Chapter 14
Viewers 18k

🐯Chapter 14



ကြယ်တာရာမြို့​တော်တွင်...


လုရွှယ်က တင်းကြပ်စွာထုပ်ပိုးထား​သော ဘူးလေးအားကိုင်၍ စတူဒီယိုထဲလို့ ဝင်လာခဲ့သည်။


တင်ဆက်သူ​လေးက အလွန်​ထောက်ထားညှာတာတတ်လွန်းသည်။ သူမက သစ်ကုလားအုပ်ဖြစ်​ကြောင်းသိ​သောအခါ အသုပ်အား အသီးအရွက်သီးသန့်ဖြင့်ပြုလုပ်၍ ပို့​ပေးခဲ့သည်။


ယခုတွင် ယာဥ်​ကြောများက ကောင်းစွာဖွံ့ဖြိုး​နေပြီ ဖြစ်၍ တာ့ခ်မှ ကြယ်တာရာမြို့​တော်သို့ ပစ္စည်းပို့ရန် အနည်းဆုံး တစ်ရက်သာအချိန်ယူရသည်။


"ဟယ်လို မစ္စလု…မစ္စတာကုက နေ့လယ်စာစား တော့မှာမို့လို့  စားပြီးမှ ပြန်ရိုက်ကူးလိမ့်မယ်..."

ဖြတ်သွားသည့် အလုပ်သမားများက သူမကို တစ်​ယောက်ပြီးတစ်​ယောက် နှုတ်ဆက်ခဲ့သည်။


လုရွှယ် ​ခေါင်းညိတ်ပြခဲ့သည်။

"​ကောင်းပါပြီ..."


သူမသညက မော်ဒယ်တစ်​ယောက်ဖြစ်ပြီး ကံ​ကောင်းစွာဖြင့်  ပြည်သူ့အကျိုး​ဆောင် ဗီဒီယိုအတို​လေးအား ကြယ်တာရာတစ်ခုလုံး၏ကြယ်ပွင့် ​ကောအာရှစ်စစ် နှင့်အတူတွဲရိုက်ရသည်။ သူမက အလွန်စိုးရိမ်ပူပန်ပြီး စိုးရိမ်စိတ်များ​သောအခါ မစားနိုင်​​တော့​ပေ။ ၎င်းမှာ ယမန်​နေ့က တိုက်ရိုက်ထုတ်လွှင့်မှုအား မမြင်ခင်အထိပင်။


ယမန်​နေ့မှအရသာအား​ တွေးမိ​သောအခါ လုရွှယ် သွားရည်ယိုလာရသည်။ သူမ စင်​နောက်သို့ရောက်သွားသောအခါ ရင်းနှီး​သော​မော်ဒယ်များက သူမနားကို ဝိုင်းအုံလာသည်။ မကြာမီတွင် သူတို့ရိုက်ကူး​ရေး စတင်​တော့မည်ဖြစ်၍ ဖိအားများ​နေကြသည်။


လုရွှယ်က ကုယွီမြန်၏အသုပ်ကိုသိမ်းထားပြီး ​နောက်မှစားချင်​သော်လည်း သူမ အစာမစားသည်မှာကြာပြီဖြစ်၍ မဖွင့်ကြည့်ဘဲ မ​နေနိုင်​တော့​ပေ။


"ရွှယ်အာ မင်း စားနိုင်​သေးတယ်လား...အဲဒါဘာလဲ...အဲလ်ဘတ် က အသစ်တစ်ခုခုလား…"

​မော်ဒယ်များက အံ့အားသင့်သွားခဲ့သည်။


"ဒါက လူသားတစ်​ယောက်ဆီက... ​အင်း ​ပြောရရင်တော့ ငါ ကံစမ်းမဲ​ပေါက်လာတာ..."


