Chapter 21
Viewers 2k

🥘Chapter 21




နေ့လည်သုံနားရီပင် ထိုးလေပြီ။ 


ဤအချိန်မှာသုံးထောင်စားတော်ဆက်၏ လူအပါးဆုံးအချိန်ဖြစ်ကာ စားသောက်ခန်းထဲတွင်လူနှစ်ဦးသာစားသုံးလျက်ရှိ၏။ ပိုင်ရှန်းကျစ်သူ၏ဖုန်းကိုထုတ်ကာ လောလောလတ်လတ်စာရင်းသွင်းထားသည့်ဆိုရှယ်မီဒီယာတွင် ပို့စ်တစ်ခုတင်လိုက်၏။ 


["သုံးထောင်စားတော်ဆက်: နက်ဖြန်နားရက်ပါ။ ချစ်ရပါသောစျေးဝယ်သူတို့ ဆိုင်ကိုမလာကြပါနဲ့..."] 


လူအများကြီးသူ့ကိုfollowထားခြင်းမရှိသည့်တိုင် စားသောက်ဆိုင်၏ဝယ်လက်အများစုဖြစ်သည့် လူတစ်ထောင်ခန့်မျှရှိသည်။ စာတင်လိုက်သည်နှင့်ချက်ချင်း ပြန်စာများအမြန်တတ်လာလေသည်။ 


["အာ...ခြောက်ရက်တောင် ရှိသွားပြန်ပြီလား? နှစ်ရက်သုံးရက်ပဲရှိသေးတယ်လို့ ဘာလို့ထင်နေရတာလဲ..."] 


["အိုး မဟုတ်ဘူးလေ...နက်ဖြန်လုပ်ငန်းခရီးထွက်ဖို့ရှိတယ်။ ယာယီစွမ်းအင်တွေကို သုံးထောင်စားတော်ဆက်မှာ ဖြည့်ဖို့လုပ်ထားတာကို...(ငိုနေသောjpg)"] 


["တစ်နေ့တည်းပဲကို ငါတောင့်ခံနိုင်ပါတယ်... (ဒီနေ့ကတည်းကနက်ဖြန်အတွက် အစားအသောက်တွေကို သုံးထောင်စားတော်ဆက်ကနေဝယ်ပြီးပြီ...) (ပြုံးနေသောjpg)"] 


["အဲ့လိုလုပ်လို့ရတယ်လား...ငါဘာလို့မစဥ်းစားမိတာလဲ...ခုချက်ချင်း သုံးထောင်စားတော်ဆက်ကို ငါသွားပြီ..".] 


["ငါလည်းသွားမှာ..."] 


... 


မှတ်ချက်များကိုဖတ်ပြီးနောက် အံ့သြမှူကိုဖော်ကျူးသောမှတ်ချက်များမှလွဲ၍ အခက်အခဲတွေကဖြေရှင်းနည်းတွေက ပိုများနေလေ့ရှိသည်။ ပိုင်ရှန်းကျစ် သူ့ဖုန်းကို စိတ်သက်သာစွာချလိုက်၏။ ခြောက်ရက်ကြာမျှ ကြိုးစားစွာအလုပ်လုပ်ပြီး မနက်ဖြန်တော့သူကောင်းစွာအနားယူနိုင်ပြီ။ 


ထိုအချိန်ဝယ်သူတစ်ယောက်မှာ သုံးဆောင်ပြီးဖြစ်၍ ပိုင်ရှန်းကျစ်ဘေလ်ရှင်းပြီးဟင်းပွဲသိမ်းရန် ထွက်လာခဲ့သည်။ သူမီးဖိုချောင်အပြင်ရောက်သည့်အခါ အခြားဝယ်သူတစ်ယောက်မှာ သူ့ကိုတုံ့ဆိုင်းစွာကြည့်ကာရှေ့တွင်ပေါ်လာခဲ့သည်။ 


"ဆရာ လိုအပ်တာတစ်ခုခုများ ရှိလို့လား..." 


