Chapter 165
Viewers 32k

🌍Chapter 165



ညမှာ ​မှောင်မိုက်လှသည်။ အ​နောက်အရပ်မှ ထူထဲ​သော တိမ်များမှာ ​ရွေ့လျားလျက် လမင်းကိုကွယ်ထားကြ၏။ ရွက်​ကြွေများမှာ လမ်း​ဘေးတွင်စုပုံ​နေပြီး ကားပျက်များမှာ လမ်းမ​ပေါ်တွင် ပိတ်ဆို့​​နေခဲ့သည်။ အနက်​ရောင်အရိပ်တစ်ခုမှာ လမ်းအလယ်မှ ဖြတ်ခနဲဖြတ်​ပြေးသွားခဲ့သည်။ ၄င်းမှာ အ​နီ​ရောင်မျက်လုံးများရှိ​သော အဖြူ​​ရောင်ယုန်​ခေါင်းတစ်​ခုပင်။ ထိုယုန်​ခေါင်းက သူ၏သွားကြားတွင် လူသားတစ်ဖတ်နှင့်အတူ လျင်မြန်စွာ​ပြေးသွားခဲ့သည်။ 


ယုန်​ခေါင်းမှာ အ​ဆောက်အဦး၂ခုကြားသို့ခုန်လိုက်ကာ လမ်းကြားတစ်ခုသို့ပြုတ်ကျသွားခဲ့၏။


ဘန်း...


​၄င်း၏​နောက်မှ ​သေနတ်သံတစ်ခုထွက်လာခဲ့ပြီး ယုန်​ခေါင်းမှာ ​ဘေးသို့ရုတ်ချည်း​ရှောင်လိုက်ကာ သူ၏နားရွက်တွင် အ​ပေါက်တစ်​ပေါက်ကို ချန်ရစ်ခဲ့သည်။ ၄င်းမှာ သူ၏​နောက်မှ ​ပြေးလိုက်​နေ​သောလူအား ​ဒေါသတကြီးဟိန်း​ဟောက်လိုက်ကာ အပင်တစ်ပင်ကိုဆွဲနှုတ်လျက် ထိုလူထံ ပစ်​ပေါက်လိုက်သည်။ ဖူ၀မ်​သော် ​ဘေးသို့​​ရှောင်လိုက်ကာ အနက်​ရောင်လက်နက်ဖြင့် ထိုယုန်​ခေါင်းလူကို ထိုးစိုက်လိုက်သည်။


ယုန်​ခေါင်းလူမှာ ထိုခုတ်ချက်ကိုအမြန်​ရှောင်လိုက်သည်။ ဖူ၀မ်​သော်၏ ညာလက်မှာ နံရံကိုထိုးစိုက်မိကာ အက်ကွဲ​ကြောင်းရှည်ကြီးတစ်ခုကို​ပေါ်လာ​စေကာ သူ၏လက်မှာ နံရံတွင် စိုက်သွားခဲ့သည်။ ယုန်​ခေါင်းက ထိုအခွင့်အ​ရေးကိုယူလျက် အမြန်ထွက်​ပြေးလိုက်သည်။ သို့​သော် သူ​ခေါင်းကိုလှည့်လိုက်ချိန်တွင် အရပ်မြင့်မြင့်ပိန်သွယ်သွယ်လူတစ်​ယောက်မှာ လမ်းအဆုံးတစ်ဖက်တွင် ရပ်​နေသည်ကို​တွေ့လိုက်ရ​လေသည်။


ထန်​မော့မှာ သူ၏လက်၂ဖက်ကို​နောက်ပစ်လိုက်ကာ ထိုယုန်​ခေါင်းလူကိုကြည့်လျက် ​ရေရွတ်လိုက်သည်။ 


"ငါ့အဘိုးပြန်​ပေး"


အလျှံတညီးညီးမီး​တောက်များမှာ တမဟုတ်ချင်း ပန်းထွက်လာခဲ့သည်။  ယုန်​ခေါင်းမှာ ထိတ်လန့်စွာ​အော်ဟစ်လျက် သတိလက်လွတ်​နောက်ဆုတ်​ပြေးရန်ပြင်လိုက်​လေသည်။  သို့​သော် ဖူ၀မ်​သော်က သူ၏​နောက်တွင်ရှိ​နေခဲ့သည်။ သူ၏ပါးစပ်မှာမဲ့ပြုံးတစ်ခုနှင့်အတူ ​ကျောက်နံရံတစ်ခုကို​ရှေ့သို့ကာလိုက်​လေသည်။ ၄င်းမှာ ဖူ၀မ်​သော်ယခု​လေးတင် လက်ညပ်​နေခဲ့​သော နံရံပင်ဖြစ်​လေသည်။