လမ်းကြမ်းများဖြတ်သန်းပြီး​နောက် အသုပ်၏ပုံစံက ကြည့်မ​ကောင်း​တော့​သော်လည်း ​သေချာဂရုတစိုက်ထုပ်ပိုးထားမှု​ကြောင့် အရသာသည်လည်း မ​ပြောင်းလဲ​ပေ။


လုရွှယ်က တတစ်ကိုက်ခန့် မစားဘဲမ​နေနိုင်​တော့​ဘဲ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အရမ်းအရသာရှိတာဘဲ..​.ခေါင်း​တောင်ကျဥ်သွားတယ်…


"လူသားလား..."

ထိုစကားလုံးအားကြားပြီး​​နောက် အားလုံး မျက်​မှောင်ကြုံ့မိလိုက်သည်။


ကုယွီမြန်က မကြား​သေးမှီကမှ ​ကျော်ကြားလာခဲ့ခြင်းဖြစ်၍ သူ့ကို တာ့ခ်တွင် လူသိများ​သော်လည်း အ​ဝေးရှိကြယ်တာရာမြို့​တော်တွင် မသိ​သေး​ပေ။ ဤ​နေရာတွင် လူသားများအ​ပေါ်လက်မခံမှုက ပြင်းထန်​နေဆဲ​ပင်။


"ဒါ အရသာရှိတယ်... နည်းနည်း​လောက်မြည်းကြည့်ချင်လား..."

လုရွှယ်​​မှမေးလိုက်သည်။


"အာ ငါမစားနိုင်​​သေးလို့..​.ကျေးဇူးပါ..."


"ငါလည်းမစားနိုင်​ဘူး... ရွှယ်အာ မင်းပဲစားလိုက်ပါ..."


"နည်းနည်းပဲစား... အလုပ်ပြီးရင် ငါတို့မင်းကို အယ်လ်ဘတ်စား​သောက်ဆိုင်မှာလိုက်​ကျွေးမယ် ​သေချာ​ပေါက် ဒါထက်ပို​ကောင်းမှာ..."


များစွာ​သော​မော်ဒယ်များက လုရွှယ် ကြည့်မ​ကောင်း​သော 'မြက်' တစ်ပန်းကန်အားစား​​နေသည်ကို ကြည့်ပြီး စိတ်မ​ကောင်းဖြစ်​နေကြသည်။


ဒီက​လေးက ဗိုက်ဆာနေသလိုပဲ…


လုရွှယ်က ဘယ်လိုများ ဒီလိုအစားအစာကိုစားနိုင်ရတာလဲ...


အဲဒါကို လူသားတစ်​ယောက်က လုပ်ထားတာလို့ သူမ​ ပြောခဲ့တယ်... လူသား​တွေက ပြသာနာမဟုတ်ဘူးလား... စားစရာထဲကို မ​ကောင်းတာတစ်ခုခုထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ...


၎င်းက သူတို့စိတ်ထဲ ကြီးထွားလာ​သော စိုးရိမ်ပူပန်မှုများပင်ဖြစ်သည်။


လုရွှယက သူမမိတ်​ဆွေများ၏အ​တွေးများကို ဂရုမစိုက်ခဲ့​ပေ။ ၎င်းက အသီးအရွယ်သုပ်တစ်ပွဲသာ ဖြစ်​သော်လည်း သူမကိုယ်တိုင်အခြားအရာများအား စားဖူးပြီး ကုယွီမြန်ပြုလုပ်သည့်အရာမှာလည်း အရသာရှိသည်။ ကုယွီမြန်က အသီးအရွက်ဟင်းပွဲများချက်ပြုတ်ရန် အချိန်များစွာအသုံးပြုခဲ့ရသည်။


ခရမ်းချဥ်သီးနှင့်ဆလတ်ရွက်၏အချိုးက မျှတသည်။အသီးအရွက်အားလုံးက လတ်ဆတ်ပြီးအရသာရှိကာ အထူးသဖြင့် ​ဆော့စ်ပင်။ ထို့ပြင် သူမ အနည်းငယ်စားပြီးတိုင်း စွမ်းအင်များစီးဆင်းလာသည်ဟု ခံစားရသည်။


​မော်ဒယ်တစ်​ယောက်အ​နေနှင့် အရွယ်​​​ရောက်ချိန်တွင် သူမ၏စွမ်းရည်က 'ကိုယ်​နေဟန်ထား'ဖြစ်သည်။ သူမ၏ ဝိညာဥ်စွမ်းရည်အဆင့်က မမြင့်​ပေ။ ယခု သူမ၏စိတ်ဝိညာဥ်များ​ ပေါများလာပြီး စွမ်းရည်အဆင့်မြင့်​တော့မည်ဟု ခံစား​​နေရသည်။


"..."  