အတော်တန်တုံ့ဆိုင်းမှုတို့ဖြင့် ကောအာ စိတ်တင်းကာပြောလိုက်၏။ 


"သူဌေး ခင်ဗျားမီနူးထဲက ဟင်းပွဲလေးပွဲရောင်းတာကို ရပ်ပေးပါ။ ဒါအချိန်လဟိုတယ်ရဲ့ သတိပေးစာ..." 


ပိုင်ရှန်းကျစ် ကောအာထံမှစာရွက်ခေါက်ကို ယူလိုက်သော်ငြား မဖွင့်ရသေးပေ။ ရှေ့ကသူက စကားထပ်ဆိုလာသည်။ 


"သူဌေး ခင်ဗျားဆိုင်မှာလည်းဟင်းပွဲတွေများတာပဲ။ လေးပွဲတည်းပဲကို။ မလုပ်ဘဲနေနိုင်ရင် မလုပ်ပါနဲ့။ တကယ်တော့ အချိန်လဟိုတယ်ဆိုတာ အစားအသောက်နယ်ပယ်မှာ အကောင်ကြီးကြီးပဲ..." 


ပြောပြီးပြီးချင်း လူငယ်က သုံးထောင်စားတော်ဆက်မှ အမြန်ထွက်ခွာသွားသည်။ 


သူ့ပုံရိပ်ပျောက်သွားသည်အထိ ပိုင်ရှန်းကျစ်ကြည့်နေကာ သူ့လက်ထဲမှစာရွက်ကိုဖွင့်လိုက်သည်။ စာရွက်ပေါ်မှလက်ရေးတွန့်ကို ဖတ်ကြည့်သည့်အခါ: 


သင်၏မီနူးမှ အသားနှင့်အစာသွပ်ထားသည့် ဂေါ်ဖီလိပ်၊ ရွှေရောင်အသားကြွပ်ကြော်၊ ဆော့ဖုံးနေသည့် ဝက်သားနှပ်နှင့် မီးတောက်အနီရောင်ရှိသည့် ကြက်သားတုံးကြော်များမှာ အချိန်လဟိုတယ်၏အကျိုးကိုထိပါးနေသည်ဖြစ်၍ ဒီဟင်းလေးပွဲအားဖန်တီးသူအချိန်လဟိုတယ်အနေနှင့် သုံးထောင်စားတော်ဆက်မှအမှားကိုနားလည်ကာ မီနူးမှဤဟင်းလေးပွဲကိုအမြန်ဖယ်ပေးလျက် အချိန်လဟိုတယ်အားထိခိုက်စေခြင်းမှရပ်တန့်ပေးမည်ဟု မျှော်လင့်ပါသည်။ မဟုတ်လျှင် ဒီအရေးကိုကိုင်တွယ်ရန် ပြင်းထန်သောအရေးယူမှုများလုပ်ဆောင်သွားမည်... 


အချိန်လဟိုတယ် 


ပိုင်ရှန်းကျစ်: "...."


သူအိပ်မက်မက်နေတာလား...မဟုတ်ရင်ဘယ်သူကများ အသားနှင့်အစာသွပ်ထားသည့် ဂေါ်ဖီလိပ်၊ ရွှေရောင်အသားကြွပ်ကြော်၊ ဆော့ဖုံးနေသည့် ဝက်သားနှပ်နှင့် မီးတောက်အနီရောင်ရှိသည့် ကြက်သားတုံးကြော်များကို သူဖန်တီးထားပါသည်ဟု ဘယ်လိုအခိုင်အမာဆိုမလဲ...ဟွားကော်ကရိုက်စားတွေတောင်ထိုသို့မလုပ်ရဲကြချေ...