ယုန်​ခေါင်းလူသည် ဖူ၀မ်​သော်က လက်ညပ်သွား​​သော ထိုနံရံအပိုင်းကို အမှန်တကယ်သယ်လာလိမ့်မည်ဟု ​မျှော်လင့်မထားခဲ့​ချေ။ ထိုကြီးမား​သော ​ကျောက်နံရံကြီးမှာ ယုန်​ခေါင်းနှင့် ဖူ၀မ်​သော်ကြားတွင်ခြားလျက် ယုန်​ခေါင်းလူ၏​ပြေး​ပေါက်ကိုပိတ်ထားကာ မီး​တောက်များက သူ့ကို​လောင်ကျွမ်းသွားခဲ့သည်။ ယုန်​ခေါင်းမှာ ထွက်​ပြေးရန်ကြိုးစား​သော်လည်း ၄င်းမှာ ​လောင်ကျွမ်း​နေခဲ့ပြီးဖြစ်သည်။


"ကျစ်ကျစ်" 


နာနာကျင်ကျင်​အော်မြည်သံများက လမ်းကြားထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။ 


မီး​တောက်များငြိမ်းသွားသည်နှင့် ဖူ၀မ်​သော် ​ကျောက်တုံးနံရံကို​ဘေးသို့ဖယ်ထုတ်လိုက်သည်။ သူသည်ထိုင်ချလျက် ယုန်​ခေါင်းလူ၏ မီးကျွမ်း​နေ​သော အ​လောင်းကို စူးစမ်းလိုက်သည်။ ထိုအ​လောင်းမှာ မကြာခင်မှာပင် သစ်သားတံဆိပ်ပြားတစ်ခုအဖြစ်​ပြောင်းသွားခဲ့​လေသည်။ ထန်​မော့၄င်းကို​ကောက်ယူလိုက်ကာ ၄င်း​ပေါ်မှ စာလုံးကိုမြင်​သော် မျက်​မှောင်ကျုံ့လိုက်​လေသည်။ 


"ထပ်ပြီး Sပဲ" 


ဖူ၀မ်​သော်ထရပ်လိုက်သည်။ 


ဤရှုပ်​ထွေး​သောညတွင် တိုက်ခိုက်သံများနှင့် ​ပေါက်ကွဲသံများကို ​နေရာအနှံ့တွင်ကြား​နေခဲ့ရ​လေသည်။ ​သေနတ်ပစ်သံများနှင့် အ​ဆောက်အဦးပြိုကျသံများမှာ မည်သည့်အခါမျှ ရပ်တန့်မသွားခဲ့သည်။


ထန်​မော့တံဆိပ်ပြားကို အိတ်ကပ်ထဲသို့ထည့်လိုက်​လေသည်။ 


"အခုကျွန်​တော်တို့မှာ တံဆိပ်ပြား ၁၅ခုရပြီ...၁၀နာရီ၄၀လည်းရှိ​နေပြီ...​လေးသုတ်​မြောက်ကယုန်​ခေါင်းလူ​တွေလည်း အသတ်ခံလိုက်ရပြီဆို​တော့ နည်းနည်းပဲကျန်​​တော့တယ်..."


ထန်​မော့ခတ္တမျှတန့်သွားခဲ့သည်။


"အ​ခြေအ​နေသိပ်မ​ကောင်းဘူး"


"ကိုယ်တို့မှာ Sခုနှစ်ခု R၅ခု Uတစ်ခု Pတစ်ခုနဲ့ Eတစ်ခုရှိပြီ" 


ဖူ၀မ်​သော်၏ ညာလက်မှာ မူလပုံစံသို့ပြန်​ပြောင်းသွားခဲ့သည်။ သူကတည်ငြိမ်စွာဆိုသည်။ 


" I ကလွဲလို့ ကျန်တာအကုန်ရှိတယ် အ​ခြေအ​နေကဒီအတိုင်းပဲဆိုရင်​ မနက်ဖြန်၆နာရီမှာ ကိုယ်တို့အခြားစာလုံး​တွေကို စုမိလိမ့်မယ်"


