အပိုင်း ၇၅
Viewers 23k

ယခုလတ်တလောတွင်တော့ ထန်ဝမ်ဝမ်မှာလည်း အခြေအနေကောင်းနေသည် မဟုတ်ပေ။ အတိတ်ကမူ သူမသွားသည့်နေရာတိုင်းတွင် တကောက်ကောက်လိုက်နေသည့် ပရိသတ်များအပြည့်နှင့် ကြယ်အပေါင်း ခညောင်းနေသော လမင်းသဖွယ်ပင်။ သို့သော် ယခုတွင်တော့ လူတိုင်းက သူမကို ရှောင်ဖယ်ထားကြတော့သည်။ လူရွေးပွဲခန်းမသို့ ဝင်လာချိန်တွင် ရောက်နှင့်နေသူများက သူမကို ရောဂါဆိုးတစ်ခုလိုပင် သိသိသာသာ ရှောင်ကြဉ်နေကြသည်။
သူတို့ရဲ့ဆန္ဒတွေကို မဖြည့်နိုင်အောင် ကြီးမားတဲ့နေရာတစ်ခု ရှိနေတာကတော့ နှမြောစရာပဲ။ သူတို့ ဆန္ဒမရှိရင်တောင် တန်းစီပြီး နံပါတ်ခေါ်တာကို စောင့်နေရမှာ။
ထန်ဝမ်ဝမ်သည်လည်း ထိုမိန်းမများနှင့် အတူ မရှိချင်သော်ငြား သူမတွင် ငြင်းဆန်ရန် ခွန်အားမရှိပေ။ ဒါရိုက်တာကျန်းရိကောက သူမကို တစ်ယောက်တည်း လူရွေးခံရန် ခွင့်မပြုရာ အခြားသော မင်းသမီးများနှင့်အတူ အရွေးခံရမည်ဖြစ်သည်။
"အိုးဟိုး ဒါက မစ္စထန်မဟုတ်လား ..."
အမျိုးသမီးသံ ခပ်စူးစူးက သူမနောက်မှ ထွက်ပေါ်လာသည်။
ထန်ဝမ်ဝမ်က လှည့်ကြည့်လိုက်လျှင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ရုပ်ရည်မှာ အနုပညာလောကအတွက် အထူးတဆန်းမဟုတ်သော်ငြား တစ်ခေါက်တွေ့ဖူးလျှင် လွယ်လွယ်မမေ့နိုင်သည့် စိတ်နေစိတ်ထားမျိုး ရှိသူဖြစ်ရာ သဘာဝကျစွာပင် ထန်ဝမ်ဝမ်သည် သူမ၏ရှေ့မှအမျိုးသမီးကို မှတ်မိလိုက်သည်။
သူမ၏အမည်မှာ လုအာဖြစ်ပြီး ထန်ဝမ်ဝမ်နှင့်အတူ ဇာတ်ကောင်တစ်ခုတည်းကို ယှဉ်အရွေးခံရမည့်သူဖြစ်သည်။
လုအာက မျက်ခုံးကိုပင့်လျက် မေးလိုက်သည်။
"ရှင်ကအခုတော့ တန်းစီနေရပြီပေါ့ အရင်ဆို ဒါရိုက်တာရဲ့နေရာမှာပဲ အစမ်းသရုပ်ဆောင်ပြရတာ မဟုတ်ဘူးလား ဒီတစ်ခါတော့ အထူးစပါယ်ရှယ်အခွင့်အရေးတွေ မရတော့ဘူးပေါ့ ..."
ထန်ဝမ်ဝမ်က ထိုအမျိုးသမီးကို အဖက်မလုပ်ချင်သည့်အတွက် စကားတစ်ခွန်းမှ မပြောခဲ့။
" ဟော ဘာလို့ ဘာမှမပြောရတာလဲ တို့ကို မမှတ်မိလို့လား ..."