လုံးဝဟာသပင်...တစ်နေ့တွင် လူတစ်ယောက်က သူ့ထံရောက်လာကာ ဟွားကော်မှအချက်အပြုတ်ဆိုင်ရာအပြောင်မြောက်ဆုံးလက်ရာများကို သူဖန်တီးထားပါသည်ဟု ပြောလာမည်ဟု ပိုင်ရှန်းကျစ်မထင်ခဲ့စဖူး။ ပြီးတော့ထိုသူမှာ ဟွားကော်မြို့ခံပင်မဟုတ်ပေ...သူ့ကိုလူသားဟုတောင်ပြောလို့မရပေ... 


သူ့ရှေ့ကစာရွက်ထံမှ အချိန်လဟိုတယ်၏တည်ကြည်မှူနှင့်ဓလေ့ထုံးတမ်းကို စည်းဘောင်အတွင်းမှမြင်နေရသည်။ သို့သော်လည်း သူ့ကိုဟာသဖြစ်ကာ ရယ်မောစေသည်မှာလည်းဤတည်ကြည်မှုပင်။ 


အသားနှင့်အစာသွပ်ထားသည့် ဂေါ်ဖီလိပ်ကို ဘယ်သူဖန်တီးတာလဲ...ဘယ်သူက ရွှေရောင်အသားကြွပ်ကြော်ကို စလုပ်တာလဲ...ဆော့ဖုံးနေသည့် ဝက်သားနှပ်ကကော mr.တုံ့ပိုရဲ့ဖန်တီးမှုအစစ်ပဲ... မီးတောက်အနီရောင်ရှိသည့် ကြက်သားတုံးကြော်များကရော? 


ဟင်းလေးပွဲမှသုံးပွဲသည် ရှေးဟွားကော်မှအလုပ်ကြမ်းသမားများ၏ ခက်ခဲပင်ပန်းသောဖန်တီးမှုများပင်။ ကျန်တစ်ပွဲမှာ သမိုင်းဝင်နာမည်ကျော်ပုဂ္ဂိုလ်ကြီးmr.တုံ့ပို၏ လက်ရာတစ်ခုဖြစ်၏။ ဟွားကော်တစ်နယ်လုံးတွင် ဤဟင်းလေးပွဲမှာနာမည်ကြီးလာသည်မို့ လမ်းမလမ်းကြားတွေမှာ ဤဟင်းကိုမရသောဆိုင်ဟူ၍မရှိပေ။ 


အခုများတော့ တစ်စုံတစ်ယောက်သောသူက သူ့ကိုလာကျော်ကာဒီလေးပွဲသောဟင်းများမှာ ထိုသူ၏ဖန်တီးမှုဟုဆိုကာ သူ့ကိုမချက်ဖို့ရန်တားမြစ်လာသည်။ 


ရယ်စရာပဲ...


လွန်ခဲ့သောလအနည်းငယ်ခန့်က အချိန်လဟိုတယ်၏မီနူးအသစ်ကိုသူမြင်သည့်အခါ ဒီရတနာလေးခုမှာ သုံးထောင်စားတော်ဆက်၏ ရောင်းအားအကောင်းဆုံးအရာများ ဖြစ်ခဲ့သည်။ ထိုအချိန်က ပိုင်ရှန်းကျစ်အနေနှင့် တစ်ခုခုလွဲနေဟုသည်ဟုခံစားရသော်ငြား ဘာမှမလုပ်ခဲ့ချေ။ 


ပထမအနေနှင့် သူ့မှာသက်သေမရှိပေ။ ဒုတိယတစ်ခုမှာ ဤဟင်းလေးပွဲသည်သူ့မူပိုင်မဟုတ်ရာ ဟွားကော်ကလူတိုင်းလုပ်ခွင့်ရှိသည့်အတိုင်း အခြားသောလောကများတွင်လည်းထို့အတူသာ။ သေချာပါသည်။ သူတစ်ဦးတည်းကသာ စျေးကွက်ကိုလွမ်းမိုးမထားနိုင်ချေ။ 


သို့သော်လည်း အချိန်လဟိုတယ်မှာ ဒီအဆင့်ထိသွားမည်ဟု သူမျှော်လင့်မထားပေ။ ဟိုတယ်တာဝန်ရှိသူမှာ စိတ်လွတ်သွားသည်လား သို့မဟုတ် ဟိုတယ်ဘက်ကရည်မှန်းချက်ကြီးလွန်းနေရကား အစစ်အမှန်မဟုတ်သည်ကိုပင် အမှန်ဖြစ်အောင်လုပ်နေသည်လား... 


