(7)
Viewers 2k

(7) 

တော်ဝင်စာသင်ကျောင်း

နေ့ခင်းဘက်၌ ရှောင်းရုန်၊ ကျုယန့်ထင်နှင့် ကျောက်ယွင်ရှုတို့သည် မြစ်ဘေးရှိ သစ်ပင်ရိပ်အောက်တွင် တရေးတမောအိပ်နေကြသည်။ ကျောက်ယွင်ရှုသည် သူ့အိမ်က သူ့ကို လက်ထပ်ရန်စီစဉ်ပေးလိုက်ပြီဟု ပြောနေဆဲတွင် သူ့မျက်နှာမှာ အပျော်များဖြင့် ဖုံးမရဖိမရဖြစ်နေ၏ 

အမေက နေ့ကောင်းရက်သာရွေးဖို့ လူလိုက်ရှာနေတယ်၊ နောက်လလောက် ဖြစ်လိမ့်မယ်၊ မင်းတို့အကုန်လုံး မင်္ဂလာသေရည်လာသောက်ရမယ်နော်

ရှောင်းရုန်က မျက်လုံးတွေပြူးရင်း မြန်လှချည်လား

ကျောက်ယွင်ရှုက ခေါင်းငုံ့ပြီး ရှက်သွားသည် ငါ့မိသားစုက မစောင့်နိုင်တော့ဘူး၊ ငါက (၁၇) နှစ်ရှိနေပြီ၊ ငါ့အဘွားက သူ့မြစ်ကို စောစောချီချင်နေပြီ

ရှောင်းရုန်က သူ့ပုခုံးပေါ် အားပြင်းပြင်းနှင့် တစ်ချက်ရိုက်လိုက်ကာ ငါ့ကောင်ကြီး.. ဘာမပြောညာမပြောနဲ့ မိန်းမယူတော့မယ်

ကျုယန့်ထင်က သတို့သားလောင်းကို ပြုံးကာဂုဏ်ပြုလိုက်သည်။

တခဏလောက် ပွက်လောရိုက်ပြီးတဲ့အခါမှာတော့ ကျောက်ယွင်ရှုက သူတို့ကိုပြန်စပ်စုလာသည် မင်းတို့အိမ်တွေကရော မလောကြဘူးလား

ရှောင်းရုန်က ပါးစပ်ထဲ မြက်ပင်တစ်ပင်ကိုကိုက်ထားရင်း ဟွန့်ခနဲလုပ်သည် 

ဘာလောစရာလိုလဲ၊ ငါက (၁၅)နှစ်ပဲရှိသေးတယ်၊ ပြီးတော့ အစ်ကိုနှစ်က မင်္ဂလာမဆောင်ရသေးဘူး

ကျုယန့်ထင်ကလည်း ငါလည်း အလျင်မလိုဘူး

ရှောင်းရုန်က ခေါင်းညိတ်လိုက်ကာ ဟုတ်တာပေါ့.. မင်းက နောက်ပိုင်း မင်းသားဖြစ်လာမယ့်သူပဲ၊ အဲဒိအချိန်ကျမှ ထောင်ပေါင်းများစွာသော ရွေးချယ်စရာတွေထဲက မင်းသမီးတစ်ပါးကို ခေါင်းခေါက်ရွေးရမှာ

ကျုယန့်ထင်က ရယ်လိုက်သည်။ ပြီးမှ ရှောင်းရုန်အား ရှောင်းလူကြီးမင်း လက်ထပ်ပွဲက ပျက်သွားတယ်ဆိုတော့ မင်းတို့အိမ်က သူ့ကို နောက်တစ်ယောက် မရှာပေးဘူးလား

မရှာပေးဘဲ ဘယ်နေပါ့မလဲ ရှောင်းရုန်က သက်ပြင်းချသည် မိန်းကလေး ယောကျ်ားလေး ရှိရှိသမျှ အဒေါ်က ရွေးထုတ်လာတာပဲ၊ ဒါပေမယ့် အစ်ကိုနှစ်က တုတ်တုတ်မလှုပ်ဘူး၊ လက်တလော အိမ်ထောင်ပြုဖို့မစဉ်စားချင်ဘူးလို့ ပြောတယ်

