Chapter 76
Viewers 4k

🚩Chapter -76

 Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 14 ]


_____



လင်ရှန်းတွင်ဒေသဖြတ်လမ်းကြောင်း အဆင့်မမြှင့်တင်သေးခင်မှာပင် စုဝမ်အဆင့်၆၀သို့ အောင်မြင်စွာရောက်ရှိသွားသည်။ နယ်မြေရှင်းလင်းနေခဲ့သော လူငါးယောက်အဖွဲ့သည် နောက်ဆုံး၌ အနားယူရန် အခွင့်အရေးရလာတော့သည်။ ဝူဖုန်းကကိုယ်ရေးကိုယ်တာကိစ္စအချို့ကြောင့် ချက်ချင်းလိုင်းဆင်းသွားခဲ့သည်။ ‘ရေခဲတမျှအေးစက်သောခြေထောက်များ’နှင့် ပင်းဟွေ့ရှင်ကျဲ့တို့နှစ်ယောက်လုံးသည် အုပ်စုထဲမှ အခြားအဖွဲ့ဝင်များနှင့် စကားပြောရန် အုပ်စုစကားပြောခန်းထဲသို့ အလျင်စလိုဝင်သွားကြသည်။ သေချာပေါက် စကားပြောခန်း၏အဓိကအကြောင်းအရာမှာ ချောမောလှပသောမိန်းကလေးကို ကျီစားရန်ဖြစ်သည်။ 


ဝူဖုန်းကဲ့သို့ပင် စကားနည်းသော ‘ကမ္ဘာမြေအဆုံး’သည် တိတ်ဆိတ်စွာနှင့် မစ်ရှင်ဆောင်ရွက်ရန် ထွက်သွားလေသည်။ သူနှင့် ‘ရေခဲတမျှအေးစက်သောခြေထောက်များ’သည် လက်တွေ့ကမ္ဘာတွင် အတန်းဖော်များဖြစ်ကြကာ တစ်ယောက်အကြောင်းတစ်ယောက် အသေးစိတ်သိကြ၏။


စုဝမ်သည်လည်း မြို့အပြင်တွင် အဓိကဇာတ်ကြောင်းမစ်ရှင်အချို့ကိုဆက်လက်လုပ်ဆောင်နေ၏။ အချိန်အကြာကြီးဘေးဖယ်ထားခဲ့သော ထိုမစ်ရှင်တို့ပြီးမြောက်အောင်လုပ်ဆောင်ပြီးသွားသောအခါ သူမကစောစောလိုင်းဆင်းလိုက်လေသည်။ 


မနက်ဖြန်သည် ဂိမ်းတွင်းစနစ်အဆင့်မြှင့်တင်မည့်နေ့ဖြစ်သောကြောင့် သူမတစ်ရက်အနားယူနိုင်သည်။


ယခုတစ်ကြိမ်သည် သူမ စုရွေ့ထက်စော၍ ပထမဆုံးအကြိမ်လိုင်းဆင်းခြင်းဖြစ်၏။


လိကျန်းမြို့၏ အပူချိန်သည် တစ်ရက်တစ်ခြားပိုပို၍အေးလာသည်။ စုဝမ်ဧည့်ခန်းသို့သွားသောအခါ ဧည့်ခန်း၏ ပြတင်းပေါက်အပြင်ဘက်တွင် နှင်းပွင့်လေးများ လွင့်မျောနေတာကိုတွေ့လိုက်ရသည်။


နှင်းကျနေတာပဲ။


စုဝမ်သည် မရည်ရွယ်ဘဲ ပြတင်းပေါက်သို့လျှောက်သွားကာ လေထဲတွင် လွင့်မျောနေသော နှင်းပွင့်များကို ကြည့်လိုက်သည်။ သူမ၏မျက်နှာအမူအရာတို့ကမူ အေးဆေးတည်ငြိမ်နေလျက်။


စုရွေ့ဧည့်သည်ခန်းထဲမှထွက်လာသောအခါ စုဝမ်တစ်ယောက် ပြတင်းပေါက်တွင် တိတ်ဆိတ်စွာရပ်နေ​တာကို တွေ့လိုက်ရ၏။ ထိုနေရာတွင်ရပ်နေသည်မှာမည်မျှကြာသွားနေပြီလဲဆိုတာ သူမသိပေ။ သူမတစ်ကိုယ်လုံးက အထီးကျန်လွန်းလှတဲ့လေတို့ဝန်းရံထားသကဲ့သို့ အေးစက်နေသည်။ 


