘွားကြီး ဟန်က မျက်လှည့်ပြပွဲကို ကြည့်နေသလိုမျိုး ခံစားမိသော်လည်း သူမ နှစ်သက်သည်။


 မုန့်စိမ်းကို ဆွဲပြီးနောက် စုယွဲ့က ခေါက်ဆွဲကို ကျိုထားသောအရိုးဟင်းရည်ထဲသို့ထည့်ကာ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံထည့်ခဲ့ပြီး မီးဖိုချောင်ထဲတွင် မွှေးရနံ့များ တစ်ပြိုင်နက် ပြည့်နှက်လာသည်။


 မကြုံဖူးသော ရနံ့ပင်။


 အဘွားကြီး ဟန်က အိုးထဲရှိ ခေါက်ဆွဲကို ကြည့်ကာ ရှူရှိုက်ရင်း မနေနိုင်ဘဲ မေးခဲ့သည်။ “အိုး၊ ဒီခေါက်ဆွဲက ဘာလို့ အရမ်းမွှေးနေတာလဲ၊ စားချင်လာပြီ”


 စကားပြောပြီးသည်နှင့် ကလေးနှစ်ယောက်က မီးဖိုချောင်ထဲသို့ ၀င်လာသည်။ ကောင်လေးနှစ်ယောက်ဖြစ်သော ရှောင်လိန်နှင့် မြောင်မြောင်က အပြင်မှ ပြေးဝင်လာကာ ခွေးနှာခေါင်းနဲ့ အနံ့ရူပြီး ဗိုက်ဆာကြောင်း အော်ခဲ့သည်။ “ငါတို့ ဗိုက်ဆာနေပြီ။ ဘာအရသာရှိလဲ၊ ငါတို့စားဖို့ တစ်ခုခုပေး”


 အဘွားကြီး ဟန်က ရှုံ့တွနေတဲ့ မျက်နှာနဲ့ ပြောခဲ့သည်။ “မင်း ဗိုက်ဆာနေတဲ့အချိန်မှာ မင်းအမေဆီ သွားပါ။ နေ့တိုင်း အဖွားကိုရှာပြီး မင်းဘာစားရမယ်မှန်း မတွေးနေနဲ့”


 ရှောင်လိန်ရဲ့ လက်တွေနဲ့ သူ့မျက်နှာပေါ်မှာ ရွှံ့တွေ ပေပွနေပြီး ဘယ်ကရလာမှန်းမသိဘူး။ သူက လက် မဆေးဘဲ အိုးခုံပေါ်တက်ကာ အရသာရှိသော အစားအစာကို လက်ဖြင့်စားရန် နှိုက်ခဲ့သည်။”ငါ့အမေက ဝူးထို့ လုပ်တယ်၊ ငါ ဝူးထို့ မစားဘူး၊ အဖွား အိုးထဲကဟာ စားချင်တယ်”

  


 အဘွားကြီး ဟန်က သူ့လက်ထဲက ရွှံ့တွေကို ကြည့်ပြီး ဒေါသနဲ့ ရိုက်ကာ ပြောခဲ့သည်။ “မင်းလက်ကို မဆေးဘဲ အိုးထဲမှာ ထည့်ခဲ့ရင် လူတိုင်းမစားနိုင်တော့ဘူးမဟုတ်လား။ ပြန်သွားပြီး မင်းအမေကို လက်ဆေးခိုင်းလိုက်!”


 ရှောင်လိန်က အရှက်မဲ့စွာ ငြင်းဆန်ပြီး ပြောခဲ့သည်။ “မင်းက တွန့်တိုတဲ့ သူပဲ။ ငါတို့ကို အရသာရှိတဲ့ တစ်ခုခု မပေးချင်ဘူးမလား။  မင်း**** အဲဒါပဲ!”


 အဘွားကြီးက ဒေါသအရမ်းထွက်ပြီး မီးဖိုဘေးက သူ့ကို ပွေ့ဖက်ရင်း ပြောခဲ့သည်။ “မင်း အဖွားက တွန့်တိုတယ်လို့ ဘယ်သူက သင်ပေးတာလဲ။ မင်းကို အဖွားကျွေးလေ့ရှိတဲ့ ကောင်းတဲ့အရာတွေက ခွေးတွေကို ကျွေးခဲ့တာလား။ နောက်ကျရင် မင်းစားချင်တာကို လာရှာမနေနဲ့ ပြန်သွားပြီး မင်းအမေကို သွားရှာပါ”


 ရှောင်လိန်က မလွှတ်ဘဲ မီးဖိုကို ဆုပ်ကိုင်ထားရင်း အော်ဟစ်ခဲ့သည်။ “မင်း တွန့်တိုတာ၊ တွန့်တိုတာ၊ မင်းက အဖွားဆိုးပဲ” 


 ရှောင်လိန် ငိုနေတာကိုမြင်တော့ မြောင်မြောင်က ဒီလို ငိုရင် အဖွားက အရသာရှိတဲ့ အစားအစာတွေကို ပေးလိမ့်မယ်ဆိုပြီး ပါးစပ်ကိုဖွင့်ကာ ငိုခဲ့သည်။


 အဘွားကြီး ဟန်၏ မျက်နှာက မည်းမှောင်သွားသည်။


 စုယွဲ့လည်း ဒီကောင်လေးနှစ်ယောက်ကြောင့် စိတ်တိုနေခဲ့သည်။ အရင်က ဒီကောင်လေးနှစ်ယောက် ဒီလောက်နုံအတာကို ဘာလို့မတွေ့ခဲ့ရတာလဲ။