တစ်ခုခုကိုတွေးမိသွားသည့်ပိုင်ရှန်းကျစ်တစ်ယောက် သူ့ထွန်ထွန်စက်ကိုထုတ်ကာ အချိန်လဟိုတယ်ကိုလိုင်းပေါ်တွင် ရှာကြည့်လိုက်၏။ သူ ဟိုတယ်၏အကောင့်ကိုနှိပ်လိုက်ရာ သူမြင်လိုက်ရသည်ကပထမဆုံးစာသားပင်: 


[အချိန်လဟိုတယ်: အသားနှင့်အစာသွပ်ထားသည့် ဂေါ်ဖီလိပ်၊ ရွှေရောင်အသားကြွပ်ကြော်၊ ဆော့ဖုံးနေသည့် ဝက်သားနှပ်နှင့် မီးတောက်အနီရောင်ရှိသည့် ကြက်သားတုံးကြော်များမှာ ကျွန်တော်တို့ဆိုင်စတင်တည်ထောင်ကတည်းက မူလဖန်တီးမှူများဖြစ်ပါသည်။အာကာသအက်ကွဲကြောင်းရှိတည်ထောင်မှုသည် ကျွန်တော်တို့ကို အတုခိုး​နေသည်ဟုယူဆရသည်။ ကျွန်တော်တို့ဘက်မှသတိပေးချက် ထုတ်ပြန်ထားကာ မူလလက်ရာကိုအားပေးလျက် အတုကိုခုခံကြရန် တောင်းဆိုပါသည်...] 


ဤသတင်းစကားအောက်တွင်မူ အသုံးပြုသူများ၏မှတ်ချက်များ ထောင်ချီရှိနေသည်။ သူထိုအရာများပေါ် နှိပ်လိုက်သည်။ 


["ဝိုး...အာကာသကွဲကြောင်းက သုံးထောင်စားတော်ဆက်မဟုတ်လား?"]


["ဆိုတော့ သုံးထောင်စားတော်ဆက်က အချိန်လဟိုတယ်ကို လိုက်တုနေတာပေါ့?"] 


["အာ...အခုတော့ အဓိပ္ပါယ်ရှိသွားပြီ။ ခုနောက်ပိုင်းသုံးထောင်စားတော်ဆက်က အရသာပိုကောင်းလာတယ်ဆိုပြီး လူတွေလိုင်းပေါ်မှာပြောနေကြတာ အံ့သြစရာမရှိပါဘူး။ ဒါကြောင့်ကိုး..."] 


[ငါပြောပါတယ်။ သုံးထောင်စားတော်ဆက်က နှစ်တွေအကြာကြီး သာမန်ညောင်ညလေးဖြစ်ခဲ့တာ။ ပိုင်ရှင်ပြောင်းသွားရုံလေးနဲ့ ဘယ်လိုလုပ်ရုတ်တရက်ကြီးအရသာရှိလာမှာလဲ...အဲ့တုန်းကတစ်ခုခုလွဲနေတယ်လို့တော့ ငါထင်လိုက်သား။ ဒါပေမယ့် သုံးထောင်စားတော်ဆက်ကဒီလောက် အောက်တန်းကျမယ်လို့တော့မထင်မိဘူး..."] 


["ကျစ်...ကျစ်...ကျစ်...ဘာလို့သူတို့တွေဒီလိုလုပ်ရတာလဲ? သုံးထောင်စားတော်ဆက်က နိုင်ဖို့အရသာကိုတောင် အားထားနေစရာမလိုဘူး။ သူ့ရဲ့အကောင်းဆုံးနေရာက သူ့အားသာချက်ပဲ။ အစားအသောက်မကောင်းရင်တောင် လူတွေကလာဦးမှာကို ခုတော့..."] 


