အပိုင်း ၆၇
Viewers 23k

ဖုကျန်းသည် ဖုထင်နှင့်တွေ့ကာ အဆက်အသွယ်ဖျက်လိုက်ရပြီးဖြစ်၍ စိတ်ချမ်းသာနေသည်။ သူသည် ဖုကျန်းချန်နှင့် ဖုထင်တို့ ဘာဖြစ်ခဲ့သလဲဆိုတာကို မသိသေးပေ။
သူတို့က ဘာလို့ ရုတ်တရက်ကြီး ထန်ဝမ်ဝမ်ကို အဆက်အသွယ်ဖြတ်ပြီး သူ့ကို နောင်တရနေပါပြီလို့ လာပြောကြတာလဲတော့မသိ။ သို့သော် သူတို့ သူ့မျက်စိရှေ့ကို ပေါ်မလာသရွေ့ သူနှင့်သက်ဆိုင်သည်တော့ မဟုတ်ပေ။
ဖုကျန်းသည် ဖုထင်နှင့် ဖုကျန်းချန်တို့က အမှန်ပြောနေခြင်း ဟုတ်မဟုတ် မသိနိုင်ရာ သူတို့ကို ဘယ်နည်းနှင့်မျှ မယုံကြည်နိုင်ပေ။ သူတို့က သူ့ကို နောက်တစ်ကြိမ် ထိခိုက်စေမည်ကို ကြောက်ရွံ့နေမိသည်။
ညနေခင်းတွင် နေဝင်ဆည်းဆာက နှင်းဆီရောင်သဖွယ် ဖြာကျနေကာ လမ်းမထက်တွင် ယာဉ်ကြောတန်းတို့က ကြီးကြီးမားမား ပိတ်ဆို့နေကြသည်။ ဖုကျန်းက လူသွားလမ်းမှတစ်ဆင့် စူပါမားကတ်သို့သွားကာ မင်းကွတ်သီးတစ်ကီလို၊ စပျစ်သီးနှစ်ခိုင် နှင့် သရေစာအထုပ်ကြီးတစ်ထုပ်တို့ကို ဝယ်ခဲ့သည်။ ထို့နောက်တွင်တော့ ကျန်းဟန်ရှုကို ဖုန်းဆက်ကာ သူစားလိုသည့်ညစာမီနူးကို ပြောလိုက်သည်။
ဖုကျန်းမှာ မင်္ဂလာပွဲအတွက် ပူပန်နေရန် မလိုအပ်သူဖြစ်ရာ သူ့အချိန်အားလုံးကို တစ်နေကုန် စတူဒီယိုထဲတွင် ဇာတ်ညွှန်းပြင်ဆင်ပြီး နောက်အပိုင်းအတွက် ပုံကြမ်း‌ဆွဲခြင်းတို့တွင်သာ နစ်မြုပ်ထားသည်။ သူ့ဗိုက်ထွက်လာချိန်တွင် စတူဒီယိုကို လာနိုင်တော့မည်မဟုတ်ချေ။ အားလုံးက သူ အခုတလော စိတ်ချမ်းသာနေ၍ ဗိုက်လေးပင် အနည်းငယ် ပူလာသည်ဟု မှတ်ချက်ပြုနေကြသည်။ ဗိုက်တစ်ဖြည်းဖြည်းပူလာချိန်တွင် အလုပ်ကို လွှဲပေးရန် သင့်တော်သည့်သူကို ရှာမတွေ့သေးသည့်အတွက် ထိုအချိန်‌ ရောက်လျှင် သူ့လုပ်ဖော်ကိုင်ဖက်များ ပိုအဆင်ပြေစေရန် တတ်နိုင်သလောက် အလုပ်ကြိုးစားထားရမည်ဖြစ်သည်။
