အပိုင်း ၉၇
Viewers 23k

သူ့ပို့စ်မှာ အကြည့်တစ်ချက်ဖြင့်ပင် မြင်နိုင်ပေသည်။ အပွင့်လင်း‌ဆုံး ပြောရပါလျှင် "ယမန်ည" ကို ကြည့်ခဲ့သူများက ဖုကျန်း၏ အဖြူရောင်ရဲတိုက်ကို ကြည့်ချိန်မရှိခဲ့။
သူတို့က ပြင်းပြင်းထန်ထန်ကို မှားယွင်းစွပ်စွဲခံလိုက်ရသည်ဟု ခံစားလိုက်ရတော့သည်။ သူတို့က ယမန်ညကိုသာ အစဉ်တစိုက် အားပေးလာခဲ့သူများဖြစ်သည်။
-(ဘယ်လိုလုပ်ပြီး ဖုကျန်းက ရေတပ်ငှားတယ် ဖြစ်သွားရတာလဲ မင်းရိုက်တဲ့ရုပ်ရှင်ကိုက ဆိုးဝါးနေတာလေ လျှိုမုန့်နဲ့ လင်းရှီယောင်ရဲ့ အသွင်အပြင်တွေက ထင်းထွက်နေတာများ မိုးကြိုးပစ်ခံရမှာတောင် ကြောက်ရတယ် )
သူတို့က လျန်ချွန်းချောင်၏ ဝေ့ပေါ်သို့ အုပ်စုလိုက်သွားကာ ဒေါသ‌တို့ကို ဖြေဖျောက်လိုက်ကြတော့သည်။
တစ်ခဏအကြာတွင်တော့ ဒါရိုက်တာ လျန်ချွန်းချောင်သည် မှတ်ချက်ပေးသူတိုင်းကို block ပစ်ကာ သူတို့၏ အပြအမူများကို အင်တာနက်ပေါ်မှ အကြမ်းဖက်မှုအဖြစ် သတ်မှတ်လိုက်သည်။
လူထုကတော့ သူ့အပြုအမူကို အတော်ပင် အော့နှလုံးနာသွားကြသည်။ ရှေးရိုးစွဲလူများက ကွဲပြားကြသော်ငြား V အကြီးကြီးဖြင့် နောက်ဆုံးလူမှာ နာမည်ပင် မရှိသည်ကတော့ အံ့ဩစရာပင်။
(- ငါက အင်တာနက်ပေါ်ကလူတွေ ထင်ယောင်ထင်မှားဖြစ်တာကို ကာကွယ်ပေးနေတာလေ ဒါတောင် ငါ့ကို ရေတပ်လို့ ခေါ်လိုက်သေးတယ်ပေါ့ Moment, post, forum မှာ ကောင်းကောင်းကို လုပ်ပြမယ် )
( မနေ့က ယမန်ညကို သွားကြည့်ကြတဲ့ သူငယ်ချင်းတွေအားလုံးက အခု ငါ့ကို ယွမ်သုံးဆယ်တန် နို့လက်ဖက်ရည် ဝယ်တိုက်ချင်နေကြပြီ)
-( ဒါကို ကြည့်ပြီးတော့ ငါ့စိတ်ထဲမှာ တော်တော်ကို ရှုပ်ထွေးနေပြီ တကယ်ကို ရှက်စရာအကောင်းဆုံးနှစ်နာရီပဲ ရုပ်ရှင်အကြောင်း တစ်လုံးမှကို မမှတ်မိတော့ဘူး လင်းရှီယောင်ရဲ့ အိပ်ယာဘေးမှာ နတ်ဆိုးဆန်ဆန်ပြုံးပြီး ရပ်နေတဲ့ လျှိုမုန့်ကိုပဲ မှတ်မိတော့တယ် )
( မူရင်းကောင်းရဲ့သားနဲ့ ရုပ်ရှင်က ဘာလို့ ဒီလောက်တောင် ပုံပျက်ပန်းပျက် ဖြစ်လာရတာလဲ)
-( ဇာတ်ညွှန်းရေးတဲ့သူက တူတဲ့အပိုင်းတွေ အကုန်ဖျက်ပစ်လို့များလား )
....