ဒါကိုကြားတော့ ကျောက်ယွင်ရှုက သက်ပြင်းချလိုက်ရင်း အစ်ကိုရှောင်းက အစ်ကိုလျှိုကို သတိရနေတုန်းနဲ့ တူတယ်၊ သနားပါတယ်

ရှောင်းရုန်က စိတ်ပျက်လက်ပျက်နှင့် ပြောလေသည် 

ဟုတ်တယ်... ဒါပေမယ့် အမြဲတမ်း ဒီလိုလုပ်နေတာကလည်း နည်းလမ်းတစ်ခုမဟုတ်ဘူး၊ အခုဆို သူက အရင်ကထက်ပိုပြီး ပျင်းစရာကောင်းလာတယ်၊ ရုံးတော်သွားကလွဲရင် လူတွေ့မခံဘဲ တစ်နေ့လုံးအိမ်ထဲမှာချည်းနေနေတာ၊ အဒေါ်က သူ့ကိုစိုးရိမ်နေရတယ်၊ ဒီနေ့လည်း သူ့နားရက်လေ.. အဒေါ်က ယွမ်ကျိဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းဖို့ဆိုပြီး မနက်စောစောကတည်းက ခေါ်ချသွားလေရဲ့၊ အပြင်ထွက်ပြီး လမ်းလေးဘာလေး လျှောက်ရအောင်လို့ပေါ့

 ရှောင်းလူကြီးမင်းက ယွမ်ကျိဘုရားကျောင်းကို သွားတာလား

အင်း ရှောင်းရုန်က ဒီအတိုင်းပြန်ဖြေလိုက်သည်။ သူက ကျုယန့်ထင်လေသံထဲမှ ပုံမှန်မဟုတ်သည့် အားတက်သရောအခြေအနေကို မကြားလိုက်ပေ မနက်အစောကြီးကတည်းက သွားကြတယ်”

..........

မွန်းလွဲပိုင်းမှာတော့ ကျုယန့်ထင်က ကျောင်းကနေခွင့်ယူလိုက်ပြီး တောင်ဘက်မြို့ပြင်ဘက်သို့ မြင်းလှည်းဖြင့် ထွက်လာခဲ့သည်။

ယွမ်ကျိဘုရားကျောင်းမှာ တောင်ဘက်မြို့ပြင်ရှိ တောင်ပေါ်တွင်ရှိပြီး ၎င်းမှာ တော်ဝင်ဘုရားကျောင်းတစ်ခု ဖြစ်ခဲ့ဖူးသည်။ ကျင်ရွေ့မင်းဆက်လက်ထက်တွင် ကိုးကွယ်စည်ကားမှုမှာ အထွတ်အထိပ်ဖြစ်ခဲ့၏။ 

လက်ရှိဧကရာဇ်က တောက်လမ်းစဉ်နှင့် ကျင့်ကြံခြင်းကို ကိုးကွယ်ခြင်းကြောင့်သာ လူအများက သူ့နောက်လိုက်ပြီး ဗုဒ္ဓဘုရားကျောင်းများက အလိုလျောက်ပင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားခဲ့သည်။

တော်သေးသည်က ယွမ်ကျိဘုရားကျောင်းသည် အမွေအနှစ်စစ်စစ်တစ်ခုဖြစ်သဖြင့် မြို့တော်က ချမ်းသာသောအိမ်တော်များမှ အမျိုးသမီးများက လာရောက်ပူဇော်ရန် ဆန္ဒရှိနေကြဆဲဖြစ်ပြီး လုံးလုံးလျစ်လျူရှုမခံခဲ့ရပေ။

မြင်းလှည်းက တောင်၏ဂိတ်တံခါးအပြင်ဘက်မှာ ရပ်သွားသည်။ ကျုယန့်ထင်က လှည်းပေါ်မှဆင်းလိုက်ပြီး ဘုရားကျောင်းအတွင်းသို့ခြေချလိုက်သည်။ သူက ခန်းမဆောင်ရှိရာသို့ သစ်ပင်များတန်းစီနေသောလမ်းတစ်လျှောက် လမ်းလျှောက်လာသည်။ ရှောင်းလန့်က ခန်းမဆောင်အပြင်ဘက်၌ မတ်တပ်ရပ်နေပြီး တစ်နေရာကို ငေးကြည့်ရင်း အတွေးထဲနစ်မြောနေ၏။ 

