အပိုင်း ၈၉
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၈၉ - ထိပ်တန်းတက္ကသိုလ်





နှစ်တစ်နှစ်၏ အအေးဆုံးလဖြစ်သည့် ဖဖေောျဝါရီလ ရောက်လာသည့်အခါ နှင်းများကျဆင်းနေပြီး မြစ်များလည်း ရေခဲနေခဲ့သည်။ အပြင်ထွက်ပါက အေးလွန်းသဖြင့် လူအများက အိမ်ထဲမှ အိမ်ပြင်မထွက်နိုင်ကြသဖြင့် နှစ်ခြိုက်ခြင်းမရှိကြသည့် အချိန်လည်း ဖြစ်သည်။ 



သို့သော်လည်း ယခုနှစ်ကတော့ မတူညီပေ။ ရာသီဥတုက အေးလွန်း၍ ခိုက်ခိုက်တုန်အောင် ချမ်းနေကြသော်လည်း ပူလောင်နေကြသူများ ရှိနေကြသည်။ အကြောင်းမှာ အခြားကြောင့် မဟုတ်ချေ။ ကောလိပ်၀င်ခွင့်စာမေးပွဲ ရလဒ်တွေထွက်လာတော့မှာ ဖြစ်တာကြောင့် မရေမတွက်နိုင်သော လူများက အကြောင်းကြားစာ စောင့်နေခြင်းကြောင့်ဖြစ်သည်။ 



ဟန်မိသားစုလည်း အများနည်းတူပင်ဖြစ်သည်။ ဟန်အိုက်မင်ရဲ့ အကြောင်းကြားစာက တပ်ထဲသို့ရောက်လာပြီး ကောင်းမွန်သောအဆင့်ဖြင့် မြို့မှတက္ကသိုလ်ကို ၀ငျခှငျ့ရသှားသညျ။ မြို့မှတက္ကသိုလ်က ပေကျင်းတက္ကသိုလ်နဲ့ ချင်းဟွာတက္ကသိုလ်လောက် မကောင်းပေမယ့် ခရိုင်မြို့ရှိ အကောင်းဆုံးသော တက္ကသိုလ်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းတက္ကသိုလ်ဆီ ၀ငျခှငျ့ရသူတှကေို အခြားသူတွေက အားကျမနာလို ဖြစ်ကြရသည်။



အမေဟန်က အကြောင်းကြားစာကိုရတာနဲ့ လက်ကမချနိုင်တော့သည်အထိ ပျော်ရွှင်နေခဲ့သည်။ " အမေတို့မိသားစုမှာ ကောလိပ်ကျောင်းသားရှိလာမယ်လို့ လုံး၀ထင်မထားခဲ့ဘူး။ အိပ်မက်တောင် မမက်ဖူးဘူး။ တောက လယ်စိုက်နေတဲ့ကောင်လေးက ကောလိပ်တက်ခွင့်ရမယ်လို့ ဘယ်သူမှ မျှော်လင့်ထားကြမှာ မဟုတ်ဘူး။ မင်းအဖေကတော့ တမလွန်ကနေ ပျော်နေတော့မှာပဲ။ သူ့ကိုလည်း ကန်တော့ရမယ်၊ သူစောင့်ရှောက်ပေးနေလို့ အမေတို့မိသားစုက ဒီလိုကျက်သရေတိုးမယ့် ကိစ္စတွေဖြစ်လာတာ "



စုယွဲ့ အမေဟန်ရဲ့ ၀မျးသာနမှေုကို နားလည်သည်။ ၀ငျခှငျ့ရ၍ ပျော်နေသည်က ဖြစ်သင့်သည်။ အကြောင်းမှာ ယခုအချိန်မှာ တက္ကသိုလ်တက်ရတာက ရွှေလိုရှားပါးသည့် အခွင့်အရေးဖြစ်နေလို့ပင်။ ဘွဲ့ရပြီးသွားပါက လစာကလည်း အလွန်ကောင်းသဖြင့်  တရုတ်လူမျိုးများက အတော်လေး ကောင်းမွန်သည့် ကိစ္စဟု ယူဆကြသည်။



နောင်တစ်ခေတ်လို ရိုက်သတ်လို့မကုန်အောင် များပြားလှသည့် ကောလိပ်ကျောင်းသားများ မရှိသေးသဖြင့် ယခုအချိန်၌ ၀ငျခှငျ့ရခွငျးက အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် ကိစ္စကြီးဖြစ်သည်။ 



အမေဟန်က ဟန်အိုက်မင်ကိုခေါ်ပြီး အဖေဟန်ကို အရင်ကန်တော့စေခဲ့သည်။ ထို့နောက် ရွာကို စာပို့၍လည်း ပြောပြသေးသည်။ နောက်ရက်များတွင်လည်း အဆောင်အောက်ဆင်းကာ စကားစမြည်ပြောရင်း တစ်ဆောင်လုံးကိုလည်း လိုက်ကြွားသည်။ လူစေ့မကျန်ရအောင် အကုန်လုံးကို ပြောပြနေတာ ဖြစ်ပေသည်။ 