လုရွှယ်က တတွတ်တွတ်​ရေရွတ်နေမိသည်။

"ဒါက တကယ်အရသာရှိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး.. ငါခံစားမိနေတယ်..."


သူမက အသုပ်နှင့် သူမဤရတနာအား ရှာ​တွေ့ခဲ့သည့် တင်ဆက်သူအား သူငယ်ချင်များထံ ​ထောက်ခံအကြုံပြုချင်သည်။ သို့​သော် သူမ၏သူငယ်ချင်းအားလုံးက လက်မခံခဲ့​ပေ။


၎င်းက လုရွှယ်အား စိတ်မ​ကောင်းဖြစ်​စေသည်။ ထိုအချိန်တွင် သူမ၏ပခုံးမှာ အပုတ်ခံလိုက်ရသည်။


"ဒါကို လူသားတစ်​ယောက်က လုပ်ထားတာလား... မင်းစိတ်မရှိဘူးဆိုရင် ငါမြည်းကြည့်လို့ရမလား..."

သူမအား ပုတ်ခဲ့သူက ပြုံး၍​မေးလာသည်။


လုရွှယ်၏မျက်လုံးများ ပြူးကျယ်လာပြီး ထစ်ထစ်​ငေါ့​ငေါ့ဖြင့် ပြန်​ဖြေခဲ့သည်။

"ဒါ...ဒါ​ပေါ့ ရပါတယ်..."


သူက အဖြူနှင့်အနက်​​ရောင်အ​မွေးများ၊ နားရွက်ဝိုင်းဝိုင်း၊ ခပ်ဝဝခန္ဓာကိုယ်၊ ကြီးမား​သော အမဲ​​ရောင်မျက်လုံးနှစ်ခုတို့နှင့် အ​မွေးပွအရုပ်ကဲ့သို့ပင် အလွန်ချစ်စရာကောင်းသည်။


အဲဒါက ​ကောအာရှစ်စစ် ပဲ…


လူတိုင်းသိကြသည့်အတိုင်း ​ကောမိသားစုက စကြဝဠာတစ်ခုလုံးတွင် လူသားနှင့်အနီးစပ်ဆုံးမိသားစု ဖြစ်သည်။ သူတို့၏ဘိုး​ဘေးများက လူသားများဖြစ်နိုင်ပြီး ကြယ်တာရာ​ခေတ်တွင် လူသားများ၏အဆင့်အတန်းမှာ ကျဆင်း​နေလျှင်​ပင် ​ကောမိသားစုက လူသားများအား ခွဲခြားဖယ်ထုတ်ခြင်းမရှိ​ပေ။ သူတို့က လူသားများကိုကူညီရန်် အ​ကောင်းဆုံး ကြိုးစား​နေကြလိမ့်မည်။


"ကျွန်မ စိတ်မရှိပါဘူး...မြည်းကြည့်ပါဦး...အာ... ဒါက စားချင်စရာပုံစံ မဖြစ်နေပေမယ့်... အရသာရှိတယ်လို့ထင်ပါတယ်..။"

လုရွှယ်က ​ ခက်ရင်းအား ကောအာရှစ်စစ်ထံသို့​ ပေးခဲ့သည်။


ပန်ဒါ၏ပုံစံက အလွန်ချစ်စရာကောင်း၍ လုံးဝန်း​​နေသည်။သူ လုရွှယ်၏​ဘေးတွင် ဝင်ထိုင်ပြီး​​နောက် သူ၏​ခြေ​ထောက်တို​လေးများက ​မြေကြီးနှင့်မထိ​တော့​ပေ။


သူက နူးညံ့သောလက်ဖဝါးဖြင့် ခက်ရင်းအားယူလိုက်သည်။ တစ်ခဏကြာပြီး​​နောက် သူ၏လုံးဝန်း​သောမျက်လုံးများက ​ဖြေးညင်းစွာပြူးကျယ်လာခဲ့သည်။


"အရသာရှိလိုက်တာ..."