ထန်​မော့တုန့်ပြန်လိုက်သည်။ 


"ဒါ​ပေမယ့် ယုန်​ခေါင်းလူ​တွေရဲ့အ​ရေအတွက်က နည်းနည်းလာတယ်...ပြီး​တော့ Sနဲ့ R​တွေကလည်း အရမ်းများ​နေတယ်"


​လေးနာရီတွင် တံဆိပ်ပြား ၁၅ခုစုမိခြင်း။ ၄င်းမှာ ထန်​မော့နှင့် ဖူ၀မ်​သော်သည် ဂိမ်းကိုမကြာခင်ရှင်းနိုင်​တော့မည်လိုထင်ရသည်။ ထန်​မော့ ဒုတိယEကိုရရှိစဥ်က သူသည်ထိုယုန်​ခေါင်းလူများကိုသတ်ခြင်းက 'surprise'ကို​ပေါင်းနိုင်မည့် မတူညီ​သော စာလုံးများကို ရရှိ​စေမည်ဖြစ်သည်ဟုယူဆခဲ့သည်။ သူခန့်မှန်းခဲ့သလိုပင် ထိုတံဆိပ်ပြားများ​ပေါ်မှစာလုံးများမှာ 'surprise'နှင့် သက်ဆိုင်​နေခဲ့သည်။ သို့ဆိုလျှင်​တောင် ထိုတံဆိပ်ပြား၁၅ခုထဲတွင် တူညီ​သော တံဆိပ်ပြားများကသာ များ​နေခဲ့​လေသည်။


Surpriseတွင် စာလူံး ၈လုံးပါရှိသည်။ Sနှင့် Rတို့ကို ၂ကြိမ်၃ရန်လိုအပ်​သော်လည်း ကျန်စာလုံးများမှာ​တော့ တစ်လုံးစီသာဖြစ်သည်။


ထန်​မော့နှင့် ဖူ၀မ်​သော်၂​ယောက်လုံး Surpriseကို​ပေါင်းနိုင်ရန်အတွက် S​လေးလုံး R​လေးလုံးနှင့် ကျန်စာလုံးများကို ၂လုံးစီလိုအပ်​လေသည်။ သူတို့၂ဦး၏ ခွန်အားမှာ အလွန်မြင့်လှသည်။ ဤသန့်ရှင်း​ရေးဂိမ်းမှာ အနက်​ရောင်​မျှော်စင်မှ ​အောက်ဆုံးအဆင့်တွင် အနည်ထိုင်​နေ​သော လူများကိုရှင်းထုတ်ပစ်ရန် ရည်ရွယ်ခြင်းဖြစ်​လေသည်။ ဤဂိမ်းမှာ သူတို့နှင့်သက်ဆိုင်ခြင်းမရှိပဲ မ​တော်တဆ၀င်ပါမိခဲ့ခြင်းဖြစ်သည်။  သူတို့၏သန်မာမှုနှင့်ဆိုပါက ယုန်​ခေါင်းလူတစ်ဦးကို​တွေ့သ၍ သစ်သားတံဆိပ်တစ်ခုကိုကျိန်း​သေရနိုင်​လေသည်။ သို့​သော် သူတို့သည်တူညီ​သော တံဆိပ်ပြားများကိုသာ ထပ်ခါထပ်ခါရရှိ​နေခဲ့သည်။


"ကျွန်​တော်တို့ ယုန်​ခေါင်း​တွေကိုရှာဖို့ တမင်အတူတူလာကြ​တာ​တော့မဟုတ်ဘူး...၄နာရီထဲမှာ ကျင်းနင်တို့ ရှီရှားတို့လို နန်ကျင်းရဲ့အဓိက​နေရာ​တွေကိုလည်း ဖြတ်လာပြီးပြီ"


သူတို့​နေရာစုံကိုသွားခဲ့ရသည်မှာလည်း ယုန်​ခေါင်းလူများမှာ နည်းလွန်းကာ ကစားသမားအ​ရေအတွက်ကများလွန်း​နေ၍ပင်ဖြစ်​လေသည်။ အသတ်မခံရ​သေး​သော ယုန်​ခေါင်းလူကိုရှာ​တွေ့ရန်မှာ အလွန်ခက်ခဲလှသည်။ ထန်​မော့ကဆိုသည်။ 


"တစ်​နေရာထဲကယုန်​​ခေါင်း​တွေက တူညီတဲ့တံဆိပ်​တွေပဲ​ပေးတယ်ဆိုတဲ့ဖြစ်နိုင်​ချေကိုလည်း ဖယ်ထုတ်ထားလို့မရဘူး"


ဖူ၀မ်​သော်က ဆိုသည်။ 


"ယုန်​​ခေါင်း​တွေကကျပန်း​နေရာ​တွေမှာ​ပေါ်လာတာပြီး​တော့ ၁နာရီကိုတစ်ခါ.." 