ထို့နောက်တွင် ဟန်အိုက်မင်က အကြောင်းကြားစာအား ပျောက်သွားမည်စိုးသဖြင့် သူမကိုယ်တိုင် ဗီရိုထဲ သော့ခတ်ပြီး သိမ်းထားပြန်သည်။ 



အမေဟန်ရဲ့ အပြုအမူတွေက အကဲပိုနေသလို ဖြစ်နေပေမယ့် မိသားစု၀င်တွေက အပြစ်မပြောဘဲ သူမ အပျော်တွေကို မဖျက်ဆီးကြပေ။



နောက်ရက်အနည်းငယ် ကြာပြီးနောက်တွင် စုယွဲ့ဆီ ဟန်ကျားရွာမှ စာနှစ်စောင် ရောက်လာခဲ့သည်။ ပထမစာက ကြာပန်းဆီမှ ဖြစ်သည်။ 



ကြာပန်းရဲ့ လက်ရေးသည် အတော်လေး ကြည့်လို့လှနေသေးဖြင့် မကွာခဏရေးလေ့ရျှိကွောငျး သိသာပေသည်။ ဟဲဟွာက သူတို့ရွာမှာ ကျောင်းတက်နေခဲ့တာဖြစ်သည်။ ဟန်အိုက်မင် ရွာမှာရှိခဲ့စဥ်က ဟဲဟွာကိုသင်ပေးခဲ့ပေမယ့် ဟန်အိုက်မင် ရွာမှထွက်လာသည့်အခါ သူမကိုသင်ပေးမည့်သူ မရှိတော့ချေ။ စုယွဲ့လည်း သူမဖို့ ဖတ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များ ပို့ပေးပြီး စာသင်တာ လက်မလျှော့ဖို့ အားပေးလိုက်သည်။ ကြာပန်းက ကျောင်းတက်ချင်ပေမယ့် ဒုတိယချွေးမဟန်က ပိုက်ဆံကုန်တယ်လို့ပြောကာ မထားပေးချေ။ ကြာပန်းကို အိမ်ပြန်ခေါ်သွားပြီး အငယ်လေးတွေသာ ထိန်းခိုင်းခဲ့သည်။



ယခုတွင်မူ ကောလိပ်၀င်ခွင့်စာမေးပွဲများ ဖြေလို့ရပြီဖြစ်သဖြင့် ကြာပန်းက ကျောင်းပြန်တက်ချင်နေသည်။ ဦးလေးဖြစ်သူ ကောလိပ်တက်ခွင့်ရတာကို သိတဲ့အခါ  အမေဖြစ်သူကို ကျောင်းထားပေးဖို့ တောင်းဆိုပေမယ့် ဟန်ဒုတိယမိသားစုက မိန်းကလေးတစ်ယောက်သည် ကောလိပ်၀င်ခွင့်ရရင်တောင် လက်ထပ်ပြီး အိမ်ကထွက်သွားမည့်သူဖြစ်သဖြင့် ထားပေးလည်း အပိုပဲဟု တွေးကြကာ သဘောမတူပေ။ ထို့ကြောင့် ကြာပန်းက စုယွဲ့ဆီစာရေးကာ အကူအညီတောင်းခြင်း ဖြစ်သည်။



စုယွဲ့ ကြာပန်းရဲ့စာကို အမေဟန်ကို ဖတ်ပြလိုက်သည့်အခါ အမေဟန်က ဒေါသထွက်သွားခဲ့သည်။ " ကလေးက ကျောင်းတက်ချင်တယ်ဆိုတာ ကံကောင်းတာပဲလေ၊ ကလေးတစ်ယောက် ကျောင်းတက်တာ ဘယ်လောက်ကုန်မှာမို့လို့လဲ။ ကလေးက တကယ် ကောလိပ်တက်ခွင့်ရရင် ကောင်းတာပဲမဟုတ်ဘူးလား။ ဒုတိယသားနဲ့ သူ့မိန်းမက ဦးနှောက်ရော ရှိကြသေးလား။ မဟုတ်သေးဘူး အမေ့ကို စာပြန်ရေးပေး။ ကြာပန်းကို ကျောင်းမတက်ခိုင်းရင် သားအမိကြားက ရေစက်ကို ဖြတ်ပစ်မယ်လို့ ပြန်ရေးလိုက်စမ်းအေ "



အမေဟန်က ထိုသို့ပြောသဖြင့် စုယွဲ့လည်း အမေဟန်ရဲ့ ဆန္ဒအတိုင်း စာပြန်ရေးပေးလိုက်သည်။ တွေးပြီးနောက်တွင် စုယွဲ့ ယွမ်တစ်ရာကိုပါ ထည့်ပေးပြီး ကြာပန်း၏ ကျောင်းစရိတ်အတွက် ထောက်ပံ့ပေးတာဖြစ်ကြောင်းပါ ထည့်ရေးပေးလိုက်သည်။ သူတို့ ကုန်ကျဖို့မလိုပါက ကျောင်းထားပေးလောက်ကြသည်။