ထန်ဝမ်ဝမ်ပြန်မဖြေသည်ကိုမြင်လျှင် သူက သရော်ရင်း ထပ်မေးလိုက်ပြန်သည်။
"မစ္စထန်လို ကြီးမြတ်လှတဲ့လူတွေကတော့ မေ့လွယ်ပျောက်လွယ်ကြတာပဲနော် ဘာလဲ မြင်းနန်းတော်ဇာတ်ကားမှာတုန်းက ငါ့ဆီကနေ ဇာတ်လိုက်နေရာကို ဘယ်လိုလုသွားခဲ့လဲဆိုတာကို မေ့သွားပြီလား ..."
လုအာ၏ စကားနာထိုးမှုကို ကျေနပ်ဟန်မတူသော ထန်ဝမ်ဝမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ရှင့်စတိုင်ကိုက ထိန်းမနိုင်သိမ်းမနိုင် စရိုက်ဆန်နေတာလေ ဘယ်သူ့ကို လာပြီးအပြစ်တင်နေတာလဲ ..."
လုအာမှာ ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ပါးစပ်အုပ်ကာ ဟက်ဟက်ပက်ပက် ရယ်လိုက်တော့သည်။ ပြီးမှ သူမရှေ့ရှိ ထန်ဝမ်ဝမ်ကိုကြည့်ကာ မေးလိုက်သည်။
"ကျွန်မရဲ့စတိုင်က မကောင်းဘူးဆိုတော့ မစ္စထန်ကပဲ လမ်းဖယ်ပေးနိုင်မလား ..."
ထန်ဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
"ဘာကို ဆိုလိုချင်တာလဲ..."
" ရှင်သဘောမပေါက်လည်း ကိစ္စမရှိဘူး တို့ဘာသာတို့ကတော့ သဘောပေါက်ပြီးသားပါ ..."
လုအာက သူမ၏အနောက်ဘက်ရှိ မိန်းကလေးများကို ကြည့်ကာ အသံမြှင့်ပြီးပြောလိုက်သည်။
"ဒီတစ်ခေါက် မင်းတို့ ဇာတ်လိုက်နေရာကို မရလိုက်ဘူးဆိုရင် အဲ့ဒီနေရာက အစောကြီးကတည်းက ယူထားပြီးပြီမလို့ပဲ သတိထားကြနော် တော်ကြာ အကြောင်းပြချက်ပေးပြီး ရိုက်ကွင်းက ထွက်သွားခိုင်းနေလိမ့်မယ် ..."
အခန်းတစ်ခုလုံး တွတ်ထိုးသံများ ထွက်ပေါ်လာသည်။ သူတို့က သူမအကြောင်းပြောနေမှန်း သိသော်ငြား ထန်ဝမ်ဝမ်အနေဖြင့် လုပ်နိုင်တာတစ်ခုမှ မရှိပေ။ သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဉာဏ်ကောင်းသောအဲလက်စ်၏ ဇာတ်လိုက်နေရာကိုယူကာ အားလုံးကို မျက်နှာဖြတ်ရိုက်ရန်ဖြစ်သည်။
သို့သော် လုအာ၏ စကားများက သူမကို သတိပေးလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတို့က ကော့တက်လာသော်လည်း မကြာမီပင် ပျောက်ကွယ်သွားသည်။
ရှေ့တန်းမှ မင်းသမီးများက တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြကာ မကြာမီတွင်ပင် တန်းထွက်လာကြသည်။ အားလုံးက မျက်နှာသေဖြင့် ဖြစ်နေရာ သူတို့၏ရလဒ်မှာ ဘယ်လို​လဲဆိုတာကို မခန့်မှန်းနိုင်ပေ။ မကြာမီ ထန်ဝမ်ဝမ်၏အလှည့် ရောက်လာခဲ့သည်။
ထန်ဝမ်ဝမ် အခန်းတံခါးကိုဖွင့်ကာ ဝင်လာချိန်တွင် ဒါရိုက္တာမ်ား၏ အမူအယာမွာ တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထန်ဝမ်ဝမ်သည် အတိတ်ကာလနှင့် အတော်ပင် မတူညီတော့ဟု ခံစားလိုက်ရသည်။ သူမ၏အတွေး ကို စုစည်းပြီးနောက် ဒါရိုက်တာနှင့် ထုတ်လုပ်သူတို့ကို ဦးညွတ်လိုက်သည်။
" မင်္ဂလာပါ ဒီနေ့ ကျွန်မက အဲလက်စ်ဇာတ်ကောင်အတွက် လာရောက်အရွေးခံတာပါ ..."