“ဗိုက်ဆာနေပြီလား။ ကိုယ်စားဖိုမှူးကိုစောစောလာဖို့ပြောလိုက်မယ်”


စုရွေ့သည် စုဝမ်အနောက်သို့လျှောက်လာလိုက်ကာ သူမပခုံးပေါ်သို့လက်တင်ရင်းပြောလိုက်သည်။ 


စုဝမ်က ဤတစ်ကြိမ်တွင်မူ ခေါင်းလှည့်လာကာ “ဒီနေ့လမ်းလျှောက်ထွက်ရင်း အပြင်မှာစားရအောင်”


စုဝမ်၏တောင်းဆိုချက်များကို စုရွေ့ကတစ်ခါမှမငြင်းခဲ့ဖူးပေ။


 á€›á€œá€’်ဥန္နသငအ် သူတို့နှစ်ယောက်သည် သပ်ရပ်စွာ ဝတ်စားပြီးနောက် အောက်ထပ်သို့အတူတူဆင်းလာလိုက်သည်။ အဖြူရောင်နှင်းပွင့်လေးများကြားထဲ၌ သူတို့နှစ်ယောက်သည် အေးစိမ့်နေသည့်လမ်းမထက် လေထုနှင့်လိုက်ဖက်ညီစွာ အရှိန်နှေးနှေးဖြင့် ပခုံးချင်းယှဥ်လျှောက်လာကြသည်။ 


ခဏလျှောက်ပြီးသည့်အခါ နှစ်ယောက်စလုံး၏ခေါင်းတွင် အဖြူရောင်နှင်းများနှင့် ဖုံးလွှမ်းနေတော့သည်။ လူကူးမျဥ်းကြားမီးနီနေသည့်အချိန်ကိုအခွင့်ကောင်းယူ၍ စုရွေ့သည် ခေါင်းလှည့်ကာ လက်မြှောက်၍ စုဝမ်၏ ခေါင်းထက်မှ နှင်းများကိုဖယ်ရှားပေးလိုက်သည်။ အလားတူပင် စုဝမ်ကလည်း ခြေဖျားထောက်၍ စုရွေ့ပခုံးထက်ရှိ နှင်းများကိုဖယ်ပေးလိုက်၏။ 


လူနှစ်ယောက်သည် အလွန်နီးကပ်နေကာ တစ်ယောက်နှင့်တစ်ယောက်၏ဝင်လေထွက်လေများကိုပင် ခံစားနေရသည်။ စုဝမ်၏လက်ချောင်းလေးများက အအေးဒဏ်ကြောင့်နီရဲနေတာကိုတွေ့သောအခါ စုရွေ့က မခံစားနိုင်သဖြင့် သူမရဲ့လက်ချောင်းလေးတွေကို သူ့ရဲ့ကြီးမားကျယ်ပြန့်သောလက်ဖြင့် ထွေးဆုပ်ထားလိုက်သည်။ 


စုဝမ်ကစကားတစ်ခွန်းမဆိုဘဲ စုရွေ့အနောက်သို့သာတိတ်ဆိတ်စွာလိုက်သွားပြီး လမ်းတစ်လျှောက်သူအလိုရှိသလိုပင် သူမအားဆုပ်ကိုင်ခွင့်ပေးထားခဲ့ကာ စုံတွဲစားသောက်ဆိုင်သို့ ခေါ်သွားရန်ခွင့်ပြုပေးထားလိုက်သည်။ 


စုရွေ့အစားအသောက်တို့မှာပြီးသည့်တိုင် စုဝမ်ကတိတ်ဆိတ်နေဆဲပင်။ 


“မင်းဒီနေ့တိတ်ဆိတ်နေတယ်” 


စုရွေ့ကစုဝမ်ကိုကြည့်လိုက်၍ ညင်သာစွာတီးတိုးဆိုလာခဲ့သည်။


 â€œá€…á€­á€Żá€¸á€›á€­á€™á€şá€…á€›á€Źá€á€…á€şá€á€Żá€á€Żá€›á€žá€­á€œá€­á€Żá€ˇá€œá€Źá€¸â€ 


“မဟုတ်ပါဘူး ကျွန်မတစ်ခုခုကိုတွက်ချက်နေတဲ့အခါ ဒီလိုပဲတိတ်နေတတ်တယ်” 