ကြာပန်းရဲ့စာကို ဖတ်ပြီးနောက်တွင် စုယွဲ့ ဒုတိယစာကို ဖွင့်ဖတ်လိုက်သည်။ လီရှောင်ချင်းဆီမှ စာဖြစ်ကာ သူမ၊ ၀ူခြောငျးခြောငျနှငျ့ မြောင်လင်းလည်း ၀ငျခှငျ့စာမေးပှဲ၀ငျဖွခေဲ့ကာ သူမနဲ့ ၀ူခြောငျးခြောငျတို့နှဈယောကျက မြို့မှ စိုက်ပျိုးရေးတက္ကသိုလ်သို့ ၀ငျခှငျ့ရခဲ့ပွီး ဝေ့ကျန့်နှင့် မြောင်လင်းက စာမေးပွဲကျကြောင်း ရေးထားခဲ့သည်။ သို့သော်လည်း နောက်တစ်ခေါက်ထပ်ဖြေရန် ပြင်ဆင်နေကြတယ်လို့လည်း ပြောထားသည်။



စာအဆုံးတွင် လီရှောင်ချင်းက စုယွဲ့ရော ၀ငျခှငျ့ရလားလို့ မေးထားခဲ့သည်။ စုယွဲ့လည်း ၀ငျဖွမေယျလို့ ထင်ထားကြတာ ဖြစ်လောက်သည်။ 



စုယွဲ့ စာဖတ်ပြီး ပြုံးနေမိသည်။ သူမတို့အားလုံး အတူနေခဲ့ဖူးကြပြီး သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသဖြင့် လီရှောင်ချင်းနဲ့ ၀ူခြောငျးခြောငျအတှကျ စုယွဲ့ ၀မျးသာမိသညျ။



စုယွဲ့လည်း ဘောပင်ကိုင်ပြီး စာပြန်လိုက်သည်။ လီရှောင်ချင်းနဲ့ ၀ူခြောငျးခြောငျကို ဂုဏ်ပြုကြောင်းနှင် အစချီလိုက်ပြီး ဝေ့ကျန့်နဲ့ မြောင်လင်းအား လက်မလျှော့ကြရန် အားပေးလိုက်ပြီး သူမ ၀ငျမဖွကွေောငျးနဲ့ ၀ငျဖွဖေို့ စိတ်ကူးမရှိကြောင်းကိုပါ ထည့်ရေးလိုက်သည်။ 



စုယွဲ့က ဟန်အိုက်ကောကို လီရှောင်ချင်းရဲ့ စာအကြောင်း ပြောပြပြီးနောက် သူ့ဘေးမှာထိုင်ပြီး ပြန်စာရေးနေတာဖြစ်သည်။ ဟန်အိုက်ကောက တိတ်တိတ်လေးပဲ နေနေပြီး စာရေးနေသည့် စုယွဲ့ကို ကြည့်နေသည်။ 



စာရေးပြီးသွားတဲ့အခါ စုယွဲ့  ဟန်အိုက်ကောရဲ့ အကြည့်ကို ခံစားမိပြီး မေးလိုက်သည်။ " ဘာဖြစ်လို့လဲ၊ ဘာကျိစ်စရှိလို့လဲ။ လီရှောင်ချင်းရော ၀ူခြောငျးခြောငျရော အိုက်မင်ရော ၀ငျခှငျ့ရတဲ့ကိစ်စလေ ပျော်နေရမှာမဟုတ်ဘူးလား " 



ဟန်အိုက်ကောက စုယှဲ့ကျိုသာ စိုက်ကြည့်နေပြီး အချိန်တစ်ခုကြာမှ ပြန်မေးခဲ့သည်။ " ယွဲ့အာ မင်းရော ၀ငျခှငျ့စာမေးပှဲဖွခေငြျလား "



စုယွဲ့ အံ့သြသွားပြီး ပြန်မေးလိုက်သည်။ " ဘာလို့ မေးတာလဲ "



ဟန်အိုက်ကောက စုယွဲ့ ပါးကိုကိုင်ပြီး အပြစ်ရှိနေဟန်ဖြင့် ပြန်ပြောခဲ့သည်။ " ပညာတတ်လူငယ်တိုင်းက စာမေးပွဲဖြေချင်နေကြတာ မဟုတ်ဘူးလား။ ပညာတတ်တိုင်းအတွက် ၀ငျခှငျ့စာမေးပှဲက အရေးကြီးကြတယ်။ မင်းက လက်ထပ်ပြီးပေမယ့် မင်းလည်း ပညာတတ်တစ်ယောက်ပဲလေ။ ပြီးတော့ မင်းက အိုက်မင်ကိုတောင် စာပြပေးနိုင်တယ်ဆိုတော့ ၀ငျဖွရေငျ မင်းလည်း သေချာပေါက် အောင်မှာပဲ။ မိသားစုနဲ့ ကလေးတွေကြောင့် လက်လျှော့လိုက်တယ်ဆိုတာကို ကိုယ်သိပါတယ် သိပေမယ့်လည်း ကိုယ် တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ်။ ဒါပေမယ့် အခုမှ မတရားဘူးဆိုတာကို ကိုယ်သဘောပေါက်လာတာ၊ မင်းဖြေချင်တယ်ဆိုရင် ၀ငျဖွသေငျ့တယျ "



