အပိုင်း ၇၄
Viewers 23k

လီရွှင်းမှာ ထိုရုပ်ရှင်ကြောင့် အတော်ပင် စိတ်ထိခိုက်သွားသည်။ အင်တာနက်သုံးစွဲသူတို့၏ မျက်ရည်များမှာ သမုဒ္ဒရာထဲသို့ပင် စီးဝင်သွားတော့မည်အတိုင်းပင်။
(ချွန်းဟွာတောင်ကို ရုံတင်နေတုန်းက ငါ့အဖေနဲ့ အတူတူသွားမကြည့်မိတာကို နောင်တရနေမိပြီ အခု ငါ့အေဖက မရှိတော့ဘူး ချွန်းဟွာတောင်ထဲမှာ ချန်ကျိယဲ့ရွတ်ခဲ့တဲ့ကဗျာရဲ့ အဓိပ်ပါ​ယ် ကိုလေ အဖေ့အုတ်ဂူရှေ့ရောက်မှ ချက်ခြင်းကြီး သဘောပေါက်သွားသလိုပဲ ... )
-(နောင်တ+1 ဒါရိုက်တာဖုက​ေလ သူ့အဖေကို တအားချစ်မှန်း ရုပ်ရှင်ထဲကနေတောင် မြင်နေရတယ်နော် ဒါပေမယ့် သူအချစ်ရဆုံးအဖေကတော့ အိမ်ကနေ နှင်ထုတ်ပစ်တယ် ... )
(ဘယ်မအေပေးကများ သခင်ကြီးကို ဟာသကားဆိုပြီး ညွှန်းရဲရတာလဲ ဒီသခင်ကြီးရဲ့ မျက်ရည်တွေက တန်ဖိုးရှိတယ်ကွ အခု ငါ့မျက်လုံးတွေ ဖူးယောင်နေပြီ ... )
-(သစ်ပင်က ငြိမ်ငြိမ်လေးနေချင်ပေမယ့် လေကတော့ ဆက်တိုက်နေတယ် ...ကလေးက ထောက်ပံ့ချင်ပေမယ့် ဆွေမျိုးတွေကတော့ မစောင့်ဆိုင်းချင်ဘူး ဒါက လောကကြီးမှာ ဝမ်းနည်းစရာအကောင်းဆုံးပဲ ...)
(T.N/ တရုတ်စကားပုံလို့ထင်ပါတယ် )
(-ငါကေတာ့ ရေပိုက်ခေါင်းကြီးလိုပဲ မနေ့ကတည်းက ရေတွေ ဒလဟောကျနေတာ အခုထိ မရပ်သေးဘူး ငါ​ေတာ့ ရေဓာတ်ခမ်းခြောက်တော့မယ်ထင်တယ် ... )
အခုရက်ပိုင်းအတွင်း ဖုကျန်းသည် ချွန်းဟွာတောင်၏ မှတ်ချက်များကိုဖတ်ရင်း ပီတိဖြာနေသည်။
ကျန်းဟန်ရှု ကုမ္ပဏီမှ ပြန်လာချိန်တွင် ကော်ဇောပေါ်ထိုင်ကာ ရယ်နေသော ဖုကျန်းကို တွေ့လိုက်ရသည်။
သူက အနားအထိ လျှောက်သွားကာ ကြမ်းပေါ်ထိုင်နေသူကိုပွေ့ပြီး ဆိုဖာပေါ်တင်ပေးလိုက်ရင်း နဖူးကို အသာတို့ကာ ပြောလိုက်သည်။
"ကြမ်းပေါ်မှာပဲ အမြဲတမ်း ထိုင်မနေပါနဲ့ဆိုတာကို ..."