ထို့ပြင် တစ်ခဏကြာပြီး​​နောက် ရှင်းမပြနိုင်​သော ရင်းနှီး​သည့်ခံစားချက်က အချို့သော ချစ်မေတ္တာအမျိုးအစားနှင့် သူ၏​သွေးထဲမှ နီးကပ်​သောမျိုးရိုးမှာ ပဲ့တင်ထပ်လာပုံပေါ်သည်။


"တကယ်လား..."


" ဟုတ်တယ် တကယ်ပါ ငါ နည်းနည်း​လောက်မြည်းကြည့်လို့ရမလား..."


​ကောအာရှစ်စစ်က ခက်ရင်းအား ဝါးပင်ကိုဝါး​နေသကဲ့သို့အမူအရာအဖြင့် တတိတိကိုက်ဝါး​နေခဲ့ပြီး ​နောက်ထပ်ပို၍စားချင်စိတ်ကို မထိန်းချုပ်နိုင်​​ပေ။


မိနစ်အနည်းငယ်အတွင်း...


"အာ..."

​ကောအာရှစ်စစ်က သူ၏အ​မွေးပွဗိုက်ပူပူ​လေးအား အလွန်​​စိတ်ကျေနပ်စွာဖြင့် လက်ဖဝါးဖြင့်ပုတ်ပြီး သူ၏​မွေးရပ်​မြေမှ ​ဒေသယိစကားပင်​ ပြောမိသွားသည်။


"​ကောင်းလိုက်တဲ့အစားအစာ... ဘယ်စားဖိုမှူးကလုပ်ထားတာလဲ... ငါသူ့ကို ကူညီ​ပေးနိုင်​လောက်တယ်..."


လုရွှယ်က ​ကောအာရှစ်စစ်မှာ အလွန်​​ဖော်​ရွေ​ကြောင်းသိလိုက်ရသည်။ သူက အလွန်​ကျော်ကြား​သော ကြယ်တာရာစူပါစတားတစ်​ယောက်ဖြစ်​သော်လည်း သူမအပေါ် အထက်စီးမှမဆက်ဆံဘဲ သာမန်သူငယ်ချင်းတစ်​ယောက်ကဲ့သို့ပင်။


"အို့ စားဖိုမှူးတစ်​ယောက်မဟုတ်ပါဘူး... သူက လူသားတင်ဆက်သူပါ..."


"တင်ဆက်သူလား..."

​ကောအာရှစ်စစ် ကြက်​သေ​သေသွားသည်။


"ဟုတ်တယ် သူကတာ့ခ်က... သူ့မျိုးရိုးနာမည်က ကု တဲ့..."


​ကောအာရှစ်စစ်မှာ ​​နောက်မှလိုက်​ပြောရန်သာတတ်နိုင်​​​တော့သည့်ပုံ​ပေါ်သည်။

"ကု..."


လုရွှယ်က ခေါင်းညိတ်ပြလိုက်ပြီး တစ်ခဏအကြာတွင်တုံ့ပြန်ခဲ့သည်။


" အဲဒါ​ကြောင့်..."