ထို့နောက် ဟန်အိုက်ကောက ပြုံးပြီး ဆက်ပြောခဲ့သည်။ " ယွဲ့အာ ကိုယ် မင်းကို ပျော်ရွှင်နေစေဖို့ မျှော်လင့်တယ်။ ကိုယ်က မင်းကို ပျော်ရွှင်အောင် လုပ်ပေးချင်လို့ လက်ထပ်ခဲ့တာ။ အခုလို အနစ်နာခံခိုင်းဖို့ မဟုတ်ဘူး။ တစ်ခြား ဘာမှပူမနေနဲ့၊ မင်း တက္ကသိုလ်တက်ဖို့သွားရင်လည်း ကိုယ်နဲ့အမေက ကလေးတွေကို သေချာစောင့်ရှောက်ထားပေးလိမ့်မယ်။ ကိုယ် မင်းရဲ့ တက္ကသိုလ်နားမှာ အိမ်၀ယ်ပြီးတော့ ကလေးတွေနဲ့ အမေ့ကိုသွားပြီး နေခိုင်းရင်လည်း ရတာပဲ။ အဲ့လိုဆိုရင် ကလေးတွေကိုလည်း မင်း နေ့တိုင်းတွေ့ရလိမ့်မယ်။ ကိုယ်လည်း အားရင်အားသလို လာတွေ့မယ်လေ။ လေးနှစ်ဆိုတာ ခဏလေးပါ၊ မင်း ဘွဲ့ရရင် ကိုယ်တို့မိသားစု အတူပြန်နေလည်း ရတာပဲ။ ဒါကြောင့် မင်းဖြေချင်ရင် ၀ငျဖွလေိုကျပါ "



ဟန်အိုက်ကော ပြောပြီးသွားသည့်အခါ စုယွဲ့ ရယ်ရမလား၊ ငိုရမလားကို မသိတော့ပေ။ ဒီလူက တစ်ချိန်လုံး ဒီလိုတွေးနေခဲ့တာလား။ သူမ စာမေးပွဲဝင်မဖြေတာကို အဆွေးပြဇာတ်တစ်ဇာတ် ကောက်ပြီး ကပြလိုက်တာပဲ မဟုတ်ဘူးလား။ သူမက မိသားစုကြောင့် စာမေးပွဲ၀င်မဖြေတာ မဟုတ်ကြောင်းကို ဘုရားသာသိပေလိမ့်မည်။ 



စုယွဲ့ ဟန်အိုက်ကော မျက်နှာကိုကိုင်ပြီး ဟိုဆှဲဒျီညှဈ လုပ်နေပြီး တစ်ဟားဟား ရယ်လိုက်မိသည်။ ဟန်အိုက်ကောကမူ သူမ လုပ်နေတာကို မတားဘဲ အပြစ်ရှိသလိုသာ ဆက်ကြည့်နေခဲ့သည်။



" ရဲဘော် ဟန်အိုက်ကော " စုယွဲ့ စကားစလိုက်သည်။ " ကျွန်မ ၀ငျမဖွတောက တကယ်ဖြေဖို့ မလိုအပ်ဘူးလို့ ထင်လို့ပါ။ ကျွန်မအတွက်က ကောလိပ်တက်တာက အရေးမဘူး။ ကလေးတွေနဲ့ရှင့်ကို အဖော်မပြုပေးရဘဲ လေးနှစ်လုံး အချိန်ဖြုန်းမနေချင်တာလည်း ပါတာပေါ့ "



" တကယ်လား၊ မင်း တကယ် စာမေးပွဲမဖြေချင်ဘူးလား " ဟန်အိုက်ကောက မယုံသလို ထပ်မေးခဲ့သည်။ ၀ငျခှငျ့စာမေးပှဲတှေ ပြန်စကတည်းက ပညာတတ်အများစုက ဇနီး၊ ခင်ပွန်း၊ ကလေးတွေကို စွန့်ပစ်ပြီး စာမေးပွဲ၀င်ဖြေကြတာကို ကြည့်လျှင် ၀ငျခှငျ့စာမေးပှဲက ပညာတတ်တွေအတွက် မည်မျှ အရေးပါသည်ကို သိနိုင်သည်။



စုယွဲ့ ခေါင်း တညိတ်ညိတ်လုပ်ကာ ပြန်ဖြေပေးလိုက်သည်။ " ရဲဘော် ဟန်အိုက်ကော ကျွန်မနောက်နေတာ မဟုတ်ဘူး၊ အတည်ပြောနေတာ။ ကျွန်မ တက္ကသိုလ်မတက်ချင်ဘူးဆိုတာ ကျွန်မ လုပ်ချင်တာက အဲ့ဒါမဟုတ်လို့ဘဲ။ ကျွန်မ လုပ်ချင်တာက တက္ကသိုလ်တက်ဖို့ မလိုအပ်ဘူး၊ တကယ်လို့ လိုတယ်ဆိုရင် သေချာပေါက် ကျွန်မ သွားတက်မှာပေ့ါ "