ထိုသို့ ဆင့်ကာဆင့်ကာ မှတ်ချက်ပေးမှုတို့ကြောင့် ယမန်ည၏ ဂုဏ်သတင်းမှာ ပို၍ပင် ဆိုးဝါးလာသည်။ ထောင်ပန်ရမှတ်မှာလည်း ကနဦး ၈.၆ မှတ်မှ ၅. ၂ အထိ ဆက်တိုက်ထိုးကျလာသည်။ မူလက သွားကြည့်ရန် ကြံရွယ်ထားသူများမှာလည်း ထို မကောင်းသည့် မှတ်ချက်များမှာ ပြိုင်ဘက်၏ ရေတပ်က ရေးထားသည်များလားဟု သံသယဝင်လာသည်။ ထို့ကြောင့် ယမန်ညကို ကြည့်ခဲ့ဖူးသူများကို မေးကြည့်ကာမှ အဖြေမှန်ထွက်လာတော့သည်။
( ညီအစ်ကိုရေ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးမနေနဲ့ ယွမ်သုံးဆယ်က ပလုံသွားလိမ့်မယ် )
ဖုကျန်းကတော့ အင်တာနက်ပေါ်မှ အပြောင်းအလဲများကို အခုထိ မသိသေး။ ရုံဝင်ကြေးကို ဂရုမစိုက်ဟု သူပြောခဲ့သည်မှာလည်း တကယ့်စိတ်ရင်းပင် ဖြစ်သည်။ ရုံထဲမှ ထွက်လာပြီးနောက် မီးရောင်စုံ လင်းထိန်နေသောလမ်းပေါ်တွင် သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"ကျွန်တော့်အတွက် လက်ဆောင်ကရော ..."
"ကိုယ် ယူလာတယ် ..."
သူက ဖုကျန်း၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
"ခင်ပွန်းတစ်ယောက်ကို ..."
ဖုကျန်းက သူ့ကို အတော်ကြာ ငေးကြည့်နေပြီးမှ မေးလိုက်သည်။
"နောက်တစ်ယောက် ထပ်ပို့သင့်လား ..."
ကျန်းဟန်ရှုက သူ့နှာဖျားကို တို့ကာ ကားတံခါးဖွင့်ပြီး ဖိတ်ကြားသည့် လက်ဟန်ခြေဟန်ဖြင့် စကားဆိုလိုက်သည်။
"ကားထဲကို အရင်ဝင်ပေးပါ ကိုယ့်ရဲ့အရှင်လေးရေ ..."
ဖုကျန်း ကားထဲသို့ ဝင်ပြီးနောက် သူလည်း မောင်းသူနေရာတွင် ခပ်သွက်သွက်ဝင်ထိုင်ကာ ယနေ့ညအတွက် ဦးတည်ရာနေရာသို့ မောင်းလာခဲ့လိုက်သည်။
"ဘယ်ကို သွားနေတာလဲ ..."
ဖုကျန်းက စိမ်းသက်နေသည့် မြင်ကွင်းတို့ကိုကြည့်ကာ မေးလိုက်သည်။ လမ်းမီးရောင်တို့က သူ့မျက်ဝန်းထဲတွင် ပြတ်ကျန်နေခဲ့သည်။
ကျန်းဟန်ရှုက သူ့ကို ကျီစယ်လိုက်သည်။
"ပုလဲတွေရအောင် မင်းကို သွားရောင်းမလို့လေ ..."
ဖုကျန်းက သူ့မျက်နှာကို ငဲ့စောင်းကြည့်လိုက်သည်။ ပြီးမှ ခပ်ဟဟပြုံးကာ ပြောလိုက်သည်။
"အစ်ကိုကြီးရေ ပုလဲလိုချင်တာလောက်များ ကျွန်တော်လည်း အများကြီး ပေးနိုင်ပါတယ်နော် ..."
" အိုး ..."
ကျန်းဟန်ရှုက သူ့ကို လှည့်ကာကြည့်လိုက်သည်။
"ဘယ်လောက် အများကြီးလဲ ..."
"ဒီလောက်ကြီး ဒီလောက်ကြီးကို ပေးမယ်လေ ..."
ကျန်းဟန်ရှုက ချောင်းအသာဟန့်ကာ မေးလိုက်သည်။
"ရေသူမလေးက ငိုရင် ပုလဲတွေ ထွက်လာတာပေါ့ ဟုတ်လား ..."
ဖုကျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီးအတွက် ပုလဲတွေအများကြီးရအောင် ငိုပေးမယ်လေ ..."
မီးပွိုင့်မိနေစဉ် ကျန်းဟန်ရှုက သူ့ပါးကို ဖျစ်ညှစ်ကာ ပြောလိုက်သည်။
"ဒီအစ်ကိုကြီးက ငိုသံတွေကို မခံနိုင်ဘူး ..."
"ကျွန်တော့်ကို ရောင်းပစ်မှာပေါ့ ..."
"ပင်လယ်ထဲကို ပြန်ပို့မလို့ ခေါ်လာတာပါကွာ ..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
တစ်နာရီခန့်အကြာတွင်တော့ သူတို့၏ ရှေးရှုရာနေရာသို့ ရောက်လာခဲ့သည်။ ကျန်းဟန်ရှုက ကားကိုရပ်ကာ ဖုကျန်း ဆင်းအလာကိုစောင့်ပြီး အတူတူ လျှောက်လာခဲ့လိုက်သည်။ သူ့ရှေ့ရှိ ဇိမ်ခံသင်္ဘောဆိပ်က ဖုကျန်း၏ အာရုံအလုံးစုံကို ဖမ်းစားသိမ်းပိုက်သွားတော့သည်။
ဆိပ်ခံတံတားအောက်မှ ရေပြင်က လှိုင်းကြပ်ခွပ်တို့ တလက်လက် ထနေသည်။ ကျောက်ဆူးချထားသော သင်္ဘောမှာ အဏ္ဏဝါရဲတိုက်ကြီးသဖွယ်။ အလံတို့က ညနေခင်းလေပြည်အောက်တွင် တဖျတ်ဖျတ် လွင့်ယမ်းနေသည်။
ကျန်းဟန်ရှုက သင်္ဘောကို အရင်ဆုံး ကမ်းကပ်စေလိုက်သည်။ ပြီးမှ ဖုကျန်းဘက်ကိုလှည့်ကာ ကိုယ်ကို ကိုင်းလိုက်ပြီး အေးစက်စက်လရောင်နှင့် နက်ပြာရောင် ကောင်းကင်ကို နောက်ခံထားကာ ဖုကျန်းကို ပြောလိုက်သည်။
"သင်္ဘောပေါ် တက်ကြ‌ရအောင် ..."
ဖုကျန်းလည်း သူ့လက်ကိုဆွဲကာ အတူတူ တက်လာခဲ့လိုက်သည်။ သင်္ဘောပေါ်တွင် ကပ္ပတိန်တစ်ဦး၊ သင်္ဘောသား တစ်ဒါဇင်နှင့် ဖျော်ဖြေရေးသမား အနည်းငယ်မှလွဲ၍ လူများများစားစား မရှိ။ ကျန်းဟန်ရှုတို့နှစ်ဦး တက်လာသည်ကိုမြင်လျှင် အာစလုံးက ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်ကြသည်။
ထို့နောက်တွင်တော့ ကပ္ပတိန်က တက်မ ကို လှည့်ကာ ရေကြောင်းခရီးကို စတင်လိုက်တော့သည်။
သင်္ဘောက လှိုင်းတွန့်လွှာတို့ကို ဖြတ်သန်းပြီး ရေပြင်ကို အဖြူမြှုပ်များ ထစေသည်။ လမင်းကလည်း ရေပြင်တွင် ရောင်ပြန်ဟပ်ကာ အဏ္ဏဝါတစ်ခွင် ထိန်လင်းနေသည်။ အဝေးမှ ကမ်းစပ်မှာလည်း အမြင်မှ တစ်ဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။ မိုးထိလုမတတ် မြင့်မားနေသော ထင်းရှုးပင်များနှင့် ပိုင်မိန်တောင်ကိုတော့ ထင်ထင်ရှားရှား မြင်နေရဆဲပင်။
