အခန်း(၉၉)
- အမိုက်စား
ရှစ်ချင်းလျို့က
အိမ်ပြန်ပြီးနောက် ဟော့ပေါ့အိုးပုံကြမ်းဆွဲခဲ့သည်။
ရှောင်ဟန်ကျန့်က
ပုံကိုကြည့်လိုက်သည်။ "အလယ်က အပေါက်က ဘာအတွက်လဲ။"
ဒီလိုအိုးပုံစံမျိုး
သူအခုမှ ပထမဆုံးတွေ့ဖူးတာဖြစ်သည်။
ရှစ်ချင်းလျို့က
ပြန်ဖြေခဲ့သည်။ "ဒီအလယ်က မီးခိုးတိုင်လိုပဲ၊ အထဲမှာက မီးသွေးတွေထည့်ရပြီး၊ ဘေးက
အဝိုင်းထဲမှာက အသားတွေ ဟင်းသီးဟင်းရွက်တွေ ထည့်ပြုတ်တာလေ။"
ရှောင်ဟန်ကျန့်က
စာရွက်ကို သိမ်းလိုက်သည်။ "သိပ်ကောင်းတာပဲ၊ စီရင်စုမြို့ကိုသွားပြီး အိုးရအောင်
လုပ်ပေးမယ်၊ တတ်နိုင်သမျှ မြန်မြန်ရအောင် ယူပြန်လာမယ်၊ ဒါဆို မင်းလည်း သိုးသားဟော့ပေါ့
မြန်မြန်စားလို့ရတာပေါ့။"
သူတို့ရဲ့
ဘဝနေထိုင်မှုပုံစံက တိုးတက်လာခဲ့သည်။ သံဖြင့်အိုးလုပ်ရမှာ ကုန်ကျစရိတ်များသော်လည်း
ငွေရေးကြေးရေးဖိအားတော့ မရှိပေ။
သူတို့အိမ်မှာ
မြင်းရထားလုံးလည်း ရှိနေပြီဖြစ်တာကြောင့် စီရင်စုမြို့ကိုသွားဖို့ အချိန်အများကြီး
မကုန်ပေ။
ရှောင်ဟန်ကျန့်က
ပြုံးကာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ် ယောက်ျား၊ ဟုတ်သား နှမ်းစေ့ အဖြူ၊
အမည်းကော ယူခဲ့ဦး၊ စီရင်စုတရားသူကြီးမော့အတွက် နှစ်ရက်အတွင်း ပြင်ဆင်ပေးချင်လို့။"
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပါပြီဗျာ။"
ညနေကျတော့
ရှောင်ဟန်ကျန့်က နှမ်းစေ့ဖြူတွေ ယူပြန်လာခဲ့ပြီး ရှစ်ချင်းလျို့က မီးဖိုချောင်ထဲမှာ
စတင်ပြင်ဆင်ခဲ့သည်။
ရှောင်ပိုင်လီရဲ့
ဟင်းချက်စွမ်းရည်ကို တိုးတက်အောင်လုပ်ဖို့အတွက် သူမကိုပါ ခေါ်သွားခဲ့သည်။
ရှစ်ချင်းလျို့က
စကားဖြင့်သာ အများဆုံးပြောပြီး ရှောင်ပိုင်လီက ချက်ပြုတ်ရသည်။
ရှစ်ချင်းလျို့ရဲ့
ဟင်းချက်စွမ်းရည်က တော်တော်ဆိုးပြီး ရှောင်ပိုင်လီကတော့ ပင်ကိုယ်ပါရမီအရ ကျွမ်းကျင်သည်။
နှမ်းဆော့စ်
လုပ်ပြီးနောက် ရှစ်ချင်းလျို့နှင့် ရှောင်ပိုင်လီက နှမ်းနက်အနှစ် လုပ်ခဲ့ကြသည်။
သူတို့က
မနက်ဖြန် စီရင်စုက ဆီစက်ရုံမှာ နှမ်းဆီထုတ်ရန်အတွက် နှမ်းစေ့တွေပါ ယူခဲ့သည်။
သံထည်အလုပ်ရုံက
ပိုင်ရှင်က ရှောင်ဟန်ကျန့်ကို သိတာကြောင့် ကောင်းကောင်း လုပ်ပေးခဲ့သည်။
နောက်တစ်နေ့ကျတော့
ဟော့ပေါ့အိုးရပြီဖြစ်သည်။
ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့်က ဟော့ပေါ့အိုး အတူတူ သွားယူခဲ့သည်။