မတ်လအကုန်တွင် Shazhou Chronicle ၏ နမူနာမှာ အဆင့်သင့်ဖြစ်နေပြီဖြစ်သော်ငြား သက်ဆိုင်ရာ ဌာနအသီးသီးက အကဲဖြတ်စစ်ဆေးဦးမည်ဖြစ်သည်။ ထိုအဆင့်များကို ကျော်ဖြတ်ပြီးမှသာ တရားဝင် ရုပ်သံလွှင့်မည်ဖြစ်သည်။ အကဲဖြတ်မှုသာ ချောချောမွေ့မွေ့ ပြီးဆုံးပါလျှင် ဧပြီလ နှောင်းပိုင်းလောက်တွင် ထုတ်လွှင့်နိုင်မည်ဟု ခန့်မှန်းနိုင်ရာ ဖုကျန်းမျှော်မှန်းထားသည့်ရက်ထက် အနည်းငယ် ပိုစောနိုင်ပေသည်။
စတူဒီယိုရှိ လုပ်ဖော်ကိုင်ဖက်များ၏ ကျေးဇူးဖြင့် အပိုင်းများမှာ တစ်ပိုင်းပြီးတစ်ပိုင်း ခပ်သွက်သွက်ပင် ပြီးမြောက်သွားသည်။ သူ၏ ကျေးဇူးတင်စိတ်ကို ဖော်ပြရန်အတွက် Shazhou Chronicle ၏ နမူနာ ပြီးပြည့်စုံသည့်နေ့တွင် ဖုကျန်းသည် စားသောက်ဆိုင်ကို ငှားကာ သူ၏ လုပ်ဖော်ကိုင်ဖတ်များကို ထမင်းတစ်နပ် ဖိတ်ကျွေးခဲ့သည်။
သို့သော်ငြား သူက ဝမ်ထုန်ကို ဖိတ်ခေါ်ရန် ကျရှုံးခဲ့သည်။
နမူနာကိုကြည့်ပြီးနောက်တွင်တော့ ဝမ်ထုန်မှာ အထီးကျန်ဝေဒနာကို ခံစားနေရသည့်သူကဲ့သို့ ကုလားထိုင်ပေါ်တွင် စကားတစ်လုံးတစ်ပါဒမျှ မဆိုဘဲ အကြာကြီး ထိုင်နေခဲ့သည်။ သူသည် Shazhou Chronicle ၏ အမာခံပရိသတ်ဖြစ်မှန်း ဝန်ထမ်းများ အားလုံး သိပြီးဖြစ်ရာ သူ၏ လတ်တလောခံစားချက်ကို အားလုံးက နားလည်ပေးနိုင်ပေသည်။ နှစ်သိမ့်သည့်အနေဖြင့် သူ့ပုခုံးကိုသာ ခပ်ဖွဖွ ပုတ်ပေးလိုက်ကြသည်။
ဝမ်ထုန်သည် မတိုင်ခင်ကပင် Shazhou Chronicle ၏ ဇာတ်ညွှန်းကို ဖတ်ပြီးဖြစ်ရာ နောက်ဘာဖြစ်လာမည်ကို သူသိပြီးဖြစ်သည်။ ထိုအချိန်က နောက်ပိုင်းတွင် ပြန်အဖက်ဆည်နိုင်ချေလေး ရှိနိုင်သေးသည်ဟုသာ သူ့ကိုယ်သူ နှစ်သိမ့်ခဲ့ရသည်။ အခုတော့ ပျားရည်အိုးထဲနစ်နေတဲ့ သူ့bossနဲ့ မရီးတို့က ဘယ်လိုတောင် သူ့သမီးလေးကို အနိုင်ကျင့်ရဲရတာလဲ။ ဘုရားသခင်ရေ ဘယ်များရောက်နေလဲဗျာ။
သို့သော်ငြား အလွန်ထက်မြတ်သည့် ဖုကျန်းက သူ့ကို ဘယ်တော့မှ သက်ညှာမည်မဟုတ်ပေ။ သူက တံခါးကို သတ်လိုကြောင်း ထုတ်ပြောရန် လုံးဝ ယဉ်ကျေးနေမည် မဟုတ်ချေ။
ဝမ်ထုန်က သက်ပြင်းချလိုက်သည်။ လူသူကင်းမဲ့နေသော စတူဒီယိုအတွင်းတွင် ခေါင်းကိုယမ်းကာ ရေရွတ်လိုက်သည်။
"ဒီအပိုင်း ထွက်လာရင် ငါ့မရီးကတော့ အသေအကြေကို ကျိန်ဆဲခံရတော့မှာပဲ ..."
