အပိုင်း ၇၆
Viewers 23k

ဝန်ထမ်းမလေးက ခုံပေါ်ထိုင်နေသော ဖုကျန်းကို တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။
သူ့ဗိုက်က အနည်းဆုံး ငါးလေတာ့ ရှိလောက်ပြီ အခုတ​ေလာ မိန်းမယူတဲ့လူရှိတယ်လို့လည်း မကြားမိပါဘူး ...
မဟုတ်သေးဘူး မိန်းမမယူပေမယ့် ကွာရှင်းထားတဲ့တစ်ယောက်ရှိသားပဲ ဟိုတစ်လောတုန်းက မစ္စတာဝမ်က အပြင်မှာ အငယ်လေးရှိနေလို့ မစ္စစ်ဝမ်နဲ့ ကွဲလိုက်တယ်ဆိုလားပဲ အဲ့အငယ်လေးက ဗိုက်ကြီးနေတယ်လို့လည်း ကြားလိုက်မိသလိုပဲ ...
မစ္စတာဝမ်မှာ တစ်ခေါင်းလုံးနီးပါး ပြောင်နေသူဖြစ်ပြီး သူ၏ဘီယာဗိုက်မှာလည်း ဖုကျန်း၏ဗိုက်နှင့် နင်လားငါလားပင်။
ထိုမိန်းကလေးက ဘာကြောင့် သူ့ကို သနားသလို ကြည့်နေသလဲဆိုတာကို ဖုကျန်းက တကယ်ကို နားမလည်ခဲ့ပေ။
ဆယ့်တစ်လွှာမှ ဓာတ်လှေကားက အသံမြည်ကာ ပွင့်လာသည်။ ဓာတ်လှေကားထဲမှ ထွက်လာသူမှာ မန်နေဂျာဝမ်ဖြစ်သည်။
မိန်းကလေး၏ ဖုကျန်းကို ကြည့်နေသော အကြည့်များမှာ ပို၍ပင် သနားရိပ်လွှမ်းလာသည်။
အလှ​ေလးက ဘာလို့ လှတဲ့သူကို မရှာဘဲ မန်နေဂျာဝမ်လိုလူမျိုးကို ရှာတွေ့ရတာလဲ မိန်းမလှလေးတွေများနော် ဘာလို့များ ဝက်ဝံလိုလူတွေနဲ့ ကစားချင်ရလဲမသိဘူး...
မန်နေဂျာဝမ်သည် ခုံတွင်ထိုင်နေသော ဖုကျန်းကို တစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောဘဲ ကုမ္ပဏီအပြင်ဘက်သို့ ဆက်လျှောက်သွားသည်။
"အမေလး သူမဟုတ်ဘူးပဲ ..."
မိန်းမပျိုလေးက စိတ်သက်သာရာသွားသည့်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ခဏအကြာတွင် ဓာတ်လှေကားက ပွင့်လာပြန်သည်။ ဒီတစ်ကြိမ်ထွက်လာသူမှာတော့ ဥက္ကဌဖြစ်နေရာ အတွင်းရေးမှူးတုန် ပါမလာဘဲ အပြင်ထွက်လာသည်မှာ အံ့အားသင့်စရာပင်ဖြစ်သည်။
သူက သွားပြီး ချိန်းတွေ့မလို့လား ...
ထို့နောက်တွင် ကိုယ်ဝန်သည်အလှလေးက မတ်တပ်ရပ်လိုက်ကာ ဥက္ကဌက သူမအနားသို့ အပြေးလေးသွားကာ လက်ကိုကိုင်ပြီး ဖွဖွလေးမေးလိုက်သည်ကို တွေ့လိုက်ရသည်။
"အကြာကြီးစောင့်လိုက်ရလား ..."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"မဟုတ်တာ ခဏ​​ေလးပဲ ထိုင်နေရသေးတာ ..."
ကျန်းဟန်ရှု ဖုကျန်းလက်ထဲမှ အိတ်ကို လွှဲယူလိုက်သည်။
"အပေါ်သွားရအောင် ..."
"အလုပ္က ပြီးသွားပြီလား ..."