ကျုယန့်ထင်က ထိုနေရာမှာ ခဏလောက်ရပ်နေခဲ့ပြီးမှ ရှေ့သို့ဆက်တက်လာလိုက်သည်။

ခြေသံတွေကြားတော့ ရှောင်းလန့်က ခေါင်းလှည့်လာသည်။ သူ့ကိုမြင်တော့ အနည်းငယ်အံ့သြသွားသည်။

ကျုယန့်ထင်က ရယ်ရင်း ရှင်းပြလိုက်၏ အိမ်ကတူလေး နေမကောင်းလို့ ဘေးရန်ကင်းအဆောင် လာတောင်းတာ၊ ရှောင်းလူကြီးမင်းကို ဒီမှာတွေ့မယ်လို့ မထင်လိုက်မိဘူး

(T/N အော် အင်းအင်း ဟုတ်ပီနော် မစ္စတာကျု)

ရှောင်းလန့်က ခေါင်းဆတ်ပြရင်း အမေနဲ့ အမွှေးတိုင်ပူဇော်ဖို့ လိုက်လာခဲ့တာပါ”

ကျုယန့်ထင်က ခန်းမထဲ တစ်ချက်လှမ်းကြည့်သည်။ ချန်နယ်စားအိမ်တော်သခင်မကြီးက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ တရိုတသေဒူးထောက်ပြီး ဘုရားစာတွေကို နားထောင်နေသည်။ သူက ရှောင်းလန့်ကို မေးလိုက်သည် ခင်ဗျားဘာလို့ အထဲမဝင်တာလဲ

ရှောင်းလန့်က ကိုယ် ဒါမျိုးတွေကို မယုံဘူး

ကျုယန့်ထင်က သတိပေးသလိုဆိုလာသည် မယုံဘူးဆိုရင်တောင် ဗုဒ္ဓဘုရားရှေ့မှာ ဒီလိုမပြောရဘူး

ရှောင်းလန့်၏အမူအရာတွေ အနည်းငယ်တန့်သွားသည့်အခိုက်မှာပဲ ကျုယန့်ထင်က ပြုံးပြပြီး မျက်တောင်တစ်ချက်ခတ်ကာ ခန်းမဆောင်ထဲဝင်သွားခဲ့သည်။ 

သူက အမွှေးတိုင်ပူဇော်ဖို့သာ ဝင်သွားပြီး ဘေးကင်းအဆောင်တစ်ခုတောင်းပြီးနောက် ပြန်ထွက်လာသည်။ သူပြန်ထွက်လာတော့ ရှောင်းလန့်က ငေးမောနေဆဲ ခန်းမဆောင်အပြင်ဘက်မှာ ရပ်နေတုန်းဖြစ်သည်။ ကျုယန့်ထင်က သူ့ကိုခေါ်ကာ အကြံပြုလိုက်၏ 

နယ်စားသခင်မကြီးက ခဏလောက်ကြာပြီးမှ ထွက်လာမယ်ထင်တယ်၊ ခင်ဗျား ကျွန်တော်နဲ့အတူ ဟိုဟိုဒီဒီလျှောက်ကြည့်ချင်လား

ရှောင်းလန့် သဘောမတူမည်ကိုစိုးရိမ်ပြီး သူက နောက်တစ်ခွန်း ထပ်ပြောလိုက်သည်

အချိန်အကြာကြီးမယူပါဘူး၊ အနောက်ဘက်ကတောင်ပေါ်သွားပြီး လျှောက်ကြည့်ကြတာပေါ့.. အဆင်ပြေလားမသိဘူး

ရှောင်းလန့်က ခဏလောက် ဝေခွဲမရဖြစ်သွားပေမယ့် ကျုယန့်ထင်၏ မျက်ဝန်းကြည်ကြည်တွေကို ရင်ဆိုင်လိုက်ရပြီး အငြင်းစကားတွေက သူ့ပါးစပ်ဖျားသို့ရောက်လာပြီးမှ မပြောခဲ့ပေ။ သူက အစေခံကို စောင့်နေခဲ့ရန် မှာကြားလိုက်ပြီးမှ သွားစို့ ဟုပြောလိုက်သည်။