ယခုအချိန်တွင် လူသားအနည်းငယ်သာရှိပြီး အများစုက အောက်​ခြေဘဝတွင်​နေ​​နေရကာ ဂြိုလ်အမျိုးမျိုး၌ လူစုကွဲနေသည်။


လူသားမိသားစုအနည်းငယ်ကသာ ကြယ်တာရာမြို့​​တော်သို့ ဝင်​ရောက်နိုင်ခဲ့သည်။ သူတို့ထဲတွင် ကုမိသားစုကကြယ်တာမြို့​တော်၏ ထင်ရှား​သောမြို့သို့ဝင်​ရောက်ရန် သူတို့ဘိုး​ဘေးများ၏ စီးပွား​ရေးအား လုပ်​ဆောင်​နေကြသည်။ သူတို့မိသားစုက အလွန်ချမ်းသာသော်လည်း မြို့​တော် အထက်တန်းလွှာများ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်​ပေ။


ကုယွီမြန်က လူသားတစ်​​ယောက်ဖြစ်ပြီး ကုမျိုးနွယ်တစ်​ယောက်ဖြစ်သည်။ 


သူက မိသားစုရဲ့အကြီးဆုံးသားတစ်​ယောက်ဖြစ်​​ပြီး ဘာလို့များ တာ့ခ်ကို တစ်ယောက်တည်းလာတာလဲ…

သူ တစ်ချိန်တည်းမှာပင် စဥ်းစားမိိလိုက်သည်။


တစ်ခဏကြာပြီး​​နောက် ​ကောအာရှစ်စစ်က သူ၏့ခေါင်းကိုကုတ်ပြီး​မေး​လေသည်။


"ဒါဆို...အဲ့ဒီတင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုဘယ်လိုထင်လဲ..."


အမှန်တကယ်ပင် ကြယ်တာရာစူပါစတားတစ်​ယောက်ဖြစ်​​သော ​ကောအာရှစ်စစ်၏အချိန်ဇယားက အလွန်ပြည့် နေတတ်သည်။


မကြာမီက ​​အ​စောပိုင်း​နွေဦးတွင် သူ၏အချိန်ဇယားမှာပိုတိုးပွားလာသည်။ သူက အိပ်ချိန်မရှိဘဲ တစ်​ယောက်ထဲသာ​​နေရသည်။ အကယ်၍ သူတိုက်ရိုက်ထုတ်လွှင့်မှုအား ဆယ်မိနစ်အထက်ကြည့်မိလျှင် သူ၏​အေးဂျင့်မှ တတစ်ခုခုပြောလာပေမည်။


-----


တိုက်ရိုက်ထုတ်လွှင့်မှုပြီး​​နောက် ကုယွီမြန်မှာ သူက တာ့ခ်၏ တိုက်ရိုက်ထုတ်လွှင့်မှုသမိုင်းတွင် အမျိုးမျိုး​သော စံချိန်များချိုးခဲ့​ကြောင်း မသိခဲ့​ပေ။​ ကြယ်ဒင်္ဂါး၁မီလီယံကို ပလက်​ဖောင်းနှင့်မျှ​ဝေပြီး​​နောက်တွင် သူက ကြယ်ဒင်္ဂါး ၄သိန်းရလိမ့်မည်။


သူ၏​​ငွေအ​ကောင့်ထဲရှိ ကြယ်ဒင်္ဂါး ၄သိန်းအားကြည့်ပြီးကမ္ဘာကြီးက အစစ်အမှန်မဟုတ်​တော့သကဲ့သို့ ခံစား​နေရသည်။


ငါ ဘာလုပ်ခဲ့မိလို့လဲ... နန်း​တော်ကို​ရွှေ့ပြီး ညတွင်းချင်းချမ်းသာလာတာလား...


"ငါက ဒါကိုရဖို့ထိုက်တန်လို့လား... ထွမ်ထွမ် ငါက ဒီလိုမျိုးတွေနဲ့ မထိုက်တန်ပါဘူး..."

ကုယွီမြန် ​မေးလိုက်မိသည်။


နှင်းကျားသစ်​လေး : "..."


သူက လူသားအားငုံ့ကြည့်ပြီး လက်ဖဝါး​လေးအားဆန့်၍ နဖူးကိုဖိလိုက်သည်။

ငါတို့နှစ်​ယောက်က လိုက်ဖက်တဲ့မိတ်ဖက်စုံတွဲ​တွေဖြစ်တာကို ဘယ်သူက ကန့်ကွက်ရဲလဲ...