["ကြားရသမျှ မယုံကြပါနဲ့။ အချိန်လဟိုတယ်ဘက်က မီနူးအသစ်တွေမိတ်မဆက်ခင်ကတည်းက သုံးထောင်စားတော်ဆက်က ဒီဟင်း​လေးပွဲကိုရောင်းနေတာ။ ဒါ့ထက် အချိန်လဟိုတယ်ဘက်ကလုပ်တဲ့အရသာက သုံးထောင်စားတော်ဆက်ရဲ့အရသာကို မယှဥ်နိုင်ဘူး။ ဘယ်သူက ဘယ်သူ့ကိုတုနေတာလဲဆိုတာ မသေချာသေးဘူး..."] 


["ဖော်လံဖားတွေများ အားအပြည့်နဲ့ရောက်လာပြီ။ သုံးထောင်စားတော်ဆက်နောက်က နတ်ဘုရားဘုံအရေးပေးတာကို မျှော်လင့်နေတာဖြစ်မယ်။ အိပ်မက်ဆက်မက်နေလိုက်..."] 


["ထွက်သွား..."] 


... 


စာများက ဆက်တက်နေဆဲပင်။ သုံးထောင်စားတော်ဆက်ဘက်မှခုခံပေးသူ အနည်းငယ်ရှိသော်ငြား သူ့တိုကိုအလွယ်တကူအနိုင်ယူကာ အချိန်လဟိုတယ်၏အင်အားတောင့်သည့် ပရိတ်သတ်များ၏ အလွန်အကျွံဝေဖန်မှုများကြား ကျဆုံးသွားရှာသည်။ သုံးထောင်စားတော်ဆက်အပေါ် ဆန့်ကျင့်တုံ့ပြန်မှုများကပြင်းထန်လှသည်။ 


ပိုင်ရှန်းကျစ် သူ၏အကောင့်ထံပြန်လာကာ သူ့ပို့စ်အောက်တွင်ရုတ်တရက် ဝေဖန်မှုပြည့်နေသည့် မှတ်ချက်ရာချီနေသည်ကို တွေ့လိုက်၏။ ထိုအဖြစ်ကား အသေးအမွှားထက်ကျော်လွန်နေသည်ကို သူသဘောပေါက်သောကြောင့် အကောင့်မှပြန်ထွက်ခဲ့သည်။ ရန်ငြိုးကစတင်ခဲ့သောကြောင့် သူဘယ်လိုဖြေရှင်းမည်ကို သေချာစဥ်းစားရန်လိုသည်။ 


မွန်းလွဲချိန်တွင် သစ္စာရှိသောစားသုံးသူတို့မှာ အွန်လိုင်းပေါ်မှအဖြစ်ကိုမြင်အပြီး ဆိုင်ကိုလာလည်ကြသည်။ သူတို့တွေအားလုံး သုံးထောင်စားတော်ဆက်အပေါ် သူတို့၏အားပေးမှုကိုပြရန် ရောက်လာကြသည်။


"သူ​ဌေး အရသာနဲ့တောင် သုံးထောင်စားတော်ဆက်ကသာ မူလပိုင်ရှင်ဆိုတာသိတယ်..." 


"အမှန်ပဲသူဌေး...ကျွန်တော်တို့က ခင်ဗျားဘက်မှာ...အချိန်လဟိုတယ်ကအများကြီးထုတ်တာ သုံးထောင်စားတော်ဆက်ကအရသာနဲ့မယှဥ်နိုင်ဘူး..." 


"အချိန်ကဟိုတယ်က ဟင်းပွဲအသစ်တွေမြည်းကြည့်ပြီးပြီ။ သုံးထောင်စားတော်ဆက်က အရသာကိုမယှဥ်နိင်ပါဘူး။ စိတ်မပူပါနဲ့သူဌေး..." 