ဖုကျန်းက စတော်ဘယ်ရီနှစ်လုံးကိုယူကာ သူတစ်လုံးစားပြီး ကျန်းဟန်ရှုကို တစ်လုံးခွံ့ကျွေးလိုက်သည်။
ကျန်းဟန်ရှုသည် ဖုကျန်း၏လက်ထဲမှ စတော်ဘယ်ရီကို ငုံ့ကြည့်ကာ ပါးစပ် ဟလိုက်သည်။ အသီးကို ပါးစပ်ထဲကိုက်ထားရင်း ဖုကျန်းထံ တွန်းပို့ကာ တစ်ယောက်တစ်ဝက် အတူတူစားလိုက်ကြသည်။ ထို့နောက် ဖုကျန်း၏နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော အရည်များကို သူ့လက်ချောင်းဖြင့်သုတ်ကာ သန့်ရှင်းပေးလိုက်သည်။
အတော်ကြာ ကလူကျီဆယ်ပြီးနောက်တွင်တော့ ဖုကျန်းမှာ ကျန်းဟန်ရှု၏ ပုခုံးကိုမှီ ကာ အသက်ကို အမောတကောရှူလိုက်ရတော့သည်။ ကျန်းဟန်ရှုကချောင်းအသာဟန့်ရင်း အကြံပေးလိုက်သည်။
"ကလေးမွေးပြီးသွားရင် လေ့ကျင့်ခန်းလုပ်သင့်ပြီ ..."
ဖုကျန်းက ကျန်းဟန်ရှုကို စိတ်ဆိုးဟန်ဖြင့် ကြည့်လိုက်လျှင် သူက အသည်းအသန် ခေါင်းယမ်းပြတော့သည်။
"လှောင်တာမဟုတ်ပါဘူး ခဏလောက်စောင့်ပြီးရင် ကိုယ် မနက်တိုင်း လမ်းလျှောက်ဖို့ ခေါ်သွားပေးမယ်လေ ..."
ကျန်းဟန်ရှုက ကော်ဖီစားပွဲပေါ်ရှိ ဖုကျန်း၏ ပုံကြမ်းတို့ကို ကောက်ယူလိုက်ပြီး စာရွက်ညာဘက်ထောင့်စွန်းရှိ လက်မှတ်ပေါ်သို့ အကြည့်ရောက်သွားသည်။ လက်မှတ်မှာ ဖုကျန်းမဟုတ်၊ ကျန်းဝမ်ဖြစ်နေသည်။
"ကျန်းဝမ် ? ..."
ဖုကျန်းသည် ပန်းချီကားအချို့ကို ရံဖန်ရံခါ လက်ခံလေ့ရှိကြောင်း သူသိထားသော်ငြား ထိုကဲ့သို့နာမည်မျိုးကို တွေ့လိုက်ရချိန်တွင်တော့ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ဒီနာမည်က ဘယ်လိုရလာတာလဲ ..."
ဖုကျန်းက အနည်းငယ် တွန့်ဆုတ်သွားသည်။ ကျန်းဟန်ရှုမှာ နာမည်၏ အဓိပ်ပါယ် ကို မသိသေးပေ။
ကျန်းဝမ် , ဗဟုသုတ
သူသာ မပြောပါလျှင် ကျန်းဟန်ရှုသည် ထိုစာလုံးနှစ်လုံး၏ ဆိုလိုရင်းကို ဘယ်တော့မှ တွေးမည်မဟုတ်ချေ။ ဖုကျန်းက သူ့လည်ပင်းကို ဖက်၍ မျက်နှာအနှံ့ အနမ်းခြွေရင်း နားနားလေးကို ကပ်ကာ သူ တစ်သက်လုံး ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို ပြောပြလိုက်သည်။
"ကျန်းဝမ်က ကမ်ဘာကြီးက ငါ့ရဲ့ သစ္စာရှိမှုကို မြင်တယ်လို့ ကြားရတဲ့အခါမှာ လှောင်ရယ်မိတယ် ..."
ကျန်းဟန်ရှုမှာ အနည်းငယ် ထိတ်လန့်သွားသည်။ ဖုကျန်း၏နာမည်က ဘာကိုဆိုလိုသလဲဆိုတာကို သဘောပေါက်သွားချိန်တွင် အလင်းဖျော့ဖျော့က သူ့မျက်ဝန်းထဲမှ ဖြတ်ပြေးသွားသည်။
သူက ဖုကျန်းကို ခပ်ဖွဖွ ဖက် ကာ တိုးတိုးလေး ပြောလိုက်သည်။
"တောင်းပန်ပါတယ် ..."
"ဟင် ဘာလို့လဲ ..."