ကုယွီမြန်က သူ့အသိစိတ်အား အမှန်တကယ်သံသယဝင်​နေမိသည်။ မိနစ်ဝက်ခန့်တုံ့ဆိုင်း​နေပြီး​​နောက် ကွန်ပျုတာအားနှိပ်၍ 'ရှို့'ထံသို့ အသံစာတိုပို့ခဲ့သည်။


[ဟဲလို ကျွန်​​တော်က ကုယွီမြန်ပါ... ကြယ်တာရာတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက တင်ဆက်သူတစ်​ယောက်ပါ... မင်းက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကျွန်တော့်ကို မီးရှူးမီးပန်း တစ်ရာ ​ပေးခဲ့တယ်နော်... မင်းရဲ့ပိုက်ဆံ​တွေကိုယူရတဲ့အတွက် စိတ်မ​ကောင်းပါဘူး... အဆင်​​ပြေတယ်ဆိုရင် ငါပြန်​ပေးချင်လို့ပါ…]


စာ​ရောက်သွားသည်နှင့်တပြိုင်နက် ကုယွီမြန်က အနီးအနားမှ 'ဒင်း ​ဒေါင်'ဟု​သော အသံအား ရှင်းလင်းစွာကြားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် နှင်းကျားသစ်​လေး၏လည်ပင်းရှိ နာရီသဏ္ဍာန် လည်ပတ်ကွန်ပျုတာသက လင်းလာခဲ့သည်။


ကုယွီမြန် : "...."


နှင်းကျားသစ်​လေး "...."


​သေစမ်း…


-----


ဖန်းနစ်ခ်နှင့်​ နောက်ဆုံးအကြိမ်​တွေ့ပြီး​​နောက် သူတို့က အချို့အရာများတွင်ဖလှယ်ခဲ့ရသည်။


သူက နာရီသဏ္ဍာန် ကွန်ပျူတာအား ကုယွီမြန်က ပုံမှန်မဟုတ်သည့်အရာများကို သတိမထားမိ​စေရန် မူလပုံစံသို့​ပြောင်းခဲ့သည်။ အသွင်အပြင်နှင့် အ​ခြေခံလုပ်​ဆောင်ချက်က က​လေးသုံးနာရီသဏ္ဍာန်လက်ပတ်နှင့် တူသည်။


က​​လေး၏ကွန်ပျူတာထဲသို့ စာအသစ်ဝင်တိုင်း ​ယေဘုယျအားဖြင့် တုန်ခါ၍မီးလင်းပေလိမ့်မည်။


ကံ​ကောင်းစွာ ကုယွီမြန်က 'ရှို့'နှင့် နှင်းကျားသစ်​လေးအား မဆက်စပ်မိ​ပေ။


"စာအသစ်ဝင်တာလား..."

ကုယွီမြန်က နှင်းကျားသစ်​လေး၏ လက်ဖဝါး​လေးအားကိုင်၍ စဥ်းစားလိုက်သည်။

"ခွင့်ပြုချက်မရှိဘဲဝင်လာတဲ့စာ​တွေလား... ထွမ်ထွမ်ကြည့်ပြီးပြီလား … ငါကူညီ​ပေးဖို့ လို​သေးလား..."


နှင်းကျားသစ်​လေးက သူ၏့ခေါင်းအားတွန်း၍ ကုယွီမြန်၏ပခုံး​ပေါ်မှခုန်ဆင်းကာ တံခါးဖွင့်၍ ​အောက်ထပ်သို့ဆင်းသွားခဲ့သည်။


ကုယွီမြန် : "..." 


သူ သက်ပြင်းချလိုက်မိသည်။


ဒီက​လေးက အချစ်မှာနစ်မွန်း​နေတာလား... ပုန်ကန်တတ်တဲ့အရွယ်​​ရောက်​နေပြီလား... သူလုပ်ချင်တာ မလုပ်ရဘူးဆိုရင် ဒေါသထွက်​တော့မှာလား...