ဖုကျန်းက မေးလိုက်သည်။
"သိပ်မကျန်တော့ဘူး ..."
သူတို့နှစ်ယောက် ထွက်သွားသည်ကို ကြည့်နေသော မိန်းကလေးမှာတော့ မေးခွန်းတစ်ပုံတစ်ခေါင်းဖြင့် ကျန်နေခဲ့သည်။
အလှ​​ေလးက ဥက္ကဌရဲ့ဇနီးလား သူက လက်ထပ်သွားပြီလို့လည်း သတင်းမကြားမိပါဘူး ကြည့်ရတာတော့ ကလေးမွေးခါနီးနေပြီထင်တယ် ...
သတင်းမှာ တုန်လှုပ်ဖွယ်ကောင်းလွန်း၍ သူမမွာ အတန်ကြာသည်အထိ မယုံနိုင်သေးပေ။ အသိပြန်ဝင်လာချိန်တွင်တော့ ဖုန်းကိုကောက်ကိုင်ကာ ကုမ္ပဏီ group တွင် အသည်းအသန်မျှဝေတော့သည်။ အမြဲတမ်း ခြောက်သွေ့နေသော WeChat group မွာ ဆူညံပွက်လောရိုက်ကုန်တော့သည်။
ကျန်းဟန်ရှုက ဖုကျန်းကို အပေါ်ဆုံးထပ်ရှိ သူ့ရုံးခန်းသို့ ခေါ်သွားလိုက်သည်။ ဖုကျန်းက ဘူးများကို စားပွဲပေါ်သို့ တစ်ဘူးချင်းတင်နေရင်း ပြော လိုက်သည်။
"အစမ်းလုပ်ထားတာဆိုတော့ အရမ်းအရသာမရှိလောက်ဘူး ..."
ကျန်းဟန်ရှုက စားပွဲပြည့်လုနီးပါး ဖြစ်နေသော ဘူးမ်ားကို ကြည့်လိုက်သည်။
"အများကြီးပါကော ..."
"အိမ်မှာအားနေတာနဲ့ များများလေး လုပ်လိုက်တာ ..."
"နေ့လည်စာရော စားပြီးပြီလား ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
ဖုကျန်းက ဆိုဖာပေါ်ထိုင်နေရင်း ပြန်ဖြေလိုက်သည်။
"လုပ်နေရင်းတန်းလန်း မြည်းထားတော့ ဗိုက်မဆာသေးဘူး ..."
ကျန်းဟန်ရှုက စားပွဲနောက်တွင်ထိုင်ကာ အနီရောင် အဆာသွပ်မုန့်ကို ယူလိုက်သည်။ ဖုကျန်းက ရုတ်တရပ် ဆိုဖာပေါ်မှ ထရပ္ကာ စားပွဲပေါ်သို့ လက်ထောက်လိုက်ရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။
"စားလို့ကောင်းလား ..."
"ကောင်းတယ် ..."
ကျန်းဟန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ဒီပူတင်းကကျ စတော်ဘယ်ရီအရသာ ရေခဲသေတ္တာထဲ ခဏထည့်ထားပြီးမှ မြည်းကြည့်လာတာ ..."
ဖုကျန်းက ကျန်းဟန်ရှု၏ပါးစပ်နားသို့ ဇွန်းကို တိုးပေးလိုက်သည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က ရုံးခန်းထဲတွင် ချိုမြိန်သောအချိန်တစ်ခု ပိုင်ဆိုင်နေကြစဉ် ကုမ္ပဏီရှိ အမျိုးသမီးထုမှာတော့ အသဲကွဲသမား ဖြစ်ကုန်ကြသည်။
"ဘယ်သူက ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ဖို့ စိတ်ကူးမရှိကြမှာတဲ့လဲ ပြီးတော့ ဥက္ကဌအသစ်က ငယ်လည်းငယ် ချောလည်းချော သူ့ကို လက်မထပ်ဖို့ မဖြစ်နိုင်တာတောင်မှ သဘောမကျဘဲ မနေနိုင်တာ အခုတော့ ဘယ်လိုနေရတော့မှာလဲ ..."