ကျုယန့်ထင်ကလည်း အားချင်းကိုထားခဲ့ပြီး နှစ်ယောက်သား အနောက်ဘက်တောင်ပေါ်ကို ဘေးချင်းယှဉ်လျက် လမ်းလျှောက်လာကြသည်။ 

နွေလယ်ကာလဖြစ်သဖြင့် တောင်များပေါ်တွင် ထင်းရူးပင်များအပြည့်ဖြစ်နေသည်။ မြက်ပင်များက ကျိုးတိုးကျဲတဲ.. ရှေ့ဆက်လျှောက်သွားပါက စိမ်းလန်းစိုပြေသော စမ်းချောင်းများ၊ ရေပြင်ပေါ်က အနီရောင်ကြာရိုးတံများကိုလည်း မြင်ရမည်။ ပိုးမွှားတွေနှင့် ငှက်အော်သံများကို ကျီကျီကျာကျာ ကြားနေရသည်။

ကျုယန့်ထင်က လမ်းကို ခပ်သွက်သွက်လျှောက်သည်။ တစ်လမ်းလုံး ရှောင်းလန့်နှင့်စကားတွေပြောရင်း ရယ်မောလာသည်။ အချိန်အများစုတွင် သူကပြောနေတာဖြစ်ပြီး ရှောင်းလန့်က အာရုံစိုက်နားထောင်နေရင်း တခါတခါမှသာ မျက်နှာသေဖြင့် တစ်ခွန်းနှစ်ခွန်းဝင်ထောက်သည်။ ကျုယန့်ထင်က ဒါကို သိပ်ဂရုမစိုက်၊ တောင်ပေါ်ရှိကြမ်းတမ်းပုံများကို ပြောနေစဉ် သူ့နှုတ်ခမ်းပေါ်ကအပြုံးက ပိုတောက်ပနေခဲ့သည်။

ရှောင်းလန့်၏မျက်လုံးအကြည့်များက သူ၏ဖြောင့်တန်းနေသောမျက်ခုံးတန်းများဆီ ကြိမ်ဖန်များစွာ ရောက်လာခဲ့၏။ နောက်တော့ ခြေရာလက်ရာမကျန်ဘဲ လွှဲဖယ်သွားပြန်သည်။

ချိုင့်ဝှမ်းတစ်ခုဆီသို့အရောက်၌မူ အကိုင်းအခက်အလက်များ ဝေဆာနေသော နှစ်တစ်ထောင်သက်တမ်းရှိ သစ်ပင်တစ်ပင်ကို သူတို့တွေ မြင်လိုက်ရသည်။ သစ်ပင်က အုံ့ဆိုင်းညှို့မှိုင်းနေပြီး နိမ့်နိမ့်မြင့်မြင့် သစ်ကိုင်းများပေါ်တွင် အနီရောင်ကြိုးများဖြင့်ချည်ထားသော ဆုတောင်းစာများက လေထဲတွင် တလူးလူးတလွင့်လွင့်နှင့်ပင်။

ကျုယန့်ထင်က ရပ်လိုက်ပြီး ရှောင်းလန့်ကို အပြုံးလေးနှင့်ကြည့်လိုက်သည်

ဆုတောင်းသစ်ပင်က အတော်လေးအစွမ်းထက်တယ်လို့ ကြားမိတယ်၊ ခင်ဗျားစမ်းကြည့်ချင်လား

ရှောင်းလန့်က သူ့မျက်စိရှေ့က ရှေးဟောင်းသစ်ပင်ကိုကြည့်လိုက်သည်။ သူ့အမူအရာမှာ တည်ငြိမ်နေပြီး သူဘာမှမပြောနိုင်မီတွင် ကျုယန့်ထင်က နောက်တစ်ခါထပ်ပြောလိုက်၏ ခင်ဗျား အယုံအကြည်မရှိမှန်း သိပါတယ်၊ စမ်းကြည့်ပါလား.. အပျော်သက်သက်ပါပဲ

ရှောင်းလန့်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဒါက.. အိမ်ထောင်ရေးအတွက် ဆုတောင်းကြတာမဟုတ်ဘူးလား