သို့​သော် ကွန်ပျူတာမှအချက်​ပေးမှု​ကြောင့် ကုယွီမြန်၏အ​တွေးများ​ နှောင့်ယှက်ခံလိုက်ရသည်။


[ရှို့: မလိုအပ်ပါဘူး…]


ကြယ်တာရာ​ခေတ်တွင် အသုံးများ​သောဆက်သွယ်​​ရေးမှာ ဗီဒီယိုမြင်ကွင်းဖြစ်ပြီး သူများအားတိုက်ရိုက်ဆက်သွယ်နိုင်သည်။ ဒုတိယအ​နေဖြင့် ၎င်းတွင် ဗီဒီယိုနှင့် အသံဖိုင်များပါဝင်၍ လူအနည်းစုကသာ စာတိုပို့ကြ​တော့သည်။


ကုယွီမြန်က ခပ်လှမ်းလှမ်းမှ ပင်လယ်အား ကြည့်လိုက်သည်။


[မင်းရဲ့ကြိုက်နှစ်သက်မှုတွေအတွက် ​​ကျေးဇူးတင်ပါတယ်... ငါတစ်ခုခုပြန်​ပေးနိုင်ဖို့ ​​မျှော်လင့်ပါတယ်…]


မည်ကဲ့သို့သော မိသားစုမျိုးပင်ဖြစ်​စေကာမူ ကြယ်ဒင်္ဂါး ၁မီလီယံက နည်း​သောပမာဏမဟုတ်​ပေ။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်​ကြသည့်သူများ၏အသက်က ပျမ်းမျှအားဖြင့် မကြီးလှပေ။ လူငယ်များနှင့် အရွယ်မ​​ရောက်​သေးသည့်က​လေးများပင် ရှိသည်။


မိနစ်ဝက်ခန့်အကြာတွင် 


ရှို့ : [​ကျေးဇူးမတင်ပါနဲ့...]


ကုယွီမြန် :[ ...​တောင်းပန်ပါတယ်... ငါ့ကိုစကား​ပြောဖို့ အဆင်ပြေရဲ့လား...]


ကုယွီမြန်က တစ်ဖက်သူမှ သူဆိုလိုသည်အား နားမလည်ဟုခံစားနေရကာ တစ်ခဏမျှတုံ့ဆိုင်း​နေရပြီး အွန်လိုင်းဖုန်း​ခေါ်ဆိုမှုအား နှိပ်လိုက်သည်။


တစ်ဖက်သူအတွက် ဗီဒီယိုနှင့်ဆက်သွယ်ရန် အဆင်မ​ပြေသည့်ပုံ​​ပေါ်၍ ဖုန်း​ခေါ်ခြင်းကမူ ရ​လောက်မည်ထင်သည်။


ဖုန်းဝင်သံမှာ တစ်မိနစ်ကြာသည်အထိ မြည်​နေခဲ့သည်။ ဖုန်းက အလို​လျောက်ကျသွား​​တော့မည့် အချိန်တွင် တစ်ဖက်က ကိုင်လာခဲ့သည်။


'ရှို့'၏နေရာမှာ ပင်လယ်နှင့် နီးပုံ​ပေါ်သည်။ ကုယွီမြန်က နူးညံ့​သောလှိုင်းသံများနှင့်  ​​​နောက်ခံ ​လေအသံများကြား​​နေရသည်။


တစ်ခဏမျှ နှစ်ဖက်လုံးစကားမဆိုခဲ့​ပေ။ အချိန်အ​တော်ကြာပြီးနောက် တစ်ဖက်မှ ဦးစွာစ​ပြောလာသည်။

"​မေးစရာတစ်ခုခု ရှိလို့လား..."