ထို့နောက်
သူတို့က ဟင်းသီးဟင်းရွက်နှင့် အသားတွေ သွားဝယ်ခဲ့၏။
သူတို့ပြန်မည့်အချိန်မှာပဲ
မော့ချင်းလင်ဖြင့် လမ်းမှာ တွေ့ခဲ့သည်။
သူတို့နှစ်ယောက်က
အထုပ်တွေဆွဲလျက် နှုတ်ဆက်ခဲ့လေသည်။ "လူကြီးမင်းကို နှုတ်ခွန်းဆက်ပါတယ်။"
မော့ချင်းလင်က
အရာရှိဝတ်စုံ မဝတ်ထားပေ။
သူက ပြုံးကာ
ပြောခဲ့သည်။ "အပြင်မှာ ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေစရာ မလိုပါဘူး၊ စီရင်စုမြို့မှာ
ပစ္စည်းလာဝယ်ကြတာလား။"
ရှောင်ဟန်ကျန့်က
ပြန်ဖြေခဲ့သည်။ "ကျွန်တော့်ဇနီးက နှမ်းဆော့စ်တွေ လုပ်ပြီးပြီ၊ ဒီနေ့ သိုးသားလာဝယ်ပြီး
စမ်းလုပ်စားကြည့်မလို့ပါ၊ အရသာကို စမ်းကြည့်ပြီးရင် အရာရှိကြီးဆီ နှမ်းဆီနဲ့ နှမ်းဆော့စ်တွေ
ပို့ပေးလိုက်ပါ့မယ်။"
မော့ချင်းလင်က
ပြောခဲ့သည်။ "ကြိုးကြိုးစားစား လုပ်ပေးကြတာ ကျေးဇူးတင်ပါတယ်။"
ရှောင်ဟန်ကျန့်က
ကြိုဆိုသံဖြင့် ပြောခဲ့သည်။ "လူကြီးမင်း အားရင် အိမ်လာပြီး သိုးသားပြုတ်ကို နှမ်းဆော့စ်လေးနဲ့
တို့စားဖို့ လာခဲ့ပါလားဗျ။"
သူ့ဇနီးလေးရဲ့အဆိုအရဆိုရင်
လူကိုယ်တိုင် မြည်းစမ်းတာက ပိုကောင်းသည်။
မော့ချင်းလင်နှင့်လည်း
ဒီထက်ပိုပြီး အဆက်အသွယ်ရှိချင်သည်။
မော့ချင်းလင်က
ရှောင်ဟန်ကျန့်တို့ လင်မယားအပေါ် ကောင်းမွန်သည့် အမြင်ရှိကာ မကြာခင်က ရှောင်ဟန်ကျန့်ကို
ပိုတောင် အကောင်းမြင်ခဲ့သေးသည်။
သူက တွေးတော့ပြီးနောက်
သဘောတူခဲ့သည်။ "ကောင်ပါပြီ။ ဒါဆိုလည်း ခင်ဗျားတို့ကိုပဲ နှောင့်ယှက်ရမှာပဲ။"
သူက ရာထူးကိုအသုံးမချပဲ
သူ့အစေခံလေးနှင့်အတူ ရထားလုံးထဲဝင်ထိုင်ကာ ရှာ့ရှီရွာကို အတူတူ ထွက်ခဲ့ကြလေသည်။
သူတို့ရှောင်မိသားစုအိမ်ကိုရောက်တော့
ပိုင်ရွှီက ခြံထဲက ထိုင်ခုံမှာ ပျင်းတိပျင်းရွဲထိုင်ပြီး ရှောင်ဟန်ကျန့် အသစ်ရေးထားသည့်
လက်ရေးမူကို ဖတ်နေတာကို တွေ့လိုက်လေသည်။
ဒီလူက
သူ့ဘာသာသူ အပြင်လူလို့ကို မထင်တော့ဘူး။
ဒီနေ့
ပိုင်ရွှီက စာမြန်မြန်ရေးဖို့ လာလှုံ့ဆော်တာဖြစ်သည်။
အင်မော်တယ်ကျင့်ကြံခြင်းဝတ္ထုက
ပိုပိုပြီးရေပန်းစားလာခဲ့သည်။
ဒီဝတ္ထုကြောင့်
သူက မြို့တော်မှာ စာအုပ်ဆိုင်ဖွင့်ကာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ရေပန်းစားလာခဲ့သည်။
မင်းစိုးရာဇာမိသားစုက
ကလေးတွေက စာအုပ်ဆိုင်ကိုသွားပြီး မြန်မြန်ပုံနှိပ်ဖို့ ပြောနေခဲ့ကြသည်။
နေ့တိုင်းလည်း