ကျုယန့်ထင်က ရုတ်တရက် တက်ကြွလာ၏ ဒီကို အိမ်ထောင်ရေးအတွက် လာကြတဲ့ ယောကျ်ားတွေမိန်းမတွေ တကယ်ပဲများပါတယ်၊ ဒါပေမယ့် ဆုတောင်းသစ်ပင်က လက်ထပ်ဖို့အတွက်ပဲမှမဟုတ်တာ၊ တခြားဆန္ဒတွေလည်း စမ်းကြည့်လို့ရပါတယ်၊ စိတ်ကစစ်မှန်နေရင် အောင်မြင်မှာပါ

ကျုယန့်ထင်၏မျက်ဝန်းထဲမှ ဖုံးကွယ်မထားသောရယ်မြူးရိပ်များကို ရင်ဆိုင်သည့်အခါ ရှောင်းလန့်က အနည်းငယ်ရှိုးတိုးရှန်းတန်းဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

သစ်ပင်ဘေးရှိ ကျောက်သားစားပွဲပေါ်တွင် ကိုယ်တိုင်ယူနိုင်ရန် သစ်သားပြားများ၊ စုတ်တံများနှင့် မှင်ရည်များရှိသည်။ 

ကျုယန့်ထင်က လျှောက်သွားပြီး အပြားတစ်ခုနှင့်စုတ်တံတစ်ချောင်းကို ကောက်လိုက်သည်။ ရေးပြီးသွားသည့်အခါ စုတ်တံကို ရှောင်းလန့်ထံ ကမ်းပေးလိုက်သည်။ သူက ပြုံးရင်း မျက်ခုံးတွေကိုပင့်လိုက်၏။

ရှောင်းလန့်က အကြည့်တွေရပ်သွားပြီးမှ စုတ်တံကို ယူလိုက်သည်။

ကျုယန့်ထင်က ခေါင်းကိုမော့ပြီး သစ်ကိုင်းတွေရဲ့အမြင့်ကို မြေပြင်ကနေ မှန်းဆနေသည်။ အောက်ဖက်သစ်ကိုင်းတွေမှာ ဆုတောင်းစာတွေအပြည့်ဖြစ်ပြီး အပေါ်ရောက်လေ ကျဲသွားလေပင်။ 

သူက ရှောင်းလန့်ကို သတိပေးလိုက်သည် တစ်ချက်တည်းပစ်နိုင်ရင် အကောင်းဆုံးပဲ၊ အောက်ပြုတ်ကျရင် ကံမကောင်းဘဲဖြစ်လိမ့်မယ်

သိပြီ

ကျုယန့်ထင်ကပြောပြီးနောက်တွင် ဆုတောင်းစာကို လက်နှစ်ဖက်နှင့်ဆုပ်ထားပြီး ရှေးဟောင်းသစ်ပင်ကို လေးလေးနက်နက်ဦးညွှတ်လိုက်သည်။ နောက်တော့ လက်ကိုလွှဲကာ အပေါ်သို့ အားကုန်ပစ်လွှင့်လိုက်သည်။ အနီရောင်ကြိုးနှင့်ချည်ထားသော သစ်သားပြားလေးက သစ်ပင်၏ဒုတိယအကိုင်းတွင် ချိတ်သွား၏။

ရပြီ ကျုယန့်ထင်က သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ပေ။ သူက ရှောင်းလန့်ကို ကြည့်လိုက်ပြီး ခင်ဗျား အလှည့်ရောက်ပြီ

ရှောင်းလန့်၏မျက်လုံးများမှာ ကျုယန့်ထင်၏အပြုံးမျက်နှာပေါ်မှ ဖယ်ခွာသွားပါ၏။ သူက ခေါင်းပေါ်ရှိ သစ်ပင်ထိပ်ဖျားကို တခဏမော့ကြည့်လိုက်ပြီးမှ လက်ထဲကဆုတောင်းစာကို ပစ်တင်လိုက်သည်။ သစ်သားပြားလေးက လေထဲတွင်ဝေ့သွားပြီး ကျုယန့်ထင်၏ဆုတောင်စာဘေးတွင် ချိတ်တင်သွားသည်။