ဝမ်ထုန်သည် ကွန်ပျူတာကို ဖွင့်ကာ အားဝမ်က ကျူးနိုင်ယောင်ဖြစ်နေမလား၊ ဒါမှမဟုတ် ဟွမ်လေ့ယွမ်နဲ့ပဲ အထွတ်အထိပ်သို့ ရောက်မလား အကြိတ်အနယ် ဆွေးနွေးနေကြသည်ကို ကြည့်နေလိုက်သည်။ သူသည် ထိုသူများအားလုံးကို အတွေ့အကြုံနုနယ်လိုက်တာ အယုံလွယ်လိုက်တာဟုပင် ပြောလိုက်ချင်သည်။ နောက်အပိုင်းတွင် ဒါရိုက်တာသည် ဓားများအားလုံးကို ရောကာ သွေးတစ်လုတ် အပြည့်အန်စေပြီး အဝေးသို့ ပျံပြေးသွားတော့မည်ဖြစ်သည်။ အခုတော့ သူတို့ကို အချိုသပ်ထားဆဲဖြစ်သည်။
ထုတ်မပြောနိုင်သော လျှို့ဝှက်ချက်ကို သယ်ပိုးထားရသည့် ဝမ်ထုန်မှာ Shazhou Chronicle ၏ နောက်လာမည့် update အတွက် အောင်ပွဲခံနေသူများကို ကြည့်ရင်း သက်ပြင်းချလိုက်မိတော့သည်။
ရယ်ထားကြ ရယ်ထားကြ ခဏနေရင် ဒူးနဲ့ မျက်ရည်သုတ်ရတော့မှာ
ဝမ်ထုန်က ကွန်ပျူတာရှေ့တွင် အချိန်အကြာကြီး အသံတိတ်နေခဲ့သည်။ အဆုံးတွင်တော့ သူ၏ အတွင်းစိတ်မှ အော်ဟစ်နေသံကို မတွန်းလှန်နိုင်တော့သဖြင့် မှတ်ချက်တစ်ခုကို ရေးလိုက်သည်။
"သူခိုးအိုကြီးဖုကျန်းက ငါ့ကိုသတ်ခဲ့တာပဲ ..."
သို့သော်ငြား သဲပန်းပု ပရိသတ်တို့ကတော့ သူ့မှတ်ချက်၏ ဖုံးကွယ်ထားသော ဆိုလိုရင်းကို နားမလည်ကြပေ။ သူတို့အားလုံးက ဝမ်ထုန်၏ ပို့စ်ကို မြင်လိုက်ချိန်တွင် သူသည် Shazhou Chronicle ကို နှစ်နှစ်ကျော် စောင့်ရသည့်အတွက် နာကျင်နေသည်ဟုသာ ထင်ကြသောကြောင့် " hahahahahaha" အတန်းလိုက်ကြီးကို တစ်ညီတစ်ညွတ်တည်း လာရေး‌လိုက်ကြတော့သည်။
ထိုသည်မှာ လူ့သဘာဝပင်ဖြစ်ရာ ဝမ်ထုန်က ထိုသူတို့၏ အကြင်နာမဲ့သော ပြက်ရယ်ပြုမှုကို လုံးဝ အပြစ်မယူချေ။
ဝမ်ထုန်မှာ စိတ်သက်သာရာရသွား၍ အသက်ပြင်းပြင်းရှူကာ ကွန်ပျူတာကို ပိတ်လိုက်သည်။ သူ့မရီးမှာ ဓားတစ်ချောင်းကိုင်ကာ ရမ်းကားလွန်းလှသည်။ အနာဂတ်တွင် ပရိသတ်များက သူ့ကို ဘလိတ်ဓား ပို့လာပါက boss က ကာကွယ်ပေးနိုင်ရန် မျှော်လင့်ရုံသာ ရှိတော့သည်။
စားသောက်ဆိုင်တွင် ဝန်ထမ်းအားလုံးက စားစရာများကို စားပွဲအပြည့် မှာလိုက်ပြီး ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်ကို ဆွေးနွေးနေကြသည်။ Shazhou Chronicle အတွက် ဖုကျန်း၏ နောက်ထပ်အစီအစဉ်ကို သိလိုက်ရပြီးချိန်တွင်တော့ သူတို့အားလုံးက တစ်ညီတစ်ညွတ်တည်း ခေါင်းယမ်းလိုက်ကြရင်း ဖုကျန်းကို ပြောလိုက်သည်။
"ဆရာဖုက ဒီဓားနဲ့ နည်းနည်း ကြမ်းတမ်းလွန်းနေပြီ လာလာ ဒီဇာတ်သိမ်းပိုင်းအတွက် တစ်ခွက်လောက် သောက်လိုက်ရအောင် ..."