စုယွဲ့က အမှန်တိုင်းပြောနေသည့်ပုံရှိသဖြင့် နောက်ဆုံးတွင် ဟန်အိုက်ကောက ယုံသွားသည်။ " ဒါဆို မင်းက ဘာလုပ်ချင်တာလဲ၊ ကိုယ့်ကိုပြောပြလေ "



စုယွဲ့ နှစ်ကုန်ရင် ပြောင်းလဲလာမည့် ဥပဒေများကိုတွေးမိကာ မျက်လုံးလေးများ အရောင်တောက်လာတော့သည်။ " ကျွန်မက ကိုယ်ပိုင်စာသောက်ဆိုင်လေးဖွင့်ပြီး ကျွန်မချက်ချင်တာတွေကိုပဲ နေ့တိုင်းချက်နေချင်တာ၊ စားပှဲသုံး၀ိုငျးလောကျပဲရှိတဲ့ စားသောက်ဆိုင်အသေးစားလေးလိုမျိုးလေ "



ဟန်အိုက်ကောက အံ့သြသွားပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ " မင်းရဲ့ လက်ရာက တကယ်ကောင်းတော့ မင်းသာရောင်းရင် စားမယ့်သူ အများကြီးရှိမှာပဲ။ ဒါပေမယ့် အခုက နိုင်ငံတော်ပိုင် စားသောက်ဆိုင်တွေမှာပဲ စားခွင့်ရှိတာ လက်ရာကောင်းတဲ့သူတွေကလည်း မသိအောင်ပဲ ခိုးလုပ်ကြရတယ်။ လုပ်ရင်တောင် သတိထားပြီး လုပ်ရမှာ၊ မနာလိုတဲ့သူတွေက တိုင်မယ်ဆိုရင် ပြဿနာဖြစ်လာဦးမယ် "



စုယွဲ့ ပြုံးလိုက်ပြီး ဟန်အိုက်ကော လည်ပင်းကို ဖက်လိုက်သည်။ " ဒါပေါ့ ရှင်ပြောချင်တာကို ကျွန်မသိပါတယ်။ ကျွန်မက ဘယ်လိုလုပ်ပြီး ခိုးဖွင့်ပါ့မလဲ။ အရင်တစ်ခေါက်ကလို ထပ်ဖြစ်လာမှာကို ကျွန်မလည်း သိတယ်။ အခုလို ပြောနေတာက ဘာလို့လဲဆိုရင် နောက်ကြရင် ဥပဒေတွေက ပြောင်းလာမှာမို့လို့ပဲ။ စီးပွားရေးလုပ်ဖို့ကိုလည်း လွတ်လပ်ခွင့်ပေးပြီး အခုလို တင်းတင်းကြပ်ကြပ် တားမြစ်ကြတော့မှာ မဟုတ်ဘူး "



ဟန်အိုက်ကော - " တကယ်လား "



" တကယ်ပေါ့၊ စီးပွားရေးစျေးကွက်က မကြာခင် ပြောင်းလဲလာတော့မှာကို ရှင်ယုံရမယ်။ နိုင်ငံတော်က တိုးတက်ချင်တယ်ဆိုရင် စီးပွားရေးကနေ စပြီးတိုးတက်အောင် လုပ်ရမှာ။ ဒါကြောင့် နိုင်ငံတော်က စီးပွားရေးလုပ်ငန်းတွေကို တိုးတက်အောင်လုပ်ဖို့ဆိုပြီး ဥပဒေတွေကို ပြောင်းလဲပေးလိမ့်မယ် "



ဟန်အိုက်ကောက အံ့သြသွားသော်လည်း စုယွဲ့ကို လုံး၀ယုံကြည်သည်။ သူမက ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်ရှိလာမှာလို့ ပြောခဲ့တုန်းကလည်း တကယ်ဖြစ်လာခဲ့တယ်မလား။ သူမက အခု စီးပွားရေးစျေးကွက် ပြောင်းလဲလာမယ်လို့ ပြောနေပြန်သဖြင့် ဟန်အိုက်ကောလည်း ထိုသို့ဖြစ်လာမယ်လို့ ယုံကြည်မိသည်။



နိုင်ငံတော်က ပြောင်းလဲဖို့ကြိုးစားနေတာကို သူလည်း သိသဖြင့် ဟန်အိုက်ကောလည်း မျှော်လင့်နေမိသည်။ 