စုဝမ်ကရုတ်တရက်စုရွေ့အား တောက်ပစွာပြုံးပြလာ၏။ 


သူမအပြုံးကို မြင်လျှင်စုရွေ့က မျက်ခုံးပင့်လိုက်ပြီး “မင်း တိရှစ်ထျန်းနဲ့ဟွေ့မော့ယိရှောင်တို့ကိုလက်စားချေဖို့ စီစဥ်နေတာလား” 


“ဟုတ်တယ် အဲ့ဒီအခွင့်အရေးအတွက် ကျွန်မအချိန်အကြာကြီးသည်းခံလာခဲ့ရတာ” 


စုဝမ်က လက်တစ်ဖက်တည်းဖြင့် မေး‌ထောက်ကာ စားပွဲတစ်ဖက်ရှိ စုရွေ့ကိုကြည့်လိုက်သည်။ 


“မနက်ဖြန် စနစ်အဆင့်မြှင့်တင်တာပြီးသွားရင် ဟွာရှားရဲ့ အဓိကပြည်နယ်ကြီးရှစ်ခုမှာ သတင်းအသစ်တွေပြန့်လာပြီး မြေအောက်နန်းတော်နယ်မြေရဲ့ ‘ပထမဆုံးသတ်ဖြတ်မှု’က လူတိုင်းတိုက်ခိုက်ကြမယ့်အရာဖြစ်လာလိမ့်မယ် ရှင်ရောပါမှာလား။”


မြေ‌အောက်နန်းတော်နယ်မြေသည် ယခင်တစ်ခေါက် စနစ်အဆင့်မြှင့်တင်ပြီးနောက် အသစ်ထွက်ရှိလာသော အဆင့်၆၀မြေပုံဖြစ်ပြီး လင်ရှန်းတွင် အဆင့်အမြင့်ဆုံးနှင့် ခက်ခဲမှုအမြင့်ဆုံးနယ်မြေဖြစ်သည်။ 


“ဟင်”


စုရွေ့၏အကြည့်များက တောက်ပသွားကာ သူ့နှုတ်ခမ်းထောင့်တို့က အနည်းငယ်မြင့်တက်သွား၏။ 


“ဘာလို့လဲ မင်းအဲ့ဒီ ‘ပထမဆုံးသတ်ဖြတ်မှု’ကိုလိုချင်လို့လား” 


“ဟုတ်တယ်”


စုဝမ်ခေါင်းညိမ့်လိုက်ကာ “ကျွန်မ ‘ပထမဆုံးသတ်ဖြတ်မှု’ကိုလိုချင်တယ်။ သေချာပေါက် အလိုချင်ဆုံးကတော့ ‘ပထမဆုံးသတ်ဖြတ်မှု’ ရဲ့ အထူးစွမ်းရည်ဆုလာဘ်ပဲ”


“ဒါဆိုလည်း မင်းအောင်မြင်ပါစေလို့ကိုယ်ဆုတောင်းပါတယ်” 


စုရွေ့သည်စုဝမ်အား မျက်ခုံးပင့်ကြည့်လိုက်ပြီး သူ့အသံတွင်တော့ ပျော်ရွှင်မှုတို့ပြည့်နှက်နေသည်။ 


စုဝမ်ကမျက်လွှာချလိုက်ကာ ချက်ချင်းပင် ပြန်‌မော့ကြည့်လိုက်၏။ 


ထို့နောက် စုရွေ့အားပြုံးပြရင်း “ဒီတစ်ခေါက် ကျွန်မ ရှင့်ရဲ့အကူအညီလိုတယ် သေချာပေါက်ကျွန်မဆီကဘယ်လိုအခြေအနေမျိုးကိုမဆို ရှင်ပြန်တောင်းဆိုနိုင်တယ်”


“ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်လား”


စုရွေ့ကအရှေ့သို့တိုးလိုက်ကာ မျက်လုံးတို့ကိုကျဥ်းမြောင်းလိုက်ပြီး စုဝမ်အား အန္တရာယ်ကြီးစွာကြည့်လာ၏။


စုဝမ်က စုရွေ့အကြည့်တို့အား အကြောက်တရားကင်းမဲ့စွာပြန်ကြည့်လိုက်ပြီး “ရှင်ဘာတွေတွေးနေတာလဲ...ဟမ်”


အာ...