သင်္ဘောက ပင်ဟိုင်မြို့မှ တစ်ဖြေးဖြေး ထွက်ခွါကာ အရှေ့အရပ်ဆီသို့ ဦးတည်လာသည်။ ဖုကျန်းတို့နှစ်ဦးက ကုန်းပတ်ပေါ်တွင် ဘေးချင်းယှဉ်ကာ အဝေးကို လှမ်းမျှော်ကြည့်နေပြီး သူတို့အနောက်ဘက်ရှိ စားဖိုမှူးများမှာတော့ ညစာပြင်ဆင်ရန် အလုပ်များနေသည်။
ရုတ်တရက် နောက်နားဆီမှ တအုန်းအုန်းမြည်သံကို ကြားလိုက်ရ၍ ဖုကျန်းလည်း ကမန်းကတမ်း လှည့်ကြည့်လိုက်သည်။ ဘမ်း ဟူသော အသံကျယ်ကြီးနှင့်အတူ မီးပန်းတို့ ပေါက်ထွက်လာသည်။ အရောင်အသွေးစုံလှသည့် မီးပန်းတို့က ကောင်းကင်တွင် လှပစွာ ပေါက်ကွဲပြီး ပင်လယ်ပြင်သို့ ဖြာဆင်းသွားတော့သည်။
မီးရှူးမီးပန်းတို့က တစ်ခုပြီးတစ်ခု မြိုင်မြိုင်ဆိုင်ဆိုင် ထွက်ပေါ်လာသည်မှာ ကြယ်ကြွေကျနေသကဲ့သို့ပင်။ ကောင်းကင်တစ်ခွင်မှာလည်း နေ့အချိန်ကဲ့သို့ ထိန်လင်းနေသည်။ ရေသူမလေး သူမ၏ မင်းသားကို စတွေ့ခဲ့သည့် ညကဲ့သို့ပင်။
ဖုကျန်းက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ဒါက နတ်သမီးပုံပြင်ထဲက ရေသူမလေး ပင်လယ်ထဲကနေ ပထမဆုံးထွက်လာတဲ့မြင်ကွင်း မဟုတ်လား ..."
"ကိုယ်ရော ရေထဲ ခုန်ချဖို့ လိုသေးလား ..."
ကျန်းဟန်ရှုက ရေထဲ ခုန်ချတော့မည့်ဟန်လုပ်ကာ ပြောလိုက်သည်။ သူ တကယ် ခုန်ချလိုက်မည်ကို စိုးရိမ်၍ ဖုကျန်းက အလောတကြီး လှမ်းဆွဲလိုက်သည်။
"ကျွန်တော့်မှာ အမြီးမပါဘူးနော် ပြုတ်ကျသွားရင် ကယ်နိုင်မှာ မဟုတ်ဘူး ..."
"ဒါဆို ကိုယ်နဲ့ အတူတူ တွဲကပေးနိုင်မလား ..."
ကျန်းဟန်ရှုက ရုတ်တရက်ကြီး လှည့်ကာ သူ့ခါးကို ဆွဲ့ပွေ့ရင်း မေးလိုက်သည်။
ထွက်ပေါ်လာသော တေးသံနှင့်အတူ သင်္ဘောပေါ်ရှိ အခြားသူများမှာလည်း ကိုယ်စီကိုယ်စီ တွဲကရန် လူရှာကာ တပျော်တပါး ကခုန်နေကြသည်။ ကျန်းဟန်ရှုတို့လည်း ထိုလူအုပ်စုထဲသို့ဝင်ကာ ရွှင်မြူးဖွယ် လေထုထဲသို့ နစ်မြောလိုက်ကြတော့သည်။
ခြေကုန်လက်ပန်းကျသွားသည်အထိ မမောနိုင်မပန်းနိုင် ကခုန်နေကြသည်မှာ ညစာ ပြင်ဆင်ပြီးချိန်အထိပင်။
"မနက်ဖြန်ကျ နေထွက်တာ ကြည့်ကြမလား ..."
ကျန်းဟန်ရှုက သူ့ကိုဖက်ကာ တီးတိုးပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ကိုယ်တို့ကို နှောင့်ယှက်မယ့်သူ မရှိဘူး ..."