ပြောနေရင်းဖြင့် စုယွဲ့ သူမ စဥ်းစားထားသည့် အကြံကို ဟန်အိုက်ကောနှင့် တိုင်ပင်လိုက်သည်။ " ကျွန်မ ၀ယျထားတဲ့ခွံရဲ့ အရှေ့ဘက်ကို ဆိုင်ဖွင့်ဖို့ စိတ်ကူးထားပြီး အနောက်ဘက်ကိုတော့ နေဖို့စဥ်းစားထားတာ။ ဒါပေမယ့် အရှေ့ဘက်က မလောက်ဘူးထင်လို့ ကျွန်မ နှစ်ထပ်ဘန်ဂလိုတိုက်လေး ပြင်ဆောက်ချင်နေတာ။ အထဲမှာပဲ ဥပဒေတွေ ပြောင်းလဲသွားတဲ့အခါကြမှ ဆိုင်လေးဖွင့်မလားလို့လေ "



ဟန်အိုက်ကော ထိုသည်များကို နားမလည်သော်လည်း စုယွဲ့ ဖြစ်ချင်ပါက လုပ်ပေးမှာပဲဖြစ်သည်။ စုယွဲ့က ဟင်းချက်ရတာကို ပျော်မွေ့ကာ လက်ရာလည်း ကောင်းသဖြင့် ဆိုင်ဖွင့်ဖို့ သင့်လျော်သည်။ 



" ကောင်းပြီလေ ဒါဆိုလည်း ကိုယ် တိုက်ဆောက်ဖို့ လက်သမားဆရာတစ်ယောက်ကို ရှာပေးမယ်။ မင်းဆောက်ချင်တဲ့အတိုင်းပဲ ဆောက်ခိုင်းလိုက်တာပေါ့ "



စုယွဲ့လည်း ခေါင်းညိတ်ပြလိုက်ကာ ရက်များကို စိတ်ထဲမှ တွက်ကြည့်လိုက်သည်။ အခုချိန်တည်းက ပြင်ဆင်ထားလျှင် ရလောကျပွိိီဖွဈသညျ။ 



_ _ _ _ 


နှစ်ရက်ကြာပြီးနောက် ဟန်အိုက်ကောက လူရှာပြီးတော့ ခရိုင်မြို့က အိမ်ကိုပြန်ဆောက်ခိုင်းတော့သည်။ ဟန်အိုက်မင်က အားနေသဖြင့် ခရိုင်မြို့သို့ပြန်၍ အိမ်ဆောက်ခြင်းကို တာ၀န်ယူပြီး ကြီးကြပ်ပေးသည်။ 



စုယွဲ့ ဘေးအိမ်မှ မြောင်ရွှယ် အကြောင်းကိုလည်း ကြားလိုက်ရသည်။ မြောင်ရွှယ်က ၀ငျခှငျ့ရခဲ့ပမေယျ့ သာမန်တက္ကသိုလ်တစ်ခုသာ ရသည်။



စုယွဲ့လည်း ဘယ်လိုပြောရမည် မသိတော့ချေ။ မြောင်ရွှယ်က ကောကျွင်းကို သဘောမကျဘဲ ၀ငျခှငျ့မဖွခေငျကတောငျ ယောက်ျားနဲ့သားကို ဂရုမစိုက်ခဲ့သဖြင့် ၀ငျခှငျ့ရပွီးသှားသညျ့အခါတှငျ ပို၍ဆိုးလာတော့မှာ ဖြစ်သည်။ ကောကျွင်းကိုသာ တကယ်ကွာရှင်းမယ်ဆို မောက်မောက်က အဖေဖြစ်သူနဲ့သာ ကျန်ခဲ့ရတော့မည်ဖြစ်သည်။ ကောကျွင်းက တစ်ဖန်အိမ်ထောင်ပြုခဲ့ရင် မောက်မောက်က ငယ်ငယ်လေးနှင့် မိခင်ထံမှ စွန့်ပစ်ခံရခြင်းအပြင် မိထွေးနှင့်ပါ အတူနေရတော့မည်။



စုယွဲ့ ထို့အကြောင်းအား ဟန်အိုက်ကောကို ပြောပြသည့်အခါ ဟန်အိုက်ကောက ဤသို့ပြန်ပြောပြသည်။ " ကောကျွင်းက စစ်သားတစ်ယောက်လေ။ ဒါကြောင့် ကွာချင်တိုင်းကွာလို့ ရကြမှာ မဟုတ်ဘူး။ မြောင်ရွှယ် ဘာပဲလုပ်ချင်ချင် ကောကျွင်းသာ ဆန္ဒမရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ကောကျွင်းက မကွာရှင်းပေးရင် မြောင်ရွှယ်လည်း မတက်နိုင်ဘူး "



စုယွဲ့ သက်ပြင်းချလိုက်မိသည်။ " ဒါပေမယ့်လည်း တောက်လျှောက် ပြဿနာရှာနေမယ်ဆိုရင် ကောကျွင်းလည်း စိတ်ကုန်ပြီး ကွာရှင်းပေးချင် ပေးလိုက်မှာပေါ့။ ဘယ်သူကမှ ကိုယ့်အပေါ်မှာ စိတ်မရှိတဲ့ မိန်းမကို အကြာကြီး ဆွဲထားချင်မှာ မဟုတ်ဘူးလေ "