စုရွေ့ကခုံနောက်ကိုပြန်မှီလိုက်ကာ စုဝမ်အား ကူကယ်ရာမဲ့နေသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး “ထားလိုက်ပါတော့ ကိုယ်အခုမစဥ်းစားနိုင်သေးဘူး စဥ်းစားလို့ရတဲ့အခါကျပြောပြမယ်”


“ကောင်းပြီ”


စုဝမ်ကမျက်လွှာပြန်ချကာ သူမ မျက်နှာမှအပြုံးတို့ကမူ ပျက်ပြယ်သွားသည်။ သူတို့နှစ်ယောက်က စုံတွဲ setမှာထားကြပြီး စားပြီးသွားသည့်အခါ မှောင်နေပြီဖြစ်၏။ နှင်းတို့ပိုကျလာတာကြောင့် လမ်းတစ်လျှောက်လုံးဖြူဖွေးနေတော့သည်။


စားသောက်ဆိုင်မှထွက်လာသည့်အခါ သူတို့အား အေးမြနေသောလေညင်းနှင့် နှင်းစက်များက ဆီးကြိုနေကြသည်။ ဟောင်းနွမ်းဝေးကွာနေပြီဖြစ်သော အတိတ်မှအရာများကစုရွေ့စိတ်ထဲတွင်ပြန်ပေါ်လာရာ စုရွေ့၏အကြည့်တို့က အနည်းငယ်မှေးမှိန်သွား၏။ 


သူကရုတ်တရက် စုဝမ်၏လက်ကိုဆွဲကာ သူမအား မရှင်းမလင်းဖြစ်နေသော အကြည့်တို့ဖြင့်ကြည့်၍ “ကိုယ်မင်းကိုပြန်လိုက်ပါ့မယ် ဟုတ်ပြီလား” 


သူကပြောပြီးသည်နှင့် ညင်သာစွာထိုင်ချလိုက်သည်။ 


စုဝမ်ကစကားတစ်ခွန်းမှမ​ဆိုဘဲ စုရွေ့၏ကျောပေါ်သို့ခုန်တက်လိုက်သည်။ နှင်းပွင့်များကြားတွင် စုရွေ့ကလည်း တိတ်ဆိတ်နေကာ နှင်းထူထပ်နေသည့်လမ်းတစ်လျှောက်ခြေရာတို့သာချန်ခဲ့လေသည်။


စုဝမ်က စုရွေ့ပခုံးပေါ်သို့ မျက်နှာတင်ထားကာ လက်မောင်းတစ်စုံက စုရွေ့၏လည်ပင်းကို တင်းကြပ်စွာ ပွေ့ဖက်ထား၏။ ကမ္ဘာကြီးကတိတ်ဆိတ်နေကာ သူမသည် စုရွေ့၏နှလုံးခုန်သံကိုပင်ကြားနေရသည်။ 


အထူးသဖြင့် ပြင်းထန်စွာခုန်နေသော နှလုံးခုန်သံကအကြိမ်ကြိမ်ပေါ်ထွက်လာနေ၏။ 


“စုရွေ့”


စုဝမ်အသံတိုးတိုးနှင့်​ခေါ်လိုက်ချိန်တွင် သူမမျက်နှာက သူ့နောက်ကျောတွင်ဖိကပ်နေသဖြင့် အသံတို့က ဗလုံးဗထွေးဖြစ်နေသည်။ 


“ရှင့်ရဲ့အစ်မကိုမှတ်မိသေးလား”


အစ်မ…


ဝေးကွာနေသော်လည်း ရင်းနှီးနေသောစကားလုံး…


စုရွေ့ခြေလှမ်းများရပ်တန့်သွားကာ နောက်ဆုံးတွင် ခြေလှမ်းကျဲကြီးများနှင့်ဆက်လျှောက်သွား၏။ 


“မှတ်မိတာပေါ့ ဒါပေမယ့်သူမကဟိုးအရင်တည်းကသေဆုံးသွားခဲ့ပြီ” 


တိုက်ခတ်နေသည့် လေအေးများကြားတွင် စုရွေ့၏ အသံကစိတ်မပါစွာနှင့် လေးပင်နေသည်။ 


“ကိုယ် ရွှမ်ယွမ်ရွေ့ကိုသဘောမကျဘူး သူ့အပေါ် ခံစားချက်မကောင်းတာကြောင့် ကိုယ့်ကိုငယ်ငယ်ကကာကွယ်ပေးခဲ့သလိုမျိုး ကိုယ့်ရဲ့အစ်မကိုကာကွယ်ပေးချင်ခဲ့တာ ဒါပေမယ့် သူမကလက်မခံခဲ့ဘူးလေ” 


