🐯Chapter 14
ကြယ်တာရာမြို့တော်တွင်...
လုရွှယ်က တင်းကြပ်စွာထုပ်ပိုးထားသော ဘူးလေးအားကိုင်၍ စတူဒီယိုထဲလို့ ဝင်လာခဲ့သည်။
တင်ဆက်သူလေးက အလွန်ထောက်ထားညှာတာတတ်လွန်းသည်။ သူမက သစ်ကုလားအုပ်ဖြစ်ကြောင်းသိသောအခါ အသုပ်အား အသီးအရွက်သီးသန့်ဖြင့်ပြုလုပ်၍ ပို့ပေးခဲ့သည်။
ယခုတွင် ယာဥ်ကြောများက ကောင်းစွာဖွံ့ဖြိုးနေပြီ ဖြစ်၍ တာ့ခ်မှ ကြယ်တာရာမြို့တော်သို့ ပစ္စည်းပို့ရန် အနည်းဆုံး တစ်ရက်သာအချိန်ယူရသည်။
"ဟယ်လို မစ္စလု…မစ္စတာကုက နေ့လယ်စာစား တော့မှာမို့လို့ စားပြီးမှ ပြန်ရိုက်ကူးလိမ့်မယ်..."
ဖြတ်သွားသည့် အလုပ်သမားများက သူမကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ခဲ့သည်။
လုရွှယ် ခေါင်းညိတ်ပြခဲ့သည်။
"ကောင်းပါပြီ..."
သူမသညက မော်ဒယ်တစ်ယောက်ဖြစ်ပြီး ကံကောင်းစွာဖြင့် ပြည်သူ့အကျိုးဆောင် ဗီဒီယိုအတိုလေးအား ကြယ်တာရာတစ်ခုလုံး၏ကြယ်ပွင့် ကောအာရှစ်စစ် နှင့်အတူတွဲရိုက်ရသည်။ သူမက အလွန်စိုးရိမ်ပူပန်ပြီး စိုးရိမ်စိတ်များသောအခါ မစားနိုင်တော့ပေ။ ၎င်းမှာ ယမန်နေ့က တိုက်ရိုက်ထုတ်လွှင့်မှုအား မမြင်ခင်အထိပင်။
ယမန်နေ့မှအရသာအား တွေးမိသောအခါ လုရွှယ် သွားရည်ယိုလာရသည်။ သူမ စင်နောက်သို့ရောက်သွားသောအခါ ရင်းနှီးသောမော်ဒယ်များက သူမနားကို ဝိုင်းအုံလာသည်။ မကြာမီတွင် သူတို့ရိုက်ကူးရေး စတင်တော့မည်ဖြစ်၍ ဖိအားများနေကြသည်။
လုရွှယ်က ကုယွီမြန်၏အသုပ်ကိုသိမ်းထားပြီး နောက်မှစားချင်သော်လည်း သူမ အစာမစားသည်မှာကြာပြီဖြစ်၍ မဖွင့်ကြည့်ဘဲ မနေနိုင်တော့ပေ။
"ရွှယ်အာ မင်း စားနိုင်သေးတယ်လား...အဲဒါဘာလဲ...အဲလ်ဘတ် က အသစ်တစ်ခုခုလား…"
မော်ဒယ်များက အံ့အားသင့်သွားခဲ့သည်။
"ဒါက လူသားတစ်ယောက်ဆီက... အင်း ပြောရရင်တော့ ငါ ကံစမ်းမဲပေါက်လာတာ..."
လမ်းကြမ်းများဖြတ်သန်းပြီးနောက် အသုပ်၏ပုံစံက ကြည့်မကောင်းတော့သော်လည်း သေချာဂရုတစိုက်ထုပ်ပိုးထားမှုကြောင့် အရသာသည်လည်း မပြောင်းလဲပေ။
လုရွှယ်က တတစ်ကိုက်ခန့် မစားဘဲမနေနိုင်တော့ဘဲ သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အရမ်းအရသာရှိတာဘဲ...ခေါင်းတောင်ကျဥ်သွားတယ်…
"လူသားလား..."