တစ်ယောက်က ကျန်းဟန်ရှု၏ အတွင်းရေးမှူးကို တိတ်တိတ်လေး မေးလိုက်သည်။
"အတွင်းရေးမှူးတုန် ဥက္ကဌအခန်းထဲက ဘယ်သူလဲ..."
သို့သော်ငြား ကြင်နာစိတ် အလျဉ်းမရှိသော အတွင်းရေးမှူးတုန်က ခပ်ပြတ်ပြတ်သာ ပြောလိုက်သည်။
"မင်းနဲ့ မသက်ဆိုင်ဘူး မေးစရာအကြောင်းလည်း မရှိဘူး ..."
ထိုသူက ဂရုထဲမှ ညီအစ်မများကို ဖက်ကာငိုရင်း ပြန်အလုပ်လုပ်လိုက်တော့သည်။
...
ကျန်းဟန်ရှုက အချိုမကြိုက်ကြောင်း သိထားသည့်အတွက် မုန့်လုပ်စဉ်က သကြားကို သိပ်မသုံးခဲ့။ ထို့အပြင် သူ့အတွက် တစ်ခုနှစ်ခုစီသာ ယူခဲ့ရာ ကျန်းဟန်ရှုက တစ်ဘူးလုံးကို မြန်မြန်ပဲ အပြတ်ရှင်းလိုက်ပြီးနောက် ဆိုဖာပေါ်တွင် ပျင်းရိလေးတွဲ့စွာ လှဲရင်း ဖုန်းကိုင်နေသော ဖုကျန်းကို ပြောလိုက်သည်။
"ပင်ပန်းရင် အနားယူမလား အထဲမှာ အိပ်ယာရှိတယ် ..."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"မပင်ပန်းသေးပါဘူး ..."
သို့သော်ငြား ထိုဟာက တကယ်ကို မျက်နှာဖြတ်ရိုက်လိုက်ခြင်းပင်။ ခဏလေးအတွင်းမှာပင် ဖုကျန်းသည် မရေမတွက်နိုင်လောက်အောင်ကို သမ်းလာသည်။ သူသမ်းနေသည်ကို မြင်လိုက်သော ကျန်းဟန်ရှုက ချောင်းအသာဟန့်ကာ ပြောလိုက်သည်။
"အရင်ဆုံး သွားလှဲနေလိုက်ပါ ဒီနေ့ အလုပ်စောစောဆင်းပြီး အရသာရှိတာတွေစားဖို့ ခေါ်သွားပေးမယ် ..."
ဖုကျန်းက မျက်နှာကိုပွတ်ကာ သမ်းဝေရင်း အထဲမှ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ကုမ္ပဏီ၏ ဂရုချက်မှာ တစ်ခါမှ ဒီလိုမျိုး သက်ဝင်လှုပ်ရှားမနေဖူးပေ။ နေ့လည်စာနားချိန်တွင်တောင် အနားမယူနိုင်။ လူတိုင်းက ကိုယ်ဝန်သည်အလှလေး အကြောင်းကိုသာ ဆွေးနွေးနေကြသည်။ ထို့အပြင် အလှလေးမှာ ဥက္ကဌရုံးခန်းထဲ ဝင်သွားပြီး ပြန်ထွက်မလာသေး။ သူတို့နှစ်ယောက်က ရုံးခန်းထဲမှာ ရှက်စရာတစ်ခုခု လုပ်နေလို့များလား။
ဂရုချက်ထဲရှိ အကြောင်းအရာမှာ တစ်ဖြည်းဖြည်း အဝါရောင်ဘက်သမ်းလာသည်။ အချို့အမျိုးသမီး ဝန်ထမ်းများက အဝါရောင်ဆန်ဆန်စာတိုများကိုပင် သီးသန့် ဖြန့်ဝေလာကြသည်။
(T.N/ သူတို့ဆီက အဝါရောင်က ဒီက အပြာရောင်လိုမျိူးပါ 18+ သဘောဆန်ဆန်အကြောင်းအရာကို အဝါရောင်လို့ သုံးတာပါ)