မြန်မြန်ပုံနှိပ်ဖို့ပြောသည့် မြို့တော်က စာကိုရခဲ့သည်။
ထို့ကြောင့်ပဲ
ရှောင်မိသားစုအိမ်ကို ကိုယ်တိုင်လာခဲ့ရတာဖြစ်သည်။
သူလည်းပဲ
ကျန်သည့်ဇာတ်လမ်းကို ဖတ်ချင်နေပြီဖြစ်သည်။
သို့ပေမယ့်
ရှောင်မိသားစုအိမ်ကိုရောက်သည့် အချိန်မှာပဲ ရှောင်ဟန်ကျန့်တို့ လင်မယားက မြို့တက်သွားကြောင်း
ရှောင်အာ့လန်ဆီက ကြားခဲ့ရလေသည်။
ခြံထဲက
စားပွဲပေါ်မှာ စာရွက်အထပ်ကိုမြင်တော့ ယူဖတ်နေခဲ့တာဖြစ်သည်။
သူစိတ်ဝင်တစားဖတ်နေတုန်း
ခြေသံတွေကြားသဖြင့် ခေါင်းမော့ကြည့်လိုက်သည်။
ရှောင်ဟန်ကျန့်ရဲ့
ဘေးမှာ မော့ချင်းလင် ရပ်နေတာကိုတွေ့တော့ သူကြက်သေ သေသွားပြီးမှ အမြန်နှုတ်ဆက်ခဲ့လေသည်။
"လူကြီးမင်းကို နှုတ်ခွန်းဆက်သပါတယ်။"
မော့ချင်းလင်ကလည်း
ပိုင်ရွှီကို ရှောင်မိသားစုရဲ့ခြံထဲမှာ တွေ့လိုက်ရတော့ အလွန် အံ့သြသွားခဲ့သည်။
သူ့ရဲ့
ပေါ့ပါးနေသည့် ပုံစံအရ သူနှင့် ရှောင်မိသားစုက ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း ပြောနိုင်သည်။
"ယဥ်ကျေးနေစရာ
မလိုပါဘူး။"
ရှစ်ချင်းလျို့က
ပိုင်ရွှီကို မေးလိုက်သည်။ "ရှင်က ဒီကို ဘာလာလုပ်တာလဲ။"
ပိုင်မိသားစုက
မနေ့ကတင် ခြေပြေးအမွှေးတိုင် အရေအတွက် အများကြီးကို ယူသွားပြီးပြီဖြစ်သည်။
ပိုင်ရွှီက
လက်ရေးမူစာရွက်ကို မြှောက်ကာ ယမ်းပြခဲ့သည်။ "မင်းယောက်ျားကို စာမြန်မြန်ရေးဖို့
လာတိုက်တွန်းတာလေ။"
"ညီလေးရှောင်ရေ
မင်းရဲ့ ဝတ္ထုက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာနေပြီ။"
မော့ချင်းလင်ရှေ့မှာလည်း
နေရတာ အလွန်အေးဆေးနေသည်။
ရှောင်ဟန်ကျန့်က
ပြုံးကာပြောခဲ့သည်။ "ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
မော့ချင်းလင်က
ကြက်သေ သေသွားခဲ့သည်။ "ဘာလက်ရေးမူလဲ။"
ပိုင်ရွှီက
အခု ရှောင်ဟန်ကျန့်ရဲ့ ဝတ္ထုပရိသတ် ဖြစ်သည်။ သူက ချက်ချင်း အကြံပြုခဲ့လေသည်။
"ညီလေးရှောင်ရေးတဲ့ အင်မော်တယ်ကျင့်ကြံခြင်းဝတ္ထုက စီရင်စုမှာတင်မကဘူး မြို့တော်မှာပါ
ရေပန်းစားနေတာ၊ ကျွန်တော့်စာအုပ်ဆိုင်က နေ့တိုင်း ပုံနှိပ်ပြီး ရောင်းနေရတယ်။"
ဒီကျင့်ကြံခြင်းဝတ္ထုရဲ့
ဒီတစ်လ အမြတ်ငွေက လွန်ခဲ့သည့် တစ်နှစ်က စာအုပ်ဆိုင်တစ်ခုလုံးရဲ့ အမြတ်ငွေနှင့် ညီမျှနေသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ဘယ်လောက်ရေပန်းစားနေလဲဆိုတာကို သိနိုင်ပေသည်။
အခုဆိုရင်