ကျန်းရိကောက ခေါင်းညိတ်လိုက်သည်။
"စလို့ရပြီ ..."
အပြင်ဘက်တွင် စောင့်နေစဉ်ကတည်းက ပြောရမည့်စာသားများကို ပေးထားပြီးဖြစ်ရာ ထန်ဝမ်ဝမ်က အပေါ်က စာသားများကိုပါ ပြန်တွေးလိုက်သည်။ သူမ သရုပ်ဆောင်ရမည့် နောက်တစ်ပိုင်းမှာ အဲလက်စ်က သူမကိုယ်သူမ သေလုနီးပါး နေမကောင်းဖြစ်နေကြောင်း သိလိုက်ရသည့်အချိန်ဖြစ်သည်။ ငါးလွှာမှ တစ်လွှာအထိ တုန့်ပြန်မှုအားလုံးမှာ အဲလက်စ်သည် စိတ်နှစ်ခွနှင့် ဉာဏ်ကြီးရှင်ဖြစ်သည်။ ထိုခရီးစဉ်အတွင်း သူမ၏ စရိုက်နှစ်ခုမှာ ခဏခဏ ပြောင်းလဲကာ အငြင်းပွားနေကြသည်။
ထန်ဝမ်ဝမ်သည် သူမ၏ သရုပ်ဆောင်အရည်အချင်းနှင့်ပတ်သက်၍ ယုံကြည်ချက်အပြည့်ဖြစ်သည်။ သို့သော်ငြား သူမ သရုပ်ဆောင်ပြီးချိန်တွင် အားလုံး၏ တုန့်ပြန်ပုံမှာ အကောင်းဘက်သို့ ဦးတည်မနေသည်ကို တွေ့လိုက်ရသည်။
ကျန်းရိကော၏အကြည့်က သူမထံတွင် ရပ်တန့်သွားသည်။ ခေါင်းကိုယမ်းကာ သူမ၏နာမည်နောက်တွင် ကြတ်ခြေခတ်လိုက်သည်။
ဒီတစ်ကြိမ်လူရွေးပွဲကို ကျရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသော်လည်း ထန်ဝမ်ဝမ်သည် အခွင့်အရေးကို လက်မလွှတ်ချင်သေးပေ။ အခန်းထဲမှ တန်းထွက်မသွားဘဲ ဇာတ်ကောင်နေရာအတွက် ဒါရိုက်တာကျန်းရိကောနှင့် အခြေအတင်ဖြစ်ကြတော့သည်။
"ဒါရိုက်တာကျန်း ကျေးဇူးပြုပြီး ကျွန်မကို တစ်ခါလောက်ပဲ အခွင့်အရေးထပ်ပေးပါ သေချာပေါက်ကို ဆရာစိတ်တိုင်းကျစေရပါ့မယ် ဒီရုပ်ရှင်ကို တစ်ပြားမှ မယူဘဲ ရိုက်ပေးဖို့အထိကို ကျွန်မဆန္ဒရှိပါတယ် ..."
နိုင်ငံ့ရတနာဟု ခေါ်ရလောက်သည့် ဒါရိုက်တာကျန်းရိကောမှာ သရုပ်ဆောင်ကြေး မပေးနိုင်လောက်အောင် ရှားပါးနေသူမဟုတ်ပေ။ အပွင့်လင်းဆုံး ပြောရပါလျှင် တစ်ပြားတစ်ချပ်မှ မယူဘဲ သရုပ်ဆောင်လိုသူများ ပုံအောနေကာ အားလုံးကလည်း ထန်ဝမ်ဝမ်ထက် မညံ့ပေ။ သူက နောက်တစ်ကြိမ် ထပ်ငြင်းလိုက်သည်။
"မင်းနဲ့ မသင့်တော်ဘူး ..."