ကျုယန့်ထင်၏မျက်လုံးများထဲမှအပြုံးက ပိုထင်ရှားလာ၏။ သူက ရှောင်းလန့်ကို တည့်တည့်ကြည့်နေသည်။ 

ရှောင်းလန့်က သူ့အကြည့်တွေကို ရှောင်လိုက်ရင်း ပြန်ကြစို့

ပြောပြီးသည်နှင့် သူက အရင်လှည့်ထွက်သွားသည်။ ကျုယန့်ထင်က နောက်ကလိုက်သွားကာ သူ့ကိုမေးလိုက်သည် ရှောင်းလူကြီးမင်း ဆုတောင်းစာမှာ ဘာတွေရေးလိုက်တာလဲ

ရှောင်းလန့်က သူ့ကိုတစ်ချက်ကြည့်ပြီး မဖြေပေ။ 

ကျုယန့်ထင်က အရှုံးမပေး ထပ်မေးပြန်သည် ပြောလို့မရဘူးလား

ရှောင်းလန့်က အဖြေမပေးဘဲပြန်မေးလေသည် မင်းရော.. ဆုတောင်းစာမှာ ဘာရေးခဲ့လဲ

ကျွန်တော်လား ကျုယန့်ထင်က ရယ်လိုက်ပြီး ရှောင်းလန့်ကိုကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏ ကျွန်တော်က အိမ်ထောင်ပြုဖို့ ဆုတောင်းတာပေါ့

ဒါကိုကြားတော့ ရှောင်းလန့်၏သူငယ်အိမ်တွေ ကျုံ့ဝင်သွား၏။ သူက ပြန်မပြောခဲ့ဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ရှေ့ကိုဆက်လျှောက်သွားသည်။

ကျုယန့်ထင်က နှုတ်ခမ်းတွေကို ပြုံးလိုက်ပြီးမှာ ခင်ဗျား ကျွန်တော့်ကိုမပြောပြလည်း ခန့်မှန်းလို့ရပါတယ်၊ အဝေးကိုနယ်နှင်ဒဏ်ပေးခံရတဲ့ လျှိုသခင်လေး ဘေးကင်းပါစေလို့ ဆုတောင်းပေးတာမလား

ရှောင်းလန့်က အသာရပ်သွားရင်း မဟုတ်ဘူး

မဟုတ်ဘူးလား

မဟုတ်ဘူး သူက အသံတိုးတိုးဖြင့်ပင် နယ်စပ်မှာ စစ်ပွဲတွေ အမြန်ဆုံးပြီးဆုံးပါစေလို့ ဆုတောင်းတာပါ

ကျုယန့်ထင်၏မျက်လုံးထဲက အပြုံးတွေပျောက်သွားပြီးမှာ လေးလေးနက်နက်ပြောလာသည် အဖေနဲ့အစ်ကိုအတွက်လား

အင်း

ရှောင်းလန့်က အများကြီးမပြောခဲ့။ ကျုယန့်ထင်ကလည်း နောက်ထပ်မေးခွန်းတွေ ဆက်မမေးတော့ဘဲ နှစ်ယောက်သား ဘာမှမပြောဘဲ ပြန်လျှောက်လာကြသည်။

မိုးက နောက်ထပ်တစ်ကြိမ် ရုတ်တရက် ရွာချလာပြန်၏။ တောင်လမ်းပေါ် ရှေ့နားမှာ လမ်းသွားလမ်းတွေအနားယူဖို့ တဲတစ်လုံးရှိမှန်း သတိပြုမိကြတော့ ကျုယန့်ထင်က ရှောင်းလန့်လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ကျွန်တော်တို့ မိုးသွားခိုရအောင်

ရှောင်းလန့်မှာ စကားပြောချိန်မရလိုက်၊ ကျုယန့်ထင်ဆွဲသည့်အတိုင်းပါသွားပြီး တံဆက်မြိတ်အောက်သို့ ဝင်ခိုလိုက်ကြသည်။

နွေမိုးက မပြောမဆိုနဲ့ ရွာချတာပဲ၊ ကျွန်တော်တို့နှစ်ယောက် တိုက်ဆိုင်ချက်က ဒါနဲ့ဆို နှစ်ခါရှိပြီ ကျုယန့်ထင်က ပြောရင်းရယ်လိုက်သည်။ သူ့မျက်တောင်များထက်တွင် မိုးရေစက်လေးတွေ တွဲခိုနေဆဲဖြစ်သည်။ သူ့မျက်နှာတစ်ခုလုံးက ပိုပြီး ထင်ထင်ရှားရှားဖြစ်လာသည်။