"တော်ပြီ တော်ပြီ ..."
ဖုကျန်းမှာ သူ့ကိုယ်သူ ကိုယ်ဝန်ဆောင်ထားသူဖြစ်ကြောင်း အမြဲတမ်း အမှတ်တရရှိသည်။ သူက ပြုံးကာ ငြင်းလိုက်သည်။
"ကျွန်တော် သောက်လို့မရလို့ ..."
တစ်ချိန်တည်းတွင်ပင် သူ့ပုခုံးကို ပုတ်လိုက်သည်။
"အထက်လူကြီးက သောက်ဖို့လိုတယ်လေ တစ်ခွက်ပဲ တစ်ခွက်ပဲ ..."
ဖုကျန်းက လက်ကို အသည်းအသန် ယမ်းလိုက်သည်။
"ကျွန်တော် တကယ်ကို သောက်လို့မရလို့ပါ ..."
သူ့စကားသံဆုံးသည်နှင့် စားပွဲ‌ပေါ်က ဖုန်းကမြည်လာသည်။ ဖုန်းခေါ်သူမှာ ကျန်းဟန်ရှုဖြစ်သည်။ သူက မေးလိုက်သည်။
"ဘယ်ရောက်နေတာလဲ ..."
"အလုပ်ကသူတွေနဲ့ တွေ့ဆုံပွဲ‌လုပ်နေတာ ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"ကိုယ့်ကို လိပ်စာပို့ထားပေး လာကြိုလိုက်မယ် ..."
ဖုကျန်းက ကျန်းဟန်ရှုထံ တည်နေရာပို့ပေးပြီးနောက် တောင်းပန်တိုးလျှိုးဟန်ဖြင့် ပြုံးပြလိုက်သည်။
"မိသားစုဝင်က သောက်ခွင့်ပေးမထားလို့ပါ ..."
အားလုံးက သံရှည်ဆွဲကာ ငြီးလိုက်ပြီး နားလည်ဟန်အပြုံးမျိုး ပြုံးလိုက်ကြသည်။ ဖုကျန်းက ဖျော်ရည်တစ်ခွက်ငှဲ့ကာ သူတို့နှင့် ခွက်ချင်းတိုက်လိုက်သည်။
မကြာမီတွင် ကျန်းဟန်ရှုသည် သူတို့ညစာစားနေသည့် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။
" ယို့ ယို့ ..."
မျက်နှာနီနေသော လက်ထောက်ဒါရိုက်တာက ကျန်းဟန်ရှု သူ့ကို အချက်ပြနေသည်ကို မြင်လျှင် မျက်လုံးကို မှေးစင်းကာ စနောက်လိုဟန်ဖြင့် ပြောလိုက်သည်။
"ရှောင်ကျန်းက ဒီမှာပါ့ရော ဆရာဖုက နည်းနည်းပဲ သောက်ရသေးပေမယ့် ငါကတော့ လုံးဝ မသောက်ရသေးဘူး ..."
ကျန်းဟန်ရှုက ရယ်ရင်း ဖုကျန်းဘေးရှိ ခုံအလွတ်ကို ဆွဲထိုင်လိုက်သည်။ သူက စားပွဲပေါ်မှ ဝိုင်ပုလင်းကိုယူကာ လက်ထောက်ဒါရိုက်တာကို ပြောလိုက်သည်။
"ကျွန်တော် သူ့အစား နည်းနည်းသောက်ပေးပါ့မယ် ..."