ဥက္ကဌကျန်းမှာတော့ သူတို့ထင်နေကြသလို မဟုတ်ဘဲ ရုံးခန်းထဲတွင်သာ တစ်ချိန်လုံး အလုပ်ကြိုးစားနေရသည်။ စောင်ခြုံကာလှဲနေသော ဖုကျန်း၏ အသက်ရှူသံက တစ်ဖြေးဖြေး ညင်သာလာသည်။
နေ့ခင်း ၂နာရီခွဲခန့်တွင် အလုပ်အားလုံး ပြီးစီးသွရာ ကျန်းဟန်ရှုသည် တံခါးကိုဖွင့်ကာ ဖုကျန်းအိပ်နေသည့်ဘေးတွင် ဝင်ထိုင်လိုက်သည်။
ဖုကျန်းက ဗိုက်ကို လက်တစ်ဖက်ဖြင့်အုပ်ပြီး ကျန်တဖက်က အောက်ကိုချထားရင်း အိပ်ပျော်နေသည်။ အစောပိုင်းက ခြုံထားသောစောင်ကိုလည်း ခြေရင်းသို့ ကန်ချထားသည်။
ကျန်းဟန်ရှုက သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပေးလိုက်သည်။ သတိပြုမိလိုက်သောဖုကျန်းက လူးလွန့်ကာ မျက်လုံးကို ဖွင့်လိုက်လျှင် သူ့ဘေးတွင် ထိုင်နေသော ကျန်းဟန်ရှုကို တွေ့လိုက်သည်။
"ပြီးသွားပြီလား..."
ဖုကျန်းက အသံခပ်တိမ်တိမ်ဖြင့် မေးလိုက်သည်။
အိပ်ယာမှ နိုးကာစကြောင့်ဖြစ်မည်။ နို့အရသာ ငှက်သိုက်မုန့်လို ဖုကျန်း၏အသံမှာ ဝိုးတဝါးသာ ထွက်လာသည်။
ကျန်းဟန်ရှုက ဖုကျန်း၏ဗိုက်ပေါ်သို့ လက်တင်လိုက်သည်။ အထဲမှ က​လေး ၏ လှုပ်ရှားမှုကို ခံစားမိလျှင် ဖွဖွလေး ပြုံးကာ မေးလိုက်သည်။
"ဘာစားချင်လဲ..."
နွရောသီတွင် လူတိုင်းက အစားအသောက်ပျက်ကြရာ ကိုယ်ဝန်ဆောင်နေသော ဖုကျန်းမှာ ပို၍ပင် ဆိုးပေမည်။ သူက ကျန်းဟန်ရှု၏လက်ကိုဆွဲကာ ခေါင်းယမ်းပြလိုက်သည်။
"ဘာမှစားချင်စိတ်မရှိဘူး ..."
ကျန်းဟန်ရှုက သူ့ကို ချော့ပြောလိုက်သည်။
"မစားချင်လို့ မရဘူးလေ ..."
ဖုကျန်းက တစ်ဖက်သို့ စောင်းလိုက်ကာ ပျင်းတိပျင်းတွဲဖြင့် ပြောလိုက်သည်။
"လှုပ်လည်းမလှုပ်ချင်တော့ဘူး ..."
ကျန်းဟန်ရှုက ချောင်းအသာဟန့်လိုက်သည်။ ကုတင်ဘေးမှ ကြိုးသိုင်းဖိနပ်ကိုယူကာ သူ့ကို စီးပေးလိုက်သည်။ ထို့နောက် ကုတင်ခေါင်းရင်းမှ ဆံပင်တုကိုယူကာ ကူတပ်ပေးလိုက်သည်။
အားလုံးပြီးသွားချိန်တွင် ပုဝါတစ်ထည်ဖြင့် ချွေးသုတ်ပေးကာ သူ့ကို အိပ်ယာပေါ်မှ ပွေ့ချီလိုက်သည်။
ထိတ်လန့်သွားသော ဖုကျန်းမှာ သူ့ကို မျက်လုံးအပြူးသားဖြင့်သာ ငေးကြည့်နေသည်။ ဘာဖြစ်သွားလဲဆိုတာကို သူတကယ် နားမလည်တော့။ ကျန်းဟန်ရှုက ပြုံးကာပြောလိုက်သည်။
"မလှုပ်ချင်ဘူးဆိုတော့ ကိုယ်ခေါ်သွားပေးမယ်လေ ..."