ရှောင်းလန့်က မျက်လွှာအောက်ချလိုက်ပြီး သူ့ကို လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးလိုက်သည် သုတ်လိုက်

ကျုယန့်ထင်က အပြုံးလေးနှင့် လက်ခံလိုက်၏ ကျေးဇူးတင်ပါတယ်

မျက်နှာပေါ်ကရေတွေကို ဟိုဟိုဒီဒီပွတ်သုတ်ပြီးမှာ ကျုယန့်ထင်က လက်ကိုင်ပုဝါကို ပြန်မပေးပေ။ အဲ့ဒိအစား တခြားအသစ်တစ်ထည်သာ ပေးလိုက်သည် ခင်ဗျားလည်း သုတ်လိုက်ဦးလေ”

ရှောင်းလန့်က အနေရခက်စွာဖြင့် လှမ်းယူလိုက်၏ “… ကျေးဇူး

မိုးက မတိတ်သေးပေ။ နှစ်ယောက်သားက ဤလေးထောင့်ခေါင်မိုးလေး၏ တံဆက်မြိတ်အောက်တွင် ပုခုံးချင်းယှဉ်ရက် မတ်တပ်ရပ်နေကြသည်။ မိုးရေတွေက အပြင်ဘက်ကလောကကြီးကို ဆေးကြောတိုက်ချနေသည်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။ 

မိုးက ဖုန်မှုန့်တွေအကုန်လုံးကို သယ်ဆောင်သွားခဲ့သည်။ အဝေးကတောင်တန်းတွေလည်း မြူဆိုင်းနေရင်း လောကကြီးမှာ သူတို့နှစ်ဦးတည်းသာ ကျန်တော့သယောင်ဖြစ်နေခဲ့သည်။ 

အတော်လေးကြာပြီးမှာတော့ ကျုယန့်ထင်က သက်ပြင်းကို အသာချလိုက်၏ 

ဒီလိုမြင်ကွင်းမျိုးကို အိမ်တော်ထဲမှာ မမြင်နိုင်ဘူး၊ မြို့တော်မှာလည်း မမြင်နိုင်ဘူး၊ ဒီနေရာမှာပဲ မြင်နိုင်တယ်

ရှောင်းလန့်က အသံတိုးတိုးဖြင့်ပင် 

လောကကြီးက အရမ်းကျယ်တယ်၊ မျက်စိနဲ့မြင်နိုင်တဲ့ မြင်ကွင်းတွေကတော့ အရမ်းနည်းတယ်

ဟုတ်တယ် ကျုယန့်ထင်က ရေရွတ်လိုက်သည် နှမြောစရာကောင်းတာက ကျွန်တော် မြို့တော်ကနေ ဘယ်မှမသွားဖူးသေးဘူး၊ အပြင်ကဘယ်လိုနေလဲ ကျွန်တော်မသိဘူး၊ ရှောင်းလူကြီးမင်း ခင်ဗျားရော အနောက်မြောက်နယ်စပ်ကို ရောက်ဖူးလား

ဟင့်အင်း ရှောင်းလန့်၏အသံမှာ အနည်းငယ်တိုးလျနေ၏ ကိုယ့်အစ်ကိုက အသက်(၁၅)နှစ်မှာ အဖေနဲ့ စစ်ပွဲထဲလိုက်သွားပြီး ကိုယ့်ကို တစ်ယောက်တည်း မြို့တော်မှာ အမေနဲ့ညီလေးကိုစောင့်ရှောက်ဖို့ ထားခဲ့တယ်၊ စစ်ဘယ်လိုတိုက်ရလဲမသိဘူး၊ သွားလည်း သူတို့ကိုဒုက္ခပေးတာပဲရှိမှာ