"ကောင်းသားပဲ ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
ညစာစားပြီးနောက် အပျော်စီးသင်္ဘောပေါ်တွင် ဆွတ်ပျံ့ကြည်နူးဖွယ် ညလေးတစ်ညကို ကုန်ဆုံးလိုက်ကြသည်။ နောက်နေ့မနက်တွင် ဖုကျန်းသည် ကျန်းဟန်ရှုထက်ပင် ပိုစောစွာ နိုးထလာသည်။ ကျန်းဟန်ရှု၏ ရင်အုပ်ပေါ်တွင် မှီကာ သူ့မျက်နှာတစ်လျှောက် လက်ညှိုးဖြင့် တို့ကာထိကာ ကျီစယ်နေသည်။
မျက်လုံးပွင့်လာသော ကျန်းဟန်ရှုက သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်တော့သည်။ ဖုကျန်း၏လက်ကို ဆွဲယူကာ ခေါင်းကို ပွတ်လိုက်ပြီးနောက် နှစ်ဦးသား အိပ်ယာမှ ထကာ ရောင်နီဦးကို ကြည့်ရှုရန် ပြင်ဆင်လိုက်ကြတော့သည်။
နီရွှေရောင် ရောင်ခြည်က မိုးကုပ်စက်ဝိုင်းမှတစ်ဆင့် တစ်ဖြေးဖြေး ထွက်ပေါ်လာသည်။ ရောင်ခြည်တစ်ထောင် အလင်းဆောင်ကာ ညှို့မှိုင်းနေသော လောကဓာတ်တစ်ခွင်ကို ရွှေအိုရောင် အလင်းတန်းတို့ မရပ်နားစတမ်း ဖြန့်ကျက်ပေးနေသည်။
သူတို့နှစ်ဦးသားကတော့အရုဏ်ဦးတွင် အနမ်းခြွေခဲ့ကြ. သည်။
မနက်စာစားပြီး‌နောက်တွင် သင်္ဘောလည်း အပြန်လမ်းသို့ ပြန်ခြေဆန့်ပြီဖြစ်သည်။ ကျန်းဟန်ရှုက ကုန်းပတ်တွင်ရပ်ကာ အတွေးတို့ကို လေလွင့်နေစေသည်။
ဖုကျန်းမှာ ဘယ်ကတည်းက ရောက်နေတယ်ရယ်တော့မသိ။ သူ့ခါးကို လှမ်းဖက်လိုက်လျှင် ကျန်းဟန်ရှုလည်း သူ့ကို‌ နောက်ပြန်ကြည့်ရင်း Titanic ဇာတ်ကားထဲကလို လက်တို့ကို ဆန့်ထားလိုက်သည်။ သို့သော် တစ်ခုတည်းသော ပြဿနာမှာ ဖုကျန်း၏အရပ်ဖြစ်သည်။ သူက ကျန်းဟန်ရှုထက် အနည်းငယ်ပုနေရာ ဘာကိုမှ ကောင်းကောင်း မမြင်ရတော့ပေ။
ဖုကျန်း ခြေဖျားထောက်ထားတာတောင်မှ အခက်တွေ့နေဆဲပင်။ ထိုသည်ကို မြင်လိုက်သော မိန်းကလေးတစ်ဦးက ခွေးခြေပုတစ်လုံးကိုယူကာ သူ့ခြေထောက်အောက်သို့ ခုပေးလိုက်သည်။ ရှက်ကိုးရှက်ကန်းဖြစ်သွားသော ဖုကျန်းက နီဆွေးနေသော မျက်နှာဖြင့်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူမလည်း ခေါင်းငြိမ့်ပြကာ တစ်ဖက်သို့ ထွက်သွားလိုက်သည်။ ခွေးခြေပေါ် တက်လိုက်ပြီးနောက်တွင်တော့ ချက်ခြင်းအရပ်ရှည်သွားသော ဖုကျန်းက သူ့နားထဲသို့ တီးတိုးဆိုလိုက်သည်။
"ဝက်သားတောက်တောက် မင်းခုန်မလား ငါခုန်မလား!..."
ကျန်းဟန်ရှုက ရယ်မောလိုက်သည်။ ခေါင်းကိုလှည့်ကာ ဖုကျန်း၏ မျက်ဝန်းထဲသို့ သူ့အကြည့်တို့ကို ခြေချလိုက်သည်။
"အဲ့လို မလုပ်နဲ့ နှုတ်ဆက်တယ်လို့ မပြောနဲ့ ..."