"ရှောင်ကျန်းကတော့ လန်းဆန်းနေတာပဲ လာလာ ဒီကိုလာ ခွက်ချင်းတိုက်ကြမလား ..."
ဖုကျန်းက ကျန်းဟန်ရှု၏ အင်္ကျီလက်ကိုဆွဲကာ သူ့အနားနားကို ကပ်လိုက်ရင်း တီးတိုးပြောလိုက်သည်။
"အများကြီးမသောက်နဲ့နော် ..."
လက်ထောက်ဒါရိုက်တာက ခပ်ပြုံးပြုံးမေးလိုက်သည်။
"ဒါရိုက်တာဖုက ရှောင်ကျန်းကို ဘာတွေ ပြောနေတာလဲ ကျွန်တော်တို့လည်း နားထောင်ချင်တယ်လေ ..."
ဖုကျန်းက လက်ကိုယမ်းရင်း ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး အများကြီးမသောက်ဖို့ ပြောတာပါ ..."
"ကိုယ်တိုင်လည်း မသောက်ဘူး အခု ကျွန်တော်တို့ ရှောင်ကျန်းကိုပါ မသောက်ခိုင်းတော့ဘူးပေါ့ ..."
အပြင်ဘက် ကောင်းကင်မှာ မှောင်နေပြီဖြစ်သော်ငြား သီးသန့်ခန်းရှိလေထုမှာတော့ လှုပ်ရှားသက်ဝင်နေဆဲဖြစ်သည်။ လူတိုင်းက ဒီကာလအတွင်း ကုမ္ပဏီတွင် ဖြစ်ပွားခဲ့သည့် ကိစ္စတို့ကို အလုအယက် ပြောနေကြသည်။ ကျန်းဟန်ရှုမှာ အတော်ရေချိန်ကိုက်နေပြီဖြစ်သော်ငြား သူ့မျက်နှာအမူအယာမှာ မပြောင်းလဲပေ။ အကြည့်များက ကြည်လင်နေပြီး မူးနေသည့် အရိပ်အယောင်ပင် မတွေ့ရ။ ဆိုဖာပေါ်တွင် သမ်းနေသော ဖုကျန်းကိုမြင်လျှင် သူ အိပ်ငိုက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
ကျန်းဟန်ရှုက မတ်တပ်ရပ်လိုက်သည်။
"နောက်ကျနေပြီဆိုတော့ ကျွန်တော်နဲ့ဖုကျန်းက အရင်ပြန်နှင့်မယ်နော် ငွေရှင်းခဲ့ပေးမှာမလို့ အေးအေးဆေးဆေး ဆက်သုံးဆောင်ကြပါ ..."
"ပြန်တော့မလို့လား ..."
လက်ထောက်ဒါရိုက်တာက အနည်းငယ် တုန့်ဆိုင်းနေခဲ့သည်။
ကျန်းဟန်ရှုက ပြုံးကာ ဆိုဖာပေါ်မှ ဖုကျန်းကို ဆွဲထူလိုက်သည်။ အိပ်ချင်ပြေသွားစေရန် သူ့မျက်နှာကို ဖွဖွလေး ပုတ်လိုက်ပြီး သီးသန့်ခန်းမှ ထွက်လာခဲ့သည်။
ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ ထွက်သွားသည်ကို ကြည့်ရင်း ပန်းချီဆရာရှောင်းဝူက အားကျစွာ သက်ပြင်းချလိုက်သည်။
"ဘုရားရေ ကျွန်မလည်း ရည်းစားလိုချင်လိုက်တာ ရည်းစားတစ်ယောက်လောက်ရရင် ကောင်းမှာပဲ ..."
ထို့နောက်တွင်တော့ သူမပါးစပ်ထဲသို့ ‌ချပါတီတစ်ခု ထည့်ခံလိုက်ရသည်။ သူမ၏ဘေးတွင် ထိုင်နေသော ဆရာက ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။
"တွေးရုံပဲတွေးနေ ဒီညအိမ်ပြန်ပြီး မနေ့က မပြီးသေးတဲ့ ပုံတွေ ငါ့ကို ပေးဖို့ပြင်ထား ..."