ထန်ဝမ်ဝမ်က မေးလိုက်သည်။
"တစ်ခြားဇာတ်ကောင်တွေဆိုလည်း ရပါတယ် ..."
ဒါရိုက်တာကျန်းမှာ အတော်စိတ်ရှည်သူဖြစ်ရာ ခေါင်းကိုယမ်းကာ ထပ်ပြောလိုက်သည်။
"မစ်ထန် အားနာပါတယ် ဒီမှာ မင်းနဲ့သင့်တော်တဲ့ ဇာတ်ကောင် တစ်ခုမှမရှိ ပါဘူး ..."
" ကျွန်မကို ဇာတ်လိုက်နေရာကနေ သရုပ်ဆောင်ဖို့ အတွက် ဇာတ်ညွှန်းတစ်ခုရှိတယ်ဆို ဒါရိုက်တာကျန်းပဲ ပြောခဲ့တာလေ ..."
ထန်ဝမ်ဝမ်လက်မထပ်ခင်အထိ ကျန်းရိကောသည် သူမကို ဇာတ်လိုက်နေရာအတွက် လျာထားထားသည်။ သို့သော် သူမလက်ထပ်ပြီးချိန်တွင်တော့ ထိုအတွေး က ပျောက်ကွယ်သွားတော့သည်။ သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ သူမှန်းထားသလို မကောင်းဟု ထင်လာသည်။ သူမက ကျွမ်းကျင့်အဆင့်လည်း မဟုတ်ရာ သူလိုချင်သည့် ဇာတ်ကွက်မျိုးကို သရုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူမ လက်ထပ်သည့်နေ့တွင်ပင် ထန်ဝမ်ဝမ်၏နာမည်ကို စာရင်းထဲမှ ဖျက်လိုက်တော့သည်။
ကျန်းရိကောမှာ စိတ်ကသိကအောက်ဖြစ်သွားသော်ငြား မသိသာစေဘဲ ပို၍ တောက်တောက်ပပပြုံးကာ ပြောလိုက်သည်။
"ဇာတ်ညွှန်းက ဆင်ဆာအဖွဲ့ရဲ့ စံနှုန်းနဲ့မကိုက်လို့ အကဲဖြတ်တဲ့နေရာမှာ ကျရှုံးသွားတယ် ..."
ထန်ဝမ်ဝမ်မှာ ရေခဲရေဖြင့် လောင်းချခံလိုက်ရသလိုပင်။ နှုတ်ခမ်းကိုကိုက်ကာ သူမကို အရှုံးသမားဖြစ်စေခဲ့သည့်အခန်းထဲမှ ထွက်လာလိုက်သည်။
"သူမရဲ့ အင်တာနက်ပေါ်က သတင်းတွေတောင် မပျောက်သေးတာကို ဇာတ်လိုက်လာလုပ်ချင်နေသေးတယ် ဘယ်လိုတောင် ယုံကြည်ချက်လွန်ကဲနေရတာလဲ ..."
သူမထွက်သွားပြီးပြီးချင်း ထုတ်လုပ်သူက လှောင်ပြောင်လိုသော အကြည့်တို့ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ပြီးတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကိုလည်း ကြည့်လိုက်ပါဦး အမေလး ဘုရားရေ သူ့ဖန်တွေတော့ ဘယ်လိုမျက်လုံးနဲ့များ ကြည့်ကြလဲ မပြောတတ်ဘူး အဲ့အချိန်တုန်းကလေ ငါဘယ်လိုဖြစ်ခဲ့လဲ မသိပါဘူး ဇာတ်ကားတစ်ကားကို ရင်းနှီးမြှုပ်နှံပြီး သူ့ကိုတောင် ဇာတ်လိုက်နေရာအတွက် သွားကမ်းလှမ်းလိုက်သေးတယ်လေ မျက်စိကန်းခဲ့ပုံများ ပြောပါတယ် တော်သေးတာပေါ့ သူမက ငြင်းလိုက်လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေပဲ ..."
ဒါရိုက်တာကျန်းက ပြုံးသာပြုံးကာ ဘာမှမပြော။ တံခါးဘေးမှ ဝန်ထမ်းကို အချက်ပြလိုက်လျှင် သူက အပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"နံပါတ် ၁၁ ဝင်ခဲ့ပေးပါ ..."