ဖုကျန်းမှာ အိပ်ရာနိုးကာစသာ ရှိသေးရာ ကျန်းဟန်ရှု၏ ဆိုလိုရင်းကို အပြည့်အဝ နားမလည်လိုက်။ ကျန်းဟန်ရှုက သူ့ကိုပွေ့ကာ တံခါးကို ဖွင့်လိုက်လျှင် ဘာဖြစ်လာမည်ဆိုတာကို နားမလည်နိုင်သေးပေ။
သူသာ အနည်းငယ်အားစိုက်ကာ ရုန်းလိုက်ပါလျှင် ကျန်းဟန်ရှု၏ရင်ခွင်ထဲမှ ထွက်နိုင်မည်ဖြစ်သည်။ သို့သော် ဖုကျန်းမှာ သူ့ကိုယ်သူ အခုတလောတွင် မျက်နှာထူလာကြောင်း သိလိုက်ရသည်။ သူ့လက်နှစ်ဖက်က ကျန်းဟန်ရှု၏လည်ပင်းကို တင်းတင်းဖက်ထားသည်။ သူ့ရင်ဘက်ကို ခေါင်းမှီထားသည့်အတွက် စည်းချက်မဲ့စွာ ရင်ခုန်နေသည်ကို သိလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ပြီးခဲ့သည့်နှစ် ဆောင်းတွင်းတွင်လည်း ကျန်းဟန်ရှုသည် အငှားအိမ်၏ ပထမထပ်မှ ခြောက်လွှာအထိ ဒီလိုပင် ပွေ့ချီခဲ့ကြောင်းကို ပြန်အမှတ်ရလိုက်သည်။
အပြင်ဘက်တွင်စောင့်နေသော အတွင်းရေးမှူးတုန်၊ စာရွက်စာတမ်းများကိုင်ကာ ကော်ရစ်ဒါကို ဖြတ်လာနေသော ဒါရိုက်တာဟဲ၊ ပထမထပ် ဧည့်ကြိုကောင်တာမှ ကောင်မလေးနှင့် အခြားဝန်ထမ်းများအားလုံးက ငယ်ရွယ်ချောမောလှသည့် ဥက္ကဌမှာ အလုပ်များကိုပစ်ထားကာ အလှလေးနှင့်အတူ ရုံးစောစော လစ်သွားကြောင်း တွေ့လိုက်ရသည်။
အား.. အလှ တရားက အမှားကျူးလွန်ချင်စရာပဲ။
ထိုသတင်းသည် ငြိမ်သက်စပြုနေသော ဂရုချက်ကို ဗုံးတစ်လုံး ပစ်ထည့်လိုက်သလို ပြန်လည် ပွက်လောရိုက်လာစေသည်။
အားလုံးက ကျန်းဟန်ရှုမှာတော့ ရည်းစားရသွားလျှင်တောင် ရေခဲတုံးလိုမျိုး အေးစက်စက်ဖြင့် လျစ်လျူရှုတတ်သူသာ ဖြစ်နေဦးမည်ဟု ထင်ခဲ့သည်။ မထင်မှတ်ထားစွာပင် ရေခဲတုံးက အရည်ပျော်လာချိန်တွင် မီးတောင်တစ်ခုလိုမျိုး အဆက်မပြတ် ပေါက်ကွဲထွက်လာသည်။
ဘုရားရေ အားကျလိုက်တာ ငါလည်း ထိပ်ဆုံးထပ်ကနေပြီးတော့ အချီခံလာရချင်တယ်လေ
သို့သော်ငြား ကျန်းဟန်ရှုက သူတို့နှင့် သက်ဆိုင်သူ မဟုတ်ချေ။
ကျန်းဟန်ရှုက ဖုကျန်းကို ကားရပ္ထားရာအထိ သယ်သွားလိုက်သည်။ တံခါးဖွင့်ပေးပြီးနောက်တွင်တော့ ဖုကျန်းက သူ့ဘာသာ ဝင်ထိုင်လိုက်သည်။ ပွေ့ဖက်ပြီးသည်အထိ ဖုကျန်း၏ပါးပြင်တို့က ရဲရဲနီနေသေးသည်။