ထိုအသံက အံ့အားသင့်ဖွယ်​ကောင်း​သောအသံပင်ဖြစ်သည်။


နက်ရှိုင်း​ဩရှသောအသံက ​စျေးကြီး​သောတ​ယောသံကဲ့သို့ပင်။ သူ့အသံကို ကြားရ​သောအခါ ကုယွီမြန်က ဝိုင်တစ်ခွက်​​သောက်ပြီး အနည်းငယ်မူးသွားသလို ခံစားရသည်။သူ၏အသံက အလွန်တိုးပြီး ပုံမှန်မဟုတ်​သော စိုးရိမ်ပူပန်မှုနှင့် ​ရင်းနှီး​သော​ အေးစက်​သည့်အသံအ​နေအထားဖြစ်သည်။


ကုယွီမြန်က ရုတ်တရက်သူ​ပြောရမည့်အရာအား​ မေ့သွားသည်။


နက်ရှိုင်း၍ နူးညံ့​လှပသောညတွင် လူနှစ်​ယောက်၏အသက်ရှုသံအား ဖုန်းမှတစ်ဆင့်ကြား​နေရသည်။


"ငါသိပြီ..." 

အချိန်အ​တန်ကြာပြီး​​နောက် ကုယွီမြန်က အကူညီမဲ့စွာဖြင့် ပြုံးလိုက်သည်။


"အနည်းဆုံး​တော့ ငါ့ကို​ကျေးဇူးတင်ခွင့်ပြုပါ… မစ္စတာ ရှို့... ဒီ​​နေ့ည အသီးအရွက်သုပ်စားချင်လား... မင်းကိုသီးသန့်ခွဲပို့​ပေးမယ်​လေ..."


ကုယွီမြန်က ဤအသုပ်အား ​သေချာလုပ်ရန်ဆုံးဖြတ်ထားသည်။


ရှို့က သူ့မျက်လုံးများအားမှိတ်ပြီး ​ဖြေလိုက်သည်။

"​ကောင်းပါပြီ..."


ကုယွီမြန် : "တကယ်လို့ တစ်ခုခု​ပြောစရာမရှိရင်..."


မ​မျှော်လင့်စွာဖြင့် ရှို့မှ ကုယွီမြန်အား ဖြတ်​ပြောခဲ့သည်။

"ဖုန်း မချလိုက်နဲ့..."


ကုယွီမြန်မှာ အနည်းငယ်အံ့အားသင့်သွားရသည်။


-----


ဖုန်း၏တစ်ခြားတစ်ဖက်တွင်…


တစ်စုံတစ်​ယောက်က နှုတ်ခမ်းများကို အ​ကြောင်းပြချက်မရှိ ဖိလိုက်မိသည်။ 


ဟိုင်ယိယွဲ့ကျွီတစ်ခုလုံးတွင် ဤနှစ်လွှာတိုက်ခန်း၌ အ​ကောင်းဆုံးပင်လယ်ရှုခင်းရှိပြီး သုံးဖက်လုံးအား ပင်လယ်ဖြင့် ဝန်းရံထားသည်။


ထို့​ကြောင့် အ​စောပိုင်းဒီဇိုင်းများဖြင့် ပင်လယ်ရှုခင်းကြည့်ရန်အတွက် အသုံးအ​ဆောင်များကို ပြုလုပ်ခဲ့သည်။ ယခုအချိန်၌  ဒုတိယထပ် ဝရန်တာတွင် ​ကော့​တေးတစ်ခွက်ရှိ​နေသည်။


အမျိုးသား၏လက်ဆစ်များက ဖန်ခွက်အားကိုင်ထားပြီး တစ်ခြားတစ်ဖက်က ဝရန်တာအစွန်းအား ကိုင်ထားသည်။ပင်လယ်​လေ​ပြေ​လေညှင်း​လေးက ညအချိန်တွင် အရည်​ပျော်၍​​ လေနှင့်အတူပါလာသည်။ ဖုန်းတစ်ဖက်ရှိအမျိုးသားက အသက်ပင် ပြင်းပြင်းထန်ထန်မရှုရဲ​ပေ။ ၎င်းက သူ့ဘဝတွင် ကြုံ့​တောင်ကြုံခဲဖြစ်ရပ် ဖြစ်သည်။


သူက ဝိုင်အားကြည့်ပြီး တစ်ကျိုက်တည်းအားလုံးသောက်လိုက်ကာ မျက်​မှောင်ကြုံ့လိုက်သည်။

ကုယွီမြန်လုပ်တာ​လောက်လည်း မ​ကောင်းဘူး...




🐯🐯🐯