... 


ပိုင်ရှန်းကျစ် ထမင်းတစ်ပွဲ၏ကျေးဇူးတရားကိုသိတတ်သည့် စားသုံးသူအသီးသီးကို ကျေးဇူးတင်လိုက်၏။ သူတို့ထွက်သွားသည်နှင့် သူစာတစ်စောင်တင်လိုက်တော့သည်။ 


[သုံးထောင်စားတော်ဆက်:စကားသက်သက်က ဘာမှမဟုတ်ဘူး။ အခိုင်အမာပြောနေတာကို ထောက်ခံတဲ့ သက်သေပြ...ဟင်းပွဲရဲ့ရှုထောင့်ကကြည့်ရင် အရသာဆိုတာ အရေးကြီးဆုံးပဲ။ကျွန်တော်နဲ့ပြိုင်ဖို့ဆန္ဒရှိလား...ဒီဟင်းလေးပွဲရဲ့ဖန်တီးသူက အတွေ့အကြုံရှိစာဖိုမှုးဆိုတာကျွန်တော်ယုံတယ်။ ဒါကိုမီးဖိုချောင်တိုက်ပွဲမှာ တရားဝင်သက်သေထူကြစို့...


စာကြွင်း: ကျွန်တော်ဒီဟင်းပွဲတွေကို လောကအသေးလေးတစ်ခုကနေ သင်ခဲ့တာ။ မင်းတို့ဘက်ကမူလလက်ရာလို့ပြောနေတဲ့ ဟင်းပွဲတွေကို ဘယ်အချိန်မှာဖန်တီးလိုက်တာလဲ သိချင်မိတယ်...] 


နောက်ပိုင်းတွင် အချိန်လဟိုတယ်ဘက်က ပိုင်ကျစ်ရှင်း၏ပိုစ်ကိုမျှဝေကာ စာပြန်လာသည်: 


[အချိန်လဟိုတယ်: (ပုံများ) အပေါ်ကဟာတွေက ကျွန်တော်တို့ခေါင်းဆောင်စာဖိုးမှူးဆီက ဟင်းပွဲပုံကြမ်းတွေပဲ။ တခြားရည်ရွယ်ချက်နဲ့ အသုံးပြုတာကို ရှောင်ပေးပါ။ တိုက်ပွဲစကြပါစို့။ အချိန်လဟိုတယ်ဘက်က ဘာကိုမှ မကြောက်ဘူး...// သုံးထောင်စားတော်ဆက်: :စကားသက်သက်က ဘာမှမဟုတ်ဘူး။ အခိုင်အမာပြောနေတာကို ထောက်ခံတဲ့ သက်သေပြ...ဟင်းပွဲရဲ့ရှုထောင့်ကကြည့်ရင်...] 


အချိန်လဟိုတယ်၏ သတင်းထွက်လာသည်နှင့် အင်တာနက်တစ်ခွင်တွင် ရန်စပျိုးလိုက်ပြီဖြစ်သည်။ 


အချိန်လဟိုတယ်သည် လောကများစွာ၌ဆိုင်ခွဲများရှိသည့်အပြင် လူအများစုကလည်း သူတို့ကိုfollowထားကြသည်။ ရန်စွလိုသည့်ရည်ရွယ်ချက်ဖြင့် အာရုံမစိုက်ခံရမည်ကိုစိုးရိမ်သည့်အလား လူများစွာမှာသတင်းများကို အမြန်မျှဝေကြသည်။ လူများမှာအချိန်လဟိုတယ်၏ ဆိုင်ခွဲများနှင့်ဌာနချုပ်ကိုပင် စုဝေးသွားကာ အချိန်အာကာသအဖွဲ့ကိုပင် ရောက်သွားကြသည်။ 