၂ဦးသားမှာ ရှီရှားနှင့် ပူခူးကြားမှ အစပ်သို့ ​လျှောက်သွားလိုက်​လေသည်။ ဖူ၀မ်​သော်မှာ လမ်း​ပေါ်မှ ယာဥ်​ကြောအမှတ်အသားကိုကြည့်လိုက်ကာဆိုလိုက်သည်။


"ပူခူးကိုသွားရ​အောင်"


ထန်​မော့​ခေါင်းညိတ်လိုက်သည်။ 


လူ၂​ယောက်မှာ မကြာခင်မှာပင် ပူခူးသို့၀င်လာခဲ့လေသည်။ 


နန်ကျင်းတွင် နယ်​မြေ ၁၁ခုရှိ​လေသည်။ လူချင်းမခွဲမီက ​ရှောင်ကျီထုံးမှာ ထန်​မော့နှင့် ဖူ၀မ်​သော်ကိုဆိုခဲ့သည်။ 


"မင်းတို့မသိ​လောက်ဘူးထင်လို့ နန်ကျင်းမှာ နယ်​မြေ ၁၁ခုရှိတယ်...အနက်​ရောင်​မျှော်စင်က​ပြောခဲ့တယ်မလား နန်ကျင်းမှာ အမှိုက်ရှင်းလင်း​ရေးဌာန ၁၁ခုရှိတယ်...သုန်ရင်မှာ ၆ခုရှိတယ်...လို့​လေ... ကျန်နေရာတွေမှာဘယ်နှစ်ခုရှိသလဲ​တော့မသိ​ပေမယ့် နန်ကျင်းမှာ​တော့ ၁၁ခုရှိတယ်...အခုကျွန်​တော်တို့ ရှင်း​ဟွေ့မှာ ပထမအမှိုက်ရှင်းလင်း​ရေးဌာနတစ်ခုကို​တွေ့ထားပြီ..ဒီ​တော့ကျန်တဲ့ဌာန ၁၀ခုက အဲဒီနယ်​မြေ၁၀ခုမှာရှိ​လောက်တယ် နန်ကျင်းအဖွဲ့ကလူ​တွေက​တော့ အ​ခြေအ​နေကိုသွားကြည့်ကြမှာ ..​နောက်ဆုံးနာရီပိုင်းကျရင်​​တော့ဒီမှာဆုံကြမှာ..ထန်​မော့ မစ္စတာဖူ ခင်များတို့ ကျွန်​တော်တို့ကိုရှာချင်ရင် ဒီကိုပြန်လာလို့ရပါတယ်"


ယုန်​ခေါင်းများ​ပေါ်လာသည့်​နေရာမှာ ကျပန်းသာဖြစ်​သော်လည်း အမှိုက်ရှင်း​လင်း​ရေးဌာများမှာ​တော့အတည်တကျဖြစ်​လေသည်။ 


မိနစ်၃၀ကြာပြီး​နောက် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ ပူခူးမြို့လယ်​ခေါင်သို့​ရောက်လာခဲ့​​လေသည်။ သူတို့သည် ထူးဆန်း​သောအ​ရောင်အ​သွေးနှင့် အ​ဆောက်အဦးတစ်ခုကိုအ​ဝေးမှလှမ်းမြင်လိုက်ရသည်။ ထန်​မော့အနီးသို့​လျှောက်သွားလိုက်ကာ ၄င်း​ပေါ်မှ စာလုံးများကိုကြည့်လိုက်သည်။


ထန်​မော့ကဆိုသည်။ 


"ဒါက ၇ခု​မြောက် အမှိုက်ရှင်းလင်း​ရေးဌာနပဲ...​ရှောင်ကျီထုံး​ပြောခဲ့သလိုပဲ အမှိုက်ရှင်းလင်း​ရေးဌာန​တွေက မြို့တစ်မြို့ရဲ့ အထင်ကရ​နေရာမှာရှိ​တာပဲ"


ထန်​မော့၏ဦး​နှောက်မှာလျင်မြန်စွာ​တွေး​တောလိုက်သည်။


ဘာလို့ဒီ​နေရာမှာလဲ...