ကျန်းဟန်ရှုက တိတိတိတ်လေး ပြုံးလိုက်ကာ ဖုကျန်းကို အသီးဟော့ပေါ့ဆိုင်သို့ ခေါ်သွားလိုက်သည်။
ညနေစောင်းသည်အထိ ဆိုင်မှ မပြန်သေးသော ဝမ်ထုန်ကို တိုက်တိုက်ဆိုင်ဆိုင်ပင် တွေ့လိုက်သည်။
သူမရင်းနှီးသော မိန်းကလေးတစ်ယောက်နှင့် ကားထဲမှ ဆင်းလာသည့် ကျန်းဟန်ရှုကိုမြင်လျှင် ဝမ်ထုန်မှာ အမြင်မှားမိသလားဟုပင် တွေးမိသည်။ ကားမောင်းထွက်သွားကာ သူ့အမြင်မှ ပျောက်ကွယ်သွားသည်အထိ အကြာကြီး ငေးကြည့်နေခဲ့သည်။ ထိုသူမွာ သူ့သူဌေး ကျန်းဟန်ရှုဖြစ်ကြောင်းကို ဝမ်ထုန် သေချာပေါက် အာမခံနိုင်သည်။
ဘာကြီးလဲ။ မင်းက ဖုကျန်းနဲ့ လက်ထပ်ထားတာ မဟုတ်ဘူးလား။
ဝမ်ထုန်မှာ အစားစားချင်စိတ်ပင် မရှိတော့။ စိတ်ပျက်လက်ပျက်ဖြင့်သာ အိမ်ပြန်လာခဲ့သည်။ သူ့ရင်ထဲရှိ ကျန်းဟန်ရှု၏ ပုံရိပ်မှာ ကွဲအက်သွားပြီဖြစ်ပြီး လျင်လျင်မြန်မြန် မကုစားပါလျှင် တစ်စစီ ပဲ့အက်သွားတော့မည်ဖြစ်သည်။ နှစ်ခါပြန်စဉ်းစားပြီးနောက် ဝမ်ထုန်သည် ယောကျာ်းကောင်းတစ်ယောက်၏ စိတ်နေစိတ်ထားကို သင်ကြားပေးရန်အတွက် ကျန်းဟန်ရှုကို ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။
"သူဌေး ခင်ဗျားက ..."
ဖုန်းခေါ်ပြီးနောက်တွင် ဝမ်ထုန်သည် ကျန်းဟန်ရှု၏ လှေနံနှစ်ဖက်နင်းသည့်ကိစ္စကို ဘယ်လို ထုတ်ပြောရမလဲ မသိတော့။
"ဘာလဲ ..."
ဖုန်းတစ်ဖက်မှ ကျန်းဟန်ရှုက မေးလိုက်သည်။ သူ့အသံမှာ ဖောက်ပြန်နေသည့်လူဟု မထင်ရလောက်အောင်ပင် အေးစက်နေသည်။
ထိုသို့တွေးမိချိန်တွင် ဒေါသ ငယ်ထိပ်တက်နေသော ဝမ်ထုန်မှာ သူ့ကို မေးခွန်းထုတ်လိုက်တော့သည်။
"ကျွန်တော့်ဇနီးလေးက ဘာမှားလို့လဲ ခင်ဗျားက ..."
ဝမ်ထုန် ပြော၍မဆုံးမီပင် ကျန်းဟန်ရှုက ဖြတ်ပြောလိုက်သည်။ သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မင်းကို နောက်တစ်ခါ အမှန်ပြင်ပေးမယ် သူ့က ငါ့ဇနီး မင်းဇနီးမဟုတ်ဘူး ..."
ဝမ်ထုန်မှာ တံတွေးသီးသွားကာ အတော်ကြာသည်အထိ စကားသံထွက်မလာနိုင်တော့ပေ။.
xxxxx