ထိုစကားလုံးအားကြားပြီးနောက် အားလုံး မျက်မှောင်ကြုံ့မိလိုက်သည်။
ကုယွီမြန်က မကြားသေးမှီကမှ ကျော်ကြားလာခဲ့ခြင်းဖြစ်၍ သူ့ကို တာ့ခ်တွင် လူသိများသော်လည်း အဝေးရှိကြယ်တာရာမြို့တော်တွင် မသိသေးပေ။ ဤနေရာတွင် လူသားများအပေါ်လက်မခံမှုက ပြင်းထန်နေဆဲပင်။
"ဒါ အရသာရှိတယ်... နည်းနည်းလောက်မြည်းကြည့်ချင်လား..."
လုရွှယ်မှမေးလိုက်သည်။
"အာ ငါမစားနိုင်သေးလို့...ကျေးဇူးပါ..."
"ငါလည်းမစားနိုင်ဘူး... ရွှယ်အာ မင်းပဲစားလိုက်ပါ..."
"နည်းနည်းပဲစား... အလုပ်ပြီးရင် ငါတို့မင်းကို အယ်လ်ဘတ်စားသောက်ဆိုင်မှာလိုက်ကျွေးမယ် သေချာပေါက် ဒါထက်ပိုကောင်းမှာ..."
များစွာသောမော်ဒယ်များက လုရွှယ် ကြည့်မကောင်းသော 'မြက်' တစ်ပန်းကန်အားစားနေသည်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြသည်။
ဒီကလေးက ဗိုက်ဆာနေသလိုပဲ…
လုရွှယ်က ဘယ်လိုများ ဒီလိုအစားအစာကိုစားနိုင်ရတာလဲ...
အဲဒါကို လူသားတစ်ယောက်က လုပ်ထားတာလို့ သူမ ပြောခဲ့တယ်... လူသားတွေက ပြသာနာမဟုတ်ဘူးလား... စားစရာထဲကို မကောင်းတာတစ်ခုခုထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ...
၎င်းက သူတို့စိတ်ထဲ ကြီးထွားလာသော စိုးရိမ်ပူပန်မှုများပင်ဖြစ်သည်။
လုရွှယက သူမမိတ်ဆွေများ၏အတွေးများကို ဂရုမစိုက်ခဲ့ပေ။ ၎င်းက အသီးအရွယ်သုပ်တစ်ပွဲသာ ဖြစ်သော်လည်း သူမကိုယ်တိုင်အခြားအရာများအား စားဖူးပြီး ကုယွီမြန်ပြုလုပ်သည့်အရာမှာလည်း အရသာရှိသည်။ ကုယွီမြန်က အသီးအရွက်ဟင်းပွဲများချက်ပြုတ်ရန် အချိန်များစွာအသုံးပြုခဲ့ရသည်။
ခရမ်းချဥ်သီးနှင့်ဆလတ်ရွက်၏အချိုးက မျှတသည်။အသီးအရွက်အားလုံးက လတ်ဆတ်ပြီးအရသာရှိကာ အထူးသဖြင့် ဆော့စ်ပင်။ ထို့ပြင် သူမ အနည်းငယ်စားပြီးတိုင်း စွမ်းအင်များစီးဆင်းလာသည်ဟု ခံစားရသည်။
မော်ဒယ်တစ်ယောက်အနေနှင့် အရွယ်ရောက်ချိန်တွင် သူမ၏စွမ်းရည်က 'ကိုယ်နေဟန်ထား'ဖြစ်သည်။ သူမ၏ ဝိညာဥ်စွမ်းရည်အဆင့်က မမြင့်ပေ။ ယခု သူမ၏စိတ်ဝိညာဥ်များ ပေါများလာပြီး စွမ်းရည်အဆင့်မြင့်တော့မည်ဟု ခံစားနေရသည်။
"..."
လုရွှယ်က တတွတ်တွတ်ရေရွတ်နေမိသည်။
"ဒါက တကယ်အရသာရှိလိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး.. ငါခံစားမိနေတယ်..."
သူမက အသုပ်နှင့် သူမဤရတနာအား ရှာတွေ့ခဲ့သည့် တင်ဆက်သူအား သူငယ်ချင်များထံ ထောက်ခံအကြုံပြုချင်သည်။ သို့သော် သူမ၏သူငယ်ချင်းအားလုံးက လက်မခံခဲ့ပေ။
၎င်းက လုရွှယ်အား စိတ်မကောင်းဖြစ်စေသည်။ ထိုအချိန်တွင် သူမ၏ပခုံးမှာ အပုတ်ခံလိုက်ရသည်။
"ဒါကို လူသားတစ်ယောက်က လုပ်ထားတာလား... မင်းစိတ်မရှိဘူးဆိုရင် ငါမြည်းကြည့်လို့ရမလား..."