ဖုကျန်းက သူ့ကို မော့ကြည့်လိုက်သည်။
"မင်းကို အကြာကြီး စောင့်ခိုင်းမိလို့ တကယ်ဆို ကိုယ် စောစောစီးစီး နားလည်ခဲ့သင့်တာ ..."
သူက ခပ်လေးလေး ပြောလိုက်သည်။ ဒီလူက သူ့အတွက် ထူးခြားကြောင်း နားလည်ခဲ့ပါလျှင် ဖုကျန်း၏ ဒုက္ခများမှာ စောစောစီးစီး အပြီးသတ်သွားမည်ဖြစ်သည်။
" အရမ်းမကြာပါဘူး ..."
ဖုကျန်းက လခြမ်းကွေးလို မှေးနေအောင် ရယ်ရင်း ပြောလိုက်သည်။
"လုံးဝကို မကြာပါဘူး ..."
သူက ဖုန်းကိုထုတ်ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဝေ့ပေါ်အကောင့်ရှိလား ..."
ကျန်းဟန်ရှုက ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။
"ရှိတယ်ထင်တယ် ကိုယ် အလယ်တန်းတုန်းက တစ်ခုဖွင့်ဖူးတယ် ဒါပေမယ့် ဝင်မကြည့်တာ ကြာပြီဆိုတော့ သုံးလို့ရပါဦးမလား ကြည့်လိုက်ဦးမယ် ..."
ကျန်းဟန်ရှုက ဖုန်းထုတ်ကာ ဝေ့ပေါ်ကို ဒေါင်းလုတ်ဆွဲလိုက်သည်။ အကြိမ်အချို့ ကြိုးစားပြီးမှ စကားဝှက်အမှန်နှင့် ဖုန်းနံပါတ်ကို ထည့်လိုက်နိုင်သည်။ သူက ဖုကျန်းကို ပြလိုက်သည်။
"ဒီတစ် ခု ပဲ ..."
ဖုကျန်းက ဖုန်းကိုယူကာ ကြည့်လိုက်သည်။ သူ့အကောင့်မှာ ရေတပ်အကောင့်ဟု ထင်ရမတတ်ပင်။ ရေတပ်ကပင် သူ့လိုမျိုး ဗလာသပ်သပ်ဖြစ်သည်အထိ ရှင်းလင်းမနေပေ။
ကျန်းဟန်ရှုထံမှ ခွင့်ပြုချက်ရပြီးနောက်တွင် ဖုကျန်းသည် သူ၏ ကြည့်ရှုမှုစာရင်းထဲမှ အရှုပ်များကို ဖယ်ကာ ကျန်းဝမ်ကိုရှာပြီး follow လုပ်လိုက်သည်။
ထို့နောက် ဖုကျန်းက ရှန်ကျန်းဝမ်အကောင့်ကိုဝင်ကာကျန်းဟန်ရှုကို အကြောင်းပြန်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ရေးကိုယ်တာ မိတ်ဆက်ကဏ္ဍတွင် စာတစ်ကြောင်း ထည့်လိုက်သည်။
[လောကကြီးက ငါ့ရဲ့သစ္စာရှိမှုကို မြင်တယ်လို့ ကြားရတဲ့အချိန်မှာ လှောင်ရယ်မိတယ် ...]