စုယွဲ့ ပြောသည်က မှန်နေသဖြင့် ဟန်အိုက်ကော ငြိမ်ကျသွားတော့သည်။ သူက တကယ် ကံကောင်းလွန်းသည်။ သူ့မိန်းမက သူ့ကိုမချစ်တာမျိုးလည်း မရှိဘဲ သူနဲ့ ကလေးများအပေါ်တွင်သာ သူမ၏ အရာအားလုံးကျို မြှုပ်နှံထားသည်။ သူတို့ သားအဖတွေကို ပစ်သွားမလားလို့လည်း ပူပန်နေစရာ မလိုချေ 



သူ့လိုလူက ဘယ်လိုများ ဒီလိုဇနီးကောင်းလေးကို ရထားတာပါလိမ့်။


_ _ _ _


စုယွဲ့ စိုးရိမ်နေတာတွေက တကယ်ဖြစ်လာသည်။ နှစ်ရက်ကြာပြီးနောက် မြောင်ရွှယ်က အိမ်ပြန်လာကာ ကျောင်းမတက်ခင် ကောကျွင်းနှင့် ကွာရှင်းချင်ကြောင်း လာပြောသည်။ ထိုသတင်းကို တစ်ဆောင်လုံး သိသွားကြကာ အကုန်နားစွင့်၍ စပ်စုကြသည်။ မြောင်ရွှယ်က အခြားသူတွေဆီက ကဲ့ရဲ့ခံရမှာကို ကြောက်မနေဘဲ ကွာရှင်းဖို့ကိုသာ တွင်တွင်ပြောနေခဲ့သည်။



ကောကျွင်းက လက်မခံသဖြင့် နှစ်ယောက်သား စကားများကြတော့သည်။ 



စုယွဲ့ ၀ငျမပါခငြျ၍ ထောင့်တစ်နေရာမှာ ကပ်နေသည့် မောက်မောက်ဆီကို သွားပြီး ချီခေါ်လိုက်သည်။ 



မောက်မောက်က စုယွဲ့ လည်ပင်းကိုဖက်ပြီး ပြောခဲ့သည်။" ဒေါ်လေး၊ သား ဒီနေ့ တာ်ပေါင်၊ ရှောင်ပေါင်တို့နဲ့တူတူ ဒေါ်လေးတို့ အိမ်မှာ အိပ်ချင်တယ်။ ရလားဟင်"



စုယွဲ့ သူ့ပါးလေးကို နမ်းပြီး ပြန်ဖြေပေးလိုက်သည်။ " ရတာပေါ့။ ဒီီနေ့ည ရှောင်ပေါင်တို့နဲ့ တူတူဆော့ပြီး တူတူအိပ်။ ဒေါ်လေးတို့အိမ်မှာ သားသား ကြိုက်သလောက်နေလို့ရတယ် ဟုတ်ပြီလား "



ထိုအခါ မောက်မောက်က ပျော်သွားပြီး စုယွဲ့ ပါးကို မရဲတရဲဖြင့် ပြန်နမ်းခဲ့သည်။ ထို့နောက် အိမ်ကိုပြန်မကြည့်ချင်တော့သည့်နှယ် စုယွဲ့ ပုခုံးထက်၌သာ ခေါငျးလေးကျို မှီချထားတော့သည်။ 



စုယွဲ့ မောက်မောက်ကို အိမ်ခေါ်သွားလိုက်ပြီး ဘေးအိမ်မှ ကိစ္စကို ဂရုစိုက်မနေတော့ချေ။ သူတို့နှစ်ဦး ဘာတွေပဲဖြစ်ဖြစ် စုယွဲ့ မောက်မောက်ကို ဂရုစိုက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ဒီကလေးက အတော်လေး လိမ္မာပေမယ့် ကံမကောင်းသဖြင့် စုယွဲ့ သနားမိသောကြောင့် တက်နိုင်သမျှ ဂရုစိုက်ပေးကာ သူမကြောင့် ဤကလေး အနည်းငယ် ပျော်လာရင်ပဲ ရပါပြီလို့ စုယွဲ့ တွေးထားသည်။ 



ညနေခင်းတွင် ကောကျွင်းက ဟန်မိသားစုဆီလာပြီး စုယွဲ့ကို ကျေးဇူးတင်စကားပြောကာ လက်မှတ်နဲ့ ပိုက်ဆံတွေကို လာပေးခဲ့သည်။ မောက်မောက်အတွက်လို့ ပြောသဖြင့် စုယွဲ့လည်း ကောကျွင်း နောက်ဆံတင်းမနေစေဖို့ လက်ခံထားလိုက်သည်။ သားကို ပူပန်ကာ စစ်ဆင်ရေး၌ အန္တရာယ်တွေ့သွား၍ မဖြစ်ချေ။ မောက်မောက်မှာ အမေမရှိတော့တာကြောင့် အဖေကတော့  ရှိနေမှရမည်။