သူမအား ပုတ်ခဲ့သူက ပြုံး၍မေးလာသည်။
လုရွှယ်၏မျက်လုံးများ ပြူးကျယ်လာပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေခဲ့သည်။
"ဒါ...ဒါပေါ့ ရပါတယ်..."
သူက အဖြူနှင့်အနက်ရောင်အမွေးများ၊ နားရွက်ဝိုင်းဝိုင်း၊ ခပ်ဝဝခန္ဓာကိုယ်၊ ကြီးမားသော အမဲရောင်မျက်လုံးနှစ်ခုတို့နှင့် အမွေးပွအရုပ်ကဲ့သို့ပင် အလွန်ချစ်စရာကောင်းသည်။
အဲဒါက ကောအာရှစ်စစ် ပဲ…
လူတိုင်းသိကြသည့်အတိုင်း ကောမိသားစုက စကြဝဠာတစ်ခုလုံးတွင် လူသားနှင့်အနီးစပ်ဆုံးမိသားစု ဖြစ်သည်။ သူတို့၏ဘိုးဘေးများက လူသားများဖြစ်နိုင်ပြီး ကြယ်တာရာခေတ်တွင် လူသားများ၏အဆင့်အတန်းမှာ ကျဆင်းနေလျှင်ပင် ကောမိသားစုက လူသားများအား ခွဲခြားဖယ်ထုတ်ခြင်းမရှိပေ။ သူတို့က လူသားများကိုကူညီရန်် အကောင်းဆုံး ကြိုးစားနေကြလိမ့်မည်။
"ကျွန်မ စိတ်မရှိပါဘူး...မြည်းကြည့်ပါဦး...အာ... ဒါက စားချင်စရာပုံစံ မဖြစ်နေပေမယ့်... အရသာရှိတယ်လို့ထင်ပါတယ်..။"
လုရွှယ်က ခက်ရင်းအား ကောအာရှစ်စစ်ထံသို့ ပေးခဲ့သည်။
ပန်ဒါ၏ပုံစံက အလွန်ချစ်စရာကောင်း၍ လုံးဝန်းနေသည်။သူ လုရွှယ်၏ဘေးတွင် ဝင်ထိုင်ပြီးနောက် သူ၏ခြေထောက်တိုလေးများက မြေကြီးနှင့်မထိတော့ပေ။
သူက နူးညံ့သောလက်ဖဝါးဖြင့် ခက်ရင်းအားယူလိုက်သည်။ တစ်ခဏကြာပြီးနောက် သူ၏လုံးဝန်းသောမျက်လုံးများက ဖြေးညင်းစွာပြူးကျယ်လာခဲ့သည်။
"အရသာရှိလိုက်တာ..."
ထို့ပြင် တစ်ခဏကြာပြီးနောက် ရှင်းမပြနိုင်သော ရင်းနှီးသည့်ခံစားချက်က အချို့သော ချစ်မေတ္တာအမျိုးအစားနှင့် သူ၏သွေးထဲမှ နီးကပ်သောမျိုးရိုးမှာ ပဲ့တင်ထပ်လာပုံပေါ်သည်။
"တကယ်လား..."
" ဟုတ်တယ် တကယ်ပါ ငါ နည်းနည်းလောက်မြည်းကြည့်လို့ရမလား..."
ကောအာရှစ်စစ်က ခက်ရင်းအား ဝါးပင်ကိုဝါးနေသကဲ့သို့အမူအရာအဖြင့် တတိတိကိုက်ဝါးနေခဲ့ပြီး နောက်ထပ်ပို၍စားချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။
မိနစ်အနည်းငယ်အတွင်း...
"အာ..."
ကောအာရှစ်စစ်က သူ၏အမွေးပွဗိုက်ပူပူလေးအား အလွန်စိတ်ကျေနပ်စွာဖြင့် လက်ဖဝါးဖြင့်ပုတ်ပြီး သူ၏မွေးရပ်မြေမှ ဒေသယိစကားပင် ပြောမိသွားသည်။
"ကောင်းလိုက်တဲ့အစားအစာ... ဘယ်စားဖိုမှူးကလုပ်ထားတာလဲ... ငါသူ့ကို ကူညီပေးနိုင်လောက်တယ်..."