(ဇာတ်ဝင်ခန်းထဲက စကားတွေ ပြောနေတယ်လို့ ထင်ပါတယ်)
သူက ဖုကျန်း၏ မျက်နှာကို လှမ်းကာ ထိလိုက်သည်။ ရောင်နီက ဖြာကျနေပြီး ဦးခေါင်းထက်မှ အလံတို့က လေယူရာ လူးလွန့်နေသည်။ အနောက်ကိုမှီကာ ဖုကျန်း၏နှုတ်ခမ်းထက်သို့ အနမ်းတစ်ပွင့်ကို ခြွေချလိုက်သည်။
နမ်းရှိုက်ပြီးနောက်တွင်တော့ ဖုကျန်းမှာ ကြည်နူးဆွတ်ပျံ့ဖွယ် စကားတို့ကို မဆိုနိုင်။ ထိုအစား သူက
"နောက်ထပ်ရုပ်ရှင်ကို ဘယ်လိုရိုက်ရမလဲ စဉ်းစားမိပြီ အပျော််စီးသင်္ဘောနဲ့ ဆိုင်တာမျိုး ရိုက်ရမယ် ..."
"အချစ်ကားပဲလား ..."
ကျန်းဟန်ရှုက သူ့နှုတ်ခမ်းတို့ကို လက်ဖြင့် ပွတ်ဆွဲရင်း မေးလိုက်သည်။
ဖုကျန်းက ခေါင်းကို အသာယမ်းလိုက်သည်။ မျက်နှာကိုမဲ့ကာ သူ့ကို လှည့်ကြည့်လိုက်သည်။
"မဟုတ်ဘူး သရဲကား ..."
....
အင်တာနက်သုံးစွဲသူများမှာလည်း တစ်‌ဖြေးဖြေး သံသယဝင်စပြုလာသည်။
-(ပိတ်ရက်တွေမှာ အဖြောင့်နှစ်ကောင် အတူတူ အပြင်သွားတာက မထူးဆန်းပေမယ့် ချစ်သူများနေ့မှာ ရုပ်ရှင်ရုံထဲကနေ အတူတူ ထွက်လာတာကကျတော့ သူတို့က ရိုးသားပါတယ်လို့ ပြောဖို့ခက်တယ် ကြည့်ရတာ သူတို့က တကယ်ပဲ တစ်ခုခုနဲ့တူတယ် )
သို့သော်ငြား အမြဲလိုလို သကြားလုံးဝေနေကျ စီပီဖန်အုပ်စုကတော့ ဒီတစ်ခေါက်တွင် အမြင်တူဟန်မ‌တူ။ ကျန်းဟန်ရှုနှင့် ဖုကျန်းတို့မှာ ဆက်ဆံရေးကောင်းသည့်အပြင် ကိုယ်စီကိုယ်ငှ ချစ်သူရှိထားသူများဖြစ်သည်ဟုပင် ရှင်းပြလိုက်ကြသေးသည်။ ကျန်းဟန်ရှုက ရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံသူဖြစ်၍ ရုံတင်တင်ချင်း သွားကြည့်ခြင်းဖြစ်ကာ မိန်းကလေးနှစ်ဦးမှာတော့ အစောကတည်းက ရုံထဲ ရောက်ရှိနေပြီး ဖြစ်နိုင်သည်။ ကျန်းဟန်ရှုက သူ့ဇနီးကို ကောင်းကောင်းကာကွယ်တတ်သူ ဖြစ်သည့်အတွက် ပါပါရာဇီတို့ထံမှ ဓာတ်ပုံ အရိုက်မခံလိုသည်မှာ သာမန်ပင်ဖြစ်သည်။
ထိုသူတို့၏ အရူးလုပ်ခံရမှုအောက်တွင် အခြားသူများမှာလည်း ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏ ညီအစ်ကို ဆက်ဆံရေးကို သံသယဝင်စ ပြုလာသည်။
စီပီဖန်များက ဂရုထဲသို့ ပြန်ရောက်လျှင်ရောက်ချင်း သူတို့က ရိုးသားပါသည်ဟူသော အတွေးကို ပြောင်းလဲလိုက်ကြတော့သည်။ ရုပ်ရှင်ရုံထဲတွင် နောက်ထပ် ရုံအသစ်ထပ်ဖွဲ့ကာ သူငယ်ချင်းများကို ဖိတ်ခေါ်ရန်သာ ဆန္ဒရှိကြသည်။
ထိုဂရုကို မဝင်ခင်အထိ ဘယ်လို အဖြောင့်ကောင်မျိုးကိုမှ သူတို့က အဖြောင့်ဟု ခေါ်ကြမှန်း သိမည်မဟုတ်ချေ။
xxxxx