စီရင်စုမှာဖြစ်ဖြစ် မြို့တော်မှာဖြစ်ဖြစ် လူတွေစုရင် 'မင်းကျင့်ကြံခြင်းဝတ္ထုဖတ်ပြီးပြီလား၊
မဖတ်ရသေးဘူးလား၊ မင်းက သိပ်ခေတ်နောက်ကျတာပဲ' ဟုသာ ပြောကြလေသည်။
မော့ချင်းလင်က
အံ့သြသွားခဲ့သည်။ "ရှောင်သခင်လေးက ဝတ္ထုလည်းရေးတယ်လား၊ စီရင်စုကိုပြန်ရောက်ရင်
တစ်အုပ်လောက် ဝယ်ပြီး ဖတ်ရမယ်။"
အချစ်ဝတ္ထုမဟုတ်ဘဲ
ကျင့်ကြံခြင်းဝတ္ထုဖြစ်တာကြောင့် သူဖတ်ကြည့်ရမည်။
လူတွေက
ဇာတ်ကြောင်းတစ်ခုတည်းပဲ မှီငြမ်းကာ ရေးနေတာကြောင့် ဖတ်ရတာပျင်းနေပြီဖြစ်သည်။
အခု ပိုင်ရွှီရဲ့
အကြံပြုချက်ကိုကြားတော့ သူ အလွန် သိချင်နေသည်။
ရှောင်ဟန်ကျန့်၊ ရှစ်ချင်းလျို့တို့မိတ်ဆွေဖြစ်ပြီးကတည်းက သူလည်းပဲ
သူမရဲ့ လွှမ်းမိုးမှုကို ခံနေခဲ့ရသည်။
ရှောင်ဟန်ကျန့်က
တမင် ရိုကျိုးပုံ မလုပ်ခဲ့ပေ။ "ဒါဆိုလည်း ထောက်ပံ့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
သူက သူ့ဇနီးနှင့်ဆွေးနွေးကာ
အင်မော်တယ်ကျင့်ကြံခြင်းဝတ္ထုကို ရေးသားခဲ့တာဖြစ်သည်။ စာဖတ်သူတွေကို မဆိုထားနှင့် စာရေးသည့်သူတောင်
စိတ်ဝင်စားနေသည်။
ဒါက မတူညီသည့်
ကမ္ဘာ ဖြစ်သည်။ အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံရင်း ဆင်းရဲဒုက္ခပေါင်းစုံနှင့် ကြုံရတာက
လူတွေ တောင်းတသည့် အရာမျိုး ဖြစ်သည်။
ထိုဝတ္ထု
ရေပန်းစားလာပြီးကတည်းက မင်းစိုးရာဇာမိသားစုက ဒုတိယမျိုးဆက်တွေက နေ့တိုင်း အုပ်စုဖွဲ့ကာ
ဆင်ခြေဖုံးရပ်ကွက်တွေကို သွားလာနေကြောင်း သူ မသိခဲ့ပေ။
သူတို့က
အဖိုးတန်ရတနာတစ်ခုနှင့် ကြုံကြိုက်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်ရဖို့
မျှော်လင့်နေကြသည်။
ရှောင်မိသားစုရဲ့ခြံထဲမှာ
သစ်ပင်ကြီးတစ်ပင် ရှိသည်။ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က သစ်ပင်ကြီးအောက်မှာ
လေညင်းခံလေ့ ရှိသည်။
ထို့ကြောင့်
သစ်ပင်ကြီးအောက်မှာ ထိုင်ခုံနှင့် စားပွဲတွေရှိ၏။ စားပွဲပေါ်မှာ လက်ဖက်ရည် ကျိုချက်သည့်
ပစ္စည်းတွေနှင့် ကျားကွက်ကစားစရာပါ ရှိသည်။
ရှစ်ချင်းလျို့ရဲ့
အဖေဘက်ကကော အမေဘက်ကကော အဖိုးနှစ်ယောက်လုံးက ကျားကွက် ကစားရတာ ကြိုက်နှစ်သက်တာကြောင့်
သူမလည်း ကစားတတ်သည်။
သူတို့နှစ်ယောက်ကို
မကြာခဏ ချော့မော့ပြီးနောက် ပထမဆုံးအကြိမ် သူတို့နှင့် ကစားခဲ့ဖူးသည်။
သူမက
ခွက်ခွက်လန်အောင် ရှုံးခဲ့တာကြောင့် ငိုယိုခဲ့ပြီး အပြင်းအထန် လေ့ကျင့်ခဲ့သည်။