လုရွှယ်က ကောအာရှစ်စစ်မှာ အလွန်ဖော်ရွေကြောင်းသိလိုက်ရသည်။ သူက အလွန်ကျော်ကြားသော ကြယ်တာရာစူပါစတားတစ်ယောက်ဖြစ်သော်လည်း သူမအပေါ် အထက်စီးမှမဆက်ဆံဘဲ သာမန်သူငယ်ချင်းတစ်ယောက်ကဲ့သို့ပင်။
"အို့ စားဖိုမှူးတစ်ယောက်မဟုတ်ပါဘူး... သူက လူသားတင်ဆက်သူပါ..."
"တင်ဆက်သူလား..."
ကောအာရှစ်စစ် ကြက်သေသေသွားသည်။
"ဟုတ်တယ် သူကတာ့ခ်က... သူ့မျိုးရိုးနာမည်က ကု တဲ့..."
ကောအာရှစ်စစ်မှာ နောက်မှလိုက်ပြောရန်သာတတ်နိုင်တော့သည့်ပုံပေါ်သည်။
"ကု..."
လုရွှယ်က ခေါင်းညိတ်ပြလိုက်ပြီး တစ်ခဏအကြာတွင်တုံ့ပြန်ခဲ့သည်။
" အဲဒါကြောင့်..."
ယခုအချိန်တွင် လူသားအနည်းငယ်သာရှိပြီး အများစုက အောက်ခြေဘဝတွင်နေနေရကာ ဂြိုလ်အမျိုးမျိုး၌ လူစုကွဲနေသည်။
လူသားမိသားစုအနည်းငယ်ကသာ ကြယ်တာရာမြို့တော်သို့ ဝင်ရောက်နိုင်ခဲ့သည်။ သူတို့ထဲတွင် ကုမိသားစုကကြယ်တာမြို့တော်၏ ထင်ရှားသောမြို့သို့ဝင်ရောက်ရန် သူတို့ဘိုးဘေးများ၏ စီးပွားရေးအား လုပ်ဆောင်နေကြသည်။ သူတို့မိသားစုက အလွန်ချမ်းသာသော်လည်း မြို့တော် အထက်တန်းလွှာများ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။
ကုယွီမြန်က လူသားတစ်ယောက်ဖြစ်ပြီး ကုမျိုးနွယ်တစ်ယောက်ဖြစ်သည်။
သူက မိသားစုရဲ့အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး ဘာလို့များ တာ့ခ်ကို တစ်ယောက်တည်းလာတာလဲ…
သူ တစ်ချိန်တည်းမှာပင် စဥ်းစားမိိလိုက်သည်။
တစ်ခဏကြာပြီးနောက် ကောအာရှစ်စစ်က သူ၏့ခေါင်းကိုကုတ်ပြီးမေးလေသည်။
"ဒါဆို...အဲ့ဒီတင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုဘယ်လိုထင်လဲ..."
အမှန်တကယ်ပင် ကြယ်တာရာစူပါစတားတစ်ယောက်ဖြစ်သော ကောအာရှစ်စစ်၏အချိန်ဇယားက အလွန်ပြည့် နေတတ်သည်။
မကြာမီက အစောပိုင်းနွေဦးတွင် သူ၏အချိန်ဇယားမှာပိုတိုးပွားလာသည်။ သူက အိပ်ချိန်မရှိဘဲ တစ်ယောက်ထဲသာနေရသည်။ အကယ်၍ သူတိုက်ရိုက်ထုတ်လွှင့်မှုအား ဆယ်မိနစ်အထက်ကြည့်မိလျှင် သူ၏အေးဂျင့်မှ တတစ်ခုခုပြောလာပေမည်။
-----
တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ကုယွီမြန်မှာ သူက တာ့ခ်၏ တိုက်ရိုက်ထုတ်လွှင့်မှုသမိုင်းတွင် အမျိုးမျိုးသော စံချိန်များချိုးခဲ့ကြောင်း မသိခဲ့ပေ။ ကြယ်ဒင်္ဂါး၁မီလီယံကို ပလက်ဖောင်းနှင့်မျှဝေပြီးနောက်တွင် သူက ကြယ်ဒင်္ဂါး ၄သိန်းရလိမ့်မည်။
သူ၏ငွေအကောင့်ထဲရှိ ကြယ်ဒင်္ဂါး ၄သိန်းအားကြည့်ပြီးကမ္ဘာကြီးက အစစ်အမှန်မဟုတ်တော့သကဲ့သို့ ခံစားနေရသည်။
ငါ ဘာလုပ်ခဲ့မိလို့လဲ... နန်းတော်ကိုရွှေ့ပြီး ညတွင်းချင်းချမ်းသာလာတာလား...