ရှောင်ဝူမှာ ချက်ခြင်းပင် စားပွဲပေါ်သို့ မှောက်ချလိုက်တော့သည်။
ဆိုင်ထဲမှ ထွက်လာပြီးနောက် ဖုကျန်းက ကျန်းဟန်ရှု၏လက်ကိုဆွဲကာ ပြောလိုက်သည်။
"သောက်ထားတာဆိုတော့ မမောင်းနဲ့တော့ ဒီနေ့ ကျွန်တော်ပဲ မောင်းလိုက်မယ် သိပ်မှမဝေးတာ ..."
ကျန်းဟန်ရှုက ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။ သူက ဒရိုင်ဘာခုံရှိ ဖုကျန်းကိုကြည့်ကာ ပြောလိုက်သည်။
"ဂရုစိုက်‌ဦး ..."
ဖုကျန်းမှာ ကားကို ခပ်သွက်သွက် မမောင်းရဲ။ သူ့အိမ်အောက်ထပ်တွင် ကားကို ဘေးကင်းကင်းဖြင့် ပါကင်ထိုးပြီးနောက်တွင်တော့ ကျန်းဟန်ရှုမှာ အတော်မူးနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သို့သော်ငြား မူးနေသော ကျန်းဟန်ရှုက ဘာမှ ဒုက္ခမပေးပေ။ သူက ဖုကျန်း၏နောက်မှ နာနာခံခံဖြင့် လိုက်လာကာ အပေါ်ထပ်ကိုတက်ပြီး အိပ်ခန်းထဲ ဝင်သွားသည်။ ဖုကျန်းက သူ့အဝတ်အားလုံးကိုချွတ်ကာ သက်တောင့်သက်သာရှိသော ညအိပ်ဝတ်စုံကို ပြောင်းပေးလိုက်သည်။ ကျန်းဟန်ရှုက ကောင်းကောင်းကြီး ပူးပေါင်းဆောင်ရွက်ကာ အဝတ်လဲပြီးသွားချိန်တွင် သူ့လက်ကိုဆန့်ကာ ဖုကျန်းကို သူ့လက်မောင်းထဲ ဆွဲသွင်းလိုက်သည်။
သူက ဖုကျန်းကို ဖက်ထားပြီး လုံးဝ သွားခွင့်မပြုပေ။ သူမအကြိုက်ဆုံးအရုပ်ကို ဖက်ထားသည့် ကလေးမလေးလိုပင်။ အတော်ကြာ အားစိုက်ထုတ်ပြီးမှ ဖုကျန်းသည် သူ့လက်မောင်းကြားမှ ရုန်းထွက်ကာ ရေပတ်တိုက်ပေးနိုင်တော့သည်။ သူ့ကို ရေနည်းနည်း တိုက်ပြီးနောက်တွင်တော့ လွယ်လွယ်ကူကူပင် အိပ်မောကျသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ဧပြီလ ကိုးရက်သို့ ရောက်လာခဲ့သည်။ ပင်ဟိုင်မြို့တွင် နွေဦးရောက်၍ ရွက်ဟောင်းကြွေကာ ရွက်သစ်ဝေလာသည်။ နှင်းတို့ အရည်ပျော်ကြကာ တောင်တန်းတစ်လျှောက် မြူဆိုင်းနေသည်။ အရာအားလုံးက ပြန်လည် လှုပ်ရှား သက်ဝင်လာကာ လာဘ်လာဘပေါများသည့် နိမိတ်ကို ဆောင်နေသည်။
ဖုကျန်းက အနက်ရောင်ဖဲပြားလည်စည်းပါသော ဆွတ်ဆွတ်ဖြူနေ‌သည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံတစ်ထည်လုံးကို လက်ဖြင့်သာ ချုပ်ထားပြီး တမြန်နေ့ကမှ လာပို့ထားခြင်းဖြစ်သည်။ အင်္ကျီအနားများကို အနက်ရောင်ပက်တန်ဖော်ထားပြီး နေရောင်အောက်တွင် ပိုသိသာပေသည်။
ဖုကျန်းက မှန်ရှေ့တွင် အကြာကြီးရပ်နေရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။
"ကြည့်လို့အဆင်ပြေရဲ့လား ..."