တကယ်တမ်းတွင် အချိန်လဟိုတယ်မှာ အချိန်အာကာသအဖွဲ့အစည်း၏ လက်အောက်တွင်ရှိနေသည်။ 


အချိန်လဟိုတယ်နှင့်သုံးထောင်စားတော်ဆက်ကြားက အသေအကြေတိုက်ပွဲမှာ အဓိကဝက်ဘ်ဆိုဒ်များ၏ လူပြောအများဆုံးခေါင်းစဥ် ဖြစ်လာခဲ့သည်။ အချိန်လဟိုတယ်နှင့်သုံးထောင်စားတော်ဆက်ကို တော်ရုံစိတ်ဝင်စားမှုမရှိသူများ၏ အာရုံကိုပင်ဖမ်းစားနိုင်ခဲ့သည်။ 


မရေတွက်နိုင်သည့် သုံးစွဲသူများ၏ စောင့်စားမှုအလယ်မှာ ပြိုင်ပွဲ၏အချိန်နှင့်နေရာကို သတ်မှတ်လိုက်ကြသည်။ 


အချိန်လဟိုတယ်၏ သားရဲကမ္ဘာဆိုင်ခွဲတွင် နှစ်ရက်အတွင်း ကျင်းပမည်ဟူ၍ 


ပိုင်ရှန်းကျစ်နိုးလာကာ အချိန်လဟိုတယ်ဘက်မှထုတ်ပြန်သည့် အချိန်နှင့်နေရာကိုတွေ့လိုက်သည့်အခါ သူကြောင်အသွားသည်။ 


ရှီယွဲ့(အချိန်လ)ဟိုတယ် သားရဲကမ္ဘာဆိုင်ခွဲ...ဘယ်နားမှာ ရှိတာလဲ... 


သို့သော်လည်း အရေးကြီးသည်ကတည်နေရာပင်။ ဟွားကော်မှာသာမဟုတ်လျှင် သူဘယ်ကိုမှမသွားတတ်ပေ။ 


သုံးထောင်စားတော်ဆက်ကို ပြိုင်ပွဲနေရာပြောင်းပေးရန် အကြံပြုသည်ကို သူ့အကောင့်တွင်တင်လိုက်သည်။ 


သို့သော် သူရလိုက်သည်က အင်တာနက်သုံးစွဲသူများဆီက ဝေဖန်မှု၊အထင်သေးမှုနှင့်ပတ်သက်သော တုံ့ပြန်မှုများပင်။ 


["ဘုရားရေ အရှက်မရှိဘူးလား...သူတို့ကသုံးထောင်စားတော်ဆက်မှာ ကျင်းပချင်နေတာလား? တခြားနေရာမှာ ဆိုသူတို့ကိုယ်သူတို့ အရှက်ခွဲမိမှာ ကြောက်နေတာလား..."] 


["ဒါက...သုံးထောင်စားတော်ဆက်ဆိုတာ နေရာသေးသေးလေး။ ပြိုင်ပွဲမှာလူတွေအများကြီး ရောက်နေမှာသေချာတယ်။ အဲ့လောက် လူတွေအများကြီး ဧည့်ခံနိုင်ပါ့မလား..."] 


["ဒါဒိုင်တွေကိုလျော့အောင်လုပ်ဖို့ ခိုးကြောင်ခိုးဝှက်နည်းပဲ။ ဒါမှသတိမထားမိလိုက်ဘဲ လွယ်လွယ်အောင်မှာလေ..."] 


["ပွဲတောင်မစသေးဘူး။ မလုံခြုံဖြစ်နေတာလား..."] 


... 


ဟုတ်တိုင်းမှန်ရာဆိုရရင်ဖြင့် ဘယ်လောကတွင်မဆိုကီးဘုတ်စစ်သည်တွေမှာ ကျိုးကြောင်းဆီလျော်မှုမရှိသူချည်းပင်။ သုံးထောင်စားတော်ဆက်ဘက်က သူ့အိမ်ကွင်းမှာရှိတယ်ဆိုရင် အချိန်လဟိုတယ်ကကောသူ့အိမ်ကွင်းမှာပဲ မဟုတ်ပါလား... 