သူ၏အစ်မအကြောင်းပြောနေသည့်အခါ စုရွေ့အနည်းငယ်ဝမ်းနည်းနေတာကို စုဝမ်ခံစားရသည်။ သူ၏ခံယူချက်သည် ကလေးအရွယ်တည်းကပင် အခြားသူများထက်ပိုပြတ်သားခဲ့သည်။ ထိုအချိန်တွင် ဖခင်က ကြမ်းတမ်းခက်ထန်ကာ မိခင်ကဂရုမစိုက်၊အလေးမထားခဲ့ပေ။ သူ့ကိုနွေးထွေးစေပြီး သက်တောင့်သက်သာဖြစ်စေခဲ့သည့် တစ်ခုတည်းသောအရာမှာ သူ့အစ်မ၏ အချစ်များနှင့် ဂရုစိုက်မှုများသာဖြစ်သည်။ 


ကလေးအရွယ်စုရွေ့သည် ဤဘဝတွင် သူ့အစ်မအား ကောင်းစွာကာကွယ်မည်ဟု နှလုံးသားထဲတွင် သံဓိဌာန်ချခဲ့သော်လည်း နောက်ပိုင်းတွင် ရွှမ်ယွမ်ရွေ့ပေါ်လာခဲ့သည်။ 


သူ့အစ်မသည် ရွှမ်ယွမ်ရွေ့နှင့် ချစ်ကျွမ်းဝင်ခဲ့၏။


သူကနူးညံ့သိမ်မွေ့ကာ မြင့်မြတ်သည့်မင်းသားတစ်ယောက်နှင့်တူသည်။ သို့သော် စုရွေ့သဘောမကျခဲ့ပေ။ သူ့အစ်မက သူနှင့်ပျော်ရွှင်ရလိမ့်မည်မဟုတ်သည်ကိုပင် စုရွေ့ကြိုမြင်နေခဲ့၏။ 


သူ့အစ်မအား ရွှမ်ယွမ်ရွေ့နှင့်အတူရှိမနေနိုင်ရန် အကောင်းဆုံးကြိုးစားပိတ်ပင်ခဲ့သော်လည်း ရလဒ်အနေနှင့် သူ့အစ်မသည် သူ့အား ရွံမုန်းလာခဲ့သည်။ သူ့အဖေ၏အပြုအမူတို့ကလည်း ပိုမိုအေးစက်လာခဲ့ပြီး သူ့အားတစ်နှစ်ပတ်လုံး ဂရုမစိုက်ခဲ့သော သူ့အမေကလည်း ငြီးငြူပြောဆိုလာခဲ့သည်။ 


နောက်ပိုင်းတွင် စုရွေ့သည် ဖြည်းဖြည်းချင်းလက်လျှော့ခဲ့သည်။ ကျန်ရှိနေသည့်ဘဝတစ်လျှောက်လုံး သူတစ်ယောက်တည်းဆိုလျှင်တောင်မှ ရှင်သန်နေနိုင်သည်ဟုတွေးခဲ့သည်။ 


ရလဒ်အနေနှင့် နောက်နှစ်အနည်းငယ်ကြာသောအခါ စုရွေ့သည် ပို၍ခက်ထန်လာကာ အညှာအတာကင်းမဲ့လာပြီး ပို၍ခေါင်းမာလာခဲ့သည်။ 


စုဝမ်နှင့်မတွေ့ခင်အချိန်အထိ....။


လူတိုင်း၏ဘဝတွင် ထိုကဲ့သို့သောလူမျိုးရှိတတ်ကြလိမ့်မည်။ သူ (သူမ)သည် အမှတ်တမဲ့ရောက်ရှိလာကာ တိတ်တဆိတ်ထွက်သွားပြီး အချိန်ခဏလေးပင်အတူရှိနေခဲ့သော်လည်း ထိုရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည့် စက္ကန့်ပိုင်းလေးက နှလုံးသားထဲတွင် ထာဝရတည်ရှိနေသည့် ဖြစ်တည်မှုမျိုး...။


စုရွေ့၏ဘဝတွင် စုဝမ်ကထိုကဲ့သို့လူမျိုးပင်....။


ထိုသို့သောလူမျိုးသည် စုဝမ်ဘဝတွင် ‌ပေါ်လာခဲ့ဖူးပြီး ထိုသူမှာသူမဟုတ်ကြောင်းကိုလည်း စုရွေ့သိ၏။


___

🚩