ကျားကွက်ကစားနည်း
လေ့လာဖို့အတွက် သီးခြားခွဲထားသည့် စာအုပ်များလည်း တွေ့ရှိခဲ့သည်။
အဖိုးနှစ်ယောက်ဆီမှာ
ရှုံးနိမ့်ပြီးနောက်ပိုင်း သူမရဲ့ ကျားကွက် ကစားနည်းက တိုးတက်လာခဲ့သည်။
တစ်နေ့ကျတော့
သူမက ကျားကွက်ကစားနည်းသိကာ ယှဥ်ပြိုင်ချင်ကြောင်း ရှောင်ဟန်ကျန့်ကို ပြောခဲ့သည်။
ထို့နောက်
သူတို့က အချိန်တွေပိုတိုင်း သစ်ပင်အောက်ထိုင်ကာ လက်ဖက်ရည် သောက်ရင်း ကျားကွက် ကစားခဲ့သည်။
သူမက
တစ်ခါတစ်လေရှုံးပြီး တစ်ခါတစ်လေနိုင်ကာ အများစုက ရှုံးနိမ့်ခဲ့သည်။
သူမ ဘာမှ
မတတ်နိုင်ပေ။ သူမခင်ပွန်းရဲ့ ကျားကွက်ကစားနည်းက အလွန်ထူးချွန်ပြောင်မြောက်နေသည်။
မော်ဒန်ခေတ်မှာဆိုရင်
သူမက အဖိုးနှစ်ယောက်ကို အေးအေးဆေးဆေးလေး အနိုင်ယူဗိုလ်ကျနိုင်ခဲ့သည်။
အကယ်၍
သူမ ခင်ပွန်းသာ မော်ဒန်ခေတ်ကို သွားနိုင်မည်ဆိုပါက သူမ ခွက်ခွက်လှန်အောင်ရှုံးပြီး
ငိုခဲ့ရသည့်အချိန်တွေကို လက်စားချေသည့်အနေဖြင့် သူမခင်ပွန်းဖြင့် အဖိုးနှစ်ယောက်ကို
ပြန်လက်စားချေခိုင်းဖို့ တွေးလိုက်လေသည်။
မော့ချင်းလင်သည်
ငယ်ငယ်တုန်းက မာန်တက်လွန်းသည့်လူဘဖြစ်သည်။
နောက်ပိုင်း
ကြီးလာမှ သူ့မိထွေးက သူ့ကို အလွန်အလိုလိုက်မြှောက်ပင့်ကာ ဖျက်စီးဖို့ ကြံစည်နေကြောင်း
သိခဲ့ပြီးမှ အသိစိတ်ကပ်ခဲ့ကာ အရည်အချင်းရှိအောင် ကြိုးစားဖို့ အားဖြစ်လာခဲ့သည်။
ထို့ကြောင့်ပဲ
သူက ပိုပြီးဇွတ်တရွတ်နိုင်လာခဲ့ကာ အရင်တုန်းကဆိုရင် အခုလို သူ့ရှေ့က တဲစုတ်လေးရှိသည့်
ခြံထဲ ခြေတောင် ချခဲ့တာ မဟုတ်ပေ။
အခုမှ သေချာပြန်ကြည့်ရင်း ထူးခြားသည့် လေထုကို ခံစားမိနေသည်။
ထို့ကြောင့်
ရွံရှာမနေဘဲ သစ်ပင်အောက်တွင် ဝင်ထိုင်ခဲ့သည်။
စားပွဲပေါ်က
ကျားကွက်ခုံကိုတွေ့တော့ သူက ပြုံးကာ မေးခဲ့သည်။ "ရှောင်သခင်လေးက ကျားကွက်ကစားရတာ
ကြိုက်လား။"
သူ မာန်တက်နေသည့်နှစ်တွေတုန်းကတော့
ဒီလိုကိစ္စတွေကို စိတ်မရှည်ပေ။
သို့ပေမယ့်
နောက်ပိုင်းကျတော့ ကျားကွက်ကစားရတာ သဘောကျလာခဲ့သည်။
ဒါက သူစိတ်ရှည်အောင်လေ့ကျင့်ပေးပြီး
ဒေါသကို လျော့ချပေးခဲ့သည်။
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ပါတယ်။"
မော့ချင်းလင်က
စိတ်ဝင်စားသွားခဲ့သည်။ "ပြိုင်ကြမလား။"
ရှောင်ဟန်ကျန့်က
သူ့ရဲ့ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်သည်။ "ကောင်းပြီ။"