ဝတ်စုံဆင်တူဝတ်ထားသော ကျန်းဟန်ရှုက အနားကိုလာကာ လည်စည်းကို ပြန်ပြင်ပေးရင်း ပြုံးကာ ပြောလိုက်သည်။
"အဆင်ပြေတာပေါ့ဗျာ ..."
သူက ဖုကျန်း၏ပုခုံးကို ပုတ်ပေးလိုက်သည်။
"အချိန်က နီးနေပြီ ထွက်ကြရအောင် ..."
ခရစ်ယာန်ဘာသာက လိင်တူလက်ထပ်ခြင်းကို ခွင့်မပြုသော်ငြား သူတို့နိုင်ငံက ထူးခြားသောခရစ်ယာန် ထုံးတမ်းကို လိုက်နာသည်။ ဘုန်းတော်ကြီးများက ပေါ်လစီအတိုင်း ဆောင်ရွက်ကြသည်။ နိုင်ငံက လိင်တူလက်ထက်ခြင်းကို ခွင့်ပြုလျှင် ဘုရားသခင်ကလည်း လိင်တူချစ်ခြင်း တည်ရှိမှုကို ခွင့်ပြုသည်။
ဖုကျန်း၏အဖေကလည်း မလာသလို သူ့တွင် လူကြီးသူမဟူ၍လည်း မရှိ။ ကံကောင်းထောက်မစွာဖြင့် သတို့သားနှစ်ဦးမှာ ဓလေ့ထုံးတမ်းတို့ကို လိုက်နာရန် မလိုအပ်သည်ဖြစ်ရာ သတို့သားနှစ်ဦးလုံး တစ်ပြိုင်တည်းသာ ဝင်လာလိုက်ကြသည်။
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဘုန်း‌တော်ကြီးက ဘုရားကျောင်း၏ ရှေ့ဆုံးတွင် ရပ်ကာ သူ့ရှေ့မှ အသစ်စက်စက်စုံတွဲကို ကြင်နာစွာ ကြည့်နေသည်။ နှစ်ဦးလုံးမှာ အမျိုးသားများဖြစ်ရာ ယခင်ပြောနေကျ ကတိစကားများကို ပြောင်းလဲရမည်ဖြစ်သည်။
မင်္ဂလာပွဲကို လာသည့် ဧည့်သည်ဟူ၍ များများစားစား မရှိ။ အများစုက ကျန်းမိသားစုဝင်များဖြစ်ကြသည်။ ထိုသူများက ဘာကြောင့် ကျန်းဟန်ရှုက ယောကျာ်းတစ်ယောက်ကို ရွေးလိုက်တာလဲဟု တွေးမိကြသော်ငြား ပွဲတွင် ပြဿနာဖြစ်စေနိုင်သည့် မေးခွန်းမျိုးကို မမေးမိရန် ကောင်းကောင်း စောင့်ထိန်းထားကြသည်။
ဘုန်းတော်ကြီးက သူ့လည်တိုင်တွင် ဆွဲကြိုးရှည်ကြီးတစ်ကုံးကို ဆင်မြန်းထားသည်။ သူက ဦးစွာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"သတို့သား ကျန်းဟန်ရှု သင့်ရဲ့ရှေ့က အမျိုးသားကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လား ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ သူ့ကိုပဲ တစ်သက်လုံး သစ္စာရှိရှိ ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်သွားပေးဖို့ ဆန္ဒရှိသလား ..."
ကျန်းဟန်ရှု : "ဆန္ဒရှိပါတယ် ..."
"သတို့သားဖုကျန်း သင့်ရှေ့ကအမျိုးသားနဲ့ ထိမ်းမြားဖို့ ဆန္ဒရှိပါသလား ချမ်းသာဆင်းရဲ ကျန်းမာနာဖျား တစ်ခုမှ ထည့်မတွက်ဘဲ သူ့ကိုပဲ သစ္စာရှိပြီး ကာကွယ်ပေးပြီး တစ်သက်လုံး ချစ်မြတ်နိုးပေးသွားဖို့ ဆန္ဒရှိသလား ..."
"ကျွန်တော် ဆန္ဒရှိပါတယ် ..."
ဖုကျန်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။