ယုန်​ခေါင်းလူများ၏ တည်​နေရာမှာ ကျပန်းဖြစ်သည်။ အမှိုက်ရှင်း​လင်း​ရေးဌာနများက​တော့ မြို့တစ်မြို့စီ၏ အချက်အခြာကျ​​သော ​နေရာတွင်တည်ရှိ​လေသည်။ နန်ကျင်းကဲ့သို့ပင် ကျန်မြို့၁၀ခု၏ အမှိုက်ရှင်းလင်း​ရေးဌာန၁၀ခုမှာလည်း ထိုသို့ထင်ရှား​သော​နေရာများတွင်တည်ရှိလိမ့်မည်။ အနက်​ရောင်​မျှော်စင်မှာ ခရိုင်တစ်ခုတွင်ရှိ​သော မြို့အ​ရေအတွက်အလိုက် အမှိုက်ရှင်းလင်း​​ရေးဌာနများကိုချ​ပေးထားသည်။


ဖူ၀မ်​သော်ကဆိုသည်။


"အမှိုက်ရှင်းလင်း​ရေးဌန​တွေက သူတို့​နေရာ​တွေနဲ့ပတ်သက်ပြီး တူညီတာတစ်ခုခုရှိလိမ့်မယ်" 


ထန်​မော့က​တွေးလိုက်သည်။ 


"မြို့တိုင်းရဲ့ အထင်ကရ​နေရာ​တွေမှာ ရှိ​နေကြတာပဲ"


"အဲဒီလိုအထင်ကရ​နေရာ​တွေမှာလည်း လူ​တွေအ​တော်များများရှိမှာ​လေ"


ဖူ၀မ်​သော်၏ မျက်လုံးတို့​မှေးကျဥ်းသွားလျက် ခတ္တမျှ​တွေးလိုက်သည်။


"လူဦး​ရေထူထပ်တာ...အမှိုက်ရှင်းလင်း​ရေးဌာနအ​ရေအတွက်ကမြို့နယ်စုစု​ပေါင်းအ​ပေါ်မူတည်ပြီး ချ​ပေးထားတာ...အထင်ကရအဖြစ်ဆုံးနဲ့ လူဦး​ရေအထူထပ်ဆုံး​နေရာ.."


ထန်​မော့မှာ ၄င်းကိုကြားလျှင် ​ရုတ်ချည်း အံ့အားသင့်သွားခဲ့သည်။


"နာမည်အကြီးဆုံး​နေရာ​တွေ"


ဖူ၀မ်​သော်မှာ ထန်​မော့၏ ဆိုလိုရင်းကိုနားလည်သွားလျှင် မျက်​မှောင်ကျုံ့လျက် ကြည့်လိုက်​လေသည်။ 


ထန်​မော့ကဆိုသည်။ 


"ကစားသမား​တွေက ဂိမ်းကိုရှင်းဖို့ အမှိုက်ရှင်းလင်း​ရေးဌာနမှာ 'surprise'ကိုထည့်ဖို့လိုတာ...အမှိုက်ရှင်းလင်း​ရေးဌာန​တွေကို အဲဒီလိုလူဦး​ရေထူထပ်တဲ့​နေရာ​တွေမှာ ထားလိုက်​​တော့လူတိုင်းအလွယ်တကူရှာ​တွေ့မှာ​လေ...ကစားသမားတိုင်းက အဲဒီ​နေရာကိုတစ်ခါမှမ​ရောက်ဖူးရင်​​တောင် မြို့ရဲ့အဓိက​နေရာကိုရှာပြီးလာရင် ဒါကို​တွေ့မှာပဲ"


ဖူ၀မ်​သော် ဆက်၍​​တွေးလိုက်သည်။


"ဒီလိုဆို​တော့ ကစားသမားတိုင်းက အမှိုက်ရှင်းလင်း​ရေးဌာန​တွေရဲ့တည်​နေရာကို သိကြမှာ" 


ထန်​မော့ကဆိုသည်။ 


"ဂိမ်းစပြီးလို့ နာရီပိုင်း​လောက်မှာပဲ တချို့ကစားသမား​တွေက အနီးဆုံးက အမှိုက်ရှင်းလင်း​ရေးဌာန​တွေကို​တွေ့ပြီး​လောက်ပြီ"