ဖုကျန်းမှာ သူ့ဝေ့ပေါ်အကောင့်ကို ပရိသတ်များက တစ်နေကုန် ထောက်လှမ်းနေသလားဟုပင် သံသယဝင်မိသည်။ သူပို့စ်တင်ပြီး မကြာမီ မှတ်ချက်များနှင့် သီးသန့်စာတိုများက ဒါဇင်လိုက် ထွက်ပေါ်လာသည်။
ကျန်းဝမ်မှာ အတော်ကြာ ပျောက်နေသူဖြစ်သည်။ ဖုကျန်းက သီးသန့်စာတိုကို ဖွင့်လိုက်ချိန်တွင် ပုံကြမ်းလာအပ်ထားသူတစ်ယောက်ကို တွေ့လိုက်သည်။ ထိုသူက သူ လတ​ေလာ ဘာလုပ်နေသလဲဟုပင် စိတ်ပူနေသေးသည်။ သူ၏ သရုပ်မှန်ကို ခန့်မှန်းနေသူများလည်း အများအပြားရှိနေပြီး မမျှော်လင့်ထားစွာပင် တစ်ယောက်က တကယ်ကြီး ခန့်မှန်းနိုင်ခဲ့သည်။
(မဒမ်ရေ ခင်ဗျားက ဆရာဖုလား )
ထိုသို့မေးသည်မှာလည်း အကြောင်းအရင်းရှိသေးသည်။ ကျန်းဝမ်၏ ပုံဆွဲသည့်စတိုင်မှာ Shazhou Chronicle နှင့် အတော်တူနေရာ သူတို့က Shazhou Chronicle ၏ ပန်းချီဆရာများကို ရွေးထုတ်လာသည်။ ကျန်သူများ၏စတိုင်မှာ ကျန်းဝမ်နှင့် တူ​ေနရာ ဖုကျန်းကိုသာ အပြည့်အဝ အာရုံစိုက်လိုက်ကြတော့သည်။
ဖြစ်နိုင်ချေအားလုံးကို စစ်ထုတ်ပြီး၍ ကျန်နေသော မဖြစ်နိုင်ချေမှာ အမှန်တရားပင်ဖြစ်သည်။ ကျန်းဝမ်မှာ Shazhou Chronicle ၏ ထုတ်လုပ်သူတစ်ဦး ဟုတ်မဟုတ် သူတို့လည်း မသေချာပေ။ သို့သော် ခန့်မှန်းခြင်းက မည်သူ့ကိုမှ အနှောင့်အယှက်မပေးနိုင်။
ဖုကျန်းက ဖုန်းကို အကြိမ်အချို့ ဆွဲချလိုက်သည်။ သူက ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်လျှင် ဘေးတွင် ထိုင်နေသူက အကြည့်တို့ကို သတိပြုမိဟန်ဖြင့် မေးမြန်းလာသည်။
"ဘာဖြစ်လို့လဲ ..."
ဖုကျန်းက ဝေ့ပေါ်မှ စကားဝိုင်းကို ပြလိုက်သည်။ ကျန်းဟန်ရှုမှာလည်း ထိုအကြောင်းနှင့်ပတ်သက်၍ များများ စားစား မသိရာ သူ့ကို အကြံမပေးနိုင်ပေ။ သူက ဖုကျန်းကို ပြောလိုက်သည်။
"ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်ပါ ..."
ဖုကျန်းက သက်ပြင်းချလိုက်သည်။ သူ့ဗိုက်ကို ကိုင်လိုက်ပြီးမှ စာပြန်ရန် ဆုံးဖြတ်လိုက်သည်။
"ဟုတ်ပါတယ် ..."
တစ်ဖက်သူမှာ အတော်ကြာသည်အထိ စာပြန်မလာတော့။ ထိုသူမွာ စိတ်အားတက်ကြွလွန်း၍ ဖုန်းကိုချကာ ပတ်ပြေးနေပြီလားပင် မသိတော့​ေပ။ အာမေဋိတ်အမှတ်အသား ၁၆ ခုနှင့်အတူ စာ ၂၈၆ စောင်က ဆက်တိုက်ဝင်လာသည်။
(မဒမ်ရေ နှလုံးရောဂါကို ရေတာ့မှာပဲ တကယ် တကယ်ကို တအားစိတ်လှုပ်ရှားနေပြီ.... )
(မယုံနိုင်ဘူး မယုံနိုင်ဘူး အား အား အား တကယ်ကို ငါ့ဇနီးလေး ဖြစ်နေတာပဲ..... )
(ဘုရားရေ တကယ်ကို ဇနီးလေးဖြစ်နေမယ်လို့ မထင်ထားမိဘူး ဇာတ်ကြောင်းအတိုင်းပဲ ဆက်ရိုက်မှာမဟုတ်လားဟင် ..... )
.......
(မဒမ်ရေ ဒါကို ထုတ်ပြောလို့ရလားဟင် ... )
ယခင်က ဖုကျန်းသည် ထုတ်လုပ်သူက fan artဆွဲနေသည်ကို လူသိသွားလျှင် ရှက်စရာကောင်းသည်ဟု ထင်ခဲ့သည်။ သို့သော်ငြား ယခုတွင်တော့ သူ့စွမ်းရည်ဖြင့် ငွေရှာခြင်းမှာ ရှက်စရာမရှိဟုသာ ခံစားရသည်။
(ရတာပေါ့ ...)