"ငါက ဒါကိုရဖို့ထိုက်တန်လို့လား... ထွမ်ထွမ် ငါက ဒီလိုမျိုးတွေနဲ့ မထိုက်တန်ပါဘူး..."
ကုယွီမြန် မေးလိုက်မိသည်။
နှင်းကျားသစ်လေး : "..."
သူက လူသားအားငုံ့ကြည့်ပြီး လက်ဖဝါးလေးအားဆန့်၍ နဖူးကိုဖိလိုက်သည်။
ငါတို့နှစ်ယောက်က လိုက်ဖက်တဲ့မိတ်ဖက်စုံတွဲတွေဖြစ်တာကို ဘယ်သူက ကန့်ကွက်ရဲလဲ...
ကုယွီမြန်က သူ့အသိစိတ်အား အမှန်တကယ်သံသယဝင်နေမိသည်။ မိနစ်ဝက်ခန့်တုံ့ဆိုင်းနေပြီးနောက် ကွန်ပျုတာအားနှိပ်၍ 'ရှို့'ထံသို့ အသံစာတိုပို့ခဲ့သည်။
[ဟဲလို ကျွန်တော်က ကုယွီမြန်ပါ... ကြယ်တာရာတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက တင်ဆက်သူတစ်ယောက်ပါ... မင်းက တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကျွန်တော့်ကို မီးရှူးမီးပန်း တစ်ရာ ပေးခဲ့တယ်နော်... မင်းရဲ့ပိုက်ဆံတွေကိုယူရတဲ့အတွက် စိတ်မကောင်းပါဘူး... အဆင်ပြေတယ်ဆိုရင် ငါပြန်ပေးချင်လို့ပါ…]
စာရောက်သွားသည်နှင့်တပြိုင်နက် ကုယွီမြန်က အနီးအနားမှ 'ဒင်း ဒေါင်'ဟုသော အသံအား ရှင်းလင်းစွာကြားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် နှင်းကျားသစ်လေး၏လည်ပင်းရှိ နာရီသဏ္ဍာန် လည်ပတ်ကွန်ပျုတာသက လင်းလာခဲ့သည်။
ကုယွီမြန် : "...."
နှင်းကျားသစ်လေး "...."
သေစမ်း…
-----
ဖန်းနစ်ခ်နှင့် နောက်ဆုံးအကြိမ်တွေ့ပြီးနောက် သူတို့က အချို့အရာများတွင်ဖလှယ်ခဲ့ရသည်။
သူက နာရီသဏ္ဍာန် ကွန်ပျူတာအား ကုယွီမြန်က ပုံမှန်မဟုတ်သည့်အရာများကို သတိမထားမိစေရန် မူလပုံစံသို့ပြောင်းခဲ့သည်။ အသွင်အပြင်နှင့် အခြေခံလုပ်ဆောင်ချက်က ကလေးသုံးနာရီသဏ္ဍာန်လက်ပတ်နှင့် တူသည်။
ကလေး၏ကွန်ပျူတာထဲသို့ စာအသစ်ဝင်တိုင်း ယေဘုယျအားဖြင့် တုန်ခါ၍မီးလင်းပေလိမ့်မည်။
ကံကောင်းစွာ ကုယွီမြန်က 'ရှို့'နှင့် နှင်းကျားသစ်လေးအား မဆက်စပ်မိပေ။
"စာအသစ်ဝင်တာလား..."
ကုယွီမြန်က နှင်းကျားသစ်လေး၏ လက်ဖဝါးလေးအားကိုင်၍ စဥ်းစားလိုက်သည်။
"ခွင့်ပြုချက်မရှိဘဲဝင်လာတဲ့စာတွေလား... ထွမ်ထွမ်ကြည့်ပြီးပြီလား … ငါကူညီပေးဖို့ လိုသေးလား..."