ထန်​မော့၏ အသံမှာ ရပ်သွားခဲ့သည်။


အ​ဝေးမှ  ​အေးစက်​သော ​လေပြည်မှာ တိုး​ဝှေ့လာပြီး ထန်​မော့၏ ကိုယ်​ပေါ်မှ ကြက်သီး​မွှေးညှင်းများထသွားခဲ့ရသည်။ သူသည် ​ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်​လေသည်။


လက်ရှိတွင် ထန်​မော့နှင့် ဖူ၀မ်​သော်မှာ လမ်းဆုံတစ်ခုတွင်ရပ်​နေခဲ့သည်။ ​ရောင်စုံအမှိုက်ရှင်းလင်း​ရေးဌာနမှာ ထိုလမ်းဆုံတွင်တည်ရှိ​နေခဲ့သည်။ လမ်းမကြီးတစ်ခုလုံးမှာ တိတ်ဆိတ်လျက် ​လေတိုးသံမှအပဘာကိုမျှမကြားနိုင်​ချေ။


ဤ​နေရာတွင် မည်သူမျှရှိမ​နေခဲ့​ချေ။ ထန်​မော့နှင့်ဖူ၀မ်​သော်သာလျှင် ရပ်လျက် ​ဘေးဘီကိုကြည့်​နေသည်နှင့် တူ​လေသည်။ 


ထန်​မော့မှာ နှုတ်ခမ်းကိုသပ်လိုက်ရင်း အကြည့်တို့မှာ အနီးဆုံးမှ အ​ဆောက်အဦးနှင့် စတိုးဆိုင်များဆီဖြတ်​ပြေးသွားခဲ့သည်။ ခတ္တမျှအကြာတွင် သူသည်ဖူ၀မ်​သော်ကိုလှည့်ကြည့်လိုက်ကာ ၂ဦးသားမှာ တိတ်တဆိတ်သ​ဘောတူလျက် အမှိုက်ရှင်းလင်း​ရေးဌာနမှထွက်ခွာသွားကြ​တော့သည်။ သူတို့ထွက်ခွာလာသည့်တိုင် ပတ်၀န်းကျင်တွင် လှုပ်ရှားမှု ကင်းမဲ့​နေဆဲဖြစ်ကာ အမှန်တကယ်မည်သူမျှရှိမ​နေသလိုပင်။


ထိုစဥ် နန်ကျင်း ကူလူးတွင်...


စတိုးဆိုင်၏အလယ်တွင် ညစ်ပတ်​ပေ​ရေ​နေ​သော လူလတ်ပိုင်းကြီးမှာ လက်ထဲတွင်သစ်သားတံဆိပ်တစ်ခုကိုကျစ်ကျစ်ပါ​အောင်ဆုပ်လျက် ​ပြေးလွှား​နေခဲ့​လေသည်။ သူသည်​ပြေးနိုင်သမျှမြန်မြန်​ပြေး​နေခဲ့သည်။ သူသည်မီတာ၁၀၀ခန့်​ပြေးပြီး​နောက်တွင် လူရွယ်၂ဦးမှာ ​ထောင့်ချိုးကို​ကွေ့လျက် ​ဒေါသတကြီး​အော်ဟစ်လာခဲ့သည်။ 


"ငါတို့တံဆိပ်ကိုပြန်​ပေး..မ​ပြေးနဲ့...တံဆိပ်ကိုပြန်​ပေးလို့"


ထိုလူလတ်ပိုင်းကြီးမှာ မရပ်လိုခဲ့​ချေ။ သူသည်ဆက်တိုက် လျင်မြန်စွာ​ပြေးလွှား​နေခဲ့ပြီး သူ၏နယ်​မြေကျွမ်းကျင်မှု​ကြောင့် လမ်းကြားတစ်ခုကိုချိူးကာ ထိုလူ၂ဦးကိုချန်ထားရစ်ခဲ့​လေသည်။  သို့​သော် ထိုလူရွယ်၂ဦး၏ ဖြတ်လတ်မှုက ပိုသန်မာ​နေဆဲပင်။ သူကိုဖမ်းမိရန် ထိုထက်များများမကြာနိုင်​တော့​ချေ။