ထို့နောက် ဖုကျန်းက ထပ်ဖြည့်ပြောလိုက်သည်။
(ဒါပေမယ့် ဒီနံပါတ်က နောက် ထပ်ဆောင်းပါးတွေကို လက်ခံတော့မှာ မဟုတ်ဘူးနော် ...)
မကြာမီတွင်ပင် ထိုစကားပြောခန်းက ပရိသတ်များအကြား ပေါက်ကြားသွားသည်။ Shazhou Chronicle ၏ ပရိသတ်များက ကျန်းဝမ်၏ ဝေ့ပေါ်ကို အစုလိုက်အပြုံလိုက် ရောက်လာကြပြီး အတိတ် သူဆွဲခဲ့သည့်ပန်းချီကားများကို ပြန်ရှာလာကြသည်။
သူတို့က ဘာလို့ ဒီအဖိုးတန်ဇနီးလေးကို စောစောစီးစီး မတွေ့မိရတာလဲ။ တကယ်လို့သာ တွေ့ခဲ့ရင် သူ့လက်တွေပြုတ်ထွက်တဲ့အထိ ပုံဆွဲဖို့ အပ်မှာ။
ကျန်းဝမ်ထံ ယခင်က ပုံအပ်ဖူးသော ပရိသတ်များမှာတော့ ပွဲကြီးပွဲကောင်းနှင့် ကြုံလိုက်ရသလိုပင် ပျော်ရွှင်မြူးထူးနေသည်။ fan art ဆွဲသူ၏ မူရင်းပန်းချီက သူတို့လက်ထဲတွင် ရှိနေသည်ကပင် နံရံတွင် ချိတ်ဆွဲကာ နောင်လာနောင်သားများအတွက် အမွေအဖြစ် ချန်ထားဖို့ ကောင်းနေပြီဖြစ်သည်။
ထိုကံထူးရှင်များထဲတွင် လီရွှင်းလည်း အပါအဝင်ဖြစ်သည်။ သတင်းကြားရချိန်မှာ အတန်းစကာစသာဖြစ်ရာ သူမ၏အတန်းဖော်များကိုပင် အလန့်တကြားဖြစ်စေလောက်အောင် စိတ်လှုပ်ရှားသွားခဲ့သည်။
စာသင်ခန်းထဲမှ ပါမောက္ခကလည်း စာသင်နေခြင်းကိုရပ်ကာ မေးလိုက်သည်။
"ဒီအတန်းဖော်က ဘာများဖြစ်လို့လဲ ..."
"ဆရာ ကျွန်မဗိုက်အောင့်နေလို့ သန့်စင်ခန်း သွားချင်လို့ပါ ..."
ခွင့်ပြုချက်ရပြီးနောက်တွင် လီရွှင်းသည် စာသင်ခန်းနှင့် ဆန့်ကျင်ဘက်ရှိ သန့်စင်ခန်းသို့ ပြေးထွက်သွားသည်။
ဝေ့ပေါ်မှ screenshot များနှင့် ကျန်းဝမ်နှင့်အတူလုပ်ခဲ့သော fan art များကို ကြည့်ရင်း လီရွှင်းသည် လူတိုင်းကြားအောင် အော်လိုက်ချင်စိတ်ပင် ပေါက်လာသည်။
"ဒီဘဝအတွက်တော့ လုံလောက်သွားပြီ ..."