မစမ်းကြည့်ရသေးဘဲ သိမှာလား

ရှောင်းလန့်က ခေါင်းကိုအသာယမ်းလိုက်သည်။ 

ကျုယန့်ထင်က ထပ်မေးပြန်သည် ဒါဆို တောင်ဘက်ရော၊ တောင်ဘက်ကိုရော သွားဖူးလား

တောင်ဘက်က.. အရမ်းရှုပ်တယ်

ခေတ္တခဏတိတ်ဆိတ်သွားပြီးမှာတော့ ကျုယန့်ထင်က အသံတိုးလိုက်ပြီး ခင်ဗျား စဉ်းစားကြည့်ခဲ့ဖူးလား ဒီလောကကြီးသာ ဒီလိုဆက်ရှုပ်ထွေးနေမယ်ဆိုရင် ဘာတွေဖြစ်သွားမလဲ

ရှောင်းလန့်၏မျက်ဝန်းများ မှေးမှိန်သွားပြီးမှာတော့ သူက ပြန်မဖြေခဲ့ပေ။ ကျုယန့်ထင်ကလည်း ဆက်မမေးတော့။ 

လောကကြီး ဆက်လက်ဖရိုဖရဲဖြစ်နေပါက ဘာတွေဆက်ဖြစ်လာမည်လဲ သူလည်းမသိပါ။ သူသိသည်ကား သူ၏အစ်ကိုတော်က ထိုနေရာကိုလိုချင်နေသည် ဆိုတာကိုပင်။ ထို့အပြင် သူကလည်း ဒီ့ထက်မြင့်သည့်နေရာပဲ ရပ်ချင်သည်။ သို့ပေမယ့် ဒီ့နောက်တွင်ရော

ကျုယန့်ထင်၏မျက်လုံးထဲမှာ မရေရာမှုတွေ ဖျတ်ခနဲလက်သွားပြီး သိပ်မကြာခင် ပြန်လည်ငြိမ်သက်သွား၏။

သူက ပြောလိုက်သည် လူအနည်းစုကပဲ မြှောက်ပင့်တဲ့စကားတွေအစား ကျွန်တော်နဲ့ ဒီလိုစကားပြောဖို့ ဆန္ဒရှိကြတာပါ၊ ရှောင်းလူကြီးမင်းကို... ကျေးဇူးတင်ပါတယ်

ရှောင်းလန့်က သူ့ကို ညင်သာစွာသတိပေးလာ၏ မင်း ကိုယ့်အပေါ် ဒီလိုယဉ်ကျေးနေဖို့ မလိုပါဘူး၊ တစ်ချိန်လုံး လူကြီးမင်းလို့ ခေါ်စရာမလိုပါဘူး

ကျုယန့်ထင်က ရယ်လိုက်ပြီး ဒါဆို ခင်ဗျားကို ဘယ်လိုခေါ်ရမှာလဲ

ရှောင်းလန့် ကြောင်သွားရ၏။ သူတို့နှစ်ဦးလုံး ဘယ်သူမှ အရွယ်ရောက်အခမ်းအနား မကျင်းပရသေးပေ။ သူတို့၏ကိုယ်စားပြုစကားလုံးတွေ မရွေးချယ်ရသေး။ အချင်းချင်း နာမည်ကိုခေါ်ဝေါ်ခြင်းမှာ တအားရင်းနှီးရာကျလွန်းသဖြင့် သူက ခဏလောက် ဘယ်လိုပြောရမှန်းမသိဖြစ်သွားသည်။

ဝမ်းကွဲအစ်ကို ကျုယန့်ထင်က တိုးတိုးလေးရေရွတ်လိုက်သည်။

ရှောင်းလန့်က တအံ့တသြ ကြည့်လာသည်။ 

ကျုယန့်ထင်က ရယ်ပြီး ရှင်းပြလိုက်၏ ကျွန်တော်တို့နှစ်ယောက်လုံးက ကျင်ရွေ့ဧကရာဇ်ရဲ့မျိုးဆက်တွေပဲလေ၊ ဝမ်းကွဲအစ်ကိုလို့ခေါ်တာက ဘာမှမမှားပါဘူး၊ ကျွန်တော် အဲ့လိုခေါ်လို့ရလား

ရှောင်းလန့်က ခဏလောက် စိတ်လွင့်သွားပြီးမှ နောက်ဆုံးမှာ ခေါင်းကိုညိတ်လိုက်သည် အင်း

........