နှင်းကျားသစ်လေးက သူ၏့ခေါင်းအားတွန်း၍ ကုယွီမြန်၏ပခုံးပေါ်မှခုန်ဆင်းကာ တံခါးဖွင့်၍ အောက်ထပ်သို့ဆင်းသွားခဲ့သည်။
ကုယွီမြန် : "..."
သူ သက်ပြင်းချလိုက်မိသည်။
ဒီကလေးက အချစ်မှာနစ်မွန်းနေတာလား... ပုန်ကန်တတ်တဲ့အရွယ်ရောက်နေပြီလား... သူလုပ်ချင်တာ မလုပ်ရဘူးဆိုရင် ဒေါသထွက်တော့မှာလား...
သို့သော် ကွန်ပျူတာမှအချက်ပေးမှုကြောင့် ကုယွီမြန်၏အတွေးများ နှောင့်ယှက်ခံလိုက်ရသည်။
[ရှို့: မလိုအပ်ပါဘူး…]
ကြယ်တာရာခေတ်တွင် အသုံးများသောဆက်သွယ်ရေးမှာ ဗီဒီယိုမြင်ကွင်းဖြစ်ပြီး သူများအားတိုက်ရိုက်ဆက်သွယ်နိုင်သည်။ ဒုတိယအနေဖြင့် ၎င်းတွင် ဗီဒီယိုနှင့် အသံဖိုင်များပါဝင်၍ လူအနည်းစုကသာ စာတိုပို့ကြတော့သည်။
ကုယွီမြန်က ခပ်လှမ်းလှမ်းမှ ပင်လယ်အား ကြည့်လိုက်သည်။
[မင်းရဲ့ကြိုက်နှစ်သက်မှုတွေအတွက် ကျေးဇူးတင်ပါတယ်... ငါတစ်ခုခုပြန်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်…]
မည်ကဲ့သို့သော မိသားစုမျိုးပင်ဖြစ်စေကာမူ ကြယ်ဒင်္ဂါး ၁မီလီယံက နည်းသောပမာဏမဟုတ်ပေ။ ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ကြသည့်သူများ၏အသက်က ပျမ်းမျှအားဖြင့် မကြီးလှပေ။ လူငယ်များနှင့် အရွယ်မရောက်သေးသည့်ကလေးများပင် ရှိသည်။
မိနစ်ဝက်ခန့်အကြာတွင်
ရှို့ : [ကျေးဇူးမတင်ပါနဲ့...]
ကုယွီမြန် :[ ...တောင်းပန်ပါတယ်... ငါ့ကိုစကားပြောဖို့ အဆင်ပြေရဲ့လား...]
ကုယွီမြန်က တစ်ဖက်သူမှ သူဆိုလိုသည်အား နားမလည်ဟုခံစားနေရကာ တစ်ခဏမျှတုံ့ဆိုင်းနေရပြီး အွန်လိုင်းဖုန်းခေါ်ဆိုမှုအား နှိပ်လိုက်သည်။
တစ်ဖက်သူအတွက် ဗီဒီယိုနှင့်ဆက်သွယ်ရန် အဆင်မပြေသည့်ပုံပေါ်၍ ဖုန်းခေါ်ခြင်းကမူ ရလောက်မည်ထင်သည်။
ဖုန်းဝင်သံမှာ တစ်မိနစ်ကြာသည်အထိ မြည်နေခဲ့သည်။ ဖုန်းက အလိုလျောက်ကျသွားတော့မည့် အချိန်တွင် တစ်ဖက်က ကိုင်လာခဲ့သည်။
'ရှို့'၏နေရာမှာ ပင်လယ်နှင့် နီးပုံပေါ်သည်။ ကုယွီမြန်က နူးညံ့သောလှိုင်းသံများနှင့် နောက်ခံ လေအသံများကြားနေရသည်။
တစ်ခဏမျှ နှစ်ဖက်လုံးစကားမဆိုခဲ့ပေ။ အချိန်အတော်ကြာပြီးနောက် တစ်ဖက်မှ ဦးစွာစပြောလာသည်။
"မေးစရာတစ်ခုခု ရှိလို့လား..."