မိတ်ကပ်ပြန်ပြင်ပြီးသား လုအာက လှုပ်လီလှုပ်လဲ့ဖြင့် ဝင်လာတော့သည်။
ထန်ဝမ်ဝမ်က လူရွေးပွဲလာဖြေသော်ငြား သူမ လိုချင်သည့် ဇာတ်ကောင်ကို မရခဲ့သည့်အတွက် အတော်ကို ဒေါသထွက်နေသည်။ ချင်အိမ်သို့ပြန်ရောက်ရောက်ချင်း အမေချင်ကို တွေ့လိုက်ရ၍ ပိုပြီး ဆိုးရွားလာသည့်အတွက် ချင်ကျောက်ပြန်ရောက်လာချိန်တွင် သူ့အပေါ် ဒေါသပုံချလိုက်တော့သည်။
ကံကောင်းစွာဖြင့်ပင် ချင်ကျောက်က သူမကို ချစ်နေသေးသည့်အတွက် ရိုက်ပုတ်ကြိမ်းမောင်းသည်ကို ပြန်မတုန့်ပြန်ပေ။
မကြာမီ "Tucao me first" အစီအစဉ်မှ သူမကို နောက်ပရိုဂရမ်အတွက် ဧည့်သည်အဖြစ် ဖိတ်ကြားလာသည်။
"Tucao me first"မွာ နာမည်ကျော်များ၏ အမဲစက်အကြောင်း ပြောသည့်အစီအစဉ်ဖြစ်သော်ငြား အချိန်တိုင်းလိုလို မသိသာသည့် အသေးအဖွဲ အကြောင်းအရာများကိုသာ ပြောသွားပြီး ကြီးကြီးမားမားကိစ္စများကိုတော့ ချန်လှပ်ထားသည်။ ထို့ကြောင့် အင်တာနက်သုံးစွဲသူများက ရှိုးနာမည်ကို "ငါက နံပါတ်တစ်..." အဖြစ် ပြောင်းပါလားဟု ဟာသလုပ်ကြသော်ငြား ကြည့်ရှုနှုန်းကတော့ မြင့်မားဆဲဖြစ်သည်။
ထန်ဝမ်ဝမ်က သူမ၏ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးရာ ဖိတ်စာရပြီးနောက် တုန့်ဆိုင်းနေသေးသည်။ ရွိုးကိုလာသူအများစုမှာ တစ်ခါက နာမည်ကြီးဖူးသော်ငြား အခုအချိန်တွင် ဒိတ်အောက်နေပြီဖြစ်သည့် တတိယတန်းကြယ်ပွင့်များသာ ဖြစ်သည်။ ဘယ်နာမည်ကြီးကမှ ဒီရှိုးမျိုးကို မလာပေ။
သူမ အမှန်တကယ်လိုအပ်နေသည်မှာ နာမည်ဆိုးကို ရှင်းနိုင်မည့် အခွင့်အရေးတစ်ခုသာဖြစ်သည်။ နေ့တိုင်း ထိုအကြောင်းကို တွေးနေသော်ငြား ရွေးသမျှကို စိတ်တိုင်းမကျနိုင်သေးပေ။
......
ယနေ့တွင် လောဖျင်ဖျင်မှာ မိသားစုကိစ္စရှိနေသည့်အတွက် ဖုကျန်းနှင့် အစည်းအဝေးမလုပ်နိုင်။ ဘာအလုပ်မှမရှိသော ဖုကျန်းသည် တစ်မနက် မီးဖိုထဲတွင် အချိုပွဲလုပ်နေရင်း ရှင်းလင်းပေးမည့် ကျန်းဟန်ရှုကို စောင့်နေသည်။ နေ့လည် ၁၁ နာရီတွင်တော့ အတွေးပေါက်ကာ ကျန်းဟန်ရှုကို ဖုန်းဆက်လိုက်သည်။
"စားပြီးပြီလား ..."
ကျန်းဟန်ရှု :"မစားရေသးဘူး ဘာလို့လဲ ..."