လူ၃​ယောက်မှာ ဧရိယာတစ်ခုသို့ဖြတ်၍​ပြေးလာခဲ့ကြသည်။ 


အချိန်များကုန်လွန်သွားပြီး​နောက် လူလတ်ပိုင်းကြီးမှာ တဖြည်းဖြည်း​မောပန်းလာခဲ့​လေသည်။ လူ၃ဦး၏ကြားမှ အကွာအ​ဝေးမှာ တဖြည်းဖြည်းတို​တေင်းလာခဲ့သည်။  ရုတ်ချည်းလက်တစ်ဖက်မှာ ထိုလူကြီး၏ အ၀တ်စကိုဖမ်းဆုပ်ကာ ​နောက်သို့အညှာအတာမဲ့စွာ​ဆောင့်ဆွဲလိုက်​လေသည်။ လူလတ်ပိုင်းကြီးမှာ နာကျင်စွာ ​ညည်းညူလိုက်သည်။ သူပြန်လည်းမတုန့်ပြန်နိုင်ခင်မှာပင် လက်သီးတစ်ချက်က သူ၏မျက်နှာသို့​ပြေး၀င်လာခဲ့​လေသည်။



"​ပြေးချင်​သေးတာလား...​ပြေးနိုင်​သေးလား ကြည့်ရတာ​ပေါ့" 


လူရွယ်မှာ ​ဒေါသတကြီးကျိန်ဆဲလျက် ထိုလူကြီးကိုဆက်၍ထိုး​နေ​သော လက်သီးချက်များမှာလည်း အညှာအတာကင်းမဲ့လျက်။ သူ၏အ​ဖော်မှာ ထိုလူကြီး၏ လက်ထဲမှ တံဆိပ်ပြားကိုဆွဲလုလိုက်ကာ ၄င်း​ပေါ်မှ Sကို​တွေ့လိုက်ရသည်။


ထိုလူရွယ်၂ဦးမှာ တရား၀င်ကစားသမားများဖြစ်ကြသည်။ သူတို့၏ စွမ်းရည်မှာ အမှိုက်ဆန်ကာ အလွန်မသန်မာလှ​သော်လည်း သာမာန် အရံကစားသမားဆစ်ဦးထက်​​တော့သန်မာ​နေဆဲပင်။ မတိုင်ခင်တွင် သူတို့သည် ​ပတ်၀န်းကျင်တွင် ကစားသမားများမရှိခင် ယုန်​ခေါင်းတစ်ဦးနှင့်တိုးခဲ့​လေသည်။ ထိုယုန်​ခေါင်းကိုသတ်ရန် သူတို့၂ဦး အ​​တော်အားထုတ်ခဲ့ရသည်။ သို့​သော် သူတို့၏ တံဆိပ်ပြားမှာ ဤသက်လတ်ပိုင်းလူကြီးထံမှ ခိုးယူခံလိုက်ရ​လေသည်။


ခက်ခက်ခဲခဲရရှိထား​သောထိုတံဆိပ်ပြားကို ထိုကစားသမား၂ဦးမှာ လက်လွှတ်နိုင်စရာအ​ကြောင်းမရှိခဲ့​ချေ။  ထိုလူလတ်ပိုင်းကြီးမှာ ထိုးကြိတ်ခံရမှု​ကြောင့် ဖူး​ယောင်လာ​တော့မှ တံ​တွေးဖြင့်ထွေးကာ ထထွက်သွားလိုက်ကြသည်။ သို့​သော် သူတို့ထွက်သွားနီးမှာပင် ထိုလူကြီး၏ ​သွေးများရွှဲ​နေ​​သော မျက်နှာ​ပေါ်တွင် အကြင်နာကင်းမဲ့​သော အရိပ်အ​ယောင်တစ်ခုဖြတ်​ပြေးသွားခဲ့သည်။ သူသည်အိတ်ထဲမှ ဓါးတစ်​ချောင်းကို ရုတ်ချည်းဆွဲထုတ်လျက် အနီးဆုံးရှိလူရွယ်ကို ထိုးစိုက်လိုက်​လေသည်။


"မင်းကိုသတ်မယ်"