ထိုအသံက အံ့အားသင့်ဖွယ်ကောင်းသောအသံပင်ဖြစ်သည်။
နက်ရှိုင်းဩရှသောအသံက စျေးကြီးသောတယောသံကဲ့သို့ပင်။ သူ့အသံကို ကြားရသောအခါ ကုယွီမြန်က ဝိုင်တစ်ခွက်သောက်ပြီး အနည်းငယ်မူးသွားသလို ခံစားရသည်။သူ၏အသံက အလွန်တိုးပြီး ပုံမှန်မဟုတ်သော စိုးရိမ်ပူပန်မှုနှင့် ရင်းနှီးသော အေးစက်သည့်အသံအနေအထားဖြစ်သည်။
ကုယွီမြန်က ရုတ်တရက်သူပြောရမည့်အရာအား မေ့သွားသည်။
နက်ရှိုင်း၍ နူးညံ့လှပသောညတွင် လူနှစ်ယောက်၏အသက်ရှုသံအား ဖုန်းမှတစ်ဆင့်ကြားနေရသည်။
"ငါသိပြီ..."
အချိန်အတန်ကြာပြီးနောက် ကုယွီမြန်က အကူညီမဲ့စွာဖြင့် ပြုံးလိုက်သည်။
"အနည်းဆုံးတော့ ငါ့ကိုကျေးဇူးတင်ခွင့်ပြုပါ… မစ္စတာ ရှို့... ဒီနေ့ည အသီးအရွက်သုပ်စားချင်လား... မင်းကိုသီးသန့်ခွဲပို့ပေးမယ်လေ..."
ကုယွီမြန်က ဤအသုပ်အား သေချာလုပ်ရန်ဆုံးဖြတ်ထားသည်။
ရှို့က သူ့မျက်လုံးများအားမှိတ်ပြီး ဖြေလိုက်သည်။
"ကောင်းပါပြီ..."
ကုယွီမြန် : "တကယ်လို့ တစ်ခုခုပြောစရာမရှိရင်..."
မမျှော်လင့်စွာဖြင့် ရှို့မှ ကုယွီမြန်အား ဖြတ်ပြောခဲ့သည်။
"ဖုန်း မချလိုက်နဲ့..."
ကုယွီမြန်မှာ အနည်းငယ်အံ့အားသင့်သွားရသည်။
-----
ဖုန်း၏တစ်ခြားတစ်ဖက်တွင်…
တစ်စုံတစ်ယောက်က နှုတ်ခမ်းများကို အကြောင်းပြချက်မရှိ ဖိလိုက်မိသည်။
ဟိုင်ယိယွဲ့ကျွီတစ်ခုလုံးတွင် ဤနှစ်လွှာတိုက်ခန်း၌ အကောင်းဆုံးပင်လယ်ရှုခင်းရှိပြီး သုံးဖက်လုံးအား ပင်လယ်ဖြင့် ဝန်းရံထားသည်။
ထို့ကြောင့် အစောပိုင်းဒီဇိုင်းများဖြင့် ပင်လယ်ရှုခင်းကြည့်ရန်အတွက် အသုံးအဆောင်များကို ပြုလုပ်ခဲ့သည်။ ယခုအချိန်၌ ဒုတိယထပ် ဝရန်တာတွင် ကော့တေးတစ်ခွက်ရှိနေသည်။
အမျိုးသား၏လက်ဆစ်များက ဖန်ခွက်အားကိုင်ထားပြီး တစ်ခြားတစ်ဖက်က ဝရန်တာအစွန်းအား ကိုင်ထားသည်။ပင်လယ်လေပြေလေညှင်းလေးက ညအချိန်တွင် အရည်ပျော်၍ လေနှင့်အတူပါလာသည်။ ဖုန်းတစ်ဖက်ရှိအမျိုးသားက အသက်ပင် ပြင်းပြင်းထန်ထန်မရှုရဲပေ။ ၎င်းက သူ့ဘဝတွင် ကြုံ့တောင်ကြုံခဲဖြစ်ရပ် ဖြစ်သည်။
သူက ဝိုင်အားကြည့်ပြီး တစ်ကျိုက်တည်းအားလုံးသောက်လိုက်ကာ မျက်မှောင်ကြုံ့လိုက်သည်။
ကုယွီမြန်လုပ်တာလောက်လည်း မကောင်းဘူး...
🐯🐯🐯