ဖုကျန်းက ပြုံးကာ ပြောလိုက်သည်။
"မုန့်နည်းနည်းလုပ်ထားတာလေး လာပို့ပေးချင်လို့ ..."
ကျန်းဟန်ရှုမှာလည်း သူ့ကို အလွန်တွေ့ချင်နေသော်ငြား အပြင်ဘက်ရှိ နေရောင်ခြည်ကို တစ်ချက်ကြည့်ကာ ငြင်းလိုက်သည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"အပြင်ဘက်က တအားပူလွန်းတယ် မလာခဲ့နဲ့တော့ နော် ..."
"အဆင်ပြေပါတယ် တက္ကစီနဲ့ လာခဲ့မယ်လေ ..."
"ဟုတ်ပြီ ဒါဆိုလည်း ဂရုစိုက်ပြီးလာခဲ့ ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"အောက်ထပ်ရောက်ရင် ကိုယ့်ကို ဖုန်းဆက်ဖို့ မမေ့နဲ့နော် ..."
"သိပါပြီခင်ဗျ ..."
ဖုကျန်း၏အသံမှာ ခရမ်ဖြင့် ဖုံးအုပ်ထားသလို နူးညံ့ချိုမြိန်နေသည်။
ဖုန်းချပြီးနောက် ဖုကျန်းသည် အချိုပွဲကို ထမင်းဘူးထဲထည့်၊ ဘီရိုထဲမွ စိမ်းဖျော့ဖျော့ စကတ်ရှည်ကိုထုတ်ကာ ဆံပင်တုတပ်၊ မျက်နှာကို ပြင်ဆင်ခြယ်သပြီး ထမင်းဘူးကိုဆွဲကာ ထွက်လာလိုက်သည်။
မြေညီထပ်သို့ ရောက်လာချိန်တွင် ကျန်းဟန်ရှုကို ဖုန်းဆက်ကာ ပထမထပ်ရှိ ဧည့်ကြိုကောင်တာသို့ လျှောက်လာလိုက်သည်။
နေ့လည်စာစားချိန်ဖြစ်ရာ ကုမ္ပဏီသို့ လာမည့်ဧည့်သည်ဟူ၍ တစ်ယောက်မှမရှိပေ။ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းသည် ထမင်းဘူးသယ်လာသော ဖုကျန်းကိုမြင်လျှင် ဝန်ထမ်းတစ်ဦးဦး၏ ဆွေမျိုးဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။
ကြည့်ရတာ ၂၀ လောက်ပဲရှိဦးမယ်ထင်တယ် ကြည့်ကောင်းလိုက်တာမှ တီဗီထဲက စတားတွေထက် မလျော့ ဘူး အရပ်ကြီးကလည်းရှည်လိုက်တာ အရမ်းကို လွှမ်းမိုးခံချင်စရာကြီး သူ့ယောကျာ်းသာဆို ဘယ်လောက်တောင် ရှည်လိုက်မလဲမသိဘူး
ကုမ္ပဏီထဲမှ ထိပ်ပြောင်ပြောင်ဘော့စ်များကို တွေးလိုက်မိချိန်တွင်တော့ ဝန်ထမ်းမလေးမှာ ရုတ်ချည်းပင် ကျောချမ်းသွားသည်။ ဒီအလှလေး က ထိပ်ပြောင်ဆရာကတော်တော့ မဟုတ်လောက်ပါဘူးနော်
ဖုကျန်း၏ ပူထွက်နေသော ဗိုက်ကိုကြည့်ကာ မိန်းကလေးက သူ့ကို အရင်လှမ်းမေးလိုက်သည်။
"မဒမ်ရေ ဘယ်သူနဲ့ တွေ့ချင်လို့လဲဟင် ကျွန်မ ခေါ်ပေးမယ်လေ ..."
ဖုကျန်းက သူမကို ပြုံးပြပြီး ငြင်းပယ်လိုက်သည်။
"ရပါတယ် ခဏနေရင် လာကြိုဖို့ တစ်ယောက် ဆင်းလာတော့မှာမလို့ပါ ..."
xxxxxx