မြောင်ရွှယ်နှင့် ကောကျွင်းတို့ ဘာတွေဖြစ်သွားကြလဲတော့ မသိပေမယ့် ပြဿနာရှာပြီး နှစ်ရက်အကြာတွင် မြောင်ရွှယ်က တက္ကသိုလ်တက်ဖို့ ထွက်သွားသည်။ ဟန်အိုက်မင်လည်း တရား၀င် တက္ကသိုလ်စတက်ရတော့မည် ဖြစ်သည်။



ထိုနေ့၌ ဟန်အိုက်ကောက ခွင့်ယူကာ အမေဟန်၊ စုယွဲ့နဲ့ ကလေးသုံးယောက်အပါအ၀င် တစ်မိသားစုလုံး ဟန်အိုက်မင်ကို လိုက်ပို့ပေးကြသည်။ 



ခရိုင်တက္ကသိုလ်က မြို့ထဲမှာပဲရှိသဖြင့် သွားသည့်အချိန်သိပ်မကြာလိုက်ပေ။ ကျောင်းသားရေးရာကိုသွားပြီး ကျောင်းလစာအရင်သွင်းလိုက်ပြီးမှ ဟန်အိုက်မင် အဆောင်ဆီ သွားလိုက်ကြသည်။ အဆောင်တစ်ခန်းမှာ လူရှစ်ယောက်နေရမှာဖြစ်ပြီး နှစ်ထပ်ကုတင်တွေနဲ့ တစ်ယောက်ကို ဗိီရိုတစ်လုံးစီ ထားပေးထားသည်။ ကျဥ်းကျဥ်းကျပ်ကျပ် နေရမှာဖြစ်ပေမယ့် ရွေးချယ်စရာမရှိသဖြင့် နေကြရမှာပဲ ဖြစ်သည်။



စုယွဲ့တို့ ရောက်သွားတဲ့အခါ အဆောင်ခန်းထဲ လူသုံးယောက်ရှိနေပြီ။ တစ်ယောက်က ဟန်အိုက်ကောနဲ့ ရွယ်တူဖြစ်ပြီး ကျန်နှစ်ယောက်က သုံးဆယ်ကျော်အရွယ်များ ဖြစ်သည်။ အံ့သြစရာတော့ မဟုတ်ချေ။ ယခုအချိန်၌ အသက်ကန့်သတ်ချက် မရှိသေးသဖြင့် အများစုက သုံးဆယ်ကျော် လေးဆယ်အရွယ်များ ဖြစ်ကြသည်။ ထို့ကြောင့် အသက်ကွာကြခြင်းက ပုံမှန်သာဖြစ်သည်။ နောက်ပိုင်းမှသာ အသက်ကန့်သတ်ချက် ရှိလာမှာပင်။



ဟန်အိုက်ကောနဲ့ အမေဟန်က ဟန်အိုက်မင်ကိုကူပြီး ပစ္စည်းတွေကို နေရာချပေးနေခဲ့သည်။ စုယွဲ့က ကလေးသုံးယောက်ကိုခေါ်ပြီး တက္ကသိုလ်၀င်းထဲ လျှောက်ကြည့်နေလိုက်သည်။



ကလေးသုံးယောက်က လက်ချင်းတွဲပြီး ဟိုကြည့်ဒိီကြည့်နဲ့ စိတ်၀င်စားနေကြသည်။ စုယွဲ့ကိုလည်း ဟိုမေးဒီမေးဖြင့် လုပ်နေကြသည်။ ရှောင်ပေါင်က တစ်ခုခုကို မြင်တာနဲ့ ဟိုဟာကဘာလဲ ဒီဟာကဘာလဲနှင့် စုယွဲ့ကို မေးနေခဲ့သည်။ စုယွဲ့ ပြန်ဖြေပေးရင်းဖြင့် ကလေးသုံးယောက်ကို ပြောလိုက်သည်။  " ဒီမှာ တက်ချင်တယ်ဆိုရင် စာအများကြီး ကြိုးစားရမှာနော် " 



ကလေးသုံးယောက်က စုယွဲ့ရဲ့ ပြောပြချက််တွေအောက် တက္ကသိုလ်တက်ချင်သွားကြသည်။ စုယွဲ့က ကလေးတွေရဲ့ ရင်ထဲထိ တက္ကသိုလ်ကောင်းကောင်းတက်ပြီး အလုပ်ကောင်းကောင်းလုပ်ချင်ရင် စာကြိုစားရမယ်ဟူသော စိတ်ဓာတ်ခံယူချက်ကို မျိုးစေ့ချပေးလိုက်တာ ဖြစ်သည်။ နောင်နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤကလေးသုံးယောက်က ပေကျင်းနှင့် ချင်းဟွာတက္ကသိုလ်ဆီ အသီးသီး ၀င်ခွင့်ရခဲ့ကြသည်။ 



ဟုတ်ပေသည်။ သို့သော်လည်း ထိုသည်က နောင်တစ်ချိန်ကြမှသာ ဖြစ်လာမည့်အရာများပင်။