ထိုမျက်နှာနှစ်ဖက် လိုတစ်မျိုးမလိုတစ်မျိုးသူတွေမှာ အမှန်ပင်ဒေါသထွက်ချင်စရာဖြစ်၏။ အခုအနည်းဆုံး အင်တာနက်သုံးသူအများစုမှာ သူဘာပြောပြော မှားနေသည်ဟုထင်ကာ သုံးထောင်စားတော်ဆက်က အခြားဘက်ကို လိုက်တုနေသည်ဟု ယုံကြည်နေကြသည်။ 


သို့သော်လည်း ပိုင်ရှန်းကျစ်ရဲ့တစ်ဘဝလုံးမှာ အခြားသူများလက်ညှိုးထိုးခြင်း၊ အခြားသူများ၏ယူဆချက်အပေါ် သူ၏အကြောက်တရားကင်းမဲ့မှုတို့ဖြင့် အမှတ်သညာထားခံရသည်။ အသက်ငယ်ရွယ်စဥ်မှစကာ ထိတ်တန်းစားသောက်ဆိုင်များတွင် လုပ်ကိုင်ခဲ့သူဖြစ်ရာ ယှဥ်ပြိုင်ရာတွင် အရေထူနေပြီဖြစ်၏။ 


ဆိုက်ဘာအနိုင်ကျင့်မှုတွေနှင့် ရင်ဆိုင်လာရသောအခါ သူအနေနှင့် "မြင်လည်းမမြင်၊စိတ်ထဲလည်းမထည့်" ဟူသည့်ခံယူချက်ကို စတင်ကျင့်သုံးတော့သည်။ သူ့ကိုလက်တွေ့ ထိပါးမလာသရွေ့ သူဂရုမစိုက်ပေ။ 


ထိုနေ့လည်တွင် အချိန်လဟိုတယ်ဘက်မှ ပိုင်ရှန်းကျစ်ကို စာပြန်လေသည်။သုံးထောင်စားတော်ဆက်မှာ သေးလွန်းသည်ဖြစ်၍ အချိန်လဟိုတယ်အနေနှင့် အခြားဘယ်နေရာမဆို ယှဥ်ပြိုင်ရန်အဆင်ပြေပါသည် ဟူ၍ပင်။ သူအနေနှင့် တခြားကျယ်ဝန်းသည့်နေရာများကို သိလျှင်လည်းလက်ခံနိုင်ပါသည် ဟူ၍လည်းပြောသည်။ 


ပိုင်ရှန်းကျစ်: ... 


Sမြို့တော်ပြိုင်ပွဲနေရာမှာ ကျင်းပလို့ရလား... 


ဟက် သူက သားရဲကမ္ဘာကိုတောင်မရောက်နိုင်မှတော့ တခြားကျယ်ကျယ်ဝန်းဝန်းနေရာတွေ ပေးသိလိုက်ပါ... 


ထို့ထက် သားရဲကမ္ဘာတွင်နေရာကျယ်သောနေရာကိုသိလျှင်တောင် အချိန်လဟိုတယ်ထံတိုက်ရိုက်သွားသည်ထက် ပိုကောင်းပေမည်။ ထိုမှသာ မလိုလားအပ်သော ဒုက္ခတွေမဖြစ်နိုင်ချေ။ 


ကျစ်..စိတ်ပျက်စရာပင်။ 


ပိုင်ရှန်းကျစ် သက်ပြင်းချကာ သူ့တွင်းသူတူးမိပြီဖြစ်ကြောင်း နားလည်သွားတော့သည်။


 á€•á€‘á€™á€†á€Żá€śá€¸á€•á€źá€ąá€Źá€›á€œá€ťá€žá€„á€ş သူထိုနေရာကိုတောင် မသွားနိုင်မှတော့ ပြိုင်ဖို့ဘယ်လိုဖြစ်နိုင်တော့မလဲ...



🥘