လူရွယ်မှာ ထိတ်လန့်သွားလျက် အလျင်အမြန်​ရှောင်လိုက်​ပါ​သော်လည်း ​နောက်ကျသွားခဲ့​လေပြီ။ သူ့ထံသို့​ရောက်လာမည့်​သေခြင်းတရားကို အကူအညီမဲ့စွာ​စောင့်ဆိုင်း​နေရစဥ် သူ၏အ​ဖော်က ရုတ်ချည်းထိုဓါးကိုလှမ်း၍ဆွဲလိုက်သည်။ ထို့​နောက်သူ၏လက်တစ်ဖက်တွင်မူဓါးကိုဆုပ်ကိုင်လျက် ထိုလူကြီး၏ ရင်ဘတ်ကိုထိုးစိုက်ချလိုက်​လေသည်။


လူလတ်ပိုင်းကြီးမှာ မ​​သေခင်အထိသူတို့ကိုစိုက်ကြည့်​နေခဲ့​လေသည်။ 


လူရွယ်၂ဦးမှာ ထိုမြင်ကွင်းကိုကြည့်လျက် တုန်ရီ​နေခဲ့သည်။ 


"အစ်ကို...မင်း...မင်းလက်"


ထိုလူကြီးကိုသတ်လိုက်​သော လူရွယ်မှာ တုန်ရီ​နေ​သော အသံဖြင့်ဆိုလာခဲ့သည်။ 


"ဘာမှမဖြစ်ဘူး...ငါ သူ့ကိုသတ်ချင်လို့မှမဟုတ်တာ သူကမင်းကိုသတ်မလို့လုပ်ခဲ့တာ"


ဤသည်မှာ သူပထမဆုံးအကြိမ်တစ်​​ယောက်​ယောက်ကို သတ်ဖူးခြင်းပင်။


အခြား​နေရာများတွင် လူသတ်ခြင်းကပုံမှန်သာဖြစ်​သော်လည်း နန်ကျင်းတွင်မူ ခိုး၀င်သူများပင်လျှင် လူသတ်ခဲလှကာ အရံကစားသမားနှင့် တရား၀င်ကစားသမားများဆိုလျှင် ထည့်​ပြော​နေစရာပင်မလို​ချေ။ ညီအစ်ကို၂ဦးမှာ တစ်​ဦးကိုတစ်ဦးကြည့်လျက် တဖြည်းဖြည်းတည်ငြိမ်သွားခဲ့သည်။ သူတို့ထွက်သွားရန်ပြင်လိုက်စဥ်မှာပင် လူသတ်လိုက်​သော အစ်ကိုဖြစ်သူက အံ့အားသင့်စွာ​ရေရွတ်လာသည်။


"အဲဒါကဘာလဲ"


ညီဖြစ်သူမှာလည်း အာ​​မေဋိတ်သံနှင့်အတူ ထိုသစ်သားတံဆိပ်ပြားကို​ကောက်ယူလိုက်သည်။ သူသည် စာလုံးကိုကြည့်လျက် ​ရေရွတ်လာခဲ့သည်။


"ဒါလည်းတံဆိပ်ပြားတစ်ခုလား"


"ဒီတံဆိပ်ပြားကဘယ်က​ရောက်လာတာလဲ မင်း​တွေ့လိုက်လား"


"မ​တွေ့လိုက်ဘူး..ဒီတံဆိပ်ပြားက အစတည်းက ဒီ​နေရာမှာ ရှိမ​နေစရာအ​ကြောင်းမရှိဘူး​လေ...ရုတ်တရက်ကြီး​ပေါ်လာတာပဲ"


အစ်ကိုဖြစ်သူမှာ တန့်သွားခဲ့​လေသည်။


"တံဆိပ်ပြားတစ်ခုကရုတ်တရက်ဘယ်လို​ပေါ်လာမှာလဲ"


ထို့​နောက်သူသည်​တောင့်တင်းသွားလျက် လူလတ်ပိုင်းကြီး၏ အ​လောင်းကိုကြည့်လိုက်သည်။ သူကဆိုသည်။ 


"ကျန်တဲ့ခရိုင်၁၀ခုကကစားသမား​တွေက အမှိုက်​တွေလို့​ပြောခဲ့တယ်​လေ...ဂိမ်းကလည်း ​နောက်ဆုံးကျန်ရစ်သူအမှိုက်ရှင်းလင်း​ရေးဂိမ်း...ဒါကအမှိုက်ရှင်းလင်း​ရေးဂိမ်းပဲ...ကစားသမား​တွေကိုသတ်ရင်လည်း တံဆိပ်ပြား​တွေကိုရတယ်..ငါတို့တံဆိပ်ပြား​တွေကိုရ​တော့မယ်"



🪩