သို့သော်ငြား ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက သူမကို မအော်ရန် တားမြစ်ထားသည်။ ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ကာ ဖုန်းကိုတစ်ဖက်ကကိုင်ပြီး နောက်တစ်ဖက်က ပေါင်ကို တဖျတ်ဖျတ်ရိုက်ကာ အရူးလို ပြုံးနေတော့သည်။
အတော်ကြာမှ လီရွှင်း၏ ခံစားခ်က္က တည်ငြိမ်လာသည်။ ကျန်းဝမ်ကို ပထမဆုံးအပ်ခဲ့သည့်ပုံမှာ ယွမ်တစ်ရာ့ငါးဆယ်သာ ကျသင့်ရာ ကျန်းဝမ်နှင့် ပြောထားသည့်မှတ်တမ်းများကို ကြည့်ရင်း သူမမွာ စိတ်မချမ်းမသာဖြစ်လာသည်။
"ငါ့ဇနီးလေးက အဲ့အချိန်တုန်းက အရမ်းကို မပျော်မရွှင်ဖြစ်နေခဲ့မှာ မဟုတ်ရင် ဒီလိုမျိုး ပုံဆွဲပြီး ပိုက်ဆံရှာမှာမဟုတ်ဘူး ဒါကိုတောင် ငါက သူ့ကို ဈေးဆစ်ပြီး အမြတ်ထုတ်လိုက်သေးတယ် ..."
လီရွှင်းတစ်ယောက်တည်းကသာ ထိုသို့ ခံစားနေရခြင်း မဟုတ်ပေ။ အားလုံးက ဖုကျန်း၏ Ali pay သို့ ငွေလွှဲကာ သူတို့၏စိတ်ရင်းကို အကောင်းဆုံး ဖော်ပြလိုက်ကြသည်။
ဖုကျန်းမှာ ထိုသို့ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထား။ သူက ငွေအားလုံးကို ပြန်လွှဲပေးကာ ဝေ့ပေါ်တွင် ပို့်စ်တင်လိုက်သည်။
"ကျွန်တော့်ကို ငွေလွှဲပေးဖို့ မလိုပါဘူး Shazhou Chronicle မွာ ရန်ပုံငွေ လုံလုံလောက်လောက် ရှိနေတာမလို့ ငွေလွှဲထားတဲ့သူအားလုံးကို ပြန်လွှဲပေးထားပါတယ် ..."
သို့သော်ငြား ထိုပိုစ့်က စိတ်အားထက်သန်နေသော ပရိသတ်အုပ်စုကို မတားဆီးနိုင်ပေ။ alipay ကိုသူစိမ်းများက ငွေမလွှဲနိုင်စေရန် ပြင်ဆင်လိုက်မှသာ ထိုပြဿနာက ပြီးဆုံးသွားတော့သည်။
ပွဲအပြီးတွင်တော့ ကျန်းဝမ် ပြန်ပြီး follow လုပ်ထားသည့် တစ်ဦးတည်းသောသူမှာ ဟန်ရှုအမည်ဖြင့် အကောင့်ပိုင်ရှင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
စပ်စုလိုသော ပရိသတ်များက ကျန်းဟန်ရှု၏ ဝေ့ပေါ်အကောင့်ကို လာကြည့်ကြပြီး သူ့အကောင့်မှာ ဝှိုက်ဘုတ်လို ဗလာဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူက ဖုကျန်းတင်သမျှကိုသာ like ပေးထားသည်။ အားလုံးက ထိုဟန်ရှုမှာ အရမ်းလက်တွေ့ဆန်ကာ သူ့သူငယ်ချင်းကို သိပ်ဂရုမစိုက်ဟုသာ ကောက်ချက်ချလိုက်ကြသည်။ ကိုယ်ရေးကိုယ်တာမိတ်ဆက်ရှိ ကဗျာကိုတော့ တစ်ချက်သာကြည့်ကာ ကျော်သွားလိုက်ကြသည်။
ဝေ့ပေါ်မှ ပြဿနာကို ဖြေရှင်းပြီးနောက်တွင်တော့ ဖုကျန်းသည် လောဖျင်ဖျင်နှင့် အဖြူရောင်ရဲတိုက်ကို အသက်သွင်းရန် ဆက်လက်ဆွေးနွေးလိုက်ကြသည်။
ထိုအချိန်တွင် ထန်ဝမ်ဝမ်မှာလည်း ချင်ကျောက်၏ အကူအညီဖြင့် ဒါရိုက်တာကျန်းရိကော ရိုက်ကူးမည့် "ဉာဏ်ကောင်းသောအဲလက်စ်" ဇာတ်ကားအတွက် လူရွေးပွဲဝင်ရန် ပြင်ဆင်နေလေသည်။
xxxxxx